ရွေးကောက်ပွဲအတွက် လူစာရင်းကောက်သူတွေ ထပ်မံတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ၊ ထွက်ပြေးတိမ်းရှောင်နေရဆဲ ကျေးရွာတွေနဲ့ စစ်ကိုင်းတိုင်း
https://ift.tt/f5SkWp2
<b>Media</b><b>
</b><b>မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၄ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၅၊ ၂၀၂၃
</b><b>ရွေးကောက်ပွဲအတွက် လူစာရင်းကောက်သူတွေ ထပ်မံတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ၊ ထွက်ပြေးတိမ်းရှောင်နေရဆဲ ကျေးရွာတွေနဲ့ စစ်ကိုင်းတိုင်း</b>
ယနေ့သတင်းတွေထဲမှာတော့ မွန်ပြည်နယ် ကျိုက်ထိုနဲ့ သထုံမြို့နယ်ထဲက နေရာ ၂ နေရာမှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် မြေပြင်လူစာရင်းကောက်ယူသူတွေကို PDF အဖွဲ့တွေက တိုက်ခိုက်ရာမှာ စုစုပေါင်း ၄ ဦးသေဆုံးခဲ့တယ်လို့ ဖေါ်ပြထားတာတွေ့ရပါတယ်။ ကျိုက်ထိုမြို့နယ် ကင်းမွန်းချောင်ကျေးရွာ နဲ့ သထုံမြို့နယ် တောင်စွန်းကျေးရွာတို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကျိုက်ထိုမြို့နယ်ထဲက အသတ်ခံရသူ ၂ ဦးက ဆယ်အိမ်မှူး ၂ ဦးဖြစ်ပြီး သထုံမြို့နယ်ထဲက တောင်စွန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုမှာ သေဆုံးသွားသူ ၂ ဦးက အုပ်ချုပ်ရေးမှူးနဲ့ အုပ်ချုပ်ရေးမှူးရုံးက စာရေးမ တို့ဖြစ်တယ်လို့ သတင်းထဲ ဖေါ်ြပထားတာတွေ့ရပါတယ်။
စစ်ကောင်စီက မဲစာရင်းကိစ္စကို ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရဲ့ မဲမသမာမှုဆိုတဲ့ အကြောင်းပြတဲ့ ကိစ္စရပ်အနေနဲ့ ပြောဆိုခဲ့တာကြောင့် အခု ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းပြုစုတာကို အချက်အလက် အမှန်နဲ့ နီးစပ်ဆုံးဖြစ်အောင် လုပ်ပြနေတဲ့ သဘောလို့ ယူဆစရာရှိပြီး မြန်မာနိုင်ငံလို အုပ်ချုပ်မှု စနစ်က အားနည်းချက်များစွာရှိနေတဲ့ နိုင်ငံ၊ ဒစ်ဂျစ်တယ် စနစ်၊ ကွန်ပျူတာစနစ်ထဲ စနစ်တကျ မထည့်သွင်းနိုင်သေးသလို နိုင်ငံထဲရှိ လူထုအနေနဲ့ ဒစ်ဂျစ်တယ်စနစ်နဲ့ လူဦးရေဆိုင်ရာ မှတ်ပုံတင်အထောက်အထားဆိုင်ရာတွေ မွေးဖွား၊ သေဆုံး၊ ပြည်ပမှာ အလုပ်လုပ်ကိုင် နေထိုင်သူတွေကို မှတ်တမ်းတင် စီမံခန့်ခွဲနိုင်ခြင်းမရှိသေးတဲ့ အခြေအနေမှာ မှန်ကန်တဲ့ မဲပေးနိုင်သူစာရင်း၊ ရွေးကောက်ပွဲ ကျင်းပရာမှာ တကြိမ်မက မဲပေးခြင်းရှိမရှိ ကွန်ပျူတာနဲ့ စစ်ဆေးနိုင်ခြင်း ရှိဖို့အနေအထားမျိုးဖြစ်ဖို့ အဝေးကြီး လိုသေးတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။
ဒါကြောင့် အခုလို မြေပြင် မဲစာရင်းကောက်ယူခြင်းဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုရဲ့ အကြောင်းကို ပံ့ပိုးဖို့ လုပ်ဆောင်ပြခြင်းတခုသာ ဖြစ်တယ်လို့ ကောက်ချက်ချရလိမ့်မှာဖြစ်ပါတယ်။
ဒီရှုထောင့် အပြင်စစ်ကောင်စီအနေနဲ့ အခုလို မဲပေးနိုင်သူစာရင်းနဲ့ မြေပြင်လူဦးရေစာရင်း ကောက်ယူဖို့ လူအင်အား လုံခြုံရေးတပ်ဖွဲ့ အင်အားသုံးလုပ်ဆောင်ခြင်းဟာ တဖက်မှာလည်း ၄င်းရဲ့ အုပ်ချုပ်ရေး အာဏာသက်ရောက်မှု၊ ၄င်းရဲ့ အုပ်ချုပ်ရေးယန္တရားက ဘယ်လောက်ထိ လုပ်ဆောင်နိုင်တယ်ဆိုတာကို စမ်းသပ်မှု တခုဖြစ်နိုင်ပါတယ်။ မဲစာရင်းကိစ္စကြောင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ လူထုရဲ့ သဘောထား ဆန္ဒအမှန်မဟုတ်ဘူးလို့ ဆိုကောင်းဆိုပေမယ့် အမှန်တကယ်တော့ ၂၀၂၀ ရလဒ်အစစ်အမှန်က ဘာလဲဆိုတာကို စစ်ကောင်စီခေါင်းဆောင်တွေ သိရှိပြီးဖြစ်ပါတယ်။ အခုမဲစာရင်းကို နိုင်ငံရေး အကြောင်းပြဖို့ နဲ့ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေကို နိုင်ငံရေးအရ စိမ်ခေါ် မှုတရပ်အဖြစ် လုပ်ဆောင်တဲ့ သဘောလည်း ဖြစ်ပါတယ်။
တဖက်မှာတော့ ဒီဖြစ်စဥ်ထဲ ပါဝင်လုပ်ဆောင်နေရသူတွေက အောက်ဆုံးအဆင့်က အုပ်ချုပ်ရေး ဝန်ထမ်း၊ လုပ်အားပေး၊ ပညာရေးနယ်ပယ်က ဆရာဆရာမ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီလို အဖွဲ့အစည်းတွေနဲ့ ပရဟိတ အဖွဲ့အစည်းအချို့က သူတွေပါဝင်နေကြတာ ဖြစ်ပါတယ်။
တဖက်မှာလည်း PDF တွေအနေနဲ့ မဲစာရင်းပြုစုတဲ့ လုပ်ငန်းစဥ်မှာ ပါဝင်နေသူ ဘယ်သူ့မဆို ပစ်မှတ်အဖြစ်ထားပြီး လုပ်ကြံသတ်ဖြတ်မယ်ဆိုတဲ့ လုပ်ဆောင်မှုတွေက လက်နက်ကိုင်အဖွဲ့ဝင် မဟုတ်တဲ့ အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်တယ်ဆိုတဲ့ သဘောမျိုးသက်ရောက်နိုင်တဲ့ အချက်ကို သတိပြုကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
NUG အနေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တာ ၊ တားဆီးဖို့ ကြိုးစားမယ့် မူဝါဒ ထုတ်ပြန်ထားပြီးဖြစ်ပေမယ့် ဖြစ်စဥ်ထဲပါဝင်မယ့်သူတွေကို လုပ်ကြံသတ်ဖြတ်တဲ့ ကိစ္စရပ်မျိုးအတွက် တိကျတဲ့ သဘောထား ညွှန်ကြားချက်ချပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဲလို မဟုတ်ခဲ့ရင် တရွာတပုဒ်ဆန်း လုပ်ကြံသတ်ဖြတ်မှုတွေ ပိုမိုများပြားလာနိုင်ပြီး ဒလန်ရှင်းလင်းရေး လုပ်ကြံသတ်ဖြတ်မှုတွေကနေ မဲစာရင်းကောက်ယူမှုလုပ်ငန်းစဥ်ထဲ ပါဝင်တဲ့ အရပ်သားတွေ လုပ်ကြံသတ်ဖြတ်မှု ဖြစ်စဥ်တခု ပေါ်ထွက်လာနိုင်ခြေလည်း ရှိနေတာ ဖြစ်ပါတယ်။
ဒီနေ့အတွက် အခြားသတင်းတပုဒ်ကတော့ စစ်ကိုင်းတိုင်းထဲက ပုလဲမြို့နယ်ထဲက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ သတင်းဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းက ၁ ဒါဇင်ကျော်ခန့်သော မြို့နယ်တွေက ကျေးရွာတွေ အနေနဲ့ ပြီးခဲ့တဲ့ ၁ နှစ်ကျော်ကာလအတွင်း တပြိုင်ထဲ သို့မဟုတ် တလှည့်စီ ထွက်ပြေးတိမ်းရှောင်ကြရသလို နေအိမ်တွေလည်း မီးလောင်ပျက်စီး ရိက္ခာတွေ ဆုံးရှုံး မိသားစုဝင်တွေ အသက်ဆုံးရှုံးနေခဲ့ကြရတာဖြစ်ပါတယ်။ ဒီဖြစ်စဥ်ကြီးဟာ အခုအချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး ရပ်တန့်ဖို့ မစွမ်းသာသေးတဲ့ သဘောလည်း…

MoeMaKa Media
ရွေးကောက်ပွဲအတွက် လူစာရင်းကောက်သူတွေ ထပ်မံတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ၊ ထွက်ပြေးတိမ်းရှောင်နေရဆဲ ကျေးရွာတွေနဲ့ စစ်ကိုင်းတိုင်း
MoeMaKa Burmese Community News, Media & Literature Site, Burma Myanmar
မသီတာ (စမ်းချောင်း) - အာဏာလု ကျရှုံးအင်စတီကျူးရှင်းကို သင်ခန်းစာယူဖို့
https://ift.tt/Pp6KZof
<b>Media</b><b>မသီတာ (စမ်းချောင်း) - အာဏာလု ကျရှုံးအင်စတီကျူးရှင်းကို သင်ခန်းစာယူဖို့</b><b>(မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၂၂</b>
တပ်မတော်ကသာ နိုင်ငံရေးဦးဆောင်ကဏ္ဍမှာ ရှိရမယ်ဆိုတဲ့ အင်မတန်လွဲမှားတဲ့အတွေးအယူကြောင့် ဒီနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ အလွန်အရှက်ရစရာ အကျည်းတန်ပုံရိပ်ကိုပဲ ရလိုက်ပါတယ်။ နိုင်ငံရေးအာဏာကို မဲဆန္ဒ ရှင်လူထုရဲ့ အလိုမတူဘဲ ရယူပြီးတဲ့နောက်မှာ နိုင်ငံကို ဦးဆောင်ခွင့်သဘော အခွင့်အလမ်းရလာတဲ့တိုင်အောင် ဘာအရေးအရာကိုမှ အောင်မြင်ထိရောက်အောင် မစွမ်းဆောင်နိုင်တာကိုလည်း လက်တွေ့မျက်မြင် ဖြစ်ရပါတယ်။
တကယ်တော့ အခုအချိန်မှာ အနစ်နာဆုံး အထိခိုက်ဆုံး အင်စတီကျူးရှင်းဟာ တပ်မတော်ကိုယ်တိုင်ပဲ ဖြစ်နေပါတယ်။ အင်စတီကျူးရှင်းတစ်ခုအတွက် အခြေခံလိုအပ်ချက်မှာ လူသား၊ လက်နက်ကိရိယာပစ္စည်းပစ္စယနဲ့ ငွေကြေးက အဓိက ကျပါတယ်။ တပ်မတော်ဟာ သမိုင်းတလျှောက် နိုင်ငံ့ဘဏ္ဍာကို အချိုးစားအများဆုံး ခွဲတမ်းရတဲ့ အင်စတီကျူးရှင်းသာ ဖြစ်ပါတယ်။ ဒီတော့ ငွေကြေးဆိုတဲ့ အခြေခံလိုအပ်ချက်အရာမှာ အတော်ပြည့်စုံနေတယ်လို့ ဆိုရမှာပေါ့။ ဒီပြည့်စုံမှုက လက်နက်ကိရိယာပစ္စည်းပစ္စယအရာမှာလည်း ကမ္ဘာ့အဆင့်မီ ဖြည့်တင်းနိုင်စေပါတယ်။ လူသားရင်းမြစ်အရာကိုကြည့်ရင်တော့ အရေအတွက်နဲ့ အရည်အချင်းကို ခွဲပြောရမှာပါ။
ခုတလော စီဒီအမ်တပ်မတော်သားတွေနဲ့ ဖမ်းမိစစ်သည်တွေဆီကကြားရတဲ့ တပ်သားသစ်စုဆောင်းရေးအနေအထားတွေကို နား ထောင်ကြည့်တဲ့အခါမှာတော့ ဘတ်ဂျက်လည်း အလုံအလောက်ရရဲ့သားနဲ့ တပ်မတော်ဆိုတာ ဘာလို့ အရည်အချင်းမဲ့ ကျင့်ဝတ်ပျက် စိတ်ဓာတ်ချို့ငဲ့နေတဲ့ အင်စတီကျူးရှင်းဖြစ်နေရလဲဆိုတဲ့ အကြောင်းရင်းတွေကို တွေ့ရပါတယ်။ အလွယ်စကားပြောရရင် တပ်မတော်ဆိုတာ လူကုန်ကူးတဲ့နည်းနဲ့ တပ်သားစုဆောင်းပြီး နိုင်ငံရေးအာဏာကို ငါးမျှားစာအဖြစ် အသုံးချတဲ့နည်းနဲ့ တပ်အရာရှိတွေကို စုဆောင်းခဲ့တဲ့ အင်စတီကျူးရှင်း ဖြစ်နေတာပါပဲ။ ဒါ့အပြင် ကျင့်ဝတ်မဲ့ ဆိုးရွားတဲ့ အပြုအမူတွေအတွက် တာဝန်ခံစရာမလို လွတ်ငြိမ်းခွင့်ရ အောင်လုပ်ပေးထားတော့ ပညာမဲ့ ရာဇဝတ်သားတွေကို အခြေခံထားတဲ့ အင်စတီကျူးရှင်း ဖြစ်နေတော့တာပေါ့။ ဒီ့ထက် ပိုဆိုးတာကတော့ အင်စတီကျူးရှင်းကြီးတစ်ခုလုံးကို လွတ်လပ်စွာ တွေးမြင်ယူဆခွင့်နဲ့ ရေးသားပြောဆိုခွင့်ရယ်လို့ ဘာမှမရှိအောင် ပုံသွင်းထားခြင်းပါပဲ။ ဒါကြောင့် ဘယ်လိုပဲ စည်းစနစ်ကျတယ်လို့ပြောပြော ဒီမိုကရေစီနဲ့ ဘယ်လိုမှမနီးစပ်တဲ့ အင်စတီကျူးရှင်းသာ ဖြစ်လာတော့တာပါပဲ။
တကယ်တော့ ၂၀၂၀ ရွေးကောက်ပွဲကို ပယ်ဖျက်ပြီး နိုင်ငံတော်အာဏာကို ယူထားခဲ့တာဟာ မဟုတ်တာ လုပ်ထားတာလို့ ဝန်မခံတဲ့တိုင် လက်ရှိနိုင်ငံရေး၀င်္ကဘာထဲက ပြန်ထွက်နိုင်အောင် ထွက်ပေါက်အဖြစ် ‘ရွေးကောက်ပွဲ’ ကိုသာ သုံးရမယ်လို့ မြင်နေပြန်ရဲ့။ ဒါပေမဲ့ ဒီမိုကရေစီဆိုတာ အာဏာသုံးရပ် ခွဲဝေကျင့်သုံးဖို့နဲ့ မဏ္ဍိုင်ငါးရပ်ကြား အပြန်အလှန် ထိန်းကျောင်းဖို့ ဆိုတာကို စစ်တပ်ဟာ ဘယ်တုန်း ကမှ မသိနားမလည် သဘောမပေါက်ခဲ့ပါဘူး။ ဒါကြောင့်လည်း သူအုပ်ချုပ်တာကို လက်မခံတဲ့ ပြည်သူလူထုကို ‘ရွေးကောက်ပွဲ’ တစ်ခုအတွက် အဓိက အကျဆုံး ‘မဲဆန္ဒရှင်တွေ’ ရယ်လို့ မမြင်တဲ့တိုင် သူ့အာဏာတည်မြဲရေးအတွက် နောက်လိုအပ်ချက်တစ်ခုဖြစ်တဲ့ ‘တရားဝင်မှု - Legitimacy’ အတွက် အသုံးချစရာအဖြစ်တော့ မြင်တော့တာပါပဲ။
ဒီနေရာမှာ အံ့ဩဖို့ကောင်းတာကတော့ တခါတုန်းက ဒီမိုကရေစီရေးတိုက်ပွဲဝင်ခဲ့သူတချို့ကိုယ်တိုင်က အတိုက်အခံတွေအနေနဲ့ စစ်တပ်ရဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်ရေးအတွေ့အကြုံကို တန်ဖိုးထားပြီး ထည့်တွက်ဖို့ ရွှေပြည်အေးစကားမျိုး ပြောလာတာပါပဲ။ အုပ်ချုပ်ရေးတတ်ရုံနဲ့ နိုင်ငံအာဏာကို ကျင့်သုံးကိုင်တွယ်တတ်ပြီ၊ နိုင်ငံကိုတိုးတက်အောင် လုပ်နိုင်လောက်ပြီလို့ တွေးတဲ့အတွေးအမြင်ဟာ အရပ်သားနိုင်ငံရေးသမားတွေမှာ ရှိနေပြီဆိုရင်တော့ စစ်တပ်ရဲ့သူသာလျှင် နိုင်ငံရေးဦးဆောင်ကဏ္ဍနဲ့ ထိုက်တန်တယ်ဆိုတဲ့ အမြင်မျိုးကို တိတ်တိတ်ကြိတ်ပြီး လက်ခံနေမိပြီလို့ ဆိုရမှာပဲ။
ဒီတော့ အရပ်ဖက်နိုင်ငံရေးသမားတွေအနေနဲ့ ‘ရွေးကောက်ပွဲ’ တစ်ခုကို ‘မဲသမာမှု’ ရှိလို့ဆိုပြီး ပယ်ဖျက်တာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် ပျက်ကွက်မှုနဲ့ ‘မဲဆန္ဒရှင်လူထု’ကို စော်ကားမှုအဖြစ် မမြင်တော့ဘဲ ‘ရွေးကောက်ပွဲနောက်တစ်ခု’ လုပ်မှာကို အသာတကြည် လက်ခံလိုက်ကြဖို့ ဆင်ခြေတွေ အကြောင်းပြချက်တွေပေးပြီဆိုရင်တော့ ဒါဟာ ဒီမိုကရေစီုလက်ခံတာမဟုတ်ဘဲ ‘အရင်ရွေးကောက်ပွဲတုန်းက ငါတို့ပါတီရှုံးခဲ့တာလေး အခုရွေးကောက်ပွဲအသစ်ကျရင် ပြန်ပြင်နိုင်လေမလား’ ဆိုတဲ့ ကြိတ်ပုန်းအတွေးမျိုးကို ကိုင်စွဲပြီး အာဏာဝေစု အချောင်ရဖို့ ကြံတာသာ ဖြစ်မှာပါ။
ဒါကြောင့် ‘ရွေးကောက်ပွဲတစ်ခု’ အထမြောက်ဖို့ ဝင်အရွေးခံမယ့် ပါတီ/ကိုယ်စားလှယ်တွေနဲ့ မဲဆန္ဒရှင်လူထုရယ်လို့ အရေးကြီးတဲ့ အစိတ်အပိုင်းနှစ်ခု ရှိရာမှာ နှစ်ခုစလုံး အရေးကြီးလှပါတယ်။ ဒီနှစ်ခုစလုံးရဲ့ လုံလောက်တဲ့ပူးပေါင်းမှုမရှိဘဲ ဘယ်ရွေးကောက်ပွဲမှ အထမမြောက်နိုင်ပါဘူး။ ဒီနေရာမှာ ကိုယ့်နေရာ ကိုယ်သေချာသိတဲ့ လူထုကတော့ ၂၀၂၃ ကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ…

လွိုင်ကော် ကယားပြည်နယ်နေ့ အခမ်းအနားလက်နက်ကြီးနဲ့ တိုက်ခိုက်ခံရ၊ တရုတ်-မြန်မာ ကုန်သွယ်ရေး မူဆယ် မန့်ဝိန်းဂိတ် ပြန်ဖွင့်
https://ift.tt/SfA6Dl7
<b>Media</b><b>
</b><b>မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၅ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၂၃
လွိုင်ကော် ကယားပြည်နယ်နေ့ အခမ်းအနားလက်နက်ကြီးနဲ့ တိုက်ခိုက်ခံရ၊ တရုတ်-မြန်မာ ကုန်သွယ်ရေး မူဆယ် မန့်ဝိန်းဂိတ် ပြန်ဖွင့်</b>
ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စစ်ကောင်စီက ဦးစီးကျင်းပတဲ့ ကယားပြည်နယ်နေ့ အခမ်းအနားကို ဒေသခံ PDF လက်နက်ကိုင်အဖွဲ့ လို့ ယူဆရတဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ၁ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရသွားတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့ သတင်းတွေမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။
ကရင်နီပြည်နယ်လို့လည်း ခေါ်ဆိုကြတဲ့ ကယားပြည်နယ်ကို ပြည်နယ်အဖြစ် ဖွဲ့စည်းခွင့်ပြုခဲ့တဲ့ နေ့ရက်ကို အစွဲပြုပြီး ပြည်နယ်နေ့ အဖြစ်သတ်မှတ်ကာ နှစ်စဥ် ကျင်းပနေခဲ့ကြတဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စစ်ကောင်စီက လွိုင်ကော်မြို့ ပြည်နယ်ခမ်းမ အနီးကျင်းပတဲ့ အခမ်းအနားကို PDF လို့ယူဆရတဲ့အဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
လူစုလူဝေးလည်း ဖြစ် အရပ်သားတွေ အများအပြားပါဝင်နေကြတဲ့ နေရာကို တိုက်ခိုက်တဲ့အပေါ် အချို့လူ့အခွင့်အရေး အဖွဲ့တွေက မလုပ်ဆောင်သင့်ဘူးလို့ ဝေဖန်ပြောဆိုမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ စစ်ကောင်စီက ဦးစီးကျင်းပတဲ့ ပြည်နယ်နေ့အခမ်းအနားကို အသိအမှတ်မပြုတာ ဆန့်ကျင်တာ မှန်ကန်ပေမယ့် အရပ်သားတွေ ပါဝင်နေတဲ့ နေရာကို အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာဟာ မလုပ်ဆောင်သင့်တဲ့ အရာအဖြစ် ရှုမြင်ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက KNPP နဲ့ PDF တပ်ဖွဲ့တွေကို စွပ်စွဲပြောဆိုခဲ့ပြီး KNPP ကတော့ ၄င်းတို့အနေနဲ့ အခုလို ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ဖို့ အောက်ခြေ တပ်ဖွဲ့တွေကို ညွှန်ကြားထားတာ မရှိဘူးလို့ KNPP တာဝန်ရှိသူက RFA ကိုဖြေကြားထားတာ ဖြစ်ပါတယ်။ လူထု အများရောနှော ပါဝင်နေကြတဲ့ အခုလို လူစုလူဝေး နေရာမျိုးကို ပစ်ခတ်တိုက်ခိုက်ခြင်းဟာ စစ်ရေးဆိုင်ရာ ကျင့်ဝတ်တွေနဲ့ မညီဘူးလို့ လူ့အခွင့်အရေး မြှင့်တင်ရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု စောင့်ကြည့်ရေး အဖွဲ့တွေက ရှုမြင်ကြတာလည်း ဖြစ်ပါတယ်။
PDF အဖွဲ့တွေ အနေနဲ့ စစ်ကောင်စီဘက်က ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီး အဆင့်၊ ပြည်နယ် ဝန်ကြီးချုပ် အဆင့် နဲ့ စစ်တိုင်းမှူးတွေပါ တက်ရောက်ကြတဲ့ အခုလို အခမ်းအနားကို တိုက်ခိုက်ဖို့ ရည်ရွယ်တာမှန်သော်လည်း ပစ်မှတ်ကို တိတိပပ ထိမှန်အောင် တိုက်ခိုက်နိုင်တဲ့ နည်းပညာ ၊ လက်နက် ပစ္စည်းတွေ မရှိတဲ့အနေအထားမှာ ပါဝင်နေတဲ့ အရပ်သားအများအပြားကို ထိခိုက်သေဆုံးစေနိုင်တာလည်း ဖြစ်ပါတယ်။ လူဦးရေ အားဖြင့် သိန်းဂဏန်းမျှရှိပြီး နယ်မြေအကျယ်အဝန်းလည်း အခြားသော ပြည်နယ်၊ တိုင်းတွေနဲ့ စာရင်သေးငယ်တဲ့ ကယားပြည်နယ် မှာ လက်နက်ကိုင်အဖွဲ့အစည်း အင်အားကောင်းကာ နယ်မြေအများအပြားကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ KNPP၊ စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ KNDF လို့ခေါ်တဲ့ ကရင်နီ ကာကွယ်ရေး တပ်ဖွဲ့ နဲ့ အခြား PDF အဖွဲ့ငယ်တွေက စိုးမိုးနယ်မြေ၊ ထိန်းချုပ်နယ်မြေတွေ အဖြစ် လှုပ်ရှားနေကြတာ ဖြစ်ပြီး စစ်ကောင်စီအနေနဲ့ လွိုင်ကော်မြို့နဲ့ အချို့သော မြို့တွေ တပ်စခန်းတွေကိုသာ ထိန်းချုပ်ထားနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ တိုက်ပွဲတွေလည်း မကြာခဏဖြစ်ပွားနေသလို ကယားပြည်နယ်ဟာ လူဦးရေအချိုးအစားနဲ့ တွက်ရင် စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက် အများဆုံး ရှိတဲ့ပြည်နယ်တခုလည်း ဖြစ်နေတာ တွေ့ရပါတယ်။ လူဦးရေရဲ့ ၅၀ ရာနှုန်းနီးပါးဟာ စစ်ဘေးရှောင် အဖြစ် တိမ်းရှောင်နေထိုင်ကြရတဲ့ ဒေသလည်း ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ မူဆယ် မန့်ဝိန်းဂိတ် ပြန်ဖွင့်လှစ်လိုက်တဲ့ သတင်းဖြစ်ပါတယ်။ ကိုဗစ်ကပ်ဘေး ဖြစ်ကတည်းက ပိတ်ထားခဲ့တဲ့ မူဆယ်မန်ဝိန်းဂိတ်ကို ၃ နှစ်နီးပါး အကြာမှာ ပြန်လည်ဖွင့်လှစ် လိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး မှာ အရေးပါတဲ့ နယ်စပ်ဂိတ်ဖြစ်ပြီး ကိုဗစ်ကူးစက်မှု ကပ်ဘေး စတင်ဖြစ်ပွားလာပြီးနောက် တရုတ်နိုင်ငံဘက်က စတင်ပိတ်ခဲ့တဲ့ မူဆယ်ဂိတ်ကို မကြာသေးခင်က တရုတ်နိုင်ငံရဲ့ ကိုဗစ်ကူးစက်မှု လုံးဝကင်းစင်ရေး မူဝါဒကို ပယ်ဖျက်ပြီးနောက်မှာ နယ်စပ်ဂိတ်တွေအပေါ် ကန့်သတ်ထားတဲ့ ကန့်သတ်ချက်တွေ ဖြေလျော့တာ အချို့ဂိတ်တွေ ပြန်လည်ဖွင့်လှစ်ပေးလိုက်တာဖြစ်ပါတယ်။
တရုတ်မြန်မာနယ်စပ်ကနေ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန်၊ ရေထွက်ပစ္စည်း နဲ့အခြားသော ကုန်ပစ္စည်းတွေ တင်ပို့နေတာဖြစ်ပြီး မြန်မာနိုင်ငံက စိုက်ပျိုးရေး တောင်သူတွေ အနေနဲ့ တရုတ်နိုင်ငံစျေးကွက်ကို အတော်လေးမှီခိုနေကြရတာ ဖြစ်ပါတယ်။ ဆန်စပါး ဝယ်ယူတာ၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ ကြံ၊ ငှက်ပြော စတဲ့ ရာသီအလိုက်နဲ့ တနှစ်ပတ်လုံး စိုက်ပျိုးတင်ပို့ကြခဲ့ကြလို့ အဆိုပါ စိုက်ပျိုးကုန် စိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ တရုတ်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်တဲ့ အပေါ် ထွက်ကုန်တွေ စျေးပြန်ရလာဖို့ ဝယ်လက်ရှိလာဖို့ မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။
တဖက်မှာလည်း လက်နက်ကိုင် တိုက်ပွဲတွေ၊…

ကိုအောင်မှိုင်း - လွမ်းစေမင်း
https://ift.tt/9lEoq40
Mediaကိုအောင်မှိုင်း - လွမ်းစေမင်း(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၂၃
အပြုံးမျက်နှာ၊ လရောင်မှာပင်ကြည်သာချမ်းမြေ့၊ ရုတ်ခြည်းတွေ့လဲကြာချည်မြဲခိုင်၊ သက်ဆုံးတိုင်ထိချည်နှောင်မိထား၊ ချစ်တံတားသို့ချစ်မြားပိုင်ရှင်၊ ချစ်သခင်ကိုမြဲလျှင်ထုရ၊ ပန်းပုလှသွယ်ပန်းစုနွယ်ယှက်၊ ပါးပြင်ထက်ကအနမ်းပန်းတို့ လွမ်းရစ်မင်း။
ချစ်သူမျက်ဝန်း၊ ရွှန်းလဲ့သံစဥ်အလွမ်းဘဝင်၊ ကြည်လင်တေးလှလွမ်းတသသ၊ ရင်နဲ့အမျှအနမ်းလှလှ၊ ကြည်နူးစွတေးတေးရေးဆရာ၊ ဝေ့ကာဝိုက်ကာကွေ့ကာကောက်ကာ၊ မြစ်တစင်းပမာတူရိယာသဏ္ဌာန်၊ အနမ်းဟန်ကမိုးသို့ကြွမည့် ကြယ်စင်မင်း။
ဗေဒါက ရေပြာ မြစ်ပြင်မှာမျောရေစီးသာသာ ညိမ့်ညောင်းစွာတိမြစ်ပြင်ကျယ် လေအဟုန်ပြင်းလေဆင်းကလာ လေညာမှာယိမ်းဘယ် ညာ တိမ်းလို့ လေစိမ်းကိုတုမာန်ဟုန်ပြုခဲ့ ကလျာနုသက်ပန်အလွမ်းဆံလှ ချစ်မဝခဲ့ချစ်ခြင်းငယ်ရှာ လွမ်းအောင်ဖန်တေးချစ်ခြင်းတွေတွေး သီချင်းတွေရေးနှုတ်ဆက်ဖို့ ကြုံ အလွမ်းဘုံမှာငယ်ကျွမ်းဆွေ အလွမ်းတွေဝေပန်းတွေကြွေရင်း တမ်းစေမင်း။
တွေ့ကြုံဆုံကွဲ ဒီဇာတ်ပွဲမှာနွှဲခဲ့အတိတ် အရိပ်ပမာထင်ဟပ်လာသည့် အိပ်မက်ဆုံရာအလွမ်းဆုံရာ ပန်းဖူးချိန်အားပြည်ဖုံးကားချ နှုတ်ဆက်မရကံဇာတ်ဆရာ စီရင်ခြင်းငှာမာန်ကိုတင်းစစ်ခင်း လွမ်းစေမင်း။
(လွမ်းရသူများအတွက်)ကိုအောင်မှိုင်း
Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar

CDM တွေကို ဆက်တိုက် ဖမ်းဆီးလာနေတဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်မှု၊ နှစ်တရာကျော် သက်တမ်းရှိ ကက်သလစ် ဘုရားကျောင်း မီးရှို့ခံရ
https://ift.tt/XOempJt
Media
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၆ မြင်ကွင်း(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၂၃
CDM တွေကို ဆက်တိုက် ဖမ်းဆီးလာနေတဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်မှု၊ နှစ်တရာကျော် သက်တမ်းရှိ ကက်သလစ် ဘုရားကျောင်း မီးရှို့ခံရခုလပိုင်းတွေမှာ CDM လုပ်ထားတဲ့ ဆရာဝန် အများအပြား နဲ့ အခြားသော အစိုးရဝန်ထမ်းတွေကို စစ်ကောင်စီက ကျွမ်းကျင်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ် မလုပ်ကိုင်နိုင်အောင် မြို့ကြီးအချို့မှာ စောင့်ကြည့်တာ လုပ်ငန်းရှင်တွေကို ဖိအားပေးတာ၊ ရှာဖွေဖမ်းဆီးတာတွေ လုပ်ဆောင်နေတဲ့ သတင်းတွေကြားသိနေရပါတယ်။ ယခင်လ နှောင်းပိုင်းက မန္တလေးမြို့မှာ အထူးကုဆရာဝန်ကြီးတဦး ပုဂ္ဂလိကဆေးရုံမှာ ကုသမှုပေးနေစဥ် လူနာအသွင်ဆောင်ပြီး လာရောက်ဖမ်းဆီးခဲ့တဲ့ အဖြစ်အပျက် သတင်းတွေထဲ ပါရှိခဲ့ပါတယ်။ အဲဒီဆရာဝန်ကြီး ထိုင်တဲ့ ပုဂ္ဂလိကဆေးရုံကိုလည်း ပိတ်ဖို့ ညွှန်ကြားခဲ့သလို အခြားပုဂ္ဂလိက ဆေးရုံအချို့ပါ ပိတ်သိမ်းဖို့အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ဖြစ်ပွားနေတာဟာ မန္တလေး မြို့တမြို့ထဲမဟုတ်ပဲ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရန်ကုန်၊ ရှမ်းပြည်နယ်တောင်ပိုင်း စတဲ့မြို့တွေမှာလည်း CDM လုပ်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပုဂ္ဂလိက ဆေးရုံမှာ အလုပ်လုပ်နေခြင်း ရှိ၊ မရှိကို အရပ်ဝတ် ရဲနဲ့ ထောက်လှမ်းရေးစောင့်ကြည့်နေပြီး လူမသိ သူမသိ ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်တွေလည်း ရှိနေတယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ မြို့နယ်အချို့မှာ ဆရာဝန်တချို့ကို CDM ဆရာဝန် ဟုတ်၊ မဟုတ် ခေါ်ယူမေးမြန်းတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။CDM လှုပ်ရှားမှုဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှုရဲ့ အနိုင်အရှုံးကို အဆုံးအဖြတ် ပေးတဲ့ အရာမဟုတ်တော့ ပေမယ့် စစ်ကောင်စီ အနေနဲ့ မြို့တွေမှာ ၄င်းတို့ရဲ့ အုပ်ချုပ်မှုအာဏာကို ပိုပြီးခိုင်မာအောင် တည်ဆောက်ဖို့ ကြိုးစားနေတဲ့ လုပ်ရပ်တခုအဖြစ် ယူဆရပြီး မြို့ပေါ်က လူထုကို အကြောက်တရားနဲ့ ကျိုးနွံလာအောင် ကြိုးစားမှုတခုလည်း ဖြစ်နိုင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက စတင်လိုက်တာလို့ ဆိုနိုင်တဲ့ CDM လှုပ်ရှားမှုကြောင့် စစ်ကောင်စီအနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ ဆေးရုံတွေကို ကောင်းမွန်စွာ ပြန်လည် မလည်ပတ်နိုင်သေးတဲ့ အခြေအနေကလည်း အကြောင်းတချက် ပါနိုင်သလို အဓိကအချက်ကတော့ မြို့တွေမှာ ၄င်းတို့ ပြန်လည်ချုပ်ကိုင် နိုင်ပြီး အာဏာစက်ကို ကောင်းစွာ ဖြန့်ကျက်နိုင်ပြီဆိုတာကို ပြသချင်တဲ့ ရည်ရွယ်ချက် ဖြစ်နိုင်ပါတယ်။ CDM ဝန်ထမ်းတွေထဲ မိမိတို့ကျွမ်းကျင်တဲ့ အတတ်ပညာ ကျွမ်းကျင်မှုနဲ့ အသက်မွေးဝမ်းကျောင်းနိုင် ရပ်တည်နိုင်တာဟာ ဆရာဝန်တွေ ၊ သူနာပြုတွေ ဖြစ်ပါတယ်။ ပညာရေးဝန်ထမ်းတွေ ဖြစ်တဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေလောက် အတတ်ပညာနဲ့ အလုပ်အကိုင် ရဖို့မလွယ်ကူပါဘူး။ CDM လှုပ်ရှားမှုဟာ လက်ရှိအချိန်မှာ မြို့တွေမှာ အဓိကအဆုံးအဖြတ်ဖြစ်တဲ့ လှုပ်ရှားမှုတခု မဟုတ်တော့ပေမယ့် စစ်ကောင်စီကို အာခံတဲ့ အရှုံးမပေးတဲ့ လက္ခဏာတရပ်အဖြစ် ပြယုဂ်တခုအဖြစ်တော့ အရေးပါတယ်လို့ ဆိုနိုင်တာ ဖြစ်ပါတယ်။ ဒီနေ့အတွက် အခြားသတင်းတပုဒ်ကတော့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ချမ်းသာရွာက ရှေးဟောင်း ကက်သလစ် ဘုရားကျောင်း တကျောင်းကို စစ်ကောင်စီတပ်တွေက ခုရက်ပိုင်းမှာ မီးရှို့လိုက်တဲ့ သတင်းဖြစ်ပါတယ်။ မြန်မာဘုရင်တွေခေတ်က ကျန်ရစ်ခဲ့တဲ့ ပေါ်တူဂီအဆက်အနွယ်တွေ နေထိုင်ကြတဲ့ ကျေးရွာအချို့ စစ်ကိုင်းတိုင်းထဲက ရေဦး တန့်ဆည်မြို့နယ်တွေထဲမှာ ရှိနေကြတာဖြစ်ပြီး ဒီကျေးရွာတွေက ဘုရားကျောင်း အဆောက်အဦတွေဟာ သမိုင်းအမွေအနှစ်အရလည်း တန်ဖိုးရှိတဲ့ အဆောက်အဦတွေ၊ ကိုးကွယ်ရာ ဘာသာမတူပေမယ့် ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ကြတဲ့ သာဓကအဖြစ်ပါ တန်ဖိုးရှိတဲ့ ဘုရားကျောင်း အဆောက်အဦနဲ့ ဒေသခံတွေဟာလည်း စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီ ဆန့်ကျင်တဲ့အဖွဲ့တွေကို ချေမှုန်း နှိမ်နှင်းရေးမှာ ချွင်းချက်အဖြစ် ရှိမနေဘဲ မီးရှို့ ဖျက်ဆီးခံရ၊ သတ်ဖြတ်ခံကြရတာ ဖြစ်ပါတယ်။ ဒီဒေသမှာမွေးဖွားပြီး ကက်သလစ်ဘာသာ ဘုန်းတော်ကြီးတပါးဖြစ်တဲ့ ကာဒီနယ် ချားလ်စ်မောင်ဘိုရဲ့ ဇာတိကျေးရွာ မုံလှရွာဆိုရင်လည်းပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက် ဖျက်ဆီးခံရသလို ကျေးရွာသားတွေထဲကလည်း သတ်ဖြတ်ခံရမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေဟာ နိုင်ငံရေး စစ်ရေး ဖြစ်ရပ်သက်သက်သာ မဟုတ်တော့ဘဲ စစ်ကောင်စီက ဘာသာရေးကိုပါ ရည်ရွယ်ဖိနှိပ်လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေအဖြစ် နိုင်ငံတကာက ရှုမြင်ကြလိမ့်မှာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar

မောင်တူး - နွေဦး ၂ နှစ် ခရမ်းဦးတင်မောင်ဝင်း ၃၂ အလွမ်း
https://ift.tt/Y6nHrcp
<b>Media</b><b>Image- Crd</b><b>နွေဦး ၂ နှစ် ခရမ်းဦးတင်မောင်ဝင်း ၃၂ အလွမ်း </b><b>မောင်တူး</b><b>(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၃</b>
ကြယ်မင်းကြွေခဲ့၊ သခင်မဲ့တာသုံးဆယ့်နှစ်နှစ်၊ ကြာပြီဖြစ်လည်း သစ်ဆဲသူ့ဂုဏ်၊ နိမိတ်ပုံကားသူငါကြားတွင်၊ ပြိုးပြက်ထင်ဆဲဦးတင်မောင်ဝင်း၊ ဇာနည်မင်းအားတို့များတတွေ၊ လွမ်းလေသမျှသတိရဆဲ၊ အောက်မေ့ဆဲပါတကား။ ။((( ၁၈ ဇန် ၁၉၉၁ အင်းစိန်ထောင်မှာ ကျဆုံးခဲ့ )))
မြန့်မာ့ဒီမိုကရေစီသူရဲကောင်းတဦးဖြစ်တဲ့ ခရမ်းဦးတင်မောင်ဝင်းဟာ စစ်ထောက်လှမ်းရေးလက်ချက်နဲ့ အင်းစိန်ထောင်မှာ ကျဆုံးခဲ့တာ ၃၂ နှစ်ရှိပြီ။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်မှာ ဦးတင်မောင်ဝင်းကွယ်လွန်တယ်။ ဒါကြောင့် ၂၀၂၃ ဇန်နဝါရီ ၁၈ ရက် ဒီနေ့ဟာ ၃၂ နှစ်ပြည့်ပေါ့။ ဒီလိုပါပဲ။ နွေဦးတော်လှန်ရေးဟာလည်း လာမည့် ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်မှာ ၂ နှစ်မြောက်ပြီ။
ခရမ်းဦးတင်မောင်ဝင်းရဲ့ တော်လှန်ရေးစိတ်ဓာတ်တွေဟာ ၈၈၈၈ အရေး တော်ပုံကြီးမှာ ရဟန်းရှင်လူ ကျောင်းသား ပြည်သူ ၃၀၀၀ ကျော်ကို မဆလစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့အပြီး စစ်အုပ်စုစစ်အာဏာရှင်ဘက် တော်သားမှန်သမျှကို ပြတ်ပြတ်သားသား တိုက်ထုတ်သွားဖို့ တခုတည်း လုပ်မယ်လို့ ပြတ်သားသွားခဲ့တယ်။ အလားတူ နွေဦးတော်လှန်ရေးမှာလည်း GZ လူငယ်မျိုးဆက်သစ်ဟောင်း ပြည်သူလူထုတွေဟာ လူ ၂၇၀၀ ကျော်ကိုသတ်ထားပြီးဖြစ်တဲ့ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီ ဘက်တော်သားမှန်သမျှကို ပြတ်ပြတ်သားသား တိုက်ထုတ်သွားဖို့ တခုတည်းလုပ်မယ်လို့ ပြတ်သား သွားခဲ့ကြတယ်။ ဘာကြောင့် ဒီလိုညီတူ ပြတ်သားသွားခဲ့ကြပါသလဲ။ ဦးတင်မောင်ဝင်းဟာ ၈၈၈၈ မှာ ရက်စက်ခဲ့ကြတဲ့ မဆလစစ်တပ်ကိုတိုက်ဖို့ ပြတ်သားသွားသလို ဒီနေ့လည်း နွေဦးတော်လှန်ရေးသမားပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်ညှဉ်းပမ်းနေတဲ့ စစ်ကောင်စီတပ်ကို အပြုတ်တိုက်ဖို့ ပြည်သူတရပ်လုံး ပြတ်သားနေကြပါပြီ။ <b>
</b><b>ခရမ်းဦးတင်မောင်ဝင်းအကြောင်း</b>
(AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်တဲ့ "ရှစ်စက္ကန့်ငြိမ်" စာအုပ်မှ ကူးယူဖော်ပြပါတယ်။
ခရမ်း ဦးတင်မောင်ဝင်းသည် ရန်ကုန်တိုင်း ခရမ်းမြို့ ဇာတိဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် အောက်တိုဘာလ ၂၃ ရက်က အဖမ်းခံရသည်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ အသက် ၅၁ နှစ်တွင် ကွယ်လွန်သည်။ <b>
</b><b>ခရမ်းဦးတင်မောင်ဝင်းရဲ့နိုင်ငံရေးဘဝ</b>
နိုဝင်ဘာ ၂၀ ရက် ၁၉၃၈ ခုနှစ်တွင် မွေးဖွားသည်။ ဦးမြို့ ဒေါ်သန်းရှင်တို့ ၏သား ဖြစ်သည်။ ခရမ်းမြို့အထက်တန်းကျောင်းနှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ဘာသာရပ်ဆိုင်ရာ အသင်းများ၊ လက်ဝှေ့အသင်း၊ ကလောင်အသင်း၊ ကျောင်းဆောင်နှင့် သဟာယစာဖတ်အသင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ)၊ ရန်ကုန်တက္ကသိုလ် ကျောင်း သားညီညွတ်ရေး တပ်ဦးတို့တွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သည်။
ဦးနေဝင်း တော်လှန်ရေးကောင်စီအစိုးရက ကျောင်းသားအခွင့်အရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားသော ဦးတင်မောင်ဝင်းအား ၁၉၆၃ ခုနှစ် ဒီဇင်ဘာလမှ ၁၉၇၀ ခုနှစ် စက်တင်ဘာလအထိ ၇ နှစ်ကြာ ဖမ်းဆီး ထိမ်းသိမ်းခဲ့သည်။ ၁၉၈၈ လူထုလှုပ်ရှားမှုကာလအတွင်း "စစ်ပြီးခေတ် ကျောင်းသားခေါင်းဆောင်ဟောင်းများ အဖွဲ့တွင် ပါဝင် လှုပ်ရှား ဆောင်ရွက်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD စတင် ဖွဲ့စည်းချိန်မှစ၍ ရန်ကုန် တိုင်း စည်းရုံးရေးကော်မတီတွင် တာဝန် ပေးအပ်ခြင်းခံရသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ခရမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ရွေး ကောက်ခံခဲ့ရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည်။ ဂန္ဒီခန်းမတွင် ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်များစုံညီအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။
၁၉၉၀ ပြည့် အောက်တိုဘာ ၂၃ ရက်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလအတွင်း ဦးတင်မောင်ဝင်းအား အမိန့်ချမှတ်ချိန်တွင် အလွန်နာမကျန်း ဖြစ်နေသည့်အတွက် ခုံရုံးသို့ မတက်ရောက်နိုင်ခဲ့ပေ။ဖမ်းဆီးခံရချိန်မှ ကွယ်လွန်သည့်အချိန်အထိ မိသားစုနှင့်လည်းကောင်း၊ လုပ်ဖော်ကိုင်ဖက် ရဲဘော်များနှင့်လည်းကောင်း ဆက်သွယ်ခွင့် မရခဲ့။
<b>ခရမ်းဦးတင်မောင်ဝင်းကျဆုံးပုံ</b>
သူသည် အင်းစိန်ထောင်အတွင်းတွင် ဝမ်းကိုက်ရောဂါ ခံစားနေရသည်။ ထိုအကြောင်းကို မိသားစုကစုံစမ်းသိရှိရသောအခါ ဆေးဝါးများ ပေးပို့ရန် ကြိုးပမ်းဆက်သွယ်ခဲ့သော်လည်း အာဏာပိုင်များက ခွင့်မပြုပါ။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်၌ ကွယ်လွန် သည်။ ကွယ်လွန်ပြီး နောက်တနေ့တွင် အာဏာပိုင်များက မိသားစုအား အကြောင်း ကြားခဲ့သည်။ မိသားစုက ရုပ်အလောင်းကို ကြံတောသုဿာန် အအေးတိုက်တွင် သွားရောက်ကြည့်ရှုခွင့် ရသည်။ ထောင်အာဏာပိုင်များက မိသားစုအား ဦးတင်မောင်ဝင်းသည် "သွေးကင်ဆာ" ရောဂါဖြင့် ကွယ် လွန်ကြောင်း ပြောကြားခဲ့သည်။
ကြယ်ကြွေတာကင်ဆာတဲ့လားကင်ဆာကို တိုက်ဖျက်ကြ။ ။ (ဦးတင်မောင်ဝင်း ဈာပနပန်းခွေပါကဗျာ)
<b>အာဟာရပြတ်ဆေးကုခွင့်မရနှ…

သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အရပ်သားတွေ ၊ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ဖမ်းဆီးမှု
https://ift.tt/towkujg
<a href="https://blogger.googleusercontent.com/img/a/AVvXsEhEujFSjnPUTQAL77yaM0U5q_6dbdqxCdZEAql05pi-ZdQxOlC0MSiww8rWAbdS2nUWeUnXLVUSIS3epyhUL6YG6LegCtClRvReCt-DfOidI9AWd_-0FhVESBzfvXPPq-QTtukxKbTxrhGE84QPAZCeK83BAiMlQMGQYoyuFHrw4XDgbkDVi0I_4sV5">Media</a>မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၇ မြင်ကွင်း(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၃သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အရပ်သားတွေ ၊ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ဖမ်းဆီးမှု နေ့စဥ် သတင်းတွေထဲမှာ စစ်ကောင်စီဘက်က သတ်ဖြတ်လို့ အသက်ဆုံးရှုံးရတဲ့ အရပ်သားတွေနဲ့ ပတ်သက်တဲ့ သတင်းက အများစု ဖော်ပြနေတာတွေ့ရပြီး အချို့သော သတင်းတွေကတော့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မြေပြင် လူစာရင်းကောက်ယူတဲ့ လုပ်ငန်းစဥ်မှာပါဝင်တဲ့ စစ်ကောင်စီရဲ့ အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေ၊ စစ်ကောင်စီက ဖိအားပေး ခေါ်ယူလို့ ပါဝင်လုပ်ဆောင်ပေးရတဲ့ ပရဟိတ အဖွဲ့ဝင်တချို့ သတ်ဖြတ်ခံရတဲ့ သတင်းတွေ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု ဖြစ်ပြီးကတည်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ အသက်ဆုံးရှုံးရတဲ့ အရပ်သားအရေအတွက်ဟာ ၂၆၀၀ ကျော်ရှိပြီလို့ AAPP က ကောက်ယူမှတ်တမ်းတင်ထားတဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားတာတွေ့ရပြီး တဖက် စစ်ကောင်စီဘက်ကလည်း ၄င်းတို့ကို ထောက်ခံသူတွေထဲက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှာ ပါဝင်သူတွေ၊ ဒလန်လို့ စွပ်စွဲသတ်ဖြတ်ခံရသူတွေ၊ စီဒီအမ် မလုပ်တဲ့ အစိုးရဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်၊ ပျူစောထီး အဖွဲ့ဝင်အဖြစ် စွပ်စွဲခံရသူ၊ စစ်ကောင်စီကို ထောက်ခံတဲ့ သံသယ၊ ပျူစောထီး ဖွဲ့စည်းရေးမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆခံရသူ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေရဲ့ စာရင်းကို ကောက်ယူရာမှာ အရေအတွက် ၃ ထောင်ကျော်ရှိပြီလို့ ဆိုပါတယ်။ ဘက်နှစ်ဘက်က ကောက်ယူတဲ့ စာရင်း ၂ ခုပေါင်းလိုက်ရင် အနည်းဆုံး အရပ်သား ၅ ထောင်ကျော် သေဆုံးပြီး ဖြစ်တယ်လို့ ယူဆရမယ့် သဘောဖြစ်ပါတယ်။ လုပ်ကြံသတ်ဖြတ်မှုတွေ၊ လုံခြုံရေး လိုအပ်ချက်ကြောင့် သံသယနဲ့ ယူဆက ပစ်ခတ်သတ်ဖြတ်တာတွေမှာ အရပ်သားနဲ့ လက်နက်ကိုင် အဖွဲ့ဝင် သတ်မှတ်ချက်တွေက ဝေဝါးမှုရှိနေဆဲဖြစ်တာ တွေ့ရသလို စစ်ကောင်စီ အနေနဲ့ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှု တခုကိုမျှ စုံစမ်းအရေးယူ အပြစ်ပေးတာ မရှိသလို စစ်ကြောရေး မှာ အသက်ဆုံးရှုံးကြရသူ ရာဂဏန်းကျော်ပြီ ဖြစ်တဲ့ သူတွေအတွက်လည်း တဦးတယောက်မျှ အရေးယူခံကြရတာ မတွေ့ရတာကြောင့် ဒီလို ဖြစ်ရပ်တွေကို စစ်ကောင်စီက ခွင့်ပြုထားပြီး အကြောက်တရားရအောင် ရည်ရွယ်ကာ လုပ်ခွင့်ပြုထားတဲ့ သဘောလို့ ယူဆရပါတယ်။ လုံခြုံရေး ယူထားတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မိမိကိုယ် ကာကွယ်ရေးအတွက် သတ်ဖြတ်တယ်ဆိုတဲ့ အယူအဆအပေါ် အခြေခံပြီး ဖြစ်ပွားလာတဲ့ ဒလန်ရှင်းလင်းရေး သတ်ဖြတ်မှုတွေကလည်း ကာလကြာသည်နှင့်အမျှ အရေအတွက်က ရာဂဏန်းကနေ ထောင်ဂဏန်းထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး စံနှုန်း၊ ရှုထောင့်က ကြည့်ရင် ဘယ်လိုနည်းနဲ့ အကြောင်းပြချက်နဲ့ ဖြစ်ဖြစ် အရပ်သားတွေကို သတ်ဖြတ်မှုတွေအတွက် လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ လက်နက်ကိုင် အဖွဲ့ကို သတင်းပေးတယ်၊ လက်နက်ကိုင်အဖွဲ့ကို ထောက်ခံတယ်ဆိုရုံနဲ့ အသက်သေဆုံးအောင် ပစ်သတ်တာ၊ သတ်ဖြတ်တာ၊ နှိပ်စက် ညှဉ်းပန်းရင်း အသက်ဆုံးရှုံးသွားရတဲ့ ဖြစ်ရပ်တွေက မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အစွန်းအထင်းတွေဖြစ်ကျန်ခဲ့မှာ ဖြစ်ပါတယ်။ တဦးတလေ မဟုတ်ဘဲ ရာဂဏန်းနဲ့ ချီလာသည်နဲ့အမျှ တာဝန်ခံရတဲ့ ပမာဏက ထုနဲ့ထည်နဲ့ ဖြစ်လာမှာ ဖြစ်ပါတယ်။ အဖြစ်အပျက်တခု ဖြစ်ရပ်တခုအတွက် တာဝန်ခံရမှုတင်မဟုတ်တော့ဘဲ မူဝါဒဆိုင်ရာ တာဝန်ခံမှုတွေအထိ ဖြစ်လာမယ့် အနေအထားလည်း ဖြစ်ပါတယ်။ ဒီနေ့ သတင်းတွေထဲ ဖတ်ရှုကြည့်တဲ့အခါ မင်းတပ်မြို့နယ်မှာ မိန်းကလေး ၂ ဦး ကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်တပ်က ပစ်ခတ်ရာမှာ တဦးအသက်ဆုံးရှုံးခဲ့ရတဲ့ သတင်း၊ ပဲခူးတိုင်း ထန်းတပင် မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနဲ့ လက်ရှိ အုပ်ချုပ်ရေးမှူးတို့ကို PDF လို့ယူဆရတဲ့ လက်နက်ကိုင် အဖွဲ့က ပစ်သတ်ရာမှာ ၄င်းတို့ ၂ ဦးအပြင် ကလေးငယ် တဦးပါ ကျည်ထိမှန် သေဆုံးရတဲ့ သတင်းတွေ တွေ့ရှိရတာ ဖြစ်ပါတယ်။ ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ရွေးကောက်ပွဲအတွက် မြေပြင်လူစာရင်းကောက်ယူတဲ့ အုပ်ချုပ်ရေးဝန်ထမ်း ၄ ဦးကို မြောင်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့ သတင်းဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ဆန့်ကျင်တားဆီးမှု ရွေးကောက်ပွဲ မဖြစ်အောင် စစ်ကောင်စီဆန့်ကျင်ရေး အဖွဲ့တွေက လုပ်ဆောင်ကြရာမှာ ခုဖြစ်ရပ်က ပထမဆုံး ဖမ်းဆီးတဲ့ အဖြစ်အပျက်လို့ ဆိုရမယ့် သဘောလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မဖြစ်အောင် တားဆီးဖို့ မအောင်မြင်အောင် လုပ်ဆောင်ကြရမှာ မြန်မာနိုင်ငံဒေသတခုနဲ့ တခုအကြား နည်းဗျူဟာတွေ မတူညီကြတာလည်း သတိပြုမိပါတယ်။ ခုအနေအထားအထိမှာတော့ PDF အဖွဲ့တွေအကြား၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား စစ်ကောင်စီရဲ့ မဲ…

နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း ရပ်ဆိုင်းမှုဂယက်
https://ift.tt/6hUVHil
<a href="https://blogger.googleusercontent.com/img/a/AVvXsEiI49sqgcdbypCJsnd8V4woWwiFFFA-L3w3VkoJQpwM0h7O6Sk6pBqYvcBA_8w3iNBN3KU2rXXVoysHtX7b0cJUA3oin9-64ktM1gfYny3sRP3V8HpmOxFg8DIoj9bQICo705SrWWiylpuA3EKTK0d0iup5MajwPncfAx6nDEeuf8EUFGdYMRjvGnq0">Media</a>
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၈ မြင်ကွင်း(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၂၃
<b>နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း ရပ်ဆိုင်းမှုဂယက် </b>မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ပြည်ပထွက်ပြီး အလုပ်အကိုင် အခွင့်အလမ်းရှာဖွေဖို့ အတွက်နဲ့ လုံခြုံစိတ်ချမှု မရှိတော့တဲ့အခြေအနေကြောင့် ပြည်ပကိုထွက်ခွာပြီး နေထိုင်လုပ်ကိုင်သူတွေ သိသိသာသာ များပြားလာကာ ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ရုံးမှာ နေ့စဥ်လူ ၂ ထောင်ကနေ ၃ ထောင်အထိ တန်းစီကာ နိုင်ငံကူးလက်မှတ် လျှောက်ထား၊ ထုတ်ယူနေကြတဲ့ ဖြစ်စဥ်က လနဲ့ချီကြာဖြစ်နေတဲ့ ဖြစ်စဥ်တရပ် ဖြစ်ပါတယ်။ ဒီလိုအနေအထားမှာ စစ်ကောင်စီက နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ လုပ်ငန်းစဥ်တွေကို ဇန်နဝါရီလ ၂ ရက်နေ့ မှာ ရုတ်တရက် ရပ်ဆိုင်းထားကြောင်း ကြေညာလိုက်ပြီး အနည်းငယ်မျှသော အရေအတွက်ဖြစ်တဲ့ ဘုရားဖူးသွားသူတွေ၊ အရေးပေါ် ပြည်ပဆေးကုသွားမယ့်သူတွေအတွက် လုပ်ဆောင်ပေးနေသေးပေမယ့်၊ နောက် သီတင်း ၂ ပတ်ကျော်အကြာ ဇန်နဝါရီလ ၁၇ ရက်နေ့မှာတော့ ပြည်ပကို MOU သဘောတူညီမှုနဲ့ အလုပ်ထွက်လုပ်မယ့်သူတွေရော၊ ဘုရားဖူးအဖွဲ့တွေ၊ အရေးပေါ် ဆေးကုသွားမယ့်သူတွေ အကုန်လုံးကို လုပ်မပေးတော့ပဲ ရပ်ဆိုင်းထားမယ့် သတင်းထပ်မံထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီသတင်းက မြန်မာနိုင်ငံထဲက ပတ်စ်ပို့မလုပ်ရသေးတဲ့ သို့မဟုတ် သက်တမ်းကုန်နေတဲ့ ပြည်ပမှာ အလုပ်အကိုင် ထွက်လုပ်မယ့်သူတွေကို စိုးရိမ်မှုတွေ, အဆင်မပြေမှုတွေ ဖြစ်စေသလို၊ ပြည်ပမှာ အကြောင်းကြောင်းကြောင့် နေထိုင် မယ့်သူတွေအဖို့လည်း စိုးရိမ်မှုတွေ ဖြစ်စေတာ ဖြစ်ပါတယ်။ ပြည်ပထွက်ခွာခွင့်ကို ပိတ်ပင်တာမျိုးမဟုတ်ပေမယ့် ပတ်စ်ပို့ အသစ်လုပ်ခြင်းနဲ့ သက်တမ်းတိုးခြင်းကို လနဲ့ချီကြာပိတ်ထားခြင်းဟာ သက်တမ်းရှိ ပတ်စ်ပို့ လက်ဝယ်မရှိသူတွေ အဖို့ ချုပ်နှောင်ထားလိုက်တဲ့သဘောဖြစ်ပြီး စိုးရိမ်မှုတွေကို တိုးစေတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီ အစိုးရလက်ထက်ကလို့ ပြည်ပထွက်ခွာခွင့်တွေကို တင်းကြပ်လာတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ စစ်ကောင်စီက အထက်က စိုးရိမ်သလို လုပ်ဆောင်နိုင်ခြေရှိလားလို့ စဥ်းစားကြည့်တဲ့အခါ စစ်အာဏာသိမ်းပြီး နိုင်ငံရေးမကျေနပ်မှုတွေ မြင့်တက်လာတဲ့ အခုလို ကာလမှာ ပြည်ပထွက်ခွာခွင့် မပေးပဲ နိုင်ငံသားတွေကို ပြည်တွင်းမှာ ထိန်းချုပ်ထားခြင်းဟာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး မတည်မငြိမ်ဖြစ်မှုကိုသာ ပေါ်ပေါက်စေနိုင်ပြီး ၄င်းတို့အတွက် ဘာအကျိုးအမြတ်မှ မရစေနိုင်ပါဘူး။ နိုင်ငံရေးအရ မကျေနပ်မှု ဖြစ်နေသူတွေသာမကပဲ စီးပွားရေးအခွင့်အလမ်း ရှာဖွေဖို့အတွက်လည်း ပိတ်ဆို့ထားလိုက်ခြင်းဟာ ပြည်တွင်းမှာ စစ်ကောင်စီအပေါ် နိုင်ငံရေးဖိအားတွေ ပိုမြင့်တက်လာစေမှာသာ ဖြစ်ပါတယ်။ နိုင်ငံရေး စိတ်မဝင်စားသူတွေတောင် ၄င်းတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ ပညာသင်ကြားရေး အခွင့်အလမ်းတွေကို ပိတ်ဆို့ထားလိုက်ခြင်းကြောင့် စီးပွားရေး အရ မကျေနပ်မှုက နိုင်ငံရေးမကျေနပ်မှုအသွင် ဆီပြောင်းလဲသွားနိုင်တာ ဖြစ်ပါတယ်။ ပြည်ပမှာ အလုပ်သွားရောက် လုပ်ကိုင်လိုသူတွေ၊ နိုင်ငံရေးအရ စစ်ကောင်စီကို မကျေနပ်သူတွေကို ပြည်ပထွက်ခွာခွင့်ပေးလိုက်ခြင်းက တနည်းအားဖြင့် စစ်ကောင်စီအဖို့ ပြည်တွင်းက ဖိအားတွေကို ဖွင့်ထုတ်ပေးလိုက်သလိုဖြစ်စေပြီး အလုပ်လုပ်ကိုင်သူတွေ ပြည်တွင်းကို ပြန်ပို့တဲ့ လုပ်အားခတွေကနေ နိုင်ငံခြားငွေ ရရှိစေတာဖြစ်လို့ အရင့်အရင် မဆလ ခေတ်ကလို နိုင်ငံထွက်ခွာခွင့်ကို ပိတ်ဆို့တာမျိုး လုပ်နိုင်ခြေ မရှိသလောက် နည်းပါးပါတယ်။ အဲဒီခေတ်က လူတွေကို ပြည်ပနဲ့ အဆက်အသွယ် ဖြတ်ဖို့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အင်တာနက် မရှိသေးတဲ့ခေတ် သတင်းအချက်အလက် ပျံ့နှံ့မှု မကောင်းတဲ့ခေတ်မှာမို့ မဆလ အစိုးရအနေနဲ့ အကျိုးရလဒ် အတိုင်းအတာတခုထိ ရခဲ့ပေမယ့် အခုလို အင်တာနက်ခေတ်မှာ မြန်မာနိုင်ငံတွင်းက သူတွေကို ပြည်ပနဲ့ အဆက်အသွယ် မရအောင် ပိတ်ဆို့ထားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ လက်ရှိ ရပ်ဆိုင်းထားတဲ့အတွင်းမှာ အမြတ်ထွက်နေသူတွေကတော့ စစ်ကောင်စီ၏ စစ်အရာရှိကြီးများ၊ ပတ်စ်ပို့ရုံးနဲ့နီးစပ်သူ ဝန်ထမ်းများ ရုံးဌာနများအတွင်းက လာဘ်ပေးလာဘ်ယူသူများ အကျင့်ပျက်ခြစားသူများအသိုင်းအဝိုင်း ဖြစ်နေတာကို တွေ့ရပါတယ်။ ပတ်စ်ပို့တစောင်ရဖို့ ယခင်စစ်အုပ်ချုပ်ရေးကာလတုန်းကလို လမ်းကြောင်းများနဲ့ ငွေပေး လာဘ်ထိုးပြီး ဆောင်ရွက်ကြတာမျိုးတွေ ဖြစ်လာပါတယ်။ ပြန်လည် ဖြေလျှော့ပေးလိုက်တယ်ဆိုရင်ဘဲ စစ်ကောင်စီ၏ အကျင့်ပျက် ခြစားမှု လာဘ်ပေးလာဘ်ယူ လုပ်ကိုင်မှုတွေ တာရေကျိုးသလို ဖြစ်လာတော့မယ်လို့လဲ အကဲခတ်တချို့က မှတ်ချက်ပေးကြပါတယ်။ဒီအချက်တွေကိုထောက်ရင် စစ်ကောင်စီအနေနဲ့ ပြည်ပ အလုပ်အကိုင်ထွက်လုပ်သူတွေကို တားဆီးနိုင်ခြေ…

သီအိုဇော် - ‘Non-lethal Assistance’တွင် ပါဝင်ခဲ့သည့် အကူအညီများ၏ စာရင်းအကျဉ်း (၁၉၈၀-၂၀၂၂) - အပိုင်း(၁)
https://ift.tt/06KmhDZ
<b> </b><b>Media</b><b>
</b><b></b>သီအိုဇော် - ‘Non-lethal Assistance’ တွင် ပါဝင်ခဲ့သည့် အကူအညီများ၏ စာရင်းအကျဉ်း (၁၉၈၀-၂၀၂၂) - အပိုင်း(၁)<b>(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၂၃</b><b></b>
ရှိနှင့်ပြီးသား စကားလုံးဖြစ်ပေမယ့် အကျွမ်းတဝင်မဖြစ်ခဲ့ဖူးသလို ရုတ်တရက် ကြုံလိုက်ရတဲ့အခါမှာတော့ စိတ် လှုပ်ရှားမှုတပိုင်းနဲ့စိတ်ဝင်တစား ဖြစ်မိကြရတာက ‘National Defence Authorization Act-2023’(NDAA) ထဲ မှာပါဝင်လာတဲ့ မြန်မာနိုင်ငံအတွက်‘non-lethalassistance’ (NLA) လို့ပဲဆိုကြရပါမယ်။ခေတ်အဆက်ဆက် နိုင်ငံတကာက အကူအညီခေါင်းစဥ်များစွာ ရရှိခဲ့ဖူးတဲ့တိုင်အောင်မြန်မာနိုင်ငံအနေနဲ့ NLA အကူအညီဆိုတာက အသစ်အဆန်းပါ။တကယ်ကတော့ NLAဟာအရှေ့တောင်အာရှကို အလည်အပတ် ရောက် ခဲ့ဖူးပြီးသား အမေရိကန်ပြည်ထောင်စုရဲ့ အကူအညီတခုဖြစ်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံကို ဗီယက်နမ်တို့ ကျူးကျော်ခဲ့တာကိုတန်ပြန်နိုင်ဖို့ အမေရိကန်ပြည်ထောင်စုက မင်းသားကြီး ‘သီဟာနု ’ (PrinceSihanouk) ဦးဆောင်တဲ့ FUNCINPEC/ANSနဲ့ ‘ခမာပြည်သူများ၏အမျိုးသားလွတ်မြောက်ရေးတပ်ဦး’ (KPNLF)အင်အားစု ၂-ရပ်ကို ပေးခဲ့ဖူးတဲ့ထောက်ပံ့မှုအစီအစဥ် ဖြစ်ပါတယ်။အဲဒီအချိန်က ဗီယက်နမ်ဘက်တော်သားအစိုးရကို ဆန့်ကျင်တဲ့ အင်အားစုများပေါင်းစည်းပြီး မဟာမိတ်ပြုကာ ‘Coalition Government of DemocraticKampuchea’ (CGDK) အဝေးရောက်အစိုးရအနေနဲ့ရပ်တည်နေပါတယ်။ ဒါပေမယ့် CGDKထဲမှာ ပါဝင်နေတဲ့လူမျိုးတုန်းသတ်ဖြတ်မှု၊ လူ့အခွင့်အရေးဖေါက်ဖျက်မှု့တွေ တသီကြီး ကျူး လွန်ခဲ့တဲ့ပြုတ်ကျသွားတဲ့ခမာနီအစိုးရကို ချန်လှပ်ပြီး အမေရိကန်က သူ့ရဲ့အကူအညီတွေကို အထက်ကဖေါ် ပြခဲ့တဲ့ ကွန်မြူနစ် မဟုတ်တဲ့ ခုခံရေးအင်အားစု (Non-communistCambodian Resistance-NCR) နှစ်ဖွဲ့ကိုသီးသန့် ကူညီခဲ့တဲ့ အစီအစဥ်ပါ။ ၁၉၈၆-၉၀ ခုနှစ်များ အတွင်းက ဒီပေးအပ်ခဲ့တဲ့ NLAကို ကမကထပြုတင်သွင်းခဲ့တဲ့ ကွန်ဂရက်လွှတ်တော်အမတ် ‘Stephen Solarz’ ကို အစွဲပြုပြီး ‘SolarzProgram’ လို့လည်းလူသိများကြပါတယ်။NLA နဲ့ပတ်သက်ပြီးရှိနေတဲ့ကွက်လပ်အတွက် ရေးသားဖြေကြားခဲ့ဖူးတာတွေ ရှိသလို ဆက်လက်ပြီးတော့လည်းမြင်ရကြားရဦးမယ်လို့ မျှော်လင့်ပါတယ်။ ဒီဆောင်းပါးကတော့ NLAခေါင်းစဥ်အောက်ကနေဘယ်လိုအကူအညီမျိုးတွေ ပေးလေ့ရှိကြသလဲဆိုတဲ့မေးခွန်းကို ပေါ်လွင်အောင် အဓိကဖြေဆိုကြည့်ဖို့ ရည်ရွယ်ပါတယ်။ ဒီအချက်အလက်တွေကို စီကာပတ်ကုံး ရေးသားတာမျိုးထက် သူတို့သုံးနှုန်းခဲ့တဲ့အတိုင်း သုံးစွဲဖေါ်ပြခြင်းကပိုသင့်တော် မယ်လို့ ယူဆမိတဲ့အတွက် စာရင်းဇယားပုံစံနဲ့ ထည့်သွင်းထားပါတယ်။NDAA ပါ NLA ဟာ အမေရိကန်နိုင်ငံဆီက လာမှာဖြစ်ပေမယ့် တခြားအနောက်အုပ်စုနဲ့မဟာမိတ်များကလည်း ပေးလေ့ရှိတာကြောင့် နောင်တချိန်မှာ ရရှိမလာနိုင်ဘူးလို့မပြောနိုင်တဲ့အတွက် ဒီဆောင်းပါးရဲ့ နောက်အပိုင်းမှာ တလက်စတည်း ဖော်ပြမှာဖြစ်ပါတယ်။ဥပဒေမှာ ပါဝင်တဲ့ စကားရပ်တခုဟာ လေးနက်ပြည့်ဝတဲ့ သီးသန့်အဓိပ္ပါယ်ရှိတာ မှန်ကန်ပေမယ့် မတူညီတဲ့နိုင်ငံ၊နိုင်ငံတူခဲ့ရင်တောင် ကွဲပြားတဲ့ အစိုးရအဖွဲ့တွေကြား အကူအညီပေးတဲ့အခါ သုံးစွဲဖေါ်ပြလေ့ရှိတဲ့“non-lethal aid၊ non-lethalmilitary assistance/support/supplies” စတာများကို NLAနဲ့ ယေဘုယျအားဖြင့် သဘောတူညီ တယ်လို့သတ်မှတ်စုစည်းထားပါတယ်။ ဒီလိုမှမဟုတ်ရင်ရှင်းလင်းရမယ့်အစား ပိုရှုပ်ထွေးသွားစေ နိုင်တဲ့အတွက် ဖြစ်ပါတယ်။NLA ရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုကြတာတွေအထဲမှာ သမ္မတ’ရော်နယ်ရေဂင်’ လက်ထက် ‘နီကာရာဂွါ’(Nicaragua)ကတော်လှန်ရေးအဖွဲ့အစည်းတွေကို NLA အနေနဲ့ထောက်ပံ့ဖို့ကွန်ဂရက်ကို ပေးပို့လွှာထဲမှာ အဓိပ္ပါယ် ဖွင့်ဆိုပေး ထားခြင်းက ရှင်းလင်းပြတ်သားမှုရှိတယ်လို့ မြင်မိပါတယ်။ အိမ်ဖြူတော်ရဲ့ ၁၉၈၈ခုနှစ်ဇန်နဝါရီလ (၂၇)ရက် နေ့ စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ(1) the term “lethal assistance “means weapons,weapon systems, and ammunition; and(2) theterm “non-lethal assistance “ means assistance other than lethal assistance.ဆိုပြီးပါရှိတဲ့အတွက် “လက်နက်ပစ္စည်း၊လက်နက်စနစ်၊ခဲယမ်းမီးကျောက်”မဟုတ်သရွေ့ “လူ့အသက်ကို မသေကျေစေနိုင်သည့် အကူအညီ”ဆိုတဲ့ ခေါင်းစဉ်အောက်မှာထည့်လို့ရတယ်လို့ ယေဘုယျ သတ်မှတ်နိုင်ပါတယ်။တကယ်တမ်းကတော့ အစဥ်အဆက်ပေးအပ်ခဲ့ဖူးတဲ့NLAရဲ့နောက်ကွယ်မှာနိုင်ငံရေးရည်ရွယ်ချက် တစိတ်တဒေသ ပါလေ့ရှိပါတယ်။စစ်အေးကာလမှာ ကွန်မြူနစ်ဝါဒ ကြီးထွားလာမှုကိုဟန့်တားနိုင်ဖို့ စိတ်ဆန္ဒရှိခဲ့သလို ဒေသ တွင်း မိမိလွှမ်းမိုးမှုအရှိန်အဝါမထိပါးစေဖို့၊ မိမိအကျိုးစီးပွား ထိပါးမှုကို တုံ့ပြန်ဖို့ကအစဒီမိုကရေစီစနစ် ပိုအားကောင်းလာစေနိုင်ရေးအတွက်လည်း ရည်ရွယ်ထားကြပါတယ်။ဒါ့ကြောင့် NLA ပါအကူအညီများဟာပေးရိုးပေးစဥ် လူသားချင်းစာနာထောက်ထားမှု အကူအညီများလို ရိုးရှင်းမနေဘဲ အခုလိုပြန်လည်စုဆောင်းရာမှာ တစုတစည်းတည်း ပွင့်လင်းမြင်သာတဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတခုတည်းကနေ လွယ်လင့်တကူ ထုတ်နုတ်ရှာဖွေနိုင်ဖို့ အခက်အခဲရှိပါတယ်။ ဒီအတွက်…

ကသာမြို့နယ်ထဲက တိုက်ပွဲတွေနဲ့ လေယာဥ်ဗုံးကြဲမှုကြောင့် ၇ ဦး သေဆုံး၊ မြန်မာစစ်တပ်နဲ့ ထိုင်းစစ်တပ် ဆက်ဆံရေး
https://ift.tt/XH9hWjL
<a href="https://blogger.googleusercontent.com/img/a/AVvXsEjxAHbqQZ6h5bu0v6mN2f0NitIhJ6cJ4o2H_HqErX7Mu8r8BvLtVdodQo-m_jebafZ9fUmzaEKO0mTN4uY4jhQ9IzMOxoeOi6yf9kWgOGjyKw4aKPeELbhlF5RvBlGTmnySA2499GU1JC8LJSZ9XJr3dGO1TDLZF-ayEjE3h12dt8l5m09src_5lfdo">Media</a>မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၉ မြင်ကွင်း(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၂၃
<b>ကသာမြို့နယ်ထဲက တိုက်ပွဲတွေနဲ့ လေယာဥ်ဗုံးကြဲမှုကြောင့် ၇ ဦး သေဆုံး၊ မြန်မာစစ်တပ်နဲ့ ထိုင်းစစ်တပ် ဆက်ဆံရေး</b>ကသာမြို့နယ်ထဲက မိုတားလေး ကျေးရွာမှာ စစ်ကောင်စီက ဗုံးကြဲမှုကြောင့် အရပ်သား ၇ ဦးသေဆုံးသွားတယ်လို့ VOA မြန်မာပိုင်း သတင်းဌာနမှာ ဖော်ပြထားပြီး အခြားသတင်းတပုဒ်မှာတော့ ၈ ဦး သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။ မိုတားလေး ကျေးရွာအနီး ၅ မိုင်ခန့်အကွာမှာ စစ်ကောင်စီတပ်တွေနဲ့ ABSDF နဲ့ PDF ပူးပေါင်းတပ်တွေ အကြား တိုက်ပွဲဖြစ်ပွားနေချိန်မှာ ကျေးရွာကို ဗုံးကြဲခဲ့တာလို့ဆိုပါတယ်။ အလှူပွဲက ပြန်လာတဲ့သူတွေ နေအိမ်တအိမ်မှာ ခိုနေကြစဥ် နေအိမ်ကို ထိမှန်ပြီး တနေရာတည်းတင် အနည်းဆုံး ၇ ဦး သေဆုံးသွားတဲ့ သဘောလည်း ဖြစ်ပါတယ်။ အခုလို အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေ ကျေးရွာသားတွေ တိမ်းရှောင်နေကြတဲ့ အစုအဝေးတွေကို စစ်ကောင်စီဘက်က ၄င်းတို့ကို ဆန့်ကျင်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေလို့ ယူဆကာ လူစုလူဝေးတွေကို ဗုံးကြဲတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမဲ့ မြေပြင်မှာ သာမန်အရပ်သားတွေ လေယာဥ်သံကြားရင် တိမ်းရှောင်ကြတာ၊ အလှူကအပြန် လူစုဝေးနေတာမျိုးကို စစ်ကောင်စီတပ်တွေဘက်က ပစ်မှတ်ထားပြီး အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ကျေးရွာတွေက ဒေသခံတွေ ပါဝင်နေတဲ့ PDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားရာမှာ ကျေးရွာသူ ကျေးရွာသားတွေကို PDF တွေလို့ ယူဆသတ်မှတ်ကာ ဖမ်းဆီးတာ၊ နှိပ်စက်သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာကို သတင်းတွေထဲမှာ တွေ့နေရပြီး အခုလို လေကြောင်းတိုက်ခိုက်မှုမှာလည်း တိုက်ပွဲနဲ့ မဆိုင်တဲ့ လက်နက်ကိုင် တပ်ဖွဲ့နဲ့ မသက်ဆိုင်တဲ့ အရပ်သားတွေ သေဆုံးရတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ စစ်ရေးအရ အသာစီးရရေး အောင်နိုင်ရေးအတွက်ဆို မသက်ဆိုင်တဲ့ အရပ်သားတွေ သေဆုံးရတာမျိုးကိုလည်း ထည့်သွင်းမစဥ်းစားဘဲ တိုက်ခိုက်တာ၊ ဖမ်းဆီးတာ၊ ညှဉ်းဆဲတာ သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာ ၂၀၂၁ ခုနှစ်လယ်နောက်ပိုင်းကတည်းက တွေ့နေရတာ ဖြစ်ပါတယ်။ ဒီလို အသာစီးရဖို့ လုပ်ဆောင်မှုတွေက စစ်ရေးအရ အချို့နေရာမှာ အသာစီးရတဲ့ ရလဒ်တွေ ဖြစ်ကောင်းဖြစ်ပေမယ့် စည်းရုံးရေးအရ ပြောင်းပြန်အကျိုးဆက်တွေ ထွက်ရှိလာတာ ဖြစ်ပါတယ်။ ဒေသခံတွေအနေနဲ့ အခုလို လက်နက်ကိုင် အဖွဲ့ဝင်လား သာမန်အရပ်သားလား ဆိုတာ မခွဲခြားဘဲ ဖမ်းဆီး သတ်ဖြတ်မှုတွေ နေအိမ်မီးရှို့မှုတွေကြောင့် ဆန့်ကျင်မှု ပိုမိုအရှိန်မြင့်လာစေမှာဖြစ်ပြီး စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေအနေနဲ့ လက်နက်ကိုင် အင်အားစုဆောင်းဖို့ ပိုမိုလွယ်ကူလာစေမှာ ဖြစ်ပါတယ်။ တဖက်မှာတော့ PDF တပ်ဖွဲ့တွေအနေနဲ့ စုဆောင်းမိတဲ့ လူတွေကို လက်နက်တပ်ဆင်နိုင်ဖို့ လိုအပ်ချက်တွေ၊ စစ်တိုက်နိုင်ဖို့ ဘဏ္ဍာငွေတွေ လိုအပ်ချက်တွေ၊ စစ်ရေးအတွေ့အကြုံ လေ့ကျင့်မှု လိုအပ်ချက်တွေတော့ ရှိတာအမှန်ပဲ ဖြစ်ပါတယ်။ ဒီနေ့အဖို့ နောက်သတင်းတပုဒ်ကတော့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ်တို့ ရခိုင်ပြည်နယ် ငပလီမြို့မှာ တွေ့ဆုံကာ စစ်တပ် ၂ ခုအကြား ပုံမှန်အစည်းအဝေးတခု လုပ်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ၈ ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးလို့ ဖော်ပြတဲ့ ထိုင်းနဲ့ မြန်မာစစ်တပ် ၂ ခုအကြားအစည်းအဝေးကို သံတွဲမြို့ ငပလီ ကမ်းခြေမှာ လုပ်ဆောင်တာဖြစ်ပြီး နယ်စပ်ဒေသတွေ ရဲ့ အရေးကိစ္စ နှစ်နိုင်ငံစစ်တပ် ၁ တပ်အကြား ဆက်ဆံရေးမူဘောင်တို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။ ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်အကြား ဆက်ဆံရေးရဲ့ အသေးစိတ် အခြေအနေတွေကို ထုတ်ပြန်ခြင်း မပြုကြပေမယ့် ထိုင်းမြန်မာ နယ်စပ်အကြားရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ စစ်ကောင်စီအကြား တိုက်ပွဲကိစ္စတွေမှာ ထိုင်းစစ်တပ်အနေနဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ရာမှာ မတော်တဆ နယ်စပ်စဥ်းမျဥ်းကျော်လွန် တဲ့ လုပ်ဆောင်မှုတွေကို ထိုင်းစစ်တပ်ဘက်က နားလည်ပေးတဲ့ သာဓကတွေ ရှိပါတယ်။ အခြားတဖက်မှာတော့ ထိုင်းနိုင်ငံအနေနဲ့ စစ်အာဏာသိမ်းပြီးနောက် ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်လာပြိး ခိုလှုံနေတဲ့ အတိုက်အခံ NUG နဲ့ အခြားအတိုက်အခံ နိုင်ငံရေးသမားတွေကို လက်ခံပေးထားတာကိုလည်း မြန်မာစစ်တပ်ဘက်က လိုလားမှာ မဟုတ်ပေမယ့် ထိုင်းနိုင်ငံ အနေနဲ့ အနောက်နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကိုလည်း အထိခိုက်မခံနိုင်တာမျိုးရှိနေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ မျက်နှာ အမျိုးမျိုးရှိတဲ့ ဆက်ဆံရေးသဘောမျိုး ဖြစ်ပြီး အခြေခံမူတွေထက် အကျိုးစီးပွားပေါ်မှာ အခြေခံတာလည်း ဖြစ်ပါတယ်။
<a href="http…

အောင်အောင် (တာမွေ) - ဆော်လမွန်ငါးတို့အပြန်
https://ift.tt/QKF5RBt
Media
ဆော်လမွန်ငါးတို့အပြန်အောင်အောင် (တာမွေ)(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၂၃
ခင်ဝမ်းရဲ့ဆော်လမွန်ငါးတွေ....ခုတော့ပြန်လာကြပြီ....
ညာသံတွေပေး....အတားအဆီးတွေဖြတ်ကျော်ရင်းပေါ့....
နှလုံးအိမ်၌ပွက်ပွက်ဆူတဲ့သွေး....ဘယ်ကောင်သေရဲလဲလို့ပြန်မေးမယ်....ရေဆန် လှန်တက်လာတဲ့ဆော်လမွန်တွေ...မွေးရပ်မြေကိုချစ်တာဆန်းသလား....
ပေဖြစ်တော့ခံ တူဖြစ်တော့နှံတဲ့....ငါတို့စိတ်ကိုငါတို့....ဓားတစ်လက်လိုသွေးခဲ့ကြ....
ပြုသူအသစ်ဖြစ်သူအဟောင်းတဲ့....သံသရာပါလည်းမတတ်နိုင်....ဆော်လမွန်ငါးတို့လာကြပြီ.... ၂၁.၁၀.၂၀၂၂-

နွေဦးအေ - ညတာ ဟာ ရှည်ပေမယ့် ရောင်နီဟာ ကျိန်းသေ ရောက်လာမှာ ရုံးမတက်နဲ့ ရုန်းထွက်
https://ift.tt/kVD035c
<a href="https://blogger.googleusercontent.com/img/a/AVvXsEhRIpC0Azow-Q4h0Ae6UczBBugQQ00QuUsEGAljx6Ff1Mg0iUy813_bebxXWHLem1t01qf3mYztf71_4wS4uSKnPLB-MTAbGzUcYXS2FmNWl8EbTiKsXjttZxdu7o2HUtIwO7a_kqiSWL1jDdQEzY4EfLeYvtGOKSt58JFZyDT0w3CgBcjWtHLbo7Td">Media</a>
နွေဦးအေ - ညတာ ဟာ ရှည်ပေမယ့် ရောင်နီဟာ ကျိန်းသေ ရောက်လာမှာ ရုံးမတက်နဲ့ ရုန်းထွက်(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၂၃
ကုန်စိမ်းနဲ့ အသီးအနှံတွေ ထည့်ပေးနေတဲ့ ဈေးသည် ခပ်ပိန်ခပ်ပိန်ကို လမ်းသွားလမ်းလာတွေက ကရုဏာသက်သလို ကြည့်သွားကြတယ်၊ သူက တချိန်က မူလတန်းကျောင်းအုပ်ဆရာတယောက်ပေါ့၊ စစ်ကောင်စီက အပြင်းအထန် လိုက်ဖမ်းခြင်းခံနေရတဲ့ ၅၀၅ CDM ကျောင်းအုပ်ဆရာတယောက်ပေါ့။ဈေးရောင်းတာက လူမြင်ကွင်းမျက်နှာပြရတော့ ရေရှည်မပြေလည်တော့ ဆက်လုပ်လို့ အဆင်မပြေဘူးလို့ ဆရာပိန်က ပြောပြပါတယ်။ကျန်းမာရေးချို့တဲ့ပြီး ပိန်တဲ့သူတယောက်မို့ ဆရာပိန်လို့လည်း ခေါ်ကြတယ်။ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းတော့ ကျောင်းအုပ်ဆရာ ဆရာပိန်တယောက် ပထမဦးဆုံး CDM လုပ်ခဲ့တာ။ဆရာပိန်တို့ခေတ်က စစ်အစိုးရလက်အောက် ချို့ငဲ့စွာ စာသင်ခဲ့ရတယ်။ ကာယချိန်တွေမှာ မြက်နုတ်ခဲ့ရတယ်။ ၂၀၂၁ မှာ မင်းအောင်လှိုင်တို့စစ်တပ်က မဲမသမာတယ်ဆိုပြီး အာဏာသိမ်းလိုက်တော့ ခေတ်နောက်ပြန်သွားတယ်ပေါ့. ဆရာပိန်တို့ ကျောင်းဆရာ၊ ဆရာမတွေ မဲရုံမှူး တာဝန်ထမ်းဆောင်လို့ ဆုလာဘ်မရှိဘူး။ ပညာရေးဝန်ထမ်းတွေက ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့တယ်၊"မဲခိုးတယ်ဆိုပြီးတော့ ကျနော်တို့ကိုပါ စွပ်စွဲလိုက်တာ၊ ရုံးမတက်ရင် ကြိမ်နဲ့တို့ရမှာပဲဆိုတာ ဆရာ၊ဆရာမတွေကို နွားနဲ့နှိုင်းတယ်။ ရှက်စရာကောင်းတယ်၊ ကျနော် ပထမဦးဆုံး CDM လုပ်ဖြစ်တယ်၊ နောင် ကလေးတွေကို ကျနော်တို့လို့ စစ်ကျွန်ပညာရေးစနစ်ထဲ မထည့်ချင်တော့လို့ဗျာ"လို့ ဆရာပိန်က ပြောပြတယ်။ဆရာပိန် မူလတန်းကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့တဲ့ လယ်ဝေးမြို့အနီးက တောကျောင်းလေးထဲမှာ ပေတိပေစုတ် အဝတ်အစားနွမ်းနွမ်းနဲ့ ကလေးလေး ၁၀၀ ကျော်လောက် ရှိခဲ့တာ။ဆရာပိန် အပါအဝင် ဆရာ၊ ဆရာမ ၃ ယောက်က ကျောင်းသားအင်အား ၁၀၀ ကျော်ကို နားချိန်မရှိသင်ကြားပေးခဲ့ရတာ။ဒီတောကျောင်းလေးမှာ ဆင်းရဲချို့တဲ့တဲ့ ကလေးလေးတွေအတွက် စာအုပ်၊ ခဲတံ လိုအပ်ချက်တွေကို ဆရာပိန်ရဲ့ လစာထဲက ဝယ်ပေးခဲ့ရတယ်၊ ဒီချို့တဲ့မှုတွေရှိတဲ့ စစ်တပ်ရဲ့ ပညာရေးစနစ်ဆီ ဆရာပိန်တို့ ထပ်မသွားချင်တော့ဘူး။ဒါကြောင့်လည်း ဆရာပိန်တို့ ဆရာ၊ ဆရာမတွေ CDM ပထမဆုံး စလုပ်ဖြစ်ခဲ့တာပေါ့ ။ဖေဖော်ဝါရီ ၄ ရက်နေ့ ဘုရားစောင်းတန်းတခုမှာ ဖဲကြိုးနီ ကမ်ပိန်းအတွက် စည်းဝေးပြီး အလံတွေ ဖဲကြိုးနီတွေ လက်ကမ်းစာစောင်တွေနဲ့ ဖဲကြိုးနီကမ်ပိန်းတွေမှာ ဆရာပိန်က ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့တယ်။စစ်တပ်က ဆန္ဒပြလူအုပ်ထဲ သေနတ်တွေနဲ့လည်း ပစ်တော့ ဆရာ၊ ဆရာမတွေလည်း လူချင်းတွေကွဲ ဒူးပြဲတဲ့သူကပြဲ ချောက်ထဲပြုတ်ကျလို့ တချို့က ကျည်ဆန်တွေ ထိကြတယ်။ တချို့က ဒဏ်ရာတွေ ရကြတယ်။ ညီမလေး မြသွဲ့သွဲ့ခိုင်ကတော့ ကျဆုံးသွားတာပေါ့ဗျာ၊ မြသွဲ့သွဲ့ ကျဆုံးတဲ့နေရာနဲ့ ကျနော်နဲ့က နီးနီးလေးဗျ.၊ မြသွဲ့သွဲ့ခိုင်ကို သတိရမိပြန်ပြီဗျာ" လို့ ဆရာပိန်က ဝမ်းနည်းစွာနဲ့ ပြောပြတယ်။ဖဲကြိုးနီကမ်ပိန်းကို ဦးဆောင်နေတာကြောင့် ဆရာပိန်ကို ၅၀၅ ပုဒ်မနဲ့ စစ်သား၊ ရဲအင်အား ၈၀ လောက်က ည ၈ နာရီလောက်မှာ လာဖမ်းတော့တာပဲ။ ဆရာပိန်တို့လမ်းထဲက CDM ကျောင်းဆရာကိုလည်း လာဖမ်းပြီး အလောင်းတောင် မိသားစုက ကြည့်ခွင့်မရ၊ မီးသင်္ဂြိုဟ်လိုက်တယ် သေပြီလို့သာ မိသားစုက ကြားခဲ့ရတယ်။ဆရာပိန်ကိုလည်း ညဘက်ကြီး လာဖမ်းတော့ အိမ်ရဲ့စည်းရိုးကိုကျော် ဘေးဘက်အိမ်ကနေ ခြေဦးတည့်ရာ တောထဲကို ဝင်ပြေးခဲ့ရတယ်။"တညလုံး ချုံပုတ်တွေ ဆူးပင်တွေကြားထဲ ပုန်းနေတာ။ ခြင်တွေကိုက် ဖြုတ်တွေကိုက်နဲ့ပေါ့၊ စစ်သားတွေကလည်း ဓတ်မီးတဝင်းဝင်းနဲ့ ရှာတာ။ ဒလန်အားကိုးနဲ့ ကျနော် အိမ်မှာရှိနေတာ သူတို့ သေချာသိတယ်။ အိမ်တအိမ်လုံး ပွစာတွေကြဲအောင် ဖျက်ဆီးသွားတယ်၊ ဓာတ်ပုံတွေပါ ယူသွားတာ"လို့ ဆရာပိန်က ပြောပြတယ်၊နေပြည်တော်က အခုချိန်ထိ စသုံးလုံး အားကောင်းတဲ့နယ်မြေ ဆိုတော့ ၅၀၅ CDM တွေအနေနဲ့ ရပ်ကွက်ထဲ မျက်နှာကို ပြလို့မရဘူး။ ဒါကြောင့် လုံခြုံတဲ့တနေရာ တောတွင်းတနေရာမှာ ခဏခိုပြီးမိတ်ဆွေ ကျောင်းဆရာတယောက် အကူအညီနဲ့ ကားလက်မှတ်ဖြတ် အမြန်လမ်း တိုးဂိတ်ကျော်တဲ့ နေရာကြား လမ်းတနေရာကနေ တားစီးတယ်။ ရုပ်ဖျက်ပြေးခဲ့ရတယ်။မြို့တမြို့မှာ ခဏ ပုန်းခိုနေရင်း သပိတ်တွေမှာ ဒိုင်းကာတာဝန်အဖြစ်နဲ့ ဝင်ကူနေရင်း မင်းအောင်လှိုင်ရဲ့ စစ်တပ်က သပိတ်ခံတပ်ကို မတ်လ ၂၇ နေ့မှာ မျက်ရည်ယိုဗုံးတွေ စစ်လက်နက်တွေနဲ့ စတင်ပစ်ခတ်ခဲ့တယ်။ဆရာပိန်တို့ သပိတ်ခံတပ်က တယောက်က ကျည်ထိပြီး ဗိုက်ပွင့်သွားတာ သွေးထွက်လွန် လဲကျနေတော့ သူ့ကို ဆွဲမ အူတွေ ထွက်မကျအောင် ဆွဲမ ပြေးခဲ့ရတာလို့ ဆရာပိန်က ပြောပြပါတယ်။"ကျနေ့ာ်လက်မှာလည်း သွေးတွေ ရွှဲနစ်နေတာ၊ ကမ္ဘာပျက်နေတဲ့အတိုင်းပဲ အော်သံတွေက။ အူပွင့်တဲ့သူကို ဆွဲမ ပြေးရတာ၊ ကိုင်ထားတဲ့ ဒိုင်းတွေ ဘယ်နားထားမိမှန်း မသိတော့ဘူး၊ မောကလည်းမော…

ကျော်မင်းထွန်း(NEW YORK) - အဆုံးအဖြတ်
https://ift.tt/qBwlPzZ
Mediaအဆုံးအဖြတ်ကျော်မင်းထွန်း(NEW YORK)(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၂၃
နှင်းတွေ.. နှင်းတွေ.. နှင်းတွေ…မှုန်မှုန်မွှားမွှားနှင်းတွေလိုကိုယ့်ကိုကိုယ်မှုန်မွှားပစ်ရကောင်းမလား ?
နှင်းခဲတွေပေါ်မောင်းရင်းပေါက်သွားတဲ့ ကားဘီးကိုတာယာဆိုင်အရင်ပို့ရကောင်းမလား ?
နှင်းခဲအရှည်တစ်ချောင်းကို သေနတ်လိုကိုင်ပြီးဘယ်သူ့ကို ပစ်ချရရင်ကောင်းမလဲ ?
တွေတွေဝေဝေအတွေးထဲမရေမရာတွေများလာတော့နှင်းဘေးမှာပဲ ကွေးအိပ်ကြတာပေါ့။
ဇန်နဝါရီ ၂၀၊ ၂၀၂၃-Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar

ကိုအောင်မှိုင်း - တော်လှန်ပြောက်ကျား တိုက်ပွဲပျော်များ
https://ift.tt/vxJ3hzs
<a href="https://blogger.googleusercontent.com/img/a/AVvXsEhVdyPVLgXR5HKAHthcXzl9IGfQ0wRjYoPweWuIauGA2M6_o6laQ43PhguFwDlCXlZMQYRR78ffSLOExP9140VwAteGq9z74YLzlXchVpFHRwH6YCpE1o43CT9PayGi-1B9qhfru1tA1Udv4BtOiMHThlS5DEX8BuHttstdBnzV7yCNK46u42_-Z8v3">Media</a>
ကိုအောင်မှိုင်း - တော်လှန်ပြောက်ကျား တိုက်ပွဲပျော်များ(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၂၂
<b>နွေဦး</b><b>တော်လှန်ပြောက်ကျား</b><b>တိုက်ပွဲပျော်များ</b><b>ပြည်တောင်တလွှား ပြည့်အင်အား။</b>၂၀၂၃ ခုနှစ်ဟာ နွေဦးတော်လှန်ရေးအတွက် အရေးကြီးတဲ့နှစ်လို့ ပြောရမှာပါ။ အမျိုးသားညီညွတ် ရေးအစိုးရ NUG အနေနဲ့လည်း တနှစ်အတွင်း စစ်အနိုင်တိုက်ရေးပေါ်လစီကို အတိအလင်း ကြေညာလိုက်တာ တွေ့ရပါတယ်။မဟာဗျူဟာကဏ္ဍ ( ၆ ) ရပ်နဲ့ လုပ်ငန်းအစီအစဥ် ၁၅ ခုကို ဆောင်ရွက်မယ်လို့ အခိုင်အမာဆုံးဖြတ်ထားတာလည်းတွေ့ရပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုအရ ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ NUG အစိုးရကို ဝေဖန်မှုတွေ ပြုလုပ်ကြဖို့ လူထုတရပ်လုံးကို ယာယီသမ္မတ ဒူဝါလရှီးလက တောင်းဆိုထားတာလည်းတွေ့ရလို့ အပြုသဘောဆောင်တယ်လို့ ခံစားမိပါတယ်။ဘာပဲဖြစ်ဖြစ် ၂၀၂၃ ခုနှစ်ကို အဆုံးအဖြတ်နှစ်အဖြစ် ကျနော်တို့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြ တဲ့ လူမျိုးပေါင်းစုံ တိုင်းရင်းသားပြည်သူများအနေနဲ့ အားသွန်ခွန်စိုက် လုံးပန်းတိုက်ပွဲဝင်သွားကြရ မှာကတော့ သေချာပါတယ်။ ဘက်တဘက်က ပြောရရင် အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးကအစ သံတမန်ရေးအဆုံး ခံစစ်ဘဝကို ရောက်သွားပြီဖြစ်တာကလည်း ငြင်းလို့မရတဲ့ အနေအထားဖြစ်ပါတယ်။ NUG အစိုးရအနေနဲ့ နိုင်ငံတကာထောက်ခံမှုက ၂၀၂၂ ခုနှစ်ထက် သိသာစွာ တိုးတက်ကောင်းမွန်လာတာကိုလည်း အခိုင်အမာ တွေ့ရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ သဘောထား၊ အမေရိကန်နိုင်ငံရဲ့ NDAA ဆုံးဖြတ်ချက် စတာတွေကတော့ သိသာထင်ရှားတဲ့ သံခင်းတမန်ခင်းဆိုင်ရာ တိုးတက်မှုတွေဖြစ်လာသလို တရုတ်အစိုးရရဲ့ အမြင်သဘောထားပြောင်းလဲလာမှုတွေကလည်း တိုးတက်ဖြစ်ထွန်းလာတယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေအနေနဲ့ လက်နက်အားကိုး အာဏာသိမ်းပြီး ကိုယ်ကျိုးစီးပွါးအတွက် လူတွေထောင်ချီသတ်မယ်၊ လူတွေ သောင်းချီသတ်မယ်၊ လူတွေ သိန်းချီသတ်မယ် ဆိုတာမျိူးကို ဘယ်ယဥ်ကျေးတဲ့ လူ့အဖွဲ့အစည်း၊ နိုင်ငံတွေကမှ လက်ခံမှာမဟုတ်ဘူးဆိုတာ ၇၄ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့မှာ နိုင်ငံတကာ တိုင်းပြည်တွေအနေနဲ့ ပြောင်ပြောင်တင်းတင်း သက်သေပြလိုက်ကြပြီ ဖြစ်ပါတယ်။ဆိုလိုတာက မြန်မာနိုင်ငံနဲ့ ဆက်ဆံနေတဲ့ တိုင်းပြည်ပေါင်း ၁၀၀ နီးပါးရှိရာက ၃ နိုင်ငံသာ လွတ်လပ်ရေးနေ့ သဝဏ်လွှာပို့ခဲ့တယ်လို့ သိရပါတယ်။အခြားဘက်တဘက်အနေနဲ့ ဗမာတိုင်းရင်းသားတွေအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ဖို့ အပြန်အလှန် ယုံကြည်မှုတွေတည်ဆောက်ရာမှာ ခိုင်မာတဲ့ ကတိကဝတ်တွေ ရှိရမှာဖြစ်ပါတယ်။ ပင်လုံစိတ်ဓာတ် ဆိုတာထက် ပင်လုံကတိကဝတ်ဆိုတာက ပိုပြီးလက်ဆုပ်လက်ကိုင်ရှိမှာဖြစ်ပါတယ်။ တိုင်းရင်းသားတွေအနေနဲ့လည်း ပင်လုံကတိကဝတ်ဆိုတာကို ပိုလက်ခံလိမ့်မယ်လို့ ကျနော်ယူဆမိပါတယ်။ ဆိုလိုချင်တာက ကနေ့ ဗမာတိုင်းရင်းသားများ အပါအဝင် လူမျိုးပေါင်းစုံတိုင်းရင်းသား ပြည်သူလူထုတရပ်လုံး မျှော်လင့်တောင့်တနေတဲ့ ကြားကာလ ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဥ်းတခု ပေါ်ပေါက်ရေးမှာတော့ အလှမ်းဝေးနေဆဲပဲ ဖြစ်ပါတယ်။ ချာတာ ၁ နဲ့ ၂ ဆိုတာလောက်နဲ့ အနာဂတ်မြန်မာနိုင်ငံကို တည်ထောင်ကြဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ CRPH ဖြစ်စေ NUCC ဖြစ်စေ NUG ဖြစ်စေ တာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ရမှာကတော့ သမိုင်းတာဝန်လို့ပဲ ပြောရတော့မယ် ထင်ပါတယ်။စစ်အနိုင်တိုက်ဖို့ဆိုတာ ခိုင်လုံတဲ့ အချက်အလက်တွေ လိုအပ်ပါတယ်။ အနည်းဆုံး မိမိအခြေအနေ ရန်သူ့အခြေအနေ၊ မဟာမိတ်အခြေအနေ နိုင်ငံတကာအခြေအနေနဲ့ လက်ရှိလူထုအခြေအနေကို အခိုင်အမာသုံးသပ်ဖို့ လိုမှာဖြစ်ပါတယ်။ ဒီနေရာမှာ၊ ဒီအခြေအနေတွေအပေါ် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးကအစ လိုအပ်ချက်တွေကို ဘက်စုံသုံးသပ်ကြရတာလဲ ဖြစ်ပါတယ်။ ကျနော့်တဦးတည်း အမြင်အရ စစ်နိုင်ဖို့အချက်အလက်တွေက အင်နဲ့အားနဲ့ တိုးပွားလာတာ နေ့စဥ်နဲ့အမျှ ဖြစ်ထွန်းမှုတွေအဖြစ် မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ အဓိကအကျဆုံးဖြစ်တဲ့ လူထုအခြေအနေဟာ အထွတ်အထိပ်ကို ရောက်နေပြီလို့ သုံးသပ်လို့ရမှာ ဖြစ်ပါတယ်။ တိုက်ပွဲပုံသဏ္ဌာန်ကို ရန်သူက ပြဋ္ဌာန်းပေးလေ့ရှိပါတယ်။ ကနေ့ ဖက်ဆစ်စစ်တပ်က မြန်မာနိုင်ငံ ပြည်သူလူထုတရပ်လုံးကို ပြဋ္ဌာန်းပေးလိုက်တဲ့ တိုက်ပွဲပုံသဏ္ဌာန်ကတော့ အသတ်ခံမလား၊ ခုခံတိုက်ခိုက်မလားဆိုတဲ့ မေးခွန်းဆိုင်ရာ ပြဋ္ဌာန်းချက်ပဲ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေဟာ ဘယ်လိုမှ ကျေအေးလို့ မရတော့သလို ဘယ်ရွေးကောက်ပွဲကမှ ပြေငြိမ်းအောင် မဖန်တီးနိုင်ဘူးဆိုတာ လူထုက အခိုင်အမာ ဆုံးဖြတ်ပြီး ဖြစ်နေပြီဆိုတာပါပဲ။ကနေ့…

၂၀၂၃ ရွေးကောက်ပွဲ ဝင်ခြင်း မဝင်ခြင်းနဲ့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ
https://ift.tt/0mkIbwx
<a href="https://blogger.googleusercontent.com/img/a/AVvXsEhDacvwHiNcrtySeTJyfP2UW8fDsqWqS1wI3L6UetUeV9TigZ1yp5zDSObeIEJrawKi_9Iav9ytnsU4parizOHhiZBHEAZLSsigGZmGc3k1IKrDH_BWhnn7NUyjxaGDiGyKPJJbh_8h9_WZeEmt-iZiXmRxZwg3vX7S9Fi9--qH5-KMSHve7ZFPTF31">Media</a>
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၀ မြင်ကွင်း(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၂၃
<b>၂၀၂၃ ရွေးကောက်ပွဲ ဝင်ခြင်း၊ မဝင်ခြင်းနဲ့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ</b>စစ်ကောင်စီက ကျင်းပမယ်လို့ ပြောဆိုထားတဲ့ လနဲ့ ရက်တွေ အတိအကျ မကြေညာသေးသော်လည်း ၂၀၂၃ ခုနှစ်မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို ဝင်ခြင်း မဝင်ခြင်း နဲ့ပတ်သက်လို့ သဘောထား ကွဲပြားမှုတွေ စတင်ပေါ်ထွက်လာနေတာ သတိပြုမိပါတယ်။ ပြည်မက ပါတီတွေမှာတော့ သိသာထင်ရှားခြင်း မရှိသေးပေမယ့် တိုင်းရင်းသား ဒေသတချို့က နိုင်ငံရေးပါတီတွေအကြားမှာ ပေါ်ထွက်လာနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အခြေစိုက်ထားကြတဲ့ တိုင်းရင်းသားပါတီတွေအကြားမှာ ပထမဆုံး ထင်ထင်ရှားရှား တွေ့ရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ရခိုင်လူမျိုးတိုင်းရင်းသား ပါတီတွေ ဖြစ်တဲ့ ANP ရခိုင်အမျိုးသားပါတီ၊ ALD ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ AFP ရခိုင်ဦးဆောင်ပါတီတို့ရှိကြပြီး မြိုတိုင်းရင်းသားပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကမန် အမျိုးသားတိုးတက်ရေးပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ စတဲ့ လူနည်းစုပါတီတွေလည်း ရှိကြတာဖြစ်ပါတယ်။ ANP နဲ့ AFP ပါတီကတော့ ဝင်ပြိုင်မယ့် သဘောမျိုး ပြောဆိုတာ တွေ့နေရပြီး ALD ပါတီကတော့ လုံးဝ မပြိုင်ဘူးဆိုတဲ့ သဘောထားကို သတင်းမီဒီယာတခုနဲ့ အင်တာဗျူးမှာ ဖြေဆိုထားတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ်မှာ ပါတီကြီးလို့ဆိုရင် ANP လို့ခေါ်ဆိုတဲ့ ရခိုင်အမျိုးသားပါတီ ရှိပြီးကျန်တဲ့ ပါတီတွေကတော့ ANP နဲ့ စာရင် ထောက်ခံမှု အင်အားနည်းပါးကြတာ၊ သူ့လူမျိုးစုနယ်မြေအလိုက် ထောက်ခံမှု ရှိကြတာမျိုးဖြစ်တာ တွေ့ရပါတယ်။ ရွေးကောက်ပွဲ ဝင်ပြိုင်ခြင်း၊ မပြိုင်ခြင်းအပေါ်မူတည်ပြီး သဘောထားအမြင်မတူတာ ဖြစ်လာနိုင်တာ သဘာဝဖြစ်ပေမယ့် အဲဒီလို သဘောထားအမြင်မတူညီမှုပေါ် အခြေခံပြီး တပါတီနဲ့ တပါတီအကြား တိုက်ခိုက်ပြောဆိုတာ ပဋိပက္ခဖြစ်တာမျိုးတော့ မဖြစ်ပွားစေသင့်တာ အမှန်ပဲဖြစ်ပါတယ်။NLD ပါတီနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတယ်လို့ ယူဆကြတဲ့ ALD ပါတီက ရွေးကောက်ပွဲကို လုံးဝင် ပါဝင် ယှဥ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆိုကာ လူမျိုးစုငယ်ပါတီအချို့ ဖြစ်တဲ့ မြို၊ ခမီ၊ ဒိုင်းနက်နဲ့ ကမန် လူမျိုးစုပါတီတွေကတော့ ပါတီကြီးတွေ ဝင်ရောက်ယှဥ်ပြိုင်မယ့် အနေအထားကို စောင့်ကြည့်နေကြပြီး ပါတီကြီးတွေ ပါဝင်ယှဥ်ပြိုင်ရင် ၄င်းတို့လည်း ဝင်ရောက်ယှဥ်ပြိုင်မယ်ဆိုတဲ့ သဘောထားမျိုး ဖော်ပြထားကြတာ တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲလုပ်ဆောင်တာဟာ ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းကာ ၁၉၉၀ မှာ လုပ်ဆောင်တဲ့ ရွေးကောက်ပွဲနဲ့ အခြေအနေချင်း နှိုင်းယှဥ်လို့ မရတဲ့ သဘောမျိုးလည်းတွေ့ရတာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီး နောက် ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုခဲ့စဥ်က အဲဒီအချိန်က အသစ်ဖွဲ့စည်း တည်ထောင်လိုက်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကို အင်တိုက်အားတိုက် ဝင်ပြိုင်ခဲ့ပြီး အာဏာလွှဲပြောင်းရယူဖို့ မျှော်လင့်ခဲ့ဖူးတာ ဖြစ်ပါတယ်။ သို့ပေမယ့် အဲဒီအချိန်က NLD ရွေးကောက်ပွဲအောင်နိုင်ပြီးမှ အခြေခံဥပဒေ မရှိသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာမလွှဲပြောင်းပေးခဲ့ဘဲ ၁၉၉၀ ရွေးကောက်ပွဲ အခြေခံဥပဒေ ပြုရွေးကောက်ပွဲအတွက် ရလဒ်အဖြစ် သတ်မှတ်ခဲ့ပြီး စစ်အုပ်ချုပ်ရေးနဲ့ စစ်အာဏာရှင်စနစ်က ရှည်ကြာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၀ မှာ စစ်အာဏာရှင်စနစ်ကနေ စစ်ဗိုလ်ချုပ်တွေက အရပ်ဝတ် နဲ့ ပါတီထောင်ကြပြီး အရပ်သားအစိုးရ၊ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အသွင်ပြောင်းအစိုးရ အဖြစ် ခင်းကျင်းတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ကျင်းပမယ် ဆိုတဲ့ ရွေးကောက်ပွဲက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အခြေအနေနဲ့နှိုင်းယှဥ်ကြည့်ရင်လည်း မတူညီတဲ့ အခြေအနေတွေ နောက်ခံတွေ အကြောင်းရင်းတွေ ရှိနေတာ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲက ဦးသန်းရွှေ ဦးဆောင်တဲ့ နအဖက ထိန်းချုပ်ထားနိုင်တဲ့ အနေအထားအောက်မှာ ကျင်းပတာ၊ တင်းကြပ်တဲ့ အခြေအနေကနေ ဖြေလျော့မှု လုပ်ပြီး စစ်တပ်အငြိမ်းစား ဗိုလ်ချုပ်တွေပါဝင်တဲ့ ကြံ့ခိုင်ရေး အစိုးရကို တရားဝင်မှုဖြစ်အောင် လုပ်ဆောင်တာ ဖြစ်ပြီး အခု ၂၀၂၃ ခုနှစ် မှာ ကျင်းပမယ့် ရွေးကောက်ပွဲက တိုင်းပြည်က ဘယ်တုန်းကနဲ့မှ မတူအောင် ဥပဒေ စိုးမိုးမှု မရှိဘဲ၊ စစ်ကောင်စီ အာဏာ အုပ်ချုပ်မှု မသက်ရောက်နိုင်တဲ့ ကျေးရွာတွေ၊ နယ်မြေ ဒေသတွေ အများအပြားရှိနေချိန် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း များစွာ ပေါ်ထွက်လာနေတဲ့အချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ တခုဖြစ်မယ့် သဘောပါ။ အခုလို ၂၀၂၃ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဝင်ခြင်း မဝင်ခြင်း သဘောထားကွဲပြားခြင်းတွေက အခြားသော ပြည်နယ်တွေမှာ ရှိကြတဲ့ တိုင်းရင်းသားပါတ…

အောင်ဝေး - ၁၅ / ၁၆
https://ift.tt/yie0F87
<b>Media</b><b>၁၅ / ၁၆</b><b>အောင်ဝေး</b><b>(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၂၃</b>
ခေတ်က တင်မိုးနားနီးတင်မိုး၊ ကြင်စိုးနားနီးကြိုးစင်။ ကျနော်က"အောင်စည်ဆော်လော့ပြည်တော်ဝင်ခန်းရောက်ချေပြီ" ဆိုပြီး "နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း" ဆိုတဲ့ကဗျာရှည်ကြီးထဲ ဆရာဦးတင်မိုးရေးခဲ့တာကို မကြာမကြာအခါခါသတိရနေတတ်သည်။ ဪ... ဆရာကွယ်လွန်ခဲ့တာပင် ၁၆ နှစ်ရှိပါရောလား။ (၂၀၀၇ ဇန်နဝါရီ ၂၂၊ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မြို့တွင် ဆရာကွယ်လွန်သည်)
ယခုကျနော် ပြည်ပြေး ၁၅ နှစ်။ ဆရာဦးတင်မိုးနောက်ဆုံးခေါင်းချခဲ့ရာ လော့စ်အိန်ဂျယ်လိစ်မြို့ကအိမ်ကလေးကို ကျနော်နှစ်ခေါက်ရောက်ခဲ့သည်။ တခေါက်မှာ ဆရာမောင်စွမ်းရည်က ဆရာဦးတင်မိုးလဲကျသေဆုံးသွားသည့် မက္ကစီကန်လက်ဖက်ရည်ဆိုင်ကလေးသို့ ကျနော့်ကိုလိုက်ပို့ခဲ့သည်။ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ ကိုလေး(အင်းဝဂုဏ်ရည်)။ ကျနော်တို့ရှေ့က မန္တလေးကကြယ် တာရာကြီးတွေဖြစ်သည်။ ဆရာဦးတင်မိုးနှင့် ဆရာဦးကြည်အောင်တို့ကွယ်လွန်ခဲ့ပြီ။ ဆရာမောင်စွမ်းရည် နယူးယောက်မြို့မှာနေသည်။ ဆရာဦးကိုလေး (အင်းဝဂုဏ်ရည်) တံတားဦးမှာ နာမကျန်းသည် အိုနှင်းဆီ။
ယခုအချိန်မှာ ကျနော်တို့ကို(အထူးသဖြင့် အောင်ဝေးကို) ငေါက်နိုင်ဟန့်နိုင်ဆုံးမနိုင်သည့်လူကြီးတွေနည်းသွားပြီ။ ဆရာမောင်စွမ်းရည်၊ ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာမောင်သွေးသစ်၊ ဆရာမစမ်းစမ်းနွဲ့(သာယာဝတီ)တို့သာကျန်တော့သည်။ ကျနော်လွမ်းပါသည်။ တခါတခါ ပြည်ပြေးဘဝဖြစ်တည်နေမှုကြီးကို ကျနော်မှောက်လှန်ပစ်ချင်သည်။ အဆိုးဆုံးက နွေဦးတော်လှန်ရေးမှာ အဝေးရောက်ဖြစ်နေတဲ့အတွက်၊ ကျည်ကွယ်မျက်ကွယ်မှာ လိပ်ပြာမလုံဖြစ်နေရခြင်းပင်။ ပြည်ပြေးဘဝမှာ ဆရာဦးတင်မိုးသည် ဘယ်အချိန်ဖြစ်ဖြစ်ကဗျာရေးသည်။ ဘယ်နေရာရောက်ရောက်ကဗျာရေးသည်။ တနေ့ကို ကဗျာ ၃- ၄ ပုဒ် အမြဲရေးသည်ဟု သမီးတွေကမှတ်တမ်းပြုသည်။ ကျနော် နွေဦးတော်လှန်ရေးမှာ တနေ့ကိုကဗျာတစ်ပုဒ်ရေးမည်ဟုအဓိဋ္ဌာန်ပြုခဲ့သည်။ ပြုသည့်အတိုင်း ရေးလည်းရေးခဲ့သည်။ ၂၀၂၁ စက်တင်ဘာ ၇၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီးဒူဝါလရှီးလ D-Day ကြေညာပြီးတဲ့နောက် ကျနော့်သန္နိဋ္ဌာန်ကပိုမြဲမြံခိုင်မာသွားသည်။ (ယနေ့အထိ နွေဦးတော် လှန်ရေးကဗျာ ၅၄၂ ပုဒ် ကျနော်ရေးခဲ့ပြီးပြီ။ တစ်အုပ် အပုဒ် ၁၀၀ နှင့် ၃ အုပ်၊ ဆန်ဖရန်စစ္စကိုအခြေစိုက် မိုးမခမီဒီယာက စာအုပ်ထွက်ခဲ့ပြီးပြီ) ကျနော်လုပ်နိုင်တာဒါပဲရှိသည်။ နွေဦးတော်လှန်ရေးမှာ ကျနော်စိုက်ထည့်နိုင်တာကဗျာပဲရှိသည်။ ဒါသာဖြစ်သည်မဟုတ်လား။ ဆရာဦးတင်မိုး သေတဲ့အထိကဗျာတွေရေးသွားသည်။ အိမ်လွမ်းစိတ္တဇကြီးနှင့် တိုင်းပြည်အတွက်ကဗျာတွေထားသွားသည်။ ဆရာဦးတင်မိုးကိုကျနော်အားကျသည်။ ကျနော်ကြိုးစားပြီးရေးခဲ့သည်။ ရေးနေသည်။ ရေးဦးမည်။ ဆရာဦးတင်မိုးအရိပ်သြဇာ ကျနော့်အပေါ်မှာရှိသည်။ တစ်လောသားမှာတုန်းက "လက်ယက်ကုန်းဂွာယာနီကာ"ဆိုတဲ့ကဗျာကိုရေးသည့်အခါ၊ ကျနော် ဆရာဦးတင်မိုး၏ကဗျာတစ်ပုဒ်ကိုအမှတ်ရသည်။ ကျနော့်ကဗျာထဲမှာ ကောက်နုတ်ထည့်ရေးခဲ့သည်။
"သွားသစ်လဲစ၊ ကျောင်းနေစဟုလောကနံရံ၊ ငါ၏မှန်တွင်ကျောက်တံငယ်နှင့်ရေးခြယ်လိုက်ရာ၊ ခြစ်လိုက်ရာပီကိုဆို၏ဂွာယာနီကာပန်းချီကား"
ဆရာဦးတင်မိုး၏ "ပျက်ပြယ်သွားသောအိပ်မက်ငယ်"ကဗျာရှည်ထဲကဖြစ်ပါသည်။ ဆရာဦးတင်မိုး၏ဘဝသည် လွမ်းစရာအလွန်ကောင်းသည်။ လွမ်းစရာအလွန်ကောင်းသောဆရာ ပြည်ပမှာကွယ်လွန်သွားသောအခါ၊ ပြည်တွင်းကကျနော်တို့ ကြေကွဲလွမ်းဆွတ်ငိုကြွေးခဲ့ကြသည်။ ဆရာသည် ရှစ်လေးလုံးအရေးတော်ပုံလူထုစာဆိုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ၏လက်ရုန်းကဗျာဆရာဖြစ်သည်။ (၈၈ မတိုင်မီက၊ ဆရာသည် ဒေါ်အောင်ဆန်းစုကြည်ကို လမ်းဘေးထမင်းဆိုင်ခေါ်သွားပြီးကျွေးတဲ့အထိ၊ စုနဲ့နီးသည်) ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ဆရာတို့လူကြီးပိုင်းအချို့နှင့် ကျနော်တို့လူလတ်ပိုင်းအချို့၏ဘဝတစ်ဆစ်ချိုးဖြစ်သည်။ အရေးတော်ပုံကာလကြီးထဲမှာ ဆရာဦးတင်မိုးကအခုလိုကဗျာရေးခဲ့လိုက်သည်။
"ငယ်ငယ်တုန်းက လီနင်နဲ့တွေ့တယ်ကြီးလာတော့ လင်ကွန်းနဲ့တွေ့ချင်တယ်"
ဒါက စစ်အစိုးရအောက်ခေတ်အဆက်ဆက် လက်ဝဲအတွေးအခေါ်နှင့်စာပေတွေ လေ့လာရေးသားခဲ့သူအများစု၏ ခေတ်ရေကြောင်းမှာ လှေ လောင်းအပြောင်းအလဲဖြစ်သည်။ (ကျနော်နှင့်အမြင်မတူသူများလည်းရှိနိုင်ပါသည်) ဆရာဦးတင်မိုး၏လှေက လော့စ်အိန်ဂျယ်လိစ်ဆိပ်ကမ်းမှာထိုးရပ်သွားခဲ့ပြီ။ လှေတစ်စင်းနဲ့သီချင်းသည်တစ်ယောက် အမိတိုင်းပြည်ရဲ့ကောင်းကင်အောက်ကိုပြန်မရောက်နိုင်တော့။ ဒီလိုနဲ့ ရေပန်းမြစ်ဆိပ်၊ ပွင့်မျောရိပ်မှာ တိတ်တိတ်ကလေးအိပ်ပျော်သွားသောဆရာ့ကို ကျနော်တို့အမှတ်တရဂုဏ်ပြုပွဲလေးလုပ်ကြသည်။ ဆရာနေထိုင်သွားရာ အင်းစိန်က ဂျပန်အိမ်ကလေးမှာ၊ ဆရာကွယ်လွန်ပြီးနောက် ရက်လည်တဲ့နေ့မှာလုပ်ခြင်းဖြစ်သည်။ ထိုနေ့က ဆရာ့အိမ်နှင့်အနီးဝန်းကျင်တွင် စစ်ထောက် လှမ်းရေးတွေခြေချင်းလိမ်နေသည်။ ကျနော်တို့ကလည်းမြွေမြွေချင်းခြေမြင်သည်။ ထိုရက်လည်ဂုဏ်ပြုပွဲသို့ ရန်ကုန်မြို့နေရာအနှံ့က "တင်မိုး၏ ပရိသတ်များ" စုဝေးရောက်ရှိလာကြသည်။ စစ်ထောက်လှမ်းရေးတွေကကျနော်တို့ကိုဓာတ်ပုံလှမ်းရိုက်သည်။ ကျနော်တို့ကသူတို့ကိုဓာတ်ပုံပြန်ရိုက်သည်။ ထိုနေ့ကတော့သူရိုက်ကိုယ်ရိုက်ပဲ။…

လှကျော်ဇော - တရုတ်ပြည်က ကိုဗစ်လှိုင်း
https://ift.tt/Chd5OQ2
<b>Media</b><b>လှကျော်ဇော - တရုတ်ပြည်က ကိုဗစ်လှိုင်း</b><b>(မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၂၃</b>
၁၉၆၀ ခုနှစ်လောက်က ဗမာပြည်မှာခေတ်စားတဲ့ ကြော်ငြာတရပ်ရှိပါတယ်။ "ခေတ်မီသူတိုင်း ပင်လယ်ငါးစားကြသည် ...'' (ဘာဘာညာညာ) ပေါ့။ အခုလဲ တရုတ်ပြည်မှာ ခေတ်မီသူတိုင်း ကိုဗစ်ဖြစ်သည်လို့ ဆိုရမှာပါ။ တမြို့လုံး၊ တရွာလုံး၊ တရပ်ကွက်လုံး နေရာအနှံ့မှာ အပျော့အပြင်း အမျိုးမျိုးနဲ့ တတိုင်းပြည်လုံးမှာဖြစ်နေပါတယ်။ တချို့ကလည်ချောင်းလေး နည်းနည်းနာ၊ နှာ နည်းနည်းစေး၊ ချောင်းဆိုး ရုံလေးကနေ အပူတက်၊ တကိုယ်လုံးကိုက်ခဲ၊ ချောင်းအဆက်မပြတ်ဆိုး၊ အဆုပ်ရောင်၊ ၄ - ၅ ရက်မှာ တဖြည်းဖြည်းသက်သာလာဆိုတာမျိုးကနေ အသက်ရှူလမ်းကြောင်းစွမ်းအင်ကျ၊ တခြားအင်္ဂါများကိုပါထိခိုက် အသက်ဆုံးရှုံးမှုအထိ အဆင့်အမျိုးမျိုးပါ။
တရုတ်အစိုးရအနေနဲ့ ၂၀၁၉၊ဒီဇင်ဘာလ ကစလို့(၃)နှစ်ကျော် ကိုဗစ်လုံးဝ အဆက်ဖြတ်ရေးမူကျင့်သုံးလာတာပါ။ ရောဂါတွေ့လို့ကတော့ တမြို့လုံးပိတ်၊ လူအားလုံး အာခေါင်တို့ပတ်စစ်၊ ရောဂါတွေ့သူအားလုံး ရောဂါအဆင့်လိုက် ခွဲခြားပို့တဲ့ ဆေးရုံတွေအရပ်တွေသွားခွဲနေရ၊ တရုတ်လူမျိုးတွေ သူတို့အစိုးရစကားကို အတော်နားထောင်ကြရှာပါတယ်။ အစိုးရဖက်ကလည်း လိုလေးသေးမရှိ လုပ်ပေးတာပါ။ ဆေးဝါးအခမဲ့ကုသပေး၊ အခမဲ့ကျွေးမွေး၊ အခမဲ့ဆေးစစ်၊ ပြည်သူတွေတင်ပြတဲ့ အခက်အခဲတွေကိုလည်း ချက်ခြင်းဖြေရှင်းပေးနဲ့ အတော်မြိုင်မြိုင်ဆိုင်ဆိုင် လုပ်နိုင်ခဲ့တာပါပဲ။ သေဆုံးနှုန်း၊ ဖြစ်ပွားမှုနှုန်းတွေကိုလည်း အနိမ့်ဆုံးဖြစ်အောင် အတော့်ကိုထိန်းထားနိုင်ခဲ့ပါတယ်။
ဒါ့ပေမဲ့ အစိုးရအနေနဲ့ ၂၀၂၂ အလယ်မှာ ရောဂါဖြစ်နှုန်းတွေ၊ သေဆုံးနှုန်းတွေကျလာတော့ တဖြည်းဖြည်းစမ်းစမ်းပြီး ဖွင့်ပေးလာနေပါတယ်။ (စီးပွားရေးအရလည်း ထိလာပြီကိုး) ၈ လပိုင်း လမုန့်စားပွဲတို့၊ ၁၀ လပိုင်း နိုင်ငံတော်နေ့ အားလပ်ရက် စတာတွေမှာ ပြည်တွင်းခရီးသွားလာရေးတွေ စဖွင့်ပေးပါတယ်။ အဲဒီပွဲတော်ရက်တွေအပြီးမှာ ကိုဗစ်လှိုင်းတွေပြန်ထလာတော့၊ လူတွေက (အထူးသဖြင့် သက်ကြီးပိုင်းတွေ) ပဲ အစိုးရကို စီးပွားရေးပဲကြည့်တယ်။ ပြည်သူတွေအသက်ကိုဂရုမစိုက်ဘူးလို့ ဝေဖန်လာကြပြန်ပါတယ်။ နိုဝင်ဘာလကုန်ရက်များမှာတော့ အစိုးရက ရပ်ကွက်အသီးသီးမှာ ကိုဗစ်ကာကွယ်ဆေး အပြည့်မထိုးရသေးသူများ၊ အထူးသဖြင့်အသက် ၆၅ နှစ်အထက်နဲ့ အခြေခံရောဂါများရှိသူ လာဆေးထိုးဖို့ လှုံ့ဆော်ပါတော့တယ်။ တချို့ပြည်နယ်တွေ၊ မြို့တွေမှာ ကန့်သတ်ချက်တွေစမ်းရုပ်သိမ်းကြည့်လိုက်လို့ ကိုဗစ်လှိုင်းတက်လာတဲ့ အတွေ့အကြုံအခြေအနေများကိုလည်း သတင်းကွန်ရက် အများအပြားကနေ မိတ်ဆက်ပေး ပြောပြနေပါတယ်။ နိုင်ငံတွင်းက နာမည်ကြီး ဆရာဝန်ကြီးများက ရောဂါဖြစ်လာရင် သိပ်စိတ်မပူပန်ကြဖို့၊ အခုကတည်းက အပူကျဆေးတွေ၊ ချောင်းဆိုးပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးတွေ၊ တချို့ဗိန္ဒောဆေးတွေ စုဆောင်းထားဖို့ သတိပေးလှုံ့ဆော်ပါတယ်။ ရောဂါဟာ ၃ - ၅ ရက် ထိ အနည်းငယ်ပြင်းထန်နိုင်ပေမယ့်၊ တပတ်လောက်ကြာရင် တဖြည်းဖြည်းသက်သာလာနိုင် ကြောင်း၊ တချို့က၂ ပတ်လောက်တော့ (ဂျွမ် (ကျွမ်း) ပြန်အောင်) ခံရနိုင်ကြောင်း၊ ၃ - ၄ ပတ်လောက်ကြာပြီးမှ ပုံမှန်ပြန်ရောက်နိုင်ကြောင်းစတာတွေလည်း ဟောပြောထားပါတယ်။ တရုတ်ပြည်အစိုးရရဲ့ စမ်းသပ်သုတေသနပြုမှုအရ ကိုဗစ်ရောဂါဟာ သာမန်တုတ်ကွေးအအေးမိရောဂါထက် နည်းနည်းပိုသာမယ့်အဆင့်အထိ လျော့ကျတဲ့အခြေအနေမှာရှိနေလို့ ဖွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။ နေက်ပြီး အနောက်နိုင်ငံတွေကအထင်သေးကြတဲ့ တရုတ်ရဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ကိုဗစ်ရောဂါရဲ့အစွမ်းကို သုံးဆလောက် လျော့ချပေးနိုင်တယ်လို့လည်း တရုတ်ပြည်သူတွေက နားလည်ယုံကြည်နေကြပါတယ်။
အဲဒီကာလမှာပဲ၊ ထန်းသီးကြွေခိုက် ကျီးနင်းလိုက် အဖြစ်အပျက်တွေပေါ်လာပါတယ်။ ၂၀၂၂ နိုဝင်ဘာလကုန်ပိုင်းကျင်းပတဲ့ ကမ္ဘာဘော လုံးဖလားဖွင့်ပွဲအခမ်းအနားကို တိုက်ရိုက် တရုတ်ပြည်က (အထူးသဖြင့်လူငယ်တွေ) ကြည့်ရတော့ တကွင်းလုံးဘယ်သူမှ နှာခေါင်းစည်း မစည်း၊ တရုန်းရုန်းနဲ့ ပျော်လိုက်ပါးလိုက်တာတွေတွေ့ရတော့ ဘယ်သွားသွား နှာခေါင်းစည်း တပ်ရ၊ ဖုန်းတွေမှာ ၂၄ နာရီအတွင်းပိုးကင်းစင်ကြောင်းစစ်ဆေးထားချက်ပါမှ ဘယ်နေရာမဆိုဝင်ခွင့်ရှိတာတွေအပေါ် အတော်မကျေမနပ်ဖြစ်လာကြပါတယ်။ သတင်းကွန်ရက်တွေမှာ ရေးကြဆော်ကြနဲ့။ အဲဒီအချိန်မှာပဲ ရှင်ကျန်းပြည်နယ်မြို့တော်၊ ဝူးလို့မုချီက လူနေအိမ် တိုက်တတိုက် မီးလောင်ပါတယ်။ အဲဒီရပ်ကွက်က ကိုဗစ်ဖြစ်လို့ ပိတ်ထားရတာ တလကျော်ရှိပါပြီ။ အဲဒီမီးလောင်မှုမှာ လူ (၁၀) ယောက်ကျော် သေပါတယ်။ ဒီတော့ သတင်းကွန်ရက်တွေမှာ ကိုဗစ်ပိတ်ဆို့မှုကြောင့် မီးသတ်ကားတွေအရောက်နောက်ကျလို့ လူတွေသေရတာဆိုတဲ့ သတင်းပွလာပါတယ်။ မီးသတ်အဖွဲ့ကလဲ အခြေအနေတွေကို ချက်ချင်းသတင်းထုတ်ပြန်ပါတယ်။ အလွန်အေးတဲ့ဆီးနှင်းတွေလဲကျနေတဲ့အရပ်ဖြစ်တော့ အဲဒီတိုက်ရှေ့ရပ်ထားတဲ့ လူစီးကားတွေက စက်နှိုးမရဘဲ ပိတ်ဆို့နေလို့ မီးသတ်ကားတွေဝင်မရဖြစ်ရတာတဲ့။ အဲဒီအဖြစ်ကို အကြောင်းပြပြီး ရှံဟဲမှာရှိတဲ့ ဝုလို့မုချီလမ်းမှာ သေဆုံးသွားသူများအတွက် ဆုတောင်းပွဲလုပ်မယ်ဆိုပြီး သတင်းကွန်ရက်မှာ လှုံ့ဆော်ပြီး ပန်းခွေတွေချ၊ ဆုလဲတောင်း၊ …

မောင်စွမ်းရည် - ပန်းရည်ဘဏ်တိုက်နှင့် နဂါးလိမ်ချော်ဆစ်
https://ift.tt/saOonMR
<a href="https://blogger.googleusercontent.com/img/a/AVvXsEhoaNrZdTMr7FiO1w06s1OyylUSo5fo7mqrYa9qdwP14M5ldUTCZHi7fkR3hUtLe9eMUTl60fzkAxT0Qtlw9-80Tww5m6K4Wn9bzySc7l3HnUjMv1ptkm17aozMn9JVcysjP3QuGIT3E-31SEEGflNu6lIgelAoOHU06I7GnLfdB1jvwJNnx4INb-qB">Media</a>
မောင်စွမ်းရည် - ပန်းရည်ဘဏ်တိုက်နှင့် နဂါးလိမ်ချော်ဆစ်(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၂၃
‘ပန်းရည်ဘဏ်တိုက်’ ဆိုတာ လူကြိုက်များ၊ လူသိများတဲ့ သီချင်း ဖြစ်ပါတယ်။ သီချင်းရေးသူ အမည်က ကန်မြဲကိုအေးကျော် ဆိုတာ လူသိများပါတယ်။ သူ့သီချင်းလေးတွေက စာသားရော၊ စိတ်ကူးရေရာ အလွန်လှတဲ့အတွက် သူ့ကို တချို့က စာတတ်ပေတတ်၊ တေးရေးပညာရှင်ကြီးတဦးလို့ ထင်မှတ်ကြပါတယ်။ မဟုတ်ရှာပါ။ စာရေးတယ်ဆိုရုံ ရေးတတ်တာပါ။ ‘ပန်းရည်ဘဏ်တိုက်’ကို ‘ပံးရီဘံတိုက်’ လို့ ရေးသူပါ။ သူ့မှာ ဖောင်တိန် မရှိ၊ မဝယ်နိုင်ပါ။ ခဲတံပဲ ရှိပါတယ်။ စာရေးစက္ကူလည်း မရှိပါ။ မျဉ်းကြောင်းမပါတဲ့ ဗလာစာအုပ်ကြမ်းကြီးကိုပဲ ‘ရိုက်တင်းပက်’လို သုံးရရှာသူပါ။သူဟာ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းက ရွာကြီးတရွာမှာ မွေးဖွားကြီးပြင်းသူ ဖြစ်ပါတယ်။ ဆင်တဲဝချောင်း ဆိုတဲ့ သဲချောင်းကြီးက ရွာကို ပတ်နေပါတယ်။ အရှေ့ဘက် တောင်သာမြို့ဘက်က လာလည်း ဒီချောင်းကြီးကို ဖြတ်လာရသလို မြင်းခြံမြို့ မြောက်ဘက်က လာရင်လည်း ဒီချောင်းကြီးကို ဖြတ်လာရပါတယ်။ အမေရိကန် စစ်တပ်တွေ မိတ္ထီလာကနေ မြင်းခြံကို လာတော့ ကန်မြဲဇဂျမ်းက ဖြတ်လာရတဲ့အခါ သဲချောင်းကြီးထဲကို ကတ္တရာလိပ်ကြီးတွေ ရှေ့က ဖြန့်ခင်းပြီးမှ ဖြတ်ရတာပါ။ အဲဒီရွာကပဲ ကဗျာဆရာကြီး ဦးတင်မိုးတို့ရွာ ဖြစ်ပါတယ်။ ကျွန်တော်က တင်မိုးရဲ့ သူငယ်ချင်း ဖြစ်လို့ နွေကျောင်းပိတ်ရက်များမှာ တင်မိုး ရွာပြန်ရင် လိုက်သွားလေ့ရှိပါတယ်။ ကျွန်တော်တို့ရွာက မြင်းခြံမြို့ရဲ့ အရှေ့ဘက်မှာ ရှိပြီး တင်မိုး တို့၊ ကိုအေးကျော် တို့ရွာက မြင်းခြံရဲ့တောင်ဘက်မှာ ရှိပါတယ်။တင်မိုးရဲ့ အဖေနဲ့ တင်မိုးတို့ဟာ ဂီတဝါသနာအိုးတွေ ဖြစ်ပါတယ်။ နွေရာသီ ကျောင်းပိတ်ရက် တင်မိုး အိမ်ပြန်လာရင် သူ့အဖေက တင်မိုးရဲ့ သူငယ်ချင်းတွေကို ခေါ်ပြီး တီးကြ၊ မှုတ်ကြပါတယ်။ တင်မိုးရဲ့အမေက လက်ဖက်နဲ့ လက်ဖက်ရည်အဖန်အိုး ချပြီး ဧည့်ခံပါတယ်။ တင်မိုးရဲ့ အဖေက စည်းနဲ့ ဗြောက်ကို ကိုင်ပြီး တင်မိုးက အများအားဖြင့် ဘင်ဂျိုလောက်ပဲ တီးတတ် ခေါက်တတ်ပါတယ်။ သူ့သူငယ်ချင်း ကျောင်းဆရာတဦးက တယောထိုးပါတယ်။ ကိုအေးကျော်က တင်မိုးနဲ့ အိမ်နီးချင်းပါ။ ဘာမှ မတီး မမှုတ်တတ်ရှာပါ။ တင်မိုး တို့အိမ်မှာ တီးဝိုင်းရှိရင် လာပြီး နားထောင်ပါတယ်။ ထိုင်စရာမရှိရင် မြေကြီးပေါ်မှာ ဆောင့်ကြောင့်ထိုင်ပါတယ်။ သူ့မှာ အင်္ကျီပါလေ့မရှိပါ။ ကျောမှာ ဝဲနှင်းခူလိုဟာမျိုးတွေ ရှိပါတယ်။ အများအားဖြင့် သူ့ကျောကို ရေလဲပုဆိုးစုတ်ကလေးနဲ့ ခြုံထားလေ့ရှိပါတယ်။ ဘယ်သူနဲ့မှ စကားမပြောဘဲ ဝင်ထိုင်နားထောင်နေတာပါ။ ပြီးရင် သူ့ဘာသာ ထပြန်သွားတာပါ။ကိုအေးကျော်က သူ့အစ်မတွေနဲ့ အတူနေတာပါ။ အလုပ်ကတော့ မည်မည်ရရ မရှိရှာပါ။ ဆေးရွက်ခူး၊ မြေပဲဆွတ်၊ အမှိုက်ကောက် စတဲ့ ပျံကျ တောက်တိုမည်ရ ယာကူလီအလုပ်ပဲ ရှိရှာတာပါ။ အိမ်ထောင်ကျဖူးပေမဲ့ ကလေးတယောက် ရပြီး ကလေးရော မိခင်ပါ ဆုံးသွားခဲ့ပါပြီတဲ့။ နောက်အိမ်ထောင်လည်း မပြုပါ။ သီချင်းရေးတာကိုပဲ မွေ့လျော်ပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်တခုမှာ ကျွန်တော်က တင်မိုးတို့ရွာကို ရောက်တော့ တီးဝိုင်းဘေးမှာ ဗလာစာအုပ်အကြမ်းကြီး ပိုက်ပြီး ကိုအေးကျော် သီချင်းနားထောင်ဖို့ လာတာ တွေ့ရပါတယ်။ တင်မိုးက သူ့စာအုပ်ကို ဆွဲကြည့်တော့ ‘ပံးရီဘံတိုက်’ သီချင်းကို တွေ့ပါတယ်။ တင်မိုးက တချို့ ဖတ်မရတာတွေ မေးပြီး အချောကူးပေးလိုက်ပါတယ်။ သတ်ပုံတွေလည်း ပြင်ပေးလိုက်ပါတယ်။ သူ့သီချင်းလေးကို စိတ်ဝင်စားပြီး ရန်ကုန်ကို (လင်းခေးလုလင် ထင်ပါတယ်) ပို့ပေးလိုက်တော့ အောင်မြင်သွားတော့တာပါပဲ။ကန်မြဲ ကိုအေးကျော်ရဲ့ အကြောင်းကို ကြည်အောင်၊ ချစ်ဦးညို စသူတွေ ရေးထားတာ ရှိပါတယ်။ ကျွန်တော်လည်း မောင်မောင်(ညို) ခေါ် မောင်သစ်ဆင်း မေးလို့ ဖြေရာက ဆောင်းပါးရေးဖြစ်တာပါ။ မောင်သစ်ဆင်းက ကိုအေးကျော်ရဲ့ ပုပ္ပားသီချင်းထဲမှာ နဂါးလိမ်ကျော်ဆစ် ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို မေးတာပါ။ တင်မိုးကို လှမ်းမေးတော့ တင်မိုးက မောင်စွမ်းရည်နဲ့ပတ်သက်တဲ့ မေးခွန်း ဆိုပြီး ကျွန်တော့်ကို ဖြေခိုင်းလို့ ကျွန်တော် ဖြေလိုက်တာပါ။ ခုလည်း ဟိုလူ ဒီလူတွေက ကိုအေးကျော်ရဲ့ သီချင်းထဲက ပြဿနာကို ကိုအေးကျော်ရဲ့ ဆရာ (စာသင်ပေးတဲ့ ဆရာ မဟုတ်ပါ၊ သီချင်းကိစ္စ လမ်းညွှန်ပေးတဲ့ ဆရာ) တင်မိုး မေးစရာမရှိလို့ တင်မိုးနဲ့ အနေနီးတဲ့ မောင်စွမ်းရည်ကို မေးလာကြပါတယ်။ တင်မိုး ရှိနေရင်လည်း သူ့ထုံးစံအတိုင်း ဒီပြဿနာကို မောင်စွမ်းရည်ကိုပဲ လွှဲပေးမှာပါ။ သူက ဒီပြဿနာက မောင်စွမ်းရည်ကြောင့် ဖြစ်ရတဲ့ ပြဿနာတဲ့။ကိုအေးကျော်ရဲ့ ပုပ္ပားတောင် သီချင်းရေးတုန်းက ကျွန်တော်လည်း ကန်မြဲကို ရောက်နေပါတယ်။ နွေရာသီကျောင်းပိတ်ရက်မို့ ရောက်နေတဲ့ ပုပ္ပားတောင်အကြောင်းကို တင်မိုးနဲ့ ကိုအေးကျော်တို့ နှစ်ကိုယ်ချင်း ပြောနေတာကို ကျွန်တော်…

စစ်ကောင်စီကို အနိုင်ယူနိုင်ဖို့အတွက် လိုအပ်ချက်တွေက ဘာတွေလဲ
https://ift.tt/X2LdD46
<a href="https://blogger.googleusercontent.com/img/a/AVvXsEikNS_QuUKqyAZYmm89oYuBSZUpB_jGe7Y_WXf2qkwKyG5V42wWXs0-i_w1kK-6fAlrY7xTc5o-Ov2SJioLMBEkHUQLRGiH_0V9op2lfJgPRujgpM0hzJ-BwNnewMwrhV72gq79OOPm8rj_XbGFdk6tkv8YiFfrOSM9tNbg0cV3f9rgT_sAZDlm6__P">Media</a>
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၁ မြင်ကွင်း(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၂၃
<b>စစ်ကောင်စီကို အနိုင်ယူနိုင်ဖို့အတွက် လိုအပ်ချက်တွေက ဘာတွေလဲ </b>မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးရပြီးကာလ နိုင်ငံရေး သမိုင်းမှာ စစ်တပ်က တဖြည်းဖြည်းနဲ့ နိုင်ငံရေးအာဏာကို ရယူလာခဲ့တာ စစ်အာဏာသိမ်းဖို့ ကြိုးစားတာကို ကာလအကန့်အသတ်နဲ့ အာဏာလွှဲပြောင်းတာ တကြိမ်၊ စစ်အာဏာသိမ်းတာ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး နိုင်ငံရဲ့ အာဏာကို စစ်တပ်က ဆယ်စုနှစ်များစွာ ရယူချုပ်ကိုင်ထားခဲ့ပြီး လူမျိုးစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေး အတွက် လက်နက်ကိုင် တိုက်ခိုက်မှုနဲ့ နိုင်ငံရေး အယူဝါဒ အပေါ် အခြေခံတဲ့ ပြည်တွင်းစစ်မီးလည်း ဆယ်စုနှစ် ၇ ခုကျော်ကြာ တောက်လောင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိတဲ့ သမိုင်းနဲ့ အပြိုင် ပြည်တွင်းစစ်မီးလည်း တောက်လောင်ခဲ့တာ ဖြစ်ပြီး အာဏာသိမ်းမှုတကြိမ် ဖြစ်ပွားတိုင်း လက်နက်ကိုင် ပဋိပက္ခတွေကို ပိုမိုအရှိန်ကောင်းအောင် အားဖြည့်ပေးသလို ဖြစ်စေခဲ့ပြီး ဆယ်စုနှစ် ၇ ခုကျော်ကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါင်းများစွာ လုပ်ခဲ့ကြပေမယ့် နိုင်ငံရေးပြဿနာမှာ အခြေခံတဲ့ ပြည်တွင်းစစ်ကို အဖြေရှာဖို့ နိုင်ငံရေးဆွေးနွေးမှုတွေ ဆီမရောက်ရှိနိုင်ခဲ့ကြတာ၊ သို့မဟုတ် နိုင်ငံရေးဆွေးနွေးမှု ဖြစ်ပွားတဲ့အချိန်ကာလ အခွင့်အရေးတချို့ ပေါ်ထွက်ခဲ့ချိန်မှာလည်း တိုင်းရင်းသား လူမျိုးစုတွေရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့် တန်းတူအနေအထားနဲ့ ဆွေးနွေးတာမျိုးတွေ မဟုတ်ခဲ့တာကြောင့် အဖြေကြီးကြီးမားမား မရရှိခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အခုရက်ပိုင်း မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ နိုင်ငံတကာ ပညာရှင်အများစုနဲ့ မြန်မာလူမျိုး ပညာရှင်တချို့ ပါဝင်တဲ့ အွန်လိုင်း ဆွေးနွေးပွဲတရပ်ကို အမေရိကန် နိုင်ငံ Stimson Centerက ကမကထ လုပ်ကျင်းပခဲ့ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ လေ့လာနေတဲ့ နိုင်ငံတကာ တက္ကသိုလ်က ပါမောက္ခတွေ၊ သုတေသီတွေ ပါဝင်ဆွေးနွေးကြရာမှာ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေတယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ RFA သတင်းထဲ ဖော်ပြထားတာ တွေ့ရပါတယ်။ ဆွေးနွေးပွဲမှာ ဆွေးနွေးကြတဲ့ အကြောင်းအရာကို အနှစ်ချုပ်ထားတဲ့ ခေါင်းစဥ်က ဆိုလိုတဲ့ ယုံကြည်မှုဆိုတာက စစ်ကောင်စီဆန့်ကျင်ရေး ဘက်က အဖွဲ့အစည်းတွေ ဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့ NUG, CRPH, NUCC တို့အကြား ယုံကြည်မှု လိုအပ်နေသေးတယ်လို့ ရည်ညွှန်းပြောဆိုတာ လို့နားလည်ရပြီး ၊ နောက် အဓိက သော့ချက်စကားလုံးဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ အဓိပ္ပါယ်ကတော့ စစ်ကောင်စီဆန့်ကျင်ရေး နိုင်ငံရေး နဲ့ စစ်ရေး အဖွဲ့အစည်းတွေ အကြား ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေသေးတယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ကောက်ချက်ချရပါတယ်။ ယုံကြည်မှု ဆိုတဲ့ သော့ချက်စကားလုံးအတွက် ဘာကြောင့် ယုံကြည်မှု လိုအပ်နေသေးသလဲဆိုတဲ့ အချက်ကလည်း အဓိက ကျတဲ့ မေးခွန်းဖြစ်ပါတယ်။ ယုံကြည်မှု ရှိဖို့အတွက်ဆိုရင် ရည်မှန်းချက် ပန်းတိုင်နဲ့ ပတ်သက်ပြီး တူညီခြင်း၊ တဖွဲ့နဲ့တဖွဲ့အကြား တန်ဖိုးတွေ၊ စံနှုန်းတွေ ပန်းတိုင် စတဲ့ မူဝါဒ ပိုင်းမှာ ပြဒါးတလမ်း သံတလမ်းမဖြစ်ပဲ တူညီမှုရှိခြင်း၊ တဖွဲ့နဲ့တဖွဲ့အကြား တန်းတူအနေအထား နဲ့ ဆက်ဆံခြင်း၊ အဖွဲ့တဖွဲ့နဲ့ တဖွဲ့အကြား အတိတ်ကဖြစ်ရပ်တွေမှာ ပဋိပက္ခဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေ မရှိတာ၊ ရှိခဲ့ရင် ကျူးလွန်တဲ့ဘက်က အတိတ်ကဖြစ်ရပ်တွေအတွက် တောင်းပန်တာ၊ နစ်နာခဲ့မှုအတွက် ကုစားမှုလုပ်ဆောင်တာတွေ လိုအပ်မှာဖြစ်ပါတယ်။ စစ်ကောင်စီကို အနိုင်ရရေးက ပထမ၊ အတိတ်က အဖြစ်အပျက်တွေ နဲ့ ဆက်စပ်ပြီး မယုံကြည်မှု သံသယတွေကို ဒုတိယ၊ တတိယ အဖြစ်နဲ့ ထားဖို့ ဆိုလိုခြင်းဟာလည်း သဘာဝမကျပါဘူး။ အတိတ်က အဖြစ်အပျက်တွေအတွက် လုံလောက်တဲ့ ပြန်လည်သုံးသပ်မှု၊ တောင်းပန်မှုတွေက အနာဂတ်ကို ခရီးမဆက်ခင်မှာ မရှိမဖြစ်လိုအပ်တာ ဖြစ်ပါတယ်။ ယုံကြည်မှုရှိအောင် လုပ်ဆောင်လို့ ရပြီဆိုတဲ့နောက် ပူးပေါင်းဆောင်ရွက်မှု စုစည်းမှု အင်အားတခုထည်းအနေနဲ့ စုစည်းလုပ်ဆောင်နိုင်မှုကလည်း စစ်ကောင်စီကို စစ်ရေးနည်းနဲ့ အနိုင်ယူမယ် ဖြိုလှဲမယ်ဆိုတဲ့ ရည်ရွယ်ချက်အတွက် အဓိကလိုအပ်ချက် ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အခါ စစ်ကောင်စီဘက်က အင်အားနဲ့ စစ်ကောင်စီဆန့်ကျင်ရေးဘက်က အင်အားတို့ရဲ့ အချိုးအစားကွာခြားမှုက ကြီးမားနေမှာ ဖြစ်ပြီး စစ်ကောင်စီကို အဆုံးအဖြတ်ကျတဲ့အောင်ပွဲတွေနဲ့ အနိုင်ယူဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။ စစ်ရေးအင်အားနဲ့ အနိုင်ယူဖို့အတွက် လုံလောက်တဲ့ လက်နက်ရဖို့ ၊ မဟာဗျူဟာ ကျတဲ့ လက်နက်အမျိုးအစားရဖို့ အရာလည်း အဓိကကျတဲ့ အချက်ဖြစ်သလို စစ်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုရဲ့ နောက်ခံအကြောင်းရင်းက နိုင်ငံရေးသဘောတူညီမှု၊ လက်နက်ကိုင်…