MoeMaKaMedia
418 subscribers
59 photos
3 videos
13.1K links
Burmese Community News Group
Download Telegram
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မဟုတ်တရုတ်စာ
https://ift.tt/vymFdTj
Mediaကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မဟုတ်တရုတ်စာ (မိုးမခ) စက်တင်ဘာ ၁၇ ၊ ၂၀၂၄
တရုတ်သံရုံးက ပြောခွင့်ရရဲ့ သဘောထားထုတ်ပြန်ချက်စာ ထွက်လာတယ်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ပြည်တွင်းရေးကို စွက်ဖက်နေသည်ဟု အကြောင်းမဲ့ ပြစ်တင်မှုများနှင့်စပ်လျဉ်း၍တဲ့၊ ဒီလောက် တဒီးဒီးလာပြီး ပြည်သူမကြိုက်တဲ့ စကစတင်မက မူလလက်ဟောင်းသန်းရွှေတို့နဲ့ပါတွေ့  ပြည်သူ လက်မခံတဲ့ ရွေးကောက်ပွဲလုပ်မယ့် ပါတီတွေ ဖိတ်၊ ပြည်သူ သတ်ရဲတွေကိုပါယွမ်ငါးသန်းပေးအားဆေးကျွေး ပြည်သူသတ်လေယဉ်လက်နက်လေယဉ်ဆီရောင်းပေး ဂိတ်တွေပိတ်ပြီးတော်လှန်ရေးကိုသင်းသတ် ခြိမ်းချောက်အကြပ်ကိုင်နေတဲ့သူကတပြန် "အကြောင်းမဲ့ပြစ်တင်" တယ်ဆိုတော့ မဟုတ်တရုတ်စာလို့ဘဲ ဆိုကြပါစို့။ မြန်မာနိုင်ငံက လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံတသားတည်း ဖြစ်တည်မှုနှင့် နယ်မြေတည်တံ့မှုအား ထိန်းသိမ်းကာကွယ်ခြင်းကို ခိုင်မာစွာ ထောက်ခံအားပေးပါသည်တဲ့။ မြန်မာပြည်က စစ်အာဏာရှင်အောက်က လွတ်မြောက် ရေးလုပ်နေတာ မျက်မြင်ဖြစ်နေပါလျက် ဘာမှအားမပေးဘဲ ပြည်သူသတ် မဟုတ်တရုတ် စစ်အာဏာရှင်အုပ်စုကို ဘက်ပေါင်းစုံက ပံ့ပိုးကူညီပူးပေါင်း ထောက်ခံအားပေးနေတာလေ။ ခုမှလဲ မဟုတ်ဖူး။ ၈၈ လူထုအုံကြွမှုပြီးကတည်းက အားပေးလာခဲ့တာလေ။ ပြည်သူ့အာဏာကို မျက်ကွယ်ပြု ဗီတိုလေး သုံးသုံးပြီး မဟုတ်တရုတ် စစ်အုပ်စုကို ကာကွယ်၊ မြန်မာ့နယ်မြေတခုလုံးက သယံဇာတ နှိုက်စားနေခဲ့တာ ခုထိလေ။ အရပ်သားအစိုးရတွေလက်ထက် မြစ်ဆုံရပ်ဆိုင်းရ၊ စာချုပ်တွေ ပြင်ချုပ်ခဲ့ရ မျှမျှတတ အကျိုးခံစားခွင့်ရအောင် လုပ်ရမယ် ဆိုတော့မှ ပြည်သူ့ဒီမိုကရေစီနံ့ မခံနိုင်ဘဲ လူယုတ် မင်းအောင်လှိုင် စစ်အာဏာသိမ်းတာကို အားပေးခဲ့တော့တာ မဟုတ်လား။ ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ခြင်းကို ခိုင်မာစွာ ကိုင်စွဲထား၍ မြန်မာပြည်သူက ပိုင်ဆိုင်၍ မြန်မာပြည်သူက ဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာပါသည်လို့လဲ အားမနာလျှာမကျိုး ဆိုပြန်သေးတယ်။ဝင်ရောက်မစွက်ဖက်မှုကို ခိုင်မာစွာ ကိုင်ထားလို့ပဲ တော်တော့တယ်၊ ပြည်တွင်းရေးကို ဝက်ဖျက်သလို ဖျက်ထားလိုက်တာများ ဗရချီးရမ်းနေပြီလေ။ မြန်မာတွေ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာပါသတဲ့။ မြန်မာတွေ သွားနေတဲ့ ငြိမ်းချမ်းရေးက စစ်အုပ်စုချုပ်ငြိမ်းရေးလေ။ သူတို့ရှိနေသရွေ့ မြန်မာ့နိုင်ငံရေး မငြိမ်းချမ်းတာသိနေလျက်နဲ့ စစ်အုပ်စု မပြုတ်ရေး နည်းပညာရော၊ လက်နက်ရော၊ ငွေကြေးရော၊ အကြံဉာဏ်ရော၊ လူရော ထောက်ပို့လုပ်နေတယ်လေ။ လူဖမ်းဖို့လဲ ကူညီပါဝင်နေတယ်လေ။ အင်တာနက်ဖေ့ဘုတ် ထိန်းချုပ်ရေး ဘက်ပေါင်းစုံကူညီပေးနေတယ်လေ။ လူထုမကြိုက်တဲ့ဟာမှန်သမျှ ထောက်ခံ အားပေးနေတယ်လေ။ လူထုရွေးထားတဲ့ ရွေးကောက်ပွဲနိုင်သူဆီက အာဏာလုယူထားတာကိုထောက်ခံအားပေးပြီး အဲဒီသူခိုးကလုပ်မယ့် မဟုတ်တရုတ်ရွေးကောက်ပွဲကိုတော့ မဖြစ်နိုင်မှန်းသိသိနဲ့ ဇွတ်ဖိအားပေးလုပ်ခိုင်းနေတယ်လေ။ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ပါသည်တဲ့။ ဟာသ။ အာဏာသိမ်းပြီး တည်ငြိမ်မှု ဖျက်ဆီးကောင်၊ အာဏာလုပြီး စစ်ပွဲလုပ်တဲ့ကောင်၊ အာဏာဓမြတိုက်ပြီး လက်နက်မဲ့ လူထုကို ခေါင်းပစ်တဲ့ကောင်ကို လက်ဆွဲနှုတ်ဆက် လည်ပင်းဖက်ပေါင်းသင်း အစိုးရအဖြစ် စာရင်းသွင်း၊ လူထုက တူမီးနဲ့ စတော်လှန်ရာကနေ စစ်ဌာနချုပ်ထိ ပြုတ်လာတော့မှ မတည်မငြိမ်ဖြစ်မှုတဲ့လား၊ စစ်ပွဲ ဖြစ်ပွားနေမှုတဲ့လား။ပြည်ပအင်အားစုက မြန်မာနိုင်ငံ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုအား ဆန့်ကျင်ပါသည်ဆိုတာတော့ မှန်ကြည့်ပြောပါ တရုတ်မရယ်။ တရုတ်-မြန်မာ ဆက်ဆံရေးကို သွေးခွဲလိုသော၊ တရုတ်နိုင်ငံအား အကြောင်းမဲ့ပြစ်တင်သော မည်သည့်ပြောဆို လုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ပါသည်ကတော့ ဟဟပဲ ရမယ်ပေါ့။ ကိုယ့်လုပ်ရပ်ကို မသိကျိုးကျွန်ပြု ဟန်ဆောင်ပန်ဆောင် အသံကောင်းဟစ်မနေပါနဲ့။ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူတရပ်လုံးကို မျက်နှာမူပါသည်ကလဲ ရီရတယ်ဟေ့ ဗြဲဆိုတဲ့ သမိန်ပေါသွပ် အသံတောင် ပြန်ကြားရသလိုဖြစ်သွားတယ်။ ပြည်သူကို သတ်နေမှုကို နင်တို့ကိုယ်တိုင် ကူနေတာ အကုန်သိ။ မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီးက ဆောလျင် စွာ အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းကာ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် မြန်မာနိုင်ငံအခြေအနေ ပြန်လည်တည်ငြိမ် အရှိန်လျော့လာရေးအား ဖော်ဆောင်သွားရန် မျှော်လင့်ပါသည်ဆိုတာကတော့ ကွန်းဆက်အလွဲပါ။ ဂျင်းပါ။ လက်ရှိအခြေအနေနဲ့ တခြားစီပါ။ သွေးခွဲမှုသက်သက်ပါ။ တပြည်လုံးချီတဲ့ တော်လှန်ရေးကို အားပျော့သွားအောင် လုပ်ဆောင်ချက်ပါ။ မြန်မာမြေက စစ်အာဏာရှင်စနစ် ပျောက်ကွယ်ချုပ်ငြိမ်းရေးကို သွယ်ဝိုက်ဖြဲမှုပါ။ တရုတ်ရဲ့ သဘောထား မတရားမှုပါ။ အဲဒီအမြင်နဲ့တော့ တရုတ်နိုင်ငံက အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားရန် ဆန္ဒလဲ မရှိပါနဲ့။မဟုတ်ရင် မြန်မာပြည်မှာ ဘယ်တုန်းကထဲက ရှိလာမှန်းမသိတဲ့ "မဟုတ်တရုတ်" ဆိုတဲ့စကားဟာ ကမ္ဘာတည်သရွေ့ မြန်မာမှာ တည်နေပါလိမ့်မယ်။ 


Join Us @ MoeMaKa Telegram
t.me@moemaka…
စစ်ဘေး အန္တရာယ်အပေါ် ဆင့်လာတဲ့ ရေဘေးအန္တရာယ်ထဲက ဘယ်လို ရုန်းထကြမလဲ
https://ift.tt/wDnglQX
Media
⁨⁨⁨⁨မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၆ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၂၄⁨⁨⁨⁨
စစ်ဘေး အန္တရာယ်အပေါ် ဆင့်လာတဲ့ ရေဘေးအန္တရာယ်ထဲက ဘယ်လို ရုန်းထကြမလဲ စစ်ဘေးအန္တရာယ် ၃ နှစ်ကျော် လာချိန်မှာ ကျရောက်လာတဲ့ အပူပိုင်းမုန်တိုင်းကြီး “ယာဂီ” ရဲ့ အကြွင်းအကျန် လေပွေလှိုင်းတွေရဲ့ မကြုံဖူးတဲ့ ရက်ဆက်မိုးသည်းထန်မှုကနေ မြေပြိုမှု၊ တောင်ကျရေ ကျဆင်းမှုတွေ ဖြစ်ပွားပြီး ၅ ရက်ကျော်ကြာလာတဲ့အချိန်မှာ ထိခိုက် သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ တဖြည်းဖြည်းနဲ့ ပုံပေါ်လာပြီလို့ ဆိုရမယ့်အနေအထား ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အရှေ့ဖျား တာချီလိတ်မြို့တွင် စက်တင်ဘာ ၉ ရက်ခန့်က စတင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းတို့မှာ စက်တင်ဘာ ၁၁ ရက်နေ့က စတင်မိုးသည်းထန်ကာ  ရေကြီးမှုတွေက အခု စက်တင်ဘာ ၁၆ ရက်နေ့အထိ ရေစီးဆင်းရာ မြစ်ကြောင်းတလျှောက် တောင်ဘက်အရပ်က မြို့တွေမှာ ရေဘေးအန္တရာယ် ကျရောက်နေဆဲလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် စာရင်းပိတ်လို့မရသေးတဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ တောင်ငူမြို့နဲ့ တောင်ငူမြို့တောင်ဘက် စစ်တောင်းမြစ် နံဘေးက ကျေးရွာတွေ၊ မြို့တွေမှာ ရေဘေးအန္တရာယ်က မပြီးဆုံးသေးဘဲ နေအိမ်၊ စိုက်ပျိုးခင်းတွေ၊ လူ့အသက်တွေ ဆုံးရှုံးတာတွေ ရှိနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီက စက်တင်ဘာ ၁၅ ရက်နေ့ ထုတ်ပြန်ပြောဆိုရာမှာ အဲဒီနေ့ရက်အထိ သေဆုံးသူ ၁၁၃ ဦး ပျောက်ဆုံးသူ ၆၄ ဦး နဲ့ ဒဏ်ရာရသူ ၁၄ ဦး လို့ ဆိုပေမယ့် မြေပြင်မှာ အမှန်တကယ် သေဆုံး၊ ဒဏ်ရာရတဲ့ အရေအတွက်က ဒီထက်များမယ့် အနေအထားလို့လည်း ဒေသတခုချင်းစီက အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာဖေါ်ပြချက်တွေကို ကြည့်ပြီး မှန်းဆရပါတယ်။ ရမည်းသင်း မြို့နယ် တမြို့နယ်ထဲတင် တရာကျော်လောက်ထိ အသက်ဆုံးရှုံးမှုရှိနိုင်တဲ့ အနေအထား ရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့ မှာလည်း အသက်ဆုံးရှုံးမှု အရေအတွက်နဲ့ ပတ်သက်လို့ အချို့သတင်းဌာနတွေမှာ ၂၀၀ ကျော်ထိ အသက်ဆုံးရှုံးနိုင်တယ်လို့ ဆိုပေမယ့် ကလောမြို့ ခံအချို့ကတော့ သေဆုံးတဲ့ ရုပ်အလောင်း ၁၂ လောင်းသာ တွေ့ရှိထားပြီး နောက်ထပ်ဘယ်လောက် အသက်ဆုံးရှုံးသလဲ ဆိုတာ အတိအကျ မသိရှိနိုင်သေးလို့ ၂၀၀ ကျော် သေဆုံးတယ် ဆိုတာဟာ ခန့်မှန်းပြောဆိုချက် သက်သက်လို့လည်း ဆိုကြပါတယ်။ ယာဂီမုန်တိုင်းအကြွင်းအကျန် တွေ စတင်ဝင်ရောက်တဲ့ မြန်မာနိုင်ငံအရှေ့ပိုင်းအကျဆုံး မြို့ တာချီလိတ်မြို့မှာလည်း ရေနဲ့ မျောပါသူတွေ အသက်ဆုံးရှုံးမှုတွေ ရှိခဲ့သလို အဲဒီနောက် ရေဘေးဒဏ်ခံစားရတဲ့ ရှမ်းပြည်နယ်ထဲက ကလောမြို့မှာ လူသေဆုံးမှုတွေနဲ့ မန္တလေးတိုင်း ပျော်ဘွယ်၊ ရမည်းသင်း၊ ကျောက်ဆည်၊ ဝမ်းတွင်း၊ မြစ်သား၊ ပျဥ်းမနား၊ ပဲခူးတိုင်းထဲက တောင်ငူ၊ ဖြူး၊ ကရင်နီဒေသက ဒီမော့ဆို အစရှိတဲ့ ဒေသတွေမှာ လူသေဆုံးမှုတွေ ဆက်တိုက်ဆိုသလို ရှိခဲ့တာ ဖြစ်ပါတယ်။ လူအသက်ဆုံးရှုံးရတဲ့ အရေအတွက်တွေ ရာဂဏန်းနဲ့ ချီရောက်ရှိလာနေချိန်မှာ ပျက်စီးဆုံးရှုံးမှု ပမာဏလည်း တဖြည်းဖြည်းနဲ့ သိရှိလာရပြီ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့ စစ်ကောင်စီက ထုတ်ပြန်ချက်အရဆိုရင် သေဆုံးသူ ၂၂၆ ဦးရှိလာပြီး ပျောက်ဆုံးနေသူ ၇၇ ဦး၊ တိရိစ္ဆာန်မျိုးစုံ တသိန်း နှစ်သောင်းကျော်၊ စိုက်ဧက ၆ သိန်းကျော် ရေဝင်နစ်မြုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ရေဘေးဒဏ်ခံရတဲ့ မြို့နယ် စုစုပေါင်း ၅၆ မြို့နယ်ရှိပြီး နေအိမ် ၂၁၁၆ လုံး ပျက်စီးတယ်လို့လည်း အခု ထုတ်ပြန်ချက်မှာ ဆိုထားပြီး အခြားသော သတင်းတပုဒ်မှာတော့ နေအိမ်ပျက်စီးမှုက  ၆၅၀၀၀ ကျော်ရှိတယ်လို့လည်း တွေ့ရပါတယ်။ အခုလို စစ်ကောင်စီက ထုတ်ပြန်တဲ့ ကိန်းဂဏန်းနဲ့တင် ထိခိုက်ပျက်စီးဆုံးရှုံးမှုပမာဏ ဘယ်လောက် များပြားတယ် ဆိုတာကို သိရှိနိုင်ပါတယ်။ အခု ရေဘေးဒဏ်ခံစားနေရတဲ့ နယ်မြေတွေအနက် ထက်ဝက်နီးပါးမျှသော နယ်မြေတွေဟာ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေတဲ့ နယ်မြေတွေ ဖြစ်သလို လမ်းပန်းဆက်သွယ်ရေး ရိက္ခာသယ်ယူမှုတွေကို ထိန်းချုပ် ကန့်သတ်ထားတဲ့ ဒေသတွေလည်း ဖြစ်နေပါတယ်။ ဥပမာအားဖြင့် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း ကျေးရွာတွေ ဒေသတွေကို ရိက္ခာ ဆေးဝါးတွေကို စစ်ကောင်စီက လွတ်လပ်စွာ သယ်ယူခွင့်မပြုတဲ့ အခြေအနေကို အခုရေဘေး အန္တရာယ် ကျရောက်နေချိန်မှာပင် ဆက်လက်လုပ်ဆောင်နေကြောင်း၊ အဆိုပါဒေသတွေဆီ ရေဘေး ကယ်ဆယ်ရေးပစ္စည်းတွေ ပေးဝေရာမှာ စစ်ကောင်စီဘက်က စောင့်ကြည့်မှတ်တမ်းတင်တာ၊ စစ်ဆေးတာတွေ လုပ်နေတဲ့အကြောင်း သတင်းဖော်ပြထားတာ တွေ့ရပါတယ်။ ပဲခူးတိုင်းရဲ့ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းလိုပဲ ကရင်နီဒေသမှာလည်း အခုရက်ပိုင်းအတွင်း မိုးဗြဲဆည်ရေ ဝင်ရောက်လာပြီး ရွှေ့ပြောင်းနေကြရတဲ့ ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတွေဆိုရင်လည်း စစ်ကောင်စီဘက်က ပိတ်ဆို့ထားတဲ့ ဒေသတွေဖြစ်တာကြောင့် ရေဘေး ဒုက္ခသည်တွေကို အကူအညီပေးချင်သည့်တိုင် လွတ်လပ်စွာ ပေးခွင့်ရမယ့် အနေအထား မရှိပါဘူး။ သဘာဝဘေးအန္တရာယ် ကျရောက်နေချိန်မှာပင်လျှင် လက်နက်ကိုင် ပဋိပက္ခအရ ပိတ်ဆို့ထားတဲ့ ကန့်သတ်ချက်တွေ ဖြတ် ၄ ဖြတ် ပိတ်ဆို့မှုတွေကို မဖြေလျော့နိုင်တဲ့ အဖြစ်က ဝမ်းနည်းစရာ နာကျည်းစရာတွေ…
ခင်ဇော် - နာကျင်ဖော်
https://ift.tt/7kdAt64
Mediaခင်ဇော် - နာကျင်ဖော်(မိုးမခ) စက်တင်ဘာ ၁၇ ၊ ၂၀၂၄
တယောက် လဲရင်တယောက်က ထူ။
တယောက် ပူရင်တယောက်က မှုတ်။
ဒါဆို...မေတ္တသုတ် ရွတ်စရာမလို။
လာကွယ်....ငါ့လက်ကို ခိုညဘက်ဆို မငိုနဲ့။
မင့်မျက်ရည် ယိုကာစီးရင်စပယ်တွေ ရေပိုကြီးပြီးငိုညည်းရက် ရှည်မှာကွဲ့။
ခင်ဇော်15/9/2024

Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar
ရတနာပုံဆရာမှတ်ကြီး - လူသားဒိုင်းနဲ့ သံဃမေတ္တာ
https://ift.tt/kWt4cAm
Mediaရတနာပုံဆရာမှတ်ကြီး - လူသားဒိုင်းနဲ့ သံဃမေတ္တာ (မိုးမခ) စက်တင်ဘာ ၁၇ ၊ ၂၀၂၄
သူရဲဘောကြောင် စစ်ရှုံးကောင်က ရပ်ကွက်သူရပ်ကွက်သား ရွာသူရွာသား မြို့သူမြို့သားတွေကို ဘုရားထဲ၊ ကျောင်းထဲ ပိတ်ထည့် တပ်စွဲပြီး လူသားဒိုင်း လုပ်တယ်။ညစ်နည်းမကုန် ယုတ်ပုံအနန္တ ဓားပြ သူခိုး သောက်ကျင့်ဆိုးနဲ့ အမျိုးမျိုးနှိပ်စက်တာကို မကြည့်ရက်တဲ့ အင်းတော်မြို့သံဃနာယကဆရာတော်တွေက အင်းတော်မြို့မဘုန်းကြီးကျောင်းမှာ လူသားဒိုင်းလုပ်ခံထားရတဲ့ ပြည်သူ ၁၀၀၀ ကျော်ကို လွှတ်ပေးဖို့ မေတ္တာရပ်ခံစာထုတ်ထားတယ်။ ဘုရားဒကာသားတွေရဲ့ ဖအေတူ သောက်ကျင့်တွေ။ ဘမျိုးဘိုးတူ နေဝင်း သန်းရွှေလူတွေ။ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုနဲ့ PDF၊ ပကဖများက  ဩဂုတ် ၁၆ ရက်နေ့မှာ မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ရာ  သြဂုတ်လ (၂၄) ရက်နေ့မှာ အင်းတော်မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးကို သိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒီကနေ ဆုတ်ခွာပြေးတဲ့ ခွေးဝင်စားတွေဟာ ဂျပန်လိုဏ်ဂူမှာ တပ်မ (၇၇) ရဲ့ ရှေ့တန်းဌာနချုပ်အဖြစ် ခံစစ်စည်း ပြင်ဆင်ထားပြီး အင်းတော်  မြို့မဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ အဲဒီကျောင်းထဲမှာ ဒေသခံပြည်သူ ၁၀၀၀ ကျော်ကို လူသားဒိုင်းအဖြစ် သုံးဖို့ ဖမ်းဆီးထားတယ်။ လူသားဒိုင်းလုပ်ထားတဲ့ ပြည်သူ ၁၀၀၀ ကျော်ကို လွှတ်ပေးဖို့ အင်းတော်မြို့နယ်၊ သံဃနာယကအဖွဲ့က စက်တင်ဘာလ (၇) ရက်နေ့ ရက်စွဲနဲ့ ခွေးဝင်စားတပ်ဆီ မေတ္တာရပ်ခံစာ ထုတ်ပြန်ပေးပို့ခဲ့သော်လဲ ယနေ့ စက်တင်ဘာ (၁၆) ရက်နေ့အထိ မလွှတ်သေးပါ။ ရခိုင်ဘက်မှာလဲ လူသားဒိုင်းလုပ်တာ အသိမ်းခံရတဲ့ နေရာတိုင်းလိုလိုပါပဲ။ ခုလဲ စစ်တွေမှာ လူသားဒိုင်း လုပ်ခံထားရတဲ့သူတွေ အများကြီးပါ။ အလိုတော်ပြည့်ဆရာတော်၊ မြောက်ဦးဆရာတော်၊ ဦးအဘယာလင်္ကာရတို့လို ရခိုင်ဝိနည်းဓိုရ်ဆရာတော်များ ရခိုင်သံဃာတော်များရဲ့ မေတ္တာရပ်ခံစာတော့ မတွေ့ရသေးပါဘူး။ အဲသလိုဘဲ မဆိုင်ရာ ဗုံးမကြဲဖို့ မဆီရာ လက်နက်ကြီးမထုဖို့ မြို့ ရွာတွေ မီးမတိုက်ဖို့ လူသားဒိုင်း မလုပ်ဖို့ မြို့နယ်သံဃနာယကဆရာတော်၊ တိုင်းသံဃနာယကဆရာတော်၊ နိုင်ငံ တော် သံဃနာယကဆရာတော်တို့ရဲ့ မေတ္တာရပ်ခံ ပန်ကြားလွှာတွေလဲ မတွေ့ရသေးပါဘူး။ တိုင်းပြည်ကြီးကို ထိန်းမတ်ဖို့ သံဃမေတ္တာအားတွေ လိုပါမယ်။ ဘုရားဒကာ မင်းအောင်လှိုင်ရဲ့ သာသနာပြုပွဲ ဆိုတာတွေ တင်လိုက် တက်နေလို့မရပါဘူး။ ဘုရားဒကာနဲ့ သူ့သာဝကတွေရဲ့ သာသနာဝန်ထမ်းသူ သာသနာ့ဒါယကာ လုပ်မယ့်သူ မရှိအောင် လုပ်နေတဲ့ လုပ်ရပ်ဆိုးတွေကိုလဲ ဆုံးမ ဩဝါဒမပေးတောင် အင်းတော် သံဃနာယကဆရာတော်တွေလို့ မေတ္တာရပ်ခံစာထုတ်ဖို့ ဖြစ်ဖြစ်ပေါ့။ 


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
ကိုအောင်မှိုင်း - ပဲ့တင်သံ
https://ift.tt/am80CIG
Mediaကိုအောင်မှိုင်း - ပဲ့တင်သံ(မိုးမခ) စက်တင်ဘာ ၁၈ ၊ ၂၀၂၄
ပန်းသဘာဝကအေးကြည်တယ်မီးတိုက်လိုက်တဲ့အခါကျောက်စိုင်ခဲတွေ ဖြစ်ကုန်တယ်။
ကျောက်စိုင်ခဲဟာပစ်တိုင်းထောင်ဘဲမြေကြီးပေါ်ရောက်ရောက်မြေကြီးအောက်ရောက်ရောက်ခပ်မာမာဘဲ အာခံဆဲ။
လူသဘာဝကပန်းကိုချစ်တယ်အနိုင်ကျင့်ခံရတဲ့အခါမိုးကြိုးမုန်တိုင်း ဖြစ်သွားတယ်။
မြေပြင်သဘာဝကတည်ငြိမ်တယ်စစ်ပွဲတွေ ဖန်တီးတဲ့အခါမီးတောင်တွေ ပေါက်ကွဲကုန်တယ်။
အရှေ့ အနောက်တောင်နဲ့မြောက်မှာသူရဲကောင်းတို့ ဝိုင်းရံပဲ့တင်သံတွေ ကြားနေရပြီ။
အဲဒါအောင်ပွဲလေနှောင်ကြိုးကလွဲပြီးဘာမှမရှိတဲ့ ဘဝမှာငါတို့သွေးတွေနဲ့ရိုင်းစိုင်းယုတ်မာမှုတွေကိုဆေးကြောသုတ်သင် ပစ်ကြမယ်။
ငါတို့လား ......ငါတို့ကတော့မာရည်ကျောရည်ပဲ။
Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar
ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းပေါ်က မဟုတ်မမှန်သော သတင်းများ လုပ်ကြံသတင်းများက အမေရိကန်ရွေးကောက်ပွဲကို ဘယ်လို ထိခိုက်စေမလဲ
https://ift.tt/2Lm49wZ
Media

ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းပေါ်က မဟုတ်မမှန်သော သတင်းများ လုပ်ကြံသတင်းများက အမေရိကန်ရွေးကောက်ပွဲကို ဘယ်လို ထိခိုက်စေမလဲနိုင်ငံတကာသာဂိ (မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၂၄


ရည်ညွှန်း How A.I., QAnon and Falsehoods Are Reshaping the Presidential Race
Three experts on social media and disinformation share their predictions for this year’s chaotic election.
By Stuart A. Thompson
Newyork Times သတင်းစာ စက်တင်ဘာ ၁၇၊ ၂၀၂၄

ယခုနှစ် သမ္မတရွေးကောက်ပွဲတွင် ကောလာဟလများ၊ လုပ်ကြံထားသည့် မဟုတ်တန်းတရားသီအိုရီများနှင့် ဉာဏ်ရည်တု၏ ဖန်တီးမှုများဖြင့် ညစ်ညမ်းနေပါသည်။ သမ္မတဟောင်း Donald J. Trump သည် နိုင်ငံတစ်ဝှမ်းရှိ ၎င်း၏ မဟာမိတ်များနဲ့အတူ လက်တွဲပြီး ရွေးကောက်ပွဲရလဒ်များကို ငြင်းဆိုခြင်း လုပ်ဆောင်နေသောကြောင့် ရွေးကောက်ပွဲဆိုင်ရာ ခိုင်မာမှုနှင့်ပတ်သက်၍ သံသယများ ဆက်လက်ကြီးထွားလာခဲ့သည်။

မဲဆန္ဒရှင်တွေ ဘယ်လောက်စိုးရိမ်သင့်လဲ

သတင်းမှားများနှင့် လုပ်ကြံသီအိုရီများ၏ ယခုနှစ်တွင် လုပ်ဆောင်နေသည့် အခန်းကဏ္ဍကို ပိုမိုနားလည်ရန် New York Times မှ မဟုတ်မမှန်လုပ်ကြံသတင်းနှင့် ဆိုရှယ်မီဒီယာအကြောင်း စာအုပ်ရေးသားသူ သုံးဦးကို ၎င်းတို့၏အမြင်များနှင့် ခန့်မှန်းချက်များကို မျှဝေရန် တောင်းဆိုခဲ့သည်။
Media

ရွေးကောက်ပွဲ ငြင်းဆိုမှုမှသည် အကြမ်းဖက်မှုများ ပေါက်ဖွားလာနိုင်သည့် အန္တရာယ်မှာ Trump ထောက်ခံသူများသည် မဲလိမ်လည်မှုများဟု ဆိုကာ လွှတ်တော်အဆောက်အအုံကို ၀င်ရောက်စီးနင်းလာမှု အလားအလာဖြစ်သည်။ သို့သော် အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် လိမ်ညာလှည့်ဖြားမှုများနှင့် ကောလာဟလများမှာ လက်ရှိနိုင်ငံရေးပါတီများနဲ့ ထောက်ခံသူများ၏ ဘီလျံချီသုံးစွဲနေသော မဲဆွယ်ကြော်ငြာများအောက်တွင် တိမ်မြုပ်သွားနိုင်သည်။
Media


မေး။ လုပ်ကြံဖန်တီးမှုသီအိုရီတွေနဲ့ သတင်းမှားတွေက ဒီနှစ် သမ္မတ ရွေးကောက်ပွဲ ရလဒ်အပေါ် လွှမ်းမိုးသွားမှာကို သင် ဘယ်လောက်စိုးရိမ်ပါသလဲ။

ကွတ်- မဲဆန္ဒရှင်တွေကို လှုံ့ဆော်တာထက် အကြမ်းဖက်မှုတွေကို လှုံ့ဆော်ပေးတဲ့ မှားယွင်းတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး ပိုစိုးရိမ်မိပါတယ်။ Capitol မှာ တော်လှန်ပုန်ကန်မှုလိုမျိုး နောက်ထပ် ကြီးမားတဲ့ အဖြစ်အပျက်ကို တွေ့မယ်လို့ မထင်ပါဘူး။ ပို၍ဖြစ်နိုင်သည်မှာ နိုင်ငံတစ်ဝှမ်းရှိ ဒေသန္တရ ရွေးကောက်ပွဲ လုပ်အားပေးများကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် ပြန့်ကျဲနေသော အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုဖြစ်နိုင်ချေရှိသည်။ စစ်တမ်းကောက်ယူမှုတွင် လုပ်အားပေးသုံးဦးလျှင် တစ်ဦးထက်မက ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် အလွဲသုံးစားလုပ်ခြင်းတို့ကို တွေ့ကြုံခံစားခဲ့ရပြီးဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြသည်။ ဒါဟာ တကယ်ကို ကြောက်စရာကောင်းပါတယ်။

Issenberg- နိုင်ငံရေးပါတီတွေက သူ့မဲဆန္ဒရှင်တွေကို ကြိုတင်သတ်မှတ်ထားပြီး ပါတီစွဲထားပြီး မဲဆန္ဒရှင်တွေအချင်းချင်းကလည်း သဘောထားကွဲလွဲနေတာကြောင့် သူတို့တွေ စိတ်ပြောင်းသွားဖို့က အခွင့်အလမ်းနည်းပါတယ်။ ၎င်းတို့ကို မလွတ်တမ်းဆွဲဆောင်ရန် ဒေါ်လာဘီလီယံနှင့်ချီ၍ သုံးစွဲထားပြီးဖြစ်ပြီး၊ အဲသည်ကနေ လွဲချော်တဲ့ အကြောင်းအရာတခုခုကို ချပေးဖို့ ခဲယဉ်းနေပါတယ်။

မေး - လုပ်ကြံမှု မဟုတ်တန်းတရားသီအိုရီများ— QAnon နှင့် ကာကွယ်ဆေး ဆန့်ကျင်ရေးလှုပ်ရှားမှုများကဲ့သို့ — သည် နှစ်ပေါင်းများစွာ မဲဆန္ဒရှင်များ၏ အစိတ်အပိုင်းအများအပြားကို ချုပ်ကိုင်နိုင်ခဲ့ပြီး ထိုလှုပ်ရှားမှုများသည် တကယ့်နိုင်ငံရေးအာဏာရလာမည်ကို စိုးရိမ်မှုများ တိုးပွားစေပါသလား။

Cook- X တွစ်တာချန်နယ် ၊ YouTube နဲ့ Facebook ကိုပဲ စောင့်ကြည့်လိုက်ပါ။ ယခုအခါ သတင်းမှားနဲ့ လုပ်ကြံသတင်းဖြန့်ချိသူများ၏ ထောက်ခံအားပေးမှုများသည် သန်းနှင့်ချီရှိနေပြီး ၎င်းတို့က ရွေးကောက်ပွဲကို စွက်ဖက်လွှမ်းမိုးရန် ဝါဒဖြန့်နေကြသည်။ နိုင်ငံရေးသမားများက ၎င်းတို့အား သူတို့အတွက် အသုံးချရန် ကြိုးစားနေကြသည်။

DiResta- 2023 ခုနှစ် စစ်တမ်းများအရ ရီပတ်ဘလစ်ကန်မဲဆန္ဒရှင်အများစုနှင့် အမေရိကန်ပြည်သူ 30 ရာခိုင်နှုန်းခန့်က ပရိသတ်များက 2020 ရွေးကောက်ပွဲကို မဲလိမ်ခံထားရသည်ဟု ယုံကြည်ဆဲဖြစ်သည်။ ၎င်းအစွန်းရောက်အမတ်များက ရွေးကောက်ပွဲငြင်းဆိုခြင်းကို ခွင့်ပြုပေးသည့် ဥပဒေမူကြမ်း ဒါဇင်ပေါင်းများစွာကို အနည်းဆုံး ပြည်နယ် 25 ခုတွင် တင်သွင်းခဲ့ပြီး ဤပြဿနာသည် အရီဇိုးနားနှင့် ကွန်ဂရက်တို့ကဲ့သို့ နေရာများတွင် နိုင်ငံရေးကို လွှမ်းမိုးလျက်ရှိပါသည်။

Issenberg - ၎င်းတို့အားလုံးသည် ရီပတ်ဘလီကန်ပါတီ၏ အမတ်များ နိုင်ငံရေးသမားများ အများစုဖြစ်သည်။ လုပ်ကြံအမှားတရားသီအိုရီများကို အားပေးရန် ယေဘူယျဆန္ဒရှိခြင်းသည် ပါတီ၏ အဓိကလမ်းစဉ် ဖြစ်လာသည်။

မေး - သမ္မတ Trump ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအပြီးတွင် လုပ်ကြံအမှားတရားသီအိုရီများနှင့် သတင်းမှားများ တိုးမြင့်လာသည်ကို ကျွန်ုပ်တို့ တွေ့ခဲ့ရသည်။…
ရေဘေးကူညီရေးက နေ ရရှိလာနိုင်တဲ့ စည်းလုံးမှု အပြန်အလှန်ကူညီဖေးမမှု နဲ့ ပြန်လည်ထူထောင်ရေး
https://ift.tt/namGIc6
Media⁨⁨⁨⁨မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၇ မြင်ကွင်း(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၂၄⁨⁨⁨⁨⁨
ရေဘေးကူညီရေးက နေ ရရှိလာနိုင်တဲ့ စည်းလုံးမှု အပြန်အလှန်ကူညီဖေးမမှု နဲ့ ပြန်လည်ထူထောင်ရေး မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေ နဲ့ ကရင်ပြည်နယ် စက်တင်ဘာ ဒုတိယသီတင်းပတ်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှု၊ ရုတ်တရက် တောင်ကျရေနဲ့ ရေမြင့်တက်လာမှုကြောင့် သေဆုံးမှုတွေ ပျက်စီးဆုံးရှုံးမှုတွေ စာရင်းတဖြည်းဖြည်း တိုးမြင့်လာနေပြီး အသက်ကယ်ဆယ်မှု အရေးပေါ် အကူအညီတွေနဲ့ ရေကျသွားတဲ့နောက် ရှင်သန်အသက်ရှင်ရေး အကူအညီတွေ ဆက်လက်ပြီး လိုအပ်နေတာ ဖြစ်ပါတယ်။ အခုရေဘေးဖြစ်ပွားတဲ့ နယ်မြေအများစုက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဒေသတွေ ဖြစ်ပြီး အချို့သောမြို့တွေ နဲ့ ကျေးရွာတွေက တိုင်းရင်းသား လက်နက်ကိုင်၊ PDF အဖွဲ့တွေ ထိန်းချုပ်တဲ့နယ်မြေတွေ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်း နယ်မြေတွေထဲမှာ တာချီလိတ်မြို့က ရေဘေးဒဏ် အဆိုးရွားဆုံး ခံစားရတဲ့ မြို့ဖြစ်ပြီး ကျန်တဲ့ မြို့တွေ ကျေးရွာတွေလည်း ထိခိုက်ပျက်စီးမှု အသက်ဆုံးရှုံးမှုတွေ ရှိခဲ့တာ တွေ့ရပါတယ်။ မန္တလေးတိုင်းထဲက ရမည်းသင်း၊ မြစ်သား၊ ဝမ်းတွင်း၊ ပျော်ဘွယ်မြို့နယ်တွေထဲက ဒေသတွေ ပျက်စီးဆုံးရှုံးမှု လူသေဆုံးမှု အများအပြားရှိခဲ့သလို နေပြည်တော်ကောင်စီနယ်မြေ ထဲက တပ်ကုန်းမြို့နယ်နဲ့ နေပြည်တော် ကောင်စီထဲက အခြားနယ်မြေတွေမှာလည်း ရေဘေးဒဏ်ကြောင့် သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှု ဆိုးဆိုးရွားရွားခံခဲ့ရတာ တွေ့ရပါတယ်။ တဖန် နေပြည်တော် ရဲ့တောင်ဘက် မိုင်၅၀ ခန့်အကွာ ပဲခူးတိုင်းထဲက တောင်ငူ၊ ရေတာရှည် စတဲ့မြို့နယ်တွေမှာလည်း ရေဘေးဒဏ်ကြီးမားစွာ ခံစားနေကြရဆဲလည်း ဖြစ်ပါတယ်။ အခုလို ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ နဲ့ ပတ်သက်လို့ စစ်ကောင်စီက  ထုတ်ပြန်တာအရ ဆို မြို့နယ် ၅၆ မြို့နယ်က လူနေအိမ် ၂ ထောင်ကျော် ပျက်စီးပြီး နေအိမ် ၁ သိန်းခွဲကျော် ရေဝင်နစ်မြုပ်ကာ ရေဘေးသင့်သူ ၁ သိန်း ၆ သောင်းကျော်ရှိတယ်လို့ ဆိုပါတယ်။ အမှန်တကယ် ကိန်းဂဏန်းက အခုထက်ပိုကောင်းလည်း ပိုနိုင်တာ ဖြစ်ပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်ခြင်း မရှိတဲ့ဒေသတွေက ပျက်စီးဆုံးရှုံးမှုတွေ အခု အချက်အလက်တွေထဲ ပါဝင်ခြင်း မရှိတဲ့ သဘောလို့လည်း ယူဆရပါတယ်။ ကျွဲ နွား တရိစ္ဆာန် ဆုံးရှုံးမှုက ၁ သိန်း ၂ သောင်းကျော် ရှိပြီး စပါးနဲ့ စိုက်သီးနှံခင်းတွေ ရေဝင်နစ်မြုပ်တဲ့ ပမာဏက ဧက ၆ သိန်း ၄ သောင်းကျော် ရှိတယ်လို့ဆိုပါတယ်။ ဒီကိန်းဂဏန်းတွေကို ကြည့်ရင် စိုက်ပျိုးရေးနဲ့ စိုက်ပျိုးရေးနဲ့ ဆက်နွယ်နေတဲ့ မွေးမြူထားတဲ့ ကျွဲနွားတိရိစ္ဆာန်တွေ သိန်းနဲ့ချီ သေဆုံးပျက်စီးခဲ့ရတာ၊ စပါးနဲ့ သီးနှံ စိုက်ခင်းတွေ ရေဝင်နစ်မြုပ်တာ၊ တစိတ်တပိုင်းက နုံးတွေဖုံးလွှမ်းပြီး ပျက်စီးသွားတာတွေကြောင့် ဒေသတွင်းရော တနိုင်ငံလုံး အတိုင်းအတာနဲ့ပါ ရိက္ခာဖူလုံမှုတွေကို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိစေလိမ့်မယ်လို့ ယူဆရပါတယ်။ လတ်တလော ကာလမှာတော့ အရေးပေါ်ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်ကြရာမှာ စစ်ကောင်စီ အနေနဲ့ ဘယ်လောက် ရာနှုန်းထိ ကူညီပေးနေသလဲ ဆိုတာ ကိန်းဂဏန်းတွေ ခန့်မှန်းချက်တွေ ပေါ်ထွက်မလာသေး မသိရသေးပါဘူး။ လူထုထံမှ လူထုထံသို့ လို့ ဆိုနိုင်တဲ့ လူထုအချင်းချင်း ကူညီထောက်ပံ့မှုတွေက လူထုအချင်းချင်း အကြားနှိုးဆော်ကာ ရေဘေးကြုံတွေ့ရတဲ့ မြို့တွေ၊ ကျေးရွာတွေဆီ သွားရောက်ကူညီနေကြတာ သတင်းတွေထဲ လူမှုကွန်ရက်မီဒီယာတွေထဲ တွေ့နေရတာ ဖြစ်ပါတယ်။ ဒေသတွင်း ကူညီကယ်ဆယ်ရေး  အသင်းအဖွဲ့တွေနဲ့ မြန်မာနိုင်ငံ အရပ်ရပ်က ပရဟိတ ကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေ၊ အစုအဖွဲ့အလိုက် ငွေကြေးစုဆောင်းထည့်ဝင်ပြီး သွားရောက်ကူညီကြသူတွေ နဲ့ ဘာသာရေး အဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်း အချို့က ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြခြင်းဟာ စနစ်တကျ မြို့တွေ ရွာတွေအလိုက် ထိခိုက်ပျက်စီးမှုနဲ့ လိုအပ်ချက်တွေကို ကိန်းဂဏန်းတွေ အချက်အလက်တွေ ကောက်ယူပြီး ကူညီတဲ့ အခြေအနေမျိုး စနစ်ကျတဲ့ အကူအညီမျိုး မဟုတ်သော်လည်း လူထုအချင်းချင်း ကူညီဖေးမမှု ဖြစ်လို့ စိတ်ဓါတ်ရေးရာအရ၊ ရုပ်ဝတ္ထုပစ္စည်း ကူညီမှုအရ အကျိုးများတဲ့ ကိစ္စလို့ ဆိုရမှာဖြစ်ပါတယ်။ ဆိုင်ကလုန်းနာဂစ် ဖြစ်ပွားစဥ်ကလို သဘာဝဘေးအန္တရာယ် ကပ်ဘေးကနေ မြန်မာနိုင်ငံအနှံ့အပြားမှာ လူမှုကူညီရေး အသင်းအဖွဲ့တွေ ပေါ်ထွက်လာခဲ့တဲ့ အကျိုးရလဒ်ရခဲ့သလို အခုယာဂီမုန်းတိုင်းအကျိုးဆက် ရေကြီးမှုကြောင့် ပြည်သူလူထု အချင်းချင်းအကြား ကူညီဖေးမမှု၊ ကွန်ရက် ချိတ်ဆက်ကာ ပူးပေါင်း လုပ်ဆောင်မှု တကျော့ပြန် အားကောင်းလာတာကို အသိအမှတ်ပြုရမယ့် သဘောလို့ မှတ်ယူမိပါတယ်။ အရေးပေါ် အကူအညီ၊ အသက်ရှင်သန်ရေး အထောက်အပံ့အကူအညီ ပြီးနောက် ကာလမှာ ဒီရေဘေးသင့် ဒေသတွေက လူထုအနေနဲ့ ပြန်လည်ထူထောင်ရေး အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ၊ ပျက်စီးဆုံးရှုံးသွားတဲ့ အရင်းအနှီးပစ္စည်းတွေ၊ ပြန်လည်ရရှိရေးတွေက ဘယ်လို အစီအစဥ်နဲ့ လုပ်ဆောင်ကြမှာလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။ ဒီရေဘေးဒဏ်သင့်…
မသခ - ခေါင်းစဥ်မရှိဘူး
https://ift.tt/pTFW3Ar
Mediaမသခ - ခေါင်းစဥ်မရှိဘူး(မိုးမခ) စက်တင်ဘာ ၁၈ ၊ ၂၀၂၄

ဒီနေရာမှာ
တောင်တွေလည်း မတန်းတော့
မြစ်တွေလည်း မဝှမ်းတော့ဘူး။



ရွာအဝင်လမ်းမှာ
တမာပင်တန်းတွေ မရှိတော့ဘူး။



လယ်ကွင်းထဲမှာ
သူငယ်ချင်းတွေလည်း မရှိတော့ပါဘူး။



စပါးခင်းနဲ့
နွားတစ်ရှဥ်းလည်း မရှိတော့ဘူး။



တံတားလည်း မရှိ
ဘုရားလည်း မရှိတော့ဘူး။



ကဗျာစပ်ဦးတော့
ဖတ်မယ့်လူ မရှိတော့ပါဘူးလေ။ ။







Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အယ်ဘထံပို့စာ
https://ift.tt/levhU75
Mediaကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အယ်ဘထံပို့စာ (မိုးမခ) စက်တင်ဘာ ၁၈ ၊ ၂၀၂၄
အူကြောင်ကြားရွှေဆိုင်တွေက ‌စစ်ခွေး ရဲခွေး ပျူခွေး ခွေးဓားပြအုပ်ရဲ့ မျက်စိကျစရာ ဖြစ်နေတယ်။ မြဝတီနဲ့ MRTV လောက် ကြည့်နေကြတဲ့သူတွေ ဓားပြစာသင့်နေတဲ့ အကာလပေါ့။ ခေတ်ကြီး ဘာဖြစ်နေတယ် ဆိုတာ မျက်ခြည်မပြတ်အောင် နေချင်နေ၊ မဟုတ်လို့ကတော့ ကိုယ် ရှာထားတာနဲ့ကိုယ် အသတ်ခံရကိန်း ဆိုက်လာမယ်။ ခွေးဓားပြအုပ်စုက သွားဖြဲပြီး အငမ်းမရ လိုက်ဆွဲနေတာ၊ စစ်ရှုံး စစ်ဆုတ်နေတာ သူတို့ အသိဆုံး။ စစ်အုပ်စု အလွန်မှာလဲ ဓားပြဘဲ ဆက်လုပ်စားစရာရှိမယ့်သူနဲ့ အထုပ်နဲ့ အထည်နဲ့ ခပ်တည်တည် နေကြမယ့်သူဘဲရှိတာ။ အာ့ကြောင့် ခုဗြောင်ဓားပြတိုက်နေတာ။ ခု ရွှေဆိုင် ဓားပြမှုတွေဟာ အချင်းချင်းငြိလို့ ဖမ်းခံရတာ။ အာ့ကြောင့် အယ်ဘ သားတို့ပျူတွေရဲ့အောင်မြင်မှုကို ရဲက ဂျေဝင်ပြီး ဖမ်းတယ် ဘာညာနဲ့ နန်းတွင်းထဲကနေ သတင်းပို့နေတာ။ ကားငှားပေးလိုက်တဲ့ G-2 စစ်ဗိုလ်ကလဲ ဝေစုမရလို့ တင်းနေတာဆိုတော့ ပို့ရတော့တာပေါ့။ သတင်းပို့ပုံကြီးကလဲ ဆာချက်၊ အယ်ဘထံ ပို့စာကို ဖတ်သာကြည့်။ “အဓိက ပြောလိုသည်မှာ ကျတော်တို ပသစ များအား ထိမ်းကျောင်းလမ်းပြ ဦးဆောင်နေတဲ့ အရာရှိကြီးမှလည်း ဖြစ်စဉ် အမှန်ကိုသာ ဖော်ထုတ်ပြီး ပသစ များအား အရေးမယူပါရန်နဲ့ အခု ကလေးတွေကလည်း မတ္တရာ၊ ကျောက်တံတား၊ ထန်းပင်ကုန်း မှာ စစ်ဆင်ရေး တာဝန်များကို တပ်မတော်၊ ရဲတပ်ဖွဲ့တို့နဲ့အတူ ထမ်းဆောင်ပြီး ခေတ္တခဏ ပြန်လာကြသူများ ဖြစ်ကြောင်းအား ရဲတပ်ဖွဲ့ တာဝန်ရှိသူများအား ရှင်းပြပါသော်လည်း အခွင့်မပေးခဲ့ပါ။ ယခုအခါ ပသစ အဖွဲ့သည် မန္တလေးမှာ အကြမ်းဖက် နှိမ်နင်းရေးကို အောင်မြင်စွာ ရှေ့တန်းက ဆောင်ရွက်နေနိုင်မှုအပေါ် မုဒိတာစိတ် မထားနိုင်ဘဲ အငြိုးထား အရေးယူလာတာတွေ ခပ်စိပ်စိပ် တွေ့လာရပါတယ် အဘ။ လွန်ခဲ့သည့် ရက်ပိုင်းက ၃၅ လမ်း၊ ၇၇ လမ်းနဲ့ ၇၈ လမ်းမှာ ဘာအမှားမှ မကျူးလွန်တဲ့ ပသစ အဖွဲ့ဝင်ကို ရဲက လက်ထိပ်ခတ် ဖမ်းဆီးတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ အခုအခါ မန္တလေး ပသစ အဖွဲ့ဝင် တော်တော်များများက စိတ်ဓာတ်က ပျက်ပြားလျက်ရှိပြီး ဖျက်ပစ်တော့မယ်ဆိုတဲ့အထိဖြစ်နေပါတယ် အဘ” ပေါက်ကတုံးကလဲ သူ့ကောင်တွေ ပျောက်ဆုံး‌တော့ ကစ်ပြီ။ ကစ်ဆို သူလဲ ဝေစုလှူရန် လစ်သွားတာကိုး။ အဲတော့ တကွက်တော့ထုတ်ရှိုးတယ်။ “ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ ဓားပြမှုတွေ ဖြစ်တယ်။ တစ်ယောက်မှ မမိကြဘူး။ အရင်တခါ ဓားပြမှုတစ်ခု ဦးဇင်းဆီကို လာတယ်။ ကူညီပါဦးဆိုပြီ။ ဦးဇင်း ပြောလိုက်တာက ရှင်းရှင်းလေး၊ အောင်မြေသာစံခရိုင်က ရဲအုပ်မြတ်ကိုကိုတို့ကို မေးလိုက်၊ တိုင်းက လူတွေကို မေးလိုက်၊ အဲ့ဒီ ဓားပြမှုအတွက် လူတွေကို လိုက်မနေနဲ့လို့၊ အဲ့တာ ရဲထဲကလို့ ဦးဇင်း ပြောလိုက်တယ်။ ဝန်ထမ်းထဲကလို့ ဦးဇင်း ပြောလိုက်တယ်။ တပတ်လောက်ကြာတော့ အဲ့တာ (ရဲထဲကပဲ) တန်းမိတာပဲ။ ပုံစံအနေအထားကို ကြည့်လိုက်တယ်၊ လှုပ်ရှားမှု အနေအထားကို ကြည့်လိုက်တယ်၊ ခေါင်းဆောင်လာတဲ့သူရဲ့ အနေအထားကို ကြည့်လိုက်တယ်လေ”အင်း ပေါက်ကတုံးလဲ မကြာခင် ပျောက်ဆုံးနိုင်တယ်။ သူက အကုန်ဖော်နိုင်တာ ဆိုတော့ သူ့ပါးစပ်လေးကို တိပ်ကပ်ချင်သူက များလာပြီ။ခုက ဓားပြမှုမှာ စစ်ခွေး၊ ရဲခွေးနဲ့ ပျူခွေးတင်ထင်မနေနဲ့။ မီးသတ်ပါပါလာပြီနော်။ မီးခွေးတွေလဲရှိလာပြီ။ အုပ်ကြီးတွေကလဲ သူ့နည်းနဲ့သူ ဓားပြတိုက်တာဘဲ။ သူတို့ကတော့ မအလ အမိန့်တခု ထုတ်တိုင်း သောက်ပွဲ စားပွဲနဲ့တောင် ကြိုဆိုကြတာ။ စစ်‌ဥထမ်းအမိန့်ကတော့ သူတို့အတွက် ခွေးဘုရားပွဲ တွေ့တော့တာလေ။ မအလကို ခိုင်းစားလို့ရတာလဲ သူတို့ပဲရှိ မဟုတ်လား။ အုက်ကြီးတွေကလဲ မအလ အလွန်မှာ ခိုင်နေအောင်ဆိုပြီး ရပ်ရွာကို ချိုင်ကြတာပေါ့။ ‌မြို့နယ်ထွေအုပ်နဲ့ တပ်နယ်ကိုတော့ ခွဲတမ်းပို့ရတယ်။ အကုန်လုံးကတော့ ကိုယ့်ဂွင်နဲ့ ကိုယ်ပါဘဲ။ လဝကကလဲ သူ့အဆင်နဲ့ သူ့ဂွင်နဲ့။ စမတ်ကဒ်ဂွင်ပါထပ်ရတော့ ငြိမ်ပြီပေါ့။ပြည်သူကတော့ မီးဘေး၊ ရေဘေး၊ ခွေးသူခိုးဘေးတွေနဲ့ ပြေးစရာမြေပျောက် ဒုက္ခရောက်ပြီးရင်းရောက်နေရတာပ။ အလှည့်တော့ သေချာပေါက်ရှိပါတယ်လေ၊ တနေ့ပေါ့။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
သီအိုဇော် - ထပ်တူထပ်မျှ စဉ်းစားပေးသင့်သည့် ဦးနှောက်နှင့် နှလုံးသား
https://ift.tt/rEpG2ZY
Mediaသီအိုဇော် - ထပ်တူထပ်မျှ စဉ်းစားပေးသင့်သည့် ဦးနှောက်နှင့် နှလုံးသား(မိုးမခ) စက်တင်ဘာ ၁၉ ၊ ၂၀၂၄
ဖတ်လက်စ ဈေးကွက်သုတေသန ဆောင်းပါးကို သေချာအောင် နောက်‌တခေါက် ထပ်ဖတ်မိသည်။လက်ရှိ ဒေါ် လာဘီလီယံနှင့်ချီသည့် ဈေးကွက်တန်ဖိုးသည် မဝေးလှသည့်နှစ်များတွင် အဆပေါင်းများစွာ ပိုမိုရောင်းချလာနိုင်ရသည်ဟု တွက်ဆထားသည့် လူအများစုနှင့် မစိမ်းလှသည့် ဆေးဝါးပစ္စည်းတခုနှင့် ပတ်သက်သည်။တကယ်တော့လည်း ဆေးဟုသာ ဆိုရသည်၊ ဆရာဝန် ညွှန်ကြားချက်ဖြင့် ဝယ်ယူရသည့် ရောဂါကုထုံးများထဲတွင် ပါဝင်မနေသည့် ဖြည့်စွက်အာဟာရတမျိုးသာ ဖြစ်သည်။ သို့သော် သမားကိုင်ဆေးအဆင့် မရှိစေကာမူ၊ သုတေသန အထိုက်အလျောက် ပြုလုပ်ထားသည့် ထိုဆေးပစ္စည်းအကြောင်းကို ယခင်ကတည်းက ဖတ်ရှုထားဖူးသည်။ ဘေးထွက်ဆိုးကျိုး နည်းပါးသည်ဟု နားလည်ထားသည့် ထိုဆေးက ဦးနှောက်နှင့် နှလုံးအတွက် ကောင်းမွန် စေနိုင်သည် ဆိုသည့် အချက်များကို ထိုက်သင့်သလောက် တွေ့ရှိထားသည်။ သို့ရာတွင် ပြောခဲ့သလိုပင် ဆေးဝါးကုထုံး ညွှန်ကြားချက်များ စာရင်းထဲ ထည့်သွင်းရလောက်အောင်တော့ အချက်အလက် အားမကောင်းသေး။ထိုအချက်ကို သိသိကြီးနှင့်ပင် လူအများဝယ်ယူ သုံးစွဲကြစေဖို့ ဘယ်အရာက စေ့ဆော်ခဲ့သည်လည်း ဆိုတာကို ပြန်တွေးကြည့်မိတော့ လူသားတဦးအတွက် အရေးအကြီးဆုံးလို့ဟု ဆိုရမည့် ဦးနှောက်နှင့် နှလုံးကို အကျိုးပြု အကာအကွယ်ပေးစေနိုင်သည် ဆိုသည့် အညွှန်းကြောင့်ပင် ဖြစ်လိမ့်မည် ထင်သည်။မှန်ပါသည်။ လူ့ခန္ဓာကိုယ်တွင် ဘေးဥပဒ် မရောက်စေချင်ဆုံး အင်္ဂါအစိတ်အပိုင်းကို ပြပါဆိုလျှင် ဦးနှောက်နှင့် နှလုံးကိုပင် ရွေးချယ်ပြောကြမည် ဖြစ်သည်။ ယခု ရည်ညွှန်းနေသော ဆေးကဲ့သို့၊ ဦးနှောက်နှင့် နှလုံးရောဂါများကို အကာအကွယ်ပေးစေနိုင်သည့် အလားတူ ဖြည့်စွက်အာဟာရ ပစ္စည်းများကို လူလတ်ပိုင်းနှင့် အထူးသဖြင့် လူ ကြီးပိုင်းများက မျက်စိကျကြပြီး စမ်းသပ်သုံးစွဲလေ့ရှိကြသည်။ တချို့တတွေအတွက်တော့ ဆရာဝန် ညွှန်ကြားချက်ဖြင့် ဝယ်ယူသုံးစွဲရသည့် ဆေးဝါးများ ဖြစ်လိမ့်မည်။မည်သည့်ပုံစံနှင့် မှီဝဲနေကြရပါစေ၊ ရည်ရွယ်ချက်ကတော့ ကိုယ်တန်ဖိုးထားသည့် ဦးနှောက်နှင့် နှလုံးသားကို အကာအကွယ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မိသောကြောင့်ပင်။ ခန္ဓာကိုယ်တွင် အရေးအကြီးဆုံးဟု သဘောထားကြသည့် ဦးနှောက်နှင့် နှလုံးကို အတတ်နိုင်ဆုံး အကာအကွယ် ပေးလိုကြသေးသည်မှာ သဘာဝကျသည်ဟုလည်း ဆိုနိုင်သည်။ဤနေရာတွင် ရှေ့ဆက်ရမည့် အနာဂတ်ခရီးများစွာ ကျန်ရှိနေသေးသော မျိုးဆက်တခုအကြောင်း ထည့်ပြောချင်သည်။ သူတို့သည် ကိုယ့်အကျိုးသက်သက်သာ ကြည့်ပြီး လွယ်ကူသောလမ်းကို မလျှောက်ခဲ့ကြသူများလည်း ဖြစ်သည်။ သူတို့ချစ်မြတ်နိုးသည့်နိုင်ငံနှင့် တန်ဖိုးထားသည့် လူ့အဖွဲ့အစည်းအတွက် သူတို့အသက်ကို စွန့်လွှတ်ပေးနိုင်ရဖွယ် ရှိသည့်လမ်းကို ရွေးချယ်ဖို့ သူတို့ ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်သည်။သူတို့က နောင်လာမည့် မျိုးဆက်များအတွက် တောက်ပသည့် အနာဂတ်ကို ချန်ထားပေးချင်ကြသည်။လမ်းခရီး တဝက်မှာ သူရဲကောင်းများအဖြစ် ချန်ထားရစ်ခဲ့ရသူ ရဲဘော်ရဲဘက်များအား၊ တချိန်တွင် မမေ့မပျောက် မော်ကွန်း ကမ္ပည်းတင်နိုင်ဖို့ကလည်း ဤတိုက်ပွဲ နိုင်မှသာ ဖြစ်လိမ့်မည် ဆိုသည်ကို သူတို့ နားလည်သည်။ ထိုခံယူချက်များကို အခြေပြုကာ သူတို့အသက်နှင့်ရင်းပြီး တော်လှန်ရေး ဆင်နွှဲနေကြသည်။သူတို့ ရင်ဆိုင်နေရသည့် တိုက်ပွဲများအတွက် လိုအပ်ချက်များစွာ ရှိသော်လည်း၊ များများစားစား သူတို့ မတောင့်တကြ။ လူသားတိုင်း တန်ဖိုးထားကြသလို ဦးနှောက်နှင့် နှလုံးသားကိုတော့ သူတို့ ကာကွယ်လိုကြသည်။ သူတို့တတွေအတွက် ကျည်ကာဦးထုပ်၊ ကျည်ကာအင်္ကျီများ အမှန်တကယ် လိုအပ်သည် ဆိုသည်ကိုတော့ သိစေချင်ကြသည်။အထက်ကဆိုခဲ့သလိုပင် သူသူကိုယ်ကိုယ် မိမိ၏ဦးနှောက်နှင့် နှလုံးသားကို အကာအကွယ်ပေးနိုင်မည်ဟု ထင်မှတ်ရသည့် ဆေးဝါးနှင့် ဖြည့်စွက် အာဟာရများကို စူးစမ်းလိုကြသည်။မြန်မာ့လူ့အဖွဲ့အစည်းတွင်လည်း မခြားနား၊ ကိုယ်တိုင်သုံးစွဲနေကြသူ အမြောက်အမြား ရှိကြမှာ သေချာသည်။ မည်ရွေ့မည်မျှ အကာအကွယ်ပေးနိုင်မည်ကို ကံသေကံမ မပြောနိုင်သည့်တိုင် ဝယ်ယူသုံးစွဲမိကြသည်။ကျည်ကာဦးထုပ်၊ ကျည်ကာအင်္ကျီများကတော့ အတိုင်းအတာတခုအထိ ဦးနှောက်နှင့် နှလုံးသားကို အကာအကွယ်ပေးနိုင်မှာ သံသယရှိစရာမလို။ အသက်အန္တရာယ်ဘေးမှ လျော့နည်းစေနိုင်သည်နှင့်အမျှ သူတို့လေးတွေ အိမ်ပြန်လမ်းသို့ ဘေးကင်းလုံခြုံစွာ လျှောက်လှမ်း နိုင်ကြပေလိမ့်မည်။ဤသည်မှာလည်း သူတို့အပေါ်ထားရှိသည့် တော်လှန်ပြည်သူတရပ်လုံး၏ ဆန္ဒအမှန်ပင် ဖြစ်သည်။ယခုဆိုလျှင် ကျည်ကာဦးထုပ်၊ ကျည်ကာအင်္ကျီ ပရောဂျက်များတွင် တဦး တယောက်တည်း အနေဖြင့်သော် လည်းကောင်း၊ နီးစပ်သူများနှင့် ပူးပေါင်း၍သော် လည်းကောင်း၊ယုတ်စွအဆုံး ကိုယ် ပါဝင်နိုင်သမျှ ပမာဏဖြင့်ပင် ထောက်ပို့ပေးနိုင်သည့် အခွင့်အရေးများ ရရှိလာကြပြီ ဖြစ်သည်။တခါက ရေးခဲ့ဖူးသော ကဗျာတပိုဒ်ကို ပြန်အမှတ်ရမိသည်။ ‘အမှောင်ခေတ်ရဲ့ ည’ ဆိုသော မိုးမခကဗျာမှ ဖြစ်သည်။ ‘လုံလုံခြုံခြုံ အိပ်နေရတာကိုက မလုံမခြုံစိတ်တွေ ဖြစ်စေရတာပါ’ ဆိုသည့် ကဗျာစာသားများကို ပြန်သတိရသွားမိခြင်း…
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဒုက္ခသည်ကို လူပါးဝရင်း ကျဆုံးလာတဲ့ တပ်မတော်
https://ift.tt/1XBtJyW
Mediaကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဒုက္ခသည်ကို လူပါးဝရင်း ကျဆုံးလာတဲ့ တပ်မတော် (မိုးမခ) စက်တင်ဘာ ၁၉ ၊ ၂၀၂၄
"မနေ့က မြစ်သားကို ရောက်တော့ ရေဘေးသင့်ပြည်သူ ၂၀၀၀ လောက်ရှိတယ် ပြောတယ်။ အဲဒါ အရပ်ဝတ်တွေနဲ့ တပ်က လူတွေက ပစ္စည်းတွေကို သူတို့ဆီ အပ်။ သူတို့ကနေတဆင့် အကုန်လုံးဆီ ရောက်အောင် ဖြန့်ဝေပေးမယ် ပြောတယ်။ ပြည်သူ ၂၀၀၀ လောက်ဆီ သူတို့ ဖြန့်ပေးမယ်ပေါ့။ ဒီလိုပြောတာ။ အဲဒီလိုကြီးတော့ ကျနော်တို့လည်း မအပ်နိုင်ဘူးလေ။ သူတို့က လှူချင်ရင် သူတို့ဆီအပ်။ မလှူချင်ရင်လည်းနေ သဘောမျိုး ပြောလာတာ" "ထန်းတပင်နဲ့ ရေတာရှည်ကို သွားတဲ့အဖွဲ့တွေကို စစ်တပ်က တားတယ်။ ပစ္စည်းတွေ ပါလာရင် ထားခဲ့။ သူတို့ လှူပေးမယ်။ လှူချင်တဲ့နေရာတွေကို သွားလှူခွင့်မပေးဘူး။ နယ်မြေလုံခြုံရေး အကြောင်းပြတယ်။ ပြီးတော့ ပစ္စည်းတွေ ထားခဲ့ခိုင်းတယ်။  သူတို့ လှူပေးလိုက်မယ်ပဲ ပြောတယ်" စားနပ်ရိက္ခာများဆိုပါက စစ်တပ်က စစ်ဆေးပြီးမှသာ ရေဘေးသင့် ပြည်သူများထံသို့ ဖြန့်ဝေပေးမယ်၊ စားနပ်ရိက္ခာများကို စစ်တပ်ထံတွင် ထားရှိပြီး စစ်ဆေးခြင်းနှင့် ဖြန့်ဝေခြင်းကို တပ်အစီအစဉ်ဖြင့်သာ လုပ်ဆောင်မယ်လို့ အလှူရှင်များကို ပြောဆိုခဲ့တယ်။ “ဒီဘက် PDF စိုးမိုးနယ်မြေဖြစ်နေတာ့ တချို့အလှူရှင်က ဒီဘက်ကို ၀င်လာပြီး ပစ္စည်းပို့ချင်တာကို စစ်ကောင်စီဘက်က အဖြတ်မခံဘူး။ အဓိက ဆန်နဲ့ဆေးနဲ့ဆိုရင် လုံး၀အတင်မခံဘူး။ ကညွှတ်ကွင်း လမ်းကြောင်းဆိုရင် ဒီဘက်ထဲကို ကူညီကယ်ဆယ်ရေး လာဖို့ကို ခွင့်မပြုဘူး။ အခုဆိုရင် ကညင်တိုင်း၊ ဆေးရိုးကုန်း၊ သင်္ဘောကျွန်း ဆိုရင်လည်း မြုပ်သွားပြီ။ အဲတော့ ဒီလိုနေရာတွေကို ရိက္ခာတွေကို လှူတဲ့သူရှိပေမဲ့ စစ်ကောင်စီက ဖြတ်ခွင့်မပေးတဲ့အတွက် အဆင်မပြေဘူးဖြစ်နေတယ်”ရေဘေးသင့်သူတွေကို ရိက္ခာပို့ဖို့ လာတဲ့သူတွေကိုလည်း စစ်ကောင်စီရဲ့ ကညွှတ်ကွင်းအခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၄၃၉  တပ်စခန်းနဲ့ ဘန်းလောင်နဲ့ ဖြူးလမ်းကြောင်းပေါ်မှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်းက တားမြစ်ထားလို့  ပြန်လှည့်သွားခဲ့ရတယ်လို့ ကူညီပေးနေသူတွေက ဆိုပါတယ်။“စစ်တောင်းမြစ်ကမ်းဘေး ရွာတွေအကုန် ရေလွှမ်းနေတယ်။ ဒီနေ့ဆို ရေကြီးတာ ၄ ရက်မြောက်နေပြီ။ အိမ်အောက်ထပ်တွေ အကုန်မြုပ်နေတယ်။ တချို့တွေက ဘုန်းကြီးကျောင်းနဲ့ အိမ်အမြင့်တွေမှာ သွားနေကြတယ်။ လောလောဆယ် အသေအပျောက်တွေတော့ မကြားမိသေးဘူး။ စားဖို့နဲ့ သောက်သုံးရေ အခက်အခဲရှိတယ်”စစ်တောင်းမြစ်ကမ်းဘေးရှိ ရွာတွေဖြစ်တဲ့ ဘန်းလောင်၊ သင်္ဘောကျွန်း၊ လက်ပံတန်း၊ ကျောက်စောင်း၊ ကညင်ဒိုင်း၊ ဆေးရိုးကုန်း၊ ဇီးခုံ၊ နန္ဒမိတ်၊ ကိုင်းတဲစု၊ တဲစု ၊ မြောင်း၀လေး ၊ မြပဂိုး၊ မိဿလင် အစရှိတဲ့ ရွာပေါင်း သုံးဆယ်နီးပါး ရေဝင်နစ်မြုပ်နေတာလို့ ဆိုပါတယ်။ အဲဒီရွာတွေထဲက အနိမ့်ပိုင်းရွာတွေဖြစ်တဲ့ ကျောက်စောင်း၊ လက်ပံတန်း၊ ကိုင်းတဲစုနဲ့ သင်္ဘောကျွန်း စတဲ့ရွာတွေကတော့ ရေကြီးမှုကို ဆိုးဆိုးဝါးဝါး ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ လက်ရှိတပ်လုပ်ရေဘေးကို တပ်က ထပ်ဆင့်ဒုက္ခပေးတဲ့ သတင်းစကားတွေ။ဒါမျိုးတွေက နာဂစ်မှာ ကောင်းကောင်းကြုံခဲ့ပြီးပြီ။ ပြည်တွင်း ပြည်ပ ဘယ်သူ လှူတာကိုမှ တိုက်ရိုက်မလုပ်ရ၊ တပ်က လက်ခံပြီးဝေမယ်ဆို လုပ်တာ၊ တပ်ဂိုဒေါင်နဲ့ ဈေးမှန်သမျှဆီ အဲဒီပစ္စည်းတွေ ရောက်သွားတာဘဲ။ အဲဒီတုန်းက သီတဂူဆရာတော် အဲဒီမှာပဲ အထိုင်ချပြီးလုပ်ပေးတယ်။ ပြန်လာရင် ပြန်ဝင်ရခက်မှာစိုးလို့ရယ် တခြားသူတွေကို ကာဗာပေးချင်တာရယ်ကြောင့် ပြန်မလာဘဲ လုပ်နေတာ၊ သူ့ဒကာ ဒကာမတွေက ဦးဆောင်အလှူခံပြီး ပစ္စည်းငွေကြေး မနားတမ်းပို့ပေးကြတယ်။ စစ်တပ်က ဘာလို့တားမြစ်လဲဆိုတော့ အရင်းခံကိုက ပြည်သူအပေါ် မေတ္တာမဲ့တာရယ်၊ ခြေဥ အတည်ပြုချင်တဲ့ဟာ ရက်မ‌ရွှေ့ချင်တာရယ်ကြောင့် မုန်တိုင်းပြင်းအားကို အသိမပေးဘဲ ထိမ်ချန်ထားလို့ လူသိန်းချီ သေတဲ့ ထိခိုက်မှုကြီးကို ဖုံးကွယ်ချင်တာရယ်။ခုလဲ မုန်တိုင်းက တော်တော် အသိမပေးဘဲ ဆည်တံခါးတွေ ဖွင့်ချလို့ ရေနစ်မြုပ် သေဆုံးရတာတွေကို လူမသိစေချင်တာရယ်၊ ပြည်သူ့အပေါ်တော့ မေတ္တာရှိဖို့ထား ကိုယ်တိုင်တောင် မနေမနားလိုက်သတ်နေတာရယ်၊ ဒုက္ခသည်တွေကို စစ်သား စုဆောင်းချင်တာရယ်ကြောင့် ဘာဒုက္ခမှမဖြစ်သလိုမျိုး ချိုးနေတာ။ သေဆုံးပျက်စီးစာရင်းလဲ လိမ်ချင်သေးတာ။နောက်တခုက ရိက္ခာ၊ ရိက္ခာဖြတ်အုပ်ချင်တာ။ မဟုတ်လဲ ရွာတွေဝင် စစ်ကြောင်းထိုးတယ်ဆိုပြီး ဓားပြတိုက်နေကျ မဟုတ်လား။ ခု လာကူကြတာ စားစရာအပြင် ငွေပါပါတော့ အကြိုက်လေ။ ဘီလူး သရဲတွေ ပါးစပ်ဟစောင့်နေကြတာ။ နာဂစ်တုန်းက ဆယ်လီ ဆရာတော်တပါး ရှိတယ်။ ဓမ္မစေတီဦးကောသလ္လတဲ့။ အတော်ကို နာမည်ကြီး လျှမ်းလျှမ်းတောက်နေချိန်။ အိုင်ပက်နဲ့ သင်တန်းပေးတဲ့ ပုံစံဆန်ဆန် တရားစဟောတဲ့ပုဂ္ဂိုလ်။ တလောက ရေကူးကန်ရှိတဲ့ ကျောင်းတကျောင်း လိုင်းပေါ်ဟော့လာတယ်၊ အဲဒါ သူ့ကျောင်းလို့ ပြောကြရဲ့။ အဲဒီပုဂ္ဂိုလ်က အဲဒီတုန်းက စစ်တပ်က အလှူရှင်တွေကို တားတာ မဟုတ်ပါဘူးဆိုပြီး ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောတဲ့အပြင် သတင်းစာမှာတောင် ဆောင်းပါးရေးလိုက်သေးတာ။ သူ့အလှူကားတွေကိုတောင် စစ်သားတွေက ဘယ်လို ကူပါတယ် ဘာညာပေါ့လေ။…
ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA ရဲ့ စက်တင်ဘာ ၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်စာရဲ့ နောက်ခံအကြောင်းရင်းက ဘာလဲ
https://ift.tt/7SOpRsE
Media

⁨⁨⁨⁨မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၈ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၂၄⁨⁨⁨⁨⁨
ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA ရဲ့ စက်တင်ဘာ ၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်စာရဲ့ နောက်ခံအကြောင်းရင်းက ဘာလဲ
တရားဝင်အမည် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ရဲ့ စစ်ရေးကော်မတီက စက်တင်ဘာ ၄ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ “လတ်တလောနိုင်ငံတော် အခြေအနေနှင့်ပတ်သက်၍ ရပ်တည်ချက် ထုတ်ပြန်ခြင်း” ဆိုတဲ့ ထုတ်ပြန်ချက်က စက်တင်ဘာ ၁၈ ရက်နေ့ မှာ ကိုးကန့်လက်နက်ကိုင် အဖွဲ့ရဲ့ ဝါဒဖြန့်ဖေ့စ်ဘွတ်ပေ့ချ် ဖြစ်တဲ့ ကိုးကန့်သတင်းအေဂျင်စီက ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ကြေညာချက်ထဲမှာ အဓိက အချက်တွေကတော့ MNDAA အနေနဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး ဆိုတဲ့ နိုင်ငံရေး ရပ်တည်ချက်ကို လုံးဝ ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတဲ့ အချက်၊ အချို့ ယူဆသလို နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော် အာဏာကို လုယူခြင်း၊ လွတ်လပ်ရေး ရယူပြီး နိုင်ငံတော်အသစ် ထူထောင်ခြင်းများကို လုံးဝ ပြုလုပ်မှာမဟုတ်ဘူးလို့ ပထမဆုံး အနေနဲ့ ပြောဆိုထားတာတွေ့ရပါတယ်။

အဲဒီနောက် တရုတ်နိုင်ငံသို့မဟုတ် မြန်မာကို ဆန့်ကျင်သော နိုင်ငံခြား အသိုင်းအဝိုင်းများနှင့် မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟာမိတ်မဖွဲ့ခြင်း သည် MNDAA ရဲ့ နိုင်ငံရေး Redline (မကျော်ရမယ့် စည်း) အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပြီး NUG နဲ့ စစ်ရေး နိုင်ငံရေး ပူးပေါင်းပြီး စစ်မြေပြင်ချဲ့ထွင်ခြင်း၊ မန္တလေးနဲ့ တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝ ပြုလုပ်မည် မဟုတ်ဘဲ၊ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်လို့လည်း ဒုတိယအပိုဒ်မှာ ပါရှိပါတယ်။

အဲဒီနောက် အချက် ၃ အနေနဲ့ တရုတ်နိုင်ငံအနေဖြင့် လက်ရှိ တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြားဝင် စေ့စပ်ဖြေရှင်းပေးဖို့ အထူးမေတ္တာရပ်ခံအပ်ပါသည်။ MNDAA အနေဖြင့်လည်း ချက်ခြင်း အပစ်အခတ်ရပ်စဲပြီး တက်တက်ကြွကြွ ပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသော လမ်းစဥ်မဖြင့် အဖြေရှာ ဖြေရှင်းသွားမယ် လို့ ဖေါ်ပြထားတာတွေ့ရပါတယ်။

ဒီကြေညာချက်က တရုတ်နိုင်ငံရဲ့ ဖြစ်စေလိုတဲ့ လမ်းကြောင်း၊ ဖိအားပေးမှုတွေ ပါတယ်လို့ဆိုရင် ဘယ်သူမှ ငြင်းကြလိမ့်မယ် မထင်ပါဘူး။ တဖက်မှာလည်း ၁၀၂၇ စစ်ဆင်ရေးကို စပြီး တိုက်ခိုက်ခဲ့စဥ်က တရုတ်နိုင်ငံရဲ့ သဘောတူညီမှု ပါတယ်လို့ အချို့က ကောက်ချက်ချခဲ့ကြပြီး တိကျခိုင်မာတဲ့ အထောက်အထားတခုမှတော့ ပြသနိုင်တဲ့ အနေအထားမဟုတ်ပါဘူး။ ၁၀၂၇ စစ်ဆင်ရေးစတင်စဥ်က အဲဒီစစ်ဆင်ရေးရဲ့ ရည်မှန်းချက်ထဲ ထိုစဥ်က တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကိုးကန့်နယ်ထဲမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်ပြီး လုပ်ကိုင်ကြတဲ့ အွန်လိုင်းငွေလိမ်တဲ့ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းမယ်ဆိုတဲ့ အချက်ထည့်သွင်းထားပြီး တရုတ်နိုင်ငံရဲ့ လိုလားချက်ကို ဖြည့်ဆည်းပေးဖို့ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ ကျားဖြန့်နှိမ်နှင်းရေးကို ထည့်သွင်းထားခြင်းဟာ တရုတ်နိုင်ငံရဲ့ ထောက်ခံမှုကို မရှိမဖြစ် လိုအပ်တယ်ဆိုတာ ပြသခဲ့သလိုပဲ အခု ကြေညာချက်ကလည်း တရုတ်နိုင်ငံရဲ့ လိုလားချက်တွေနဲ့ သွေဖီတဲ့ လမ်းကြောင်းကို မရောက်အောင် ထိန်းသိမ်းပါမယ်၊ လျှောက်လှမ်းပါမယ်လို့ MNDAA အနေနဲ့ ကတိပေးလိုက်တဲ့ သဘောလို့ဆိုရင် မှားမယ် မထင်ပါဘူး။

နံပါတ်တစ် အချက်အနေနဲ့ “စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး” ဆိုတဲ့ ရည်မှန်းချက်ကို ပြောင်းလဲသွားမှာ မဟုတ်ကြောင်း ထပ်မံအာမခံချက်၊ ကွန်ဖက်ဒရေးရှင်း သို့မဟုတ် ဒိထက်ကျော်လွန်တဲ့ ရည်မှန်းချက်တွေ မရှိကြောင်း ထပ်မံအာမခံချက် တရုတ်နိုင်ငံကို သိစေတဲ့ သဘောဖြစ်ပြီး လက်ရှိ အနေအထားမှာတော့ ကိုးကန့်လက်နက်ကိုင် အဖွဲ့အနေနဲ့ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ နယ်မြေတွေက နကိုရည်မှန်းထားတဲ့ ပမာဏ အကျယ်အဝန်း၊ စစ်ရေး၊ စီးပွားရေးအရ အရေးပါတဲ့ အချက်အချာမြို့တွေကို ရရှိထားတာကြောင့် ဒီနယ်မြေတွေ ကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ စိတ်စောနေပြီး ဒါထက်ပိုပြီး အခြားရည်မှန်းချက် မရှိကြောင်း တကယ့်သဘောထားကို ထင်ဟပ်နေသလားဆိုတဲ့ ယူဆချက်တွေလည်း ပေါ်ထွက်နိုင်ပါတယ်။

ဒီနံပါတ် ၁ အချက် ပါစာပိုဒ်နဲ့ ထုတ်ပြန်ချက်ရဲ့ ခေါင်းစဥ်မှာပါတဲ့ “နိုင်ငံတော်” ဆိုတဲ့ စကားလုံးက ဘယ်နိုင်ငံတော် ကိုဆိုလို သလဲ ရည်ညွှန်းသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ မြန်မာနိုင်ငံတော်လို့ မသုံးနှုန်းထားပဲ နိုင်ငံတော်လို့သာ သုံးနှုန်းထားလို့ လက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံကို ဆိုလိုတယ်လို့တော့ မှန်းဆရပါတယ်။ နိုင်ငံတော် အာဏာကို လုယူခြင်းလို့လည်း စကားလုံး သုန်းနှုန်းထားတာ ဖြစ်လို့ လက်ရှိ စစ်ကောင်စီက ရယူထားတဲ့ မြန်မာနိုင်ငံရဲ့ အာဏာကို ရည်ရွယ် ပြောဆိုတာလို့ ယူဆရပါတယ်။

နံပါတ် ၂ အချက်ဖြစ်တဲ့ တရုတ်သို့မဟုတ် မြန်မာကို ဆန့်ကျင်သော နိုင်ငံခြား အသိုင်းအဝိုင်းများနှင့် မပူးပေါင်းခြင်း…
ကြည်နိုင် - သယံဇာတ ကျိန်စာ
https://ift.tt/OmxqVbH
Mediaကြည်နိုင် - သယံဇာတ ကျိန်စာ(မိုးမခ) စက်တင်ဘာ ၂၀ ၊ ၂၀၂၄
 ၁။  မုန်တိုင်းမိုး၊ အငြိုးတကြီး ရွာချ      တောင်ကျရေ ဒလဟော ဆင်း       အလုံးအရင်းနဲ့ ဗြုန်းစားကြီး ရောက်လာ၊     ဗလာလက်နဲ့ အသက်ကို ဖက်နဲ့ထုပ်       ကုပ်တွယ်တက် မီရာဆွဲ       မျောက်လွှဲကျော် အလား       ဒရောသောပါး       လွှားကနဲ အိမ်ခေါင်ထက်ပေါ်၊      သစ်ပင်ပေါ်။ 
 ၂။  အဟုန်ပြင်း ရေစီးထဲ       ကျွဲ နွားလည်း မျော       ခွေးသေကောင် ပေါလော       ဒိုက်သရောထဲ       လူလည်း ရေဆိုင်ဝဲမှာ။ 
 ၃။  ပြည်အလုံး       မီးအုံးသည့် ကြိမ်ပမာ       အပူနာကို ရေလွှမ်းတော့       မငြိမ်းဘဲ မွန်းနစ်ပြန်       အဆန်ခရီးကြား       အသက်များ ယက်သဲ့တင်။  ၄။  ဆည်တွေ ကျိုးသတဲ့လား       ရွာလုံးကုန် မြုပ်သွားပေါ့၊      ဟန့်တား ကြိုတင် မပြင်ဆင်နိုင်မီ       ရာသီက ဆောင့်       အနှောင့်အသွား       ကပ်သုံးပါးဘေး ကြုံကြရ။ 
 ၅။  မြွေ ကင်း အန္တရာယ်       အသွယ်သွယ် လှိုင်းလေကြား       စွန့်စားလို့ တက်သုတ်နှင်လာ       ရဟတ်ယာဉ် ပေလား၊      စက်လှေကလေးသာ။ 
 ၆။  " ကယ်ကြပါ၊ ကယ်ကြပါ         ဒီမှာပါ၊ ဒီမှာပါ ၊        လာပြီ လာပြီ၊ မငိုနဲ့လေ လာပြီ "      တစာစာ ခေါ်သံပေး၊      အပြန် အလှန် ဟစ်အော်သံပေး၊      အပြေးအလွှား ရောက်လာ ကယ်       အားငယ်သူကို ဖေးမ၊ ယိုင်းပင်း       အချင်းချင်း စာနာထောက်ထား       လူပီသ သူများ။ 
 ၇။  ဘုံဓမ္မတာမှာ       နာဂစ်က တစ်မျိုး၊ ရာဂီက တစ်ဖန်       သဘာဝ ဘေးဒဏ်       ကံကြမ္မာကို ခါးစီး ရုန်းကန်ရင်း       လောကဓံ စစ်တလင်းထဲ       ဘဝတိုက်ပွဲ ဆင်နွှဲကြရ။ 
 ၈။  ကြွယ်ဝ သတဲ့လား       အိုဘယ့် သယံဇာတ       ဘနဖူး သိုက်တူးကြနဲ့       လောဘတက် ဖျက်ဆီး       တောင်တွေကို ပေါင်မုန့်လှီး၊      မြစ်ကြီးလည်း အဆိပ်သင့်       လင့်စင် ကားရား၊ စာမနား။ 
 ၉။  ဟိုက တစ်မျိုး၊ သည်က တစ်ဖုံ       ခြေကုန်သုတ်၊ လက်ကုန်နှိုက်       အမိုက်ဇာတ် ခင်းကြတော့       မြေတွင်းပြို ပိကျ ၊      အောက်ခြေက မြေစာပင်တွေသာ       အခါခါ ပျက်သုဉ်း       မဆုံးနိုင် သံသရာ။ 
 ၁၀။  တချို့က - ကံကို ယိုးမယ်ဖွဲ့        တချို့က - မာန်ကို တိုးနယ်ချဲ့        တချို့က - ဉာဏ်ကို ကိုးကွယ်ရဲ့။ 
 ၁၁။  အဆိုးနယ်ရဲ့ ဇာစ်မြစ်        ဖွေလှစ်လို့ ငဲ့စောင်း        အကြောင်းကြောင့် အကျိုးထင်        မှတ်ကျောက်တိုက် ခုံတင်။  ၁၂။  သမိုင်းဘီး အလျဥ်ကို မှောက်လှန်        နောက်ပြန် တုံ့ဆွဲ        ခေတ်ထဲက စနစ်၊       ဖွပ်သထက် ညစ်ဆဲ        သူပဲ လက်သည် အစစ်အမှန်        " တစ်နေ့တစ်လံ ပုဂံ ဘယ်ပြေးမလဲ "       တို့နားထဲ စွဲနေတဲ့ ဆိုရိုး        အဆိုးနွံထဲက ခေါင်းမတ်ထောင် ၊       ဇွဲမာန်ကို        လက်ဖွဲ့လို ကြိုးကျစ်ဆောင်        ရောင်နီကြိုစို့၊ ဖော်ချင်းတို့။  ။                                 ကြည်နိုင် ၁၉၊ ၉၊ ၂၀၂၄

Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar
ဖက်ဒရယ်ပြည်ထောင်စုအိပ်မက် အကောင်အထည်ဖော်နိုင်ဖို့ရာမှာ
https://ift.tt/xvwekPt
Mediaမြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၉ မြင်ကွင်း(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၂၄⁨⁨⁨⁨⁨
ဖက်ဒရယ်ပြည်ထောင်စုအိပ်မက် အကောင်အထည်ဖော်နိုင်ဖို့ရာမှာ စစ်အာဏာရှင်ခေတ် ကျော်လွန်ပြီးနောက် ထူထောင်ကြမယ့် ပြည်ထောင်စုမြန်မာနိုင်ငံကို အမျိုးမျိုး ခေါ်ဝေါ် အဓိပ္ပာယ်ဖွင့် ခေါ်ဆိုကြရာမှာ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စသဖြင့် ရှေ့စကားလုံး ဖက်ဒရယ် သို့မဟုတ် ဒီမိုကရေစီ အထားအသို ကိစ္စကို စစ်အာဏာမသိမ်းမီကျင်းပခဲ့တဲ့ ပင်လုံငြိမ်းချမ်းရေးညီလာခံ ကာလတွေမှာ ဆွေးနွေးငြင်းခုံခဲ့ကြတာ ဖြစ်သလို ဖက်ဒရယ်ကိုလည်း စစ်မှန်သော ဆိုတဲ့ နာမဝိသေသ ထပ်ခံရတဲ့အနေအထားအထိ ခေတ်အဆက်ဆက် သမိုင်းသင်ခန်းစာတွေက တဖွဲ့နဲ့ တဖွဲ့ မယုံကြည်မှုတွေ အတိုင်းအတာတခုထိ ရှိခဲ့ကြတယ် ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ၁၉၆၂ စစ်အာဏာသိမ်းမှုမတိုင်ခင် ဖက်ဒရယ် အရေး ဆွေးနွေးမှုတွေ အရှိန်ကောင်းခဲ့ရာက ဖက်ဒရယ်မူ ဆိုတာကို ခွဲထွက်ရေးမူအဖြစ် နေဝင်းဦးဆောင်တဲ့ စစ်တပ်က အဓိပ္ပာယ်ဖွင့်ဆို ဝါဒဖြန့်ကာ စစ်အာဏာသိမ်းမှုရဲ့ အကြောင်းပြချက်နဲ့ ဆင်ခြေအဖြစ် အသုံးချခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးခါစ နှစ်ကာလတွေမှာ ပြည်ထောင်စု အစိုးရနဲ့ တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တွေအကြား ဖက်ဒရယ်စနစ်နဲ့ပတ်သက်လို့ ဆွေးနွေးခြင်း မရှိခဲ့ကြပဲ လွတ်လပ်ခါစ မြန်မာနိုင်ငံမှာ တန်းတူညီမျှ အခွင့်အရေး ရရှိလိမ့်မယ်လို့ တိုင်းရင်းသား နယ်မြေဒေသတွေက နိုင်ငံရေး ခေါင်းဆောင်အတော်များများက ယုံကြည်ကာ ခရီးဆက်ခဲ့ကြပါတယ်။ သို့ပေမယ့် ၁၉၅၈ ခုနှစ် တခုထည်းသော အင်အားကောင်းတဲ့ နိုင်ငံရေး အဖွဲ့အစည်းကြီးက ပေါ်ထွက်လာတဲ့ ဖဆပလ ပါတီ အုပ်စုအကွဲမှာ စစ်တပ်က အာဏာသိမ်းဖို့ ကြံစည်မှုကို လမ်းကြောင်းလွှဲတဲ့အနေနဲ့ စစ်တပ်ကို အိမ်စောင့်အစိုးရ အမည်နဲ့ အုပ်ချုပ်စေခဲ့တဲ့နောက်မှာ ဖက်ဒရယ်စနစ် အရေးကြီးပုံကို ပိုမိုသတိမူမိလာခဲ့ကြပြီး ရွေးကောက်ခံ အစိုးရပြန်အာဏာရလာချိန် ၁၉၆၀ ခုနှစ်နောက်ပိုင်း တိုင်းရင်းသားနယ်မြေဒေသတွေက နိုင်ငံရေးသမား၊ ခေါင်းဆောင်တွေအကြား ဖက်ဒရယ်စနစ် ထူထောင်ရေး ဆွေးနွေးမှုက အရှိန်မြင့်တက်လာပြီး လွတ်လပ်ရေးမရယူမီ တောင်တန်းဒေသတိုင်းရင်းသား ခေါင်းဆောင်တွေကို ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုခဲ့တဲ့ ကတိစကားဖြစ်တဲ့ ၁၀ နှစ်ပြည်ထောင်စုထဲ အတူနေထိုင်ကြပြီး ၁၀နှစ်ကျော်တဲ့အခါ မိမိတို့ သဘောဆန္ဒအရ ဆုံးဖြတ်ဖို့ ဆိုတဲ့ကတိကြောင့်လည်း ၁၉၆၀ ကျော်မှာ ဖက်ဒရယ်အရေး ဆွေးနွေးမှုတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။ သို့ပေမဲ့ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့အတူ တိုင်းရင်းသားနိုင်ငံရေး ခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းခံရ၊ အချို့လည်း လက်နက်ကိုင်အဖွဲ့အဖြစ် ထူထောင်ကာ အာဏာသိမ်း တော်လှန်ရေးကောင်စီကို လက်နက်ကိုင် တိုက်ခိုက်ကြပြီး ဆယ်စုနှစ် ၂ ခုကျော်ကြာခဲ့တဲ့ တော်လှန်ရေးကောင်စီ နဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ် ပါတီလို့ အမည်ပေးခဲ့တဲ့ စစ်အာဏာရှင် တပါတီခေတ် တလျှောက် ဖက်ဒရယ် ဆိုတဲ့ စကားလုံးကိုတောင် သုံးစွဲခွင့် မရခဲ့ကြတဲ့ အနေအထားဖြစ်ပါတယ်။ တဖန် မဆလ အာဏာရှင် ခေတ်ကနေ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းတယ်ဆိုကာ စစ်တပ်က နောက်တက်မယ့် စစ်ဗိုလ်ချုပ်တွေလက်ထဲ အာဏာလက်လွှဲပေးခဲ့ပြီးနောက် ဗိုလ်ချုပ်စောမောင် နဲ့ နောက် နှစ် ၂၀ နီးပါး ဆက်လက်အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်သန်းရွှေတို့လက်ထက်မှာလည်း ဖက်ဒရယ်ဆိုတာ တားမြစ်ထားတဲ့ စကားလုံး ဖြစ်ခဲ့ပြန်ပါတယ်။ ဖက်ဒရယ် ဆိုတဲ့ စကားလုံးကို လူထုကြားထဲ ပြန်လည်ဆွေးနွေးပြောဆိုနိုင်ကြတဲ့ ကာလက ၂၀၁၁ ခုနှစ်နောက်ပိုင်း  လက်နက်ကိုင် အဖွဲ့အချို့နဲ့ အပစ်ရပ် သဘောတူစာချုပ်တွေ ချုပ်ဆိုကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်လာကြတဲ့ ကာလမှသာ ဖြစ်ပါတယ်။ စစ်တပ်ခေါင်းဆောင်တွေက လုပ်တဲ့ ပြုပြင်ပြောင်းလဲရေး၊ အသွင်ကူးပြောင်းရေးကာလမှာ ဖက်ဒရယ်ရဲ့ အဓိပ္ပာယ်ကို ပြန်လည်ဖွင့်ဆို ဆွေးနွေးလာကြရာက ဖက်ဒရယ်စနစ်က လူထုကြားထဲ ရောက်ရှိခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာတော့ ဖက်ဒရယ် ဆိုတဲ့ စကားလုံးက ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့ပြီး စစ်အာဏာရှင်စနစ် ဖြုတ်ချရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး ဆိုတဲ့ဆီ အများစုဦးတည် လျှောက်လှမ်းခဲ့ကြတယ်လို့ ယေဘုယျ ဆိုနိုင်ပါတယ်။ သို့ပေမယ့် လက်နက်ကိုင် တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး ၃ နှစ်ခွဲကျော် ကြာလာချိန် ၂၀၂၄ မှာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးစုတန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာဟာ အားလုံးရဲ့ ဘုံ ရည်မှန်းချက် ဖြစ်နေသေးရဲ့လား ဆိုတဲ့ မေးခွန်းလည်း မေးရမယ့် မေးခွန်းတခု မေးသင့်တဲ့မေးခွန်းတခု ဖြစ်လာပါတော့တယ်။ တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အသီးသီးက ၄င်းတို့ အင်အားနဲ့ စစ်ကောင်စီတပ်တွေ စခန်းတွေ ကိုတိုက်ခိုက် အနိုင်ယူပြီးတဲ့နောက် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ဖို့ ဆန္ဒရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလည်း ရှိသလို ဖက်ဒရယ်ထက်လွန်တဲ့ ကွန်ဖက်ဒရိတ်…
အောင်မြင့်ဦး(မန္တလေး) - အထက်မြန်မာနိုင်ငံစာရေးဆရာအသင်း
https://ift.tt/VaqM5iN
Mediaအောင်မြင့်ဦး(မန္တလေး) - အထက်မြန်မာနိုင်ငံစာရေးဆရာအသင်း(မိုးမခ) စက်တင်ဘာ ၂၀ ၊ ၂၀၂၄
မြန်မာနိုင်ငံစာရေးဆရာအသင်းကြီးကို ရန်ကုန်မြို့တွင် ၁၉၃၇ ခုနှစ်ခန့်က တည်ထောင်ခဲ့သည်။ ဥက္ကဋ္ဌမှာ ဒီးဒုတ်ဦးဘချို ဖြစ်သည်။ ထို့နောက် ကမ္ဘာစစ်ကြီး ဖြစ်ပွားနေချိန်တွင် စာရေးဆရာများ နေထိုင်စားသောက်ရေးနှင့် လွတ်လပ်စွာ ရေးသားနိုင်ခွင့်၊ ထုတ်ဝေနိုင်ခွင့်များကို ရှေးရှု၍ ၁၉၄၂ ခုနှစ်၊ ဂျပန်ဝင်ပြီးစမှာပင် စာရေးဆရာအသင်းကို ပြန်လည်ဖွဲ့စည်းကြပြန်သည်။ ထိုနှစ်မှာပင် မန္တလေးမြို့ကို ဗဟိုထား၍ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းကို ဖွဲ့စည်းခဲ့သည်။ စစ်ကြီးအတွင်း အကြောင်းအမျိုးမျိုးကြောင့် အသင်းသား ဦးရေမှာ များလိုက် နည်းလိုက်၊ ညီညွတ်မှုမှာလည်း ကောင်းလိုက်၊ မကောင်းလိုက်နှင့် ရှိခဲ့ပေသည်။၁၃ဝ၆ ခု၊ ဝါဆိုလဆုတ် ၁၅ ရက်၊ ၁၉ ဇူလိုင် ၁၉၄၄ တွင် မန္တလေးမြို့ အာဠဝီစီလမ်း၊ မန္တလေးသူရိယ သတင်းစာတိုက်တွင် အထက်မြန်မာနိုင်ငံဆိုင်ရာ စာရေးဆရာများ၏ အစည်းအဝေးကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံစာရေးဆရာအသင်းကြီး ဖြစ်ပေါ်လာပုံ ရည်ရွယ်ချက်၊ စည်းမျဉ်းဥပဒေနှင့် ဆောင်ရွက်ချက်တို့ကို မြန်မာနိုင်ငံစာရေးဆရာအသင်း အဝေးရောက်အမှုဆောင် ကြီးပွားရေးဦးလှ (လူထုဦးလှ)က အကျယ်ဟောပြောခဲ့သည်။ ထို့နောက် အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းအတွက် နာယကလူကြီးများအဖြစ် သစ်တောဝန်ထောက်ဟောင်း ဦးမောင်မောင်ကျော်၊ သာသနာရေးညွှန်ကြားရေးဝန် ဦးချင်း၊ မန္တလေးသူရိယသတင်းစာ အယ်ဒီတာချုပ် ဦးခင်မောင်၊ အမှုဆောင်ဥက္ကဋ္ဌ ဦးကိုလေး (ဇေယျာ မောင်)၊ အတွင်းရေးမှူး သူရိယဦးသန်းမောင်၊ စာရင်းစစ်နဂါးနီ ဦးမောင်မောင်၊ အဖွဲ့ဝင်အဖြစ် တိုင်းချစ်ဦးသိန်းဖေ စသူတို့အား ရွေးကောက်တင်မြှောက်ပြီး စစ်ကိုင်းတောင်ရိုးတွင် ရောက်ရှိနေသည့် ဆရာမြမျိုးလွင်နှင့် မန်ကျည်းတုံရွာတွင်နေသော စာရေးဆရာကြီး ရွှေဥဒေါင်းတို့အား အထူးအကြံပေးပုဂ္ဂိုလ်များအဖြစ် တာဝန်များ ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။အင်္ဂလိပ် ပြန်ဝင်လာ၍ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ခေတ်က အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းကို စာရေးဆရာ မြမျိုးလွင်၊ လူထုဦးလှ လူထုဒေါ်အမာ၊ အမ်အေဒေါ်အုန်း၊ ဒေါ်မာလာ စသော ပုဂ္ဂိုလ်များက ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။ ထိုစာရေးဆရာအသင်းတွင် ဥက္ကဋ္ဌ မြမျိုးလွင်၊ အတွင်းရေးမှူး လူထုဒေါ်အမာတို့ ဦးဆောင်ခဲ့ကြသည်။ သို့ရာတွင် စာရေးဆရာအသင်းစာပေလှုပ်ရှားမှုများ မရှိခဲ့ပေ။၁၉၅၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် မန္တလေးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း (၈၄-လမ်း) ပွဲထိုင် ကိတ်မုန့်တိုက်အပေါ် ထပ်တွင် အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း ပြန်လည် ဖွဲ့စည်း ရေး အစည်းအဝေးကို ကျင်းပခဲ့သည်။ အစည်းအဝေးတွင် သဘာပတိအဖြစ် လူထုဦးလှ၊ အခမ်းအနားမှူးအဖြစ် ရဲဘော်နေအောင်တို့က ဆောင်ရွက်ပြီး၊ အသင်းကြီးကို ပြန်လည်ဖွဲ့စည်းရန် အထူးလိုအပ်ကြောင်း၊ အကျယ်တဝင့် ပြောကြားပြီးနေက် အစည်းအဝေး တက်ရောက်လာသူ စာရေးဆရာ ဆရာမများ၊ သတင်းထောက် သတင်းစာဆရာများ၊ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများနှင့် စာပေဝါသနာရှင် အရပ်သူ အရပ်သား လူပေါင်း ၆ဝ ၏ သဘောထားဆန္ဒကို တောင်းခံခဲ့ရာ ပုဂ္ဂိုလ်အသီးသီးတို့က အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း ဖွဲ့စည်းတည်ရှိသင့်ကြောင်း အကြံဉာဏ်ပေး၍ အများ သဘောတူဆန္ဒအရ အသင်းကြီးကို ပြန်လည်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် အသင်းကြီး၏ နာယက လူကြီးများနှင့် အလုပ်အမှုဆောင်များကို အများသဘောတူဆန္ဒအရ ရွေးချယ် တင်မြှောက်ခဲ့ရာ ဥက္ကဋ္ဌအဖြစ် လူထုဦးလှ၊ ဒုတိယဥက္ကဋ္ဌမှာ စာရေးဆရာ ဒေါ်မာလာ၊ အတွင်းရေးမှူး ရဲဘော်နေအောင်၊ နာယကများအဖြစ် ဆရာမြမျိုးလွင်၊ ဦးတိုးအောင် (ကုသ)၊ ရွှေပြည်ဦးဘတင်၊ ဦးမောင်မောင်ကျော်၊ မြန်မာ့လမ်းစဉ် ဦးစိန်ဝင်း၊ အမ်အေဒေါ်အုန်း တို့ဖြစ်သည်။ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင် အစည်းအဝေးကို ၁၉၅ဝ ပြည့်နှစ်၊ နိုဝင်ဘာ ၇ ရက်တွင် လက်ဆည်ကန်ရပ်ရှိ စာရေးဆရာအသင်းတိုက်တွင် ကျင်းပပြီး ဆုံးဖြတ်ချက် ၃ ရပ် ချမှတ်ခဲ့သည်။ (၁) စာဆိုတော်နေ့ စာစောင်ထုတ်ဝေရေး၊ (၂) စာဆိုတော်နေ့ ပြဇာတ်တွင် ပါဝင်ကူညီရေး၊ (၃) စာဆိုတော်နေ့ စာပေပြိုင်ပွဲတွင် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုများကို ပထမဆု ၅၀ ကျပ်တန်၊ ဒုတိယဆု ၂၅ ကျပ်တန်များကို ချီးမြှင့်မည်ဖြစ်ပြီး ဆုချမည့် ပုဂ္ဂိုလ်များမှာ လူထုဒေါ်အမာ၊ မခင်မကြီး (ပတ္တမြားခင်)၊ ဦးနေဝင်း (ရဲထွန်းလင်း) တို့ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။၁၉၅ဝ ပြည့်နှစ် ဒီဇင်ဘာ ၁ဝ ရက်နေ့တွင် အသင်း၏ လှုပ်ရှားမှုအဖြစ် “စာဆိုတော်စာစောင်”ကို  ထုတ်ဝေဖြန့်ချိခဲ့သည်။ ထိုစာစောင်တွင် အတိုင်ပင်ခံစာတည်းမှာ လူထုဦးလှ ဖြစ်၍ တာဝန်ခံစာတည်းမှာ ရဲဘော်နေအောင် ဖြစ်သည်။ အသင်းကြီးက နတ်တော်လဆန်း ၁ ရက်နေ့ကို “စာဆိုတော်နေ့ အဖြစ် သတ်မှတ်ပြီး၊ မြန်မာစာဆိုတော်ကြီးမြဝတီမင်းကြီး အတ္ထုပ္ပတ္တိ'ကို သတင်းထောက်များ၊ သတင်းစာဆရာများ၊ စာရေးဆရာ ဆရာမများ ပါဝင်ပြီး ပြဇာတ်အဖြစ် မစိုးရိမ်ရုံကြီးတွင် ကပြခဲ့ကြသည်။ ပြဇာတ်ကြီးကို ၁၉၅ဝ ပြည့်နှစ် ဒီဇင်ဘာ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကပြခဲ့ခြင်း ဖြစ်သည်။၁၉၅၁…
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မြနန္ဒာက မြနန္ဒာကို မလာတော့ဘူးလား
https://ift.tt/jVisvRe
Mediaကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မြနန္ဒာက မြနန္ဒာကို မလာတော့ဘူးလား (မိုးမခ) စက်တင်ဘာ ၂၁ ၊ ၂၀၂၄
ငယုတ် လွှမ်းမိုးမှု‌ရော၊ တရုတ် လွှမ်းမိုးမှုရော၊ ရေလွှမ်းမိုးမှုရော တပြိုင်နက် ကြုံနေရတဲ့ ထူးခြားတိုင်းပြည်လေးပါ။မြနန္ဒာအေးအောင်ကတော့ ကြားဝင်ရှုပ်တာ မဟုတ်ပါဘူးလို့ တရုတ်သံရုံး စာထုတ်အပြီး သူ့စာထပ်တင်လိုက်တာကတော့ တရုတ်မ လိမ်နေတာလို့ တဖက်လှည့်နဲ့ ထုတ်ပြောတာပါဘဲ။ မန်းနဲ့တောင်ကြီးက သူ့ဂွင်မဟုတ်တော့ တမင် မလာပါဘူးလုပ်တာ။ သူကလဲ ထည့်ချက်ကြီးကြီးနော်။ ကိုယ်တိုင်မဆင်းဘဲ တောင်ကြီးတက် မန်းလေးဆင်းမယ့်သူတွေကို လက်ဆောင်ထည့်ပေးလိုက်ရုံပါဘဲ။ နုကြည်နဲ့တော့ ခပ်စိမ်းစိမ်းပဲ နေပါ့မယ်ပေါ့လေ။ လင်မယား ရန်ဖြစ်ထားကြသလား၊ နိုင်ငံရေးတွေပဲလားတော့ မသိဘူး‌။ နုကြည် မထိနဲ့တွေတော့ ကြိတ်ခံရတာပ။ နုကြည်လဲ မေဒိကန်မြေနင်းနင်းပြီး တရုတ်ရဲ့ ပေါ်လစီသာ ထိုင်ဝမ် သောက်မြင်ကတ်ခံ ထုတ်ပြန်ပေးလိုက်ရတာ ရင်းစားတောင် ပြန်မရ ဖြစ်သွားတာပေါ့။မအေဘေး အရှုပ်ထက် မလျော့တာကတော့ ကေပေးငယုတ်။ KBZ Pay အကောင့်အသုံးပြုပြီး ရေဘေးအတွက် အလှူငွေ လွှဲပြောင်းပေးချေသူတွေ အကောင့်အပိတ်ခံရတဲ့အတွက် အလှူငွေတွေ သွင်းမရ၊ ထုတ်မရ ဖြစ်နေတယ်လို့ ကိုယ်တိုင်ကြုံနေရသူတွေက RFA ကို စက်တင်ဘာလ ၁၇ ရက် ဒီနေ့မှာ ပြောပါတယ်တဲ့။ KBZ Pay ကတဆင့် ငွေလွှဲပြောင်းတဲ့အခါ မှတ်ချက်နေရာမှာ ရေဘေးကူညီရေးအတွက်လို့ ရေးသားပေးပို့ လွှဲပြောင်းပေမဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အကောင့်ကို ယာယီပိတ်ထားကြောင်း အကြောင်းပြန်စာတွေ လက်ခံရရှိခဲ့တာတဲ့။ “ကျွန်မက ရေဘေးမှာ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့လုပ်နေတာပါ၊ အဲဒီမှာ ရေဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီကို ကိုယ်တိုင်မသွားနိုင်ကြလို့ ကျွန်မကို ယုံကြည်တဲ့သူတွေကတစ်ဆင့် ကူညီပေးဖို့ဆိုပြီး လှမ်းငွေလွဲကြတာ၊ မှတ်ချက်ပေးရမယ် note နေရာမှာလည်း ရေဘေးအတွက်လို့ပဲ ရေးပြီးပို့ကြတာပါ။ အဲဒါကို ကျွန်မအကောင့် မနေ့က ပိတ်ခံလိုက်ရတယ်။ အကောင့်ထဲမှာ သိန်းခုနစ်ဆယ်ကျော်လောက် ရှိတယ်။ ဆက်ပြီး လက်ခံလို့လည်း မရတော့သလို၊ ကျွန်မအကောင့်ကနေ တခြားအကောင့်ကိုလည်း ပြန်လွှဲပေးလို့မရတော့ဘူး”တပ်မတော်ကြီးနဲ့ မြနန္ဒာတို့ တရုတ် ကြောက်ရသလို KBZလဲ မအလ ကြောက်ရရှာမှာပေါ့လေ။အိမ်နီးချင်းတွေကတော့ တယောက် တမျိုး မရိုးစေရဘဲ။ ကုလားတရုတ်တွေ၊ ပါးပါးရော၊ ထူထူရော ပုတ်နေကြတာနော်။ တရုတ်က သူ့ဂိတ်တွေ အကုန်ပိတ်ဖြဲသလို ကုလားကလဲ အားကျမခံ အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၂)  ရိခေါ်ဒါရ် - ရိဒ်- ဇိုခေါ်ဒါရ် ကုန်သွယ်ရေး တံတားကို အိန္ဒိယဘက်က ပိတ်ထားတာ အချိန်နှစ်လကျော်ကြာလာတာမို့ စားနပ်ရိက္ခာ အခက်အခဲဖြစ်လာတယ်။ရိခေါ်ဒါရ်မြို့မှာ နေထိုင်သူတွေဂာ မီဇိုရမ်ပြည်နယ်ဘက်နေ ဆန်၊ ဆီ၊ ဆား၊ ငါးပိကို အဓိက ဝယ်ယူနေကြရတာပါ။ စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ဆို့မှုနဲ့ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲကြောင့် မြန်မာပြည်မဘက်ကနေလာတဲ့ ကုန်ပစ္စည်းတွေကို ဈေးကြီးပေးဝယ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အိန္ဒိယဘက်ကနေ ကုန်ပစ္စည်းဝယ်ယူ တင်သွင်းခွင့် မပြုတာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတယ်လို့ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်တဲ့ဗျ။ "မြန်မာဘက်ကို ဘာပစ္စည်းမှ သယ်မရဘူး။ ပစ္စည်းမပြောနဲ့ ကြွပ်ကြွပ်အိတ် တစ်အိတ် ယူရင်တောင် ဂိတ်မှာ Report (အစီရင်ခံစာ) တင်ရတဲ့အထိ ဖြစ်သွားတာ။ အဲဒီလောက် တင်းကျပ်လိုက်တယ်။ ဒီဘက်မှာတော့ မြန်မာကလာတဲ့ ကုန်စိမ်းတွေ မရတော့ဘူး။ ရိဒ်ဘက်ကတော့ မီဇိုရမ်ဘက်နေ ဆန်တို့ ဆီတို့ ဝယ်မရတော့ တော်တော်ခက်ခဲတယ်။ ပစ္စည်းရှားတဲ့အပြင် ကုန်ဈေးနှုန်းလည်း အဆမတန် တက်နေတယ်” စကားမစပ် ဟိုအကောင်မအလက မိုးကြီးမှာကို သတိမထားမိလို့ ဆုံးရှုံးမှုတွေများရသလေးဘာလေးနဲ့ဖောနေတာကြားရတော့ DSAက မိုးလေဝသပညာရောသင်ပေးလိုက်သလားသိချင်လာတယ်။အာဏာသိမ်းပြီး တရုတ်သတင်းစာနဲ့ တွေ့တုန်းကလည်း ဒီလောက် ဆန္ဒပြကြမယ်၊ ပီဒက်တွေပေါ်လာမယ် မထင်ဘူး ဆိုတာလေးတောင် ပြန်ကြားယောင်မိ။ ခပ်တည်တည်နဲ့ တနေရာ နှစ်နာရီလောက် သွားသွားဖောနေတာ ပြီးရင် မထင်လိုက်တာနဲ့ မသိလိုက်တာနဲ့ မတွေးထားဘူးနဲ့ချည်းပဲ၊ ဘာမှမယ်မယ်ရရ သိတာမရှိဘဲ တိုင်းပြည်က တက်အုပ်ချုပ်ချင်သေးတာ။ သူ့တပ် မပျက် ဘယ်တပ်ပျက်မလဲ။ 


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လူလို့ သိမှတ်ခံချင်တဲ့ ဘီလူး
https://ift.tt/XNZTvRK
Mediaကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လူလို့ သိမှတ်ခံချင်တဲ့ ဘီလူး (မိုးမခ) စက်တင်ဘာ ၂၁ ၊ ၂၀၂၄ ။
ကျော်ကြီးတို့ကတော့ လုပ်ပြီ။မုန်တိုင်းအဝင့် ရေတံခါးအဖွင့်နဲ့ စစ်ဘေးသင့်သူ မီးသင့်သူတွေကို ဝါးကူလို့နှစ် ဒုက္ခပင်လယ်ထဲနစ်တော့မှ ငတို့သာအသိုးရလို့ ကမ္ဘာက သိစေ့မယ်တဲ့။ ဘယ်လို သိစေမှာလဲ ဆိုတော့ နိုင်ငံတကာကိုချိတ်ဆက် အကူတောင်း လူသားစာနာပစ္စည်းတွေ ဒို့လေဆိပ်က စောင့်ချောင်းရိုက်ပြီး တိုက်တိုက်တွန်းတွန်းနဲ့ သိုက်သိုက်ဝန်းဝန်း လုပ်ပြလိုက်ရင် ငတို့သာ အစိုးရဆိုတာ သိကြရပြီပေါ့တဲ့။ အပေါ်ကနေ ဒုက္ခကျောက်မောင်းဆင်ပြီး လူထု ပေါ်လိမ့်ချ ကူသူတွေ လာတော့မှ ခြေမကိုင်မိ လက်မကိုင်မိ လုပ်ပြမယ့် ဖဲသုံးချပ်အကွက်။ လက်တွေ့မှာ သူ့ကောင်တွေက လာကူတဲ့သူတွေကိုတား၊ ငါတို့ ဝေပေးမယ်ထားခဲ့ဆိုပြီး ရိက္ခာတွေဖြတ်စား‌တဲ့ သတင်းတွေက တက်နေပြီ။ ကူဖို့များ စိတ်ကူးထဲတောင် မထားဘူးဆိုတဲ့သူတွေ၊ သူတပါးကို ကူညီဖို့ ခုနစ်ဘဝ ဝေးတဲ့သူတွေချည်းလေ။ သူများပစ္စည်း လက်လွှဲကူတာတောင် ဖြောင့်ဖြောင့်တန်းတန်း လှူဒါန်းဖူးသူတွေ မဟုတ်။ ဖြတ်အုပ် အမြတ်ထုတ် ဓာတ်ပုံရိုက်ခံ၊ အစွယ်လဲ မကွယ်နိုင်တဲ့ ရုပ်ခံတွေနဲ့ဆိုတော့ ပြည်သူမလဲ သူတို့မို့မြင်ရရင် ဒို့တွေကို ရေနှစ်သတ်မယ့်အာဠာဝကတွေ လာပြီလို့ ခံစားမိပြီးသား။ မနက် အမှုစစ်တဲ့ပုလိပ်က ညက မျက်နှာဖုံးစွပ် ဓားပြမှန်း အသံကြားတာနဲ့ သိပြီးသား။ ယူအန်တကာ နိုင်ငံတကာကလဲ တရာဖိုးကျွေး တဆယ်ဖိုးလေးပဲပြည်သူ စားရစားရ ဆိုတဲ့စိတ်နဲ့ သူခိုးလက် ဝကွက်အပ်ကြတဲ့ အထာကို ကျော်ကြီးက သိပြီးသား။ နိုင်ငံတကာမိခင်စိတ်ကို ကျော်ကြီးတို့ ဘီလူးမတသိုက်က နောကျေပြီးသားဆိုတော့ ဒုက္ခသည် ကိုယ့်ပြည်သူကို ဒုက္ခလှလှ ပြန်ပေးပြလိုက်တာနဲ့ ဘယ်လိုဖြစ်ဖြစ် မိခင်စိတ်ရှိသူက ပစ်မထား အကူအညီပေးကြမှာလေ။ ဒီသားတရားစီရင်ခန်းက ကျော်ကြီးတို့ တပ်မတော် ကနေကျဇာတ်။ အကြမ်းဖက်စစ်ခေါင်းဆောင် သရေကြိုးက ရေကြီးရေလျှံမှုကြောင့် ပြည်ပနိုင်ငံတွေက ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်နိုင်မယ်ဆိုရင်  အမေရိကန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံကြီးတွေ နိုင်ငံတကာ အသိအမှတ်ပြုမှုတွေနဲ့ တရားဝင် အစိုးရဖြစ်မှုကို သက်သေပြသနိုင်တယ်လို့ ညွှန်ကြားထားသတဲ့။ သူ့ကို ဒီဂွင်အသုံးချဖို့ သူ့အကြံပေးဘောပွတ်အုပ်စုက တွက်ထားသတဲ့။ အဲဒီမှာ ရေတံခါးတွေကို ကြိုတင်အသိမပေးဘဲ မုန်တိုင်းနဲ့ရော ဖွင့်ချတာလေ။ လေမုန်တိုင်းသာ ပညာရှင်တွေက သိတာ၊ သိလို့ ဘယ်နေ့ ဘယ်မှာ ဘယ်လောက်ဝင်မယ်ဆိုတာ ကြေညာပြီးသား။ အဲဒါနဲ့တော့ ဒီလောက် ဒုက္ခမရောက်။ မြန်မာ့စစ်တပ် စိတ်မုန်တိုင်းတော့ ဘယ်သူမှ မခန့်မှန်းနိုင်ဘူးလေ။ လူတွေ သိနိုင်တဲ့ နယ်ပယ်အတွင်းမှာကို မရှိတော့ ဘယ်သိနိုင်မလဲ။ လူ့လောကမှာ ဘယ်အစိုးရမှ ကိုယ့်ပြည်သူကို ညှဉ်းဆဲသတ်ဖြတ်ဖို့ အချိန်ပြည့် ကြံဆလုပ်ကိုင်နေတာမျိုးက မရှိသေးဘူး မဟုတ်လား။ စစ်တပ်ဟာ နိုင်ငံတကာအသိအမှတ်အပြုခံရဖို့ မဟာအကြံဆိုးနဲ့ ရေတံခါးတွေ ချိုးချပြီး ရေဘေးသင့်အောင်လုပ်တာမျိုးကို ဘယ်သူမှ သတိမပေးနိုင် မတားဆီးနိုင်ဘူးလေ။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
မြန်မာနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားတွေ အပေါ် မလိုလားတဲ့ သဘောထား မြင့်တက်လာ
https://ift.tt/QDsp5bk
Media

⁨⁨⁨⁨မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၀ မြင်ကွင်း(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၂၄⁨⁨⁨⁨⁨
မြန်မာနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားတွေ အပေါ် မလိုလားတဲ့ သဘောထား မြင့်တက်လာ

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သား တရားဝင် ကိန်းဂဏန်းအရ ၂ သန်းရှိပြီး တရားမဝင် နေထိုင်လုပ်ကိုင်နေကြတဲ့ အရေအတွက်က တရားဝင်အရေအတွက် ထက်ပိုများနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အချို့ခန့်မှန်းတဲ့ ကိန်းဂဏန်းက စုစုပေါင်း ရွှေ့ပြောင်းလုပ်သား ၅ သန်းကနေ ၆ သန်းလောက်ထိ ရှိလိမ့်မယ်လို့ မှန်းဆကြတာလည်း တွေ့ရပါတယ်။ မြန်မာ ရွှေ့ပြောင်း လုပ်သားအပြင် အလည်အပတ် ဗီဇာ၊ ပညာရေးဗီဇာ၊ အခြေခံပညာကျောင်းထားပြီး မိဘအုပ်ထိန်းသူ အဖြစ်နဲ့နေထိုင်တာ၊ အသက် ၅၀ ကျော် ပင်စင်စားဗီဇာ စသဖြင့် တရားဝင် ဗီဇာနဲ့ နေထိုင်နေကြသူတွေလည်း သိန်းဂဏန်းအထိ ရှိနေလိမ့်မယ်လို့ခန့်မှန်းကြပါတယ်။

အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ နိုင်ငံရေးသဘောထားကွဲလွဲသူတွေကို ဖမ်းဆီးထောင်ချတာတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေ၊ ပြည်တွင်းမှာ စစ်ပွဲတွေ ကျယ်ပြန့်လာပြီးနောက် စစ်ဘေးအန္တရာယ် ကို ထိုင်းနိုင်ငံကို တိမ်းရှောင်လာသူတွေ တစတစ များပြားလာနေပြီး မဲဆောက်၊ ဘန်ကောက်၊ ချင်းမိုင်၊ မဲဟောင်ဆောင်း နဲ့ အခြားမြို့တွေ နယ်တွေ အသီးသီးမှာ မြန်မာနိုင်ငံသားတွေ အများအပြား လုပ်ကိုင်နေထိုင်လာကြတာ ဖြစ်ပါတယ်။

မကြာသေးခင်က ထိုင်းနိုင်ငံတောင်ပိုင်းမှာ ကျောင်းသား ၉၀၀ ကျော်ရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ သားသမီးတွေ ပညာသင်တဲ့ မေတ္တာရိပ် စာသင်ကျောင်း အပါအဝင် စုစုပေါင်း ကျောင်း ၆ ကျောင်းကို ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတာကြောင့် ဆိုပြီး ထိုင်းအစိုးရအာဏာပိုင်တွေက ပိတ်သိမ်းခိုင်းခဲ့ပါတယ်။ ဒီလို ပိတ်သိမ်းခိုင်းဖို့ ဖြစ်လာတဲ့ အကြောင်းခံတွေအနက် ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ မြန်မာနိုင်ငံတော် သီချင်းကို အဆိုပါ မေတ္တာရိပ်ကျောင်းမှာ သီဆိုနေတဲ့ ဗီဒီယိုဖိုင်က အခုလို ပိတ်သိမ်းတဲ့ အထိတွန်းအားတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ အချို့က ဆိုကြပါတယ်။ မေတ္တာရိပ် စာသင်ကျောင်းက ကျောင်းသားတွေ အနေနဲ့ ထိုင်းနိုင်ငံတော် သီချင်းကိုလည်း သီဆိုရသလို မြန်မာနိုင်ငံတော် သီချင်းကိုလည်း နေ့စဥ် သီဆိုရတဲ့ သဘောမျိုးလို့ ယူဆရပြီး ထိုင်းနိုင်ငံသားအချို့ရဲ့အမြင်မှာ ထိုင်းနိုင်ငံထဲက စာသင်ကျောင်းအနေနဲ့ မြန်မာနိုင်ငံတော် သီချင်းကို ဆိုစေတာကို လက်မခံနိုင်ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်နဲ့ ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ မြန်မာရွှေ့ပြောင်း လုပ်သားတွေအပေါ် ကန့်သတ်ချက်တွေ ထပ်မံတိုးမြှင့်စေဖို့ ထိုင်းနိုင်ငံက အဖွဲ့အစည်းအချို့က ဆန္ဒပြတဲ့ အကြောင်းတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ရွှေ့ပြောင်း လုပ်သားတွေအနေနဲ့ ထိုင်းနိုင်ငံထဲမှာ ကိုယ်ဝန်ရှိတဲ့အခါ မြန်မာနိုင်ငံကို ပြန်စေဖို့၊ ရွှေ့ပြောင်းလုပ်သား ဗီဇာကို ရက် ၉၀ ထက်မကျော်လွန်စေပဲ ရက် ၉၀ ပြည့်ရင် မိခင်နိုင်ငံပြန်ပြီး ပြန်လျှောက်ထားကာ ဝင်ရောက်စေဖို့ စတဲ့ နှိုးဆော်ချက်တွေနဲ့ ထိုင်းအစိုးရကို တိုက်တွန်းခဲ့ကြပါတယ်။

မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံ စီးပွားရေးအတွက် လိုအပ်တဲ့ အောက်ခြေသိမ်း အလုပ်အကိုင်တွေကို လုပ်ကိုင်ခြင်းအားဖြင့် ထိုင်းနိုင်ငံအတွက်လည်း လုပ်သားရှားပါးမှု၊ လုပ်အားခ စျေးသက်သာစွာ အလုပ်စေခိုင်းနိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိတာဟာ မငြင်းနိုင်တဲ့ အကြောင်းတချက် ဖြစ်ပါတယ်။ တဖက်မှာလည်း မြန်မာရွှေ့ပြောင်း လုပ်သားတွေက ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်ခွင့်ရှိတဲ့ အလုပ်အကိုင် ၈ မျိုးထဲက အချို့ကို တရားမဝင် လုပ်ကိုင်တာမျိုးတွေ၊ ရာဇဝတ်မှုကျူးလွန်မှုလိုမျိုးတွေ ကြားသိလာရတဲ့ဆီကနေ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အပေါ် ကန့်သတ်ချက်တွေ ထပ်မံတိုးမြှင့်ဖို့ လှုံ့ဆော်တဲ့ အမြင်တွေ လုပ်ဆောင်မှုတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

မကြာသေးခင်က ထိုင်းဒေသ အာဏာပိုင်တွေက ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်အချို့ ထပ်မံထွက်ပေါ်လာရာမှာ ဘန်ကောက်မြို့တော် မှာ လမ်းဘေးဈေးသည်အဖြစ် ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်ခွင့် ရှိကြောင်း၊ လမ်းဘေးဈေးရောင်းတဲ့ အကူအနေနဲ့လည်း ရွှေ့ပြောင်းလုပ်သားတွေကို ငှားရမ်းခွင့် မရှိကြောင်း အမိန့်ကို မကြာခင် ဘန်ကောက်မြို့တော်ဝန်က လက်မှတ်ထိုးအတည်ပြုဖွယ် ရှိတယ်လို့ ဆိုပါတယ်။

နောက် ကန့်သတ်ချက်တခုကတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ အုတ်စီတဲ့ အလုပ်၊ ပန်းရံအချောကိုင်တဲ့ အလုပ်တွေကို စေခိုင်းမယ်ဆိုရင် အလုပ်ရှင်က သက်ဆိုင်ရာ အာဏာပိုင်တွေထံမှ ခွင့်ပြုချက် ရယူလျှောက်ထားပြီး ခွင့်ပြုချက်ရမှ စေခိုင်းရမယ် ဆိုတဲ့ ကန့်သတ်ချက်ဖြစ်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အုတ်စီတာ၊ အင်္ဂတေ အချောကိုင် တာမျိုးကို အတိုင်းအတာတခုထိ ကျွမ်းကျင်တဲ့ အလုပ်အမျိုးအစားအဖြစ် သတ်မှတ်တဲ့ သဘောနဲ့ ထိုင်းလူမျိုးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း အကာအကွယ်ပေးတဲ့ သဘောလို့ မှတ်ယူကောင်း မှတ်ယူနိုင်ပြီး…
ကောင်းဇေလူ - မြန်မာ့အရေး - ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၀င် နိုင်ငံကြီးကိုယ်တိုင် စစ်ရာဇ၀တ်မှု ကျူးလွန်နေပြီလား
https://ift.tt/JAfkWvT
Mediaကောင်းဇေလူ - မြန်မာ့အရေး - ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၀င် နိုင်ငံကြီးကိုယ်တိုင် စစ်ရာဇ၀တ်မှု ကျူးလွန်နေပြီလား(မိုးမခ) စက်တင်ဘာ ၂၂ ၊ ၂၀၂၄
အခုတလော မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ လက်ရဲဇက်ရဲစွက်ဖက်မှုတွေက အတော် တရားလွန်နေတာတွေ့ရတယ်။ နွေဦးတော်လှန်ရေး ဘက်တော်သားတွေအနေနဲ့ ရှေးကထက်ပိုပြီး ညီညွတ်ကြဖို့နဲ့ ပိုပြီးဇွဲရှိကြဖို့ တရုတ်က တပ်လှန့်နေပြီလို့ သဘောထားကြရပေလိမ့်မယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးလို့  ကြိမ်ဖန်များစွာ  ပြောနေပေမယ့် လက်တွေ့လုပ်ရပ်တွေကတော့ ဆန့်ကျင်ဖက် ဖြစ်နေတာ မြင်နေရတယ်။ မကြာသေးခင်ကပဲ TNLA အနေနဲ့ တိုက်ပွဲတွေ ချက်ချင်းမရပ်ဘူးဆိုရင် တရုတ်က ကြောက်ရွံ့ကျိုးနွံသွားအောင် ဆုံးမသွန်သင်ခြင်းနည်းလမ်းတွေကို ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး ဖြစ်ပေါ်လာတဲ့ အကျိုးဆက်အားလုံးကို TNLA က တာဝန်ယူရမယ်လို့လည်း ခြိမ်းခြောက်စာပေးပို့ခဲ့ပါသေးတယ်။တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်နေမှုတွေကို ဆန့်ကျင်ပြီး ပြည်ပအင်အားစုတွေက မြန်မာနိုင်ငံပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုတွေကို ဆန့်ကျင်တယ်လို့လည်း ဆိုတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ချစ်ကြည်ရေးမူဝါဒဟာ "ပြည်သူတစ်ရပ်လုံးကို မျက်နှာမူတယ်လို့ဆိုတယ်။ ဒါပေမယ့် လက်တွေ့မှာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျေးရွာတွေကို  ဗုံးကြဲ မီးရှို့စသဖြင့် စစ်ရာဇ၀တ်မှုတွေ ကျူးလွနေတဲ့ မင်းအောင်လှိုင်ဘက်ကို မျက်နှာမူနေတာတွေ့ရတယ်။ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေဘက် ကိုိုအမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့နဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့ တရုတ်က တိုက်တွန်းနေပေမယ့်၊ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့ မင်းအောင်လှိုင်တပ်တွေကိုတော့  အကြမ်းဖက်လူသတ်မီးရှိုနေတာ ရပ်ဖို့ နှုတ်ဆိတ်နေတာ တွေ့ရတယ်။ တရုတ်စီမံကိန်းတွေနဲ့ သူတို့နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တရုတ် သံအမတ်ကြီး မစ္စ မာကျားတို့က စစ်ကောင်စီခေါင်းဆောင်တွေကို ဩဂုတ်လထဲမှာ သုံးကြိမ်တိုင်တိုင် ပြောဆိုခဲ့ပေမယ့် စစ်ရေးပစ်မှတ် မဟုတ်တဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုမှုမလုပ်ဖို့ တရုတ်အနေနဲ့ မပြောခဲ့ဘူး။ ကရင်နီဒေသမှာ စာသင်ကျောင်းတွေနဲ့ ဒုက္ခသည်စခန်းတွေအပေါ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအနေနဲ့ ထိထိရောက်ရောက်ကာကွယ်ပေးဖို့ ကရင်နီလူငယ်ကျောင်းဆရာ၊ ဆရာမတွေက တောင်းဆိုခဲ့တာ သတိပြုမိတယ်။မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၅,၃၅၀ ထက်မနည်း သေဆုံးခဲ့ပြီး ၃.၃ သန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကာ၊ စစ်ရေးပဋိပက္ခတွေကြောင့် လူဦးရေထက်ဝက်ကျော်ဟာလည်း ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်ထက် နိမ့်ကျပြီး နေထိုင်နေကြရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး က စက်တင်ဘာ ၁၇ ရက်နေ့က သတင်းထုတ်ပြန်ထားတာတွေ့ရတယ်။ အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ပြင်းထန်စွာချိုးဖောက်ကျူးလွန်မှုမှာ တာဝန်ရှိသူတွေအနေနဲ့ တာဝန်ခံကြရမှာ ဖြစ်ကြောင်းနဲ့ ဒီအပြုအမူတွေကို ရှင်းရှင်းလင်းလင်းဖော်ထုတ်ပြီး ဟန့်တားဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၀င်ဖြစ်တဲ့ အိမ်နီးချင်း တရုတ်ကတော့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်နေတာကို မမြင်ဟန်ပြုနေတာကတော့ အံ့သြစရာကောင်းပါတယ်။ကရင်ပြည်နယ်အတွင်းမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေက လစဉ်ပုံမှန်လိုရှိနေပြီး ၂၀၂၄ ခုနှစ်ထဲမှာတော့ စစ်ဘေးရှောင်လူဦးရေသိန်းနဲ့ချီတိုးလာနေရာမှာ အခုဆိုရင် ကရင်ပြည်နယ်ထဲမှာ စစ်ဘေးရှောင်သူ တသန်းနှစ်သိန်းကျော်ထိ ရှိလာပြီလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောကြောင်း VOA ကဖေါ် ပြပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ မြန်မာနိုင်ငံရဲ့လူဦးရေ ၃ ပုံတပုံဖြစ်တဲ့ ၁၈.၆ သန်းဟာ လူသားချင်းစာနာထောက်ထားမှု အကူညီတွေလိုအပ်နေတယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)ကပြောပါတယ်။ ဒီထဲက အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာသင်ကြားမှု အခွင့်အရေးဆုံးရှုံးမှု၊ စားနပ်ရိက္ခာမဖူလုံမှု၊ အာဟာရချို့တဲ့မှု၊ အတင်းအကြပ် လူစုဆောင်းမှု၊ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေအပါဝင် အကာကွယ်မဲ့မှုတွေကို ကလေး ၆ သန်းက ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။ဒီလို ပြည်သူတွေ စစ်ဘေးဒဏ်သင့်အောင် အာဏာလု စစ်တပ်က လုပ်ခဲ့တာကို သိသာထင်ရှားနေပါလျှက်နဲ့ အဲဒီအကြမ်းဖက်စစ်တက်ကို တရုတ်က ဆက်လက်ထောက်ခံပံ့ပိုးနေတယ်။          ဒါကြေင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ချစ်ကြည်ရေးမူဝါဒဟာ "ပြည်သူတစ်ရပ်လုံး"ကို မျက်နှာမူတယ်လို့ဆိုတာဟာ မျက်နှာပြောင်တိုက်ပြီး မုသားစကားပြော…
ရေဘေး နဲ့ စစ်ဘေးနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအကျိုးဆက်တွေ
https://ift.tt/Jgcfm8s
Mediaမြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၁ မြင်ကွင်း(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၄⁨⁨⁨⁨⁨⁨
ရေဘေး နဲ့ စစ်ဘေးနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအကျိုးဆက်တွေယခု စက်တင်ဘာလထဲမှာ မြန်မာနိုင်ငံအနှံ့အပြားလို့ ဆိုရလောက်အောင် ပြည်နယ်တိုင်းဒေသတွေ ၅ ခုထက်မနည်းက မြို့တွေရွာတွေမှာ ရုတ်တရက် တောင်ကျရေကျရောက်ပြီး မျောပါကာ အသက်ဆုံးရှုံးရတာ၊  ရေကြီးနစ်မြုပ်ပြီး အသက်သေဆုံးမှုနဲ့ နေအိမ်၊ ကျွဲနွား၊ စိုက်ပျိုးထားတဲ့ လယ်၊ ယာတွေဆုံးရှုံးတဲ့ အဖြစ်အပျက်တွေ ရက်ပိုင်းတင်မကပဲ သီတင်းပတ်ချီ ဖြစ်ပွားနေပြီး လူရာနဲ့ချီ အသက်ဆုံးရှုံးကာ ပျောက်ဆုံးနေသူတွေလည်းရှိနေကြတာ ဖြစ်ပါတယ်။ ကျယ်ပြန့်တဲ့ ဒေသ၊ မြစ်တွေချောင်းတွေနဲ့ ထိစပ်နေတဲ့ ကျေးရွာတွေ မြို့တွေမှာ ရေရုတ်တရက် မြင့်တက်လာတာ ပြင်းထန်တဲ့ အရှိန်အဟုန်နဲ့ တောင်ကျရေကျပြီး သိမ်းကျုံးတိုက်စားကာ နေအိမ်၊ လူနဲ့ ကျွဲနွားတွေ မျောပါသေဆုံးရတဲ့ အဖြစ်အပျက်မျိုး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားတာ မြန်မာနိုင်ငံအဖို့ အခုတကြိမ်ဟာ ပထမဆုံးဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ယခင်က ဖြစ်ပျက်ဖူးပေမယ့် ကျယ်ပြန့်တဲ့ ဒေသအတိုင်းအတာနဲ့ ဖြစ်ပွားတာမျိုး မရှိခဲ့ပါဘူး။ ဒီဖြစ်ပွားမှုတွေကို လေ့လာကြည့်တဲ့အခါ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးထားတဲ့ နေရာဒေသတွေလိုမျိုးမှာ ပိုမိုထိခိုက် ဆုံးရှုံးကြရတဲ့ အထောက်အထားတွေလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။ သစ်တောတွေ ပြုန်းတီးတဲ့ အနေအထားရောက် အောင် ထုတ်လုပ်ထားကြတဲ့ ဒေသတွေက မြို့တွေ၊ ရွာတွေ၊ ရွှေ၊ သတ္တု စတဲ့ သယံဇာတတွေ အလွန်အကျွံထုတ်လုပ်ဖို့ရာ တောတွေခုတ်ထွင်ပြီး မြေတွေ တူးထားတဲ့ ဒေသတွေ၊ မြို့ရွာဖေါ်ထုတ်ရာမှာ ရေကြီးမြေပြိုနိုင်တဲ့ အနေအထားမျိုး ထည့်သွင်းတွက်ချက်ခြင်း မရှိပဲ နေရာချထားတဲ့ နေရာတွေမှာ ပိုမိုပြီး လူ့အသက်ဆုံးရှုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှု ပိုများတာတွေ့ရတာပါ။ ဥပမာအားဖြင့် ရမည်းသင်းမြို့နယ်ထဲက မိုးထိ မိုးမိဒေသမှာ ရေကြီး၊ တောင်ကျရေကျတဲ့ ဖြစ်ရပ်မှာ လူအသက်ဆုံးရှုံးမှု အများဆုံးတွေ့ရမှာဖြစ်ပါတယ်။ ရွှေရှာဖို့ရာ သဘာဝ တောတွေကို ခုတ်ထွင်ပြီး မြေတွေကို တူးကာ တနေရာမှ တနေရာရွှေ့ပြောင်းပြီး ရွှေမျောထုတ်လုပ်တဲ့ ဒေသဖြစ်သလို မြစ်ဝှမ်းလွင်ပြင်လို ဒေသမဟုတ်ပဲ တောင်တွေ ကုန်းတွေနဲ့ ဒေသဖြစ်တာကလည်း ဒီဒေသမှာ အသက်မွေးဝမ်းကျောင်းမှု အတွက် လာရောက်နေထိုင်ကြသူတွေ၊ နကိုကတည်းက စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ပြီး နေထိုင်ကြတဲ့ ဒေသခံ တွေအတွက် အန္တရာယ်ပိုမိုကျရောက်စေတဲ့ အကြောင်းဖြစ်စေခဲ့ပါတယ်။ ရွှေထုတ်လုပ်တဲ့ လုပ်ငန်းဖြစ်လို့ အလုပ်သမား အများအပြားလိုအပ်ပြီး နကိုထက် လူဦးရေထူထပ်လာခြင်းကလည်း သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ အသက်ဆုံးရှုံးမှု များစေတာ ဖြစ်ပါတယ်။ အလားတူ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း နဲ့ ကရင်နီဒေသတို့မှာလည်း သစ်တောပြုန်းတီးမှုက အခုလို မုန်တိုင်းအကြွင်းအကျန် နဲ့ မိုးသည်းထန်စွာရွာသွန်းမှုကနေ မကြုံဖူးတဲ့ရေဘေး အန္တရာယ်အဖြစ်ကို ပြောင်းလဲ ကျရောက်စေတာ ဖြစ်ပါတယ်။ ယခင် စစ်အစိုးရလက်ထက်တွေကတည်းက ဆယ်စုနှစ်နဲ့ချီ သစ်အလွန်အကျွံ ထုတ်လုပ်မှု၊ သယံဇာတ အလွန်အကျွံထုတ်လုပ်မှုတွေက အခုလို သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာပိုမို ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း သယံဇာတ အလွန်အကျွံထုတ်လုပ်မှုတွေ၊ သစ်ထုတ်လုပ်မှုတွေ မြန်မာနိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတာပါ။  သာဓက အားဖြင့် ပြရရင် ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တဖက်မှာ လက်နက်ကိုင် တိုက်ပွဲတွေ ပြင်းပြင်ထန်ထန် ဖြစ်ပွားနေသည့်တိုင် တရားဥပဒေ စိုးမိုးမှုမရှိတော့တဲ့ အခြေအနေအောက်မှာ ကျောက်စိမ်းတူးဖော်တာတွေ တလျှောက်လုံး ဖြစ်ပွားနေပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ပတ်သက်လို့ ထိန်းကွပ်မှုတွေ မရှိတော့တဲ့ အနေအထားရောက်ရှိနေသလို၊ စစ်ကိုင်းတိုင်း အလောင်းတော် ကဿပ ဘေးမဲ့ သစ်တောကြိုးဝိုင်းဒေသလိုမျိုးမှာလည်း တရားမဝင် သစ်ထုတ်လုပ်မှုတွေ ဘယ်တုန်းကနဲ့မှ မတူအောင် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက ဧရာဝတီ မြစ်၊ ချင်းတွင်းမြစ်တကြောမှာလည်း ရွှေမျောလုပ်ငန်းတွေ ဘယ်တုန်းကနဲ့မှ မတူအောင် များပြားလာတဲ့ အနေအထားတွေလည်း သတင်းတွေထဲ တစွန်းတစ ကြားသိကြရမှာ ဖြစ်ပါတယ်။ ဒီကာလမှာ သဘာဝ ပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိုတဲ့ တိုက်တွန်းနှိုးဆော်မှုတွေက ခေတ်နဲ့ မဆီလျော်သလို ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ အဖွဲ့အစည်းတွေရဲ့ ရံပုံငွေ၊ ခြစားမှု၊ လက်နက်ကိုင် ပဋိပက္ခမှာ လိုအပ်တဲ့ ရန်ပုံငွေ ရရှိဖို့ အရေးကိစ္စတွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုတွေကို ဖုံးလွှမ်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီလို ဖြစ်စဥ်တွေ၊ ဖြစ်ရပ်တွေရဲ့ အကျိုးဆက်အနေနဲ့ အခုလိုရေဘေးအန္တရာယ် ကျရောက်တဲ့အခါ အသက်ဆုံးရှုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု များပြားကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ကျရောက်နေဆဲ ရေဘေးအန္တရာယ်ကို လူထုအချင်းချင်း ကူညီဖေးမကြ ကူညီကြပေမယ့် နောက်မဝေးတဲ့ ကာလ၊ အနာဂတ်တွေမှာ ထပ်မံကျရောက်နိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေ၊…
စိုးရိမ် - ဘယ်နံရံက ခုန်ထွက်လာမလဲ ငါ့အတွေးတွေ
https://ift.tt/9lpGsSt
MediaCredit- southeastasiaglobe.comဘယ်နံရံက ခုန်ထွက်လာမလဲ ငါ့အတွေးတွေစိုးရိမ်(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၄
ဗုဒ္ဓရော ငှက်ဖျားတက်ခဲ့သေးလားကားမတ်မှာ ဘာတွေ ပိုင်ဆိုင်ခဲ့သလဲ
လကမ္ဘာကိုပထမဆုံး စရောက်တော့ခြေတစ်ဖက်ပိုရှည်သွားသလားမြစ်ဖြစ်ဖြစ် ချောင်းဖြစ်ဖြစ် ပင်လယ်ဖြစ်ဖြစ်လူသေအောင်လုပ်ဖို့ ရည်ရွယ်ချက်ရှိလို့လား
ရာဇဝင်ထဲမှာဗမာဘုရင်အသုံးမကျတာလားနယ်ချဲ့က ပိုတော်နေတာလား
မအေလိုးမင်းအောင်လှိုင်လို့ကလေးတွေအော်ပြီးဆော့နေတာသမိုင်းလား။ ။ -Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar