MoeMaKaMedia
419 subscribers
59 photos
3 videos
13.1K links
Burmese Community News Group
Download Telegram
တင်ဇော်လွင် - စံချိန်မီ တံဆိပ်ခေါင်းများ
https://ift.tt/wop3ul0
<a href="https://blogger.googleusercontent.com/img/a/AVvXsEgXLc1A0IGwsHtNAOVOZfrtG5ugJyY98Ox2fneObApG4rZZzl01VgSDCj5jNGShH3sUzY0c6oofCsvoZkz2c93u0r5de3i2ThWTFZIkZZw7mqtEmmQkX2OzYqSkyKdmYcMqZxdEwcZvSzrzQlNprZH442_qIkEIrh1IS4AqbuV6Xh_xX3XbwpQzty840aE">Media</a>တင်ဇော်လွင် - စံချိန်မီ တံဆိပ်ခေါင်းများ(မိုးမခ) မေ ၂ ၊ ၂၀၂၄
တံဆိပ်ခေါင်း စုဆောင်းလေ့လာသူတယောက်အနေနဲ့ ကိုယ့်နိုင်က ထုတ်တဲ့ တံဆိပ်ခေါင်းတွေသာမက နိုင်ငံတကာက ထုတ်တာတွေကိုပါ မျက်ခြည်မပြတ်အောင် ကြည့်မိတယယ်။ တနှစ် တနှစ်၊ ဟိုနိုင်ငံ ဒီနိုင်ငံက၊ ဟိုအထိမ်းအမှတ် ဒီအထိမ်းအမှတ် အကြောင်းအရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံတွေအတွက် ထုတ်လိုက်ကြတဲ့ တံဆိပ်ခေါင်းတွေ အများကြီးပေါ့။ ကိုယ့်တိုင်းပြည်ကတော့ နည်းနည်းပဲ ထုတ်နိုင်တယ်။ အိမ်နီးနားချင်း ဒေသချင်းကပ် နယ်နိမိတ်ချင်း စပ်နေနတဲ့သူတွေနဲ့ ယှဉ်ကြည့်လိုက်ပြန်ရင်လည်း နောက်ဆုံးကပါပဲ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေမှာလည်း အကြောင်းပြချက် အမျိုးမျိုး ရှိမှာပေါ့လေ။ စစ်အစိုးရ အမှောင်ခေတ်တုန်းကတော့ ထားပါတော့လေ။ အားလုံး အမှောင်ထဲမှာ (ဟိုဘက်လည်း မှောင်၊ ဒီဘက်လည်း မှောင်။ ဘုရားခန်းလည်း မှောင်။ မီးဖိုချောင်လည်း မှောင်။) အဲဒီလို အခြေအနေမျိုးမို့ တံဆိပ်ခေါင်းထုတ်တဲ့ဘက်ကို ဂရုမစိုက်ကြတာ ဖြစ်ပါလိမ့်မယ်။ အနီးအနား နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြချင်လို့။ အောက်က စာရင်းဇယားကွက်ကို ကြည့်ပါဦး။ ၁၀ နှစ်စာအတွင်း ထုတ်ခဲ့တဲ့ တံဆိပ်ခေါင်း အမျိုးအစားစာရင်းပါ။ (USA က ထုတ်တဲ့ Scott Stamps Catalogue အရ)ဦးသိန်းစိုး အစိုးရ ၅ နှစ်အတွင်းနဲ့ ပြည်သူ့အစိုးရ ၅ နှစ်ကာလအတွင်းကို ကွက်ပြီးကြည့်ရင် ၃၅ နဲ့ ၆၈ ဆိုတော့ နှစ်ဆလောက် ပိုများလာတာကို တွေ့ရမှာပါ။ အားရစရာပါ။ဒါပေမဲ့ ယိုးဒယားနိုင်ငံနဲ့ ယှဉ်ကြည့်တော့ အရမ်းကွာသွားပါပြီ။ (သူတို့က ၃၀၀ ဆိုတော့ ၁၀ ဆလောက် ကွာနေတာ။)နဝတ၊ နအဖ ခေတ်ကို ထည့်မတွက်သေးဘူး။ ထည့်မပြောသေးဘူး။ အဲဒီခေတ်မှာ တနှစ်လုံးနေမှ တမျိုး၊ နှစ်မျိုးပဲ ထုတ်ခဲ့တဲ့နှစ်တောင် ရှိသဗျ။ (ဥပမာ- ၂၀၀၁ မှာ တမျိုးတည်း။ ၂၀၀၂ မှာ နှစ်မျိုး၊ ၂၀၀၃ မှာ နှစ်မျိုး)။ အင်းလေ... တနှစ်လုံးနေလို့ ရုပ်ရှင် ၁၀ ကား၊ ၁၁ ကားလောက်ပဲ ထွက်ခဲ့တဲ့ ခေတ်တောင် ရှိခဲ့သေးတာပဲ။ကဲ... အရေအတွက် နည်းတာကို ထားပါတော့။ အရည်အသွေးဘက်ကို ကြည့်တော့လည်း စံချိန်မမီတာက များနေသေးတယ်။ တံဆိပ်ခေါင်းတခုမှာ ရှိရမယ့် အရောင်၊ စာတမ်း၊ ဒီဇိုင် စတာတွေကတေ့ တိုးတက်မလာသေးဘူး။ ဒီဇိုင်းတွေ ထပ်နေတာ၊ စာလုံးတွေ အရုပ်တွေ မပီသတာ၊ ပုံနှိပ်မှုအ ရည်အသွေး ညံ့ဖျင်းတာ။ အဲဒီလို စံချိန်မမီတာတွေက များတယ်။ ပြီးခဲ့တဲ့ ဦးသိန်းစိန် လက်ထက် ၅ နှစ်နဲ့ ပြည်သူ့အစိုးရ ၅ နှစ် ကာလအတွင်းမှာ တံဆိပ်ခေါင်းတွေရဲ့ အရည်အသွေးဟာ အတူတူပဲ။ ညံ့မြဲပဲ။ ပြည်သူ့အစိုးရ လက်ထက်မှာ တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ သဲထဲရေသွန်ပဲ။ တကျောင်းတည်းထွက်၊ တအုပ်စုတည်း ထွက်မှန်း သိသာတယ်။ နည်းမြဲပဲ။ ညံ့မြဲပဲ။တံဆိပ်ခေါင်းက အရေးမပါပါဘူး။ အဓိကမကျပါဘူး။ တိုင်းပြည် ထူထောင်ရေးမှာ တခြား အရေးကြီးတာတွေ အပုံကြီး လုပ်ရဦးမှာလို့ စောဒကတက်နိုင်ပါတယ်။ဒါပေမဲ့ တံဆိပ်ခေါင်းကို ပြည်ပပို့ကုန်တခုအနေနဲ့ မြင်ကြရပါမယ်။ ရှင်းပြပါရစေ။ တံဆိပ်ခေါင်း စုတဲ့ ဝါသနာရှင်တွေဟာ တကမ္ဘာလုံးက ထွက်သမျှ တံဆိပ်ခေါင်းတွေကို ဝယ်ပြီး စုပါတယ်။ ဒီတော့ကာ မြန်မာပြည်က ထွက်တဲ့ တံဆိပ်ခေါင်းကို သူတို့က လှမ်းပြီး ဝယ်ကြရပါတယ်။ များများထုတ်လေ၊ အမြတ်ထွက်လေ မဟုတ်ပါလား။ တကမ္ဘာလုံးက ဝိုင်းပြီး ဝယ်ကြတာနော်။ မြန်လူထုကလေးကို ကွက်ပြီး ပြောတာ မဟုတ်ဘူး။ အဲဒီထဲမှာမှ ထူးခြား ရှားပါးတာဆိုရင် ပိုပြီးတော့တောင် အလုအယက် ဝယ်ကြသေးတယ်။ ဥပမာအားဖြင့်- အမေရိကန်သမ္မတ အိုဘားမားနဲ့ နိုဗယ်ဆုရှင် ဒေါ်စုနဲ့ တွေ့တဲ့ အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်း ထုတ်တယ် ဆိုပါတော့။ (အဲဒါမျိုးကို တံဆိပ်ခေါင်း စုဆောင်းတဲ့သူတွေ Philatelists အဖို့ သည်းခြေကြိုက်ပေါ့။) စဉ်းစားကြည့်ကြလေ။ အမေရိကန်နိုင်ငံကြီး တည်နေသရွေ့၊ နိုဗယ်ဆုကြီး တည်နေသရွေ့ ဒီတံဆိပ်ခေါင်းကလေးဟာ တည်နေတော့မှာလေ။ စုဆောင်းသူတွေက ပိုင်ရှင်အဆက်ဆက် တလက်က တလက် ပြောင်းပြီး အသက်ရှင်နေတော့မှာလေ။ တန်ဖိုးတက်နေတော့မှာလေ။ ကဲ... အခုတော့ အဲဒီအခွင့်အရေးကြီး လက်လွှတ် ဆုံးရှုံးခဲ့ရပြီ မဟုတ်ပါလား။ ဒီနေရာမှာ အစိုးရဌာနက ဝင်ငွေငရတာ တခုတည်း မဟုတ်ပါဘူး။ ဝယ်ယူ စုဆောင်းထားသူ မြန်မာလူထုမှာပါ ဝင်ငွေရနိုင်တယ် ဆိုတာ သတိချပ်သင့်ပါတယ်။ (မြန်မာတယောက်က Online ပေါ်ကနေ နိုင်ငံခြားသားတယောက်ကို ရောင်းတာမျိုး။)အဲဒီလို တံဆိပ်ခေါင်းတလုံးနဲ့ နေပြည်တော်က ရုပ်တုတွေ၊ ရေပန်းတွေ၊ ထင်းစည်းချိုးနေတာတွေပါတဲ့ တံဆိပ်ခေါင်းတလုံး၊ ဈေးကွက်မှာ တန်ဖိုး ကွာခြားသွားပြီဆိုတာ စဉ်းစားကြည့်ပါ။ တံဆိပ်ခေါင်း စုတဲ့ ဝါသနာရှင်တွေက ဘယ်တံဆိပ်ခေါင်းကို နှစ်ရှည်လများ အမြတ်တနိုး စုကြမလဲ ဆိုတာ သိသာထင်ရှားလှပါတယ်။ပါးပါးနပ်နပ်နဲ့ အကွက်မြင်တဲ့ နိုင်ငံတွေကတော့ အဲဒီလို လုပ်စား(ထုတ်စား)နေကြတာ ကြာလှပြီကော။ ယိုးဒယားနိုင်ငံ…
စစ်ကောင်စီအဖို့ စစ်သားစုဆောင်းမှုက အားလုံးထက်အရေးကြီးတဲ့အကြောင်းအရာဖြစ်နေ
https://ift.tt/dePWj31
<a href="https://blogger.googleusercontent.com/img/a/AVvXsEhL7GZ6V7twXLsLi_8Tt9NMns0lS9WKuyyNnuCFnjMygvB4sOZobNyM7jJoZfmu0YL9v1gip3UT-Ntz-OnjuRyjR2AoYmHcgTsPVZW8ikBGSylaMvx5kuky1HnBdt7_yHy-cz4NbXoZxD_tkmKxe1pxvPDXQwnK4eM1AVKgk5oUzFLt7tMyx2oR-enm76w">Media</a>
မြန်မာနွေဦး ခရိုနီကယ် - မေ ၂ မြင်ကွင်း(မိုးမခ) မေ ၃၊ ၂၀၂၄မေလ ၂ ရက်
စစ်ကောင်စီအဖို့ စစ်သားစုဆောင်းမှုက အားလုံးထက်အရေးကြီးတဲ့အကြောင်းအရာဖြစ်နေပြည်ပမှာ အလုပ်လုပ်ကိုင်ဖို့ တရားဝင်လျှောက်ထားပြီး နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ ကုမ္ပဏီ၊ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေ ကြားခံကာ လုပ်ဆောင်နေကြရာမှာ မေလ ၂ ရက်နေ့က စပြီး ပြည်ပကို အလုပ်အကိုင်နဲ့ သွားရောက်ဖို့ လျှောက်လွှာတွေ လက်ခံရာမှာ အမျိုးသားတွေကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီ ရဲ့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်လိုက်ပါတယ်။ မြန်မာနိုင်ငံက လူငယ်၊ လူလတ်ပိုင်းတွေ အနေနဲ့ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ကိုးရီးယား၊ ဂျပန်နဲ့ အရှေ့အလယ်ပိုင်းက အာရပ်စော်ဘွားပြည်ထောင်စု၊ ကာတာ စတဲ့နိုင်ငံတွေမှာ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေ၊ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ထွက်ခွာနေကြတာဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ကြောင့် ၂၀၂၀ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်တွေအထိ ကန့်သတ်ချက်တွေ ရှိခဲ့ချိန်မှာ အတိုင်းအတာတခုထိ လျော့နည်းခဲ့ပေမယ့် ၂၀၂၂ နောက်ပိုင်း မြန်မာနိုင်ငံတွင်းက နိုင်ငံရေးပြဿနာ၊ လက်နက်ကိုင်ပဋိပက္ခတွေ၊ အလုပ်အကိုင် ရှားပါးမှုတွေက မြန်မာနိုင်ငံသားအများအပြား ပြည်ပကိုအလုပ်လုပ်ဖို့ ထွက်ခွာစေခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ်ကန့်သတ်ချက်တွေ အနည်းငယ်ဖြေလျှော့လိုက်ပြီးနောက်မှာ မြန်မာနိုင်ငံ မင်္ဂလာဒုံလေဆိပ်မှာ နေ့စဥ်လိုလို ပြည်ပကိုအလုပ်လုပ်ဖို့ ထွက်ခွာသူတွေနဲ့ စည်ကားနေတဲ့ မြင်ကွင်းတွေ မြင်နေရတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ မလေးရှားနဲ့ ကိုးရီးယားနိုင်ငံတွေကို အများဆုံးသွားကြာတာ ဖြစ်ပြီး စစ်ကောင်စီက ပြည်ပထွက်ခွာသူတွေထံက မိသားစုဆီပြန်ပို့မယ့် နိုင်ငံခြားငွေကို မျှော်လင့်ပြီး အားပေးတာလည်း တွေ့ရမှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အထူးသဖြင့် အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုနဲ့ စစ်အာဏာသိမ်းမှုရဲ့ အကျိုးသက်ရောက်မှု တွေကြောင့် နိုင်ငံတကာ ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာ ကျဆင်းခဲ့သလို နိုင်ငံခြားငွေ ရရှိမှုလည်း လျော့နည်းလာတဲ့ အနေအထားကို ကျားကန်ဖို့ စစ်ကောင်စီအနေနဲ့ ပြည်ပကိုသွားရောက် အလုပ် လုပ်ကိုင်တာကို အားပေးခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ ပြည်ပမှာ အလုပ်လုပ်နေသူတွေ အနေနဲ့ မိသားစုဆီ ငွေပြန်လည်ပေးပို့ရာမှာ တရားဝင် နည်းလမ်းနဲ့ ပေးပို့ဖို့လည်း ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။  ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဘယ်လို အကြောင်းကိစ္စနဲ့ မဆို သံရုံးရဲ့ ထောက်ခံချက်လိုမျိုး တောင်းခံလာခဲ့ရင် ဝင်ငွေခွန်ဆောင်ဖို့ အချက်နဲ့ဆက်စပ်ထားပြီး နိုင်ငံခြားငွေ ရဖို့ကြိုးစားတာတွေ့ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ စစ်ကောင်စီအနေနဲ့ စစ်ပွဲတွေ ဆင်နွှဲနေရချိန်မှာ လိုအပ်ချက်ဖြစ်တဲ့ လက်နက်ခဲယမ်းတွေ၊ တိုက်လေယာဥ်၊ စစ်ရဟတ်ယာဥ်တွေ အတွက် လိုအပ်တဲ့ လေယာဥ်ဆီတွေဝယ်ယူဖို့ရာမှာ နိုင်ငံခြားငွေ လိုအပ်ချက်မြင့်မားလာတာနဲ့ အမျှ နိုင်ငံခြားငွေရရှိနိုင်တဲ့ နည်းလမ်းမှန်သမျှကို ရှာဖွေခဲ့ရာမှာ ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေထံက ဝင်ငွေခွန်ကောက်ခံဖို့ကိုလည်း အဓိကကျတဲ့ ဝင်ငွေရလမ်း တခုအဖြစ် ရှုမြင်ပြီး ကြိုးစားခဲ့ရာက မကြာခင်လပိုင်းက စစ်မှုထမ်းဥပဒေကို အသက်သွင်းရာမှာတော့ လူငယ် အမျိုးသားတွေကို ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်ခွင့် ပိတ်ပင်ဖို့ လုပ်ဆောင်လာတာလို့ ကောက်ချက်ချနိုင်ပါတယ်။ စစ်မှုထမ်း အကျုံးဝင်တဲ့အသက်အရွယ်ထဲက အမျိုးသားတွေကို ပြည်ပမှာ တရားဝင် အလုပ်လုပ်မယ့် လုပ်ဆောင်မှုတွေကို ပိတ်ပင်လိုက်ခြင်းက ပြည်တွင်းမှာရှိတဲ့ စစ်မှုထမ်းအသက်အရွယ်နဲ့ အကျုံးဝင်သူ အမျိုးသားတွေကို ပြည်ပမှာ အလုပ်သွားရောက် မလုပ်ကိုင်နိုင်အောင် တားဆီးလိုက်တာဖြစ်ပြီး စစ်ကောင်စီအဖို့ တခုနဲ့တခု ဝိရောဓိ ဖြစ်နေတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်လာတာလို့ ပြောရင်လည်း မမှားပါဘူး။ တဖက်မှာ နိုင်ငံခြားငွေ လိုအပ်တာ၊ တခြားတဖက်မှာတော့ စစ်သားအင်အားကို အဓမ္မဥပဒေမျိုးနဲ့ စုဆောင်းလိုတာ ဖြစ်ပါတယ်။ လက်ရှိအနေအထားမှာ စစ်ကောင်စီ အနေနဲ့ နိုင်ငံခြားငွေထက်ကို စစ်သားစုဆောင်းရရှိဖို့က အဓိက ဖြစ်နေပြီး နိုင်ငံအနှံ့အပြား ဖွင့်ထားရတဲ့ ခုခံတိုက်ခိုက်နေရတဲ့ စစ်မျက်နှာတွေမှာ လူအင်အားဖြည့်ဖို့ကို အခြားအရာတွေအားလုံးကို စတေးပြီး လုပ်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ခုလိုဖြစ်ပျက်နေတဲ့ အခြေအနေတွေက ဘာနဲ့ တူသလဲဆိုရင် ပြည်တွင်းထဲမှာ ရှိနေတဲ့ မြန်မာနိုင်ငံက အလုပ်လုပ်ကိုင်နိုင်တဲ့ လူငယ်အရွယ်တွေကို စစ်ထဲဝင်ဖို့ အတင်းအဓမ္မ ခြိမ်းခြောက် သိမ်းသွင်းနေသလို လူငယ်တွေကလည်း…
ခိုင်မျိုး - ရွာထဲမှာ
https://ift.tt/43xbBFH
MediaArt by Than Htay Maung

ရွာထဲမှာခိုင်မျိုး(မိုးမခ) မေ ၃၊ ၂၀၂၄

လေညင်းလိပ်ပြာသစ်တောကြီးထဲကနံ့သာပင်အနံ့အဝးကစီတန်းလိုက်ပါမျောက်အုပ်စုလှစ်ခနဲဖြတ်ပြေးသွားသောတောကြက်အင်ရွက်ခြောက်များပေါ်ကျဆင်းနှင်းစက်မြစ်မင်းသံလွင်ရဲ့ရေစီးသံတောဟာသဘာဝကျနစွာလှရဲ့ကုန္ဒြေကြီးစွာတည်ငြိမ်ရဲ့လူတို့တောကိုတိုးဝင်ဖို့အသွားထက်သောဓါးအဆိပ်ပါသောမျှားတို့ကိုစီရင်ရဲ့အုပ်စုကိုဖွဲ့ရဲ့လူနဲ့လူရဲ့စစ်ပွဲဆိုတာအဲ့သည့်အချိန်ကစခဲ့တော့တာပါပဲ-
Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar
မာတီနာ - ပူတယ်လေဆယ်နွေကဲ
https://ift.tt/b09TeAR
<a href="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTcQ7pw0AnfBqFTJB76vTpUAFdT6KxlUUjJGwIFticKd5gYMXykulqJeiQ2xoiywtXyc_nZx183wDTqg9Ey0ab8S6rUPKJ6sWLTEl5aWKwYB17YK_xAUvRIm9xqIERrJwpUrojuCo5-49ycnmwvtjlHrAtKmR_QX9g3S9iuY7_bGE77umrodCFL233uf6i/s320/KT%23%20c%203.11.19.jpg">Media</a><b>Art by SKB</b><b>ပူတယ်လေဆယ်နွေကဲ</b><b>မာတီနာ</b><b>(မိုးမခ) မေ ၃၊ ၂၀၂၄</b>
ပေါင်းအိုး (pressure cooker) နဲ့ ဟင်းချက်ဖူးကြရင် သိကြမှာ။ နူးဖို့ မလွယ်တဲ့ အသားတွေ၊ ပဲတွေအချိန်တိုတိုနဲ့ နူးအိသွားစေဖို့ ပေါင်းအိုးနဲ့ ချက်ရတယ်။ မီးဖိုကပေးထားတဲ့ အပူရယ်၊ ထွက်လာတဲ့ အငွေ့တွေကိုလုံအောင်လုပ်ထားလို့ သိပ်သည်းမှုများပြီးဖြစ်လာတဲ့ ဖိအားရယ်ကြောင့် ချက်ထားတဲ့ အရာတွေဟာမြန်မြန်ပဲနူးအိသွားတာပေါ့။ စားလို့ သိပ်ကောင်း။ တကမ္ဘာလုံးပူနေတာမို့ ကိုယ်တို့ နိုင်ငံတခုတည်းကွက်ပြီးပူနေတာတော့မဟုတ်ပါဘူးလေ။ ဗိုလ်စွဲတော့ ကမ္ဘာ့အဆင့်မီဖြစ်တာပေါ့။ နွေရာသီမှာနေကမြောက်ယဉ်စွန်းတန်းဆီရောက်လာတာမို့ အီကွေတာနဲ့နီးတဲ့ စင်ကာပူက ကိုယ်တို့နိုင်ငံလောက် မပူတာသိပ်မအံ့ဩပါဘူး။ သူကပင်လယ်ထဲက ကျွန်းကလေးဟာကို။ ဒါပေမဲ့ လေထုရဲ့ စိုထိုင်းဆကတော့ များပြန်ရောလေ။ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလ၊ CNA News ကတင်ဆက်တဲ့ သတင်းဆောင်းပါးတပုဒ်မှာအပူချိန်အပြင် စိုထိုင်းဆ၊ နေရောင်ကျရောက်မှုနဲ့လေတိုက်နှုန်းတို့ ကြောင့်လဲလူတွေမှာအပူဒဏ်ကိုပိုခံစားရပြီးကျန်းမာ ရေးထိခိုက်စေတယ်လို့ ဆိုတယ်။ အထူးသဖြင့် စိုထိုင်းဆပါတဲ့။  Commentay: Singapore’s heat stress advisory signals a hotter world to come -CNA (channelnewsasia.com) ကိုယ်တို့ငယ် ငယ်လေးကတည်းက နွေရာသီအပူဆုံးဒေသဆို မကွေးတိုင်းချောက်၊ ရေနံချောင်းဆိုတာအမြဲကြားဖူးနေကြပါပဲ။ ရေနံမြေကြောင့်များ ပိုပူလေသလားလို့ ထင်မှတ်မှားခဲ့ဖူးတာပေါ့။ တကယ်တော့ သစ်တောသစ်ပင်တွေမရှိလို့ ဆိုတာနောင်ကြီးလာမှ သိတာ။ ရှမ်းပြည်ဘက်မှာနေခဲ့ရတော့ ပူတယ်ဆိုနှာသီးဖျား ချွေးစို့ရုံလောက်ပဲ။မလှုပ်မယှက်ထိုင်နေရင်း တကိုယ်လုံးမှာ ချွေးတွေစီးကျနေတာမျိုးက အညာဘက်ရောက်တော့သာခံစားရတော့တာကိုး။ အညာကိုရောက်စအစောပိုင်းနှစ်တွေမှာ အပူဒဏ်ကြောင့် မိတ်ဖုတွေထွက်တာဆိုတာ တကိုယ်လုံးရဲလို့။ အနေကြာလာတော့လဲ အသားကျသွားပြီး သက်သာအောင် နေတတ်လာတယ်။ ထန်းလက်မိုးထားတဲ့တဲအောက်မှာ နေတယ်။  ဘာဘူစောင်တွေ၊ ချည်စောင်တွေကိုရေဆွတ်ပြီး ကာထားရတယ်။ ခဏကြာလို့ စောင်တွေခြောက်သွားရင် ရေပြန်ဆွတ်၊ အဲ- ဆွတ်စရာ ရေရှိရင်ပေါ့လေ။ အခုတော့ အညာကလူတွေမှာအပူဒဏ်ခံနိုင်ဖို့ သောက်စရာရေတောင် လုံလုံလောက်လောက် ရှိရဲ့လားမသိ။ အင်း၊ ရေရှိရင်တောင် ရေဆွတ်စရာ‌ စောင်တွေရှိသေးရဲ့လားမသိ။ အပူရှပ် (Heat stroke) ကြောင့် အသက်ဆုံးရတာလဲ အညာရောက်မှ ကြားဖူးရတယ်။ အထူး သဖြင့် နေ့ခင်းဘက်မှာနေပူကြီးထဲသွားလာနေရတတ်တဲ့ဈေးသည်တွေ ဘယ်သူတော့ဖြင့် သစ်ပင်အောက်မှာထိုင်ရင်း ဆုံးသွားတယ်၊ ဘယ်သူတော့ဖြင့် လမ်းလျှောက်နေရင်းက လဲကျသွားတယ် စသည်ဖြင့်ပေါ့။ သက်ကြီးရွယ်အိုတွေတဖြုတ်ဖြုတ် ကွယ်လွန်တတ်ကြတဲ့ ကာလပေါ့။ အခုလဲအပူဒဏ်ကြောင့် သေဆုံးရတဲ့ သတင်းတွေအများကြီး တွေ့လာရတယ်။ ပိုဆိုးတာက အညာရဲ့ နွေရာသီကာလဟာ ရှည်လျားလွန်းတာပဲ။ ဧပြီကနေ ဩဂုတ်၊ စက်တင်ဘာလောက်အထိ ခံပေဦးတော့။ မိုးရွာတယ်ဆိုတာက တနှစ်လုံးမှ လေးငါးကြိမ်ပဲလေ။ အညာဘက်မှာ ပူတယ်။ ဒါပေမဲ့  စိုထိုင်းဆကမရှိသလောက်ဆိုတော့ ပူပြီးခြောက်နေတာ။ ရေများများသောက်ဖို့ လိုတယ်။ အရိပ်အောက်မှာနေခွင့်ရဖို့လိုတယ်။ ရန်ကုန်ကိုပြောင်းလာရတော့ အညာရဲ့ အပူဒဏ်ကလွတ်ခဲ့တယ်။ ဒါပေမဲ့ ရန်ကုန်ရဲ့ အုံ့အိုက်အိုက် အပူကိုခံရခက်စွာ ခံစားရပြန်တာပါပဲ။ ပင်လယ်နဲ့နီးတာမို့ အပူအအေးမျှတတယ်လို့ ဆိုပေမဲ့ စိုထိုင်းဆက များပြန်ရောလေ။ တိုက်ခန်းကျဉ်းတွေမှာခိုတွေလိုအောင်းနေရတဲ့ လူတွေဟာ လေဝင်လေထွက်နည်း၊ ကွန်ကရစ်လမ်းတွေအဆောက်အဦးတွေကပြန်ထုတ်တဲ့ အပူက တရှိန်းရှိန်းမှာ စိုထိုင်းဆများတဲ့ လေထုကဖိထားပြန်တော့ ပေါင်းအိုး (Pressure cooker) ထဲရောက်နေတဲ့ ငါးများလို အရိုးပါ နူးမတတ်ဖြစ်ရတယ်။ မီးလာရင်တော့ ပန်ကာ၊ လေအေးစက် စသည်ဖြင့် သက်သာအောင် ဖန်တီးလို့ရပေမဲ့ ခုတလောတရက် ၂၄ နာရီမှာမီးလာချိန်က လေးနာရီမပြည့်တတ်လေတော့ ဖျပ်ဖျပ်လူးနေရတော့တာပေါ့။ စင်ကာပူကတော့ နေ့စဉ်အပူချိန်အပြင် စိုထိုင်းဆနဲ့ နေရောင်ကျရောက်မှုကိုပါ တိုင်းပြီး လူတွေဆီအချက်အလက်တွေရောက်ဖို့ ၁၅ မိနစ်ကိုတကြိမ် ထုတ်ပြန်ပေးပါသတဲ့။ တနေရာနဲ့ တနေရာအခြေအနေချင်းမတူလေတော့ စင်ကာပူတနိုင်ငံလုံးမှာ အဲဒီစိုထိုင်းဆနဲ့ အပူချိန်ကိုပါတိုင်းပြီးသတိပေးချက်ထုတ်ပြန်တဲ့စခန်းပေါင်း ၉ ခုတည်ထားပါသတဲ့။ တနေရာနဲ့ တနေရာမတူဘူးဆိုတာက မြို့ပြ တိုက်တာတွေများတဲ့နေရာမှာအပူချိန်မြင့်မားပြီး သစ်ပင် သစ်တောများပြားတဲ့ နယ်မြေတွေမှာတော့ အပူချိန်လျော့နည်းပါသတဲ့။ ဒါကတော့ ကိုယ်တို့ ဆီကလူတွေလဲ သိကြပါတယ်။ ဒါကြောင့် သိပ်ပြီးပူလာတဲ့အခါ၊ သစ်ပင်စိုက်ဖို့ ဆော်ဩချက်တွေ ထွက်လာတာပေါ့။ သစ်ပင်ရဲ့ တန်ဖိုးကိုသိပ်သိလာကြတဲ့အချိန်ကာလဆိုပါတော့လေ။…
ညိုထွန်းလူ - မိုးရွာမလိုလိုနှင့်ပင်
https://ift.tt/gptw9Nu
<b>Media</b><b>Photo- MCDC</b><b>မိုးရွာမလိုလိုနှင့်ပင်</b><b>ညိုထွန်းလူ</b><b>(မိုးမခ) မေ ၃၊ ၂၀၂၄</b>
"မနေ့ညနေတုန်းက မန္တလေးမှာ မိုးရွာတယ်။""တော်တော်များများရွာချတာလား၊ မိုးတွေရွာတော့ အေးသွားပြီပေါ့လေ။ ကံကောင်းလိုက်တာ။"
"ခင်ဗျားနှယ် စကားကိုသေချာနားမထောင်ဘဲနဲ့ ထင်ရာမြင်ရာ စွပ်ပြောနေတယ်။ မိုးတွေရွာချတာမဟုတ်ဘူး။ မိုးရွာတာဗျ။ တည့်တည့်ပြောရရင် တစ်ပေါက်နှစ်ပေါက်လေးပဲကျတာ။ ကျွန်တော့်အိမ်မှာ ဆယ့်လေးငါးပေါက်လောက်ပဲကျတယ်။ အဲလိုလေး မစို့မပို့လေးလုပ်လိုက်တော့ အပူငွေ့တွေနဲ့လုံးထပြီး လူ‌တွေလည်းဂျွမ်းမပစ်မတတ်ဖြစ်ကုန်ရော။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ မန္တလေးမှာ မိုးရွာပြီလို့ သတ်မှတ်ပြီး သဘောကျသွားတယ်။ တစ်ပေါက်ကျကျ နှစ်ပေါက်ပဲကျကျပေါ့။ ပြီးတော့မနက်ဖြန် မေ ၃ ရက်နေ့မှာ မန္တလေးတစ်ခွင်မှာ မိုးရွာနိုင်တယ်လို့ လူမှုကွန်ယက်မှာဖတ်လိုက်ရတယ်။ ဟုတ်မယ်ထင်ရဲ့။ အခုလည်း အရင်ရက်တွေတုန်းကလို နေမပူပြင်းတော့ဘဲ မိုးအုံ့ပြီး လေတဟူးဟူး တိုက်နေတယ်။""မင်္ဂလာဖြစ်တော့မယ်ဆိုပါတော့"
"အဲလိုလည်းပြောလို့ရတယ်။ ကျွန်တော်ဖြင့် အေပြီလကုန်တာနဲ့ အပူဒဏ်ကြီးထဲက သေလုမျောပါးဖြတ်သန်းခဲ့ရတဲ့ အဖြစ်ကိုပြန်တွေးရင်း အောင်ပြီ . .အောင်ပြီဟလို့ ဂုဏ်ယူကြွေးကြော်လိုက်စမ်းချင်မိရဲ့။ ဒါပေတဲ့နောက်တစ်ဆင့်ကြုံရဦးမယ့် မေလရဲ့အပူဒဏ်ကြီးကရှိသေးသမို့ အဲဒီဂုဏ်ယူချင်စိတ်ကြီးကို မနည်းဘရိတ်အုပ်ထားရတယ်။"
"နေပူလွန်းရတဲ့အထဲ လျှပ်စစ်မီးပျက်တာလည်း ဆိုးသဗျာ။ တစ်နေ့နှစ်နာရီသုံးနာရီလောက်ပဲလာတယ်။ တစ်ခါတလေ ၂၄ နာရီ လုံးဝမလာလို့ တော်တော့်ကိုလွန်သွားပြီ။ မိုးရွာမှပဲသက်သာသွားတော့မှာ။"
"ဟား-ဟား-ဟား။ ကျွန်တော်ဖြင့် အဲဒီလျှပ်စစ်မီးဆိုသဟာကြီးကို ကျွန်တော့်ခေါင်းထဲမှာ ထည့်မထားတာကြာပြီဆရာ။ သူ့ဘာသာ လာချင်လာ၊ မလာချင်နေ။ ပူအိုက်လွန်းလို့ လူလည်း အထက်မီးအောက်မီးမုန့်လိုပူနွေးပျော့အိပြီး အလိုလိုစိတ်တိုနေရတဲ့အထဲ လျှပ်စစ်မီးပျက်လို့လည်း ဒေါသမဖြစ်နိုင်ဘူးကိုယ့်လူရဲ့။ ဒေါသတွေများရင် အသက်တို့မယ့်ကိန်းဆိုက်ပြီး အချိန်မတန်သေးဘဲ မြန်မြန်ကြွသွားနိုင်တယ်မဟုတ်လား။ ခင်ဗျားစဉ်းစားကြည့်။ ဒီလိုဆိုးရွားတဲ့အဖြစ်က နှစ်တိုင်းကြုံရတဲ့ဥစ္စာ။ ဘာများထူးဆန်းလို့တုန်း။ပြောစရာတစ်ခုတော့ ရှိသပေါ့ဗျာ။ ဒီတစ်နှစ် အယ်လ်နီညိုက အဆစ်ဝင်ပြီးတွယ်လိုက်လို့ အီဆောင့်နေအောင်ခံလိုက်ရတယ်။ အယ်လ်နီညိုလာတော့မယ်လို့ စောစောကတည်းကကြိုသိထားပေမယ့် ဘာမှပြင်ဆင်ထားခြင်းမရှိ။ ပြဿနာက ကိုယ်ဖြစ်ကိုယ်ခံပဲကိုယ့်လူရဲ့။ ဘယ်သူ့ကိုမှ နတ်သံနှောပြီးအမလေး ကယ်ကြပါဦးလို့ တောင်းဆိုမနေနဲ့။ ဘာမှထူးခြားမှာ မဟုတ်ဘူး။"
"မတောင်းဆိုပါဘူးဗျာ။ လူ့သဘာဝအရ ညည်းညူမိတာလေးတော့ရှိကြတာပေါ့။"
"ညည်းစရာရှိတာညည်းကြမှာပဲ။ စားဝတ်နေရေးကိစ္စထဲမှာ လှုပ်ရှားရုန်း ကန်ရင်း အမောဖောက်လာတဲ့အခါ စိတ်သက်သာရအောင် ညည်းကြရတာပေါ့။ နို့ပေမယ့်ဒါလည်း တစ်မျိုးတွေးကြည့်တော့ ဂုဏ်ယူချင်စရာပဲဗျ။""ဘယ်လို ဘယ်လိုများဂုဏ်ယူချင်စရာမို့တုန်း။"
"ခင်ဗျားနှယ်ဗျာ ဒီလိုဒုက္ခတောကြီးထဲက ဖြတ်သန်းပြီးရှင်သန်နေနိုင်ကြတယ်ဆိုတာ ကျွန်တော်တို့လူမျိုးရဲ့အစွမ်းသတ္တိကို ဖော်ပြနေတာဗျ။ ပေါ့သေးသေးမမှတ်လေနဲ့။ ကိုဗစ်စဖြစ်ပြီးနောက် အခုချိန်အထိတိုင်အောင်  အသက်ရှင်ပြီးရပ်တည်နိုင်ဖို့က လွယ်တာမဟုတ်ဘူး။ "
"ခံနိုင်စွမ်းရည်မြင့်မားလာလေ မာကျောလာလေလေ။ ဥပမာ မီးပြင်းပြင်းမြှိုက်ပြီး ထုထောင်းခံရတဲ့ ဓားကောင်းတစ်လက်လိုပေါ့။ အဲသလိုလား။"
"ခင်ဗျားရဲ့ဥပမာက အားတက်စရာပါပဲဗျာ။ ကဲ-တော်လောက်ပြီ။ မေလအပူချိန်ထဲကို ဖြတ်သန်းနိုင်အောင်ကြိုးစားရမယ်။ မနက်ဖြန်မိုးကြီးကြီးတစ်မိုးလောက်ရွာချရင် အိုကေပဲ။ ခက်တာက မန္တလေးမိုးကလည်းတော်တော်ရယ်။ မန္တလေးစည်တော်ကြီးလို ဟန်တွေပြင်နေပြီးတဗိန်းဗိန်းနဲ့တီးဖို့ အကြာကြီးစောင့်ရသလိုမျိုးပဲဗျ။ ကျွန်တော်တွေးတာကတော့ မနက်ဖြန်မိုးရွာမယ်။ ပြီးရင်နေပူပြင်းမယ်။ နေ့စဉ်ရက်ဆက်ပူပြင်းပြီး မေ၂၂ ရက် ကဆုန်လပြည့်နေရောက်ရင် မိုးရွာနိုင်တယ်။ အဲဒီရက်ပိုင်းမှာမုတ်သုံရာသီဝင်တော့မယ်လို့ မိုးလေဝသကလည်းကြေညာထားတာနဲ့တိုက်ဆိုင်နေတယ်။ ဘယ်လောက်အဆင်ပြေလဲ။"
"တကယ်လို့ ခင်ဗျားတွက်ထားသလို ဖြစ်မလာရင်ကော။
စိတ်တော့မရှိပါနဲ့။ ခင်ဗျားရဲ့တွက်ကိန်းတွေက လွဲချော်တာတွေကများလွန်းလို့လေ။"
"လွဲသွားလည်း ဘာတတ်နိုင်မှာတုန်းဗျ။ ဒီလိုပဲ ကောင်းတာလေးတွေရှာကြံတွေးပြီး ကိုယ့်ကိုယ်ကို မိုတီယူရတာပေါ့။ တွက်ကိန်းနဲ့လွဲသွားလည်း ကြံ့ကြံ့ခံကြရုံပဲရှိတယ်။ မြန်မာလူမျိုးပါဗျ။ တစ်ခြားကိစ္စတွေမှာ အကွဲအပြဲတွေရှိပေမယ့် ခံနိုင်စွမ်းရည်ရှိတဲ့နေရာမှာတော့ အင်မတန်မှညီညွတ်ပြီးရှေ့ဆုံးနေရာမှာ နံပါတ်ချိတ်ပြီးသားပါ။ အဖိုးသခင်ကိုယ်တော်မှိုင်းကလည်း ပြောဖူးတယ်။ ခံရလှတစ်ဘဝပါကွာတဲ့။  ဒါကြောင့်မို့ ကျွန်တော်တို့လူမျိုးရဲ့ အစွမ်းသတ္တိကြောင့် မိုးနတ်မင်းလည်းမနေသာတော့ဘဲ မနက်ဖြန်မှာမိုးရွာချပေးတော့မယ်ထင်ရဲ့။ အံမယ် ပြောရင်းဆိုရင်းနဲ့ မိုးစက်ကလေးတွေ တစ်ပေါက်နှစ်ပေါက်ကျလာပါပကော။ ပျော်စရာကြီးပါလား။ ဟေဟေ့။"
(ဤတွင်ပြီး၏)ပုံ- တော်တီဆွေ<b>ညိုထွန်းလူ</b>-<a…
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ၊ သတင်းလွတ်လပ်ခွင့် ပြည့်ပြည့်ဝဝရဖို့ မျှော်လင့်ချက်
https://ift.tt/Gdgb1I2
<a href="https://blogger.googleusercontent.com/img/a/AVvXsEhZhiBU9_sNhAe8hH4K9muH7BBFn0nt6h90XobaY5xkP9te61yrA-NKDGuOOg9v7gk8g6NA1Fhckb-YPyV8ljcRSzJ1JGGeXXAUqmqCWdS7mhlFHRLVLW4s9_6SBcWEutg2nW-Q9rjEMkxdJ2D4xsfFT8h1a1ohDYE9lTpQrWU0SSJUmNQ9WfzUir0Gq74">Media</a>မြန်မာနွေဦး ခရိုနီကယ် - မေ ၃ မြင်ကွင်း(မိုးမခ) မေ ၄၊ ၂၀၂၄
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ၊ သတင်းလွတ်လပ်ခွင့် ပြည့်ပြည့်ဝဝရဖို့ မျှော်လင့်ချက် မေလ ၃ ရက်နေ့ကို ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ World Press Freedom Day လို့ ကုသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်တဲ့ UNESCO အဖွဲ့ကြီးက ၁၉၉၇ ခုနှစ်က စတင်သတ်မှတ်ခဲ့ပါတယ်။ ဒီအထိမ်းအမှတ်နေ့မှာ သက်ဆိုင်ရာ နိုင်ငံအလိုက် သတင်းလွတ်လပ်ခွင့် ပိုမိုရရှိဖို့၊ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေ လွှတ်ပေးဖို့၊ သတင်းရယူရင်း သို့မဟုတ် သတင်းအလုပ်လုပ်တာကြောင့် ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ကြရတဲ့ သတင်းသမားတွေကို ဂုဏ်ပြုအမှတ်ရတဲ့ အခမ်းအနားတွေ ကျင်းပပြီး ကမ္ဘာ့သတင်းလွတ်လပ်ခွင့် မြင့်တက်လာဖို့ နှိုးဆော်ကြတဲ့ နေ့တနေ့ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွက် ယူနက်စကိုက ချီးမြှင့်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ဆုကိုတော့ ပါလစ္စတိုင်း သတင်းသမား နာဆာအဘူဘေကာ က ရရှိခဲ့ပြီး ဒီတနှစ်တာကာလအတွင်း ဂါဇာကမ်းမြောင်ဒေသက အစ္စရေးလ်ရဲ့ စစ်ဆင်ရေးတွေအတွင်း သတင်းသမား ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်ရပ်က အခြားသော ကမ္ဘာ့နိုင်ငံအသီးသီးက သတင်းလွတ်လပ်ခွင့် အရေးကိစ္စတွေထက် အာရုံစိုက်စရာ အကြောင်းအရာ တရပ်ဖြစ်နေခဲ့ပါတယ်။ ၇ လတာကြာမြင့်ခဲ့တဲ့ အစ္စရေးလ်ရဲ့ စစ်ဆင်ရေးတွေအတွင်း ဂါဇာကမ်းမြောင်ဒေသမှာ သတင်းအလုပ်လုပ်နေတဲ့ သတင်းထောက်တွေ ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ကြရပြီး ဖြစ်သလို ဒါဇင်နဲ့ချီတဲ့ သတင်းဌာနတွေရဲ့   ရုံးခန်းတွေလည်း ဗုံးဒဏ်၊ ဒုံးကျည်ဒဏ်တွေနဲ့ ပျက်စီးခဲ့ကြရပြီ ဖြစ်ပါတယ်။ ဂါဇာဒေသက တချို့သော သတင်းသမားတွေအဖို့ အသက်မသေသည့်တိုင် ၄င်းတို့ရဲ့ မိသားစုဝင်တွေ ဟာ ဒီစစ်ဆင်ရေးတွေအတွင်း ဗုံးဒဏ်၊ ဒုံးကျည်ဒဏ်တွေနဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်တွေလည်း အများအပြား ရှိနေခဲ့တာ ဖြစ်ပါတယ်။ အချိန်ကာလ ၇ လတာကာလအတွင်း အစ္စရေးလ်ရဲ့ စစ်ဆင်ရေးကြောင့် ဂါဇာဒေသက ပါလစ္စတိုင်း သတင်းသမား ၁၀၀ ကျော် အသက်ဆုံးရှုံးမှုက ကမ္ဘာ့မှာ အခြားသော ဖြစ်ရပ်တွေနဲ့ နှိုင်းယှဥ်စရာ မရှိတဲ့ ဖြစ်ရပ်တခု ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသမှာ အခုလို သတင်းသမား အသက်ဆုံးရှုံးမှုတွေ ရှိနေသည့်တိုင် ပါလစ္စတိုင်း ဂါဇာဒေသက သတင်းသမားတွေ သတင်းရယူတာ ပေးပို့တာတွေ ဆက်လက်လုပ်ကိုင် နေကြတဲ့ အခြေအနေကလည်း ၄င်းတို့ရဲ့ ကြံ့ကြံ့ခံမှုကို ဖေါ်ညွှန်းနေတာ ဖြစ်ပါတယ်။ နိုင်ငံတကာက သတင်းလွတ်လပ်ခွင့်၊ သတင်းသမားတွေ အန္တရာယ်ကျရောက်နေတဲ့ အနေအထားတွေကနေ မြန်မာနိုင်ငံဘက် ပြန်ကြည့်ကြမယ်ဆိုရင် ပြီးခဲ့တဲ့ ၁ နှစ်တာအတွင်း မြန်မာနိုင်ငံက သတင်းသမားတွေ ဖမ်းဆီးခံနေကြရဆဲ ဖြစ်ပြီး ဖမ်းဆီးခံရတဲ့ သတင်းသမားတွေကိုလည်း ကြီးမားတဲ့ ပြစ်ဒဏ်ချမှတ်မှုတွေ ရှိနေဆဲဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၅၀ နဲ့ ၆၀ ကြားအရေအတွက် ရှိသူတွေ အကျဥ်းထောင်တွေထဲ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ စစ်ကောင်စီကို ထောက်ခံရေးသားကြတဲ့ သတင်းဌာန နဲ့ သတင်းသမားတွေကလွဲရင် သတင်းအလုပ်ကို professional ဆန်ဆန် လုပ်ကိုင်သူတွေလည်း ဖမ်းဆီးခံရမယ့် အန္တရာယ်ရှိနေတာ ဖြစ်ပါတယ်။ သတင်းဌာနအများအပြား နဲ့ သတင်းသမားအများအပြားက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ နဲ့ အနည်းငယ်က တတိယနိုင်ငံလိုနိုင်ငံမျိုးတွေမှာ အခြေစိုက်ပြီး သတင်းအလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် သတင်းသမားအလုပ်က ဖမ်းဆီးခံရနိုင်တဲ့ အလုပ်၊ အသက်အန္တရာယ်ထိ ထိခိုက်နိုင်တဲ့ အလုပ်အကိုင် အဖြစ်အများက ရှုမြင်လာကြတာဖြစ်ပါတယ်။  အခုလို စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေ၊ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွေ ကို ရယူဖေါ်ပြကြရာက လက်နက်ကိုင် ပဋိပက္ခတွေ၊ တိုက်ပွဲသတင်းတွေ၊ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို   သတင်းသမားတွေက မေးမြန်းစုံစမ်းကာ တင်ဆက်လာကြရာမှာ သတင်းသမားတွေ အနေနဲ့ လက်နက် ကျည်ဆံတွေ ထိခိုက်မယ့် အန္တရာယ်၊ လက်နက်ကိုင် အဖွဲ့တွေရဲ့ ရန်ပြုမှု၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေရဲ့ နှုတ်ပိတ်လိုတဲ့ အန္တရာယ်တွေ ရင်ဆိုင်လာကြရတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ကာလတွေ တလျောက်လုံး သတင်းသမားတွေကို ဖမ်းဆီးတာ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်တာ၊ ခြိမ်းခြောက်တာတွေဟာ စစ်တပ်၊ အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်တွေ အများစုဖြစ်ခဲ့ပြီး အခုလက်ရှိကာလမှာ စစ်တပ်ရဲ့ စိုးမိုး ထိန်းချုပ်နယ်မြေ ကျဥ်းလာတာနဲ့အမျှ အဆိုပါနယ်မြေတွေမှာ စိုးမိုးထိန်းချုပ်ထားတဲ့ အခြားသော လက်နက်ကိုင် အဖွဲ့တွေကလည်း သတင်းမီဒီယာ သမားတွေကို ၄င်းတို့ မနှစ်သက်တာ၊ မလိုလားတာတွေ ရေးသား တင်ဆက်ခဲ့ရင် အန္တရာယ်ပြုလာနိုင်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ လက်ရှိ အခြေအနေဟာ…
စာနယ်ဇင်း နဲ့ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ဘယ်မှာ တကယ်ရှိလို့လဲ
https://ift.tt/qQEsimN
Mediaစာနယ်ဇင်း နဲ့ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ဘယ်မှာ တကယ်ရှိလို့လဲမောင်ရစ် ၊ (မိုးမခ)  မေ ၄၊ ၂၀၂၄မေလ ၃ ရက်နေ့ဟာ ကမ္ဘာသတင်းလွတ်လပ်ခွင့် အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ စာနယ်ဇင်းသမားတွေက ပွဲတွေ လမ်းတွေ စာတမ်းဖတ်ပွဲတွေ လုပ်ကြတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် ဆိတ်သုဉ်းနေတုန်းပဲလို့ ပြောကြတယ်။ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ တောင်အမေရိကတိုက်တွေမှာ စာနယ်ဇင်းသမားတွေ အခြိမ်းခြောက်ခံနေရတယ်။ အန္တရယ်တွေ ရင်ဆိုင်နေရတယ် လို့ ပြောကြတယ်။လွတ်လပ်မှုကို အာမခံပါတယ်ဆိုတဲ့ အမေရိကားနဲ့ ဥရောပမှာကတော့ စာနယ်ဇင်း သတင်းမီဒီယာက နေဝင်နေပါပြီ။ သတင်းသမားတွေ အလုပ်ပြုတ်နေပြီး၊ သတင်းလုပ်ငန်းတွေကိုယ်တိုင်က non profit လုပ်ငန်းတွေအဖြစ် အသွင်ပြောင်းကုန်တယ်။ သဘောကတော့ အများနဲ့ ပြင်ပက အကူအညီ ထောက်ခံ လှူဒါန်းမှု မရှိဘဲ သူတို့ မရပ်တည်နိုင်ကြဘူး ဆိုတဲ့သဘော။ စီးပွားရေးသမားတွေက ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ကြတဲ့ပုံ။လွတ်လပ်စွာ ထုတ်ဖော် ရေးသား ပြောဆိုခွင့်ကို ကျောပိုး တောင့်ခံပေးထားတာက စာနယ်ဇင်းအင်အားတွေ ဖြစ်ပါတယ်။ သူတို့က လူတိုင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုကြဖို့ အားပေးပြီး ဒါကို ပြည်သူတွေထံ တပြေးညီ သတင်းပို့ပေးတယ်။ အပြန်အလှန် ဖြန့်ဝေပေးတယ်။ စာနယ်ဇင်းတွေ မပါဘဲ လူတွေအားလုံး လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဘယ်သူတွေက အာမခံမလဲ။ အစိုးရလား၊ ဆိုရှယ်မီဒီယာလား၊ ဖျော်ဖြေရေးအလုပ်တွေက အင်အားစုတွေလား။အခု ပါလစ္စတိုင်းပြည်သူတွေကို အစ္စရေး စစ်တပ်က သတ်ဖြတ် နှိပ်စက် ညှင်းပန်းနေလို့ ကမ္ဘာတလွှားက ပြည်သူတွေတွေ ကျောင်းသား လူငယ်တွေက ထုတ်ဖော် ဆန္ဒပြ ကန့်ကွက်ကြတယ်။ အစ္စရေးအစိုးရကို အပစ်ရပ်ဖို့ တောင်းဆိုကြတယ်။ စာနယ်ဇင်းတွေဆီက ပါလစ္စတိုင်းအကြောင်း သတင်းစကား မကြားရဘဲနဲ့ ကျောင်းသားလူငယ်တွေက သည်အကျည်းတန်အဖြစ်ဆိုးကို ဘယ်ကနေ သိခွင့်ရကြမှာလဲ။အခု ကျောင်းသားလူငယ်တွေ ဆန္ဒပြကန့်ကွက်ပွဲတွေကို ကျောင်းအုပ်ကြီးတွေ၊ နိုင်ငံရေးသမားတွေ၊ ပုလိပ်တွေ၊ တန်ပြန်သပိတ်သမားတွေ၊ အကြမ်းဖက်တွေက အနုနည်း အကြမ်းနည်းတွေနဲ့ ဖြိုခွဲကြတယ်။ ကျောင်းသားလူငယ်တွေကို သိမ်ဖျင်းတဲ့ ကျူးကျော်သူတွေအဖြစ် စွပ်စွဲကြတယ်။ အမေရိကန်လွှတ်တော်မှာ အစ္စရေးနိုင်ငံတော်ကို မစော်ကားရဆိုတဲ့ အဆိုတင်သွင်းပြီး လက်နက်ကုမ္မဏီတွေ အကျိုးစီးပွားကို ကာကွယ်ပေးကြတယ်။ သည်လို ဖြစ်ရပ်မျိုးကို စာနယ်ဇင်းသမားတွေ စာနယ်ဇင်းတွေ သတင်းမရေးဘဲနဲ့ ပရိသတ်သက ဘယ်လိုလုပ် သိနိုင်ကြပါ့မလဲ။အခု စာနယ်ဇင်းတွေ လွတ်လပ်ခွင့်ဆိုတာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ တန်းတူအချိုးကျပါတယ်။ ပြည်သူတွေ အကန့်အသတ်ခံရ ပြောဆို ထုတ်ဖော်ခွင့် ထိန်းသိမ်းခံရတာနဲ့ အဲသည်က စာနယ်ဇင်းတွေလည်း အကန့်အသတ်ခံရတော့တာပဲ။ အဲသည်နေရာမှာ အကျိုးစီးပွားဦးစားပေးတဲ့ အရေခြုံ စာနယ်ဇင်းတွေနဲ့ အစွန်းရောက် လူအုပ်စုတွေ အားကောင်းလာတော့တာပဲ။အခုကော စာနယ်ဇင်းနဲ့ ပြည်သူတွေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ တကယ် ဘယ်မှာရှိလို့လဲ။ အမေရိကန်ကျောင်းသားတွေ၏ ဆန္ဒပြသပိတ်စခန်းတွေ အဖြိုခွဲခံနေရပြီ။ စာနယ်ဇင်းသမားတွေက စွန့်စားပြီး တင်ဆက်တဲ့ သတင်းတွေကို အစိုးရတွေ ကော်ပိုရေးရှင်းတွေ နိုင်ငံရေးသမားတွေ အစွန်းရောက်တွေက ကျောခိုင်း ဥပက္ခာပြုကြပြီ။ လူပြိန်းတွေကိုယ်တိုင်လဲ ဆိုရှယ်မီဒီယာ၏ ဆူညံသံတွေအောက်မှာ ပိပြားနေကြပြီ။ အမှန်တရားကို ဖော်ထုတ်သူ၊ ရပ်တည်သူ၊ ပြောဆိုသူ၊ တောင်းဆိုသူတွေကို တွန့်ဆုတ်အောင် အားနည်းအောင် လုပ်ထားတဲ့ ပတ်ဝန်းကျင်မှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့် အာမခံချက် တကယ်ရှိလို့လား။မြန်မာစစ်ကောင်စီနဲ့ အပေါင်းအပါးတွေကို မြန်မာပြည်သူတွေက အာခံဖို့ ခက်ခဲလာနေတယ်။ ပြည်သူတွေမှာ ခေါင်းငုံ့ခံနေရသလို ဖြစ်နေတယ်။ စာနယ်ဇင်သမားတွေက မြေလျိုးပြီးမှ သတင်းပို့နေရတယ်။ စစ်ကောင်စီထံ အညံ့ခံပြီး တကိုယ်ရေထွက်ပေါက်ရှာနေသူတွေ များသည်ထက် များလာတယ်။ စစ်ကောင်စီ၏ ဥပဒေဘောင်ထဲကနေ တရားတမှုကို ဖော်ဆောင်လို့ မလွယ်ပါ။ သတင်းပို့သူကို အရေးယူ နှုတ်ပိတ်ဖို့ အရင်လုပ်တဲ့ ခေတ်ကို ရောက်နေတယ်။ စာနယ်ဇင်းလုပ်ငန်းတွေကလည်း ပြည်တွင်းမှာ အမှီအခိုကင်းကင်းရပ်ဖို့ မလွယ်လှပါဘူး။စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ စာနယ်ဇင်းတွေ မလွတ်လပ်တဲ့အကြောင်း၊ ပြည်သူတွေ မလွတ်လပ်တဲ့အကြောင်းကို ပြောနေတဲ့ လူတွေ အဖွဲ့အစည်းတွေကိုယ်တိုင်ကလည်း ဘယ်လို ပူျဖောင်းထဲကနေ ပြောနေတာလဲ၊ ဘယ်လို ပုန်းခိုကျင်းထဲကနေ ပြောနေတာလဲ ဆိုတာ ပြန်ငဲ့စောင်း ကြည့်မိချင်ပါသေးတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
ကိုအောင်မှိုင်း - ငြှိမ်းမရတဲ့ မီးတောက်များ
https://ift.tt/vf51cP6
Mediaကိုအောင်မှိုင်း - ငြှိမ်းမရတဲ့ မီးတောက်များ(မိုးမခ) မေ ၄ ၊ ၂၀၂၄
ဒီညမှာပေါ့မြဝတီ ရေတိမ်နစ်ခဲ့တယ်။
နောက်ကျောကိုထိုးလိုက်တဲ့ဓားဟာအသည်းနှလုံးအထိစူးဝင်သွားခဲ့တယ်။
ကျည်အစစ်တွေဟာဒေါ်လာကျည်တွေကြားကျည် အ တွေဖြစ်ကုန်တယ်။
အမျိုးသားရေးကြွေးကြော်သံဟာလေးကေ့ကော်နဲ့အတူနှုတ်ဆက် ထွက်ခွာစပြုနေပြီ။
စစ်မတိုက်တဲ့ သေနတ်တွေလူရာဝင်နေတဲ့ ခေတ်မှာသေနတ်မရှိပေမဲ့စစ်တိုက်ချင်သူတွေအတွက်အလွမ်းဓာတ်ဟာမျက်နှာပြောင်လွန်းလှတယ်။
စစ်တပ် အုပ်စိုးတဲ့ခေတ်မှာသူပုန်တွေဟာ သူရဲကောင်းဘဲဒါပေမဲ့သူပုန်အတုတွေတော့ မပါဘူး။
အတုတွေ များလွန်းတဲ့ခေတ်ဆိုး ခေတ်ပျက်ကြီးမှာသူပုန်အတုတွေဟာ အဆိုးဆုံးပဲ။
စောဘဦးကြီးကို သတိရတယ်ဗိုလ်ချုပ်ကြီးမြကို သတိရတယ်ဖဒိုမန်းရှာကို သတိရတယ်မာနယ်ပုလောကို သတိရတယ်။
မြဝတီဟာနိုးထလာလိမ့်မယ်ကရင့်အလံတော်တိုင်ထိပ်ပေါ်ရောက်တဲ့နေ့ဟာကရင်ပြည်သူတွေဘဝ ပြီးပြည့်စုံလိမ့်မယ်။
ကရင်ပြည်သူတွေဟာတော်လှန်သမိုင်းနဲ့ သူရဲကောင်းတွေပဲမြဝတီဟာ ပြန်လည်နိုးထလာမှာ သေချာတယ်။
ကိုအောင်မှိုင်း( မေလ ၃ ရက် ၂၀၂၄ ခုနှစ်)


Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar
ကျော်မင်းထွန်း (NEW YORK) - ကောက်ကောက်သွားတဲ့မျဉ်း
https://ift.tt/yq6SEkz
Media
ကောက်ကောက်သွားတဲ့မျဉ်းကျော်မင်းထွန်း (NEW YORK)(မိုးမခ) မေ ၅၊ ၂၀၂၄

မျဉ်းဖြောင့်တွေ ကောက်ကောက်သွားတာပြန်ဖြောင့်လို့မရလောက်အောင်ပဲအခု အဲ့ဒီမျဉ်းကောက်ထဲလူငယ်ဘဝ ပျောက်သွားရပြီ။
မြစ်ကြီးတွေ ကောက်သွားတဲ့နေရာမှာတော့မြစ်ကျိုးအင်းလေး ပေါ်လာနိုး၊ ပေါ်လာနိုးနဲ့အခု အဲ့ဒီမြစ်ကျိုးထဲလူငယ်ဘဝ နစ်သွားရပြီ။
ဗွီဒီယိုဂိမ်းတွေ၊ ကာရာအိုကေတွေဘီယာဆိုင်တွေ၊ နိုက်ကလပ်တွေကိုကျွတ်ကျွတ်အိတ်ထဲ သိမ်းထားလိုက်ပါပြီ။
ကွန်ပျူတာသင်တန်း အောင်လက်မှတ်တွေစာရင်းကိုင်သင်တန်း အောင်လက်မှတ်တွေပဋ္ဌာန်းကျမ်းသင်တန်း အောင်လက်မှတ်တွေဟာတစ်ရှူးစက္ကူလို လေထဲမှာ လွင့််ကျန်ခဲ့ပေါ့။
စာအုပ်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်မှာ“ငါရှုံးပါစေ၊ တရားကနိုင်ပါစေ” ဆိုတဲ့ကဗျာဆရာအောင်ချိမ့်ရဲ့ အသက်ဓာတ်လေးကဟိုးဝေးဝေးမှာ မှုန်တခါ မှိန်တလှည့်။
(၃၅) နှစ်အောက်တဲ့ -မဲဖောက်ရင် မပေါက်ပါစေနဲ့ဆေးစစ်ရင် မအောင်ပါစေနဲ့ထိခြင်းငါးပါးနဲ့ ဘုရားရှိခိုးပေမဲ့ကျွန်တော် ဆုတောင်းမပြည့်ခဲ့ဘူးအမေ။   ။-
Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar
နေသွင်ညိဏ်း - ကျနော်စွဲလမ်းဖူးတဲ့ ကက်ပလင်းရဲ့ ကဗျာနှစ်ကြောင်း
https://ift.tt/18hvmBi
<a href="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGPs9iUZdZcpamod3w0k-REZzLAvM22RvGR0o2hKzjwBTWrYXoW8JJ1kRH-jZi8sH3T8GoJWLFgpAsG7Z4f8dOk05mB34wg0HUOf_DVce8kefyOOoSPydmqaxQ4WRAp1_fUQsU6keGNqqoyoLM_IhYs7M0P8zswa8gxjMBnXqSwCaYP7s1wLlbWyN6Ok4A/s550/Kipling%20's%20IF.jpg">Media</a><b>ကျနော်စွဲလမ်းဖူးတဲ့ ကက်ပလင်းရဲ့ ကဗျာနှစ်ကြောင်း</b><b>နေသွင်ညိဏ်း</b><b>(မိုးမခ) မေ ၅၊ ၂၀၂၄</b>
တကယ်တော့ IF ကဗျာကို ကျနော် ဖတ်ခဲ့တာ အင်္ဂလိပ်စာ မတတ်ခင်ကတည်းကလို့ ပြောလို့ ရပါတယ်။ ကျနော့်အမကြီးရဲ့အထက်တန်း အင်္ဂလိပ်စာအုပ်ကပါ။ ကျနော့်အစ်မကြီးနဲ့ ကျနော်က ၁၄ နှစ်လောက် ကွာပါတယ်။ မကြီး ၁၀ တန်း ရောက်တဲ့အချိန်မှာ ကျနော်က မူလတန်း အရွယ်ပဲ ရှိပါသေးတယ်။  အင်္ဂလိပ်စာမပြောနဲ့။ မြန်မာစာတောင် ဖတ်တတ်ခါစပဲ ရှိပါသေးတယ်။ 
ကျနော့် စာဖတ် ဝါသနာဟာ မကြီးရဲ့အထက်တန်း ပြဋ္ဌာန်း စာအုပ်တွေက စတယ်လို့ပြောလို့ရပါတယ်။ မောင်ရင်မောင် မမယ်မ ဝထ္ထုဆိုရင် ငယ်ငယ်ကတည်းက ဘယ်နှစ်ကြိမ် ဖတ်မိမှန်းတောင် မသိပါဘူး။ငယ်သေးတော့ စာတွေကိုပဲ ဖတ်ပြီး၊ စာရေးသူတွေကိုတော့ အထူး မမှတ်မိပါဘူး။ ဥပမာ သင်္ချိုင်းကုန်းမှာ ဆိုတဲ့ စာကို ဆရာဦးတင်မိုး ရေးမှန်း ကျနော် မသိခဲ့ပါဘူး။ နောက်မှ သိပါတယ်။ သင်္ချိုင်းဆိုရင် ကြောက်တတ်တဲ့ ကလေးတယောက်ဟာ သူ့ချစ်ခင်တဲ့ မိသားစုဝင် ( သူ့အမေလားမသိ) ဆုံးသွားတဲ့နောက် သင်္ချိုင်းကုန်းကို ခင်မင်တတ်လာတဲ့အကြောင်းရေးထားပါတယ်။ ကောက်ရိုးနွယ်လေး အကြောင်း အက်ဆေးဆိုရင်ပက်ကြားအက်လေးထဲ ရှင်သန်တဲ့ သတ္တိကို ရေးတာထင်ပါတယ်။ ဆရာသိန်းဖေမြင့်ရဲ့ အမေကိုတော့ ကြိုက်လွန်းလို့ စာရေးသူရော စာကိုရော သေချာခဏခဏ ဖတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဆရာသိန်းဖေမြင့်ရဲ့ အမေဟာ ကျနော့် အမေနဲ့ အတော်တူတယ်လို့ ထင်ခဲ့လို့ပါ။  
ဆရာအောင်သင်းရဲ့ ချိုတကူးနဲ့ ဂုဏ်ရည်မတူ ဝတ္ထု(အက်ဆေးခေါ်မလားမသိ) ဆို လည်း သိပ်စွဲတာပါပဲ။ အသက်ရလာတဲ့အခါ ချိုတကူးရဲ့ စိတ်ကို နောက်တမျိုးနားလည်လာပါတယ်။ တကောင်ကြွက် ချိုတကူးဟာ ကြေကွဲစရာ သူ့ဘဝကို ရင်ဆိုင် ကြံ့ကြံ့ခံခဲ့နေရင်း သူ့စိတ်ကို ထိခိုက်စရာကြုံတဲ့အခါ မျက်ရည်ကျပါတယ်။ တကယ်တော့ ဂုဏ်ရည်မတူ ရုပ်ရှင်အတွက်ချည်း သူမျက်ရည်ကျတာ မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ မြိုသိပ်ထားရတဲ့ သူ့ဘဝရဲ့ ဝမ်းနည်းစရာတွေအတွက်လည်း ပါနေပါလိမ့်မယ်။ နောက်ဆောင်းပါး (အက်ဆေးတပုဒ်) က ရုပ်ရှင်ရိုက်ကူးရေး အကြောင်း ဒီးဒုတ် ဦးဘချို ရေးတာများ ဖြစ်မလား မသိပါဘူး။ ကျနော့်မှတ်ဥာဏ်က မှားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်အသက်ကြီးလာတော့ အထက် ကစာတွေကို ပြန်ရှာမဖတ်ဖြစ်တော့တာကြောင့်ပါ။ငယ်ဘဝရဲ့ မှတ်ဥာဏ်တွေအတိုင်းပဲ ထားတာက ပိုပြီး လှပတယ်လို့ ကျနော် ခံစားရတာကြောင့်ပါ။ 
ဒီလိုနဲ့ အင်္ဂလိပ်စာတွေထဲက wuthering heights နဲ့ IF ကဗျာ တို့ကိုလည်း အစ်မကြီးရဲ့ ပြဌာန်း စာအုပ်တွေကပါပဲ ကျနော် ဖတ်ခဲ့ရပါတယ်။ အင်္ဂလိပ်လို တဝက် မြန်မာဘာသာပြန် တဝက် ပုံနှိပ်ထားတဲ့ စာအုပ်က ဖတ်ခဲ့ရတာပါ။ IF ကဗျာကတော့ ကျနော် မှတ်မိတာက စာရွက်တွေတောင် အနားတွေ ပြတ်နေပါပြီ၊
အတိအကျ မမှတ်မိပေမယ့် ကျနော့်ငယ်ဘဝ မှတ်ဉာဏ်အတိုင်းဆိုရရင် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုဆိုတဲ့ မျက်နှာဖုံးတပ်ထားတဲ့ ဒီလူနှစ်ဦး ဆိုတဲ့ ဝါကျထဲက မျက်နှာဖုံး ဆိုတာကို ကျနော် ပုံဖော်ကြည့်ပါတယ်။ လူနှစ်ယောက် မျက်နှာဖုံးကိုယ်စီနဲ့ တယောက်က အောင်မြင်မှု၊ နောက်တယောက်က ရှုံးနိမ့်မှုပေါ့။ ရှုံးနိမ့်မှု ဆိုတဲ့ လူဟာ အနက်ရောင်ဝတ်စုံ ဝတ်ထားတယ်လို့ ကျနော် စိတ်မျက်စိက ပုံဖော်ထားတယ်။ အောင်မြင်မှုက ဘာအရောင် ဝတ်ထားမှန်း ကျနော် ပုံဖော်ခဲ့သလား မသေချာပါဘူး။ အဖြူရောင်ဖြစ်မယ်ထင်ပါတယ်။ 
နောက်ထပ် ကျနော် စွဲနေတဲ့ ကဗျာတစ်ကြောင်းကတော့ ရှင်ဘုရင်နဲ့ အတူတွဲပြီး လမ်းလျှောက်ခွင့်ရလို့ သွေးနထင် မရောက်စေနဲ့ ဆိုတဲ့ အဓိပ္ပာယ် ပါတဲ့ စာကြောင်းပါပဲ။ ကျနော့်မျက်စိထဲ ဇာတ်ပွဲထဲက ရှင် ဘုရင် ပေါ်လာပြီး သူအနားမှာ တွဲလျက် လမ်းလျှောက်နေတဲ့သူဟာ ကျနော် ဖြစ်နေပါတယ်။ ဒီအတွေးဟာ ကျနော့်အပေါ် ဘယ်လောက် အထိ လွှမ်းမိုးလဲ ဆိုရင် အခုအရွယ်အထိ၊ အရှိန်အဝါ ရှိသူ၊ ရာထူးရှိသူ၊ ငွေကြေး ရှိသူတွေနဲ့ ခင်မင်ခွင့်၊ စကားပြောခွင့်၊ ညစာ အတူစားခွင့်၊ ခရီးအတူ သွားခွင့် ဘယ်လိုဖြစ်ဖြစ် ကျနော့်ကို အမြဲတမ်း သတိပေးနေတတ်ပါတယ်။ ကျနော်တို့ အထက်တန်းရောက်တော့ အင်္ဂလိပ် ကဗျာ စာအုပ်ထဲမှာ ဒီကဗျာ ရှိနေပါသေးတယ်။ ဒါပေမယ့် မသင်ရတော့ပါဘူး။ အင်္ဂလိပ်စာကို ဝါသနာ ပါတဲ့ ကျနော်ဟာ ဒီကဗျာကို ဘာသာပြန်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ကိုယ့်ဟာကိုယ် မသေချာလို့ ဆရာမကို သွားပြတော့ ဆရာမက ဘာမှ အကြောင်း မပြန်ပါဘူး။ ကျနော် ဘာသာပြန်ထားတာ မတိကျလို့လားတော့ မသိပါဘူး။ 
ဆယ်တန်းအောင်တဲ့ (၁၉၉၇) လောက်မှာ နိုင်ငံရေးသင်တန်းတက်ဖို့ နိုင်ငံရေးအသိုင်းအဝိုင်းထဲ ခဏရောက်တော့ IF ကဗျာ ဘာသာပြန်နဲ့ ပြန်တွေ့ရပါတယ်။ ဒေါ်စု ဘာသာပြန် (တကယ်က ဆရာမ မသီတာ စမ်းချောင်းက က ဒေါ်စု နှုတ်တိုက်ချပေးတာကို မှတ်သားပြီးအချော ဘာသာပြန်၊ ဒေါ်စုက အတည်ပြုပေးခဲ့တယ်လို့…
သတင်းမီဒီယာများနဲ့ နောက်ကွယ်က နှောင်ကြိုး
https://ift.tt/mTg2Yhd
<a href="https://blogger.googleusercontent.com/img/a/AVvXsEijGBdd1S4iaI17-mslrIZTrM8jqNjpf5mLmIdIStJpSCgjKx4nCfpSYKjZpK985hhdy3JdGMELat2imLXJzzz_SnVKriDVAkTv725A-ERnUH8Bg52KSpNGuRsxEeKM8Se3xCfqySGKdyBldMBv4z7huJ8gk3qxWcrEkmLa3LkjnAR3RTuMTp2gTzCNZy4">Media</a>မြန်မာနွေဦး ခရိုနီကယ် - မေ ၄ မြင်ကွင်း(မိုးမခ) မေ ၅၊ ၂၀၂၄
သတင်းမီဒီယာများနဲ့ နောက်ကွယ်က နှောင်ကြိုးယမန်နေ့ မေလ ၃ ရက်နေ့က ကျရောက်သည့် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့နှင့်ဆက်နွှယ်၍ သတင်းမီဒီယာ လွတ်လပ်ခွင့် အရေးကြီးသည့် နည်းတူ သတင်းဌာနတိုင်း သမာသမတ်ကျစွာနဲ့ အချက်အလက်အရတိကျ မှန်ကန်ပြီး အများသိသင့်သိထိုက်တဲ့ အကြောင်းအရာ၊ ဆီလျော်တဲ့ ရှုထောင့်တွေကနေ အများပြည်သူ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချနိုင်အောင် အလုပ်အကျွေးပြုနေကြပါသလားလို့ မေးလာခဲ့ရင် အားလုံးတော့ ဟုတ်မနေဘူးလို့သာ ဖြေရမှာ ဖြစ်ပါတယ်။ အားလုံးသော သတင်းမီဒီယာတွေ စံပြုစရာ ကောင်းပြီး ပညာသည်ပီသစွာ ဖော်ပြမနေကြတာကတပိုင်း သတင်းလွတ်လပ်ခွင့် အရေးကြီးခြင်းက တပိုင်း သီးခြားစီ ပြောဆိုကြရမယ်လို့လည်း မြင်ပါတယ်။ သတင်းမီဒီယာတွေထဲမှာလည်း ဘက်လိုက်သည့် သတင်းမီဒီယာ၊ အသုံးချခံသည့် သတင်းမီဒီယာ၊ အုပ်ချုပ်သည့် အစိုးရ၊ အထောက်အပံ့ပေးသည့် ကုမ္ပဏီအဖွဲ့အစည်း၊ နိုင်ငံတွေကို အကောင်းမြင်ရှုထောင့်က ဖော်ပြတင်ဆက်ပေးပြီး မလိုလားသည့် အဖွဲ့အစည်း၊ နိုင်ငံ၊ ပါတီတို့နှင့်ပတ်သက်လျှင် မကောင်းသတင်းတွေကိုသာ အသားပေးဖော်ပြတာ၊ မကောင်းသည့် ရှုထောင့်မှ တင်ဆက်တာတွေ ရှိနေသည်ကလည်း အမှန်ပင်ဖြစ်ပါတယ်။ သတင်းမီဒီယာ၏ ဘက်မလိုက်သော စံနှုန်း၊ အများပြည်သူ၏ အကျိုးစီးပွားတို့ကို ပထမဦးထိပ်ထားကာ သတင်းအလုပ်လုပ်ကိုင်ကြသည့် သတင်းဌာနတွေ မရှိမဟုတ် ရှိကြသော်ငြား ဒီနေ့ခေတ်ကာလမှာ အများစုမဟုတ်ဘဲ အနည်းစုသော အရေအတွက် ဖြစ်နေကြတာတွေ့ရပါလိမ့်မယ်။ သတင်းစာ၊ ရေဒီယို၊ ရုပ်သံသတင်းဌာန၊ အင်တာနက် ဒစ်ဂျစ်တယ်အွန်လိုင်း သတင်းဌာနတွေရဲ့ ရပ်တည်ရေး၊ ဘဏ္ဍာငွေ လုံလောက်စွာ လည်ပတ်နိုင်ရေးတွေ အတွက်သော်လည်းကောင်း၊ သတင်းဌာနကို ဦးဆောင်သူတွေရဲ့ ငွေကြေး မျှော်မှန်းမှုတွေအတွက် သတင်းဌာနတွေရဲ့  လွတ်လပ်မှု၊ ဘက်မလိုက်မှုတွေကို ချရောင်းလိုက်ကြရတာမျိုးလည်း ရှိနေသလို တချို့သော နောက်ခံအခြေအနေမှာ နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ရည်မှန်းချက်၊ အာဏာရ အစိုးရရဲ့ ပုံရိပ်ကောင်းထွက်ဖို့ အလို့ငှာ သတင်းဌာနရဲ့ ရပ်တည်ချက်၊ ပညာသည် စံနှုန်း တန်ဖိုးတွေကို ချရောင်းလိုက်ကြတာလည်း ဖြစ်ပါတယ်။ လတ်တလော အမေရိကန် ပြည်ထောင်စုက တက္ကသိုလ်တွေရဲ့ ဆန္ဒပြမှုသတင်းတွေကို လေ့လာကြည့်တဲ့အခါ ဒီဆန္ဒပြမှု သတင်းတွေကို အထူးသဖြင့် ရုပ်သံသတင်းဌာနတွေက တင်ဆက် ပုံဖေါ်ကြရာမှာ ဆန္ဒပြမှုရဲ့ အကြောင်းရင်းခံကို တင်ပြတာထက် အပေါ်ယံ ဖြစ်စဥ်တွေကို အသားပေး ဖေါ်ပြကြပြီး မီဒီယာရဲ့ အနှစ်သာရကို တန်ဖိုးကျဆင်းစေခဲ့ကြတာ တွေ့ရမှာဖြစ်ပါတယ်။   အထက်က ဖြစ်စဥ် ဖြစ်ရပ်မျိုးတွေ ဖြစ်ပေါ်နေတာ ကြားသိကြရမှာ ဖြစ်ပါတယ်။ သတင်းစာပညာ သင်ကြားတဲ့အရာမှာ ထင်ရှားတဲ့ တက္ကသိုလ်တခုဖြစ်တဲ့ ကိုလမ်ဘီယာ တက္ကသိုလ်မှာ ဂါဇာဒေသမှာ အစ္စရေးလ်နိုင်ငံရဲ့ ဟားမားစ် စစ်သွေးကြွတွေကို နှိမ်နှင်းတဲ့ စစ်ဆင်ရေးအတွင်း အပြစ်မဲ့တဲ့ အရပ်သား၊ ကလေးငယ်၊ အမျိးသမီး၊ သက်ကြီးရွယ်အိုတွေ သောင်းဂဏန်းနဲ့ချီ အသက်ဆုံးရှုံးရတဲ့ ဖြစ်ရပ် အပေါ် အမေရိကန် ရဲ့ လက်နက်၊ ငွေကြေး ကူညီမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ ဆန္ဒပြမှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြမှုရဲ့ အရင်းခံ အကြောင်းက လူမျိုးတုံး သတ်ဖြတ်မှုမှာ အမေရိကန်နိုင်ငံရဲ့ လက်နက် ငွေကြေး သံတမန်ရေး အကူအညီတွေကို ရပ်ဆိုင်းဖို့နဲ့ ဒုတိယအနေနဲ့ တက္ကသိုလ်တွေ ကိုယ်၌က လက်ရှိ စစ်ပွဲမှာ အစ္စရေးလ်နိုင်ငံ အစိုးရကို ကူညီပံ့ပိုးနေတဲ့ ကုမ္ပဏီတွေရဲ့ အထောက်အပံ့၊ သို့မဟုတ် စစ်ပွဲအပေါ်မှာ အကျိုးအမြတ်ရရှိနေတဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ရဲ့ အကူအညီ၊ အဲဒီလိုကုမ္ပဏီတွေရဲ့ အစုရှယ်ယာတွေ အကျိုးခံစားခွင့်တွေ တက္ကသိုလ်တွေအနေနဲ့ ဖြတ်တောက်ဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ အမေရိကန်နိုင်ငံက လူကြည့်များတဲ့ သတင်းဌာနတွေ၊ ရုပ်သံချယ်နယ်တွေက ဒီအဖြစ်အပျက်ကို တင်ဆက်ရာမှာ Anti-semitism, ဂျူးလူမျိုးတွေအပေါ် ပစ်မှတ်ထားတဲ့ အမုန်းစကား ဖြစ် မဖြစ်၊ ပါလစ္စတိုင်း လိုလားတဲ့ သပိတ်ကျောင်းသားတွေက ဂျူးလူမျိုး ကျောင်းသားတွေအပေါ် ခြိမ်းခြောက်မှု၊ တရားဥပဒေစိုးမိုးမှု စတဲ့ ရှုထောင့်တွေကို ပိုပြီးဦးစားပေး တင်ဆက်ကြတာ တွေ့ရပါတယ်။ သပိတ်မှောက်ခြင်းရဲ့ အကြောင်းရင်းထက် သပိတ်မှောက်တဲ့ ဖြစ်ရပ်နဲ့ ဆက်နွှယ်တဲ့ အကျိုးဆက်တွေ၊ လုပ်ပုံကိုင်ပုံတွေကို ပိုပြီးဇောင်းပေး တင်ဆက်ကြတာဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ လက်နက်ပစ္စည်း ထုတ်လုပ်တဲ့ကုမ္ပဏီတွေ လုပ်ငန်းကြီးတွေ အနေနဲ့ ကမ္ဘာရဲ့ အခြားနေရာမှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေ ဖြစ်တဲ့ ယူကရိန်း-ရုရှားစစ်ပွဲ၊ အစ္စရေးလ် ရဲ့ ဟားမားစ် ရှင်းလင်းရေး ခေါင်းစဥ်တပ်ထားတဲ့ ဂါဇာကမ်းမြောင် ဒေသတခုလုံးကို မြေလှန်တဲ့ စစ်ဆင်ရေးတွေ မှာ လ…
ခွန်ချိုသာ - ပအိုဝ်းတို့ရဲ့ယခင် ယခု
https://ift.tt/wiRr6fj
<a href="https://blogger.googleusercontent.com/img/a/AVvXsEgnPHOp5utvLyazaI_FbNj4fjHeeSnlccDthK891qIPAfcBKf_J-uWk4PsbCJcIMxMFfLmRunGPZLVtJ9i2BgWE7gP-nhsbD7doF7V3wnzFUxGaTmhqZDKRxmXOEgtsyLRoUmW21vTguSXv7Z4_QKRci0qdtGsMyR6o1WKWictiLI8JOqTb1-JqDT0qiqw">Media</a>ခွန်ချိုသာ - ပအိုဝ်းတို့ရဲ့ ယခင် ယခု (မိုးမခ) မေ ၅ ၊ ၂၀၂၄
လွတ်လပ်ရေးမရခင်က ပအိုဝ်းနဲ့ ကရင်နီဟာ ကရင်မျိုးနွယ်စုအောက်မှာ စာရင်းဝင်ခဲ့သည်။ကရင်မျိုးနွယ်စုထဲက ခွဲထွက်ဖို့အတူ ကြိုးပမ်းခဲ့ကြပြီး အတူ ကိုယ့်လူမျိုးဝိသေသနဲ့ကို သီးခြားဖြစ်တည်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုသည် ပအိုဝ်းတို့၏ အမျိုးသားနိုင်ငံရေးခြေလှမ်းအစဟု ဆိုနိုင်သည်။ယနေ့ ခေါင်းစည်းမျိုးစုံဖြင့် အခွန်အမျိုးမျိုးတောင်းခံနေတဲ့ PNO များသည် ပအိုဝ်းတို့ရဲ့ပဒေသရာဇ်တော်လှန်ရေးဟာ ရှမ်းစော်ဘွားတွေ အခွန်ကောက်လွန်းအားကြီးလို့ ပေါ်လာရသည်ဆိုသည့်အချက်ကို ပြန်သတိရသင့်သည်။ ယနေ့စစ်ကာလတွင် PNOခေါင်ပိုင်းက လူမျိုးနာမည်နဲ့ရယူထားသည့် မဟာစီးပွားရေးလုပ်ငန်းကြီးတွေထဲက တပြားမှမထုတ်ဘဲ ပအိုဝ်းပြည်သူထံက လူရောငွေရော မဟားဒဟားကောက်ခံနေမှုသည် ရှမ်းစော်ဘွားများလူလည်ကျပုံနဲ့ မကွာတော့ပေ။ ကိုယ်အမြဲဂုဏ်ယူနေသည့် ပဒေသရာဇ်တော်လှန်ရေးကို အားနာသင့်လှပေသည်။ပအိုဝ်းဒုတိယတော်လှန်ရေး အားကောင်းလာခြင်းမှာ စစ်တပ်က ပအိုဝ်းခေါင်းဆောင်များကို မလိမ့်တပတ်ခေါ်ပြီး အစုလိုက်အပြုံလိုက် ဖမ်းဆီးလိုက်ခြင်းကြောင့် ဖြစ်သည်။ စစ်တပ်ရဲ့ ယုတ်ကန်းပုံကို ပအိုဝ်းခေါင်းဆောင်ပိုင်းက ကောင်းကောင်းသိသည်။ သိလျက်နဲ့ပေါင်းနေသည့်အကြောင်းတရားများထဲတွင် ကိုယ်ကျိုးစီးပွားကိစ္စက ရှေ့တန်းမှ ပါဝင်သည်။နောက်တခုက ရှမ်းအဖွဲ့တွေက ပအိုဝ်းတွေအပေါ် တဆင့်နိမ့်အမြင်နဲ့ ဆက်ဆံခဲ့သလိုမျိုး ကနေ့ အင်းလူမျိုး ဓနုလူမျိုး စတဲ့လူမျိုးငယ်လေးတွေအပေါ်  PNO ရဲ့ မောက်မာအနိုင်ကျင့် ဗိုလ်ကျမှုကို လည်း ပြန်သုံးသပ်ဆင်ခြင်သင့်သည်။မူလပအိုဝ်းခေါင်းဆောင်ကြီးများက ကိုယ့်လူမျိုး တိုးတက်ရေးအတွက် အကြီးအကျယ် အဟန့်အတားဖြစ်တဲ့ ရှမ်းတပြည်လုံး နွံနစ်နေတဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်တိုက်ဖျက်ရေးလုပ်ငန်းလည်း လုံးဝကျဆုံးသွားပြီး PNO ကိုယ်တိုင် ဘိန်းစိုက် ဘိန်းခွန်ကောက် ဆေးပြားရောင်းချမှုအားပေး စစ်သားစုဆောင်းရေးစခန်းမှာ ဆေးပြားပါ အဝကျွေးထားရသည့်အလုပ်ကို လုပ်နေပြီ။ပအိုဝ်းတွေအပေါ်မှာ ဘုန်းကြီးတွေရဲ့ ဩဇာကြီးမှုက ဘာသာရေးသက်သက်ကြောင့် မဟုတ်ဘဲ ဗကပအောက်က ရုန်းထွက်နိုင်ပြီး အမျိုးသားရေးအသားပေးနိုင်မှုမှာ ဘုန်းကြီးတချို့ရဲ့ဦးဆောင်နိုင်မှုကြောင့် ဖြစ်သည်။ ယခုအခါတွင် ပအိုဝ်းလူမျိုးအတွက် လမ်းကောင်းပြနိုင်သည့် ဘုန်းကြီး မတွေ့ရဘဲ စစ်တပ်ကို ရိုကျိုး တန်ခိုးထွားအောင် စစ်မှုတော်ထမ်းနေသည့် ဘုန်းကြီးများသာ တွေ့ရသည်။ပအိုဝ်းကလေးတွေအဝေးကို ပညာသင်လွှတ်သည့်ဓလေ့သည်လည်း ပညာသင်မပေးလျှင် မိဘကိုအရေးယူရမည်ဆိုသည့်အချက်အပြင် ဘာစာတတ်တတ် တတ်ဖို့အရေးကြီးသည့်အတွက် ပညာရေးလုပ်သည့် ကျောင်းအားလုံးကို ထောက်ပံ့ကူညီရေးမူချနိုင်ခဲ့သည်။ ဘယ်တောင်ကြိုတောင်ကြားရှိရှိ ပအိုဝ်းမှန်သမျှ မြို့ကြီးပြကြီးမနေဖူးသူ မရှိသလောက်ပင်။ ပအိုဝ်းနယ်ရှိ အစိုးရကျောင်းဖြစ်ဖြစ်၊ ဘကဖြစ်ဖြစ်၊ အလွတ်သင်ကျောင်းဖြစ်ဖြစ်၊ ပရိယတ္တိစာသင်တိုက်ဖြစ်ဖြစ်၊ ကောလိပ်ဖြစ်ဖြစ်၊ တက္ကသိုလ်ဖြစ်ဖြစ် လုံလုံလောက်လောက် အားပေးကူညီထောက်ပံ့ကြသည်။ ချို့ငဲ့သည့် ကျောင်းရှားသည်။ သို့ပေမဲ့ အမျိုးသားရေးဇောင်းပေးလွန်းသဖြင့် ယင်းကျောင်းများတွင် နိုင်ငံရေးစနစ်အကြောင်း ပြောဆိုမှုမရှိသလို လေ့လာသင်ကြားခွင့်လည်း မပေးသဖြင့် လူတော်များ ဆုံးရှုံးကြသည်။ လူတော်တော်များက ယင်းအသိုင်းအဝိုင်းထဲတွင် ဆက်လက်ဖွံ့ဖြိုးခွင့်ပျောက်ဆုံးနေသည့်အတွက် စွန့်ထွက်သွားကြသည်။ ပြန်လာလို့လည်း မရ၊ နေရာလည်း မပေးကြချေ။ ယင်းအချက်က အနာဂတ်ခေါင်းဆောင်လောင်း မျိုးတုံးလုနီးနီးထိ ဖြစ်လာပြီး PNO ခေါင်းဆောင်ပိုင်းရဲ့ သားသမီးများက မင်းမျိုးမင်းနွယ်ဆန်ဆန် ရာထူးအလိုအလျောက် ဆက်ခံလာကြသည်။ ယခုတော့ ပအိုဝ်းလူငယ်မှန်သမျှ ပညာရေးကိုပစ် ထိုင်းအလုပ်သမား ဖြစ်နေကြပြီး ကျန်လူငယ်များကို အထက်တန်းကျောင်းတက်ဖို့ အားမပေးတော့ဘဲ စစ်ထဲ ချောင်ပိတ် မောင်းသွင်းနေကြသည်။ဗကပအောက် လုံးလုံးလျားလျား မရောက်ခဲ့သည့်တိုင် ပအိုဝ်းတွေအပေါ် ဗကပရဲ့ လွှမ်းမိုးလာပုံက စာပေးစာယူလုပ်ရင် အောက်နားမှာ “အမျိုးသားဒီမိုကရေစီတော်လှန်ရေး အောင်ရမည်” လို့ရေးနေကြကို “ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး အောင်ရမည်”၊ “လေးစားစွာဖြင့်” ကို “အလေးနီဖြင့်”၊ နာမည်ရှေ့တွင် “ခွန်၊ ဗိုလ်ကြီး၊ ဆရာ” ကို “ရဲဘော်” လို့ ရေးသားရပြီး ပခုံးမှာ ရလလဖတံဆိပ်တပ်ပြီး ဦးထုပ်မှာတော့ ကြယ်နီအမှတ်အသား တပ်ဆင်ရသည်။ စာဆိုလျှင်လည်း ဥက္ကဋ္ဌကြီး မော်စီတုန်း၏ ဩဝါဒစာအုပ်နီများကိုသာ ဖတ်ရပြီး ရင်ဘတ်တွင်လည်း မော်စီတုန်းပုံရင်ထိုးများ လူတိုင်းထိုးရသည်အထိ ဖြစ်ခဲ့သည်။ယင်းအခြေအနေကို ပအိုဝ်းများက တွန်းလှန်ရှင်းထုတ်ခဲ့သည်မှာ ၁၉၇၅ လောက်မှာ ရှင်းရှင်းပြတ်သွားသည်။ ၁၉၇၆ တွင် ဗကပ ဝင်ရောက်လွှမ်းမိုးနိုင်ခဲ့သော…
ရဲဘော်တေး - မရဏရထား
https://ift.tt/osHGQFT
Mediaရဲဘော်တေး - မရဏရထား(မိုးမခ) မေ ၅ ၊ ၂၀၂၄
နိုင်ငံတဝန်း Non-CDM ဝန်ထမ်းများအနက်မှ ပထမဦးဆုံး စစ်မှုထမ်းကြမည့်ဝန်ထမ်းစာရင်း စတင်ကောက်ခံတဲ့။မိဖရင်ခွင် ဖနောင့်နဲ့ပေါက်ပြီး ကောက်ကောက်ပါအောင် လိုက်ခဲ့တာကိုမှ မငဲ့ညှာ၊ ခုတော့ ဖာတန်းပို့ပြီဆိုသလို ပြည်သူ့ရင်ခွင် ချဉ်တင်တင်ဆိုပြီး ဘပုလည် ခိုစီးမိပါတယ်၊ ရီးတွေဖြစ်ရောဆိုပါတော့။ ယမမင်းလက် နှစ်ကျပ်ကွက်နဲ့ပေးအပ် ခွေးဇာတ်ခင်းပြီ။ ဒင်းတို့ကို ခွေးလို့ခေါ်တာ ခုမှ သိပါပေါ့လား ဟားဟား ဆိုပြီး ငိုချင်းချနေကြပြီ။ဌာနတွင်း ပထမဦးဆုံး သွားရောက် စစ်မှုထမ်းကြမည့် ဝန်ထမ်းများ စာရင်းကို ပြုစုနေ၊ ဝန်ထမ်းများက ကိုယ်တိုင် ဆန္ဒပြုခြင်းမဟုတ်ဘဲ ဌာနအကြီးအကဲများက သင့်တော်သလို စာရင်းပြုစု စီမံကြခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းအများစုမှာ ၎င်းတို့ကိုယ်တိုင် သိရှိခြင်းမရှိဘဲ စစ်မှုထမ်းရမည့် နာမည်စာရင်းတွင် ပါဝင်နေကြောင်း သိရှိရတဲ့။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့။နာယကဂုဏ်ခြောက်ပါး တပါးမှ မထောက်ထားဘဲ ယောက်ျားရင့်မ နှစ်သီးသုံးသီးစားကြီးတွေက တပည့်ကလေး နှမလေး မောင်လေးတွေကို မသနား….အမယ်မင်း သေတွင်းရယ်တဲ့ ပို့နေ၊နိုင်ငံ့ဝန် အရှည်မထမ်းရဘဲ လှိုင်ကြံ့ဝန်အသေထမ်းရမယ်လို့ နန်းတို့ဖြစ်ထွေ။မထမ်းလို့ မဖြစ်ချေစစ်မြေမှာကျဆုံး၊(ဘဘုန်းတို့ရေ)သေသွားရင် ငရဲမလစ်အောင်ဟောရစ်ကြအုံး။(ငိုချင်း)ခုတော့ ရုံးကြီးလဲ ကျီးနဲ့ဖုတ်ဖုတ်။ သုတ်သူသုတ် လစ်သူလစ် ဘယ်အလကားသက်သက် သေမင်းကြင်စိုးထံ လည်စင်းခံလို့တော့ဖြစ်မတုန်း။ ဒီစစ်ကြီးမှာ သူ့သားမပါ သူ့သမီးမပါ၊ စစ်ကျတော့ သူကဖန်တည်း၊ စစ်မီးထဲတော့ တခြားသူထိုးထည့်၊ သခိုးငပဲ့ အကျိုးအနဲ့ကောင်ကို ကျွမ်းထောင်ဆဲပြီး ကျိန်စာတိုက်ကာ ရုံးလာတဲ့ခြေထောက် သစ္စာ့ဖောက်ဆိုပြီး ဒိုးကြတော့ ဌာနကြီးလဲ သုဿာန်တစ သင်းချိုင်းဝပေါ့၊ မအလရဲ့ကြောင်တက်တက်ဓာတ်ပုံနဲ့ ရုံးစောင့်ဘဲကျန်တော့သလေ။ အဲဒီသေမင်းအခွက်ကြီးမြင်နေရမှတော့ ရုံးစောင့်လဲ မကြာခင် လစ်မှာပါဘဲလေ။ခု SSPPကပါ စစ်ကြေညာတော့ နေပူတော်တင်မက ရှမ်းပြည်နယ်က ရုံးတွေမှာ ကိုယ်မသိဘဲ စာရင်းပေးခံထားရတဲ့ဝန်ထမ်းတွေလဲ စလစ်နေကြပြီ။ ခုတော့ တပ်ပျက်ရုံမက ဌာနပါပျက်ပြီလေ။ စစ်ဗိုလ်ချုပ်ကြီးတွေ ဝန်ကြီးတွေ အရာရှိကြီးတွေ ခရိုနီကြီးတွေရဲ့သားသမီးတွေကို စည်းရုံးရေးအနေနဲ့ စံနမူနာပြ ထည့်မယ်ကြားလို့ သားတွေ ဘယ်ဖွက်ရမလဲလို့ ဂယက်ထနေကြပြီတဲ့။ အသံလဲ ကျယ်ကျယ်မထွက်ရဲ နိုင်ငံခြားလဲ အထွက်မခံ အင်း လဝကနဲ့ ရဲတွေကတော့ ရေလျှံတော့မယ်ဆိုပြီး ပျော်နေကြသတဲ့။ ဒီတခါရမှာက သိုက်ကြီးတွေဆီကလေ။ ဘာတဲ့ ငွေဆိုတာ ရေလိုပါဆိုပြီး သီချင်းလုပ် ညည်းနေကြပြီ။ဌာနဆိုင်ရာ အလုပ်တာဝန်များကို ယာယီ လွှဲပြောင်းရမယ်ဆိုကထဲက ဒီရထားဟာ ပြန်လမ်းမဲ့ရထား၊ တက်စီးလို့မဖြစ်ဖူးဆိုတာ ဝန်ထမ်းတိုင်း သိပြီးသား။ မအလဟာ သူ့ရဲ့နောက်ဆုံးနေ့ရက်များကို တင်ထားတဲ့ရထား၊ ရောစီးလို့ မဖြစ်ဖူးဆိုတာ သိကြပြီးသား။ ဌာနလုပ်ငန်းတွေ အပြီးရပ်ဆိုင်းတော့မယ်ဆိုတဲ့ ရနံ့ကို အကုန်ရှူရှိုက်မိနေပြီးသားလေ။ စစ်မှုထမ်းမှ ပြန်လာချိန်တွင် မူလနေရာ၊ လစာနှင့်ခံစားခွင့်များအတိုင်း ပြန်လည် ခံစားရမယ်ဆိုတာ ဘယ်လိုမှကို မဖြစ်နိုင်တော့တာလေ။ လက်ရှိလစာအပြင် စစ်မှုထမ်းချိန် စစ်တပ်က ရတဲ့ လစာနှင့်ခံစားခွင့်များကို ထပ်မံခံစားခွင့်ပြုမယ်ဆိုတာလဲ ဟာသ၊ ဟဟဘဲရမှာ၊ သေသွားမှတော့ ဘာခံစားရမှာလဲ။ ဖုန်းတောင် ကိုင်လို့မရတာ၊ ရှုံးမယ့်စစ်မှာ ကိုယ်သေသွားလဲ ကိုယ့်မိကိုယ့်ဖ ကိုယ့်သား ကိုယ့်မယားကို ဘယ်ပြည်သူက သူတို့ကို သတ်တဲ့လူကို ပင်စင်ဆက်ပေးနေမလဲ။ အရူးပြောလဲ အရူးမယုံကြတော့။ တကယ်တမ်းက မအလနဲ့ ခေါင်းဆောင်ကြီးများကလွဲရင် ဘယ်သူမှ မရူးကြဘူးလေ။





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
https://ift.tt/ghotX2C
Mediaချောင်းငယ်လေးလို ငြိမ်းပြေ(မိုးမခ) မေ ၆၊ ၂၀၂၄
အပြုံးမပျက်တဲ့ မြို့ဟာကြွပ် ဆတ် ရွနေတဲ့ ရာသီအောက်တံလျှပ်တွေ တလက်လက် ထ နေတဲ့ကြားကတူနှစ်ဖြာ ရှေးရေစက်တွေနဲ့မွေးနေ့တွေ အယောက်စေ့ကျင်းပပကာသနအတွက် ဆင်စီးပြီးမြင်းရံကြတဲ့အထိခမ်းခြောက်လို့ ကောင်းတုန်း ။
ကိုယ့်အိပ်တန်း မဟုတ်တဲ့နေရာမှာ‌အိပ်နေရတဲ့ ငှက်တိုင်းကိုဆောင်းခိုတယ်လို့ ပြောလို့မရဘူးစိတ်တခုနဲ့ ရွက်လွှင့်ခဲ့ကြတာပဲကိုယ်ရိတ်သိမ်းရသမျှဟာကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးခဲ့ခြင်းတွေသာ ။
ပိုးတုံးလုံးကနေ လိပ်ပြာဘဝအထိ မရောက်သလိုမျိုးခပ်တိမ်တိမ်လူတွေစုနေတဲ့ မြို့ရဲ့ဘေးမှာမြစ်ဆီကို စီးဆင်းသွားတဲ့‌ ချောင်းဟာ မြို့ကို ဥ‌ပေက္ခာပြုပြီး သူ့ခရီးသူ ဆက်ပြီ ။
အရာရာကို ပြတ်တောက်နိုင်တဲ့ ဓားဟာယုံကြည်ချက်ပဲလို့ ယုံကြည်ရင်းကမြို့အကြောင်း မတွေးပဲကိုယ့်အသိုက်ကိုယ် ပြန်နိုင်မယ့်နေ့ကို မျှော်မယ်ချောင်းငယ်လေးလို စီးစရာရှိတာ ဆက်စီးရင်းကပေါ့ ။
၀၄၀၅၂၀၂၄-Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar
SSPP/SSA စစ်ပွဲ ဆင်နွှဲမှာလား
https://ift.tt/iIA9Zuk
<a href="https://blogger.googleusercontent.com/img/a/AVvXsEicNxs1XMEkpL7NlB5ZnWtljh3DaX5xr2Ld3GM9HHl1FPkedk6sP33CuvTJOAX1LHK6xW8HdzXp5I5G7OQvrzoXrCFpyU-QBSYB8Lk0-EiCbYM-R6zL9Cxtlynq5qEH884EBg_UiXNd2NAjBmOiT4oblrL3O_rpr7nitl6BHxNTs0pvEWCcXtk_Ryg_c1g">Media</a>မြန်မာနွေဦး ခရိုနီကယ် - မေ ၅ မြင်ကွင်း(မိုးမခ) မေ ၆၊ ၂၀၂၄ SSPP/SSA စစ်ပွဲ ဆင်နွှဲမှာလားပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ နှစ် ၆၀ ပြည့်အခမ်းအနားမှာ ဒုတိယ ဥက္ကဌဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က နိုင်ငံရေး စားပွဲဝိုင်းမှာ ဖြေရှင်းဖို့ မဖြစ်နိုင်တော့တာကြောင့် လက်နက်ကိုင် တိုက်ပွဲဖြစ်ရတော့မယ့် သဘော ထုတ်ဖော်ပြောဆိုလိုက်တာကို သတင်းမီဒီယာ အတော်များများက အရေးပါတဲ့ သတင်းအနေနဲ့ ဖော်ပြခဲ့ကြပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ရာ နိုင်ငံရေးစာပွဲဝိုင်းမှာ ဆွေးနွေးဖို့ မဖြစ်နိုင်တော့ဘူးလို့ အဓိက ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ SSPP ကပြောဆိုလိုက်ခြင်းဟာ ဘယ်လို အဓိပ္ပါယ်ဆောင်သလဲ နောက်ကွယ်မှာ ဘယ်လိုအကြောင်းခံတွေ ရှိနေသလဲ စသဖြင့် ခန့်မှန်းပြောဆိုမှုတွေ အမျိုးမျိုး ထွက်ပေါ်လာစေတာလည်း ဖြစ်ပါတယ်။ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ထဲက RCSS လို့ အတိုကောက်ခေါ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ လို့ခေါ်တဲ့ ယွက်စစ်ဦးဆောင်တဲ့ လက်နက်ကိုင် အဖွဲ့က ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခြေစိုက်တယ်လို့ ယေဘုယျ နားလည်ကြပြီး SSPP ကတော့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အခြေစိုက်တယ်လို့ နားလည်ကြပါတယ်။ သို့ပေမဲ့ အချိန်ကာလနဲ့ အခြားသော စစ်တပ်၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှု နေရာယူမှု တိုက်ပွဲ အရှုံး အနိုင် အခြေအနေတွေအပေါ် မူတည်ပြီး RCSS က ရှမ်းမြောက်နယ်မြေတွေအထိ ဝင်ရောက်လှုပ်ရှားခဲ့တဲ့ ကာလတွေလည်း ရှိခဲ့တာ ဖြစ်ပြီး SSPP ကလည်း ရှမ်းတောင်ဒေသတွေ အထိ လှုပ်ရှားနေတဲ့ အချိန်ကာလတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ မကြာသေးတဲ့ နှစ်ကာလတွေအတွင်း ရှမ်းလက်နက်ကိုင် ၂ ဖွဲ့အကြား တိုက်ခိုက်မှုတွေလည်း ရှိခဲ့သလို ရှမ်းလက်နက်ကိုင် အဖွဲ့တွေနဲ့ တခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား မှာလည်း တိုက်ပွဲတွေ ရှိခဲ့တာဖြစ်ပါတယ်။ SSPP အနေနဲ့ ရှမ်းမြောက်မှာ ယေဘုယျ စိုးမိုးထားတာ ဖြစ်ပြီး မဟာမိတ် အဖြစ်နဲ့ UWSA လို ဝ လက်နက်ကိုင် အဖွဲ့နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာဖြစ်ပါတယ်။ တခါတရံ တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ ဆက်ဆံရေး၊ တရုတ်ရဲ့ သြဇာ အတိုင်းအတာတခုထိ ရှိတဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့အဖြစ်နဲ့လည်း ဖေါ်ပြရေးသားကြတာတွေ ရှိတာတွေ့ရပြီး မကြာခင် ရက်ပိုင်းက နှစ် ၆၀ ပြည့်အခမ်းအနားမှာ လက်နက်ကိုင် နည်းလမ်းမှလွဲပြီး အခြားနည်းလမ်း ရွေးချယ်စရာမရှိတော့ကြောင်း ထုတ်ဖေါ်ပြောဆိုလိုက်တဲ့အခါ တိုက်ပွဲတွေ နေ့ချင်းညချင်း ဖြစ်လာတော့မလား ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့စဥ်မှာ ရှမ်းလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ပါ လှုပ်ရှားတိုက်ခိုက်လာမလားလို့ မျှော်လင့်မှန်းဆခဲ့ကြပေမယ့် RCSS ရော SSPP ပါ ဒီစစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းလက်နက်ကိုင် အဖွဲ့တွေက ပါဝင်ခြင်း မရှိခဲ့တဲ့အပေါ်မှာလည်း အချို့သောသူတွေက ဝေဖန်ပြစ်တင်မှုတွေလည်း ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြစ်တင်ပြောဆိုမှု၊ အားမလို အားမရ ပြောဆိုမှုတွေကြောင့် အခုလို လက်နက်ကိုင် တိုက်ခိုက်ရတော့မှာလို့ ပြောဆိုတာလား သို့မဟုတ် ၁၀၂၇ စစ်ဆင်ရေးရဲ့ အကျိုးဆက်တွေကို အကဲဖြတ်ပြီး အခုလိုလက်နက်ကိုင် နည်းလမ်းကို ကျင့်သုံးရတော့မယ့် သဘော ပြောဆိုလာတာလား ဆိုတာ ရှင်းရှင်းလင်းလင်းတော့ မရှိပါဘူး။ ရှမ်းမြောက်ဒေသမှာ ရှမ်းလူမျိုးအပြင် အခြားသော လူမျိုးစု လက်နက်ကိုင်တွေလည်း ရှိနေတာ ဖြစ်ပြီး ရှမ်းတောင်မှာလည်း ရှမ်းအပြင် ပအိုဝ်းလူမျိုးအခြေပြု လက်နက်ကိုင်၊ ပြည်သူ့စစ် စသဖြင့် ရှိကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လက်နက်ကိုင် တပ်ဖွဲ့တွေ အားလုံးနီးပါးဟာ နိုင်ငံရေး အယူဝါဒအပေါ်အခြေပြု ဖွဲ့စည်းကြတာထက် လူမျိုးအပေါ်မှာ အခြေပြုဖွဲ့စည်းထားကြတာ ဖြစ်ပါတယ်။ လူမျိုးစုလက်နက်ကိုင် အဖွဲ့တဖွဲ့ အနေနဲ့ ၄င်းကိုယ်စားပြုတဲ့ လူမျိုးစုတွေကို ကာကွယ်ပေးဖို့ ဆိုတဲ့ အမျိုးသားရေးရည်မှန်းချက်အပေါ် အခြေတည်ကာ တည်ထောင်ခဲ့ကြတာ ဖြစ်လို့ ၄င်းလူမျိုးစုတွေ နေထိုင်ကြတဲ့ နယ်မြေဒေသတွေမှာ စိုးမိုးထိန်းချုပ်နိုင်ဖို့ သို့မဟုတ် ၄င်းတို့ကို အခြားသော လက်နက်ကိုင် သို့မဟုတ် အစိုးရတို့က ဖိနှိပ် အနိုင်ကျင့်မှုတွေကို အကာအကွယ်ပေးနိုင်ဖို့ က အခြေခံကျတဲ့ ရည်ရွယ်ချက်တွေ ဖြစ်ကြပြီး အဲဒီရည်ရွယ်ချက်ကို ဖေါ်ဆောင်နိုင်ဖို့ရာအတွက် လက်နက်ကိုင် အဖွဲ့ကလူနဲ့ ရံပုံငွေတွေ ရှိနေဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ ဒီအတွက် လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ လူသစ်စုဆောင်းတာ၊ အခွန်အကောက် (အစိုးရ ဖြစ်နေတဲ့သူတွေက အခွန်အကောက်ခေါ်ဆိုပြီး သူပုန်တွေကောက်ခံရင် ဆက်ကြေးလို့…
ကောင်းဇေလူ - နွေဦးတော်လှန်ရေးကို တရုတ်-ရုရှား လက်တွဲဆန့်ကျင်နေပြီလား
https://ift.tt/pI5lnvr
<a href="https://blogger.googleusercontent.com/img/a/AVvXsEj0O-M2znH7AZwXDHhWyr-e15ydR7LxpLBmhJWNWpaAw1Gww2gC6X-UjWk9p9_jT4_ZGuKJeAbsK8AsL9ksBwInq1NGQc3b3vwdSAQFCXhM9sEcEB201ac3WZHUq21v2LIbywxKPZyeO30K4KoXDmuZgEJfyJWTIbjjwwPxwduKRg9_mvKd6iOJDhx9hoM">Media</a>ကောင်းဇေလူ - နွေဦးတော်လှန်ရေးကို တရုတ်-ရုရှား လက်တွဲဆန့်ကျင်နေပြီလား(မိုးမခ) မေ ၆ ၊ ၂၀၂၄
လက်ရှိ နွေဦးတော်လှန်ရေးဘက်တော်သားတွေက အောင်ပွဲမရမချင်း နောက်ဆုတ်မယ့် သဘော ထားမရှိတာကတော့  မြေပြင်အခြေအနေများအရ သေချာသလောက်ပါပဲ။  စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ကဏ္ဍတွေ အသီးသီးအဘက်ဘက်ကကျဆင်းနေပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ အပြားမှာ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် ပြည်သူအများ နေစရာ စားစရာ မရှိဘဲ အိုးခြေအိမ်ခြေမဲ့ ဘ၀တွေ ကြုံနေကြရတာကို ဦးစွာ ကယ်တင်ကြရမှာဖြစ်တယ်။ တော်လှန်‌‌ရေးကာလ ဖြစ်တာနဲ့အညီ မြေပြင်အခြေအနေနဲ့ ကိုက်ညီတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ကြဖို့လည်း အရေးကြီးပါတယ်။ EAOs အဖွဲ့တွေ အချင်းချင်းအကြား၊ တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းအကြား၊ NUG နဲ့ EAOs တွေအကြား၊ NUG အတွင်း အထက်အောက်/ဗဟိုနဲ့ မြေပြင်အဖွဲ့တွေအကြား၊ NUCC အဖွဲ့၀င်အချင်းချင်းအကြား၊ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် တာ၀န်ယူမှု တာ၀န်ခံမှုတွေ ခိုင်မာအောင် တည်ဆောက်ကြဖို့လိုပါတယ်။ တိုက်ပွဲတွေ အောင်မြင်နေပေမယ့် နိုင်ငံရေး ရေချိန်ပိုင်းက အထနှေးနေပါတယ်။ ယနေ့အချိန်ကဲ့သို့သော ကပ်ဘေးသင့်နေချိန်မျိုးမှာ ဂျန်ဇီး(Gen-Z) လူငယ်ထုအကြား လက်ခံယုံကြည်ထားတဲ့ "ငါတို့မှာ ငါတို့ပဲ ရှိတယ်" ဆိုတဲ့ ယုံကြည်ချက် အလံတော်ကို မြင့်မြင့်မားမား လွှင့်ထူကြရမှာ ဖြစ်တယ်။ ထိုက်တန်တဲ့လူငယ်တွေကို  နေရာပေးဖို့လည်း တွန့်ဆုတ်မနေသင့်ပါဘူး။ ပြုပြင်ပြောင်းလဲသင့်တာကို လက်ခံဖို့ ၀န်လေးနေရင် တော်လှန်ရေးအောင်ပွဲ အချိန်ကြာသွားနိုင်တာကို သတိပြုကြရပါမယ်။  ပြည်ထောင်စု မြန်မာနိုင်ငံသားများအနေနဲ့ အရေးကြီးတဲ့အချိန်ဖြစ်လို့  သွေးစည်းကြဖို့ လိုသလို တော်လှန်ရေး လိုအပ်ချက်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့လည်း အရေးကြီးပါတယ်။ အထူးသဖြင့် တရုတ်နဲ့ ရုရှားရဲ့ နွေဦးတော်လှန်ရေး ဆန့်ကျင်မှုလုပ်ရပ်တွေ ကို သတိကြီးကြီးထားဖို့ လိုနေပါတယ်။ Gen-Z   မျိုးဆက်သစ် လူငယ်များနဲ့ ယနေ့ ပြည်သူလူထုရဲ့ ရည်မှန်းချက်က စစ်အာဏာ ရှင်စနစ်ကို အမြစ်က လှန်ပစ်ရေး ဖြစ်တယ်။ တရုပ်နဲ့ အာဆီယံအဖွဲ့ အပါအ၀င် နိုင်ငံတကာက စည်း၀ါးရိုက်နေကြတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ ကျားသေကို အသက်သွင်းဖို့ ကြိုးပမ်းနေခြင်းသာ ဖြစ်တယ်။ ဆယ်စုနှစ်များစွာ ငြိမ်းချမ်း‌ရေးကို နည်းမျိုးစုံနဲ့ ချိုးဖဲ့ ဖျက်ဆီးခဲ့သူဟာ ဖက်ဆစ်စစ်အုပ်စု ဖြစ်တယ်။ ဒါကြောင့် စစ်အာဏာရှင်အုပ်စုကို နိုင်ငံရေးစည်း၀ိုင်းထဲက အပြီးအပိုင်း ဆွဲထုတ်ရေးဟာ ဒီနေ့ဒီအချိန်ရဲ့ ပဓါနတာ၀န်ဖြစ်တယ်။ မြန်မာ အကြမ်းဖက် စစ်တပ်အတွက် ဝင်ငွေနဲ့ လက်နက်တွေ ဖြတ်တောက်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအ‌‌‌ေ၀းမှာ သဘောတူခဲ့ကြပေမယ့် ဗီတိုအာဏာပိုင်တဲ့ တရုတ်နဲ့ရုရှားတို့က ပြောင်ပြောင်တင်းတင်း ချိုးဖေါက်နေတာ အထင်အရှားပါပဲ။ မကြာသေးမီက သတင်းတွေအရ တရုတ်နဲ့ ရုရှားဟာ မြန်မာလူထုရဲ့ နွေဦးတော်လှန်ရေးကို ဆိုးဆိုးရွားရွား ဆန့်ကျင်ပြီး မြန်မာ့ပြည်တွင်းရေး ကို ၀င်ရောက်စွက်ဖက်လာတာ တွေ့ရတယ်။ နွေဦးတော်လှန်ရေးတပ်တွေရဲ့ ဒရုန်းစစ်ဆင်ရေးတွေကြောင့် အထိနာနေတဲ့ စစ်ကောင်စီဟာ စစ်ဆင်ရေး အခြေအနေ အလှည့်အပြောာင်းလုပ်ဖို့ ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်းပြီး အဆင့်မြင့် ဒရုန်းတွေကို အသုံးပြုလာတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြကြောင်း သတင်းတွေကြားလာရတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့် ရုပ်သံတွေမှာ ရုရှားကို ရောက်နေတဲ့ ဗိုလ်ချုပ်ကြီးမိုးအောင်ဟာ စစ်လက်နက်ပြပွဲမှာ နည်းပညာမြင့်ဒရုန်းတွေ၊ စစ်လက်နက်တွေကို ကြည့်ရှုလေ့လာနေတာကို ထုတ်လွှင့်ခဲ့ပြီး စစ်တပ်ရဲ့သတင်းရင်းမြစ်တွေအရ ဒရုန်းတွေ ထပ်မံဝယ်ယူဖို့ စီစဉ်နေကြောင်း သိရတယ်။ လက်ရှိမှာ ရန်ကုန်တိုင်း ဖောင်ကြီးအခြေစိုက် စစ်ကောင်စီတပ်တခုမှာ ရုရှားစစ်တပ်က ဦးစီးပြီး ဒရုန်းသင်တန်းဖွင့် လေ့ကျင့်ပေးနေတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်ကို ကိုးကားပြီး DVB သတင်းဖော်ပြတာ တွေ့ရတယ်။ ဒရုန်းတပ် ဖွဲ့စည်းပုံ  နဲ့ပတ်သက်လို့ စစ်တပ်က စတင်လုပ်ဆောင်နေပြီး တရုတ်ဒရုန်းတွေကို ပြန်ပြင်သုံးနေတာလို့ သိရကြောင်း CDM လေတပ်အရာရှိက ပြောတယ်။ အရင်ကတည်းက တရုတ်က နည်းပညာမြင့် CH-3 ဒရုန်းတွေ ဝယ်ထားခဲ့ပေမဲ့ တိုက်ပွဲတွေမှာ လက်တွေ့ အသုံးပြုနေခဲ့တာ မရှိခဲ့ဘူးလို့ဆိုတယ်။ မြဝတီကို စစ်ကူပေးဖို့ ကြိုးစားနေတဲ့ အောင်ဇေယျစစ်ဆင်ရေးနဲ့ ကော့ကရိတ်မြို့တိုက်ပွဲတွေမှာ  စစ်ကောင်စီတပ်က နည်းပညာမြင့်ဒရုန်းတွေနဲ့ ဒုံးတွေကို သုံးလာတယ်လို့လည်း စစ်ဘက်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောကြောင်း သိရတယ်။ စစ်ကောင်စီဟာ ပုံစံပြောင်းပြီး…
မောင်လင်းရိပ် - '' အလွမ်းဘဲ”
https://ift.tt/lebAoaz
Media'' အလွမ်းဘဲ”မောင်လင်းရိပ်(မိုးမခ) မေ ၇၊ ၂၀၂၄
မြို့ငယ်ဝမ်းလည်း ဝင်ဖူးရဲ့မြို့ကြီးဝမ်းလည်း ဝင်ဖူးရဲ့မြို့သိမ်ဝမ်းလည်း ဝင်ဖူးရဲ့မြို့ကြွားဝမ်းလည်း ဝင်ဖူးရဲ့မြို့ပျက်ဝမ်းလည်း ဝင်ဖူးရဲ့မြို့တက်ဝမ်းလည်း ဝင်ဖူးရဲ့လူစော်နံလို့ ထွက်ခဲ့ရလူနံ့ရလို့ တခဲ့ရကိုယ့်ကို “အလွမ်းဘဲ”လို့ ခေါ်ပါဘယ်နှကီလိုမီတာ လှမ်းလှမ်းဘယ်နှရက် ဘယ်နှလ လှမ်းလှမ်းမြို့ကလေး မှောင်မဲမဲကိုတစ်ပါးသူတွေရဲ လင်းလင်းကျင်းကျင်းမြို့တွေကနေ လှမ်းလွမ်းမိစက္ကူပေါ်က ပုံနှိပ်မင်နံ့ကို စွဲလမ်းမိတဲ့ အတိုင်းတစ်နှစ်တစ်ခါ တစ်ရက်ပဲ ရရ ပိတောက်ရနံ့ကို စွဲလမ်းမိတဲ့အတိုင်းအလွမ်းရိုင်းနဲ့ စွဲလမ်းမြဲ စွဲလမ်းနေကျဝဋ်ဒုက္ခကို တသသဖြစ်နေတဲ့ လင်ဆိုးမယားနဲ့ တစ်ထပ်တည်းကျကိုယ့်ကို “အလွမ်းဘဲ”လို့ ခေါ်ပါ
၂၀၂၄၊ မေ ၅-
Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar
ရခိုင်၊ ကချင်ပြည်နယ်က စစ်ရေး နောက်ဆုံးအခြေအနေ
https://ift.tt/x4OATuJ
<a href="https://blogger.googleusercontent.com/img/a/AVvXsEinHYbwiOsCZWMHSE4VOwvUpT90aABN7P0zR2-cpLIW1kPndR-k1TgWDm_iCslY6qjK_L5VOnV8aOVTZFEP1am18jh33IPeHue76l150W2LunEAaz-cVw5GuKgfJjkM9VSSJVjSAxwVqZ5t3bSg66z_7rzLCIvxK2YMzhm2zoioNKjVhZDE9sjcg7MuW2A">Media</a>မြန်မာနွေဦး ခရိုနီကယ် - မေ ၆ မြင်ကွင်း(မိုးမခ) မေ ၇၊ ၂၀၂၄
ရခိုင်၊ ကချင်ပြည်နယ်က စစ်ရေး နောက်ဆုံးအခြေအနေရခိုင်ပြည်နယ်မှာ မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေ၊ သံတွဲမြို့နယ်၊ အမ်းမြို့နယ်တွေက နေရာတွေမှာ လတ်တလော ပြင်းပြင်းထန်ထန် စစ်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပြီး မောင်တောမြို့နယ်ထဲက နယ်ခြားစောင့်စခန်းက စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခိုလှုံတာတွေ ခုရက်အတွင်း ရှိခဲ့သလို ဘူးသီးတောင်မြို့နယ်မှာတော့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) က ဒုတပ်မမှူးနဲ့ အတူ တပ်ဖွဲ့ဝင်အများအပြား မေလ ၅ ရက်နေ့က လက်နက်ချခဲ့တယ်လို့ AA လက်နက်ကိုင် အဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ်မူတည်ပြီး သတင်းဌာနတွေက ဖေါ်ပြနေကြပါတယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်တဲ့ အမ်းမြို့နယ်ထဲမှာလည်း ဗျူဟာစခန်းတွေ တပ်စခန်းတွေကို AA က အပြင်းအထန် တိုက်ခိုက်နေပြီး နောက်ဒေသတခုကတော့ တောင်ကုတ်မြို့နဲ့ သံတွဲမြို့အကြားက ကျေးရွာတွေတဝိုက်မှာ AA က စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက တစိတ်တပိုင်း ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်တွေ အနေနဲ့ အမ်းမြို့နယ်၊ စစ်တွေ၊ သံတွဲ၊ တောင်ကုတ်၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ဂွ၊ မောင်တော တို့ဖြစ်ပြီး ကျန်တဲ့ဒေသတွေကိုတော့ AA က မြို့ရော နယ်မြေတွေပါ ထိန်းချုပ် စိုးမိုးထားတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ဘူးသီးတောင်မြို့နယ်က စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ကို တိုက်ခိုက်ရာမှာတော့ စစ်ကောင်စီတပ်တွေရဲ့ စုဆောင်းလေ့ကျင့်ပေးထားတဲ့ ဒေသခံ ရိုဟင်ဂျာမွတ်ဆလင်တွေလည်း ပါဝင်ခဲ့တာဖြစ်ပြီး စကခ ဒုတပ်မမှူးအပါအဝင် AA တပ်ဆီ လက်နက်ချကြရာမှာ ရိုဟင်ဂျာ မွတ်ဆလင်အများအပြား ပါဝင်ခဲ့တာ သတင်းဓါတ်ပုံတွေမှာ တွေ့ရတာပါ။ အခုလို AA ထံ လက်နက်ချရာမှာ ပါဝင်နေတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့နေ့စွဲနဲ့ စစ်မှုထမ်း ဥပဒေ အသက်သွင်းပြီးနောက်မှ စစ်သင်တန်းပေးပြီး စစ်ကောင်စီရဲ့ တပ်တွေထဲရောက်တဲ့ သူတွေလား သို့မဟုတ် အဲဒီဥပဒေ အသက်မသွင်းမီကတည်းက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မွတ်ဆလင် ဒုက္ခသည်စခန်းတွေကနေ စုဆောင်းခံရသူတွေလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရှိကြရပါဘူး။ ရိုဟင်ဂျာ မွတ်ဆလင်တွေ အနေနဲ့ ၂၀၁၂၊ ၂၀၁၄၊ ၂၀၁၆ တို့လို လူမျိုးရေး ဘာသာရေး အဓိကရုဏ်းနဲ့ ARSA တို့ရဲ့ တိုက်ခိုက်မှုတွေ အပြီး အစိုးရက သီးခြား ခွဲထုတ်ကာ ဒုက္ခသည်စခန်းလိုနေရာတွေမှာ ဆယ်စုနှစ်ကြာမြင့်သည် အထိ နေထိုင်နေကြရပြီး မကြာမီလပိုင်းတွေမှာတော့ စစ်ကောင်စီတပ်တွေ အနေနဲ့ အဆိုပါ စခန်းတွေကနေ မွတ်ဆလင် လူငယ်တွေကို အာဏာနဲ့ ခေါ်ယူပြီး လေ့ကျင့်ပေးကာ လက်နက်ကိုင်တပ်တွေမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။ မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေရဲ့ နေရာအများအပြား AA က ထိန်းချုပ်လာနိုင်တဲ့ အနေအထားဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ့ အကြီးဆုံးစစ်ကောင်စီစခန်းလို့ဆိုနိုင်တဲ့ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုလည်း AA က သိမ်းယူဖို့ ရည်ရွယ်ထားပြီး အနီးရှိ ဗျူဟာကုန်းတွေ ၊ စခန်းတွေကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဘူးသီးတောင်၊ မောင်တောနဲ့ အမ်းမြို့နယ် အပြင် ရခိုင်ပြည်နယ် တောင်ပိုင်းလို့ ခေါ်ဆိုတဲ့ သံတွဲမြို့နယ်ထဲမှာလည်း စစ်ကောင်စီ စခန်းတွေကို AA  က တိုက်ခိုက်နေပြီး AA အနေနဲ့ ရခိုင်ပြည်နယ်မှာ တပြိုင်နက်တည်း ဒေသ ၃ ခုလောက်မှာ စစ်မျက်နှာဖွင့် တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒါက ရခိုင်ပြည်နယ်က စစ်ပွဲတွေ အခြေအနေဖြစ်ပြီး အခြားသော ကချင်ပြည်နယ် အနေအထားကို ကြည့်ကြမယ် ဆိုရင် ကချင်ပြည်နယ် မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့ နဲ့ ခြေလျင်တပ်ရင်းတခု အပါအဝင် အနီးအနားက ကင်းစခန်းတွေကိုပါ ခုရက်ပိုင်းအတွင်း KIA က သိမ်းယူခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားကြပါတယ်။ KIA အနေနဲ့ တပြိုင်နက်ထဲမှာပဲ ဝိုင်းမော်မြို့နယ်ထဲမှာ ရှိပြီး KIA ဌာနချုပ် လိုင်ဇာကို လက်နက်ကြီးနဲ့ တိုက်ခိုက်နိုင်တဲ့ အကွာအဝေးမှာရှိတဲ့ ဂီဒွန်တောင်ကုန်းပေါ်က ဗျူဟာစခန်းကို သိမ်းယူလိုက်နိုင်တယ်လို့ ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ မြစ်ကြီးနား နဲ့အခြား မြို့တွေကို KIA က သိမ်းယူဖို့ ကြိုးစားခြင်း မရှိသေးဘဲ စစ်စခန်းတွေကို ရှေးဦးစွာ တိုက်ခိုက်သိမ်းယူနေတာ ဖြစ်ပြီး မြို့အနေနဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက် နယ်စပ်၊ စစ်ကိုင်းတိုင်းနယ်စပ် မိုးမိတ်၊ မဘိမ်းတို့လိုမြို့တွေသာ တိုက်ခိုက်တာတွေ တွေ့ရပါတယ်။ နယ်စပ် ကုန်သွယ်ရေးစခန်းအနေနဲ့တော့ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းကို သိမ်းယူခဲ့ပြီး ဖြစ်ပါတယ်။ ကေအိုင်အေ အနေနဲ့ ကချင်ပြည်နယ်ထဲက မြို့တွေ သိမ်းယူတာထက် နယ်မြေကို ထိန်းချုပ်နိုင်ဖို့ကို ပိုပြီးဦးစားပေးတာ ဖြစ်နိုင်ပါတယ်။ KIA အနေနဲ့ ကချင်လူမျိုးအများအပြား…
စိုးလူမောင် - ခေတ်သစ်မုန်တိုင်း လှိုင်းတွေ ....
https://ift.tt/ZoAGKsI
Mediaခေတ်သစ်မုန်တိုင်း လှိုင်းတွေ .... စိုးလူမောင် (မိုးမခ) မေ ၈၊ ၂၀၂၄
အဲဒီ  ည ကောင်းကင်စစ်စစ် ဖြန့်ကြဲပစ်လိုက်ကြ  တထစ်းပြီးတထစ်၊ တရစ်ပြီးတရစ်  ရက်စက်ခြင်းသင်္ကေတ  လူ့အခွင့်ရေးမြင်းပြိုင်တဲ့လား  မြိုင်မြိုင်ဆိုင်ဆိုင် မျှဝေနေလိုက်ကြတာများ ။ 
ဂါဇာကမ်းမြောင်ဟာ  ဘဏ္ဍာအရင်းရှင်ကြီးများလက်ချာနဲ့  ပါလစ်စတိုင်းမြို့ပြတို့  အခါခါပြိုကျ  ပြန်လည်နိုးထမလာနိုင်တော့တဲ့ ရှင်သန်ခြင်းတွေ .......။ 
ဒီလိုပါပဲ မလုပ်ရဲတာဘာမှမရှိ  စစ်မိစ္ဆာ ခရိုနီသူခိုး  ကိုယ်ကျိုးစီးပွားကာကွယ်ရေး ဒို့အရေး နဲ့  ထန်တလန်၊ ပဇီကြီး အနန့်ပါ၊စစ်ကိုင်းရွာမြေအနှံ့ မီးခိုးနှံ့လွမ်းခြုံ  ပြာပုံတို့တလူလူ ......။ 
ပဲခူးရိုးမ ဟိုဘက်ကျော ဒီဘက်ကျော  ရိုးပြတ်တောကတောက်ခေါက်သံများ  မြို့ပြကျေးလက်ဖြန့်ကြက်ခဲ့  အဖိနိပ်ခံလက်တို့ ကျစ်ကျစ်ဆုပ်  မရှိရာမှ ရှိရာ၊ချီတက်ထိုးနှက်  ရန်သူ့လက်နက် ဒို့လက်နက်တွေ ...။ 
ခြောက်သွေ့မသွားသေးတဲ့  သွေးအိမ်ထဲ  ခါးသီးဒဏ်ရများ၊နင့်နင့်ပိုးပိုး ဆုပ်ကိုင်  ယိုင်နဲ့မသွားတဲ့ ဇွဲနဘဲ  ကိုကြည်ခိုင် ရေ  ခင်များရဲ့တချိန်ဆီက  " ပြည်သူ့မုန်တိုင်း " လှိုင်း တွေ ...........။ ။                                 * ၁၉၇၆/၇၇ ကာလများဆီမှလူငယ်ကြည်ခိုင် (ပြည်သူ့မုန်တိုင်းအငြိမ့်)၏ "ရိုးပြတ်တောမှ တောက်ခေါက်သံ" ပြဇတ်ကိုအမှတ်မှတ်ရရဖြင့်  !!!-
Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar
ကမ္ဘောဒီယား ခေါင်းဆောင်ရဲ့ ကြိုးပမ်းမှု ရလဒ်ထွက်နိုင်မလား
https://ift.tt/ZCA75vp
<a href="https://blogger.googleusercontent.com/img/a/AVvXsEgD4Kp509Xp8Tdk_PYdxrNGuTkAUXVCYlAqY0ERZK3YS_ykeYpSEaz0hpmpPslM_aT-GebzWKRFXpjk7YC20NmHsJASkiHfEP5vtGtRX7ScI0-5udW_y-mdLBdMdT0NBZCxD0iqNIbO5r_u4Z9mqTy7TNZ5uTRohpm0ze6AJ33eBEC1Sa0asrFWXksJVPE">Media</a>မြန်မာနွေဦး ခရိုနီကယ် - မေ ၇ မြင်ကွင်း(မိုးမခ) မေ ၈၊ ၂၀၂၄
ကမ္ဘောဒီယား ခေါင်းဆောင်ရဲ့ ကြိုးပမ်းမှု ရလဒ်ထွက်နိုင်မလား ကမ္ဘောဒီယား ဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိ လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူထားသူ ဟွန်ဆန်က မေလ ၇ ရက်နေ့မှာ စစ်ကောင်စီခေါင်းဆောင်နဲ့ အွန်လိုင်းမှာ တွေ့ဆုံစကားပြောဆိုပြီး အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌနဲ့ ယခင်နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောဆိုခွင့်ရဖို့ တောင်းဆိုလိုက်ကြောင်း ဟွန်ဆန်က ၄င်းရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တနှစ်ကျော်က ကမ္ဘောဒီယားနိုင်ငံက အာဆီယံ အလှည့်ကျ တာဝန်ယူစဥ်ကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်း ပြဿနာကို စစ်ကောင်စီကို ဖျောင်းဖျပြောဆိုမှုတွေ မအောင်မြင်ခဲ့ပေမယ့်လည်း ပြဿနာ ၃ နှစ်ကြာလာတဲ့အထိ မပြေလည်နိုင်သေးတဲ့ အနေအထားမှာ  ဟွန်ဆန် အနေနဲ့ နောက်တကြိမ် ကြိုးပမ်းမှုလို့ ဆိုနိုင်ပါတယ်။ မကြာခင်ကာလမှာ ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံကို ကိုယ်စားလှယ်တဦး စေလွှတ်ဖို့ရှိတယ်လို့လည်း ပြောဆိုထားသလို အကယ်၍ တွေ့ဆုံစကားပြောခွင့်ရခဲ့ရင် အွန်လိုင်းကနေ ပြောဆိုမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၄င်းရဲ့ မေတ္တာရပ်ခံမှုကို စဥ်းစားမယ်လို့ အဖြေပေးထားကြောင်းလည်း ဟွန်ဆန်က ထုတ်ဖော်ပြောဆိုပါတယ်။ အရှေ့တောင်အာရှမှာ အတိုက်အခံ ပါတီတွေကို နည်းအမျိုးမျိုးနဲ့ ရွေးကောက်ပွဲ မဝင်နိုင်အောင်၊ မနိုင်အောင် အာဏာကို အသုံးချပြီး ပိတ်ပင်တာ အရေးယူတာတွေ လုပ်ဆောင်တဲ့ အာဏာရှင် တယောက်အဖြစ် ဟွန်ဆန်ကို သိရှိထားကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ ဟွန်ဆန်ကို မြန်မာနိုင်ငံက စစ်အာဏာရှင်တွေလို ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ ခေါင်းဆောင် တယောက်အဖြစ် မရှုမြင်ကြဘဲ မြန်မာစစ်ခေါင်းဆောင်တွေလို  နိုင်ငံတကာမှာတော့ ပိတ်ဆို့မှုတွေ ကန့်သတ်မှုတွေ ခံရတဲ့ အခြေအနေမျိုးရောက်ရှိနေတဲ့သူ မဟုတ်ပါဘူး။ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ၄င်းရဲ့သားဖြစ်သူက တာဝန်ယူထားပေမယ့် နောက်ကွယ်က ခေါင်းဆောင်မှုပေးနေတဲ့ သူလို့ အများက နားလည်ထားတဲ့ ဟွန်ဆန်က မြန်မာ့အရေးကို ကြားဝင်ဆောင်ရွက်ဖို့ ထပ်မံကြိုးစားလာတဲ့ သဘောလည်း ဖြစ်ပါတယ်။ အခု ကြိုးပမ်းမှုဟာ အာဆီယံအဖွဲ့ နဲ့ ညှိနှိုင်းမှုရှိသလား သို့မဟုတ် သူ့ရဲ့ သဘောနဲ့သူ ကြိုးပမ်းမှုလားတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ယမန်နှစ် နှစ်လယ်ပိုင်းက အလားတူကြိုးပမ်းမှုမျိုး ထိုင်းနိုင်ငံက ကြိုးစားခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးခါစ အစိုးရသစ် မဖွဲ့နိုင်သေးခင်ကြားကာလမှာ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကိုယ်တိုင် တွေ့ဆုံခဲ့ကြောင်း ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန် အသိပေးခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ဘယ်နိုင်ငံတကာက သံတမန်တွေကိုမှ တွေ့ဆုံခွင့်ပေးခြင်းမရှိဘဲ ၂၀၂၃ ခုနှစ် နှစ်လယ်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပထမဆုံးတွေ့ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ကို ကိုယ်စားပြုတဲ့ အလှည့်ကျဥက္ကဋ္ဌနိုင်ငံရဲ့ အထူးကိုယ်စားလှယ်တွေက ကြိုးပမ်းခဲ့ဖူးပေမယ့် တွေ့ခွင့်မရခဲ့တဲ့ ကိစ္စတရပ်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဒီအခွင့်အရေး ရခဲ့တာဟာ ထိုင်းနိုင်ငံအဖို့ သြဇာတက်စရာကိစ္စသဖွယ် ဖြစ်ခဲ့ပါတယ်။ မြန်မာ့အရေးကို ကြားဝင်ဖြေရှင်းပေးဖို့ ကြိုးစားရာမှာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံလူထုရဲ့ ထောက်ခံမှု အများဆုံး ရရှိထားတဲ့ ခေါင်းဆောင်နဲ့ တွေ့ခွင့်ရခဲ့ခြင်းဟာ ပြဿနာရဲ့ အဖြေလမ်းစပေါ် နိုင်မလားလို့ မျှော်လင့်မှုတွေ ရှိပေမယ့်လို့ ဒီတွေ့ဆုံမှုပေါ် အခြေပြုပြီး ဘာတိုးတက်မှုမှ ရရှိခဲ့ခြင်း မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က ဘာတွေ ပြောဆိုသလဲဆိုတဲ့ အချက် အကယ်၍ လက်ရှိ အခြေအနေကို မှတ်ချက် မပေးခဲ့ရင်တောင် ကြုံတွေ့နေရတဲ့ ပြဿနာကို ဘယ်လိုအဖြေရှာလိုသလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်ခဲ့ပေမယ့်လည်း တွေ့ဆုံခွင့်ရခဲ့တဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက အာဆီယံအစည်းအဝေးမှာ ပြောဆိုရာမှာ မြန်မာလူထု ခါးစည်းခံရတဲ့ ဆုံးရှုံးမှုနဲ့ နိုင်ငံစီးပွားရေးအပေါ်စိုးရိမ်ကြောင်းနဲ့ လက်ရှိ မြန်မာ့အရေး ဆွေးနွေးမှုကို ထောက်ခံတယ်ဆိုတဲ့ အချက်တွေကိုသာ ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အဆိုပါ မှတ်ချက်ထက်ကို ပိုပြီး ထုတ်ဖော်ပြောဆိုခဲ့တာ မရှိခဲ့ပါဘူး။ ဒီထက်ပိုအသေးစိတ်ကျတဲ့ အချက်အလက်တွေထိ ဆွေးနွေးတာမျိုးမရှိခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီတွေ့ဆုံမှုအပြီး ၁၀ လအကြာထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား၊ သူ့ရဲ့ မှတ်ချက်နဲ့…
လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၂)
https://ift.tt/B9S5FcM
<a href="https://blogger.googleusercontent.com/img/a/AVvXsEizKp-W9IXn4XnYpoYs27dwJVPSCl2SbL81TpQHzairLbLFPB0X1r3-zn8xCgN-C5BkVlRwyG9tgswfOAIgTj-tfJPHe6p2eSQwMhSJNkHaL6I-hZl2vMybCX1qL6XQMw4yJ4r0F1p1fYvV-57iJ7cl0y2WU0IES-3i-HP1h6P5lXrvLDRnlSVPK_eXNGU">Media<i>တရုတ်ပြည်မြောက်ပိုင်းအတွင်း မွန်ဂိုလီးယား သဲကန္တာရတွင်းက ဆိုလာပြားများ </i>
လှကျော်ဇော - ၂၁ ရာစု မာက်စ်ဝါဒ ရှာပုံတော် (၂)(မိုးမခ) မေ ၈ ၊ ၂၀၂၄<b style="color:#2b00fe;">
အဆင့်မြင့် ထုတ်လုပ်ရေးစွမ်းအားစု အသစ်များတရုတ်ပြည်မှာ နှစ်တိုင်း မတ်လ ပထမပတ်မှာ ကျင်းပတတ်တဲ့ နိုင်ငံရေးညီလာခံကြီး နှစ်ခု ရှိပါတယ်။၁။ တရုတ်ပြည် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် နဲ့၂။ တရုတ်အမျိုးသားပြည့်သူ့ကွန်ဂရက် တို့ ဖြစ်ပါတယ်။ပြည်တွင်းမှာသာမက နိုင်ငံတကာကပါ စိတ်ဝင်တစား စောင့်ကြည့်ခံရတဲ့ ကာလလည်း ဖြစ်ပါတယ်။အဲဒီအစည်းအဝေးကြီးတွေ ပြီးသွားပြန်ရင်လည်း (အဲဒီအစည်းအဝေးတွေမှာ သုံးတဲ့) အလွန်ရေပန်းစားတဲ့ စကားလုံးတွေ ပေါ်ထွက်လာတတ်ပါတယ်။ဒီနှစ်မှာတော့ 'အဆင့်မြင့်ထုတ်လုပ်ရေး အင်အားစုအသစ်များ' (New Quality Productive Forces.) ဆိုတဲ့ စကားလုံး ရေပန်းစားလာပါတယ်။တကယ်တော့ ဒီစကားလုံးက မနှစ် နှစ်ကုန်လောက်ကစပြီး ကြားနေရပါတယ်။ ရှီကျင်ဖျင်ရဲ့ နယ်လှည့်စစ်ဆေးတဲ့ ခရီးတွေမှာ ကြားရတာပါ။၁၉၇၈ ခုနှစ်ကစလို့ တရုတ်ပြည်ဟာ သူ့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးပုံစံကို အရှိန်မြင့်-မြန်နှုန်းမြင့် (high-speed) ပုံစံအဖြစ် အနှစ် ၄၀ ကျင့်သုံးလုပ်ဆောင်ခဲ့တာပါ။ဒီပုံစံကြောင့် တရုတ်ကို 'ကမ္ဘာစက်ရုံကြီး' လို့ အခေါ်ခံရတာဖြစ်ပြီး ဒီပုံစံကြောင့်ပဲ တရုတ်ပြည်သူတွေရဲ့ အဆက်မပြတ် တောင်းဆိုနေတဲ့ ရုပ်ဝတ္ထုဆိုင်ရာနဲ့ ယဉ်ကျေးမှုဆိုင်ရာ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့ရုံမျှမက ကမ္ဘာကြီးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အတော်အထောက်အကူပြုခဲ့ပါတယ်။ထုတ်လုပ်ရေးအင်အားစုများ လွတ်မြောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံလုပ်ငန်း တာဝန်အဖြစ် သတ်မှတ်ထားတဲ့ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအဆင့်ကို နိုင်ငံတကာအခြအနေ အပြောင်းအလဲများနဲ့အညီ မိမိတို့ရဲ့ မူဝါဒများကို အဆက်မပြတ်မြှင့်တင်နေရာမှာ အခုကာလအတွက် အဆင့်မြင့်(high-quality)ပုံစံကို ပြောင်းဖို့ ပြင်ဆင်လိုက်လို့ ထုတ်လုပ်ရေးအင်အားစုများကိုလည်း အဆင့်မြင့်ရုံမက တီထွင်ဖန်တီးမှုအပြည့်နဲ့ အင်အားစုအသစ်များကို ထုတ်လုပ်ဖို့အတွက် တွန်းဆော်လာတာ ဖြစ်ပါတယ်။သမားရိုးကျ စီးပွားရေးတိုးတက်မှု ပုံစံများနဲ့ မတူတော့တဲ့ ထုတ်လုပ်ရေးများပါ။ အဆင့်မြင့်နည်းပညာ၊ အဆင့်မြင့်ဆောင်ရွက်နိုင်စွမ်းနဲ့ အဆင့်မြင့်အရည်အသွေးများ ပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုသဘောတရားအသစ်နဲ့ ထုတ်လုပ်ရေးနည်းနာသစ်များပါ။ တရုတ်ပြည်အတွက် ဒုတိယရာပြည့်ရည်မှန်းချက် (၂၀၄၉-တရုတ်ပြည် ထူထောင်တာ အနှစ် (၁၀၀) ပြည့်နှစ်မှာ ခေတ်မီဆိုရှယ်လစ်နိုင်ငံဖြစ်ရေး)ပြည့်မီရေးအတွက်နဲ့ တရုတ်ပုံစံ ခေတ်မီရေးအတွက် ပုံစံပြာလည်း ဖြစ်ပါတယ်။ခေတ်သစ်သမိုင်းအတွင်းက အဓိကစက်မှုတော်လှန်ရေးကြီး ၃ ခုအတွင်း ရေနွေးငွေ့ကနေ လျှပ်စစ်ဓာတ်အား၊ အဲဒီကတဆင့် သတင်းနည်းပညာ- ဆိုတဲ့ အဆင့်တွေမှာ ထုတ်လုပ်ရေးအင်အားတွေဟာ တဟုန်ထိုး တိုးတက်ခဲ့တာပါ။ အခု စက်မှုတော်လှန်ရေးအဆင့် (၄) မှာ ပေါ်ပေါက်လာတဲ့ ထုတ်လုပ်ရေးအင်အားသစ်တွေ (ဒီဂျစ်တယ်နည်းပညာများ၊ ဉာဏ်ရည်တုများ၊စွမ်းအင်သစ်များ၊ စသဖြင့်)ကိုလည်း အစွမ်းကုန် အသုံးချပြီး မိမိနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသာမက ကမ္ဘာဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ကြိုးစားကြဖို့ တိုက်တွန်းနှိုးဆော်ချက်လည်း ဖြစ်ပါတယ်။တကယ်တော့ တရုတ်ဟာ ဒီ 'ထုတ်လုပ်ရေးအင်အားသစ်များ'ဆိုတဲ့ စကားလုံးကို အခုမှ လူသိရှင်ကြား ပြောလာပေမယ့် သူတို့ ဒါတွေကို ကြိုးစားတီထွင်ဖန်တီး လုပ်ဆောင်နေတာ ကြာလှပြီ။ အခု သူတို့ တစုံတရာ အပေါ်စီးရလာမှ ထင်ထင်ပေါ်ပေါ် ပြောလာတာပါ။ သူတို့ရဲ့သုတေသနလုပ်ငန်းတွေမှာ အကုန်အကျခံမှုဟာ ကမ္ဘာမှာ ဒုတိယလိုက်ထားပြီး တချို့နည်းပညာတွေ (ဥပမာ-5G)မှာ အတော်ရှေ့တန်းရောက်နေတာ တွေ့ရပါတယ်။ဥပမာ- စွမ်းအင်သစ် (သို့မဟုတ်) ပြန်ဖြည့်စွမ်းအင်များ ထုတ်လုပ်ထားပုံများ ကြည့်ရအောင်ပါ။တရုတ်ပြည်ရဲ့ မြေဧရိယာ ငါးပုံတပုံဟာ သဲကန္တာရဖြစ်နေပြီး တရုတ်ပြည်ရဲ့ မြောက်ပိုင်းဒေသတွေမှာ ရှိတာပါ။ အဲဒီအရပ်တွေမှာ နေရောင်ခြည်ဟာ တနှစ်မှာ ရက်ပေါင်း ၂၈၀ ကျော် အပြည့်အဝရတာကို အသုံးချပြီး ဆိုလာစနစ်နဲ့ စွမ်းအင်ထုတ်ယူမှုတွေ လုပ်လာတာ နှစ် ဆယ်အချို့ရှိပါပြီ။တချက်ခုတ် သုံး လေးချက်ပြတ်တဲ့ ဒီစီမံကိန်းတွေ (စွမ်းအင်သစ်တွေ အလျှံပယ် စုဆောင်းနိုင်တာ၊သဲကန္တာရကို သစ်တောများအဖြစ် ပြောင်းလဲနိုင်တာ၊ အဲဒီအရပ်က လူများအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်တာ စသဖြင့်)ကို တဖြည်းဖြည်း တိုးချဲ့လုပ်လာရာမှာ နည်းပညာတွေ တီထွင်ဖန်တီးမှုများနဲ့ တိုးတက်မှုများကနေ အကျိုးကျေးဇူးတွေ ပိုများသထက် များလာနေပါတယ်။အဲဒီဒေသတွေမှာ နေရောင်ခြည်ကနေသာမက လေဒဟတ်များပါ တပ်ဆင်ပြီး…