MoeMaKaMedia
419 subscribers
59 photos
3 videos
13.1K links
Burmese Community News Group
Download Telegram
ကိုသန်းလွင် - နယ်ဆင်မန်ဒဲလားနှင့် ပြောင်းလဲလာသောအမြင်
https://ift.tt/w9yErn5
<a href="https://blogger.googleusercontent.com/img/a/AVvXsEg_oOi9DLUMImfv5bEfCdsgvBflq00G6FyGTnzPHzQDnZjsYTM9czQf_xm6sGyZRBE03LmoqEqRgPR2KXx7PizMRodIzK4VlXT7HoLJZzREPTDQPOZdpNQJN3VLT0uhvm_h7ue_WCMrGWtd1V62tMR38rZiqxmbbD01zEVzn5VB0Dl3NbxjbO-mEMiaAM0">Mediaကိုသန်းလွင် - နယ်ဆင်မန်ဒဲလားနှင့် ပြောင်းလဲလာသောအမြင်(မိုးမခ) ဧပြီ ၃၀ ၊ ၂၀၂၄
( ၁ )ကမ္ဘာပေါ်တွင် နိုင်ငံရေးသမားဟူ၍ ကြီးကျယ်ထင်ရှားပြီး နိုင်ငံနယ်နိမိတ်များကို ကျော်ဖြတ်ကာ လူအများ၏ လေးစားကြည်ညိုခြင်းကို ခံရသူများ ရှားပါးနေချိန်တွင် တောင်အာဖရိကနိုင်ငံ နယ်ဆင် မန်ဒဲလား (Nelson Mandela) မှာ ထိုခေါင်းဆောင်များထဲမှ ရှားမှရှား အလွန်ကျော်ကြားသူ ဖြစ်ခဲ့ပါသည်။ တောင်အာဖရိကနိုင်ငံ ထောင်ထဲတွင် ၂၇ နှစ်မျှနေခဲ့ပြီး ခါးသီးသော အတွေ့အကြုံများကို ခံယူကာ အချင်းချင်း ပြန်လည်သင့်မြတ်ရေး မူဝါဒကို အထပ်ထပ်အပြန်ပြန် သုံးသပ်ရင်း လူမျိုးစု ချစ်ကြည်ရေးကို ဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်သည်။ သူသည် သူ့နိုင်ငံကို သက်တံရောင်နိုင်ငံ (Rainbow Nation) ဖြစ်အောင် လူအများ၏ စိတ်ဆန္ဒများကို သိမ်းသွင်းစည်းရုံးနိုင်သည့်အားကို အသုံးချ၍ နိုင်ငံတွင် ပြည်တွင်းစစ်ကြီး မဖြစ်ပွားရအောင် တားဆီးနိုင်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ၏ ပထမဆုံး လူမည်းသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းကို ခံခဲ့ရပါသည်။ ဧပြီလ ၂၇ ရက်နေ့မှာ ၁၉၄၈ ခုနှစ်က စခဲ့သော အပါသိုက်စနစ် (Apartheid) ချုပ်ငြိမ်း၍ အများတင်မြှောက်သောမဲဖြင့် သမ္မတဖြစ်ရသည်မှာ အနှစ် ၃၀ ပြည့်ပါပြီ။  မန်ဒဲလားသည် သမ္မတသက်တမ်းကို တစ်ကြိမ်သာ ထမ်းဆောင်၍ နောက်လူများအတွက် နေရာဖယ်ပေးခဲ့ပါသည်။ နာမည်ကြီး၍ သြဇာအာဏာလွှမ်းမိုးလာနိုင်လေလေ အာဏာကို စွန့်လွှတ်ရန် ခက်ခဲတတ်ကြပါသည်။ ထိုကဲ့သို့ လူသားဆန်သည့် သဘောကို အမြဲတစေ ပြသခဲ့ပြီး သူ့နိုင်ငံတွင် စံပြခေါင်းဆောင် ဖြစ်ခဲ့ပါသည်။( ၂ )သို့သော် ၂၀၁၃ ခုနှစ်တွင် သူ ကွယ်လွန်သွားပြီး ၁၀ နှစ်မျှကြာသော သူ့နိုင်ငံ၌ပင် သူ၏ သြဇာလွှမ်းမိုးမှုကို ပြန်လည်သုံးသပ်လာကြပါသည်။ အနောက်နိုင်ငံများ၌ မည်မျှပင်ကြီးကျယ်ထင်ရှားသည် ဆိုစေ တောင်အာဖရိကနိုင်ငံမှ ယနေ့ လူငယ်အများစုသည် ယနေ့ပြဿနာများသည် မန်ဒဲလားကြောင့် ဖြစ်ရသည်ဟု ကောက်ချက်ချကြပါသည်။ ချို့တဲ့ဆင်းရဲနေမှု၊ ပြည်သူများအတွင်း ပျံ့နှံ့နေသော အလုပ်လက်မဲ့ ပြဿနာ၊ နိုင်ငံသားများအကြား၊ ဆင်းရဲ ချမ်းသာ ကွာဟမှုများမှာ သူ့အပြစ်ဟု မြင်နေကြပါသည်။ သူ ဦးဆောင်တည်ထောင်ခဲ့သော အမျိုးသားကွန်ဂရက်ပါတီ (ANC- African National Congress) မှာ ခြစားမှုများနှင့် ပြည့်နှက်နေကာ လျော့ရဲသော ဦးဆောင်စီမံခန့်ခွဲမှုများကြောင့် ဖရိုဖရဲဖြစ်နေပြီး အခြေအနေမှာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်စဉ်ကထက် ပို၍ ဆိုးသည်ဟု ဆိုကြပါ သည်။ကမ္ဘာလှည့်ခရီးသည်များက အမြင့်ပေ ၂၀ ရှိသည့် “မာဒီဘာ” ခေါ် မန်ဒဲလားစကွဲယားရှိ မန်ဒဲလား ကြေးရုပ်ကြီးရှေ့တွင် ဆဲလ်ဖီဆွဲရန်၊ ဓာတ်ပုံအရိုက်ခံရန် တန်းစီနေကြပါသည်။ ဤအရပ်မှာ တောင်အာဖရိကတွင် အချမ်းသာဆုံးရပ်ကွက်ဖြစ်ပြီး ဈေးကြီးပေးရသည့် စားသောက်ဆိုင်တန်းများနှင့် ဆန်တန်မြို့တော်၏ (Sandton) အနီးမှာ တည်ရှိပါသည်။မြို့တော်ကြီးနှင့် ဝေးကွာသည့် အလက်ဇန်းဒီးယားမြို့တွင် ရေနှင့် လျှပ်စစ်ရှားပါးလှပေရာ ဤမြို့၌ အလုပ်အကိုင်မရှိသော လူငယ်များသည် ဘီယာနွေးနွေးကို သောက်ကာ အချိန်ဖြုန်းလေ့ရှိကြပါသည်။ ဤမြို့ တွင် တောင်အာရိက၏ ပထမဆုံး လူမည်းသမ္မတကြီးကို ရောထွေးသော အမြင်ဖြင့် မြင်လေ့ရှိကြပါသည်။ လူငယ်အများစုမှာ မန်ဒဲလား သမ္မတအဖြစ် အနားယူပြီးချိန်ရောက်မှ မွေးဖွားခဲ့သူများ ဖြစ်ကြသည်။ အပါသိုက်စနစ် (Apartheid) မှ လွတ်မြောက်နေပြီဖြစ်သော အချိန်တွင် လွတ်လပ်စွာ မွေးဖွားခဲ့ကြပြီး ကြီးပြင်းခဲ့ကြရာ သူတို့သည် စနစ်၏ဆိုးရွားမှုကို လက်တွေ့ မတွေ့ကြုံ မခံစားခဲ့ကြရပါ။ သို့သော် နေ့စဉ်နှင့်အမျှ ဆင်းရဲခြင်း၊ ပြစ်မှုများ၊ မသိမ်းမကောက်ဘဲ ထားသော အမှိုက်များနှင့် ဝမ်းနည်းကြေကွဲဖွယ်ရာများကိုသာ တွေ့ကြရသည်။ ၂၅ နှစ်အရွယ် ကျောင်းသူတစ်ယောက်ကဆိုလျှင် “မန်ဒဲလားကို ကျောင်းက သင်ပြသလောက်သာ သိပါတယ်၊ သူက သူရဲကောင်းတစ်ယောက်ပါ။ သူက ကျမတို့အတွက် တိုက်ပွဲဝင်ပေးခဲ့ပါတယ်။ ထောင်ထဲမှာ ၂၇ နှစ် နေခဲ့ရပါတယ်၊ အနစ်နာခံခဲ့ပါတယ်။ ဒါပေမဲ့ ကျမတို့တတွေဟာ သူ့လက်ရာတွေကို မတွေ့ရတော့ပါဘူး။ သူ့မှာ သြဇာအာဏာရှိခဲ့တယ်။ အဲဒီတုန်းက ကျမတို့အတွက် လုပ်ပေးနိုင်တာတွေ ရှိခဲ့တယ်။ ဘာမှ အကောင်အထည်မပေါ်ခဲ့ပါဘူး” ဟု ဆိုသည်။ဤအယူအဆမှာ တောင်အာဖရိကနိုင်ငံတလွှား ခရီးသွားတယောက်အဖို့ နေ့စဉ် ကြားနေရသည့် မှတ်ချက်များ ဖြစ်ပါသည်။ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲသည် မေလ ၂၉ ရက်နေ့တွင် ကျင်းပရန်ရှိသည်။ ပတ်ဝန်းကျင်တလျှောက်တွင် တွေ့နေရသော ညွှန်ပြနေသည့် အရာများ၏ အဆိုအရ အေအင်စီသည် ပထမဆုံးအကြိမ် မေဂျာပါတီကြီးအဖြစ်ကို စွန့်လွှတ်ရတော့မည်။ မန်ဒဲလားထောင်မှ လွတ်လာပြီး လွန်ခဲ့သည့်အနှစ် ၃၀ က သမ္မတအဖြစ် အရွေးချယ်ခံခဲ့ရပြီး ပထမဆုံးအကြိမ် အဓိကနိုင်ငံရေးပါတီအဖြစ် ကို စွန့်လွှတ်ရခြင်း…
တင်ဇော်လွင် - သူတို့ရဲ့ကဗျာ နဲ့ ကိုယ့်ကဗျာ
https://ift.tt/cAuBDT2
<a href="https://blogger.googleusercontent.com/img/a/AVvXsEj1GrZD7D1sccu1HgSEd48JdJAWs6gfmkpu7hWylkUXdxGBwHC6P8NUKb9iwAAkB1mSDLtuDnSGsZht5K_3UEjpioy4tGeTg-Pij9IYFF7-XRe65orcBPIcNC5tT3zSWAz2N2tA18obQX2rJPwDmuncuLcFWJOG9yrM0COHojFxltJDzxN0MbzOHsWeWrc">Media</a>

တင်ဇော်လွင် - သူတို့ရဲ့ကဗျာ နဲ့ ကိုယ့်ကဗျာ(မိုးမခ) မေ ၁ ၊ ၂၀၂၄
ကျနော့်လူနာဆောင်က လူနာတယောက်ဟာ ဆီးချိုအခံကြောင့် ကွယ်လွန်သွားရှာတယ်။ စိတ်ရောဂါကု အဆောင်ကနေ အထွေထွေရောဂါကုအဆောင်ကို ပြောင်းရွှေ့ပြီး ကြပ်ကြပ်မတ်မတ် ကုကြပေမဲ့ နဂို ရောဂါကျွမ်းနေတာရယ်၊ အသက်ကလည်း ကြီးနေတာရယ်ကြောင့် တပတ်လောက် ကုပေမဲ့ ပြန်ပြီးကောင်းမလာရှာဘူး။ဆေးရုံရဲ့ ထုံးစံအတိုင်း သူ့အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ဆေးရုံရဲ့ ဓမ္မာရုံ (Chapel) မှာ ကျင်းပတဲ့အခါ လူနာကို ခင်မင်သိကျွမ်းပြီး သံယောဇဉ်ရှိကြတဲ့သူတွေ တက်ရောက်ကြတယ်။ ဦးဆုံး ဆေးရုံအုပ်ကြီးက အအဖွင့်စကားလေး အနည်းငယ် ပြောပြီးတော့ သူတို့ဘာသာရဲ့ ဘုန်းတော်ကြီး (Reverend) က တရားသံဝေဂစကား ပြောတယ်။ အဲဒီနောက်တော့ ပရိသတ်ထဲက အောက်မေ့ လွမ်းဆွတ်တဲ့စကား၊ အမှတ်တရ စကားတွေကို ပြောဖို့ အချိန်ပေးတယ်။ အဲဒီတော့ အဆောင်မှာ သန့်ရှင်းရေးလုပ်ရတဲ့ ဝန်ထမ်း အမျိုးသမီးတဦးက ကွယ်လွန်သူရဲ့ အမှတ်တရလေးတွေကို ထပြောတယ်။ ခပ်ငယ်ငယ် လူနာတယောက်က Amazing Grace သီချင်းကို ထဆိုပြီး ဆုတောင်း အလွမ်းဖြေတယ်။ နောက်လူနာတယောက်က သူ စပ်လာတဲ့ ကဗျာတပုဒ်ကို အသင့်ရေးလာတဲ့ စာရွက်ကြည့်ပြီး ရွတ်ဆိုပြတယ်။ ဆရာဝန်ဖြစ်တဲ့ ကျနော်က သံဝေဂ ဆုတောင်းစကား နည်းနည်းပြောပြီး အဲဒီ အောက်မေ့ဖွယ် အခမ်းအနားကို ရုပ်သိမ်းလိုက်တယ်။နောက်တနေ့ မနက်ခင်း Round ကျတော့ Staff တယောက်က စာရွက်တရွက် လာပေးလို့ ကြည့်လိုက်တော့ မနေ့က အဲဒီလူနာ ရွတ်သွားတဲ့ ကဗျာကို ကျကျနန သေသေသပ်သပ် စာစီပြီး ရိုက်ထားတာ။ မနေ့က အခမ်းအနားကို တက်ခွင့်မကြုံလိုက်ရတဲ့ လူနာတွေရာယ်၊ ညဂျူတီကျ Staff တွေရယ်ကို ပေးဖို့ ရိုက်ယူလာခဲ့တာတဲ့။ကဗျာကလေးက မဆိုးဘူး။ A Lane Without Crossing လို လှလှပပ စကားလုံးလေးတွေနဲ့။ ကာရန်တွေ၊ ရစ်သမ်တွေလည်း မိတယ်။ မလွတ်ဘူး။ အချုပ်ကတော့ "နောက်တခါ ပြန်ပြီး ရှင်သန်တဲ့အခါ အင်အားတွေ ပြည့်နေပါစေ၊ အိပ်မက်ဆိုးတွေနဲ့ ကင်းဝေးပါစေလို့ ဆုတောင်းလိုက်ပါတယ်ကွာ" ဆိုတဲ့ အဓိပ္ပာယ်မျိုးပါပဲ။ အင်္ဂလိပ်ကဗျာ အဖွဲ့အနွဲ့တွေနဲ့ သိပ်ပြီး အကျွမ်းတဝင် မရှိတာမို့ Staff ထဲက အသက်ငယ်ငယ် New York University က Ph.D ရလာတဲ့ တယောက်ကို ဘယ်လို သဘောရသလဲလို့ မေးကြည့်လိုက်တော့... မဆိုးပါဘူး၊ Above Average B Plus(+) သာမန်ထက်တော့ သာပါတယ်တဲ့။စိတ်ရောဂါဝေဒနာရှင်တယောက် ဖြစ်သော်လည်း ကဗျာကို စပ်တဲ့အခါမှာ ကာရန်တွေ မလွတ်ဘဲ (ကဗျာဖွဲ့ထုံးစနစ်ကို လိုက်နာမြဲ လိုက်နာပြီး) စပ်ဆိုထားတာ တွေ့ရတော့၊ ဪ... ကဗျာကို ပစ်စလက်ခတ် မဖွဲ့ကြပါလား ဆိုတဲ့ အချက်ကို ဂရုပြုမိပါတယ်။ တဆက်တည်းမှာပါပဲ၊ ကိုယ့်ရပ်ဌာနေက ကဗျာတွေအကြောင်းလည်း ဆက်စပ်ပြီး တွေးမိတော့တယ်။တွေးမိတယ် ဆိုပေမဲ့ ကဗျာကို တခုတ်တရ မဖတ်ဖြစ်တာ ကြာပါပြီ။ ဒီဘက်ခေတ် ထွက်လာတဲ့ ကဗျာပေါင်းချုပ်လို စာအုပ်တွေတော့ ရှိပါရဲ့၊ တွေ့ပါရဲ့၊ လှန်လှောပြီး ဖတ်မိပါရဲ့။ ဖတ်မိတယ်ဆိုတာ တကယ့်ကို 'ဖတ်'မိတယ် ဆိုတာလောက်ပါပဲ။ နှုတ်က ထုတ်ပြီး ရွတ်မိတဲ့ အဆင့်ကို မရောက်ပါဘူး။ ရွတ်ရုံတင်မက အာဂုံရအောင် ကျက်ထားလိုက်မဟဲ့ ဆိုတဲ့ အဆင့် ဆိုတာကတော့ ဝေလာဝေးပါပဲ။ သူတို့ရဲ့ကဗျာက သိပ်ပြီး ပဟေဠိဆန်နေသလား မပြောတတ်ပါ။ ၁၉၇၀ နှစ်လွန် ပတ်ဝန်းကျင်ကာလတုန်းက "ယနေ့ခေတ်ကာလ၊ စာပေတွင် ကဗျာသည် ရှေ့တန်းတွင် မရှိ"၊ "မဂ္ဂဇင်းအဖွင့်ကဗျာများကို တခုတ်တရ ဖတ်သောသူ မရှိ"။ အဲဒီလို အဓိပ္ပာယ်ရတဲ့ ဆောင်းပါး ရေးမိလို့ ဆရာကြီး ဦးအောင်သင်း(ကွယ်လွန်) ကို ဝိုင်းဝန်းဝေဖန် တိုက်ခိုက်ကြတာ မှတ်မိနေပါသေးတယ်။ (ဆရာနဲ့ သဘောတူ ထောက်ခံမိပါတယ်။)ကဗျာရွတ်ဆိုပွဲတွေ၊ ကဗျာစာအုပ်တွေ ဒီဘက်ခေတ်မှာ ထွက်လာနေလိုက်တာ။ အားရစရာကြီးပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ ကဗျာတွေက ရှိပြီးသား ကာရန်စနစ်ကို မလိုက်နာကြဘဲ ဖောက်ဖျက်နေကြတော့ ရွတ်လို့မကောင်းတော့ပါ။ ကြိုးစား၍ ရွတ်ကြည့်ပါသော်လည်း (ကဗျာဉာဏ် နည်းတယ် ထင်ပါရဲ့)။ တခါရွတ်ပြီး နောက်တခါ ထပ်မရွတ်ချင်တော့ပါ။ အာမထိ လျှာမထိ ဖြစ်နေပါတော့တယ်။ ကျနော်ဟာ သူတို့ရဲ့ ကဗျာတွေကို ခံစားဖို့ ကြိုးစားတဲ့အခါ 'ခေတ်နောက်ပြန်ဆွဲနေသူ ဖြစ်နေပြီလား၊ အပျံမသင်ရဲတဲ့ ငှက်တကောင်လား' အဲဒီမေးခွန်းတွေနဲ့ လုံးချာလည်နေပါတော့တယ်။ကျနော့်သားတွေ မူလတန်းတုန်းက သူတို့အတန်းမှာ Rhyming Words (အသံတူ၊ ကာရန်စကားလုံး)တွေကို တခုတ်တရ သင်ကြရတာကို သတိထားမိပါတယ်။Cat/ Bat, Rain/Train စသဖြင့် အသံတူ စကားလုံးတွေ၊ စကားလုံးအတွဲတွေ (Rhyming Phrases) ၊ ကာရန်ညီ သီချင်းတွေ (Rhyming Songs)။ အဲဒါတွေကို အရေး၊ အဖတ်၊ အပြော ကျွမ်းကျင်စေဖို့အတွက် အထူးတလည် သင်ပေး၊ ကျင့်ပေးတဲ့ သဘောပါ။ အဲဒီအတွက် ကာရန်သဘောတွေကိုလည်း တတ်ပြီးသား ဖြစ်သွားပြီပေါ့။ကျနော်တို့ မြန်မာပြည်မှာလည်း မူလတန်းမှာ သင်ပေးရင် မကောင်းပေဘူးလားလို့…
အယ်လ်နီညို၊ ရာသီဥတုပြောင်းလဲခြင်းနဲ့ ပြည်တွင်းစစ်မီးအောက်က မြန်မာနိုင်ငံ
https://ift.tt/bRw3IOC
<a href="https://blogger.googleusercontent.com/img/a/AVvXsEhKfXRsSJyxTo6uU53KnKyESii58H5MEGuweJcXCmb-Vmd8BmpOTiBW8MJKTST7ZKaU51MgUoz1tu8ndrR0ptEs3J7XG91ejg67eUyn86sSxln-ozzrMmU9VsvC48BPP_Gw1lya_ubnUytamuPrYXv7aGXOmoidAOvso-vuzgv737KjciISBxBll5F0M2w">Media</a>မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၃၀ မြင်ကွင်း(မိုးမခ) မေ ၁၊ ၂၀၂၄
အယ်လ်နီညို၊ ရာသီဥတုပြောင်းလဲခြင်းနဲ့ ပြည်တွင်းစစ်မီးအောက်က မြန်မာနိုင်ငံမြန်မာနိုင်ငံက လူထုတွေ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့အထဲ အကြီးမားဆုံးပြဿနာက ဘာလဲလို့ မေးရင် ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့  သက်ရောက်မှုလို့ ဖြေကြလိမ့်မယ် ထင်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲ တနည်းအားဖြင့် ပြည်တွင်းစစ်မီး တောက်လောင်နေခြင်းက အဲဒီဒေသက ပြည်သူတွေအဖို့ အသက်ဆုံးရှုံးရခြင်း၊ နေအိမ်၊ ပိုင်ဆိုင်မှု ဥစ္စာဆုံးရှုံးခြင်း၊ နှိပ်စက်ညှင်းပန်းခံရခြင်း၊ မိသားစုဝင်တွေ တကွဲတပြား နေထိုင်ကြရခြင်း၊ အသက်ရှင်သန်နိုင်ဖို့ ရိက္ခာ မလုံလောက်ခြင်း၊ အကူအညီ အထောက်အပံ့ကိုသာ မျှော်ကိုးပြီး အသက်ရှင်ရခြင်းတွေ ဖြစ်ပြီး လက်နက်ကိုင် တိုက်ပွဲတွေ မဖြစ်ပွားသေးတဲ့ မြို့တွေ ရွာတွေမှာ နေထိုင်သူတွေ အနေနဲ့ တော့ တရားဥပဒေ မစိုးမိုးခြင်း၊ လုယက်၊ သတ်ဖြတ်မှု၊ ဗုံးပေါက်ကွဲမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အတင်းအဓမ္မ စစ်သားစုဆောင်းခံရမှုတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ အခုလို ပြည်တွင်းစစ်မီးတောက်လောင်မှု အရှိန်အဟုန်မြင့်တက်လာတဲ့ ၂၀၂၃ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၂၄ ခုနှစ် အစပိုင်းနွေရာသီမှာ မြန်မာနိုင်ငံဟာ အခြားသော ကမ္ဘာ့နိုင်ငံတွေလို ပုံမှန်ထက်ပိုပြီး ပူလောင်တဲ့ အယ်လ်နီညို နှစ်ရဲ့ နွေရာသီကိုပါ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ တောရော မြို့ပါ နေထိုင်သူတွေ အနေနဲ့ ရာသီဥတု ဖောက်ပြန်ခြင်းရဲ့ ဒဏ်ကိုပါ ထပ်ဆင့်ခံစားနေကြရတာ တွေ့ရမှာ ဖြစ်ပါတယ်။ နေ့စဥ် ဖော်ပြနေတဲ့ သတင်းတွေထဲ မြန်မာနိုင်ငံရဲ့ အညာဒေသ၊ မြေလတ်ဒေသအထက်ပိုင်း တွေရဲ့ မြို့တွေက ကမ္ဘာ့အပူချိန် အမြင့်ဆုံးမြို့တွေ စာရင်းထဲ နေ့စဥ်လိုလို ပါရှိနေတာဖြစ်ပြီး နှစ် ၇၀/ ၈၀ အတွင်း အမြင့်ဆုံးအပူချိန်တွေ အထိရောက်ရှိနေတာတွေလည်း ကြားသိနေရတာ ဖြစ်ပါတယ်။ အပူရှိန် မြင့်မားလွန်းတဲ့ ဒဏ်ကြောင့် အသက်အရွယ်ကြီးသူတွေ၊ ရောဂါအခံရှိသူတွေအဖို့ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ အန္တရာယ်ရှိလာနေပြီး ဒီလို ပြင်းထန်လွန်းတဲ့ ရာသီဥတုဒဏ် ခံစားနေရချိန်မှာ လျှပ်စစ်မီး ဆိုးရွားစွာပြတ်တောက်မှု၊ သောက်သုံးရေ မလုံလောက်မှု၊ စစ်မက်ဖြစ်ပွားတာကြောင့် တောထဲ တောင်ထဲ ထွက်ပြေးခိုလှုံနေကြရတာတွေ၊ အမိုးအကာ ကောင်းကောင်းမွန်မွန်မရှိဘဲ တိမ်းရှောင်ခိုလှုံ နေကြရတာတွေလည်း စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေမှာ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ ဒုက္ခပေါ် ဒုက္ခဆင့်တဲ့ သဘောလို့ဆိုရင် မှားမယ်မထင်ပါ။ စစ်ဘေးရှောင်စခန်းတွေမှာ ရိက္ခာ၊ သောက်သုံးရေ ရှားပါးတဲ့ ပြဿနာ၊ မီးလောင်ပျက်စီးနေတဲ့ မြို့တွေရွာတွေမှာ ပြန်လည်နေထိုင်ဖို့ သောက်သုံးရေ၊ လျှပ်စစ်မီး မရှိတဲ့ ပြဿနာတွေက တပြိုင်နက်တည်း ကျရောက်နေတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေး အကျပ်အတည်း၊ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတာမျိုး မဟုတ်ခဲ့ရင် အခုလို ရာသီဥတု ဖောက်ပြန်တဲ့ဒဏ်ကို ခုခံရာမှာ အတိုင်းအတာတခုထိ ခံသာအောင် စွမ်းဆောင်နိုင်ကြမှာ ဖြစ်ပေမယ့် လက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေအကြား လက်နက်တွေ ကျည်တွေကြောင့် အသက်မသေဖို့က နံပါတ် ၁ ဦးစားပေး ရွေးချယ်ကြရပြီး ရာသီဥတုဖောက်ပြန်တဲ့ ဒဏ်က ဒုတိယ ဦးစားပေး ရွေးချယ်ကြရတဲ့ အနေအထားလည်း ဖြစ်နေပါတယ်။ စစ်ဘေးရှောင် စခန်းအချို့မှာ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းရောဂါတွေ ဖြစ်ပွားပြီး လူသေဆုံးမှုတွေ ရာဂဏန်းအထိ ရောက်ရှိလာနေတဲ့ သတင်းတွေလည်း တွေ့လာရတာ ဖြစ်ပါတယ်။ စစ်ပွဲတွေ ဖြစ်ပွားနေချိန်မှာ ဒုက္ခသည်စခန်းတွေ၊ ကျေးရွာတွေ ကြုံတွေ့နေရတဲ့ သောက်သုံးရေ ပြဿနာလိုမျိုးကို ဖြေရှင်းပေးဖို့ ဘယ်အုပ်ချုပ်သူကမှ စိတ်မဝင်စားကြသလို လူထု အချင်းချင်း အကူအညီပေးဖို့လည်း မပြေလည်ကြတဲ့ အနေအထားမျိုးမှာ ရှိနေကြတာ ဖြစ်ပါတယ်။ နိုင်ငံရေး စစ်ရေး ပြဿနာတွေ ဖြစ်ပွားခြင်းမရှိတဲ့ အခြေအနေမျိုးမှာ ဒေသတခုခုမှာ သဘာဝဘေးအန္တရာယ် ကျရောက်တာမျိုး ကြုံတွေ့ရရင် အခြားဒေသတွေက သွားရောက်ကူညီတာမျိုးတွေ လုပ်ဆောင်နိုင်ခဲ့ကြပေမယ့် အခုကာလမှာ ဒေသတိုင်းလိုလို စစ်မက်ဖြစ်ပွားတာ၊ အသွားအလာ ဖြတ်တောက် ပိတ်ဆို့ထားတာ၊ ကန့်သတ်ချက် တားမြစ်ချက်တွေ၊ ရန်ပုံငွေ အကူအညီ အထောက်အပံ့ငွေကြေး အခက်အခဲ အစရှိတဲ့ ပြဿနာတွေကို တပြိုင်တည်း ကြုံတွေ့နေကြရတာကြောင့် အချင်းချင်း ကူညီပေးနိုင်စွမ်း မရှိသလောက် နိမ့်ပါးနေချိန်လည်း ဖြစ်ပါတယ်။ဒီလို သဘာဝဘေးအန္တရာယ်၊ လူလုပ်ဘေးအန္တရာယ် နှစ်မျိုးနှစ်စားလုံးကို တပြိုင်နက်တည်း ကြုံတွေ့နေရချိန်မှာ အနာဂတ်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုတွေလည်း သိသိသာသာ ပျက်ယွင်းလာနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု မဖြစ်ပွားခင် အခြေအနေမျိုးမှာ…
သီအိုဇော် - မနေ့ကနဲ့ မတူတဲ့ ဒီကနေ့ ‘ယူကေ’ အစိုးရအဖွဲ့ ခေါင်းဆောင်များ
https://ift.tt/UAw3Cb0
<a href="https://blogger.googleusercontent.com/img/a/AVvXsEhE4MXyYu9sHmL6xL4jkR-jXLJ_yWsrYx7eCuOsEineqXA3fTlBfjlvAVBN3HFx7PDC3sqbhEx0rPJ3JamgOa94LQDmsT-jfp4947mnBKFuQMNYT-Cn4FjbbmYZxtI7C-eRc3Lp0ku4f3c6-WfYDbYToa7lk69OJJ86HXPsw4bn94cP7Ck7f2U5FtkuXF0">Media</a>သီအိုဇော် - မနေ့ကနဲ့ မတူတဲ့ ဒီကနေ့ ‘ယူကေ’ အစိုးရအဖွဲ့ ခေါင်းဆောင်များ(မိုးမခ) မေ ၁ ၊ ၂၀၂၄
အရင် ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ နိုင်ငံကလူတွေပဲ ဖြစ်ဖြစ်၊ ကိုလိုနီမဟုတ်ခဲ့တဲ့ နိုင်ငံတွေကပဲ ဖြစ်ဖြစ်၊ ယေဘုယျအားဖြင့်တော့ အင်္ဂလိပ်လူမျိုးတွေကို လူမျိုးကြီး၊ နိုင်ငံကြီးသားတွေအဖြစ် သတ်မှတ်လေ့ရှိကြပါတယ်။ အဲဒီလို အနေအထားမျိုး ရရှိထားကြတဲ့ အင်္ဂလိပ်လူမျိုးတွေ အနေနဲ့ကလည်း ဒီအကြောင်းတွေကို နှုတ်ကနေ တဖွဖွ ဂုဏ်ဆာ ပြောမနေကြရင်သာ ရှိမယ်၊ ဇာတိပုည ဂုဏ်မာနလေးတော့ အနည်းနဲ့အများ ရှိကြမှာပါပဲ။ဗြိတိန်နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အသားအရောင်၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့ဖူးတာကို ငြင်းပယ်လို့ မရပါဘူး။ ခွဲခြားမှုတွေဆိုတာက အသားအရောင်မည်းကြသူတွေကိုတင် မဟုတ်ခဲ့ပါဘူး၊ လူဖြူမဟုတ်တဲ့ တခြား အသားအရောင်အသွေး ရှိသူများလည်း အကျုံးဝင်ပါတယ်။၁၉၆၃ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က အစပြုခဲ့တဲ့ ဘရစ်စ်တယ်လ် ဘတ်စကားသပိတ် (Bristol Bus Boycott) ဆိုတာကလည်း ဒီလိုမျိုးတွေကြောင့် ဖြစ်ပေါ် ခဲ့ရတာပါ။ ဒီဘတ်စ်ကားကုမ္ပဏီက လူမည်းတွေ၊ အာရှနွယ်ဖွားတွေကို အလုပ်မခန့်ပဲ လူဖြူတွေကိုချည့်ပဲ အလုပ်ပေးတဲ့အတွက် ဒီသပိတ်ဖြစ်ခဲ့ပါတယ်။တိုက်ဆိုင်မှုတခုလို့ ပြောရလေမလားပဲ၊ မာတင်လူသာကင်းရဲ့ ကမ္ဘာကျော် ‘I Have a Dream’ မိန့်ခွန်းပြောကြားခဲ့တဲ့ ၁၉၆၃ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့မှာပဲ ဘတ်စ်ကားကုမ္ပဏီဘက်က အလျှော့ပေးပြီး သူတို့ရဲ့ အလုပ်ခန့်တဲ့ ပေါ် လစီကို ပြောင်းလဲပေးခဲ့ရပါတယ်။ဒီလိုလှုပ်ရှားမှုများရဲ့ အကျိုးဆက်တွေကြောင့်လည်း ဝန်ကြီးချုပ် ဟယ်ရယ်လ် ဝေလ်ဆင် (Harold Wilson)က ၁၉၆၅ ခုနှစ်မှာ Race Relations Act 1965 ကို ပြဋ္ဌာန်းပြီး လူမျိုး၊ အသားအရောင် ခွဲခြားဆက်ဆံမှုတွေကို ကန့်သတ် တားဆီးပေးခဲ့ပါတယ်။တကယ်တမ်းက တခြားအသားအရောင် ရှိသူတွေကိုသာ ခွဲခြားမှုတွေ ထားရှိခဲ့ကြတာမျိုး မဟုတ်ပဲ၊ လူဖြူအိုင်း ရစ်လူမျိုးတွေအပေါ်လည်း ခွဲခြားခဲ့ကြဖူးတယ် ဆိုတာကို၊ လန်ဒန်မက်ထရိုပိုလီတန် ယူနီဗာစတီ ‘အိုင်းရစ် လေ့ လာရေးစင်တာ’က အချက်အလက်တွေအရ သိကြရပါတယ်။ ‘လူမည်းလက်မခံ၊ အိုင်းရစ်လူမျိုး လက်မခံ’ ဆိုတဲ့ ဆိုင်းဘုတ်တွေ ရှိခဲ့ဖူးတဲ့ အတိတ်ကာလတွေနဲ့ အင်္ဂလိပ်တိုင်းပြည်လို့ ဆိုရမှာပါ။ဒီနေ့ ဒီကာလကတော့ အံ့အားသင့်စရာလို့ ပြောရမှာ ဖြစ်သလို၊ သမိုင်းမှတ်တမ်းတင်ထားသင့်တဲ့ ပြောင်းလဲမှု တခုကို တွေ့ကြုံနေရပါတယ်။ သိကြတဲ့အတိုင်း ယူကေနိုင်ငံဝန်ကြီးချုပ် ရစ်ရှီဆူးနက်ခ် (Rishi Sunak)က အာရှ နွယ်ဖွား၊ အိန္ဒိယမျိုးနွယ်က ဆင်းသက်လာသူ ဟိန္ဒူဘာသာဝင်တဦး ဖြစ်ပါတယ်။ အဲဒီထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ယူကေနိုင်ငံမှာ ပါဝင်တဲ့ စကော့တလန်၊ ဝေးလ်စ်၊ မြောက်ပိုင်း အိုင်ယာလန်တို့ရဲ့ လက်ရှိ အစိုးရအဖွဲ့ ခေါင်းဆောင်တွေနဲ့ ပတ်သက်နေပါတယ်။ဒီခေါင်းဆောင်အားလုံးက အင်္ဂလိပ်လူမျိုးစစ်စစ်တွေ မဟုတ်ကြပါဘူး။ Race Relations Act 1965 စတင် အသက်ဝင်ခဲ့ချိန်တုန်းက နောင်နှစ်ပေါင်း ခြောက်ဆယ်လောက်မှာ ယူနိုက်တက်ကင်းဒမ်းကို အခုလို လူမျိုးစုံ ဘာသာစုံက အုပ်ချုပ်ကြလိမ့်မယ်လို့ ဆိုခဲ့ရင် ယုံတမ်းစကားလို့သာ ထင်ကြမယ့်သူတွေ အမြောက်အမြား ရှိခဲ့မှာပါ။First Minister ဆိုတဲ့ ရာထူးက စကော့တလန်၊ ဝေးလ်စ်၊ မြောက်ပိုင်း အိုင်ယာလန် အစိုးရအဖွဲ့ အကြီးအကဲများရဲ့ ရာထူးအဆင့်အတန်းပါ၊ လုပ်ပိုင်ခွင့်အာဏာ အထိုက်အလျောက်ရှိတဲ့ ပြည်နယ်ဝန်ကြီးချုပ် အဆင့်လို့လည်း ဆို နိုင်ပါတယ်။ဝေးလ်စ် လေဘာပါတီခေါင်းဆောင်ဖြစ်သူ ဗွန်ဂက်သင်း (Vaughan Gething)က ဇမ်ဘီယာနိုင်ငံမှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လက ဝေးလ်စ် ဝန်ကြီးချုပ် ဖြစ်လာခဲ့တဲ့သူဟာ ဥရောပတိုက်က နိုင်ငံအားလုံးအတွက် ပထမဦးဆုံး လူမည်းအစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်သူလို့ ပြောရမှာပါ။စကော့တလန်ဝန်ကြီးချုပ်က ဟမ်ဇာယူဆက်ဖ် (Humza Yousaf) ဖြစ်ပြီး ပါကစ္စတန်လူမျိုး မိဘနှစ်ပါးက ယူကေနိုင်ငံမှာ မွေးဖွားခဲ့သူပါ။ သူဟာ စကော့တလန်အတွက် သာမက၊ အနောက်ဥရောပနိုင်ငံ အားလုံးအတွက်ပါ အစ္စလာမ်ဘာသာ ကိုးကွယ်သူ ပထမဦးဆုံးအစိုးရအဖွဲ့ အကြီးအကဲလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ သူက အမျိုးသားရေးပါတီကြီးဖြစ်တဲ့ Scottish National Party (SNP)ရဲ့ လက်ရှိခေါင်းဆောင်လည်း ဖြစ်ပါတယ်။(အပြောင်းအလဲ ဖြစ်စဉ်သစ်ကို နောက်ပိုင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။)ဖေဖော်ဝါရီလဆန်းက မြောက်ပိုင်း အိုင်ယာလန် ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့သူ အိုင်းရစ်လူမျိုး မစ်ရှဲလ်အိုနီးလ်က ၂၀၂၂ ခုနှစ် မြောက်ပိုင်း အိုင်ယာလန် ရွေးကောက်ပွဲမှာ နေရာအများဆုံး အနိုင်ရရှိခဲ့တဲ့ အိုင်းရစ်လူမျိုးတွေရဲ့ အထင်ကရ အမျိုးသားရေးပါတီကြီး ဖြစ်တဲ့ ရှင်ဖိန်း (Sinn Féin) ပါတီရဲ့ ဒုဥက္ကဋ္ဌပါ။ဒါ့ကြောင့် ဒီကနေ့ ယူကေမှာ နိ…
ပါလစ္စတိုင်းအရေးဆန္ဒ ပြသူ အမေရိကန်ကျောင်းသားတွေ တိုက်ခိုက် ဖမ်းဆီးခံရပြီ
https://ift.tt/WFGRLMp
Media

ပါလစ္စတိုင်းအရေးဆန္ဒ ပြသူ အမေရိကန်ကျောင်းသားတွေ တိုက်ခိုက် ဖမ်းဆီးခံရပြီ

နိုင်ငံတကာသာဂိ၊ မိုးမခ၊ မေ ၁၊ ၂၀၂၄

New York ရဲတပ်ဖွဲ့က ကိုလံဘီယာ တက္ကသိုလ်ကို ဝင်ရောက်စီးနင်းပြီး ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးလိုက်ပါတယ်။ ရာနဲ့ချီတဲ့ အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေက ကျောင်းဝင်း အဆောက်အဦကို ၂၄ နာရီနီးပါး သိမ်းပိုက်ထားတဲ့ ကျောင်းသားတွေကို ဖမ်းဆီးခဲ့သည် ။ ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြသူ ဒါဇင်နဲ့ချီ ဖမ်းဆီးခဲ့ပါတယ်။

ဆန္ဒပြသူ ကျောင်းသားများက သိမ်းယူခဲ့သည့် ကိုလံဘီယာတက္ကသိုလ် အဆောက်အအုံမှာ ကိုလံဘီယာ ကျောင်းဝင်း ကို ၁၉၆၈ ခုနှစ် ဗီယက်နမ် စစ်ဆန့်ကျင်ရေးတုန်းက ကျောင်းသားများ သိမ်းယူခဲ့ဖူးသည့် အဆောက်အအုံ ဖြစ်သည်။ ကိုလံဘီယာနှင့် အခြားတက္ကသိုလ်၊ နယူးယောက်စီးတီးကောလိပ်တွင် လူ ၃၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း နယူးယောက်မြို့တော်ဝန် အဲရစ်အဒမ်စ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အစ္စရေးမှ အမြတ်အစွန်းရထားသော ကုမ္ပဏီများမှ တက္ကသိုလ်ရင်းနှီးမြုတ်နှံထားမှုများ ရုတ်သိမ်းရန် (Divestment)  ကျောင်းသားများက ကျောင်းဝင်းအလယ်ရှိ မြက်ခင်းပြင်တွင် တဲများချကာ တောင်းဆိုကြတာ လွန်ခဲ့သည့် တစ်ပတ်ကျော်က စတင်ခဲ့ပြီး ယခု ဇာတ်ရှိန်မြင့်လာခြင်း ဖြစ်သည်။

Media
ဗုဒ္ဓဟူးနေ့အစောပိုင်းက လော့စ်အိန်ဂျလိစ်မြို့ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်တွင် လည်း ၂ဘက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်ရပ်တွင် အစ္စရေးလိုလားသော ဆန္ဒပြသူများက ပါလက်စတိုင်းလိုလားသော ဆန္ဒပြသူများကို UCLA တက္ကသိုလ်အတွင်း စခန်းချထားသည့်နေရာကို လာရောက် တိုက်ခိုက်ကြခြင်း ဖြစ်သည်။ ကျောင်းအာဏာပိုင်များက ကျောင်းဝင်းအတွင်း ရဲတပ်ဖွဲ့ဝင်ရောက် ဖြေရှင်းရန် ဆင့်ခေါ်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

နယူးယောက်မှာ အနီးနားက လမ်းတွေကို ပိတ်ဆို့ထားတဲ့ အတားအဆီးတွေနောက်က ဆန္ဒပြသူတွေက “ပါလက်စတိုင်း လွတ်လပ်ရေး ဒို့အရေး”၊ “ကျောင်းသားတွေကို ချက်ခြင်းလွှတ်” နဲ့ “NYPD-KKK” လို့ ကြွေးကြော်ခဲ့ကြပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု ကိုတော့ ချက်ချင်းသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
နေသွင်နိုင်း - ကြယ်ပျံလမ်းသစ်
https://ift.tt/D1dXouS
MediaArt by Than Htay Maung

ကြယ်ပျံလမ်းသစ်နေသွင်နိုင်း(မိုးမခ) မေ ၂၊ ၂၀၂၄

ကမ္ဘာကြီးထဲ ကျွံကျလာတဲ့ လူငယ်တောင်ပံ ၊ ရွက်ခြောက်ကိုနင်းပြီး တောမီးကို လှုံတယ်။ ရင်ဝက မီးထက် ကျောဒဏ်ရာ ပိုနက်လို့ ပိုနက်တဲ့ဘဝကို တူးရတယ်။ မေးဒေးမှာလည်း ဒီကောင်တွေကို မအေပေးလို့ငါတို့ဆိုတယ်။ သယံဇာတဆိုတာ ပထဝီစာအုပ်ထဲက ခုန်ထွက်မလာတဲ့ ကြွယ်ဝမှု၊ ဘောဂဗေဒဆိုတာ ကျောင်းသားတွေ အလွတ်ကျက်ရမယ့် အိမ်စာ၊ စီးပွားရေးဆိုတာ မအေလိုးတွေရဲ့ သေနတ်ဖျား။ ငါတို့မှာ ကျောင်းတက်ရင် နိုင်ငံတော်သီချင်းဆိုပြီး ကျောင်းဆင်းတဲ့အခါ အိမ်မပြန်ရဘဲ စည်သွပ်ဘူးထဲ ပြန်ဝင်ကြရတယ်။ ရုပ်ရှင်ရုံမှာ ချစ်သူကို အနမ်းမပွင့်ရသေးဘူး၊ နိုင်ငံတော်အလံကို စောက်တလွဲအလေးပြုနေရ။ နိုင်ငံတော်ရဲ့ပွဲလမ်းသဘင်မှာ အလံတော်ဟာ သုက်ပိုးအပြည့်နဲ့ တလူလူလွင့်လို့၊ အရွယ်လည်း မတူကြယ်လည်း မဖြူရတဲ့ ဘဝ၊ Fuck Fuck Fuck ပဲ။သေနတ်က သင်ရိုးညွှန်းတမ်းဖြစ်လာတဲ့အခါ လူငယ်ကို ကြယ်လို့ အသံထွက်ရတယ်။ စောက်တလွဲလော့ဂျစ်နဲ့ မြစ်ကမ်းဘေး အိမ်ခြေမဲ့တွေဖမ်းပြီးဆင်းရဲမွဲတွေမှုကို တိုက်ဖျက်၊ ပုပ်သိုးနေတဲ့ မြွေတွေရဲ့သမိုင်းကို လက်ဆင့်ကမ်းပြီး အနာဂတ်ဟာ လူငယ်လို့ ရယ်စရာပလာစတာကပ်တယ်။ ငါတို့ဟာ မတရားမှုကို ပစ်ပေါက်မယ့် အုတ်နီခဲတွေ၊ နောင်တချိန်မှာ ဂျန်လီးတွေဖူးရမယ့် ဘုရားဟာ ငါတို့ ။ မြို့ပြင်မှာ လူသေရင် လူသေတွေ မြို့ပြင်မှာ နှစ်ခါမသေစေရဘူးဟေ့။ ဆွေးမြည့်နေတဲ့ ရေစီးကြောင်းကြီးကိုလည်း လှန်မှောက်ပစ်လိုက်မယ်။ မုသားမပါတဲ့ မြစ်မင်းကို စီး၊ ဟစ်တလာရဲ့ နှုတ်ခမ်းမွေးပြီးရင် နောက်ထပ် ဆွဲနုတ်ချင်တဲ့ ကိစ္စဟာ မိစ္ဆာတွေရဲ့ အာယုလမ်းကြောင်းဖြစ်တယ်။ ဦးထုပ်ကို နောက်ပြန်ဆောင်းမယ်၊ ရန်သူ့ခေါင်းကို ဗုံတီးမယ်၊ ငါတို့ရဲ့တက်တူးမှာ မြစ်သေတွေ မပါစေရ။ ဘောင်းဘီဇစ်ပြုတ်တဲ့ ငါတို့ကိုမျက်စောင်းမထိုးနဲ့၊ ရန်သူ့နယ်မြေဆီ တာဝေးပစ်ဒုံးကျည်အဝေးကြီးလှမ်းပစ်လိုက်သလို  သေးငေါ့ပန်းမယ်၊စောက်သည်းကွဲချင်ကွဲမယ်၊ ( ၁၂ ) လရာသီသိဖို့ဆို ရန်သူ့သေပန်းနဲ့ညှိကြမယ်၊ တောရိုးတောင်ရိုးမှာ အသက်ကိုအလံလွှင့်ထားလို့ ငါတို့ဟာ ကြယ်ပျံအစင်းစင်းပါပဲ။ လူငယ်လို့ စာလုံးပေါင်းတဲ့အခါ ခင်ဗျားတို့ရဲ့ ဦးထုပ်တွေကို ချွတ်ပြီး ဦးညွှတ်ထားရပါလိမ့်မယ်။ ဆုတ်ဖြဲပစ်ရမယ့် လေပူပေါင်းတွေထဲက အမည်နာမများ စစ်ကြီးမပြီးခင် သေလို့ရပါပြီ။ မတရားတာကို မတရားဘူးလို့ပြောဖို့ နောက်မကျသေးဘူး။ ကြောင်လက် သည်းဝှက်ပြီး၊ လာ။
အားလုံးပြီးရင် လမ်းများအားလုံး ဖွင့်လိုက်မယ်၊ ပန်းများအားလုံး ပွင့်လိုက်မယ်။ ။
နေသွင်နိုင်း
1.5.2024-Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar
ကမ္ဘာ့ အလုပ်သမားနေ့ နဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အခြေအနေ
https://ift.tt/xSdcp0z
<a href="https://blogger.googleusercontent.com/img/a/AVvXsEiNDgF7iwKEHjM_Yr2lRBkJef1Bf5t1gXK3AaDdvEnaN5jeI1DtVSBAAPj_hhC6CvGmGmUf1l5b9wuB7Zef5rg5m7wndQI5Y44NmrksOXgJH_aufa04sOYBjlY4Cdmzk6z6C7ioZG8BCl-kOU9J3VHMjXRnoXWrNlxUnuyVg8o-nDsLbXj7WHqKyydbspU">Media</a>မြန်မာနွေဦး ခရိုနီကယ် - မေ ၁ မြင်ကွင်း(မိုးမခ) မေ ၂၊ ၂၀၂၄
ကမ္ဘာ့ အလုပ်သမားနေ့ နဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အခြေအနေကမ္ဘာ့အလုပ်သမားနေ့လို့ မြန်မာဘာသာနဲ့ ခေါ်ဆိုတဲ့ နိုင်ငံအများစုက လက်ခံအသိအမှတ်ပြုကြတဲ့ မေလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အခွင့်အရေး အသိအမှတ်ပြုခံရမှု အလုပ်အကိုင် အခွင့်အလမ်း၊ မျှတတဲ့ လုပ်အားခ၊ ကောင်းမွန်တဲ့ လုပ်ငန်းခွင် အခြေအနေ စတာတွေက စစ်အာဏာသိမ်းမှု၊ လက်နက်ကိုင်ပဋိပက္ခတွေ၊ အလုပ်သမား အခွင့်အရေး တောင်းဆိုမှုကို အာဏာနိုင်ငံရေး ကိစ္စတရပ်သဖွယ် ဖွင့်ဆိုပြီး နှိပ်ကွပ်မှု၊ စစ်မှုထမ်းဥပဒေ ကို ရှောင်တိမ်းဖို့ အခြားနိုင်ငံမှာ တရားမဝင် အလုပ်သမားအဖြစ် သွားရောက်ရခြင်း စတာတွေနဲ့ မြန်မာနိုင်ငံက အလုပ်သမားလူတန်းစားအလွှာ အဖို့ ထိုးနှက်မှုပေါင်း များစွာနဲ့ ရင်ဆိုင်နေရတဲ့ ကာလတခုလည်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် နှောင်းပိုင်းက စလို့ ပွင့်လင်းမှု၊ အလုပ်သမားအခွင့်အရေး ကိစ္စတွေ စတင်ပြောဆိုခွင့် ရလာတဲ့ ကာလဟာ အလုပ်သမားအခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်လျင် ကနဦး လမ်းပွင့်လာတဲ့ ကာလလို့ဆိုနိုင်ပါတယ်။ အဲဒီမတိုင်ခင်ကာလတွေတုန်းက အလုပ်သမား အခွင့်အရေး တောင်းဆိုတဲ့ ဆန္ဒပြမှုဖြစ်ပွားတာနဲ့ အလုပ်သမား ခေါင်းဆောင်တွေကို ဖမ်းဆီးတာ ထောင်ချတာတွေ လုပ်ပြီး အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုတွေဟာ အဲဒီအချိန်က အုပ်ချုပ်နေတဲ့ နဝတ စစ်အစိုးရကို ပြုတ်ကျအောင် လုပ်တဲ့ လုပ်ရပ်တွေအဖြစ် အဓိပ္ပါယ်ဖွင့်ဆို အရေးယူခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဦးသိန်းစိန် ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီ အစိုးရ လက်ထက် ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ကြိုးပမ်းတဲ့ကာလလို့ခေါ်ခေါ်  အဲဒီကာလက စလို့ အလုပ်သမား လုပ်ခလစာ တိုးမြှင့်ပေးဖို့၊ အလုပ်ခွင် အခြေအနေကောင်းမွန်ဖို့ တောင်းဆိုမှုတွေကို အလုပ်ရှင်နဲ့ အလုပ်သမားအကြားက ပြဿနာအဖြစ် ရှုမြင်ပြီး ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့် စတဲ့ အခွင့်အရေးပါဝင်တဲ့ အလုပ်သမားဥပဒေ တွေပြဌာန်းလာခဲ့ကြရာက အလုပ်သမား သမဂ္ဂတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီနောက် အလုပ်သမား သမဂ္ဂဖွဲ့စည်းခွင့် လုပ်ခလစာ၊ လုပ်ခွင်အခြေအနေ ကောင်းမွန်ဖို့ ဆန္ဒပြမှုတွေလည်း ရှိလာခဲ့ပြီး တဖက်မှာ ပွင့်လင်းလာခါစ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာတာနဲ့အညီ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးမြင့်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း အလုပ်သမား အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ဆိုင်ရာ အဖွဲ့အစည်းတွေ ရပ်တည်ခွင့်၊ လှုပ်ရှားမှုတွေ လုပ်ပိုင်ခွင့် စတဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်း၊ လက်တွေ့ကျင့်သုံးမှု စတဲ့အပိုင်းတွေအတွက် ဖြည့်ဆည်းဖို့ တည်ဆောက်ဖို့ လိုအပ်နေဆဲလည်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် နောက်ပိုင်း တဖြည်းဖြည်းနဲ့ အလုပ်သမားအခွင့်အရေး ဆိုင်ရာ အသိပညာပေးတဲ့ အဖွဲ့တွေ၊ အလုပ်သမားသမဂ္ဂ ပေါ်ထွက်ရေးတွက် ကူညီအားပေးကြတဲ့ အဖွဲ့အစည်းတွေ ပေါ်ထွက်လာခဲ့ပြီး အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်၊ ပြန်လည်သုံးသပ်ပြင်ဆင်မှု စတာတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှု မြန်ဆန်လွန်းတဲ့ မြန်မာနိုင်ငံလိုမျိုးမှာ အနိမ့်ဆုံး လုပ်ခသတ်မှတ်ချက်က ၂ နှစ်တကြိမ် ပြန်လည်သုံးသပ်ဖို့ ပြင်ဆင်ဖို့ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ အဲဒီကာလရဲ့ အကန့်အသတ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်မီအထိသာ ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတော့ ၂၀၁၁ ခုနှစ် မတိုင်မီအခြေအနေကို ပြန်လည် နောက်ပြန်လှည့်ပြီး ဆုတ်ယုတ်သွားတဲ့ ကာလလို့ ဆိုနိုင်တဲ့ အနေအထား ဖြစ်လာပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာ အလုပ်သမားသမဂ္ဂ အချို့ကို မတရားအသင်း အဖြစ် ကြေညာလိုက်သလို အလုပ်သမားအဖွဲ့အစည်းတွေ လုပ်ဆောင်နေတဲ့ အချို့သော ဦးဆောင်သူတွေနဲ့  အလုပ်သမား ခေါင်းဆောင်အချို့ တို့ကိုဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အလုပ်သမားအရေး ဆောင်ရွက်သူအချို့ အကျဥ်းထောင်တွေထဲ လနဲ့ နှစ်နဲ့ချီ နေထိုင်ခဲ့ကြရတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။ ရန်ကုန်မြို့ စက်ရုံ အလုပ်ရုံတွေတည်ရှိတဲ့မြို့နယ်တွေမှာ  စစ်အုပ်ချုပ်ရေးကြေညာထားတာ ရှိပြီး အလုပ်သမားလှုပ်ရှားမှုတွေ ပေါ်ထွက်ခဲ့ရင် စစ်အုပ်ချုပ်ရေး အောက်မှာ ပြင်းထန်တဲ့ အပြစ်ဒဏ်တွေ ချမှတ်တာ ခံကြရမှာဖြစ်ပါတယ်။ အလုပ်သမား အခွင့်အရေး ၊ အခြေခံ လုပ်ခလစာ တိုးမြှင့်ရေး ဖြစ်သင့်ဖြစ်ထိုက်တဲ့ လုပ်ခလစာရရှိရေး လှုပ်ရှားမှု တောင်းဆိုမှုတွေကို နိုင်ငံရေးအရ ပုံဖော်ကာ ဖမ်းဆီးအရေးယူလာတာတွေကြောင့် အလုပ်သမား အခွင့်အရေး လှုပ်ရှားမှုတွေက လွန်ခဲ့တဲ့ ၃ နှစ်တာအတွင်း သိသာစွာ နိမ့်ကျခဲ့ပြီး အနိမ့်ဆုံး လုပ်ခလစာ ပြင်ဆင် သတ်မှတ်ချက်နဲ့ပတ်သက်လို့…
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သောင်းကျန်းလွန်းသူ
https://ift.tt/BpPL6aE
Mediaကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သောင်းကျန်းလွန်းသူ(မိုးမခ) မေ ၂ ၊ ၂၀၂၄
တပ်မတော်သာအမိ တပ်မတော်သာအဖကြီးတောင် လမ်းဖျက် တံတားမိုင်းခွဲ မြို့ရွာမီးတိုက်နဲ့ သောင်းကျန်းသူဘဝတောင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပါပေါ့လား။ရွှေကြီး ဗုဒ္ဓဟူးနံနဲ့ တည်ဆောက်ထားသမျှ မအလက ဗုဒ္ဓဟူးနံနဲ့ပဲ ကက်ကင်းကိုက် ဖျက်တော့တာကိုး။ ကျနော်က မခိုး မသတ် မသောက်မစား သူများသားမယား မပြစ်မှား လူလိမ္မာသားလေးပါ၊ လိမ်ပြောတတ်တာလေးတခုပဲ ဆိုသာလို ရွှေကြီးက တပ်မတော်ကြီးကို ဘယ့်နှယ် ဘယ်လို ဘယ်ကဲ့သို့ ဉာဏ်ကြီးကြီးနဲ့ တည်ဆောက်လိုက်တာ ကမ္ဘာ့အဆင့် ၃၇ တွေ ဘာတွေဖြစ်လို့ ဆိုပြီး ချီးပလိုက်တာ ချီးပလိုက်တာများ၊ အပြစ်ဆိုလို့ ဖျက်မယ့်ကောင် လွှဲခဲ့သာလေးတချက်ပဲ ပြောစရာရှိသာပလေ။ဟော သူ့တောင် ကံကောင်းလို့ ကင်းဝတ်အချမခံရသာမှတ်ပေါ့။ ခု သက်ပြည့်စံမမီ အကျိုးအပြတ်အတု စစ်မှုထမ်းဟောင်းမှန်သမျှတောင် မချန်တော့ဘဲ သတင်းပြန်ပို့ခိုင်းနေပြီ။ မပို့ရင် ပင်စင်ဖြတ် မြိုင်ရပ် သုံးနှစ်နှင်မတဲ့။ ၅၅ အောက်ရှေ့တန်း၊ အထက်နောက်တန်း စစ်မှုထမ်းရမယ်ဆို ခေါ်ပလေ။ ကုမ္ပဏီကြီးတွေမှာ စီအီးအို ဂျီအီးပျိုတွေလုပ် စမူခုတ်နေတဲ့ အကောင်ပြုတ်တွေ ပြာတောက်၊ မယားငယ်ပါ အချောင်ဒုက္ခရောက် လင်ပုန်းပျောက်ကိန်းဆိုက်ပေါ့။ ခုဆို ကိုယ့်ခိုးထားသမျှ စည်းစိမ် နောက်လူဖို့ ဖြစ်တော့မယ်ဆိုပြီး ဟစ်နေတဲ့ အကောင်နဲ့၊ မသွားပြန်ရင်လဲ အာခံစာရင်းထဲထည့်ပြီး အိမ်ပါ ချိပ်ပိတ်သိမ်းမယ့် ပလန်က အသင့်မို့ သားမယားကတောင် သွားသွားဆိုပြီး အတင်းစာရင်းပေးခိုင်းခံနေရတဲ့ အကောင်နဲ့၊ စစ်ထဲနေတုန်းက မသေလို့ ပင်စင်ရ အပြင်မှာ မိုးကျရွှေကိုယ်ဘဝနဲ့ လှပမျောလွင့်နေတာကို ပြန်လာစစ်မှုထမ်းရမတဲ့၊ အင်း ဒါ နင်နှစ်ခေါက်ရှောက် ဆိုတဲ့ ဇာတ်လမ်းလို မသေမချင်း စစ်မှုထမ်းခိုင်းတာပဲလေ။ ဘယ်အတန်းနေနေ ရှေ့တန်းနဲ့ နောက်တန်းကလဲ ဘယ်စခန်းကအရင်သေမယ်မသိတဲ့အခြေ ဘယ်နေနေ သေမှာကတော့ သေကို သေချာတယ်လေလို့ ရေရွတ်နေတဲ့အကောင်နဲ့၊ ခုမအလလုပ်ပုံက မင်းတို့လာသေ၊ မင်းတို့ အကုန်သေပြီးမှ ငါ သေမယ် ဆိုတဲ့ အထာ၊ အနော်ရထာ မဟုတ်၊ အလောင်းစည်သူ အထာ၊ မညှာမတာ မသာအထာပါ ဆိုပြီး ချွေးသံရဲရဲကြားက အသံတိတ် အံကြိတ်ခီးနေရတဲ့အကောင်နဲ့၊ မိအောင်လှိုင်က ခံတွင်းချဉ်တာလား ဖျင်ယားတာလား မကွဲဘဲ အာဏာသိမ်းလိုက်တာ ခုတော့ တပ်လဲပျောက် တိုင်းလဲပျက်ဆိုပြီး မအေနှမ ကိုင်တုပ်နေတဲ့ အကောင်နဲ့ စစ်မှုထမ်းဟောင်းလောကကြီး ဗလောင်ဆူနေချက်။ဗလောင်ဆူဆို ငအောင်အူတုန်းက ဝိုင်းကြေးမောင်းထိုးပေးခဲ့ကြတာကိုး။ ခွေးအူသံကိုဘဲ မညံဘူး နာပျော်တယ် သာယာတယ်လုပ်ပြီး တုံးခေါက်လိုက်၊ ကြေးစည်ထုလိုက်၊ ကြေးမောင်းထိုးလိုက်နဲ့ အူသံမစဲ ခွေးပုပွဲကျင်းပပေးခဲ့ကြတဲ့ ကောင်တွေလဲ ခုတော့ ပြေးပြီ။ ပင်စင်နာ ဆိုတဲ့အတိုင်း နာလို့မှ ပင်စင်ယူထားပါတယ်ဆို စစ်ဥပြန်မျိုခိုင်းတော့ စစ်ဝဋ်ကျွတ်ဖို့ လွတ်ရာ လစ်မယ်ကြံ၊ ကြံမယ့်သာ ကြံရတာ တကယ်တော့ ဘယ်မှ မလစ်သာ ကျန်ရစ်မိသားစုကိုဖမ်း ဝရမ်းကပ်၊ ချိပ်ပိတ်တွေက လာနိုင်သေးဆိုတော့ ဗျာလှိုင်ဆွေးကြရ။ ငနာကြင်စိုး ထင်ရာမျိုးရဲ့ မုဆိုးမနှစ်ဆထုတ်လုပ်ရေးမဟားဒယားလုပ်နေတော့ ကံကောင်းလို့မုဆိုးမ မဖြစ်ခဲ့တဲ့ကတော်ဟောင်းတွေကလဲ  ဟောင်းလောင်းကြီးဖြဲ အဲ ကောင်းကောင်းကြီးဆဲနေကြ။ မအလကို မကျေနပ်တိုင်း ဘယ်သူတွေ ဘယ်လောက်ဆဲဆဲ အဆဲချင်းပြိုင် ဘယ်သူနိုင်ခေတ်မှာ မွတ်စလင် ငါးသောင်း စစ်သင်တန်းပေး လက်နက်တပ်ဆင်ပြီး မွတ်စလင်တပ်ကြီး ထောင်တော့မှာကို မဟောင်ရဲတာကတော့ မဘသအကောင်တွေ။ အမျိုးဘာသာအတွက် အရိုးကာမယ်လဲ မလုပ်ရဲတော့၊ ဘုရားဒကာက စစ်ထဲဆွဲ မသာစာရင်း သွင်းမှာသိတော့ မချိသွားဖြီး အမြီးမလှုပ်။ ဒို့ရခိုင်ဒကာမကြီးရဲ့ ဒကာ မဟာစစ်ဗိုလ်ချုပ်မှူးကြီးဆိုပြီး ဒူးတုပ် ရှိမခိုးရုံတမယ် လက်အုပ်တရွယ်ရွယ်နဲ့ရခိုင်မျိုးချစ်ဆရာတော်များလဲ ဘယာကြော်ကုလားနဲ့ ဆရာတော်ဘုရားတို့ ရခိုင်ကို စစ်တပ်က ခေါင်းကိုင်တိုက်ခွဲ လူမျိုးနှစ်မျိုးကို ထာဝရရိုက်ပွဲဖြစ်အောင် လုပ်နေတာပါဆိုတာ ခုမှ လက်ခံတော့တာလေ။ ဟိုတုန်းကတော့ နိဗ္ဗာန်ကိုရွယ် ကယ်မယ့်သူတော်ကောင်းကြီးဆိုပြီး ဘုန်းကြီးသက်ရှည် ကျန်းမာပါစေဆိုပြီး မေတ္တာမပြတ် တရစပ်ပို့နေခဲ့တာ မဟုတ်လား။ လူ့အသိုင်းအဝန်းတခုအနေနဲ့ ဘယ်အသိမှ နောက်ကျတယ်ရယ်လို့တော့ မရှိပါဘူး။ ရခိုင် ရိုဟင် အမြင်ရှင်းပြီး အရူးတထောင် ဘီလူးကောင်ကို ဦးအောင်ဝိုင်းဆော်ကြဖို့သာ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
တင်ဇော်လွင် - စံချိန်မီ တံဆိပ်ခေါင်းများ
https://ift.tt/wop3ul0
<a href="https://blogger.googleusercontent.com/img/a/AVvXsEgXLc1A0IGwsHtNAOVOZfrtG5ugJyY98Ox2fneObApG4rZZzl01VgSDCj5jNGShH3sUzY0c6oofCsvoZkz2c93u0r5de3i2ThWTFZIkZZw7mqtEmmQkX2OzYqSkyKdmYcMqZxdEwcZvSzrzQlNprZH442_qIkEIrh1IS4AqbuV6Xh_xX3XbwpQzty840aE">Media</a>တင်ဇော်လွင် - စံချိန်မီ တံဆိပ်ခေါင်းများ(မိုးမခ) မေ ၂ ၊ ၂၀၂၄
တံဆိပ်ခေါင်း စုဆောင်းလေ့လာသူတယောက်အနေနဲ့ ကိုယ့်နိုင်က ထုတ်တဲ့ တံဆိပ်ခေါင်းတွေသာမက နိုင်ငံတကာက ထုတ်တာတွေကိုပါ မျက်ခြည်မပြတ်အောင် ကြည့်မိတယယ်။ တနှစ် တနှစ်၊ ဟိုနိုင်ငံ ဒီနိုင်ငံက၊ ဟိုအထိမ်းအမှတ် ဒီအထိမ်းအမှတ် အကြောင်းအရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံတွေအတွက် ထုတ်လိုက်ကြတဲ့ တံဆိပ်ခေါင်းတွေ အများကြီးပေါ့။ ကိုယ့်တိုင်းပြည်ကတော့ နည်းနည်းပဲ ထုတ်နိုင်တယ်။ အိမ်နီးနားချင်း ဒေသချင်းကပ် နယ်နိမိတ်ချင်း စပ်နေနတဲ့သူတွေနဲ့ ယှဉ်ကြည့်လိုက်ပြန်ရင်လည်း နောက်ဆုံးကပါပဲ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေမှာလည်း အကြောင်းပြချက် အမျိုးမျိုး ရှိမှာပေါ့လေ။ စစ်အစိုးရ အမှောင်ခေတ်တုန်းကတော့ ထားပါတော့လေ။ အားလုံး အမှောင်ထဲမှာ (ဟိုဘက်လည်း မှောင်၊ ဒီဘက်လည်း မှောင်။ ဘုရားခန်းလည်း မှောင်။ မီးဖိုချောင်လည်း မှောင်။) အဲဒီလို အခြေအနေမျိုးမို့ တံဆိပ်ခေါင်းထုတ်တဲ့ဘက်ကို ဂရုမစိုက်ကြတာ ဖြစ်ပါလိမ့်မယ်။ အနီးအနား နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြချင်လို့။ အောက်က စာရင်းဇယားကွက်ကို ကြည့်ပါဦး။ ၁၀ နှစ်စာအတွင်း ထုတ်ခဲ့တဲ့ တံဆိပ်ခေါင်း အမျိုးအစားစာရင်းပါ။ (USA က ထုတ်တဲ့ Scott Stamps Catalogue အရ)ဦးသိန်းစိုး အစိုးရ ၅ နှစ်အတွင်းနဲ့ ပြည်သူ့အစိုးရ ၅ နှစ်ကာလအတွင်းကို ကွက်ပြီးကြည့်ရင် ၃၅ နဲ့ ၆၈ ဆိုတော့ နှစ်ဆလောက် ပိုများလာတာကို တွေ့ရမှာပါ။ အားရစရာပါ။ဒါပေမဲ့ ယိုးဒယားနိုင်ငံနဲ့ ယှဉ်ကြည့်တော့ အရမ်းကွာသွားပါပြီ။ (သူတို့က ၃၀၀ ဆိုတော့ ၁၀ ဆလောက် ကွာနေတာ။)နဝတ၊ နအဖ ခေတ်ကို ထည့်မတွက်သေးဘူး။ ထည့်မပြောသေးဘူး။ အဲဒီခေတ်မှာ တနှစ်လုံးနေမှ တမျိုး၊ နှစ်မျိုးပဲ ထုတ်ခဲ့တဲ့နှစ်တောင် ရှိသဗျ။ (ဥပမာ- ၂၀၀၁ မှာ တမျိုးတည်း။ ၂၀၀၂ မှာ နှစ်မျိုး၊ ၂၀၀၃ မှာ နှစ်မျိုး)။ အင်းလေ... တနှစ်လုံးနေလို့ ရုပ်ရှင် ၁၀ ကား၊ ၁၁ ကားလောက်ပဲ ထွက်ခဲ့တဲ့ ခေတ်တောင် ရှိခဲ့သေးတာပဲ။ကဲ... အရေအတွက် နည်းတာကို ထားပါတော့။ အရည်အသွေးဘက်ကို ကြည့်တော့လည်း စံချိန်မမီတာက များနေသေးတယ်။ တံဆိပ်ခေါင်းတခုမှာ ရှိရမယ့် အရောင်၊ စာတမ်း၊ ဒီဇိုင် စတာတွေကတေ့ တိုးတက်မလာသေးဘူး။ ဒီဇိုင်းတွေ ထပ်နေတာ၊ စာလုံးတွေ အရုပ်တွေ မပီသတာ၊ ပုံနှိပ်မှုအ ရည်အသွေး ညံ့ဖျင်းတာ။ အဲဒီလို စံချိန်မမီတာတွေက များတယ်။ ပြီးခဲ့တဲ့ ဦးသိန်းစိန် လက်ထက် ၅ နှစ်နဲ့ ပြည်သူ့အစိုးရ ၅ နှစ် ကာလအတွင်းမှာ တံဆိပ်ခေါင်းတွေရဲ့ အရည်အသွေးဟာ အတူတူပဲ။ ညံ့မြဲပဲ။ ပြည်သူ့အစိုးရ လက်ထက်မှာ တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ သဲထဲရေသွန်ပဲ။ တကျောင်းတည်းထွက်၊ တအုပ်စုတည်း ထွက်မှန်း သိသာတယ်။ နည်းမြဲပဲ။ ညံ့မြဲပဲ။တံဆိပ်ခေါင်းက အရေးမပါပါဘူး။ အဓိကမကျပါဘူး။ တိုင်းပြည် ထူထောင်ရေးမှာ တခြား အရေးကြီးတာတွေ အပုံကြီး လုပ်ရဦးမှာလို့ စောဒကတက်နိုင်ပါတယ်။ဒါပေမဲ့ တံဆိပ်ခေါင်းကို ပြည်ပပို့ကုန်တခုအနေနဲ့ မြင်ကြရပါမယ်။ ရှင်းပြပါရစေ။ တံဆိပ်ခေါင်း စုတဲ့ ဝါသနာရှင်တွေဟာ တကမ္ဘာလုံးက ထွက်သမျှ တံဆိပ်ခေါင်းတွေကို ဝယ်ပြီး စုပါတယ်။ ဒီတော့ကာ မြန်မာပြည်က ထွက်တဲ့ တံဆိပ်ခေါင်းကို သူတို့က လှမ်းပြီး ဝယ်ကြရပါတယ်။ များများထုတ်လေ၊ အမြတ်ထွက်လေ မဟုတ်ပါလား။ တကမ္ဘာလုံးက ဝိုင်းပြီး ဝယ်ကြတာနော်။ မြန်လူထုကလေးကို ကွက်ပြီး ပြောတာ မဟုတ်ဘူး။ အဲဒီထဲမှာမှ ထူးခြား ရှားပါးတာဆိုရင် ပိုပြီးတော့တောင် အလုအယက် ဝယ်ကြသေးတယ်။ ဥပမာအားဖြင့်- အမေရိကန်သမ္မတ အိုဘားမားနဲ့ နိုဗယ်ဆုရှင် ဒေါ်စုနဲ့ တွေ့တဲ့ အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်း ထုတ်တယ် ဆိုပါတော့။ (အဲဒါမျိုးကို တံဆိပ်ခေါင်း စုဆောင်းတဲ့သူတွေ Philatelists အဖို့ သည်းခြေကြိုက်ပေါ့။) စဉ်းစားကြည့်ကြလေ။ အမေရိကန်နိုင်ငံကြီး တည်နေသရွေ့၊ နိုဗယ်ဆုကြီး တည်နေသရွေ့ ဒီတံဆိပ်ခေါင်းကလေးဟာ တည်နေတော့မှာလေ။ စုဆောင်းသူတွေက ပိုင်ရှင်အဆက်ဆက် တလက်က တလက် ပြောင်းပြီး အသက်ရှင်နေတော့မှာလေ။ တန်ဖိုးတက်နေတော့မှာလေ။ ကဲ... အခုတော့ အဲဒီအခွင့်အရေးကြီး လက်လွှတ် ဆုံးရှုံးခဲ့ရပြီ မဟုတ်ပါလား။ ဒီနေရာမှာ အစိုးရဌာနက ဝင်ငွေငရတာ တခုတည်း မဟုတ်ပါဘူး။ ဝယ်ယူ စုဆောင်းထားသူ မြန်မာလူထုမှာပါ ဝင်ငွေရနိုင်တယ် ဆိုတာ သတိချပ်သင့်ပါတယ်။ (မြန်မာတယောက်က Online ပေါ်ကနေ နိုင်ငံခြားသားတယောက်ကို ရောင်းတာမျိုး။)အဲဒီလို တံဆိပ်ခေါင်းတလုံးနဲ့ နေပြည်တော်က ရုပ်တုတွေ၊ ရေပန်းတွေ၊ ထင်းစည်းချိုးနေတာတွေပါတဲ့ တံဆိပ်ခေါင်းတလုံး၊ ဈေးကွက်မှာ တန်ဖိုး ကွာခြားသွားပြီဆိုတာ စဉ်းစားကြည့်ပါ။ တံဆိပ်ခေါင်း စုတဲ့ ဝါသနာရှင်တွေက ဘယ်တံဆိပ်ခေါင်းကို နှစ်ရှည်လများ အမြတ်တနိုး စုကြမလဲ ဆိုတာ သိသာထင်ရှားလှပါတယ်။ပါးပါးနပ်နပ်နဲ့ အကွက်မြင်တဲ့ နိုင်ငံတွေကတော့ အဲဒီလို လုပ်စား(ထုတ်စား)နေကြတာ ကြာလှပြီကော။ ယိုးဒယားနိုင်ငံ…
စစ်ကောင်စီအဖို့ စစ်သားစုဆောင်းမှုက အားလုံးထက်အရေးကြီးတဲ့အကြောင်းအရာဖြစ်နေ
https://ift.tt/dePWj31
<a href="https://blogger.googleusercontent.com/img/a/AVvXsEhL7GZ6V7twXLsLi_8Tt9NMns0lS9WKuyyNnuCFnjMygvB4sOZobNyM7jJoZfmu0YL9v1gip3UT-Ntz-OnjuRyjR2AoYmHcgTsPVZW8ikBGSylaMvx5kuky1HnBdt7_yHy-cz4NbXoZxD_tkmKxe1pxvPDXQwnK4eM1AVKgk5oUzFLt7tMyx2oR-enm76w">Media</a>
မြန်မာနွေဦး ခရိုနီကယ် - မေ ၂ မြင်ကွင်း(မိုးမခ) မေ ၃၊ ၂၀၂၄မေလ ၂ ရက်
စစ်ကောင်စီအဖို့ စစ်သားစုဆောင်းမှုက အားလုံးထက်အရေးကြီးတဲ့အကြောင်းအရာဖြစ်နေပြည်ပမှာ အလုပ်လုပ်ကိုင်ဖို့ တရားဝင်လျှောက်ထားပြီး နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ ကုမ္ပဏီ၊ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေ ကြားခံကာ လုပ်ဆောင်နေကြရာမှာ မေလ ၂ ရက်နေ့က စပြီး ပြည်ပကို အလုပ်အကိုင်နဲ့ သွားရောက်ဖို့ လျှောက်လွှာတွေ လက်ခံရာမှာ အမျိုးသားတွေကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီ ရဲ့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်လိုက်ပါတယ်။ မြန်မာနိုင်ငံက လူငယ်၊ လူလတ်ပိုင်းတွေ အနေနဲ့ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ကိုးရီးယား၊ ဂျပန်နဲ့ အရှေ့အလယ်ပိုင်းက အာရပ်စော်ဘွားပြည်ထောင်စု၊ ကာတာ စတဲ့နိုင်ငံတွေမှာ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေ၊ ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ထွက်ခွာနေကြတာဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ကြောင့် ၂၀၂၀ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်တွေအထိ ကန့်သတ်ချက်တွေ ရှိခဲ့ချိန်မှာ အတိုင်းအတာတခုထိ လျော့နည်းခဲ့ပေမယ့် ၂၀၂၂ နောက်ပိုင်း မြန်မာနိုင်ငံတွင်းက နိုင်ငံရေးပြဿနာ၊ လက်နက်ကိုင်ပဋိပက္ခတွေ၊ အလုပ်အကိုင် ရှားပါးမှုတွေက မြန်မာနိုင်ငံသားအများအပြား ပြည်ပကိုအလုပ်လုပ်ဖို့ ထွက်ခွာစေခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ်ကန့်သတ်ချက်တွေ အနည်းငယ်ဖြေလျှော့လိုက်ပြီးနောက်မှာ မြန်မာနိုင်ငံ မင်္ဂလာဒုံလေဆိပ်မှာ နေ့စဥ်လိုလို ပြည်ပကိုအလုပ်လုပ်ဖို့ ထွက်ခွာသူတွေနဲ့ စည်ကားနေတဲ့ မြင်ကွင်းတွေ မြင်နေရတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ မလေးရှားနဲ့ ကိုးရီးယားနိုင်ငံတွေကို အများဆုံးသွားကြာတာ ဖြစ်ပြီး စစ်ကောင်စီက ပြည်ပထွက်ခွာသူတွေထံက မိသားစုဆီပြန်ပို့မယ့် နိုင်ငံခြားငွေကို မျှော်လင့်ပြီး အားပေးတာလည်း တွေ့ရမှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အထူးသဖြင့် အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုနဲ့ စစ်အာဏာသိမ်းမှုရဲ့ အကျိုးသက်ရောက်မှု တွေကြောင့် နိုင်ငံတကာ ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာ ကျဆင်းခဲ့သလို နိုင်ငံခြားငွေ ရရှိမှုလည်း လျော့နည်းလာတဲ့ အနေအထားကို ကျားကန်ဖို့ စစ်ကောင်စီအနေနဲ့ ပြည်ပကိုသွားရောက် အလုပ် လုပ်ကိုင်တာကို အားပေးခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ ပြည်ပမှာ အလုပ်လုပ်နေသူတွေ အနေနဲ့ မိသားစုဆီ ငွေပြန်လည်ပေးပို့ရာမှာ တရားဝင် နည်းလမ်းနဲ့ ပေးပို့ဖို့လည်း ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။  ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဘယ်လို အကြောင်းကိစ္စနဲ့ မဆို သံရုံးရဲ့ ထောက်ခံချက်လိုမျိုး တောင်းခံလာခဲ့ရင် ဝင်ငွေခွန်ဆောင်ဖို့ အချက်နဲ့ဆက်စပ်ထားပြီး နိုင်ငံခြားငွေ ရဖို့ကြိုးစားတာတွေ့ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ စစ်ကောင်စီအနေနဲ့ စစ်ပွဲတွေ ဆင်နွှဲနေရချိန်မှာ လိုအပ်ချက်ဖြစ်တဲ့ လက်နက်ခဲယမ်းတွေ၊ တိုက်လေယာဥ်၊ စစ်ရဟတ်ယာဥ်တွေ အတွက် လိုအပ်တဲ့ လေယာဥ်ဆီတွေဝယ်ယူဖို့ရာမှာ နိုင်ငံခြားငွေ လိုအပ်ချက်မြင့်မားလာတာနဲ့ အမျှ နိုင်ငံခြားငွေရရှိနိုင်တဲ့ နည်းလမ်းမှန်သမျှကို ရှာဖွေခဲ့ရာမှာ ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေထံက ဝင်ငွေခွန်ကောက်ခံဖို့ကိုလည်း အဓိကကျတဲ့ ဝင်ငွေရလမ်း တခုအဖြစ် ရှုမြင်ပြီး ကြိုးစားခဲ့ရာက မကြာခင်လပိုင်းက စစ်မှုထမ်းဥပဒေကို အသက်သွင်းရာမှာတော့ လူငယ် အမျိုးသားတွေကို ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်ခွင့် ပိတ်ပင်ဖို့ လုပ်ဆောင်လာတာလို့ ကောက်ချက်ချနိုင်ပါတယ်။ စစ်မှုထမ်း အကျုံးဝင်တဲ့အသက်အရွယ်ထဲက အမျိုးသားတွေကို ပြည်ပမှာ တရားဝင် အလုပ်လုပ်မယ့် လုပ်ဆောင်မှုတွေကို ပိတ်ပင်လိုက်ခြင်းက ပြည်တွင်းမှာရှိတဲ့ စစ်မှုထမ်းအသက်အရွယ်နဲ့ အကျုံးဝင်သူ အမျိုးသားတွေကို ပြည်ပမှာ အလုပ်သွားရောက် မလုပ်ကိုင်နိုင်အောင် တားဆီးလိုက်တာဖြစ်ပြီး စစ်ကောင်စီအဖို့ တခုနဲ့တခု ဝိရောဓိ ဖြစ်နေတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်လာတာလို့ ပြောရင်လည်း မမှားပါဘူး။ တဖက်မှာ နိုင်ငံခြားငွေ လိုအပ်တာ၊ တခြားတဖက်မှာတော့ စစ်သားအင်အားကို အဓမ္မဥပဒေမျိုးနဲ့ စုဆောင်းလိုတာ ဖြစ်ပါတယ်။ လက်ရှိအနေအထားမှာ စစ်ကောင်စီ အနေနဲ့ နိုင်ငံခြားငွေထက်ကို စစ်သားစုဆောင်းရရှိဖို့က အဓိက ဖြစ်နေပြီး နိုင်ငံအနှံ့အပြား ဖွင့်ထားရတဲ့ ခုခံတိုက်ခိုက်နေရတဲ့ စစ်မျက်နှာတွေမှာ လူအင်အားဖြည့်ဖို့ကို အခြားအရာတွေအားလုံးကို စတေးပြီး လုပ်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ခုလိုဖြစ်ပျက်နေတဲ့ အခြေအနေတွေက ဘာနဲ့ တူသလဲဆိုရင် ပြည်တွင်းထဲမှာ ရှိနေတဲ့ မြန်မာနိုင်ငံက အလုပ်လုပ်ကိုင်နိုင်တဲ့ လူငယ်အရွယ်တွေကို စစ်ထဲဝင်ဖို့ အတင်းအဓမ္မ ခြိမ်းခြောက် သိမ်းသွင်းနေသလို လူငယ်တွေကလည်း…
ခိုင်မျိုး - ရွာထဲမှာ
https://ift.tt/43xbBFH
MediaArt by Than Htay Maung

ရွာထဲမှာခိုင်မျိုး(မိုးမခ) မေ ၃၊ ၂၀၂၄

လေညင်းလိပ်ပြာသစ်တောကြီးထဲကနံ့သာပင်အနံ့အဝးကစီတန်းလိုက်ပါမျောက်အုပ်စုလှစ်ခနဲဖြတ်ပြေးသွားသောတောကြက်အင်ရွက်ခြောက်များပေါ်ကျဆင်းနှင်းစက်မြစ်မင်းသံလွင်ရဲ့ရေစီးသံတောဟာသဘာဝကျနစွာလှရဲ့ကုန္ဒြေကြီးစွာတည်ငြိမ်ရဲ့လူတို့တောကိုတိုးဝင်ဖို့အသွားထက်သောဓါးအဆိပ်ပါသောမျှားတို့ကိုစီရင်ရဲ့အုပ်စုကိုဖွဲ့ရဲ့လူနဲ့လူရဲ့စစ်ပွဲဆိုတာအဲ့သည့်အချိန်ကစခဲ့တော့တာပါပဲ-
Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar
မာတီနာ - ပူတယ်လေဆယ်နွေကဲ
https://ift.tt/b09TeAR
<a href="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTcQ7pw0AnfBqFTJB76vTpUAFdT6KxlUUjJGwIFticKd5gYMXykulqJeiQ2xoiywtXyc_nZx183wDTqg9Ey0ab8S6rUPKJ6sWLTEl5aWKwYB17YK_xAUvRIm9xqIERrJwpUrojuCo5-49ycnmwvtjlHrAtKmR_QX9g3S9iuY7_bGE77umrodCFL233uf6i/s320/KT%23%20c%203.11.19.jpg">Media</a><b>Art by SKB</b><b>ပူတယ်လေဆယ်နွေကဲ</b><b>မာတီနာ</b><b>(မိုးမခ) မေ ၃၊ ၂၀၂၄</b>
ပေါင်းအိုး (pressure cooker) နဲ့ ဟင်းချက်ဖူးကြရင် သိကြမှာ။ နူးဖို့ မလွယ်တဲ့ အသားတွေ၊ ပဲတွေအချိန်တိုတိုနဲ့ နူးအိသွားစေဖို့ ပေါင်းအိုးနဲ့ ချက်ရတယ်။ မီးဖိုကပေးထားတဲ့ အပူရယ်၊ ထွက်လာတဲ့ အငွေ့တွေကိုလုံအောင်လုပ်ထားလို့ သိပ်သည်းမှုများပြီးဖြစ်လာတဲ့ ဖိအားရယ်ကြောင့် ချက်ထားတဲ့ အရာတွေဟာမြန်မြန်ပဲနူးအိသွားတာပေါ့။ စားလို့ သိပ်ကောင်း။ တကမ္ဘာလုံးပူနေတာမို့ ကိုယ်တို့ နိုင်ငံတခုတည်းကွက်ပြီးပူနေတာတော့မဟုတ်ပါဘူးလေ။ ဗိုလ်စွဲတော့ ကမ္ဘာ့အဆင့်မီဖြစ်တာပေါ့။ နွေရာသီမှာနေကမြောက်ယဉ်စွန်းတန်းဆီရောက်လာတာမို့ အီကွေတာနဲ့နီးတဲ့ စင်ကာပူက ကိုယ်တို့နိုင်ငံလောက် မပူတာသိပ်မအံ့ဩပါဘူး။ သူကပင်လယ်ထဲက ကျွန်းကလေးဟာကို။ ဒါပေမဲ့ လေထုရဲ့ စိုထိုင်းဆကတော့ များပြန်ရောလေ။ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလ၊ CNA News ကတင်ဆက်တဲ့ သတင်းဆောင်းပါးတပုဒ်မှာအပူချိန်အပြင် စိုထိုင်းဆ၊ နေရောင်ကျရောက်မှုနဲ့လေတိုက်နှုန်းတို့ ကြောင့်လဲလူတွေမှာအပူဒဏ်ကိုပိုခံစားရပြီးကျန်းမာ ရေးထိခိုက်စေတယ်လို့ ဆိုတယ်။ အထူးသဖြင့် စိုထိုင်းဆပါတဲ့။  Commentay: Singapore’s heat stress advisory signals a hotter world to come -CNA (channelnewsasia.com) ကိုယ်တို့ငယ် ငယ်လေးကတည်းက နွေရာသီအပူဆုံးဒေသဆို မကွေးတိုင်းချောက်၊ ရေနံချောင်းဆိုတာအမြဲကြားဖူးနေကြပါပဲ။ ရေနံမြေကြောင့်များ ပိုပူလေသလားလို့ ထင်မှတ်မှားခဲ့ဖူးတာပေါ့။ တကယ်တော့ သစ်တောသစ်ပင်တွေမရှိလို့ ဆိုတာနောင်ကြီးလာမှ သိတာ။ ရှမ်းပြည်ဘက်မှာနေခဲ့ရတော့ ပူတယ်ဆိုနှာသီးဖျား ချွေးစို့ရုံလောက်ပဲ။မလှုပ်မယှက်ထိုင်နေရင်း တကိုယ်လုံးမှာ ချွေးတွေစီးကျနေတာမျိုးက အညာဘက်ရောက်တော့သာခံစားရတော့တာကိုး။ အညာကိုရောက်စအစောပိုင်းနှစ်တွေမှာ အပူဒဏ်ကြောင့် မိတ်ဖုတွေထွက်တာဆိုတာ တကိုယ်လုံးရဲလို့။ အနေကြာလာတော့လဲ အသားကျသွားပြီး သက်သာအောင် နေတတ်လာတယ်။ ထန်းလက်မိုးထားတဲ့တဲအောက်မှာ နေတယ်။  ဘာဘူစောင်တွေ၊ ချည်စောင်တွေကိုရေဆွတ်ပြီး ကာထားရတယ်။ ခဏကြာလို့ စောင်တွေခြောက်သွားရင် ရေပြန်ဆွတ်၊ အဲ- ဆွတ်စရာ ရေရှိရင်ပေါ့လေ။ အခုတော့ အညာကလူတွေမှာအပူဒဏ်ခံနိုင်ဖို့ သောက်စရာရေတောင် လုံလုံလောက်လောက် ရှိရဲ့လားမသိ။ အင်း၊ ရေရှိရင်တောင် ရေဆွတ်စရာ‌ စောင်တွေရှိသေးရဲ့လားမသိ။ အပူရှပ် (Heat stroke) ကြောင့် အသက်ဆုံးရတာလဲ အညာရောက်မှ ကြားဖူးရတယ်။ အထူး သဖြင့် နေ့ခင်းဘက်မှာနေပူကြီးထဲသွားလာနေရတတ်တဲ့ဈေးသည်တွေ ဘယ်သူတော့ဖြင့် သစ်ပင်အောက်မှာထိုင်ရင်း ဆုံးသွားတယ်၊ ဘယ်သူတော့ဖြင့် လမ်းလျှောက်နေရင်းက လဲကျသွားတယ် စသည်ဖြင့်ပေါ့။ သက်ကြီးရွယ်အိုတွေတဖြုတ်ဖြုတ် ကွယ်လွန်တတ်ကြတဲ့ ကာလပေါ့။ အခုလဲအပူဒဏ်ကြောင့် သေဆုံးရတဲ့ သတင်းတွေအများကြီး တွေ့လာရတယ်။ ပိုဆိုးတာက အညာရဲ့ နွေရာသီကာလဟာ ရှည်လျားလွန်းတာပဲ။ ဧပြီကနေ ဩဂုတ်၊ စက်တင်ဘာလောက်အထိ ခံပေဦးတော့။ မိုးရွာတယ်ဆိုတာက တနှစ်လုံးမှ လေးငါးကြိမ်ပဲလေ။ အညာဘက်မှာ ပူတယ်။ ဒါပေမဲ့  စိုထိုင်းဆကမရှိသလောက်ဆိုတော့ ပူပြီးခြောက်နေတာ။ ရေများများသောက်ဖို့ လိုတယ်။ အရိပ်အောက်မှာနေခွင့်ရဖို့လိုတယ်။ ရန်ကုန်ကိုပြောင်းလာရတော့ အညာရဲ့ အပူဒဏ်ကလွတ်ခဲ့တယ်။ ဒါပေမဲ့ ရန်ကုန်ရဲ့ အုံ့အိုက်အိုက် အပူကိုခံရခက်စွာ ခံစားရပြန်တာပါပဲ။ ပင်လယ်နဲ့နီးတာမို့ အပူအအေးမျှတတယ်လို့ ဆိုပေမဲ့ စိုထိုင်းဆက များပြန်ရောလေ။ တိုက်ခန်းကျဉ်းတွေမှာခိုတွေလိုအောင်းနေရတဲ့ လူတွေဟာ လေဝင်လေထွက်နည်း၊ ကွန်ကရစ်လမ်းတွေအဆောက်အဦးတွေကပြန်ထုတ်တဲ့ အပူက တရှိန်းရှိန်းမှာ စိုထိုင်းဆများတဲ့ လေထုကဖိထားပြန်တော့ ပေါင်းအိုး (Pressure cooker) ထဲရောက်နေတဲ့ ငါးများလို အရိုးပါ နူးမတတ်ဖြစ်ရတယ်။ မီးလာရင်တော့ ပန်ကာ၊ လေအေးစက် စသည်ဖြင့် သက်သာအောင် ဖန်တီးလို့ရပေမဲ့ ခုတလောတရက် ၂၄ နာရီမှာမီးလာချိန်က လေးနာရီမပြည့်တတ်လေတော့ ဖျပ်ဖျပ်လူးနေရတော့တာပေါ့။ စင်ကာပူကတော့ နေ့စဉ်အပူချိန်အပြင် စိုထိုင်းဆနဲ့ နေရောင်ကျရောက်မှုကိုပါ တိုင်းပြီး လူတွေဆီအချက်အလက်တွေရောက်ဖို့ ၁၅ မိနစ်ကိုတကြိမ် ထုတ်ပြန်ပေးပါသတဲ့။ တနေရာနဲ့ တနေရာအခြေအနေချင်းမတူလေတော့ စင်ကာပူတနိုင်ငံလုံးမှာ အဲဒီစိုထိုင်းဆနဲ့ အပူချိန်ကိုပါတိုင်းပြီးသတိပေးချက်ထုတ်ပြန်တဲ့စခန်းပေါင်း ၉ ခုတည်ထားပါသတဲ့။ တနေရာနဲ့ တနေရာမတူဘူးဆိုတာက မြို့ပြ တိုက်တာတွေများတဲ့နေရာမှာအပူချိန်မြင့်မားပြီး သစ်ပင် သစ်တောများပြားတဲ့ နယ်မြေတွေမှာတော့ အပူချိန်လျော့နည်းပါသတဲ့။ ဒါကတော့ ကိုယ်တို့ ဆီကလူတွေလဲ သိကြပါတယ်။ ဒါကြောင့် သိပ်ပြီးပူလာတဲ့အခါ၊ သစ်ပင်စိုက်ဖို့ ဆော်ဩချက်တွေ ထွက်လာတာပေါ့။ သစ်ပင်ရဲ့ တန်ဖိုးကိုသိပ်သိလာကြတဲ့အချိန်ကာလဆိုပါတော့လေ။…
ညိုထွန်းလူ - မိုးရွာမလိုလိုနှင့်ပင်
https://ift.tt/gptw9Nu
<b>Media</b><b>Photo- MCDC</b><b>မိုးရွာမလိုလိုနှင့်ပင်</b><b>ညိုထွန်းလူ</b><b>(မိုးမခ) မေ ၃၊ ၂၀၂၄</b>
"မနေ့ညနေတုန်းက မန္တလေးမှာ မိုးရွာတယ်။""တော်တော်များများရွာချတာလား၊ မိုးတွေရွာတော့ အေးသွားပြီပေါ့လေ။ ကံကောင်းလိုက်တာ။"
"ခင်ဗျားနှယ် စကားကိုသေချာနားမထောင်ဘဲနဲ့ ထင်ရာမြင်ရာ စွပ်ပြောနေတယ်။ မိုးတွေရွာချတာမဟုတ်ဘူး။ မိုးရွာတာဗျ။ တည့်တည့်ပြောရရင် တစ်ပေါက်နှစ်ပေါက်လေးပဲကျတာ။ ကျွန်တော့်အိမ်မှာ ဆယ့်လေးငါးပေါက်လောက်ပဲကျတယ်။ အဲလိုလေး မစို့မပို့လေးလုပ်လိုက်တော့ အပူငွေ့တွေနဲ့လုံးထပြီး လူ‌တွေလည်းဂျွမ်းမပစ်မတတ်ဖြစ်ကုန်ရော။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ မန္တလေးမှာ မိုးရွာပြီလို့ သတ်မှတ်ပြီး သဘောကျသွားတယ်။ တစ်ပေါက်ကျကျ နှစ်ပေါက်ပဲကျကျပေါ့။ ပြီးတော့မနက်ဖြန် မေ ၃ ရက်နေ့မှာ မန္တလေးတစ်ခွင်မှာ မိုးရွာနိုင်တယ်လို့ လူမှုကွန်ယက်မှာဖတ်လိုက်ရတယ်။ ဟုတ်မယ်ထင်ရဲ့။ အခုလည်း အရင်ရက်တွေတုန်းကလို နေမပူပြင်းတော့ဘဲ မိုးအုံ့ပြီး လေတဟူးဟူး တိုက်နေတယ်။""မင်္ဂလာဖြစ်တော့မယ်ဆိုပါတော့"
"အဲလိုလည်းပြောလို့ရတယ်။ ကျွန်တော်ဖြင့် အေပြီလကုန်တာနဲ့ အပူဒဏ်ကြီးထဲက သေလုမျောပါးဖြတ်သန်းခဲ့ရတဲ့ အဖြစ်ကိုပြန်တွေးရင်း အောင်ပြီ . .အောင်ပြီဟလို့ ဂုဏ်ယူကြွေးကြော်လိုက်စမ်းချင်မိရဲ့။ ဒါပေတဲ့နောက်တစ်ဆင့်ကြုံရဦးမယ့် မေလရဲ့အပူဒဏ်ကြီးကရှိသေးသမို့ အဲဒီဂုဏ်ယူချင်စိတ်ကြီးကို မနည်းဘရိတ်အုပ်ထားရတယ်။"
"နေပူလွန်းရတဲ့အထဲ လျှပ်စစ်မီးပျက်တာလည်း ဆိုးသဗျာ။ တစ်နေ့နှစ်နာရီသုံးနာရီလောက်ပဲလာတယ်။ တစ်ခါတလေ ၂၄ နာရီ လုံးဝမလာလို့ တော်တော့်ကိုလွန်သွားပြီ။ မိုးရွာမှပဲသက်သာသွားတော့မှာ။"
"ဟား-ဟား-ဟား။ ကျွန်တော်ဖြင့် အဲဒီလျှပ်စစ်မီးဆိုသဟာကြီးကို ကျွန်တော့်ခေါင်းထဲမှာ ထည့်မထားတာကြာပြီဆရာ။ သူ့ဘာသာ လာချင်လာ၊ မလာချင်နေ။ ပူအိုက်လွန်းလို့ လူလည်း အထက်မီးအောက်မီးမုန့်လိုပူနွေးပျော့အိပြီး အလိုလိုစိတ်တိုနေရတဲ့အထဲ လျှပ်စစ်မီးပျက်လို့လည်း ဒေါသမဖြစ်နိုင်ဘူးကိုယ့်လူရဲ့။ ဒေါသတွေများရင် အသက်တို့မယ့်ကိန်းဆိုက်ပြီး အချိန်မတန်သေးဘဲ မြန်မြန်ကြွသွားနိုင်တယ်မဟုတ်လား။ ခင်ဗျားစဉ်းစားကြည့်။ ဒီလိုဆိုးရွားတဲ့အဖြစ်က နှစ်တိုင်းကြုံရတဲ့ဥစ္စာ။ ဘာများထူးဆန်းလို့တုန်း။ပြောစရာတစ်ခုတော့ ရှိသပေါ့ဗျာ။ ဒီတစ်နှစ် အယ်လ်နီညိုက အဆစ်ဝင်ပြီးတွယ်လိုက်လို့ အီဆောင့်နေအောင်ခံလိုက်ရတယ်။ အယ်လ်နီညိုလာတော့မယ်လို့ စောစောကတည်းကကြိုသိထားပေမယ့် ဘာမှပြင်ဆင်ထားခြင်းမရှိ။ ပြဿနာက ကိုယ်ဖြစ်ကိုယ်ခံပဲကိုယ့်လူရဲ့။ ဘယ်သူ့ကိုမှ နတ်သံနှောပြီးအမလေး ကယ်ကြပါဦးလို့ တောင်းဆိုမနေနဲ့။ ဘာမှထူးခြားမှာ မဟုတ်ဘူး။"
"မတောင်းဆိုပါဘူးဗျာ။ လူ့သဘာဝအရ ညည်းညူမိတာလေးတော့ရှိကြတာပေါ့။"
"ညည်းစရာရှိတာညည်းကြမှာပဲ။ စားဝတ်နေရေးကိစ္စထဲမှာ လှုပ်ရှားရုန်း ကန်ရင်း အမောဖောက်လာတဲ့အခါ စိတ်သက်သာရအောင် ညည်းကြရတာပေါ့။ နို့ပေမယ့်ဒါလည်း တစ်မျိုးတွေးကြည့်တော့ ဂုဏ်ယူချင်စရာပဲဗျ။""ဘယ်လို ဘယ်လိုများဂုဏ်ယူချင်စရာမို့တုန်း။"
"ခင်ဗျားနှယ်ဗျာ ဒီလိုဒုက္ခတောကြီးထဲက ဖြတ်သန်းပြီးရှင်သန်နေနိုင်ကြတယ်ဆိုတာ ကျွန်တော်တို့လူမျိုးရဲ့အစွမ်းသတ္တိကို ဖော်ပြနေတာဗျ။ ပေါ့သေးသေးမမှတ်လေနဲ့။ ကိုဗစ်စဖြစ်ပြီးနောက် အခုချိန်အထိတိုင်အောင်  အသက်ရှင်ပြီးရပ်တည်နိုင်ဖို့က လွယ်တာမဟုတ်ဘူး။ "
"ခံနိုင်စွမ်းရည်မြင့်မားလာလေ မာကျောလာလေလေ။ ဥပမာ မီးပြင်းပြင်းမြှိုက်ပြီး ထုထောင်းခံရတဲ့ ဓားကောင်းတစ်လက်လိုပေါ့။ အဲသလိုလား။"
"ခင်ဗျားရဲ့ဥပမာက အားတက်စရာပါပဲဗျာ။ ကဲ-တော်လောက်ပြီ။ မေလအပူချိန်ထဲကို ဖြတ်သန်းနိုင်အောင်ကြိုးစားရမယ်။ မနက်ဖြန်မိုးကြီးကြီးတစ်မိုးလောက်ရွာချရင် အိုကေပဲ။ ခက်တာက မန္တလေးမိုးကလည်းတော်တော်ရယ်။ မန္တလေးစည်တော်ကြီးလို ဟန်တွေပြင်နေပြီးတဗိန်းဗိန်းနဲ့တီးဖို့ အကြာကြီးစောင့်ရသလိုမျိုးပဲဗျ။ ကျွန်တော်တွေးတာကတော့ မနက်ဖြန်မိုးရွာမယ်။ ပြီးရင်နေပူပြင်းမယ်။ နေ့စဉ်ရက်ဆက်ပူပြင်းပြီး မေ၂၂ ရက် ကဆုန်လပြည့်နေရောက်ရင် မိုးရွာနိုင်တယ်။ အဲဒီရက်ပိုင်းမှာမုတ်သုံရာသီဝင်တော့မယ်လို့ မိုးလေဝသကလည်းကြေညာထားတာနဲ့တိုက်ဆိုင်နေတယ်။ ဘယ်လောက်အဆင်ပြေလဲ။"
"တကယ်လို့ ခင်ဗျားတွက်ထားသလို ဖြစ်မလာရင်ကော။
စိတ်တော့မရှိပါနဲ့။ ခင်ဗျားရဲ့တွက်ကိန်းတွေက လွဲချော်တာတွေကများလွန်းလို့လေ။"
"လွဲသွားလည်း ဘာတတ်နိုင်မှာတုန်းဗျ။ ဒီလိုပဲ ကောင်းတာလေးတွေရှာကြံတွေးပြီး ကိုယ့်ကိုယ်ကို မိုတီယူရတာပေါ့။ တွက်ကိန်းနဲ့လွဲသွားလည်း ကြံ့ကြံ့ခံကြရုံပဲရှိတယ်။ မြန်မာလူမျိုးပါဗျ။ တစ်ခြားကိစ္စတွေမှာ အကွဲအပြဲတွေရှိပေမယ့် ခံနိုင်စွမ်းရည်ရှိတဲ့နေရာမှာတော့ အင်မတန်မှညီညွတ်ပြီးရှေ့ဆုံးနေရာမှာ နံပါတ်ချိတ်ပြီးသားပါ။ အဖိုးသခင်ကိုယ်တော်မှိုင်းကလည်း ပြောဖူးတယ်။ ခံရလှတစ်ဘဝပါကွာတဲ့။  ဒါကြောင့်မို့ ကျွန်တော်တို့လူမျိုးရဲ့ အစွမ်းသတ္တိကြောင့် မိုးနတ်မင်းလည်းမနေသာတော့ဘဲ မနက်ဖြန်မှာမိုးရွာချပေးတော့မယ်ထင်ရဲ့။ အံမယ် ပြောရင်းဆိုရင်းနဲ့ မိုးစက်ကလေးတွေ တစ်ပေါက်နှစ်ပေါက်ကျလာပါပကော။ ပျော်စရာကြီးပါလား။ ဟေဟေ့။"
(ဤတွင်ပြီး၏)ပုံ- တော်တီဆွေ<b>ညိုထွန်းလူ</b>-<a…
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ၊ သတင်းလွတ်လပ်ခွင့် ပြည့်ပြည့်ဝဝရဖို့ မျှော်လင့်ချက်
https://ift.tt/Gdgb1I2
<a href="https://blogger.googleusercontent.com/img/a/AVvXsEhZhiBU9_sNhAe8hH4K9muH7BBFn0nt6h90XobaY5xkP9te61yrA-NKDGuOOg9v7gk8g6NA1Fhckb-YPyV8ljcRSzJ1JGGeXXAUqmqCWdS7mhlFHRLVLW4s9_6SBcWEutg2nW-Q9rjEMkxdJ2D4xsfFT8h1a1ohDYE9lTpQrWU0SSJUmNQ9WfzUir0Gq74">Media</a>မြန်မာနွေဦး ခရိုနီကယ် - မေ ၃ မြင်ကွင်း(မိုးမခ) မေ ၄၊ ၂၀၂၄
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ၊ သတင်းလွတ်လပ်ခွင့် ပြည့်ပြည့်ဝဝရဖို့ မျှော်လင့်ချက် မေလ ၃ ရက်နေ့ကို ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ World Press Freedom Day လို့ ကုသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်တဲ့ UNESCO အဖွဲ့ကြီးက ၁၉၉၇ ခုနှစ်က စတင်သတ်မှတ်ခဲ့ပါတယ်။ ဒီအထိမ်းအမှတ်နေ့မှာ သက်ဆိုင်ရာ နိုင်ငံအလိုက် သတင်းလွတ်လပ်ခွင့် ပိုမိုရရှိဖို့၊ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေ လွှတ်ပေးဖို့၊ သတင်းရယူရင်း သို့မဟုတ် သတင်းအလုပ်လုပ်တာကြောင့် ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ကြရတဲ့ သတင်းသမားတွေကို ဂုဏ်ပြုအမှတ်ရတဲ့ အခမ်းအနားတွေ ကျင်းပပြီး ကမ္ဘာ့သတင်းလွတ်လပ်ခွင့် မြင့်တက်လာဖို့ နှိုးဆော်ကြတဲ့ နေ့တနေ့ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွက် ယူနက်စကိုက ချီးမြှင့်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ဆုကိုတော့ ပါလစ္စတိုင်း သတင်းသမား နာဆာအဘူဘေကာ က ရရှိခဲ့ပြီး ဒီတနှစ်တာကာလအတွင်း ဂါဇာကမ်းမြောင်ဒေသက အစ္စရေးလ်ရဲ့ စစ်ဆင်ရေးတွေအတွင်း သတင်းသမား ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်ရပ်က အခြားသော ကမ္ဘာ့နိုင်ငံအသီးသီးက သတင်းလွတ်လပ်ခွင့် အရေးကိစ္စတွေထက် အာရုံစိုက်စရာ အကြောင်းအရာ တရပ်ဖြစ်နေခဲ့ပါတယ်။ ၇ လတာကြာမြင့်ခဲ့တဲ့ အစ္စရေးလ်ရဲ့ စစ်ဆင်ရေးတွေအတွင်း ဂါဇာကမ်းမြောင်ဒေသမှာ သတင်းအလုပ်လုပ်နေတဲ့ သတင်းထောက်တွေ ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ကြရပြီး ဖြစ်သလို ဒါဇင်နဲ့ချီတဲ့ သတင်းဌာနတွေရဲ့   ရုံးခန်းတွေလည်း ဗုံးဒဏ်၊ ဒုံးကျည်ဒဏ်တွေနဲ့ ပျက်စီးခဲ့ကြရပြီ ဖြစ်ပါတယ်။ ဂါဇာဒေသက တချို့သော သတင်းသမားတွေအဖို့ အသက်မသေသည့်တိုင် ၄င်းတို့ရဲ့ မိသားစုဝင်တွေ ဟာ ဒီစစ်ဆင်ရေးတွေအတွင်း ဗုံးဒဏ်၊ ဒုံးကျည်ဒဏ်တွေနဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်တွေလည်း အများအပြား ရှိနေခဲ့တာ ဖြစ်ပါတယ်။ အချိန်ကာလ ၇ လတာကာလအတွင်း အစ္စရေးလ်ရဲ့ စစ်ဆင်ရေးကြောင့် ဂါဇာဒေသက ပါလစ္စတိုင်း သတင်းသမား ၁၀၀ ကျော် အသက်ဆုံးရှုံးမှုက ကမ္ဘာ့မှာ အခြားသော ဖြစ်ရပ်တွေနဲ့ နှိုင်းယှဥ်စရာ မရှိတဲ့ ဖြစ်ရပ်တခု ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသမှာ အခုလို သတင်းသမား အသက်ဆုံးရှုံးမှုတွေ ရှိနေသည့်တိုင် ပါလစ္စတိုင်း ဂါဇာဒေသက သတင်းသမားတွေ သတင်းရယူတာ ပေးပို့တာတွေ ဆက်လက်လုပ်ကိုင် နေကြတဲ့ အခြေအနေကလည်း ၄င်းတို့ရဲ့ ကြံ့ကြံ့ခံမှုကို ဖေါ်ညွှန်းနေတာ ဖြစ်ပါတယ်။ နိုင်ငံတကာက သတင်းလွတ်လပ်ခွင့်၊ သတင်းသမားတွေ အန္တရာယ်ကျရောက်နေတဲ့ အနေအထားတွေကနေ မြန်မာနိုင်ငံဘက် ပြန်ကြည့်ကြမယ်ဆိုရင် ပြီးခဲ့တဲ့ ၁ နှစ်တာအတွင်း မြန်မာနိုင်ငံက သတင်းသမားတွေ ဖမ်းဆီးခံနေကြရဆဲ ဖြစ်ပြီး ဖမ်းဆီးခံရတဲ့ သတင်းသမားတွေကိုလည်း ကြီးမားတဲ့ ပြစ်ဒဏ်ချမှတ်မှုတွေ ရှိနေဆဲဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၅၀ နဲ့ ၆၀ ကြားအရေအတွက် ရှိသူတွေ အကျဥ်းထောင်တွေထဲ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ စစ်ကောင်စီကို ထောက်ခံရေးသားကြတဲ့ သတင်းဌာန နဲ့ သတင်းသမားတွေကလွဲရင် သတင်းအလုပ်ကို professional ဆန်ဆန် လုပ်ကိုင်သူတွေလည်း ဖမ်းဆီးခံရမယ့် အန္တရာယ်ရှိနေတာ ဖြစ်ပါတယ်။ သတင်းဌာနအများအပြား နဲ့ သတင်းသမားအများအပြားက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ နဲ့ အနည်းငယ်က တတိယနိုင်ငံလိုနိုင်ငံမျိုးတွေမှာ အခြေစိုက်ပြီး သတင်းအလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် သတင်းသမားအလုပ်က ဖမ်းဆီးခံရနိုင်တဲ့ အလုပ်၊ အသက်အန္တရာယ်ထိ ထိခိုက်နိုင်တဲ့ အလုပ်အကိုင် အဖြစ်အများက ရှုမြင်လာကြတာဖြစ်ပါတယ်။  အခုလို စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေ၊ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွေ ကို ရယူဖေါ်ပြကြရာက လက်နက်ကိုင် ပဋိပက္ခတွေ၊ တိုက်ပွဲသတင်းတွေ၊ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို   သတင်းသမားတွေက မေးမြန်းစုံစမ်းကာ တင်ဆက်လာကြရာမှာ သတင်းသမားတွေ အနေနဲ့ လက်နက် ကျည်ဆံတွေ ထိခိုက်မယ့် အန္တရာယ်၊ လက်နက်ကိုင် အဖွဲ့တွေရဲ့ ရန်ပြုမှု၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေရဲ့ နှုတ်ပိတ်လိုတဲ့ အန္တရာယ်တွေ ရင်ဆိုင်လာကြရတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ကာလတွေ တလျောက်လုံး သတင်းသမားတွေကို ဖမ်းဆီးတာ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်တာ၊ ခြိမ်းခြောက်တာတွေဟာ စစ်တပ်၊ အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်တွေ အများစုဖြစ်ခဲ့ပြီး အခုလက်ရှိကာလမှာ စစ်တပ်ရဲ့ စိုးမိုး ထိန်းချုပ်နယ်မြေ ကျဥ်းလာတာနဲ့အမျှ အဆိုပါနယ်မြေတွေမှာ စိုးမိုးထိန်းချုပ်ထားတဲ့ အခြားသော လက်နက်ကိုင် အဖွဲ့တွေကလည်း သတင်းမီဒီယာ သမားတွေကို ၄င်းတို့ မနှစ်သက်တာ၊ မလိုလားတာတွေ ရေးသား တင်ဆက်ခဲ့ရင် အန္တရာယ်ပြုလာနိုင်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ လက်ရှိ အခြေအနေဟာ…
စာနယ်ဇင်း နဲ့ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ဘယ်မှာ တကယ်ရှိလို့လဲ
https://ift.tt/qQEsimN
Mediaစာနယ်ဇင်း နဲ့ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ဘယ်မှာ တကယ်ရှိလို့လဲမောင်ရစ် ၊ (မိုးမခ)  မေ ၄၊ ၂၀၂၄မေလ ၃ ရက်နေ့ဟာ ကမ္ဘာသတင်းလွတ်လပ်ခွင့် အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ စာနယ်ဇင်းသမားတွေက ပွဲတွေ လမ်းတွေ စာတမ်းဖတ်ပွဲတွေ လုပ်ကြတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် ဆိတ်သုဉ်းနေတုန်းပဲလို့ ပြောကြတယ်။ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ တောင်အမေရိကတိုက်တွေမှာ စာနယ်ဇင်းသမားတွေ အခြိမ်းခြောက်ခံနေရတယ်။ အန္တရယ်တွေ ရင်ဆိုင်နေရတယ် လို့ ပြောကြတယ်။လွတ်လပ်မှုကို အာမခံပါတယ်ဆိုတဲ့ အမေရိကားနဲ့ ဥရောပမှာကတော့ စာနယ်ဇင်း သတင်းမီဒီယာက နေဝင်နေပါပြီ။ သတင်းသမားတွေ အလုပ်ပြုတ်နေပြီး၊ သတင်းလုပ်ငန်းတွေကိုယ်တိုင်က non profit လုပ်ငန်းတွေအဖြစ် အသွင်ပြောင်းကုန်တယ်။ သဘောကတော့ အများနဲ့ ပြင်ပက အကူအညီ ထောက်ခံ လှူဒါန်းမှု မရှိဘဲ သူတို့ မရပ်တည်နိုင်ကြဘူး ဆိုတဲ့သဘော။ စီးပွားရေးသမားတွေက ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ကြတဲ့ပုံ။လွတ်လပ်စွာ ထုတ်ဖော် ရေးသား ပြောဆိုခွင့်ကို ကျောပိုး တောင့်ခံပေးထားတာက စာနယ်ဇင်းအင်အားတွေ ဖြစ်ပါတယ်။ သူတို့က လူတိုင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုကြဖို့ အားပေးပြီး ဒါကို ပြည်သူတွေထံ တပြေးညီ သတင်းပို့ပေးတယ်။ အပြန်အလှန် ဖြန့်ဝေပေးတယ်။ စာနယ်ဇင်းတွေ မပါဘဲ လူတွေအားလုံး လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဘယ်သူတွေက အာမခံမလဲ။ အစိုးရလား၊ ဆိုရှယ်မီဒီယာလား၊ ဖျော်ဖြေရေးအလုပ်တွေက အင်အားစုတွေလား။အခု ပါလစ္စတိုင်းပြည်သူတွေကို အစ္စရေး စစ်တပ်က သတ်ဖြတ် နှိပ်စက် ညှင်းပန်းနေလို့ ကမ္ဘာတလွှားက ပြည်သူတွေတွေ ကျောင်းသား လူငယ်တွေက ထုတ်ဖော် ဆန္ဒပြ ကန့်ကွက်ကြတယ်။ အစ္စရေးအစိုးရကို အပစ်ရပ်ဖို့ တောင်းဆိုကြတယ်။ စာနယ်ဇင်းတွေဆီက ပါလစ္စတိုင်းအကြောင်း သတင်းစကား မကြားရဘဲနဲ့ ကျောင်းသားလူငယ်တွေက သည်အကျည်းတန်အဖြစ်ဆိုးကို ဘယ်ကနေ သိခွင့်ရကြမှာလဲ။အခု ကျောင်းသားလူငယ်တွေ ဆန္ဒပြကန့်ကွက်ပွဲတွေကို ကျောင်းအုပ်ကြီးတွေ၊ နိုင်ငံရေးသမားတွေ၊ ပုလိပ်တွေ၊ တန်ပြန်သပိတ်သမားတွေ၊ အကြမ်းဖက်တွေက အနုနည်း အကြမ်းနည်းတွေနဲ့ ဖြိုခွဲကြတယ်။ ကျောင်းသားလူငယ်တွေကို သိမ်ဖျင်းတဲ့ ကျူးကျော်သူတွေအဖြစ် စွပ်စွဲကြတယ်။ အမေရိကန်လွှတ်တော်မှာ အစ္စရေးနိုင်ငံတော်ကို မစော်ကားရဆိုတဲ့ အဆိုတင်သွင်းပြီး လက်နက်ကုမ္မဏီတွေ အကျိုးစီးပွားကို ကာကွယ်ပေးကြတယ်။ သည်လို ဖြစ်ရပ်မျိုးကို စာနယ်ဇင်းသမားတွေ စာနယ်ဇင်းတွေ သတင်းမရေးဘဲနဲ့ ပရိသတ်သက ဘယ်လိုလုပ် သိနိုင်ကြပါ့မလဲ။အခု စာနယ်ဇင်းတွေ လွတ်လပ်ခွင့်ဆိုတာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ တန်းတူအချိုးကျပါတယ်။ ပြည်သူတွေ အကန့်အသတ်ခံရ ပြောဆို ထုတ်ဖော်ခွင့် ထိန်းသိမ်းခံရတာနဲ့ အဲသည်က စာနယ်ဇင်းတွေလည်း အကန့်အသတ်ခံရတော့တာပဲ။ အဲသည်နေရာမှာ အကျိုးစီးပွားဦးစားပေးတဲ့ အရေခြုံ စာနယ်ဇင်းတွေနဲ့ အစွန်းရောက် လူအုပ်စုတွေ အားကောင်းလာတော့တာပဲ။အခုကော စာနယ်ဇင်းနဲ့ ပြည်သူတွေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ တကယ် ဘယ်မှာရှိလို့လဲ။ အမေရိကန်ကျောင်းသားတွေ၏ ဆန္ဒပြသပိတ်စခန်းတွေ အဖြိုခွဲခံနေရပြီ။ စာနယ်ဇင်းသမားတွေက စွန့်စားပြီး တင်ဆက်တဲ့ သတင်းတွေကို အစိုးရတွေ ကော်ပိုရေးရှင်းတွေ နိုင်ငံရေးသမားတွေ အစွန်းရောက်တွေက ကျောခိုင်း ဥပက္ခာပြုကြပြီ။ လူပြိန်းတွေကိုယ်တိုင်လဲ ဆိုရှယ်မီဒီယာ၏ ဆူညံသံတွေအောက်မှာ ပိပြားနေကြပြီ။ အမှန်တရားကို ဖော်ထုတ်သူ၊ ရပ်တည်သူ၊ ပြောဆိုသူ၊ တောင်းဆိုသူတွေကို တွန့်ဆုတ်အောင် အားနည်းအောင် လုပ်ထားတဲ့ ပတ်ဝန်းကျင်မှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့် အာမခံချက် တကယ်ရှိလို့လား။မြန်မာစစ်ကောင်စီနဲ့ အပေါင်းအပါးတွေကို မြန်မာပြည်သူတွေက အာခံဖို့ ခက်ခဲလာနေတယ်။ ပြည်သူတွေမှာ ခေါင်းငုံ့ခံနေရသလို ဖြစ်နေတယ်။ စာနယ်ဇင်သမားတွေက မြေလျိုးပြီးမှ သတင်းပို့နေရတယ်။ စစ်ကောင်စီထံ အညံ့ခံပြီး တကိုယ်ရေထွက်ပေါက်ရှာနေသူတွေ များသည်ထက် များလာတယ်။ စစ်ကောင်စီ၏ ဥပဒေဘောင်ထဲကနေ တရားတမှုကို ဖော်ဆောင်လို့ မလွယ်ပါ။ သတင်းပို့သူကို အရေးယူ နှုတ်ပိတ်ဖို့ အရင်လုပ်တဲ့ ခေတ်ကို ရောက်နေတယ်။ စာနယ်ဇင်းလုပ်ငန်းတွေကလည်း ပြည်တွင်းမှာ အမှီအခိုကင်းကင်းရပ်ဖို့ မလွယ်လှပါဘူး။စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ စာနယ်ဇင်းတွေ မလွတ်လပ်တဲ့အကြောင်း၊ ပြည်သူတွေ မလွတ်လပ်တဲ့အကြောင်းကို ပြောနေတဲ့ လူတွေ အဖွဲ့အစည်းတွေကိုယ်တိုင်ကလည်း ဘယ်လို ပူျဖောင်းထဲကနေ ပြောနေတာလဲ၊ ဘယ်လို ပုန်းခိုကျင်းထဲကနေ ပြောနေတာလဲ ဆိုတာ ပြန်ငဲ့စောင်း ကြည့်မိချင်ပါသေးတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
ကိုအောင်မှိုင်း - ငြှိမ်းမရတဲ့ မီးတောက်များ
https://ift.tt/vf51cP6
Mediaကိုအောင်မှိုင်း - ငြှိမ်းမရတဲ့ မီးတောက်များ(မိုးမခ) မေ ၄ ၊ ၂၀၂၄
ဒီညမှာပေါ့မြဝတီ ရေတိမ်နစ်ခဲ့တယ်။
နောက်ကျောကိုထိုးလိုက်တဲ့ဓားဟာအသည်းနှလုံးအထိစူးဝင်သွားခဲ့တယ်။
ကျည်အစစ်တွေဟာဒေါ်လာကျည်တွေကြားကျည် အ တွေဖြစ်ကုန်တယ်။
အမျိုးသားရေးကြွေးကြော်သံဟာလေးကေ့ကော်နဲ့အတူနှုတ်ဆက် ထွက်ခွာစပြုနေပြီ။
စစ်မတိုက်တဲ့ သေနတ်တွေလူရာဝင်နေတဲ့ ခေတ်မှာသေနတ်မရှိပေမဲ့စစ်တိုက်ချင်သူတွေအတွက်အလွမ်းဓာတ်ဟာမျက်နှာပြောင်လွန်းလှတယ်။
စစ်တပ် အုပ်စိုးတဲ့ခေတ်မှာသူပုန်တွေဟာ သူရဲကောင်းဘဲဒါပေမဲ့သူပုန်အတုတွေတော့ မပါဘူး။
အတုတွေ များလွန်းတဲ့ခေတ်ဆိုး ခေတ်ပျက်ကြီးမှာသူပုန်အတုတွေဟာ အဆိုးဆုံးပဲ။
စောဘဦးကြီးကို သတိရတယ်ဗိုလ်ချုပ်ကြီးမြကို သတိရတယ်ဖဒိုမန်းရှာကို သတိရတယ်မာနယ်ပုလောကို သတိရတယ်။
မြဝတီဟာနိုးထလာလိမ့်မယ်ကရင့်အလံတော်တိုင်ထိပ်ပေါ်ရောက်တဲ့နေ့ဟာကရင်ပြည်သူတွေဘဝ ပြီးပြည့်စုံလိမ့်မယ်။
ကရင်ပြည်သူတွေဟာတော်လှန်သမိုင်းနဲ့ သူရဲကောင်းတွေပဲမြဝတီဟာ ပြန်လည်နိုးထလာမှာ သေချာတယ်။
ကိုအောင်မှိုင်း( မေလ ၃ ရက် ၂၀၂၄ ခုနှစ်)


Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar
ကျော်မင်းထွန်း (NEW YORK) - ကောက်ကောက်သွားတဲ့မျဉ်း
https://ift.tt/yq6SEkz
Media
ကောက်ကောက်သွားတဲ့မျဉ်းကျော်မင်းထွန်း (NEW YORK)(မိုးမခ) မေ ၅၊ ၂၀၂၄

မျဉ်းဖြောင့်တွေ ကောက်ကောက်သွားတာပြန်ဖြောင့်လို့မရလောက်အောင်ပဲအခု အဲ့ဒီမျဉ်းကောက်ထဲလူငယ်ဘဝ ပျောက်သွားရပြီ။
မြစ်ကြီးတွေ ကောက်သွားတဲ့နေရာမှာတော့မြစ်ကျိုးအင်းလေး ပေါ်လာနိုး၊ ပေါ်လာနိုးနဲ့အခု အဲ့ဒီမြစ်ကျိုးထဲလူငယ်ဘဝ နစ်သွားရပြီ။
ဗွီဒီယိုဂိမ်းတွေ၊ ကာရာအိုကေတွေဘီယာဆိုင်တွေ၊ နိုက်ကလပ်တွေကိုကျွတ်ကျွတ်အိတ်ထဲ သိမ်းထားလိုက်ပါပြီ။
ကွန်ပျူတာသင်တန်း အောင်လက်မှတ်တွေစာရင်းကိုင်သင်တန်း အောင်လက်မှတ်တွေပဋ္ဌာန်းကျမ်းသင်တန်း အောင်လက်မှတ်တွေဟာတစ်ရှူးစက္ကူလို လေထဲမှာ လွင့််ကျန်ခဲ့ပေါ့။
စာအုပ်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်မှာ“ငါရှုံးပါစေ၊ တရားကနိုင်ပါစေ” ဆိုတဲ့ကဗျာဆရာအောင်ချိမ့်ရဲ့ အသက်ဓာတ်လေးကဟိုးဝေးဝေးမှာ မှုန်တခါ မှိန်တလှည့်။
(၃၅) နှစ်အောက်တဲ့ -မဲဖောက်ရင် မပေါက်ပါစေနဲ့ဆေးစစ်ရင် မအောင်ပါစေနဲ့ထိခြင်းငါးပါးနဲ့ ဘုရားရှိခိုးပေမဲ့ကျွန်တော် ဆုတောင်းမပြည့်ခဲ့ဘူးအမေ။   ။-
Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar
နေသွင်ညိဏ်း - ကျနော်စွဲလမ်းဖူးတဲ့ ကက်ပလင်းရဲ့ ကဗျာနှစ်ကြောင်း
https://ift.tt/18hvmBi
<a href="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGPs9iUZdZcpamod3w0k-REZzLAvM22RvGR0o2hKzjwBTWrYXoW8JJ1kRH-jZi8sH3T8GoJWLFgpAsG7Z4f8dOk05mB34wg0HUOf_DVce8kefyOOoSPydmqaxQ4WRAp1_fUQsU6keGNqqoyoLM_IhYs7M0P8zswa8gxjMBnXqSwCaYP7s1wLlbWyN6Ok4A/s550/Kipling%20's%20IF.jpg">Media</a><b>ကျနော်စွဲလမ်းဖူးတဲ့ ကက်ပလင်းရဲ့ ကဗျာနှစ်ကြောင်း</b><b>နေသွင်ညိဏ်း</b><b>(မိုးမခ) မေ ၅၊ ၂၀၂၄</b>
တကယ်တော့ IF ကဗျာကို ကျနော် ဖတ်ခဲ့တာ အင်္ဂလိပ်စာ မတတ်ခင်ကတည်းကလို့ ပြောလို့ ရပါတယ်။ ကျနော့်အမကြီးရဲ့အထက်တန်း အင်္ဂလိပ်စာအုပ်ကပါ။ ကျနော့်အစ်မကြီးနဲ့ ကျနော်က ၁၄ နှစ်လောက် ကွာပါတယ်။ မကြီး ၁၀ တန်း ရောက်တဲ့အချိန်မှာ ကျနော်က မူလတန်း အရွယ်ပဲ ရှိပါသေးတယ်။  အင်္ဂလိပ်စာမပြောနဲ့။ မြန်မာစာတောင် ဖတ်တတ်ခါစပဲ ရှိပါသေးတယ်။ 
ကျနော့် စာဖတ် ဝါသနာဟာ မကြီးရဲ့အထက်တန်း ပြဋ္ဌာန်း စာအုပ်တွေက စတယ်လို့ပြောလို့ရပါတယ်။ မောင်ရင်မောင် မမယ်မ ဝထ္ထုဆိုရင် ငယ်ငယ်ကတည်းက ဘယ်နှစ်ကြိမ် ဖတ်မိမှန်းတောင် မသိပါဘူး။ငယ်သေးတော့ စာတွေကိုပဲ ဖတ်ပြီး၊ စာရေးသူတွေကိုတော့ အထူး မမှတ်မိပါဘူး။ ဥပမာ သင်္ချိုင်းကုန်းမှာ ဆိုတဲ့ စာကို ဆရာဦးတင်မိုး ရေးမှန်း ကျနော် မသိခဲ့ပါဘူး။ နောက်မှ သိပါတယ်။ သင်္ချိုင်းဆိုရင် ကြောက်တတ်တဲ့ ကလေးတယောက်ဟာ သူ့ချစ်ခင်တဲ့ မိသားစုဝင် ( သူ့အမေလားမသိ) ဆုံးသွားတဲ့နောက် သင်္ချိုင်းကုန်းကို ခင်မင်တတ်လာတဲ့အကြောင်းရေးထားပါတယ်။ ကောက်ရိုးနွယ်လေး အကြောင်း အက်ဆေးဆိုရင်ပက်ကြားအက်လေးထဲ ရှင်သန်တဲ့ သတ္တိကို ရေးတာထင်ပါတယ်။ ဆရာသိန်းဖေမြင့်ရဲ့ အမေကိုတော့ ကြိုက်လွန်းလို့ စာရေးသူရော စာကိုရော သေချာခဏခဏ ဖတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဆရာသိန်းဖေမြင့်ရဲ့ အမေဟာ ကျနော့် အမေနဲ့ အတော်တူတယ်လို့ ထင်ခဲ့လို့ပါ။  
ဆရာအောင်သင်းရဲ့ ချိုတကူးနဲ့ ဂုဏ်ရည်မတူ ဝတ္ထု(အက်ဆေးခေါ်မလားမသိ) ဆို လည်း သိပ်စွဲတာပါပဲ။ အသက်ရလာတဲ့အခါ ချိုတကူးရဲ့ စိတ်ကို နောက်တမျိုးနားလည်လာပါတယ်။ တကောင်ကြွက် ချိုတကူးဟာ ကြေကွဲစရာ သူ့ဘဝကို ရင်ဆိုင် ကြံ့ကြံ့ခံခဲ့နေရင်း သူ့စိတ်ကို ထိခိုက်စရာကြုံတဲ့အခါ မျက်ရည်ကျပါတယ်။ တကယ်တော့ ဂုဏ်ရည်မတူ ရုပ်ရှင်အတွက်ချည်း သူမျက်ရည်ကျတာ မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ မြိုသိပ်ထားရတဲ့ သူ့ဘဝရဲ့ ဝမ်းနည်းစရာတွေအတွက်လည်း ပါနေပါလိမ့်မယ်။ နောက်ဆောင်းပါး (အက်ဆေးတပုဒ်) က ရုပ်ရှင်ရိုက်ကူးရေး အကြောင်း ဒီးဒုတ် ဦးဘချို ရေးတာများ ဖြစ်မလား မသိပါဘူး။ ကျနော့်မှတ်ဥာဏ်က မှားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်အသက်ကြီးလာတော့ အထက် ကစာတွေကို ပြန်ရှာမဖတ်ဖြစ်တော့တာကြောင့်ပါ။ငယ်ဘဝရဲ့ မှတ်ဥာဏ်တွေအတိုင်းပဲ ထားတာက ပိုပြီး လှပတယ်လို့ ကျနော် ခံစားရတာကြောင့်ပါ။ 
ဒီလိုနဲ့ အင်္ဂလိပ်စာတွေထဲက wuthering heights နဲ့ IF ကဗျာ တို့ကိုလည်း အစ်မကြီးရဲ့ ပြဌာန်း စာအုပ်တွေကပါပဲ ကျနော် ဖတ်ခဲ့ရပါတယ်။ အင်္ဂလိပ်လို တဝက် မြန်မာဘာသာပြန် တဝက် ပုံနှိပ်ထားတဲ့ စာအုပ်က ဖတ်ခဲ့ရတာပါ။ IF ကဗျာကတော့ ကျနော် မှတ်မိတာက စာရွက်တွေတောင် အနားတွေ ပြတ်နေပါပြီ၊
အတိအကျ မမှတ်မိပေမယ့် ကျနော့်ငယ်ဘဝ မှတ်ဉာဏ်အတိုင်းဆိုရရင် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုဆိုတဲ့ မျက်နှာဖုံးတပ်ထားတဲ့ ဒီလူနှစ်ဦး ဆိုတဲ့ ဝါကျထဲက မျက်နှာဖုံး ဆိုတာကို ကျနော် ပုံဖော်ကြည့်ပါတယ်။ လူနှစ်ယောက် မျက်နှာဖုံးကိုယ်စီနဲ့ တယောက်က အောင်မြင်မှု၊ နောက်တယောက်က ရှုံးနိမ့်မှုပေါ့။ ရှုံးနိမ့်မှု ဆိုတဲ့ လူဟာ အနက်ရောင်ဝတ်စုံ ဝတ်ထားတယ်လို့ ကျနော် စိတ်မျက်စိက ပုံဖော်ထားတယ်။ အောင်မြင်မှုက ဘာအရောင် ဝတ်ထားမှန်း ကျနော် ပုံဖော်ခဲ့သလား မသေချာပါဘူး။ အဖြူရောင်ဖြစ်မယ်ထင်ပါတယ်။ 
နောက်ထပ် ကျနော် စွဲနေတဲ့ ကဗျာတစ်ကြောင်းကတော့ ရှင်ဘုရင်နဲ့ အတူတွဲပြီး လမ်းလျှောက်ခွင့်ရလို့ သွေးနထင် မရောက်စေနဲ့ ဆိုတဲ့ အဓိပ္ပာယ် ပါတဲ့ စာကြောင်းပါပဲ။ ကျနော့်မျက်စိထဲ ဇာတ်ပွဲထဲက ရှင် ဘုရင် ပေါ်လာပြီး သူအနားမှာ တွဲလျက် လမ်းလျှောက်နေတဲ့သူဟာ ကျနော် ဖြစ်နေပါတယ်။ ဒီအတွေးဟာ ကျနော့်အပေါ် ဘယ်လောက် အထိ လွှမ်းမိုးလဲ ဆိုရင် အခုအရွယ်အထိ၊ အရှိန်အဝါ ရှိသူ၊ ရာထူးရှိသူ၊ ငွေကြေး ရှိသူတွေနဲ့ ခင်မင်ခွင့်၊ စကားပြောခွင့်၊ ညစာ အတူစားခွင့်၊ ခရီးအတူ သွားခွင့် ဘယ်လိုဖြစ်ဖြစ် ကျနော့်ကို အမြဲတမ်း သတိပေးနေတတ်ပါတယ်။ ကျနော်တို့ အထက်တန်းရောက်တော့ အင်္ဂလိပ် ကဗျာ စာအုပ်ထဲမှာ ဒီကဗျာ ရှိနေပါသေးတယ်။ ဒါပေမယ့် မသင်ရတော့ပါဘူး။ အင်္ဂလိပ်စာကို ဝါသနာ ပါတဲ့ ကျနော်ဟာ ဒီကဗျာကို ဘာသာပြန်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ကိုယ့်ဟာကိုယ် မသေချာလို့ ဆရာမကို သွားပြတော့ ဆရာမက ဘာမှ အကြောင်း မပြန်ပါဘူး။ ကျနော် ဘာသာပြန်ထားတာ မတိကျလို့လားတော့ မသိပါဘူး။ 
ဆယ်တန်းအောင်တဲ့ (၁၉၉၇) လောက်မှာ နိုင်ငံရေးသင်တန်းတက်ဖို့ နိုင်ငံရေးအသိုင်းအဝိုင်းထဲ ခဏရောက်တော့ IF ကဗျာ ဘာသာပြန်နဲ့ ပြန်တွေ့ရပါတယ်။ ဒေါ်စု ဘာသာပြန် (တကယ်က ဆရာမ မသီတာ စမ်းချောင်းက က ဒေါ်စု နှုတ်တိုက်ချပေးတာကို မှတ်သားပြီးအချော ဘာသာပြန်၊ ဒေါ်စုက အတည်ပြုပေးခဲ့တယ်လို့…
သတင်းမီဒီယာများနဲ့ နောက်ကွယ်က နှောင်ကြိုး
https://ift.tt/mTg2Yhd
<a href="https://blogger.googleusercontent.com/img/a/AVvXsEijGBdd1S4iaI17-mslrIZTrM8jqNjpf5mLmIdIStJpSCgjKx4nCfpSYKjZpK985hhdy3JdGMELat2imLXJzzz_SnVKriDVAkTv725A-ERnUH8Bg52KSpNGuRsxEeKM8Se3xCfqySGKdyBldMBv4z7huJ8gk3qxWcrEkmLa3LkjnAR3RTuMTp2gTzCNZy4">Media</a>မြန်မာနွေဦး ခရိုနီကယ် - မေ ၄ မြင်ကွင်း(မိုးမခ) မေ ၅၊ ၂၀၂၄
သတင်းမီဒီယာများနဲ့ နောက်ကွယ်က နှောင်ကြိုးယမန်နေ့ မေလ ၃ ရက်နေ့က ကျရောက်သည့် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့နှင့်ဆက်နွှယ်၍ သတင်းမီဒီယာ လွတ်လပ်ခွင့် အရေးကြီးသည့် နည်းတူ သတင်းဌာနတိုင်း သမာသမတ်ကျစွာနဲ့ အချက်အလက်အရတိကျ မှန်ကန်ပြီး အများသိသင့်သိထိုက်တဲ့ အကြောင်းအရာ၊ ဆီလျော်တဲ့ ရှုထောင့်တွေကနေ အများပြည်သူ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချနိုင်အောင် အလုပ်အကျွေးပြုနေကြပါသလားလို့ မေးလာခဲ့ရင် အားလုံးတော့ ဟုတ်မနေဘူးလို့သာ ဖြေရမှာ ဖြစ်ပါတယ်။ အားလုံးသော သတင်းမီဒီယာတွေ စံပြုစရာ ကောင်းပြီး ပညာသည်ပီသစွာ ဖော်ပြမနေကြတာကတပိုင်း သတင်းလွတ်လပ်ခွင့် အရေးကြီးခြင်းက တပိုင်း သီးခြားစီ ပြောဆိုကြရမယ်လို့လည်း မြင်ပါတယ်။ သတင်းမီဒီယာတွေထဲမှာလည်း ဘက်လိုက်သည့် သတင်းမီဒီယာ၊ အသုံးချခံသည့် သတင်းမီဒီယာ၊ အုပ်ချုပ်သည့် အစိုးရ၊ အထောက်အပံ့ပေးသည့် ကုမ္ပဏီအဖွဲ့အစည်း၊ နိုင်ငံတွေကို အကောင်းမြင်ရှုထောင့်က ဖော်ပြတင်ဆက်ပေးပြီး မလိုလားသည့် အဖွဲ့အစည်း၊ နိုင်ငံ၊ ပါတီတို့နှင့်ပတ်သက်လျှင် မကောင်းသတင်းတွေကိုသာ အသားပေးဖော်ပြတာ၊ မကောင်းသည့် ရှုထောင့်မှ တင်ဆက်တာတွေ ရှိနေသည်ကလည်း အမှန်ပင်ဖြစ်ပါတယ်။ သတင်းမီဒီယာ၏ ဘက်မလိုက်သော စံနှုန်း၊ အများပြည်သူ၏ အကျိုးစီးပွားတို့ကို ပထမဦးထိပ်ထားကာ သတင်းအလုပ်လုပ်ကိုင်ကြသည့် သတင်းဌာနတွေ မရှိမဟုတ် ရှိကြသော်ငြား ဒီနေ့ခေတ်ကာလမှာ အများစုမဟုတ်ဘဲ အနည်းစုသော အရေအတွက် ဖြစ်နေကြတာတွေ့ရပါလိမ့်မယ်။ သတင်းစာ၊ ရေဒီယို၊ ရုပ်သံသတင်းဌာန၊ အင်တာနက် ဒစ်ဂျစ်တယ်အွန်လိုင်း သတင်းဌာနတွေရဲ့ ရပ်တည်ရေး၊ ဘဏ္ဍာငွေ လုံလောက်စွာ လည်ပတ်နိုင်ရေးတွေ အတွက်သော်လည်းကောင်း၊ သတင်းဌာနကို ဦးဆောင်သူတွေရဲ့ ငွေကြေး မျှော်မှန်းမှုတွေအတွက် သတင်းဌာနတွေရဲ့  လွတ်လပ်မှု၊ ဘက်မလိုက်မှုတွေကို ချရောင်းလိုက်ကြရတာမျိုးလည်း ရှိနေသလို တချို့သော နောက်ခံအခြေအနေမှာ နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ရည်မှန်းချက်၊ အာဏာရ အစိုးရရဲ့ ပုံရိပ်ကောင်းထွက်ဖို့ အလို့ငှာ သတင်းဌာနရဲ့ ရပ်တည်ချက်၊ ပညာသည် စံနှုန်း တန်ဖိုးတွေကို ချရောင်းလိုက်ကြတာလည်း ဖြစ်ပါတယ်။ လတ်တလော အမေရိကန် ပြည်ထောင်စုက တက္ကသိုလ်တွေရဲ့ ဆန္ဒပြမှုသတင်းတွေကို လေ့လာကြည့်တဲ့အခါ ဒီဆန္ဒပြမှု သတင်းတွေကို အထူးသဖြင့် ရုပ်သံသတင်းဌာနတွေက တင်ဆက် ပုံဖေါ်ကြရာမှာ ဆန္ဒပြမှုရဲ့ အကြောင်းရင်းခံကို တင်ပြတာထက် အပေါ်ယံ ဖြစ်စဥ်တွေကို အသားပေး ဖေါ်ပြကြပြီး မီဒီယာရဲ့ အနှစ်သာရကို တန်ဖိုးကျဆင်းစေခဲ့ကြတာ တွေ့ရမှာဖြစ်ပါတယ်။   အထက်က ဖြစ်စဥ် ဖြစ်ရပ်မျိုးတွေ ဖြစ်ပေါ်နေတာ ကြားသိကြရမှာ ဖြစ်ပါတယ်။ သတင်းစာပညာ သင်ကြားတဲ့အရာမှာ ထင်ရှားတဲ့ တက္ကသိုလ်တခုဖြစ်တဲ့ ကိုလမ်ဘီယာ တက္ကသိုလ်မှာ ဂါဇာဒေသမှာ အစ္စရေးလ်နိုင်ငံရဲ့ ဟားမားစ် စစ်သွေးကြွတွေကို နှိမ်နှင်းတဲ့ စစ်ဆင်ရေးအတွင်း အပြစ်မဲ့တဲ့ အရပ်သား၊ ကလေးငယ်၊ အမျိးသမီး၊ သက်ကြီးရွယ်အိုတွေ သောင်းဂဏန်းနဲ့ချီ အသက်ဆုံးရှုံးရတဲ့ ဖြစ်ရပ် အပေါ် အမေရိကန် ရဲ့ လက်နက်၊ ငွေကြေး ကူညီမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ ဆန္ဒပြမှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြမှုရဲ့ အရင်းခံ အကြောင်းက လူမျိုးတုံး သတ်ဖြတ်မှုမှာ အမေရိကန်နိုင်ငံရဲ့ လက်နက် ငွေကြေး သံတမန်ရေး အကူအညီတွေကို ရပ်ဆိုင်းဖို့နဲ့ ဒုတိယအနေနဲ့ တက္ကသိုလ်တွေ ကိုယ်၌က လက်ရှိ စစ်ပွဲမှာ အစ္စရေးလ်နိုင်ငံ အစိုးရကို ကူညီပံ့ပိုးနေတဲ့ ကုမ္ပဏီတွေရဲ့ အထောက်အပံ့၊ သို့မဟုတ် စစ်ပွဲအပေါ်မှာ အကျိုးအမြတ်ရရှိနေတဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ရဲ့ အကူအညီ၊ အဲဒီလိုကုမ္ပဏီတွေရဲ့ အစုရှယ်ယာတွေ အကျိုးခံစားခွင့်တွေ တက္ကသိုလ်တွေအနေနဲ့ ဖြတ်တောက်ဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ အမေရိကန်နိုင်ငံက လူကြည့်များတဲ့ သတင်းဌာနတွေ၊ ရုပ်သံချယ်နယ်တွေက ဒီအဖြစ်အပျက်ကို တင်ဆက်ရာမှာ Anti-semitism, ဂျူးလူမျိုးတွေအပေါ် ပစ်မှတ်ထားတဲ့ အမုန်းစကား ဖြစ် မဖြစ်၊ ပါလစ္စတိုင်း လိုလားတဲ့ သပိတ်ကျောင်းသားတွေက ဂျူးလူမျိုး ကျောင်းသားတွေအပေါ် ခြိမ်းခြောက်မှု၊ တရားဥပဒေစိုးမိုးမှု စတဲ့ ရှုထောင့်တွေကို ပိုပြီးဦးစားပေး တင်ဆက်ကြတာ တွေ့ရပါတယ်။ သပိတ်မှောက်ခြင်းရဲ့ အကြောင်းရင်းထက် သပိတ်မှောက်တဲ့ ဖြစ်ရပ်နဲ့ ဆက်နွှယ်တဲ့ အကျိုးဆက်တွေ၊ လုပ်ပုံကိုင်ပုံတွေကို ပိုပြီးဇောင်းပေး တင်ဆက်ကြတာဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ လက်နက်ပစ္စည်း ထုတ်လုပ်တဲ့ကုမ္ပဏီတွေ လုပ်ငန်းကြီးတွေ အနေနဲ့ ကမ္ဘာရဲ့ အခြားနေရာမှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေ ဖြစ်တဲ့ ယူကရိန်း-ရုရှားစစ်ပွဲ၊ အစ္စရေးလ် ရဲ့ ဟားမားစ် ရှင်းလင်းရေး ခေါင်းစဥ်တပ်ထားတဲ့ ဂါဇာကမ်းမြောင် ဒေသတခုလုံးကို မြေလှန်တဲ့ စစ်ဆင်ရေးတွေ မှာ လ…
ခွန်ချိုသာ - ပအိုဝ်းတို့ရဲ့ယခင် ယခု
https://ift.tt/wiRr6fj
<a href="https://blogger.googleusercontent.com/img/a/AVvXsEgnPHOp5utvLyazaI_FbNj4fjHeeSnlccDthK891qIPAfcBKf_J-uWk4PsbCJcIMxMFfLmRunGPZLVtJ9i2BgWE7gP-nhsbD7doF7V3wnzFUxGaTmhqZDKRxmXOEgtsyLRoUmW21vTguSXv7Z4_QKRci0qdtGsMyR6o1WKWictiLI8JOqTb1-JqDT0qiqw">Media</a>ခွန်ချိုသာ - ပအိုဝ်းတို့ရဲ့ ယခင် ယခု (မိုးမခ) မေ ၅ ၊ ၂၀၂၄
လွတ်လပ်ရေးမရခင်က ပအိုဝ်းနဲ့ ကရင်နီဟာ ကရင်မျိုးနွယ်စုအောက်မှာ စာရင်းဝင်ခဲ့သည်။ကရင်မျိုးနွယ်စုထဲက ခွဲထွက်ဖို့အတူ ကြိုးပမ်းခဲ့ကြပြီး အတူ ကိုယ့်လူမျိုးဝိသေသနဲ့ကို သီးခြားဖြစ်တည်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုသည် ပအိုဝ်းတို့၏ အမျိုးသားနိုင်ငံရေးခြေလှမ်းအစဟု ဆိုနိုင်သည်။ယနေ့ ခေါင်းစည်းမျိုးစုံဖြင့် အခွန်အမျိုးမျိုးတောင်းခံနေတဲ့ PNO များသည် ပအိုဝ်းတို့ရဲ့ပဒေသရာဇ်တော်လှန်ရေးဟာ ရှမ်းစော်ဘွားတွေ အခွန်ကောက်လွန်းအားကြီးလို့ ပေါ်လာရသည်ဆိုသည့်အချက်ကို ပြန်သတိရသင့်သည်။ ယနေ့စစ်ကာလတွင် PNOခေါင်ပိုင်းက လူမျိုးနာမည်နဲ့ရယူထားသည့် မဟာစီးပွားရေးလုပ်ငန်းကြီးတွေထဲက တပြားမှမထုတ်ဘဲ ပအိုဝ်းပြည်သူထံက လူရောငွေရော မဟားဒဟားကောက်ခံနေမှုသည် ရှမ်းစော်ဘွားများလူလည်ကျပုံနဲ့ မကွာတော့ပေ။ ကိုယ်အမြဲဂုဏ်ယူနေသည့် ပဒေသရာဇ်တော်လှန်ရေးကို အားနာသင့်လှပေသည်။ပအိုဝ်းဒုတိယတော်လှန်ရေး အားကောင်းလာခြင်းမှာ စစ်တပ်က ပအိုဝ်းခေါင်းဆောင်များကို မလိမ့်တပတ်ခေါ်ပြီး အစုလိုက်အပြုံလိုက် ဖမ်းဆီးလိုက်ခြင်းကြောင့် ဖြစ်သည်။ စစ်တပ်ရဲ့ ယုတ်ကန်းပုံကို ပအိုဝ်းခေါင်းဆောင်ပိုင်းက ကောင်းကောင်းသိသည်။ သိလျက်နဲ့ပေါင်းနေသည့်အကြောင်းတရားများထဲတွင် ကိုယ်ကျိုးစီးပွားကိစ္စက ရှေ့တန်းမှ ပါဝင်သည်။နောက်တခုက ရှမ်းအဖွဲ့တွေက ပအိုဝ်းတွေအပေါ် တဆင့်နိမ့်အမြင်နဲ့ ဆက်ဆံခဲ့သလိုမျိုး ကနေ့ အင်းလူမျိုး ဓနုလူမျိုး စတဲ့လူမျိုးငယ်လေးတွေအပေါ်  PNO ရဲ့ မောက်မာအနိုင်ကျင့် ဗိုလ်ကျမှုကို လည်း ပြန်သုံးသပ်ဆင်ခြင်သင့်သည်။မူလပအိုဝ်းခေါင်းဆောင်ကြီးများက ကိုယ့်လူမျိုး တိုးတက်ရေးအတွက် အကြီးအကျယ် အဟန့်အတားဖြစ်တဲ့ ရှမ်းတပြည်လုံး နွံနစ်နေတဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်တိုက်ဖျက်ရေးလုပ်ငန်းလည်း လုံးဝကျဆုံးသွားပြီး PNO ကိုယ်တိုင် ဘိန်းစိုက် ဘိန်းခွန်ကောက် ဆေးပြားရောင်းချမှုအားပေး စစ်သားစုဆောင်းရေးစခန်းမှာ ဆေးပြားပါ အဝကျွေးထားရသည့်အလုပ်ကို လုပ်နေပြီ။ပအိုဝ်းတွေအပေါ်မှာ ဘုန်းကြီးတွေရဲ့ ဩဇာကြီးမှုက ဘာသာရေးသက်သက်ကြောင့် မဟုတ်ဘဲ ဗကပအောက်က ရုန်းထွက်နိုင်ပြီး အမျိုးသားရေးအသားပေးနိုင်မှုမှာ ဘုန်းကြီးတချို့ရဲ့ဦးဆောင်နိုင်မှုကြောင့် ဖြစ်သည်။ ယခုအခါတွင် ပအိုဝ်းလူမျိုးအတွက် လမ်းကောင်းပြနိုင်သည့် ဘုန်းကြီး မတွေ့ရဘဲ စစ်တပ်ကို ရိုကျိုး တန်ခိုးထွားအောင် စစ်မှုတော်ထမ်းနေသည့် ဘုန်းကြီးများသာ တွေ့ရသည်။ပအိုဝ်းကလေးတွေအဝေးကို ပညာသင်လွှတ်သည့်ဓလေ့သည်လည်း ပညာသင်မပေးလျှင် မိဘကိုအရေးယူရမည်ဆိုသည့်အချက်အပြင် ဘာစာတတ်တတ် တတ်ဖို့အရေးကြီးသည့်အတွက် ပညာရေးလုပ်သည့် ကျောင်းအားလုံးကို ထောက်ပံ့ကူညီရေးမူချနိုင်ခဲ့သည်။ ဘယ်တောင်ကြိုတောင်ကြားရှိရှိ ပအိုဝ်းမှန်သမျှ မြို့ကြီးပြကြီးမနေဖူးသူ မရှိသလောက်ပင်။ ပအိုဝ်းနယ်ရှိ အစိုးရကျောင်းဖြစ်ဖြစ်၊ ဘကဖြစ်ဖြစ်၊ အလွတ်သင်ကျောင်းဖြစ်ဖြစ်၊ ပရိယတ္တိစာသင်တိုက်ဖြစ်ဖြစ်၊ ကောလိပ်ဖြစ်ဖြစ်၊ တက္ကသိုလ်ဖြစ်ဖြစ် လုံလုံလောက်လောက် အားပေးကူညီထောက်ပံ့ကြသည်။ ချို့ငဲ့သည့် ကျောင်းရှားသည်။ သို့ပေမဲ့ အမျိုးသားရေးဇောင်းပေးလွန်းသဖြင့် ယင်းကျောင်းများတွင် နိုင်ငံရေးစနစ်အကြောင်း ပြောဆိုမှုမရှိသလို လေ့လာသင်ကြားခွင့်လည်း မပေးသဖြင့် လူတော်များ ဆုံးရှုံးကြသည်။ လူတော်တော်များက ယင်းအသိုင်းအဝိုင်းထဲတွင် ဆက်လက်ဖွံ့ဖြိုးခွင့်ပျောက်ဆုံးနေသည့်အတွက် စွန့်ထွက်သွားကြသည်။ ပြန်လာလို့လည်း မရ၊ နေရာလည်း မပေးကြချေ။ ယင်းအချက်က အနာဂတ်ခေါင်းဆောင်လောင်း မျိုးတုံးလုနီးနီးထိ ဖြစ်လာပြီး PNO ခေါင်းဆောင်ပိုင်းရဲ့ သားသမီးများက မင်းမျိုးမင်းနွယ်ဆန်ဆန် ရာထူးအလိုအလျောက် ဆက်ခံလာကြသည်။ ယခုတော့ ပအိုဝ်းလူငယ်မှန်သမျှ ပညာရေးကိုပစ် ထိုင်းအလုပ်သမား ဖြစ်နေကြပြီး ကျန်လူငယ်များကို အထက်တန်းကျောင်းတက်ဖို့ အားမပေးတော့ဘဲ စစ်ထဲ ချောင်ပိတ် မောင်းသွင်းနေကြသည်။ဗကပအောက် လုံးလုံးလျားလျား မရောက်ခဲ့သည့်တိုင် ပအိုဝ်းတွေအပေါ် ဗကပရဲ့ လွှမ်းမိုးလာပုံက စာပေးစာယူလုပ်ရင် အောက်နားမှာ “အမျိုးသားဒီမိုကရေစီတော်လှန်ရေး အောင်ရမည်” လို့ရေးနေကြကို “ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး အောင်ရမည်”၊ “လေးစားစွာဖြင့်” ကို “အလေးနီဖြင့်”၊ နာမည်ရှေ့တွင် “ခွန်၊ ဗိုလ်ကြီး၊ ဆရာ” ကို “ရဲဘော်” လို့ ရေးသားရပြီး ပခုံးမှာ ရလလဖတံဆိပ်တပ်ပြီး ဦးထုပ်မှာတော့ ကြယ်နီအမှတ်အသား တပ်ဆင်ရသည်။ စာဆိုလျှင်လည်း ဥက္ကဋ္ဌကြီး မော်စီတုန်း၏ ဩဝါဒစာအုပ်နီများကိုသာ ဖတ်ရပြီး ရင်ဘတ်တွင်လည်း မော်စီတုန်းပုံရင်ထိုးများ လူတိုင်းထိုးရသည်အထိ ဖြစ်ခဲ့သည်။ယင်းအခြေအနေကို ပအိုဝ်းများက တွန်းလှန်ရှင်းထုတ်ခဲ့သည်မှာ ၁၉၇၅ လောက်မှာ ရှင်းရှင်းပြတ်သွားသည်။ ၁၉၇၆ တွင် ဗကပ ဝင်ရောက်လွှမ်းမိုးနိုင်ခဲ့သော…
ရဲဘော်တေး - မရဏရထား
https://ift.tt/osHGQFT
Mediaရဲဘော်တေး - မရဏရထား(မိုးမခ) မေ ၅ ၊ ၂၀၂၄
နိုင်ငံတဝန်း Non-CDM ဝန်ထမ်းများအနက်မှ ပထမဦးဆုံး စစ်မှုထမ်းကြမည့်ဝန်ထမ်းစာရင်း စတင်ကောက်ခံတဲ့။မိဖရင်ခွင် ဖနောင့်နဲ့ပေါက်ပြီး ကောက်ကောက်ပါအောင် လိုက်ခဲ့တာကိုမှ မငဲ့ညှာ၊ ခုတော့ ဖာတန်းပို့ပြီဆိုသလို ပြည်သူ့ရင်ခွင် ချဉ်တင်တင်ဆိုပြီး ဘပုလည် ခိုစီးမိပါတယ်၊ ရီးတွေဖြစ်ရောဆိုပါတော့။ ယမမင်းလက် နှစ်ကျပ်ကွက်နဲ့ပေးအပ် ခွေးဇာတ်ခင်းပြီ။ ဒင်းတို့ကို ခွေးလို့ခေါ်တာ ခုမှ သိပါပေါ့လား ဟားဟား ဆိုပြီး ငိုချင်းချနေကြပြီ။ဌာနတွင်း ပထမဦးဆုံး သွားရောက် စစ်မှုထမ်းကြမည့် ဝန်ထမ်းများ စာရင်းကို ပြုစုနေ၊ ဝန်ထမ်းများက ကိုယ်တိုင် ဆန္ဒပြုခြင်းမဟုတ်ဘဲ ဌာနအကြီးအကဲများက သင့်တော်သလို စာရင်းပြုစု စီမံကြခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းအများစုမှာ ၎င်းတို့ကိုယ်တိုင် သိရှိခြင်းမရှိဘဲ စစ်မှုထမ်းရမည့် နာမည်စာရင်းတွင် ပါဝင်နေကြောင်း သိရှိရတဲ့။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့။နာယကဂုဏ်ခြောက်ပါး တပါးမှ မထောက်ထားဘဲ ယောက်ျားရင့်မ နှစ်သီးသုံးသီးစားကြီးတွေက တပည့်ကလေး နှမလေး မောင်လေးတွေကို မသနား….အမယ်မင်း သေတွင်းရယ်တဲ့ ပို့နေ၊နိုင်ငံ့ဝန် အရှည်မထမ်းရဘဲ လှိုင်ကြံ့ဝန်အသေထမ်းရမယ်လို့ နန်းတို့ဖြစ်ထွေ။မထမ်းလို့ မဖြစ်ချေစစ်မြေမှာကျဆုံး၊(ဘဘုန်းတို့ရေ)သေသွားရင် ငရဲမလစ်အောင်ဟောရစ်ကြအုံး။(ငိုချင်း)ခုတော့ ရုံးကြီးလဲ ကျီးနဲ့ဖုတ်ဖုတ်။ သုတ်သူသုတ် လစ်သူလစ် ဘယ်အလကားသက်သက် သေမင်းကြင်စိုးထံ လည်စင်းခံလို့တော့ဖြစ်မတုန်း။ ဒီစစ်ကြီးမှာ သူ့သားမပါ သူ့သမီးမပါ၊ စစ်ကျတော့ သူကဖန်တည်း၊ စစ်မီးထဲတော့ တခြားသူထိုးထည့်၊ သခိုးငပဲ့ အကျိုးအနဲ့ကောင်ကို ကျွမ်းထောင်ဆဲပြီး ကျိန်စာတိုက်ကာ ရုံးလာတဲ့ခြေထောက် သစ္စာ့ဖောက်ဆိုပြီး ဒိုးကြတော့ ဌာနကြီးလဲ သုဿာန်တစ သင်းချိုင်းဝပေါ့၊ မအလရဲ့ကြောင်တက်တက်ဓာတ်ပုံနဲ့ ရုံးစောင့်ဘဲကျန်တော့သလေ။ အဲဒီသေမင်းအခွက်ကြီးမြင်နေရမှတော့ ရုံးစောင့်လဲ မကြာခင် လစ်မှာပါဘဲလေ။ခု SSPPကပါ စစ်ကြေညာတော့ နေပူတော်တင်မက ရှမ်းပြည်နယ်က ရုံးတွေမှာ ကိုယ်မသိဘဲ စာရင်းပေးခံထားရတဲ့ဝန်ထမ်းတွေလဲ စလစ်နေကြပြီ။ ခုတော့ တပ်ပျက်ရုံမက ဌာနပါပျက်ပြီလေ။ စစ်ဗိုလ်ချုပ်ကြီးတွေ ဝန်ကြီးတွေ အရာရှိကြီးတွေ ခရိုနီကြီးတွေရဲ့သားသမီးတွေကို စည်းရုံးရေးအနေနဲ့ စံနမူနာပြ ထည့်မယ်ကြားလို့ သားတွေ ဘယ်ဖွက်ရမလဲလို့ ဂယက်ထနေကြပြီတဲ့။ အသံလဲ ကျယ်ကျယ်မထွက်ရဲ နိုင်ငံခြားလဲ အထွက်မခံ အင်း လဝကနဲ့ ရဲတွေကတော့ ရေလျှံတော့မယ်ဆိုပြီး ပျော်နေကြသတဲ့။ ဒီတခါရမှာက သိုက်ကြီးတွေဆီကလေ။ ဘာတဲ့ ငွေဆိုတာ ရေလိုပါဆိုပြီး သီချင်းလုပ် ညည်းနေကြပြီ။ဌာနဆိုင်ရာ အလုပ်တာဝန်များကို ယာယီ လွှဲပြောင်းရမယ်ဆိုကထဲက ဒီရထားဟာ ပြန်လမ်းမဲ့ရထား၊ တက်စီးလို့မဖြစ်ဖူးဆိုတာ ဝန်ထမ်းတိုင်း သိပြီးသား။ မအလဟာ သူ့ရဲ့နောက်ဆုံးနေ့ရက်များကို တင်ထားတဲ့ရထား၊ ရောစီးလို့ မဖြစ်ဖူးဆိုတာ သိကြပြီးသား။ ဌာနလုပ်ငန်းတွေ အပြီးရပ်ဆိုင်းတော့မယ်ဆိုတဲ့ ရနံ့ကို အကုန်ရှူရှိုက်မိနေပြီးသားလေ။ စစ်မှုထမ်းမှ ပြန်လာချိန်တွင် မူလနေရာ၊ လစာနှင့်ခံစားခွင့်များအတိုင်း ပြန်လည် ခံစားရမယ်ဆိုတာ ဘယ်လိုမှကို မဖြစ်နိုင်တော့တာလေ။ လက်ရှိလစာအပြင် စစ်မှုထမ်းချိန် စစ်တပ်က ရတဲ့ လစာနှင့်ခံစားခွင့်များကို ထပ်မံခံစားခွင့်ပြုမယ်ဆိုတာလဲ ဟာသ၊ ဟဟဘဲရမှာ၊ သေသွားမှတော့ ဘာခံစားရမှာလဲ။ ဖုန်းတောင် ကိုင်လို့မရတာ၊ ရှုံးမယ့်စစ်မှာ ကိုယ်သေသွားလဲ ကိုယ့်မိကိုယ့်ဖ ကိုယ့်သား ကိုယ့်မယားကို ဘယ်ပြည်သူက သူတို့ကို သတ်တဲ့လူကို ပင်စင်ဆက်ပေးနေမလဲ။ အရူးပြောလဲ အရူးမယုံကြတော့။ တကယ်တမ်းက မအလနဲ့ ခေါင်းဆောင်ကြီးများကလွဲရင် ဘယ်သူမှ မရူးကြဘူးလေ။





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar