Min Khant Aung Channel
4.21K subscribers
88 photos
9 videos
1 file
51 links
You will learn something today.
Download Telegram
❤27👍5😁2😢1💩1🤣1
တဖြည်းဖြည်းကျစ်လာတဲ့ GFW ပြဿနာကို ဖြေရှင်းဖို့
VPN တည်ဆောက်ဖို့ လုပ်ကြမယ်ဆိုရင် ..

ကျွန်တော်နားလည်သလောက်က VPN Infrastructure
ဆောက်ဖို့ဆိုတာ resource အတော်လိုတယ် လို့
သိရတယ် ..

တစ်နေ့က ကျွန်တော်ရေးတဲ့ VPN ပို့စ်မှာလဲ တချို့တွေ
ပြောတာ တွေ့ပါတယ် .. လုံခြုံရေး အရမ်းမြင့်သလို
စေ◌ျးအလွန်ကြီး(ငွေအရမ်းကုန်)မှာ ဖြစ်ကြောင်း ၊
တချို့က ဒါဟာ မဖြစ်နိုင်ကြောင်း ပြောတာ ဖတ်ရတယ်..
ကျွန်တော်လေ့လာကြည့်သလောက် VPN တည်ဆောက်ဖို့
ကဏ္ဏ ၄ခု ကျွမ်းကျင်တဲ့သူတွေလိုတယ် ဆိုတာ သိရတယ် ..

1) Server Infrastructure
သုံးတဲ့သူတွေ Data တွေ ဖြတ်သန်းသွားလာနိုင်ဖို့
Server အလွယ်တကူတိုးချဲ့နိုင်ဖို့ ၊ သုံးစွဲသူတွေ
စီမံခန့်ခွဲ လမ်းကြောင်း ချပေးဖို့ Load Balancing တွေ
ပြင်ဆင်ရတယ် ..

Scalability လိုတယ် .. Virtualization အတွက်
Docker , VMs တွေသုံးပြီး ဆာဗာတွေကို စီမံခန့်ခွဲရတယ် ..
Speed ကောင်းကောင်း ရဖို့ ပ-စ်မှတ် နိုင်ငံနဲ့နီးနိုင်သမျှ
နီးတဲ့ Data Center တွေ (သို့) ကမ္ဘာ့အနှံမှာ ဆာဗာတွေ
Global Presence ထားနိုင်ရမယ်..

2) Cyber Security
VPN ဖြစ်တဲ့အတွက် လုံခြုံရေးပိုင်းက အရေးကြီးဆုံး
ဖြစ်လာတယ် .. Encryption, Authentication
ခိုင်မာအောင် လုပ်ရတယ် .. အသုံးပြုသူတွေရဲ့
Data တွေ ဆာဗာပေါ်မှာ မသိမ်းအောင်
Zero Logs Policy ဒီဇိုင်းဆွဲဖို့လိုတယ် ..
မြန်မာနိုင်ငံလို GFW တိုက်ရိုက်ထိုင်ထားပြီး
VPN သုံးတာကို ဆိုက်ဘာ ဥပဒေနဲ့ အရေးယူလို့
ရတဲ့နိုင်ငံမှာ Privacy နဲ့ Security က အသက်တမျှ
အရေးကြီးပြန်တယ် .. တခြားနိုင်ငံတွေထက် မြန်မာအတွက်
VPN တည်ဆောက်တာ စိန်ခေါ်မှု ပိုကြီးတယ် ..

GFW ရဲ့ အားနည်းချက်ကို ရှာဖွေနေဖို့ လိုသလို
VPN က Data leak ဖြစ်မဖြစ် အမြဲ စမ်းသပ်ပြီး
Vulnerabilities တွေ တောက်လျှောက် ရှာနေဖို့လိုတယ် ..

ဆက်လက်ဖတ်ရှရန် ..

https://www.facebook.com/share/p/1CQdASxy57/
❤14🥰3🤣1
ဒီနေ့ည အများပြည်သူသုံး ၊ တလရသုံး VPN တွေ စတင်မိတ်ဆက်မယ် ..
👍39
မြန်မာပြည်သူများနှင့် တလရဘက်တော်သားများ
အတွက် သီးသန့် ဒီဇိုင်းထုတ် ထားတဲ့
White Wine VPN နဲ့ Red Wine VPN လို့
ခေါ်တဲ့ VPN အမျိုးအစားသစ် နှစ်ခုကို
စတင် မိတ်ဆက်လိုက်ပါတယ် ..

White Wine VPN က Proxy Client
အမျိုးအစားဖြစ်ပြီး မိမိစိတ်ကြိုက်
config အမျိုးအစားများစွာ ထည့်သွင်း
အသုံးပြုနိုင်မှာ ဖြစ်ပြီး Red Wine VPN
ကတော့ မတူညီတဲ့ Architecture, Protocol,
Encryption နဲ့ဖန်တီးထားတဲ့ အဆင့်မြင့်
Premium VPN (Private )
အမျိုးအစားဖြစ်ပါတယ် ..

White Wine VPN မှာ User ပိုင်ဆိုင်တဲ့
ပုံမှန် ss, vmess, vless, hysteria2 စတဲ့
Opensource Config နဲ့ Subscription Links
တွေအပြင် Wolf Systems က သီးခြား
ထုတ်လုပ်ထားတဲ့ Umbrella Config,
Encryption Config, Special Config,
Super Config တွေလဲ ထည့်သွင်း
အသုံးပြုနိုင်ပါတယ် ..

VPN ရောင်းချသူတွေထံက ၀ယ်ယူလာတဲ့
Config Key တွေကိုလဲ White Wine VPN မှာ
ထည့်သွင်းအသုံးပြု ခြင်းအားဖြင့် လုံခြုံရေး
စိတ်ချရခြင်း ရှိမရှိ ပြသပေးပါ လိမ့်မယ် ..

ရုရှား ၊ အီရန် IP များ ဖြစ်သွားပါက
User ကို အလိုအလျောက် သတိပေးစနစ် ပါ၀င်တယ်..
Red Wine VPN မှာ White Wine VPN ထက်
အဆင့်မြင့်တဲ့ Security Features များ ၊ ပုံဖျက်
ကိုယ်ပျောက်စနစ် Stealth Mode, Heatbeat Mode,
Anomaly Detection များ အပြင်
ကမ္ဘာကျော် Premium VPN တွေမှာသာ
ပါလေ့ရှိတဲ့ Feature တွေ ထည့်သွင်းထားပါတယ် ..

ဒီ VPN နှစ်ခုစလုံးက Myanmar အတွက်
သီးသန့် Designated ထားတာ ဖြစ်ပါတယ် ..

VPN နှစ်ခုစလုံးမှာ Alpha Xray Core Protocol ကို
အသုံးပြုထားပြီး ISP Throttling , ISP IP Block ကို
အလိုအလျောက် ကျော်လွှားနိုင်တဲ့ နည်းပညာတွေ
အပြင် ပုံမှန် VPN တွေထက် ထူးခြားတဲ့ Feature တွေ
ပါရှိပါတယ် ..

ဆက်လက်ဖတ်ရှုရန် -

https://www.facebook.com/share/p/1CMhdpBQMB/
❤16👍8
❤16
White Wine ကနေ လက်ရှိ
User တစ်သောင်းကျော်ကို
ကိုယ်ပိုင် ဆာဗာ တွေနဲ့
Free VPN Service ပေးနေပါတယ် ..

User တစ်သောင်းကျော်မှာမှ
အခက်အခဲရှိတဲ့သူ ဆယ်ဂဏန်းပဲ
ရှိတာဖြစ်လို့ မဆိုးဘူးလို့ ပြောရပါမယ် ..

Analytics Dashboard မှာ 99.98%
အလုပ်လုပ်နေတယ်လို့ ပြနေပါတယ် ..

ကိုယ့် Config နဲ့ ကိုယ် သုံးစွဲသူက
ငါးထောင်ကျော် ရှိမယ်လို့ ခန့်မှန်းရပါတယ် ..

User တွေရဲ့ အခက်အခဲက
ကျွန်တော်တို့ရဲ့ အတွေ့အကြုံ ဖြစ်လာမှာမို့
အဆင်မပြေတာရှိရင် ပြောပြဖို့
အားမနာပါနဲ့ ..

အများသုံး Free Server တွေမို့
လိုင်းကျပ်တာ ကျတာ
ရှိကို ရှိနိုင်ပါတယ် ..

Paid Server ၀ယ်သုံးဖို့
တိုက်တွန်းပါရစေ ..

User တွေရဲ့ သုံးစွဲပုံ ပေါ် မူတည်ပြီး
Update ဆက်တိုက် ထုတ်ပေးနေတာမို့
နောက်ပိုင်း ကောင်းသထက်
ကောင်းလာဖို့ပဲ ရှိပါတယ် ..

ယနေ့ည v1.1.9 ထွက်ပါမယ် ..
❤15👍9🥰6
ကျွန်တော်တို့ရဲ့ Digital Product တိုင်းမှာ
နိုင်ငံတော်အလံ ကို ပြောင်းလဲ အသုံးပြုမယ် ..

မြန်မာ နိုင်ငံတော်အလံ(တနည်းအားဖြင့် ကိုယ်စားပြု
အလံ)ကို ဘာထည့်ရမလဲ ဆိုတာ ကျွန်တော်တို့
စဥ်းစားနေတာ ကြာပါပြီ ..

သတိထားမိကြမယ်ထင်ပါတယ်.. တလရဟာ
ငါးနှစ်ရှိပေမဲ့ တလရတစ်ခုလုံးကို ကိုယ်စားပြုနိုင်တဲ့
အလံ ( တနည်းအားဖြင့် နိုင်ငံတော်အလံမရှိသေးတာ
သိကြမှာပါ..)

( နိုင်ငံတော်အလံ ဖြစ်မြောက်ရေးအတွက်
လုပ်ငန်းစဥ်တွေ ညှိနှိုင်းမှုတွေ ထောက်ခံမှုတွေက
အလွန် ရှုပ်ထွေး ရှည်လျားနိုင်တဲ့အတွက် အခြေအနေ
အချိန်အခါ မကျသေးတာကိုလဲ နားလည်ပါတယ်)

White Wine VPN ထဲမှာဆိုလဲ ဘာသာစကား ၇မျိုးမှာ
၆မျိုးကို အလံအနေနဲ့ ဖော်ပြထားပေမဲ့ မြန်မာနေရာမှာ
ကွက်လပ်ထားတာ တွေ့မြင်ရမှာပါ ..

လက်ရှိ မြန်မာနိုင်ငံအလံ (၀ါစိမ်းနီ ကြယ်ဖြူ) ဟာ
စစ်ကောင်စီကို သွယ်၀ိုက်ညွန်းရာ အဓိပ္ပါယ်ဖြစ်နေသလို
အသုံးပြုလိုက်တဲ့အခါ ပြည်ပနိုင်ငံသားအသုံးပြုသူတွေက
ဒါဟာ စစ်ကောင်စီ(စစ်အာဏာရှင်)ကို ရည်ညွန်းတယ်လို့
နားလည်မှုလွဲနိုင်တာမျိုး ဖြစ်နိုင်တယ် .. ဒါကို သုံးလိုက်ခြင်း
အားဖြင့် စကစကို ထောက်ခံရာ အဓိပ္ပါယ်လဲ
ဖြစ်သွားနိုင်တာ ထောက်ရှုမိပါတယ် ..

စစ်ကောင်စီဘက်ကလဲ တလွဲအသုံးချ၀ါဒဖြန့်တဲ့
အခါမှာလဲ ဒီအလံကို တွင်တွင်ကျယ်ကျယ်သုံးလေ့ရှိတယ်..
တလရဘက်မှာလဲ ဒီအလံ ကို ဘယ်သူ့ ဘယ်သူမှ
မသုံးသလို သံတမန်ရေးရာကိစ္စတွေမှာလဲ သုံးစွဲခြင်း
မရှိတာ သတိထားမိပါတယ်.. (မလွဲသာမရှောင်သာ
အခြေအနေတစ်ခုမှလွဲ၍ )

PDF အလံ သုံးမလား ဆိုပြီး စဥ်းစားခဲ့ကြပါတယ်..
PDF အလံ သုံးကောင်း သုံးခွင့် ရနိုင်ပေမဲ့
ကျွန်တော်တို့ ကိုယ်တိုင်က "PDF တပ်ဖွဲ့၀င်" မဟုတ်တဲ့
တစ်ကြောင်း ၊ တစ်ချိန်မှာ "PDF မဟုတ်ပဲ
PDF အလံသုံးတာ" ဟာ ၀ိ၀ါဒ ဖြစ်လာနိုင်တာ
ကိုလဲ ရှောင်ရှားလိုတာ ပါပါတယ် ..

နောက်တစ်ခုက ..

ဒီဂျစ်တယ် Platform အားလုံးမှာ
အလံ ထည့်လိုက်တဲ့အခါ width x Height
Resolution အလွန်သေးမှာဖြစ်လို့ သေချာ
မြင်ရချင်မှ မြင်ရနိုင်ပါတယ် ..
( လက်သည်းခွံလောက် အရွယ်အစားမို့ပါ)

PDF အလံမှာပါရှိတဲ့ အနီရောင် နဲ့ ကြယ်ဖြူတွေက
PDF အလံ ကို မသိတဲ့ Global User တွေက
တရုတ် ၊ ဗီယက်နမ် အလံနဲ့ အမှတ်မှားနိုင်စရာ
ရှိပါတယ် .. ( အဲလို အမှတ်မှားရင် လိုက်လံရှင်းပြဖို့
အခက်အခဲ အလွန် ရှိပါတယ်..)

ဒီလိုအကြောင်းကြောင်းတွေ ကြောင့်
ဘယ်အလံသုံးမလဲ တိုင်ပင်ကြတဲ့အခါ

တလရမှာ ပထမဆုံး ပေါ်ထွက်လာခဲ့တဲ့ ၊
သုံးခဲ့တဲ့ Federal Army တံဆိပ်ထဲက
နောက်ခံအပြာနဲ့ ကြယ် ၁၄လုံး ၊ အဖြူရောင်
မြန်မာနိုင်ငံ (ပုံ) ကိုပဲ
အသုံးပြုဖို့ ရှာတွေ့ ပါတယ် ..

ဆက်လက်ဖတ်ရှုရန် -
https://www.facebook.com/share/p/18PjTk3m9Z/
👍2🌚1🤣1
👍25🔥5❤4🤣2
ဘောမတွေ အတော် စိတ်ပျက် နေကြတယ် ..
ဘယ်သူမှ ကွန်ကွန် မလုပ်ကြတာ ..

မအလ သမ္မတ တက်လုပ်မှာ ဘောမတွေ
ကိုယ်တိုင်က မကြိုက်သလို ဒီလို ဖြစ်လာဖို့
သူတို့ ဘောမ ခဲ့တာမဟုတ်ဘူး ..
ဘောမ အများစုက ဘောမကြတာ ,
မအလကြောင့် မဟုတ်ပဲ
စစ်တပ်ကြောင့် လို့ပြောရင် မှန်မယ် ..

(မအလ အုပ်ချုပ်နေသရွေ့
ဦးသိန်းစိန်လက်ထက်ကလို ပြန်ဖြစ်မလာနိုင်ဘူး ..
တိုင်းပြည်မကောင်းလာနိုင်လို့ သူကို
အကြီးအကဲ ရာထူးကနေ စွန့်ကို
စွန့်စေချင်တာ .. ဘောမအများစုက ဒီလိုဆန္ဒ
ရှိတယ်.. )

မအလက သမ္မတနေရာ ယူမယ်ဆိုတာ
ကျွန်တော်တို့ စွပ်စွဲထားရုံသက်သက်လို့
သူတို့ထင်တာ ဖြစ်ပြီး တကယ့်မှာ သူမဟုတ်ပဲ
တခြားသူကို အာဏာလွှဲပြီး အနားယူမယ်လို့
မျှော်လင့်ထားတာ ..

မအလက သမ္မတနေရာ ယူမယ်လို့
တလရအစကတည်းက ငါတို့တွေ
အကြိမ်ကြိမ် ပြောခဲ့တုန်းက မယုံခဲ့ကြဘူးကိုး ..

ဒီတော့ သူ သမ္မတ ရာထူးယူဖို့
အာဏာသိမ်းခဲ့တယ် .. တိုင်းပြည်ကို
ချနင်း ဖျက်စီးခဲ့တယ်ဆိုတာ အခိုင်မာဆုံး
အထောက်အထား ဖြစ်သွားတယ် ..

အာဏာရှင်ဆိုတာ သူဂွင်ထဲ
ရောက်ပြီဆို မျက်နှာဖုံးခွာချပြီး
အစွယ်ဖြဲပြတတ်တယ် ..

အခု မင်းတို့ဘောမတွေ မင်းတို့အဘရဲ့
အပေါ်အစွယ် ရော အောက်အစွယ်ရာ
မြင်ရလိမ့်မယ် ..
👍35❤10😁3
မြန်မာနှစ်သစ်ကူးမှာ "ဆမ်သီးနယူး" တစ်ခု ထုတ်ပြဖို့ ရှိမယ် ..
👍34❤5