Min Khant Aung Channel
4.21K subscribers
88 photos
9 videos
1 file
51 links
You will learn something today.
Download Telegram
👍4713🤣2🔥1🥰1🥱1
၂၀၂၆ ခုနှစ်မှာ ကျွန်တော်သာ မြေပြင်တလရ
တပ်ဖွဲ့တစ်ခုမှာ ရှိနေရင် တရုတ်စာ
ကျွမ်းကျင်အောင် သင်ထားမယ် ..
ဒါမှမဟုတ် .. တရုတ်စကား(ကောင်းကောင်း)
ဖတ်နိုင် ၊ ရေးနိုင် ၊ စာရိုက်နိုင်တဲ့သူ
(ယုံကြည်အားကိုး ရလောက်တဲ့ အချိန်ပြည့်
ဘာသာပြန်) တစ်ယောက်ယောက် ရှာထားမယ် ..

အကယ်၍ မြို့ပြတပ်ဖွဲ့တစ်ခုမှာသာ ရှိနေရင်
1. Gaming ကွန်ပျူတာလက်တော့ Ram များများ
အနည်းဆုံး တစ်လုံး (ခပ်ကောင်းကောင်း) ၊
2. ဒရုန်းကွန်ထရိုလာ ကောင်းကောင်းတစ်ခု (ဒါမှမဟုတ်)
ဂိမ်းကွန်ထရိုလာ (Xbox, PS4 PS5 ကောင်းကောင်းတစ်ခု
ရှာထားမယ် ..

အခုလဆန်းက တွက်ရင် ၂၀၂၆ ရောက်ဖို့
၃လ လိုပါသေးတယ် ..

ကျွန်တော်သာ မြေပြင်မှာ ရှိနေခဲ့တယ်ဆိုရင်..
(သဘောပြောတာပါ ..)
45👍9🤣3🤮2
သန်လျင်မှာ အမျိုးသမီး ၃ ဦး ကို ပွဲချင်းပြီး
ကား နဲ့ ၀၊င်တိုက်ခဲ့သူ စူပါလင်း
(လူရွှင်တော်) က စကစရဲ့
၀ါဒဖြန့် ရွေးကောက်ပွဲ ဇာတ်လမ်းတိုမှာ
ပါလာတာ ..

ဒီလူက ပုဒ်မ ၃၀၂ နဲ့ ထောင်ထဲမှာရှိနေရမဲ့သူ ..

စူပါလင်းကိစ္စ ကို လူရွှင်တော်အသိုင်းအ၀ိုင်း ၊
ပွဲမီဒီယာတွေကပါ ဖုံးထားပေးတယ် ..
ပွဲမီဒီယာတွေဆီမှာ ဘာသတင်းမှာမတက်ဘူး ..
ဖြစ်ချင်တော့ အဲဒီရက်ပိုင်းမှာ သူပါတဲ့
ရုပ်ရှင်ကားကြီး တစ်ကား ရုံတင်ဖို့လဲ ရှိနေတယ် ..

အဲ့တုန်းက ခိုင်နှင်း‌ေ၀ အလှုငွေအရှုပ်တော်ပုံ
ဖြစ်နေလို့ လူတွေ သိပ်မသိလိုက်ကြတာ ..

အမှုက အတော်ကြီးတယ် ..
ကားမောင်းသူကိုလဲ ပတ်၀န်းကျင်က
မြင်လိုက်တယ် .. အရက်အလွန်မူးရူးနေတယ်လို့
သက်သေရှိနေ တော့ လူရွှင်တော်
အစည်းအရုံးကတောင် လာမရှင်းဘူးလို့လဲ
ကြားတယ် ..

သူကို ဖ၊မ်းဆီးထားတဲ့အချိန်မှာ
မြင့်မြတ် လာရှင်းပြီး ခေါ်ထုတ်သွားတယ်ဆိုတဲ့
သတင်းကြားတယ်( မသေချာ) ..

အောက်မှာ ဘောမမီဒီယာကိုယ်တိုင်
စူပါလင်းကားတိုက်မှု ကို
ပြောထားတဲ့ ဗီဒီယိုရှိတယ်.. (သက်သေ)

သက်သေ Linkများ နှင့်တကွ ဆက်လက်ဖတ်ရှုရန် ..

https://www.facebook.com/minkhantaungv/posts/pfbid02u7PUvimthbRfxN6w8ijDFpNMxBdtgAZ2Kn7F96pfnC824LMcutZEYh8rNrwgQ1xJl
🔥14👍41
This media is not supported in your browser
VIEW IN TELEGRAM
စူပါလင်းအမှုကို ဘောမမီဒီယာကိုယ်တိုင်က ဘာပြောထားလဲ..
🔥134
စလော့ဂိမ်းစတိုင်လ် ရွေးကောက်ပွဲ ..

စလော့ဂိမ်း ဟာ ဘယ်တော့မှ မနိုင်ဘူး ..
ဆော့တဲ့သူတိုင်း ရှုံးပြီးမွဲကုန်တာ ချည်းပဲ ..

စကစဟာ စလော့ဂိမ်းစတိုင်လ်
ရွေးကောက်ပွဲ တစ်ခု ဖန်တီးလိုက်တယ် ..

သူ ဂိမ်းထဲမှာ သူ နိုင်ဖို့ စိတ်ကြိုက်ပြင်
ထားပြီးသား .. ဆော့တဲ့သူတိုင်း ကို
အစပိုင်းလေး နည်းနည်းပေးကျွေးမယ် ..
ပြီးရင် အကုန်ပြန်စားမယ် ..

မင်းလဲ နိုင်နိုင်ပါတယ်ဆိုတဲ့
မျှော်လင့်ချက်လေးတွေ ပေးခဲ့တော့
နိုင်လို့ နိုင်ငြားတဲ့ လိုက်ကြပေတော့..

(ရွေးကောက်ပွဲတောင်မဟုတ် ..
မိုးကျရွှေကိုယ်ရွေးပွဲကြီး မဟုတ်လား ..
ကစားသူတွေထဲမှာ အိမ်တွေဖြည့်ပြီးသား ..
ကစားသူတွေကိုယ်တိုင် သိသိကြီးနဲ့ ဂျင်းထည့်ခံတာ ..)

"Follow the rules, You Lose."
"Choose Violence, You Win."

"စည်းမျဥ်းတွေကို လိုက်နာရင် မင်း ရှုံးမယ်"..
"အကြ၊မ်းကိုင်လိုက်ရင် မင်း နိုင်မယ်" တဲ့ ..

စကစ ရဲ့ Fair မဖြစ်တဲ့ ဂိမ်းကို ဆော့ကတည်းက
အခု ရွေးကောက်ပွဲ ၀င်မဲ့ နိုင်ငံရေးပါတီတွေ
ရှုံးဖို့ ပြင်ဆင်ထားသင့်တယ် ..

ဘာလို့ ရွေးကောက်ပွဲကို လက်မခံတာလဲ ..
ဘာလို့ လွှတ်တော်နိုင်ငံရေး အလုပ်မဖြစ်တာလဲ ..
လနကိုင် တော်လှန်ရေးနည်း နဲ့ ဖြေရှင်းသင့်တာလဲ ..

သာဓကတွေ သက်သေတွေ နဲ့
အဖြေက ရှင်းရှင်းပဲ ..

"Follow the rules, You lose."
"Choose Violence, You Win."

ဘာလို့ နိုင်ငံရေးအရ ဖြေရှင်းလို့ မရတာလဲ..
ဘာလို့ ဆွေးနွေးညှိနှိုင်းလို့ မရတာလဲ ..
တလရအဖွဲ့တွေ ဘာလို့ ရွေးကောက်ပွဲ
မ၀င်တာလဲ ..

ခပ်ပြတ်ပြတ် ပြောရရင် ..
ငါတို့က စလော့ ဂိမ်းမဆော့ဘူးလေ .. 😏
46👍28😁2🤣1
Special Announcement on the 5th Anniversary of the Revolution
20👍3🤮1💩1🤣1
27👍5😁2😢1💩1🤣1
တဖြည်းဖြည်းကျစ်လာတဲ့ GFW ပြဿနာကို ဖြေရှင်းဖို့
VPN တည်ဆောက်ဖို့ လုပ်ကြမယ်ဆိုရင် ..

ကျွန်တော်နားလည်သလောက်က VPN Infrastructure
ဆောက်ဖို့ဆိုတာ resource အတော်လိုတယ် လို့
သိရတယ် ..

တစ်နေ့က ကျွန်တော်ရေးတဲ့ VPN ပို့စ်မှာလဲ တချို့တွေ
ပြောတာ တွေ့ပါတယ် .. လုံခြုံရေး အရမ်းမြင့်သလို
စေ◌ျးအလွန်ကြီး(ငွေအရမ်းကုန်)မှာ ဖြစ်ကြောင်း ၊
တချို့က ဒါဟာ မဖြစ်နိုင်ကြောင်း ပြောတာ ဖတ်ရတယ်..
ကျွန်တော်လေ့လာကြည့်သလောက် VPN တည်ဆောက်ဖို့
ကဏ္ဏ ၄ခု ကျွမ်းကျင်တဲ့သူတွေလိုတယ် ဆိုတာ သိရတယ် ..

1) Server Infrastructure
သုံးတဲ့သူတွေ Data တွေ ဖြတ်သန်းသွားလာနိုင်ဖို့
Server အလွယ်တကူတိုးချဲ့နိုင်ဖို့ ၊ သုံးစွဲသူတွေ
စီမံခန့်ခွဲ လမ်းကြောင်း ချပေးဖို့ Load Balancing တွေ
ပြင်ဆင်ရတယ် ..

Scalability လိုတယ် .. Virtualization အတွက်
Docker , VMs တွေသုံးပြီး ဆာဗာတွေကို စီမံခန့်ခွဲရတယ် ..
Speed ကောင်းကောင်း ရဖို့ ပ-စ်မှတ် နိုင်ငံနဲ့နီးနိုင်သမျှ
နီးတဲ့ Data Center တွေ (သို့) ကမ္ဘာ့အနှံမှာ ဆာဗာတွေ
Global Presence ထားနိုင်ရမယ်..

2) Cyber Security
VPN ဖြစ်တဲ့အတွက် လုံခြုံရေးပိုင်းက အရေးကြီးဆုံး
ဖြစ်လာတယ် .. Encryption, Authentication
ခိုင်မာအောင် လုပ်ရတယ် .. အသုံးပြုသူတွေရဲ့
Data တွေ ဆာဗာပေါ်မှာ မသိမ်းအောင်
Zero Logs Policy ဒီဇိုင်းဆွဲဖို့လိုတယ် ..
မြန်မာနိုင်ငံလို GFW တိုက်ရိုက်ထိုင်ထားပြီး
VPN သုံးတာကို ဆိုက်ဘာ ဥပဒေနဲ့ အရေးယူလို့
ရတဲ့နိုင်ငံမှာ Privacy နဲ့ Security က အသက်တမျှ
အရေးကြီးပြန်တယ် .. တခြားနိုင်ငံတွေထက် မြန်မာအတွက်
VPN တည်ဆောက်တာ စိန်ခေါ်မှု ပိုကြီးတယ် ..

GFW ရဲ့ အားနည်းချက်ကို ရှာဖွေနေဖို့ လိုသလို
VPN က Data leak ဖြစ်မဖြစ် အမြဲ စမ်းသပ်ပြီး
Vulnerabilities တွေ တောက်လျှောက် ရှာနေဖို့လိုတယ် ..

ဆက်လက်ဖတ်ရှရန် ..

https://www.facebook.com/share/p/1CQdASxy57/
14🥰3🤣1
ဒီနေ့ည အများပြည်သူသုံး ၊ တလရသုံး VPN တွေ စတင်မိတ်ဆက်မယ် ..
👍39
မြန်မာပြည်သူများနှင့် တလရဘက်တော်သားများ
အတွက် သီးသန့် ဒီဇိုင်းထုတ် ထားတဲ့
White Wine VPN နဲ့ Red Wine VPN လို့
ခေါ်တဲ့ VPN အမျိုးအစားသစ် နှစ်ခုကို
စတင် မိတ်ဆက်လိုက်ပါတယ် ..

White Wine VPN က Proxy Client
အမျိုးအစားဖြစ်ပြီး မိမိစိတ်ကြိုက်
config အမျိုးအစားများစွာ ထည့်သွင်း
အသုံးပြုနိုင်မှာ ဖြစ်ပြီး Red Wine VPN
ကတော့ မတူညီတဲ့ Architecture, Protocol,
Encryption နဲ့ဖန်တီးထားတဲ့ အဆင့်မြင့်
Premium VPN (Private )
အမျိုးအစားဖြစ်ပါတယ် ..

White Wine VPN မှာ User ပိုင်ဆိုင်တဲ့
ပုံမှန် ss, vmess, vless, hysteria2 စတဲ့
Opensource Config နဲ့ Subscription Links
တွေအပြင် Wolf Systems က သီးခြား
ထုတ်လုပ်ထားတဲ့ Umbrella Config,
Encryption Config, Special Config,
Super Config တွေလဲ ထည့်သွင်း
အသုံးပြုနိုင်ပါတယ် ..

VPN ရောင်းချသူတွေထံက ၀ယ်ယူလာတဲ့
Config Key တွေကိုလဲ White Wine VPN မှာ
ထည့်သွင်းအသုံးပြု ခြင်းအားဖြင့် လုံခြုံရေး
စိတ်ချရခြင်း ရှိမရှိ ပြသပေးပါ လိမ့်မယ် ..

ရုရှား ၊ အီရန် IP များ ဖြစ်သွားပါက
User ကို အလိုအလျောက် သတိပေးစနစ် ပါ၀င်တယ်..
Red Wine VPN မှာ White Wine VPN ထက်
အဆင့်မြင့်တဲ့ Security Features များ ၊ ပုံဖျက်
ကိုယ်ပျောက်စနစ် Stealth Mode, Heatbeat Mode,
Anomaly Detection များ အပြင်
ကမ္ဘာကျော် Premium VPN တွေမှာသာ
ပါလေ့ရှိတဲ့ Feature တွေ ထည့်သွင်းထားပါတယ် ..

ဒီ VPN နှစ်ခုစလုံးက Myanmar အတွက်
သီးသန့် Designated ထားတာ ဖြစ်ပါတယ် ..

VPN နှစ်ခုစလုံးမှာ Alpha Xray Core Protocol ကို
အသုံးပြုထားပြီး ISP Throttling , ISP IP Block ကို
အလိုအလျောက် ကျော်လွှားနိုင်တဲ့ နည်းပညာတွေ
အပြင် ပုံမှန် VPN တွေထက် ထူးခြားတဲ့ Feature တွေ
ပါရှိပါတယ် ..

ဆက်လက်ဖတ်ရှုရန် -

https://www.facebook.com/share/p/1CMhdpBQMB/
16👍8