တို့ဗမာစကားမှာ "မောင်မောင်ခေါ်တုန်း...'ဗျာ'ထူးပါ" ဆိုတဲ့ စကားရှိတယ်။ အခြေအနေကို သိ၊ အရိပ်အကဲကို ကြည့်၊ အချိန်အခါ ဆိုတာ ရှိတယ်။ အခွင့်ရယ်လို့ ကြုံလာရင် သိပ်ပြီး မူမနေနဲ့။ ကိုယ့်စိတ်ထဲ သဘောတွေ့နေတယ်ဆိုရင်၊ လက်ခံလိုက်....ဆိုတဲ့ သဘောကို လူမှုဓလေ့က ညွှန်ပြထားတဲ့သဘောပါ။ ဒီဘက်ခေတ်ကို ပြောရင် Timing ကို နားလည်ထားတဲ့သဘောပေါ့။ ဒါဟာ အချိန်အခါ ကျပြီ - မကျပြီဆိုတာကို နားလည်သဘောပေါက်ခြင်းပေါ့။
ဘဝမှာ ဒါတွေ လိုတယ်။ အချိန်အခါကို သိဖို့၊ အခွင့်အခါကို နားလည်ဖို့ လိုတယ်။ ဒါက အတန်းကျောင်းပညာရေးမှာ တိုက်ရိုက် သင်မပေးနိုင်ဘူး။ လူမှုဝန်းကျင်ဓလေ့က လမ်းပြတာကို ကိုယ်က ဘယ်လောက်ထိ အပ်အပ်စပ်စပ်ဖြစ်အောင် ယူသုံးနိုင်သလဲဆိုတဲ့ အပေါ် မူတည်တာ။ "မိုးရွာတုန်း ရေခံ" - "လသာတုန်း ဗိုင်းငင်" ဆိုတဲ့ စကားတွေလည်း ရှိတယ်။ ဒါက ကိုယ့်ရဲ့ အလုပ်၊ ကိုယ့်ရဲ့ နေထိုင်လုပ်ကိုင်မှုတွေဟာ ကိုယ့်ဝန်းကျင်နဲ့ ဆက်စပ်နေတယ်လို့ ပြောတာ။ "မိုးအစဉ် မရွာဘူး၊ စံပယ်တွေ အမြဲ မပွင့်ဘူး" လို့လည်း ပြောကြတယ်။ ပြောင်းလဲတတ်တဲ့သဘောတွေ ပါနေတယ်။ "ကံကြမ္မာလှည်းဘီးလို...." ဆိုတဲ့ ပမာပြုချက်လည်း ရှိတယ်။ တစ်လှည့်စီလာနေတတ်တယ်။ အကောင်းပြီးရင် အဆိုး ကြုံတတ်တယ်။ ဒါတွေဟာ ဗမာ့ဓလေ့မှာ၊ ကျနော်တို့ကို အမှုမဲ့ အမှတ်မဲ့ မနေဖို့ သင်ကြားပေးတဲ့ ဆိုရိုးတွေပဲ။
ကျနော်တို့ဟာ အမှုမဲ့ အမှတ်မဲ့နေလို့ မရဘူး။ ကျနော်တို့ဟာ အခြေအနေကို ကြည့်ပြီး ရပ်တည်ရှင်သန်ရတယ်။ ဥတုရာသီကိုလည်း ကြည့်ရတယ်၊ ဝန်းကျင်ကိုလည်း ကြည့်ရတယ်။ ဒါဟာ ဒီကိစ္စကို လုပ်သင့်တဲ့အချိန် ဟုတ် - မဟုတ်ဆိုတာလည်း ကျနော်တို့က စဉ်းစားရတယ်။ အခုလို အခြေအနေမျိုးဆိုရင် ပိုပြီး ဂရုစိုက်ရမှာပေါ့။ အသွားအလာက အစ သတိထားရတယ်။ ညဘက်အပြင်ထွက်တာကအစ စဉ်းစားရပြီ။ ကိုယ်ဟာ ဒီအလုပ်ကို စတင်သင့် - မစတင်သင့်ဆိုတာကို သေချာလေ့လာစူးစမ်းခါမှ တော်ကာကျမယ်။ အချိန်အခါကို နားမလည်ဘဲ စွတ်စွက်လုပ်လိုက်ရင်၊ "သဲထဲရေသွန်" ဖြစ်သွားနိုင်တယ်။ ကျနော်တို့ ဗမာ့ဓလေ့က ကျနော်တို့ကို စဉ်းစားတတ်ဖို့၊ ချင့်ချိန်တတ်ဖို့၊ အခြေအနေကို ကြည့်တတ်ဖို့၊ အခင်းအကျင်းကို နားလည်သဘောပေါက်ဖို့၊ ဥတုရာသီတဲ့ သဘောကို နားလည်ဖို့ လမ်းပြထားပြီးသားပါ။
ဒီနေရာမှာ ဥတုရာသီလို့ ပြောရင်၊ အခုတော့ နိုင်ငံရေးရာသီဥတုကိစ္စကို ထည့်ပြောရမယ်။ အုပ်ချုပ်နေတဲ့ အကောင်တွေ၊ အကောင်မတွေက ဘယ်သူတွေလဲဆိုတာ နားလည်သဘောပေါက်အောင် လုပ်ရတယ်။ ဒီဘက်ခေတ်မှာ ကြိုက်ခြင်း - မကြိုက်ခြင်းတွေကို အပထား၊ "နီးရာဓား ကြောက်ရတဲ့ခေတ်" မဟုတ်လား။ အဲသည့်တော့၊ ဘယ်ဓားက နီးသလဲဆိုတာကို နားလည်ရတယ်။ သို့မဟုတ်ရင်တော့ "နဂါးတို့ မျက်စောင်း အကြောင်းမရွေးဘူး" ဆိုပြီး၊ မျိုးတွေ ကန်းကုန်မှဖြင့် ဒုက္ခ။ အားလုံးက လက်နက်ကိုယ်စီ။ ခါးမှာ ဗျောက်ချိတ်ထားရတာကို ဝင့်ကြွားနေတဲ့ ခေတ်။ အညာဗမာဒေသမှာဆိုရင် ပိုဆိုးတာပေါ့။ ယခင်တုန်းက မိုဘိုင်းဖုန်းတွေ စကိုင်ချိန်တုန်းက၊ ဖုန်းကို ခါးချိတ်ပြီး ရွာထဲ ပတ်ရတာက သိပ်ဝင့်ကြွားစရာလေ။ အခုလည်း အတိုကို ခါးမှာ ချိတ်ပြီး ရွာထဲ ပတ်ရတာက သိပ်ဂုဏ်ယူစရာပေါ့။ တန်ဖိုးတွေရဲ့ အပြောင်းအလဲက ဒီလိုဒီလိုဖြစ်ကုန်ကြပြီကွယ်ရို့.....။
ထားပါ။ ဒါဟာ အခြေအနေတွေ၊ အခင်းအကျင်းတွေ၊ အသွင်သဏ္ဍာန်တွေက ဒီလို ဒီလိုဖြစ်နေကြပြီဆိုတာကို အသက်ကို ရင်းထားရတဲ့ အောက်ခြေပြည်သူလူထုက နားလည်ကြပါတယ်။ မြို့လည်း မြို့ပေါ် အလျောက်၊ တောလည်း တောအလျောက်ပေါ့ဗျာ။
"အရိပ်သုံးပါး နားမလည်တဲ့ ဂျီသူငယ် ကျားစာဖြစ်တတ်တယ်" ဆိုတဲ့ စကားလည်း ရှိသဗျ။ ဗမာတို့ခမြာ ဂျီသူငယ်လို မျက်စိသူငယ်နားသူငယ်နဲ့ အရိပ်အကဲကြည့်နေရတဲ့ ဘဝမျိုးကို ပြန်ရောက်ကြရရှာလေတယ်။ ဟိုလူ့ကြောက်ရ၊ ဒီလူ့ကြောက်ရတဲ့ခေတ်ကို ပြန်ရောက်ရရှာလေတယ်။ တဂိုးရဲ့ ဂီတဉ္ဇလီ (ကဗျာ အမှတ် ၃၅) မှာ - တဂိုးက အခုလို စပ်ဆိုတယ်။
• ကြောက်ရွံ့ခြင်းကင်းစွာ ဦးခေါင်းကို မော်၍ ထားနိုင်သော၊ အသိတရားရှာရာတွင် လွတ်လပ်သော၊ အချင်းချင်း မကြင်မနာ ကျဉ်းမြောင်းသေးသိမ်ခြင်း မရှိသော၊ မှန်သော စကားကို ဆိုသော၊ မလျော့သော ဇွဲလုံ့လဖြင့် ချီတက်လျက်ရှိသော၊ သတိသမ္ပဇဉ်ရှိသော၊ အတွေးအခေါ်ကျယ်ပြန့်မျှတသော အကြင်အရပ်၌ အကျွန်ုပ်၏ နိုင်ငံသည် နိုးထပွင့်လန်းပါစေသတည်း….။ တဲ့။

ဗမာတို့ခမြာ ဘယ်လောက်ပဲ အခြေအနေနဲ့ အချိန်အခါကို သိတတ်သောဉာဏ်ရှိသည် ဖြစ်စေ၊ လက်ရှိအချိန်မှာ ဦးခေါင်းကို မော်၍ မထားနိုင်ကြပါဘူး။ ဗမာတို့ ဦးခေါင်းကား ငိုက်စိုက်ကျလျက်.....။ ထို့နောက် ကျဉ်းမြောင်းသော၊ သေးသိမ်သော၊ ရိုင်းစိုင်းသော၊ ကြမ်းတမ်းသော လူအုပ်ကြီးကြားတွင် မျက်စိသူငယ်နားသူငယ်ဘဝဖြင့်... ရှင်သန်ရုန်းကန်နေကြပါလေရဲ့။ ဒါဟာ ဘယ်သူ့ကြောင့်လဲ၊ ဘယ်ဝါ့ကြောင့်လဲဆိုတာကို ရိုးစွပ်နေရင်တော့ - ဤအခြင်းအရာသည် သက်ဆိုးရှည်နေလေမှာ မုချပါပဲ။ ဥပါဒါန်အစွဲ အားကြီးတဲ့ ဗမာတွေဆီကို ငရဲက ယူဆောင်လာပြီ။ လောလောဆယ်အားဖြင့်တော့ ဗမာတို့ဟာ ငရဲအတိ မကျရောက်သေးပါဘူး။ ဗမာတို့ဟာ လောလောဆယ် အသူရကယ်ဘုံကို ရောက်နေတာပါ။ ဆိုလိုချင်တာက ဆင်းရဲခြင်း တစ်လှည့် - ချမ်းသာခြင်းတစ်လှည့်နဲ့ နေထိုင်ကြရတဲ့အမျိုးပါ။ အသူရကယ်ဘုံကို နေ့ခံ - ညစံ လို့ ပြောတယ် မဟုတ်လား။ တချို့လည်း နေ့စံ - ညခံ ပေါ့လေ။ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။
လူတွေဟာ ရုန်းကန်နေရချိန်မှာ၊ ငရဲလိုပဲ ခံနေရတယ်။ စားသောက်ချိန်မှာတော့ စည်းစိမ်ပေါ့လေ။ ဒါပေမယ့် တချို့ကတော့ စားနေရပေမယ့် နောက်ကျောမလုံဘူး။ စိတ်မလုံဘူး။ တချို့က အိပ်နေရပေမယ့် အိပ်လို့ မပျော်ဘူး။ စိတ်မလုံခြုံဘူး။ ခြောက်ခြားနေတယ်။ ဒါဟာ အသူရကယ်ဘုံအနုစားမှာ ကျင်လည်နေကြရတဲ့ သက်သေပဲ။
ဗမာတို့ လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ နေပျော်လာဖို့ လိုပါတယ်။ အဲသည့်လို နေပျော်တဲ့ ဝန်းကျင်ဖြစ်ဖို့အတွက်ဆိုရင် သူ့ဘက် ငါ့ဘက်တွေ ခွဲနေသရွေ့ တိုင်းပြည်ဟာ မငြိမ်းချမ်းဘူး၊ မသာယာဘူး။ တစ်ယောက်နဲ့ တစ်ယောက် - တစ်ဇောင်းနဲ့ မျက်ချေးဖြစ်နေသရွေ့ ဗမာတို့ဝန်းကျင်ဟာ မသာယာဘူး။ မအေးချမ်းဘူး။ စားတော့ စားရတယ်။ ဒါပေမယ့် မြိုမကျဘူး ဖြစ်နေမယ်။ အိပ်တော့ အိပ်ရတယ်။ ဒါပေမယ့် အိပ်ရေးမဝဘူး ဖြစ်နေမယ်။ စိတ်မှာ ကြောင့်ကြတွေ ကင်းပြီးနေနိုင်ဖို့၊ တစ်ဦးချင်းအနေနဲ့လည်း နည်းလမ်းရှာရမယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံးကလည်း ကြိုးစားအားထုတ်ရမယ်။
တစ်ခုတည်းသောဇာတ်ပြောတွေက သိပ်ကို ကြီးစိုးလွန်းတယ်။ တစ်ကြောင်းစွဲဇာတ်လမ်းတွေဟာ တို့ဗမာ့လူ့အဖွဲ့အစည်းကို ချောင်ထဲ တွန်းဖို့၊ ချောက်ထဲ တွန်းချနေတာပါ။
လူ့သဘာဝကို မြင်အောင် ကြည့်သင့်တယ်။
လူတွေဟာ ဖောက်ပြန်တတ်တယ်။
လူတွေဟာ အာဏာရစ်မူးတတ်တယ်။
လူတွေဟာ အတ္တကြီးတတ်တယ်။
လူတွေဟာ ငါတကောကောတတ်တယ်။
လူတွေဟာ တဇောက်ကန်းဉာဉ် ရှိတယ်။
အရာရာကို လှေနံဓားထစ်ယူသော်၊ ဗမာတို့ ထပ်မံ ပျက်စီးအံ့လို့၊ ဟောကိန်း ထုတ်ရမလို ဖြစ်နေပါပြီ။

ဒီတစ်ခါ ဖြစ်လာမယ့် ရွေးကောက်ပွဲမှာ၊ တရုတ်ဘက်ကရော - ရုရှားဘက်ကရော မြန်မာစစ်ကောင်စီကို ကူညီမယ်လို့ ပြောတယ်။ ၂၀၂၂ လောက်တုန်းက NUG ဦးဆောင်ပြီး လုပ်ခဲ့တဲ့ "အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကမ်ပိန်း" လိုမျိုး၊ ၂၀၂၅ မှာ ကျင်းပနိုင်ချေရှိတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်လာနိုင်ချေ ရှိသလား။ သေချာတာတစ်ခုကတော့ အန်ယူဂျီဟာ စစ်ကောင်စီက ကြီးမှူးပြီး ကျင်းပမယ့် ရွေးကောက်ပွဲကို မူအားဖြင့် ဆန့်ကျင်ထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါကို ဘယ်လောက်အထိ ကျယ်ကျယ်လောင်လောင်ဖြစ်အောင် လုပ်နိုင်သလဲ။ ဘယ်လောက်အထိ ကျယ်ကျယ်လောင်လောင်ဖြစ်အောင် လုပ်မှာလဲဆိုတာက အဓိက ဖြစ်နိုင်ပါတယ်။ သေချာတာတစ်ခုကတော့ - အန်ယူဂျီဟာ စစ်ကောင်စီကကြီးမှူးကျင်းပမယ့် ရွေးကောက်ပွဲကို မူအားဖြင့် ဆန့်ကျင်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ သိမ်မွေ့မှု မရှိဘဲနဲ့ aggressive နည်းနဲ့ တုံ့ပြန်တယ်ဆိုရင် အဲသည့်ရဲ့ ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါတယ်။ အဲသည့် ဘေးထွက်ဆိုးကျိုးဟာ အနောက်နိုင်ငံအသိုင်းအဝိုင်းကနေ ပေးတဲ့ ဘေးထွက်ဆိုးကျိုးဆိုတာထက် - တရုတ်က ပေးတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်ပါတယ်။ အခုအချိန်မှာ မြေပြင် မဲပေးမှုတွေထက် နည်းပညာအကူအညီနဲ့ အွန်လိုင်းမဲပေးစနစ်တွေဖြစ်လာအောင် တရုတ်ဘက်ကနေ နည်းပညာအားဖြင့် ကျော်လွှားနိုင်ဖို့၊ အကူအညီပေးတဲ့ စဉ်းစားချက်တွေ ရှိနေပါတယ်။ ဒါက ခပ်စောစောကတည်းက ဖြစ်နေတဲ့ကိစ္စလို့လည်း နားလည်ရပါတယ်။
၂၀၂၅ ခုနှစ်မှာ အဓိက အခြင်းအရာ (၃) ခုကို မြင်နေရပါတယ်။
၁။ စစ်ကောင်စီတွေနဲ့ စစ်နိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား bilateral ညှိနှိုင်းမှုတွေ ခပ်စိပ်စိပ် ရှိလာနိုင်တာ။ (ဒါကလည်း တချို့က ပေါ်ပေါ်ထင်ထင်ပြလိမ့်မယ်၊ တချို့ကတော့ အတွင်းမှာ ကြိတ်တိုးလေး ညှိတာမျိုးတွေ ရှိနေမယ်)
၂။ တရုတ်ဟာ - လုံခြုံရေးလက်နက်ကိုင်ကုမ္ပဏီတွေကို သုံးပြီးတော့ မြန်မာ့အရေးမှာ mediation role ကို တစ်ဆင့်မြင့်လာနိုင်မယ့်အနေထားကို ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်ရနိုင်ချေ ရှိပါတယ်။
၃။ စစ်ကောင်စီက ကြီးမှူးမယ့် ရွေးကောက်ပွဲကို အွန်လိုင်းအင်တာနက်နည်းပညာတွေနဲ့ ကျော်လွှားပြီး၊ နိုင်ငံရေးအရ legitimacy ယူပြီး ရှေ့တိုး ဝက်အူရစ်တင်းမယ့်ကိစ္စဖြစ်ပါတယ်။
တကယ်တမ်းပြောရရင်၊ လောလောဆယ်နားလည်ရသလောက် အန်ယူဂျီမှာ ဒီအခြင်းအရာ (၃) ခုနဲ့ပတ်သက်ပြီး မဟာဗျူဟာကျကျ ချည်းကပ် လျှောက်လှမ်း တုံ့ပြန်မယ့် နည်းနာ မရှိပါဘူး။ ပွဲနီးမှ၊ တစ်ပွဲတိုးနည်းတွေနဲ့ လက်ပူတိုက် တုံ့ပြန်တာမျိုး လုပ်တတ်တာ အန်ယူဂျီရဲ့ သဘာဝတစ်ခုလို ဖြစ်လာနေပါပြီ။ ဆေးမြီးတိုနည်းတွေ၊ ရမ်းကုနည်းတွေနဲ့ တုံ့ပြန်တာမျိုးဟာ အလုပ်မဖြစ်တော့ပါဘူး။ စစ်ကောင်စီက ဘာလုပ်လုပ် ဆန့်ကျင်မယ်၊ ကန့်ကွက်မယ်ဆိုတဲ့ လူပိန်းအတိုက်အခံနိုင်ငံရေးနည်းနဲ့ ချည်းကပ်ရုံနဲ့ မလုံလောက်တော့ပါဘူး။ aggressive ဆန်ဆန် တုံ့ပြန်တဲ့သဘောနဲ့ ငါ့တို့ နယ်တွေမှာ ရွေးကောက်ပွဲလုပ်ရဲ လုပ်ကြည့်လေ...ဆိုတဲ့ လူမိုက်နည်းနဲ့လည်း တုံ့ပြန်နိုင်ဖို့ သိပ်မလွယ်တော့ပါဘူး။ အဲသည့်နေရာမှာ နည်းပညာအကူအညီနဲ့ ကျော်ဖို့ လွှားဖို့ စစ်ကောင်စီက တတ်နိုင်နေမယ့်သဘောဖြစ်ပါတယ်။ ဒါ့အပြင် ယခုအချိန်မှာ ပြောလို့ ရနိုင်တာက မြန်မာစစ်ကောင်စီက initiative role မှာ ရှိနေပါတယ်။ အဲဒါကို အန်ယူဂျီက လိုက်ပါ ဖြည်ထုတ် ကောက်သင်းလိုက်ကောက်ပြီး တုံ့ပြန်နေတာပါ။ ဆန်စင်ရာ ကျည်ပွေ့လိုက်သလို ဖြစ်နေလို့ လက်တွေ့မှာ အသုံးမတည့်ပါဘူး။ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်သားစုဆောင်းရေးတွေကို လုပ်တယ်။ အန်ယူဂျီက နိုင်ငံရေးသိက္ခာမကျအောင်ပဲ တုံ့ပြန်ဆောင်ရွက်နိုင်တဲ့သဘောရှိပါတယ်။ လက်တွေ့ မတုံ့ပြန်နိုင်ပါ။ စစ်မှုထမ်းဥပဒေကို လက်တွေ့ အကာအကွယ်ပေးနိုင်စွမ်း ရှိမနေပါဘူး။ ထိုနည်းလည်းကောင်း တရုတ်နဲ့ စစ်ကောင်စီ ပေါင်းပြီးတော့ တရုတ်လုံခြုံရေးလက်နက်ကိုင်အဖွဲ့တွေကို မြန်မာ့မြေပေါ်မှာ ကာယကံမြောက်သယ်လာမယ့်ကိစ္စက တဖြည်းဖြည်း ဝက်အူရစ်တင်းလာနေပါပြီ။ ဒါဟာ တရုတ်ဘက်က ကြည့်ရင် သူ့အကျိုးစီးပွားကို ကာကွယ်ရာလည်း ရောက်သလို၊ တရုတ်က နိုင်ငံရေးနည်း၊ သံတမန်နည်းနဲ့ Mediation ဝင်နေတဲ့ကိစ္စကို - လက်နက်ကိုင်တပ်ဖွဲ့ကို သွယ်ဝိုက်သောနည်းအားဖြင့် သုံးပြီး လက်တွေက mediation ဝင်တဲ့သဘောလည်းဖြစ်နေပါတယ်။ နောက်ပြီးတော့ စစ်ကောင်စီကနေ ရုရှားစစ်တပ်နဲ့ နီးနီးကပ်ကပ် ပူးပေါင်းနေမှုကို တန်ပြန်ဟန့်တားရာလည်းဖြစ်နေတဲ့အတွက် တရုတ်အတွက် multi-purpose ဖြစ်တယ်လို့ပြောနိုင်ပါတယ်။

အန်ယူဂျီဟာ - ဆန်စင်ရာ ကျည်ပွေ့လိုက်သလို၊ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို တန်ပြန်နေတာတွေ့ရပါတယ်။ အဲဒါဟာ မထိရောက်ပါ။ တွင်လည်း မတွင်ကျယ်ပါဘူး။ လောလောဆယ်အခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ EROs တွေရဲ့ အခန်းကဏ္ဍကိုသာ နှုတ်လိုက်ရင်၊ အန်ယူဂျီက အခွံပဲ ကျန်တော့မယ်အနေအထားဖြစ်ပါတယ်။ အဲသည့်လို မဖြစ်အောင်လည်း တိုင်းရင်းသားမဟာမိတ်ဆက်ဆံရေးကို ကျစ်လစ်သထက် ကျစ်လစ်အောင် ၊ ခိုင်မြဲသထက် ခိုင်မြဲအောင် လုပ်ရမှာဖြစ်ပါတယ်။ အဲသည့်လို မလုပ်နိုင်ရင် အန်ယူဂျီဟာ - ၁၉၈၈ ခုနှစ်တုန်းက ပေါ်ပေါက်ခဲ့တဲ့ ဒေါက်တာစိန်ဝင်းရဲ့ အစိုးရအဖွဲ့ - NCGUB အဖွဲ့လို့ အဝေးရောက်ညွန့်ပေါင်းအစိုးရဖြစ်သွားနိုင်ချေ ရှိနေပါတယ်။ NCGUB ဟာ အဖျားရှူးသွားခဲ့တယ်။ အန်ယူဂျီရဲ့ မဟာမိတ်ဆက်ဆံရေးစေးကပ်မှုက ဒီလောက်နဲ့ မရပါဘူး။ အပိုင်ကပ်တွယ်ထားနိုင်တဲ့ မဟာမိတ်ဆက်ဆံရေးကို မတည်ဆောက်နိုင်ဘူးဆိုရင် - အန်ယူဂျီဟာ အသံသာရှိပြီး အဆန်မရှိဖြစ်နိုင်ပါတယ်။ ဒါကို ကြိုတင် ချင့်တွက်ပြီး၊ ပြတ်ပြတ်သားသားနဲ့ ခြေစုံရပ် လုပ်ဆောင်ရမယ့်ကိစ္စတွေကို ပြတ်ပြတ်သားသား လုပ်ရမှာ ဖြစ်ပါတယ်။
ကရင်နဲ့လား၊ ကချင်နဲ့လည်း၊ ချင်းနဲ့လည်း၊ ကရင်နီနဲ့လား။ သို့တည်းမဟုတ် အားလုံးနဲ့လား။
သမင်မွေးရင်း ကျားစားရင်း ဖြစ်လို့ မရပါဘူး။
အိတ်ပေါက်နဲ့ ဖားကောက်လို့ မရပါဘူး။
ဆန်စင်ရာ ကျည်ပွေ့လိုက်နေသလို လုပ်လို့ မရပါဘူး။
လောလောဆယ်အားဖြင့် လမ်းဆုံလမ်းခွကို ရောက်နေချိန်ဖြစ်ပါတယ်။ ဒါ့အပြင် အချိုးအကွေ့ဟာ တစ်တောင်ဆစ်ချိုး အကွေ့ဖြစ်သလို၊ အဆင်းလမ်းဖြစ်နေပါတယ်။ စီယာတိုင်မနိုင်ဘူး၊ ဘရိတ်မနိုင်ဘူး၊ ဂီယာကို ပြောင်းပြီး မထိုးဘူးဆိုရင်တော့ တစ်တောင်ဆစ်ချိုးအကွေ့မှာ ချောက်ထဲ ထိုးကျနိုင်ပါတယ်။ ဒါဟာ အရေးကြီးပါတယ်။ မဟာမိတ်ဆက်ဆံရေးဟာ အွန်လိုင်းကနေ တည်ဆောက်လို့ မရဘူး။ အန်ယူဂျီဟာ - NCGUB ကို သင်ခန်းစာ ယူသင့်တယ်။ အန်ယူဂျီဟာ အဖျားရှူးမသွားအောင် ကြိုးစားရမှာဖြစ်ပါတယ်။
မဟာမိတ်ဆက်ဆံရေးကိစ္စဟာ - အန်ယူဂျီရဲ့ အနာဂတ်နဲ့အဓိက ပတ်သက်နေပါတယ်။ ဒါကို မလုပ်ရင်၊ ရေရှည် မလွယ်ဘူး။ မဟာမိတ်ဆက်ဆံရေးမှာ၊ လက်တွေ့ ကာယံကံမြောက် ခြေစုံရပ်ထားတာလို့ EROs တွေက မယုံကြည်ဘူးဆိုရင်၊ ဖြစ်လွယ်ပျက်လွယ်ဖြစ်နိုင်ပါတယ်။ မြန်မာတို့ရဲ့သဘောက အားနာတတ်တယ်။ မျက်နှာနာရင် ငဲ့တတ်ကြတယ်။ လူကိုယ်တိုင် မျက်နှာမမြင်ရတာ ကြာရင်တော့ မျက်နှာလည်း နာတတ်တော့မှာ မဟုတ်တော့ပါဘူး။ ငဲ့လည်း မငဲ့တော့ပါဘူး။ ဒါ့ကြောင့် လက်တွေ့ကာယကံမြောက် မြေပြင်ရှိနေနိုင်ရေးဟာ အင်မတန် အရေးကြီးပါတယ်။
နောက်တစ်ခုက တရုတ်ဖြစ်ပါတယ်။ တရုတ်ကို မျက်စိဆံပင်မွှေးစူးအောင် လုပ်တဲ့ဖြစ်ရပ်တွေ အမြောက်အမြား ရှိနေပြီဖြစ်ပါတယ်။ အခုလည်း အဲသည့်လို ဆက်လက် ရှိနေလိမ့်အုံးမယ်။ တရုတ်ကို အန်ယူဂျီက ဆွဲဆောင်စည်းရုံးမှု မလုပ်နိုင်တာက - တရုတ်မျက်စိဆံပင်မွှေးစူးစရာ ကိစ္စတွေကို မရှောင်ကြဉ်နိုင်ခြင်းက အဓိက အချက်အနေနဲ့ပါဝင်ပါတယ်။ အထူးသဖြင့် ပြည်သူလူထုကို တရုတ်နဲ့ပတ်သက်ပြီး သဘောထားကို နဂိုမှာကတည်းက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ကြည်ကြည်လင်လင် မပေးနိုင်ဘဲ၊ လူထုရဲ့ ဆန္ဒသဘောထားသာဖြစ်တယ်ဆိုတဲ့ နည်းနဲ့ ရောချတာဟာ အားနည်းချက်ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၁ - ၂၀၂၂ လောက်မှာ မသိသာသေးပေမယ့် ယခု ၂၀၂၄ မှာ သိသာလာပါပြီ။ ဘေဂျင်းအစိုးရက တိုက်ရိုက်စောင့်ကြည့်လာရတဲ့အနေအထားမှာ ရှိနေပါတယ်။ အန်ယူဂျီရဲ့ တရုတ်နိုင်ငံဆိုင်ရာနိုင်ငံခြားရေးသဘောထားဟာ "အလာကောင်းပေမယ့် အခါနှောင်းခဲ့လေခြင်း" ဟာ၊ စစ်ကောင်စီအတွက် မဟာအသက်ရှုပေါက်ကို ရရှိစေခဲ့ပါတယ်။ ယခုလည်း အဲသည့်အခြင်းအရာကို မြင်နေရပါတယ်။
လက်ရှိ အန်ယူဂျီအစိုးရဟာ - နိုင်ငံရေးတစ်တောင်ဆစ်ချိုးကွေ့ဆင်းလမ်းကို ရောက်နေပါတယ်။ စီယာတိုင်ကိုင်တာ မကျွမ်းကျင်ရင်၊ ဂီယာကို ပြောင်းပြီး မထိုးနိုင်ရင်၊ ဘရိတ်နဲ့ မထိန်းနိုင်ရင် ..... ချောက်ထဲ ထိုးဆင်းနိုင်ပါတယ်။
အေးအေးလေးလေးနဲ့ မရပါဘူး။
မြန်ရမယ်၊ ထိရောက်ရမယ်၊ အလုပ်ဖြစ်ရမယ်။
ဒါက အရေးကြီးတယ်လို့ ထင်ပါတယ်။
NUG အဖျားရှူးလို့ မရ။
တစ်တောင်ဆစ်ချိုး။
အကွေ့။
အဆင်းလမ်း။
ချောက်ရှိသည်၊ သတိ။
မင်းသေ့
၄ ဒီဇင်ဘာ ၂၀၂၄

မြန်မာလို ပြုစုထားတဲ့ ဘောဂဗေဒအခြေခံသင်ရိုးထဲမှာ ဒီနှစ်ခုက အတော်ကြီး ကောင်းလွန်းလို့ မျှဝေပေးလိုက်ပါတယ်။ ဆရာကိုင်နဲ့ ကျောင်းသားကိုင် (၂) အုပ်ပါ။
နိုင်ငံရေးဆောင်းပါးတွေ ရေးတဲ့အခါမှာ အရေးတကြီး ထည့်စဉ်းစားရမယ့်အရာတွေ အများကြီး ရှိတယ်။ တချို့ကိုတော့ ခပ်စောစောပိုင်းက ရေးခဲ့ဖူးတာ ရှိတယ်။ အခုတော့ နည်းနည်း ထပ်ရေးချင်ပါတယ်။
⦿ ၁။ ဖတ်မယ့်သူကို သိပါ
[Know Your Audience] လို့ ပြောချင်ပါတယ်။ ကိုယ့်ဆောင်းပါးကို ဘယ်သူက ဖတ်မှာလဲ။ ဖတ်ချင်တဲ့သူ ဖတ်ကြပါစေကွာ...ဆိုတာက သိပ်ကို ယေဘုယျဆန်လွန်းတယ်။ ပရော်ဖက်ရှင်နယ်ကို သွားတဲ့သူက အဲသည့်လို လုပ်လို့ မရဘူး။ နိုင်ငံရေးဆောင်းပါးတွေကို သာမန်ဝါသနာအဆင့် ရေးနေရင်တော့ ကိစ္စ မရှိဘူး။ လက်သွေးတဲ့အနေနဲ့ ရေးရင်လည်း သိပ်ပြောစရာ မလိုပါဘူး။ ဒါပေမယ့် ပေမှီဒေါက်မှီ ရှိလာတဲ့ ပရောက်ဖက်ရှင်နယ်စာရေးသမားတစ်ယောက်အတွက်ကတော့ ဖတ်မယ့်သူကို နားလည်ဖို့ အင်မတန် အရေးကြီးတယ်။ ကိုယ်ရေးလိုက်တဲ့ နိုင်ငံရေးဆောင်းပါးဟာ ဘယ် audience ကို ပစ်မှတ်ထားပြီး ရေးတာလဲဆိုတာကို ဂ-ဃ-န-ဏ နားလည်သဘောပေါက်ရမယ်။
ဘယ်နယ်က လူတွေလဲ၊ ဘယ်နေရာဒေသက လူတွေလဲ၊ သူတို့က ဘယ်လို အယူအဆမျိုးတွေကို နားလည်လက်ခံထားတာလဲ၊ သူတို့ရဲ့ သိနားလည်နိုင်စွမ်း ဒီဂရီက ဘယ်လောက်အတိုင်းအတာလဲ။ သူတို့ လိုချင်တာက ဘာလဲ၊ သူတို့ မလိုချင်တာက ဘာလဲ။ သူတို့ ကြိုက်တတ်တာတွေက ဘာတွေလဲ၊ သူတို့ မကြိုက်တာတွေက ဘာတွေလဲ။ သူတို့ဟာ ဘယ်လိုတွေဆိုရင် သဘောခွေ့တတ်သလဲ၊ ဘယ်လိုတွေဆိုရင်တော့ အင်မတန် ခါးခါးသီးသီးဖြစ်တတ်တယ် ဆိုတာကို သေချာနားလည်ဖို့ လိုတယ်။
နောက်ထပ် နားလည်ဖို့က general audience ဖတ်ဖို့လား။ စိတ်ဝင်စားတဲ့သူတွေ ဖတ်ဖို့လား။ သို့မဟုတ် သက်ဆိုင်ရာ ပါဝင်ပတ်သက်နေသူတွေ၊ မိတ်ကာတွေ - ရှိတ်ကာတွေဖတ်ဖို့လား။ ဒါကို သေချာ ချင့်တွက်ရမယ်။ ဒါ့ကြောင့် ဒါကို [Know Your Audience] လို့ ပြောတာဖြစ်ပါတယ်။
⦿ ၂။ ဆွာနေတဲ့အသံတွေကို နားလည်စမ်းပါ
[Active Voice] လို့ ပြောချင်ပါတယ်။ သမားရိုးကျ ရေးထုံးမှာတော့ - Active Voice ဖြစ်နေတဲ့ အသံတွေကို ထည့်ရေးပါလို့ တိုက်တွန်းလိမ့်မယ်။ ကျနော်ကတော့ အဲသည့်လို မဟုတ်ဘူး။ Active Voice ကို သိရမယ်၊ Active Voice ဆိုတာကို နားလည်ရမယ်။ လောလောဆယ် အခြေအနေမှာ နိုင်ငံရေးအခင်းအကျင်းမှာ ဘယ်လို အကြောင်းအရာမျိုးတွေ၊ ဘယ်လို အယူအဆမျိုးတွေ၊ ဘယ်လို လေသံမျိုးတွေက Active Voice ဖြစ်နေသလဲဆိုတာကို သေချာ နားလည်သဘောပေါက်ရမယ်။
ကိုယ်က နိုင်ငံရေးဆောင်းပါးတစ်ပုဒ်ကို ရေးတဲ့အခါ အကြမ်းဖျင်း စဉ်းစားရမှာ ရှိတယ်။ အဲသည့် Active Voice ကို ဘယ်လို သုံးမလဲ။ လွတ်လပ်စွာ သုံးလို့ ရတယ်။ လွတ်လပ်စွာ play ခွင့် ရှိတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်က လူ့အဖွဲ့အစည်းထဲမှာ လွှမ်းနေတဲ့ အသံကို လှုပ်ချင်တာကိုး။ ဒါမှမဟုတ် ပြောင်းချင်တာလား။ ဒါမှမဟုတ် ဖောက်ထွက်ပြီး မြင်နိုင်စွမ်း ရှိအောင် လုံ့လထုတ်ချင်တာလား။ လွတ်လပ်စွာ လုပ်လို့ ရပါတယ်။ ဒါ့ကြောင့် Active Voice ဆိုတာကို နားလည်ရမယ်လို့ ပြောတာဖြစ်တယ်။ နိုင်ငံရေးအခင်းအကျင်းထဲမှာ ဖြစ်နေတဲ့ Active Voice ကို ငြင်းလို့ ရတယ်၊ ထောက်ကန်ပေးလို့ ရတယ်။ တခြားသော alternative လမ်းကြောင်းကိုလည်း ဆွဲခေါ်လို့ ရနိုင်တယ်။ ဒီရှုဒေါင့်ကနေ ကြည့်ရင်လည်း ဒီလိုမြင်နိုင်တယ်ဆိုတာမျိုး ပြလို့ ရတယ်။ အသံတွေရဲ့ နှပ်ကြောင်းပေးမှုအတိုင်း လိုက်နင်းရေးရင်တော့ လွယ်ပါတယ်။
စာရေးတဲ့သူ အတော်များများက ရေစီးအတိုင်း လိုက်တာပဲ များတယ်။ ရေစီးကို ဆန်တက်လှော်ခတ်တဲ့သူ ရှားတယ်။ ဒီတော့ ခင်ဗျားလည်း ရေးမယ်ဆိုရင် ၊ ဘယ်လို ရေးမလဲ။ ဆန်တက်မလား။ စုန်ဆင်းမလား။ မျှောလိုက်မလား။
⦿ ၃။ တည်,မှတ် မလွဲစေနဲ့
[Summarize Key Points] လို့ ပြောချင်ပါတယ်။ Key Points လို့ခေါ်တဲ့ အဓိက အချက်တွေကို အနှစ်ချုပ်ပေးဖို့၊ ဒါမှမဟုတ် အကျဉ်းမျှ recap လုပ်ပေးဖို့ လိုတယ်။ ကိုယ်ရေးတဲ့ နိုင်ငံရေးဆောင်းပါးဟာ ဆိုလိုရင်းကို လွတ်လို့ မရဘူး။ ပြောချင်တာတွေလည်း သိပ်များပြားလွန်းတာ မဖြစ်ရဘူး။ အကြောင်းအရာတွေကို မလွတ်ချင်ဇောနဲ့ လိုတယ်ထင်တာတွေချည်းပဲ လျှောက်ထည့်ရေးနေရင် - ရေးရင်းနဲ့ ကားသွားမယ်။ ဆောင်းပါးရေးရင် မကားစေရဘူး။ compact ဖြစ်ရမယ်။ ဖွာမနေရဘူး။ ကျစ်သင့်တာကို ကျစ်စေရမယ်။ ချဲ့သင့်တာကို ချဲ့ကားရမယ်။ ဆက်စပ်ပေးသင့်တာကို ဆက်စပ်ရမယ်။ ဗဟိုပြုသင့်တာကို တည်,မှတ်လွဲလို့ မရဘူး။ ပြောချင်တာတွေချည်းပဲ စွတ်ရေးနေရင် ဖောင်းပွသွားမယ်။
ငွေကြေးဖောင်းပွတယ်လို့ ရှိတယ် မဟုတ်လား။ ဖောင်းပွတဲ့ ငွေကြေးဆိုတာဟာ တန်ဖိုး ယုတ်လျော့သလို၊ ဖောင်းပွတဲ့ အကြောင်းအရာတွေကလည်း တန်ဖိုးကျတတ်တယ်။ အထူးသဖြင့် နိုင်ငံရေးကိစ္စတွေကို ထဲထဲဝင်ဝင် စဉ်းစားစေချင်တယ်၊ ကျကျနန သုံးသပ်စေချင်တယ်၊ ဂ-ဃ-န-ဏ နားလည်သဘောပေါက်စေချင်တယ်ဆိုရင် ဖောင်းပွလို့ မရဘူး။ တစ်ခုတော့ ရှိတယ်။ စကားလုံး ကြွယ်ဝတာနဲ့ ဖောင်းပွတာက တူသလိုလိုနဲ့တော့ မတူဘူး။ စကားလုံးဝေါဟာရ ကြွယ်ဝတာကို အားပေးတယ်။ ဒါပေမယ့် အကြောင်းအရာတွေ ဗြောက်သောက်ဖြစ်ပြီး၊ ကားသွားတာမျိုးကို မလိုချင်ဘူး။ ဒါ့ကြောင့် ဖောင်းပွခြင်းနဲ့ ဝေါဟာရကြွယ်ဝခြင်းဆိုတာကိုတော့ ပိုင်းပိုင်းခြားခြားနားလည်ပါ။
အကြောင်းအရာတွေကို ဘယ်လို တေ့ပေးမလဲ၊ အချက်အလက်တွေကို ဘယ်လို ဆက်ပေးမလဲ။ လိုရင်းရည်ရွယ်ချက်ကို ရောက်အောင် ဘယ်လိုပံ့ပိုးပေးမလဲ။ ဒါတွေ နားလည်သဘောပေါက်ဖို့ လိုတယ်။

၁။ ထိုင်းနယ်စပ်မှာ ထိုင်ထားတဲ့ ဝတပ်စခန်းတွေကိစ္စနဲ့ပတ်သက်ပြီး၊ ဝတပ်က ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းရဲ့ ပြောကြားချက်မှာ - ဒါဟာ နိုင်ငံအချင်းချင်း ဆွေးနွေးညှိနှိုင်းဖို့ ဖြစ်တယ်...ဆိုတဲ့ စကားရပ်ကို ပြောတယ်။ အဲသည့်မှာ၊ နိုင်ငံရေးသိပ္ပံအရ နားလည်အပ်တာ ရှိပါတယ်။ အဲဒါကတော့ ဝတပ် - UWSA ဟာ သူ့ကိုယ်သူ State Actor အနေနဲ့ ဟန်ဆောင်ပန်ဆောင် လုပ်မထားဘဲ၊ Non-State Actor ဖြစ်တယ်ဆိုတာကို တိတိကျကျ ပြတ်ပြတ်သားသား လက်ခံထားတယ်ဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။ ဝတပ်ရဲ့ အင်အားဟာ စစ်သား ၄ သောင်းကျော် - ၅ သောင်းအထိ ရှိတယ်လို့ ခန့်မှန်းရပါတယ်။ မြန်မာနိုင်ငံမှာ Non-state actor ဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းထဲမှာ အင်အားအကြီးမားဆုံးဖြစ်တာတွေ့ရပါတယ်။ ဝတပ်ဟာ တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီကို အမွေဆက်ခံထားတဲ့ လက်နက်ကိုင်တပ်လည်းဖြစ်သလို၊ တရုတ်ကနေ နိုင်ငံရေးအရ - စစ်ရေးအရ နောက်ကွယ်က ခိုင်ခိုင်မာမာရပ်ခံပေးထားတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ ဝတပ်ရဲ့ သက်တမ်းဟာ ဗကပရဲ့ အမွေခံမှုသက်တမ်းကို ထည့်မတွက်ဘူးဆိုရင် (၃၅) နှစ်ပြည့်ပြီးဖြစ်ပါတယ်။ ဒါနဲ့ နှိုင်းယှဉ်စရာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ သူ့ကိုယ်သူ State - Actor တစ်ခုအနေနဲ့ ပုံဖော်ထားသလို၊ တရားဝင်အစိုးရတစ်ရပ်ဖြစ်တယ်လို့လည်း မိမိကိုယ်ကို သိမှတ်လက်ခံထားပါတယ်။ NUG ဟာ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်ဖို့အတွက် ၊ လိုအပ်တဲ့ လက်နက်ခဲယမ်းမီးကျောက်ရရှိရေးကို တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ကြီး EROs တွေဆီမှာ မှီခိုအားထားရပါတယ်။ အဲသည့်ထဲမှာ ဝတပ်ကို NUG က သွယ်ဝိုက်သောနည်းနဲ့ မှီခိုအားထားရပါတယ်။ ဝတပ်မှာက လက်နက်စက်ရုံရှိသလို၊ တရုတ်ဘက်က ထောက်ပံ့တဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ ရှိပါတယ်။ ဒါ့အပြင် တရုတ်တပ်နီတော် (တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်)က လက်နက်အကျတွေကိုလည်း ဖောဖောသီသီရထားပါတယ်။ တရုတ်ဟာ ဝတပ်ကို ကြားခံထားပြီးတော့ မြန်မာပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်နက်ရောင်းတာပါတယ်။ ဒါ့ကြောင့်လည်း မြောက်ပိုင်းမဟာမိတ် (၇) ဖွဲ့အတွင်းက အဖွဲ့ဝင်တွေဟာ ဝတပ်ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မှီခိုအားထားရပါတယ်။ မြောက်ပိုင်းမဟာမိတ် (၇) ဖွဲ့ထဲမှာ မပါတဲ့ ထိုင်းမြန်မာနယ်စပ်က တိုင်းရင်းသား EROs အဖွဲ့တွေတောင်၊ ဝတပ်က လက်နက်ခဲယမ်းမီးကျောက်ကို မျှော်ကိုးရတဲ့ အနေအထားရှိနေပါတယ်။ ဒါ့အပြင် ကျယ်ပြန့်တဲ့ လက်နက်ကိုင်ပုန်ကန်တော်လှန်မှုကို လုပ်နေတဲ့ ပြည်မက တော်လှန်ရေးအင်အားစုသစ်တွေအတွက်လည်း တရုတ်လုပ်လက်နက်တွေကိုပဲ မှီခိုအားထားပြုပြီး၊ စစ်ကောင်စီကို တော်လှန် တိုက်ခိုက်နေကြရပါတယ်။ NUG ကိုယ်တိုင်ကလည်း တရုတ်လက်နက်အမြောက်အမြားကို လုံလုံလောက်လောက် ရရှိဖို့၊ အစဉ်တစိုက် ကြိုးစားအားထုတ်ခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် အခြေအနေ အကန့်အသတ်နဲ့ အထွေထွေ အတားအဆီးတချို့ကြောင့် ၊ NUG ဟာ ယခုအချိန်ထိ လက်နက်ခဲယမ်းမီးကျောက် မပြည့်စုံမှုနဲ့ စခန်းသွားနေရဆဲဖြစ်ပါတယ်။ လက်နက်ခဲယမ်းမီးကျောက်နဲ့ ဗဟိုစစ်ကွပ်ကဲမှု အမိန့် ခိုင်ခိုင်မာမာ ကျစ်ကျစ်လစ်လစ် ရှိတဲ့ ဝတပ်ဖွဲ့ဟာ မိမိကိုယ်ကို State Actor လို့ တစ်ခါမှ ပုံဖော်ခြင်း မရှိပါဘူး။ ဒါ့အပြင် ဝတပ်က ယူဆလက်ခံထားတဲ့ ဝပြည်နယ်ဆိုတာကိုတောင်မှ၊ နိုင်ငံတော်အဆင့် ပြောဆိုမှုတွေမှာ ငါတကောကောပြီး သုံးစွဲတာမျိုး မရှိပါဘူး။ NUG ကတော့ ပြည်တွင်းရော၊ ပြည်မမှာပါ - မိမိကိုယ်ကို နိုင်ငံတော်အစိုးရတစ်ရပ်လို၊ မိမိဟာ State Actor ဖြစ်တယ်လို့ အစဉ်တစိုက်ပုံဖော်လာတာဟာ အခုဆိုရင် (၄) နှစ်ထဲကို ရောက်လာပြီဖြစ်ပါတယ်။
၂။ ဒီနေရာမှာ NUG ဟာ State Actor ဖြစ်နေပြီလားလို့ မေးရမှာဖြစ်ပါတယ်။ အဲဒါကို သာမန် ပြည်သူလူထုတွေက ဖြေစရာ လိုမယ် မထင်ပါဘူး။ နိုင်ငံရေးအခြေအနေတွေကို တင်ပြနေတဲ့ မီဒီယာသမားတွေနဲ့ စာရေးဆရာတွေလည်း ဖြေစရာလိုမယ် မထင်ပါ။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုနဲ့ သဘောထားက ရှင်းရှင်းလင်းလင်း ပြဆိုထားပြီးသားဖြစ်မယ်လို့ ယူဆပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက NUG ကို State Actor လို့ ယူဆသတ်မှတ်ထားတာ မတွေ့ရပါဘူး။ မြန်မာပြည်အရေးအတွက် အရေးပါတဲ့ Stakeholder တစ်ခုလိုတော့ မြင်ထားပါတယ်။ Stakeholder ဟာ State Actor မဟုတ်ပါဘူး။ အထူးသဖြင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို ထောက်ခံတဲ့ အနောက်နိုင်ငံအသိုင်းအဝိုင်းက NUG အတွက် ဝေးလွန်းနေသေးတယ်ဆိုရင်၊ ဒေသတွင်းနိုင်ငံတွေရဲ့ သဘောထားကိုလည်း အကဲခတ်ကြည့်ဖို့ လိုပါတယ်။ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ လာအိုတို့ဟာ NUG ကို State Actor အနေနဲ့ သဘောထား အသိအမှတ်ပြုသလားဆိုတာကို လေ့လာကြည့်ဖို့ လိုပါတယ်။ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ လာအိုတို့ဟာ NUG ကို Stakeholder အနေနဲ့ပဲ မြင်တာကို တွေ့ရပြန်ပါတယ်။ NUG ဟာ State Actor ဖြစ်တယ်လို့ ဒေသတွင်းနိုင်ငံတွေက မမြင်ပါဘူး။

၃။ နိုင်ငံရေးမှာ အရှိတရားကို ပယ်လို့ မရပါဘူး။ အရှိတရားကိုလည်း ဖယ်လို့ မရပါဘူး။ မိမိရဲ့ အရှိပကတိကို သိရှိရေးဟာ အင်မတန်အရေးကြီးပါတယ်။ State Actor တစ်ခုအဖြစ် လောက်လောက်လားလား ရောက်ရှိဖို့အတွက် အခြေခံအချက်အလက်တွေ ရှိဖို့ လိုပါတယ်။ အဲဒါကလည်း နိုင်ငံရေးဟုတ်ယောင်ထင်မှုတွေကြားထဲမှာ တည်ဆောက်ထားတဲ့ အင်္ဂါရပ်တွေဆိုတာထက် လက်တွေ့မြေပြင်ပေါ်မှာ ရပ်ခံတည်ဆောက်ထားတဲ့ အခြေခံအင်္ဂါရပ်တွေဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ State Actor တစ်ခုရဲ့ အခြေခံအင်္ဂါရပ်တွေဟာ ဘယ်လိုတွေ ရှိထားရမယ်ဆိုတာကို ဒီမှာ အကျယ်တဝင့်မဆွေးနွေးလိုပါဘူး။ NUG အနေနဲ့ မိမိရဲ့ အရှိပကတိကို လက်ခံပြီး Stakeholder ကို Stakeholder လို ပြုမူပြီး၊ အစစ်အမှန်အတိုင်းနေထိုင်ဖို့ - လျှောက်လှမ်းဖို့ - လုပ်ကိုင်ဖို့ ဖြစ်ပါတယ်။ အလှမ်းကျယ် အလယ်လပ်လို့ မရပါဘူး။ State Actor အဖြစ် ပုံဖော်တာဟာ အရှိပကတိနဲ့ အံဝင်ခွင်ကျမှု မရှိတော့ဘူးဆိုတာ သိမှတ်လက်ခံလိုက်ဖို့ ဖြစ်ပါတယ်။ အဲဒါဟာ နိုင်ငံရေးအရ အရှုံးပေးတာ မဟုတ်ဘဲ၊ လက်တွေ့ အစစ်အမှန်လောကထဲမှာ နေထိုင်ပြီး၊ လက်တွေ့နိုင်ငံရေးကို လုပ်နေခြင်းဖြစ်တယ်လို့ သဘောထားဖို့ လိုပါတယ်။ နိုင်ငံရေး အီလူးရှင်းကမ္ဘာထဲကနေ NUG ဟာ မိမိကိုယ်ကို ရုန်းထွက်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် virtual world ထဲကနေ ထွက်ပြီး real world ထဲမှာ နိုင်ငံရေး - စစ်ရေးကို လုပ်ဖို့ ဖြစ်ပါတယ်။ political illusion ထဲကနေ ထွက်ပြီး real politics မှာ လက်တွေ့ဆန်ဖို့၊ လက်တွေ့ကျဖို့ ဖြစ်ပါတယ်။
လက်ရှိ အချိန်ဟာ NUG အတွက် တစ်တောင်ဆစ်ချိုး အကွေ့ အဆင်းလမ်းကို ရောက်နေပါတယ်။ ချောက်ရှိပါတယ်။ သတိမရှိရင် ထိုးကျနိုင်ပါတယ်။ နိုင်ငံရေးအရ ကိုယ်ခံအား ဖြည့်ကျင့်ရာမှာ ပျက်ကွက်ပြီး၊ လက်တွေ့ အရှိပကတိ မြေပြင် အခြေအနေတွေနဲ့ ကင်းကွာတယ်ဆိုရင်၊ NUG ဟာ အဖျားရှူးသွားနိုင်ချေရှိပါတယ်။ ပေါ်ပြူလစ်လှိုင်းလေထဲကနေ ရုန်းထွက်ပြီး၊ မိမိကိုယ်ကို ကိုယ်ရှိန်သပ်ဖို့ ဖြစ်ပါတယ်။ မြစ်ထဲမှာ မျောပါနေတဲ့ ဆင်သေကောင်ပုတ်ကို တစ်သက်လုံး စားမကုန်ထင်ပြီး ပင်လယ်ဝရောက်တဲ့အခါမှာလည်း ထမပျံတဲ့ ကျီးမိုက်လို မဖြစ်ဖို့ ဖြစ်ပါတယ်။ NUG မှာ အတောင်ပံတွေ ရှိပါတယ်။ လေညာမှာ စုန်မဆင်းဘဲ၊ လေဆန်ကို ဆန်တက်ဖို့ ဖြစ်ပါတယ်။ အဲသည့်အတွက် လက်သုံးချောင်းထောင်ရုံနဲ့တော့ မလုံလောက်တော့ပါဘူး။ လက်တွေ့ ကာယကံမြောက် မြေပြင်မှာ၊ မိမိတို့ အင်အားကို စုစည်းရုန်းထကြဖို့ ဖြစ်ပါတယ်။
မင်းသေ့
၇ ဒီဇင်ဘာ ၂၀၂၄

ဒါကတော့ ဦးအောင်ခင်ရဲ့ သုံးသပ်ချက်ဖြစ်လို့ မျှဝေပေးလိုက်ပါတယ်။ https://youtu.be/R-H_LxwdxvA?si=pLqzdV5hucCc28PZ
YouTube
စစ်ကောင်စီတပ်နဲ့ ရိုဟင်ဂျာတပ် I ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက်
စစ်ကောင်စီတပ်နဲ့ ရိုဟင်ဂျာတပ် I ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် -
မွတ်ဆလင်ပြဿနာကို စစ်ကောင်စီမပါပဲဖြေရှင်းဖို့ ရခိုင်အမျိုးသားအဖွဲ့ချုပ်က ကြိုးပမ်းနေပေမယ့် ၊ စစ်ကောင်စီကတော့ ရိုဟင်ဂျာလက်နက်ကိုင်တွေနဲ့ လက်တွဲပြီး အာရက္ခတပ်တော်ကို တိုက်ခိုက်နေကြောင်း ဦးအောင်ခင်က…

၁။ လာမယ့် ၂၀၂၅ ခုနှစ်မှာတော့၊ ဆဲတာရယ်၊ ဘလိန်းတာရယ်၊ စစ်ဓလေ့လွန်ကဲမှုရယ်။ ဒီအပြုအမူတွေဟာ ရေပန်းစားမှု လျော့ပါးလာမယ့် အခြေအနေ ရှိနေပါတယ်။ သေချာတာတစ်ခုကတော့ မြန်မာစစ်တပ်က ဘာပဲလုပ်လုပ်၊ အဲဒါကို ဆန့်ကျင်မယ် - ကန့်ကွက်လိုက်မယ်၊ ဒါဆိုရင်တော့ ငါတို့တတွေ တန်ပြန်နိုင်ပြီ လို့ယူဆတဲ့ နိုင်ငံရေးအခင်းအကျင်းဟာ လူထုကြားထဲမှာတော့ ဆက်လက် ရေပန်းစားတာဖြစ်ကောင်းဖြစ်နိုင်မယ်။ ဒါပေမယ့် အာဏာကော်ရစ်ဒါမှာတော့ နေရာရနိုင်တော့မှာ မဟုတ်ဘူး။ ပါဝါအဝန်းအဝိုင်းမှာတော့ အဲသည့်ကန့်ကွက်ဆန့်ကျင်ရေးလေထုကို အားပြုပြီး နေရာယူထားနိုင်မှာ မဟုတ်တော့ပါဘူး။ မြေပြင်မှာ ဘယ်သူက အင်အား ဘယ်လောက် တည်ဆောက်ထားနိုင်သလဲဆိုတဲ့အချက်အပေါ် မူတည်ပြီးတော့၊ အင်အားရှိသူအချင်းချင်းပဲ ဘောင်ဝင်တန်းဝင် စကားပြောနိုင်ကြမယ့်အနေအထားဖြစ်ပါတယ်။ ဒီတော့ လက်တွေ့အခင်းအကျင်းဖြစ်တဲ့ real politics မှာ ဘယ်သူတွေပဲ ၊ ဝင်ဆန့်နိုင်တော့မလဲဆိုတာကို လာမယ့် ၂၀၂၅ အခင်းအကျင်းက သက်သေပြပါလိမ့်မယ်။ အခုလည်း အရိပ်အယောင်အားဖြင့် ပြနေတာတွေ့ရပါတယ်။ တောင်တန်းဒေသတွေမှာ စစ်က ငြိမ်ထားလိုက်ပြီဆိုရင်၊ ပြည်မဘက်က စစ်ဟာ စိတ်အာသာဖြေရုံလောက်ပဲ လှုပ်နိုင်မယ့်အနေအထားရှိပါတယ်။ ငွေ မရှိရင်၊ ကျည်မရနိုင်ဘူး။ ကျည်မရှိရင် တိုက်ပွဲမဖော်နိုင်ဘူး။ တိုက်ပွဲဖော်မယ်ဆိုရင်လည်း၊ နိုင်ငံရေးဂုဏ်သိက္ခာတက်ရုံမျှ ပြင်ဆင်ထားတဲ့ တိုက်ပွဲတွေဟာ - နယ်မြေသိမ်းနိုင်တယ်ဆိုရင်တောင် နယ်မြေကို ထိန်းနိုင်မှာ မဟုတ်ဘူး။ စစ်နိုင်ဒေသတွေကို အစဉ်တစိုက် ထိန်းချုပ်ရတာက သိမ်းရတာထက် ပိုခက်သလို၊ ပိုပြီး ကုန်ကျစရိတ်ကြီးတယ်ဆိုတာလည်း နားလည်ထားရင် ကောင်းတယ်။
၂။ နောက်ထပ် စဉ်းစားရမယ့် အချက်ကတော့ ၂၀၂၅ ခုနှစ်ဟာ စစ်ချည်းသက်သက်နဲ့ အလုပ်မဖြစ်တော့ဘူးဆိုတာပဲ ဖြစ်ပါတယ်။ စစ်ရေးသက်သက်ကိုပဲ နိုင်ငံရေးအမှီအခိုအဖြစ် ရပ်တည်ထားတဲ့ ရှေ့ဆောင်တပ်ဦးတွေဟာ တခြားသော အော်တာနေးတစ်နိုင်ငံရေးစဉ်းစားချက်တွေ မရှိဘူးဆိုရင်တော့ - ကိုယ်ခံအားကောင်းကောင်းနဲ့ ရပ်ခံနိုင်ဖို့ မလွယ်ပါ။ အထူးသဖြင့် ပြည်မနယ်တွေဟာ စစ်ရေးသက်သက်နဲ့ ရေရှည်ခုခံကာကွယ်နိုင်မှု မရှိနိုင်ပါဘူး။ ပြည်မက မြို့ကြီးတွေဟာ စစ်အစိုးရလက်အောက်မှာ နေထိုင်ရတဲ့ အခြေအနေက ပိုပြီး သေချာလာပါပြီ။ စစ်ကောင်စီက ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲကို စစ်ရေးနဲ့ ဖြေရှင်းမယ်ဆိုရင် ဒေသတွင်းနိုင်ငံတွေကြားမှာလည်း မျက်စိဆံပင်မွှေးစူးခံရမယ်။ ဒီမိုကရေစီကို အားပေးအားမြှောက်ပြုတဲ့ အနောက်နိုင်ငံအသိုင်းအဝိုင်းကလည်း နှာခေါင်းရှုံ့မယ်။ ဒီတော့ စစ်ကောင်စီရဲ့ စပွန်ဆာနဲ့ ကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲသာ ဖြစ်လာရင် ဒါကို ပြည်မက အင်အားစုတွေက နိုင်ငံရေးနည်းနဲ့သာ တုံ့ပြန်မှ ထိရောက်မယ်။ အထူးသဖြင့် ဗမာပြည်မရဲ့ စစ်ရေးနိုင်ငံရေးလှုပ်ရှားမှုတွေကို အုပ်စီးထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ - စစ်ကောင်စီက နိုင်ငံရေးနည်းအားဖြင့် လုပ်တဲ့ ရွေးကောက်ပွဲကို စစ်ရေးနည်းနဲ့ တန်ပြန်လို့ မရ။ စစ်ရေးနည်းချည်းကပ်ပုံနဲ့ တုံ့ပြန်ရင်၊ နိုင်ငံတကာမျက်နှာစာမှာ လူမိုက်စာရင်း အသွင်းခံရမယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲဟာ နိုင်ငံရေးပဲ ဖြစ်တာမို့၊ နိုင်ငံရေးနည်းနဲ့သာ တုံ့ပြန်မှ အဆင်ပြေမယ်။ နိုင်ငံရေးကို နိုင်ငံရေးအားဖြင့်၊ စစ်ကို စစ်အားဖြင့် အပြန်အလှန် စဉ်းစားမှ အလုပ်ဖြစ်နိုင်မယ့် အခြေအနေပါ။ နိုင်ငံရေးကို စစ်ရေးနည်းနဲ့ တုံ့ပြန်တယ်ဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းက ရထားတဲ့ political credibility ဟာ ကိုယ့်ဘာသာကို အိုးမဲသုတ်သလို ဖြစ်မယ်။ ဒါကို သတိမမူမိရင်၊ နိုင်ငံရေးအရ "ဂွမ်း" နိုင်ပါတယ်။
၃။ မြောက်ပိုင်းက စစ်ငြိမ်ရင်၊ တောင်ပိုင်းက စစ် ဆက်တိုက်မယ်လို့ ထင်ပါသလား။ ၁၉၉၀ နောက်ပိုင်း အခင်းအကျင်းတွေကို တိုင်းရင်းသား EROs တွေက သင်ခန်းစာ ကောင်းကောင်းရထားကြပါတယ်။ သိမ်းထားပြီးသားနယ်တွေကို ထိန်းဖို့ ကြိုးစားရမှာပါ။ ထိန်းဖို့အတွက် စစ်ရေးအရလည်း မြေပြင်မှာ စစ်ပြင်ထားကြမယ်။ နိုင်ငံရေးအရလည်း အဖွဲ့လိုက် ညှိတန် ညှိ၊ bilateral ညှိတန်ညှိကြမယ့် အချိန်ပါ။ အဲသည့်အချိန်မှ၊ ပြည်မနယ်တွေမှာ ရွေးကောက်ပွဲနည်းနဲ့ အာဏာ legitimacy ယူဖို့ လုပ်မှာက မြန်မာစစ်ကောင်စီဖြစ်ပါတယ်။ တောင်တန်းနယ်တွေမှာ စစ်ငြိမ်ရင်၊ ပြည်မမြေပြန့်က စစ်တိုက်နေမလား။ အခြေအနေက (၂) မျိုးဖြစ်နိုင်ပါတယ်။ (၁) မြန်မာစစ်တပ်က ပြည်မအညာကို ဖိသထက် ဖိလာလို့ ရတဲ့ လက်နက်နဲ့ ခုခံလို့ တိုက်ပွဲဖြစ်တာ။ (၂)လသို့မဟုတ်လည်း တိုင်းရင်းသား EROs တွေက တောင်တန်းက အာဏာကို ခိုင်မြဲဖို့အတွက် ပြည်မက အင်အားစုတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံရေးဂီယာထိုးဖို့ ကြိုးစားလို့ တိုက်ပွဲဖြစ်တာ။ ဒီအခြေအနေ နှစ်ရပ်ကြောင့် ပြည်မမှာတော့ စစ်မီးမငြိမ်နိုင်သေးတာ ဖြစ်နိုင်ပါတယ်။

၄။ မြန်မာ့နိုင်ငံရေးအခင်းအကျင်းက အကဲဆတ်လာပါပြီ။ ဖြစ်လွယ်ပြောင်းလွယ်ဖြစ်နေပါတယ်။ ထင်မှတ်မထားတာတွေက ယခု ၂၀၂၄ နှစ်ဝက်လောက်စပြီး တရိပ်ရိပ် တက်လာနေပါတယ်။ အထူးသဖြင့် လက်ရှိ တော်လှန်ရေးအင်အားစုတွေရင်ဆိုင်နေရတာဟာ မြန်မာစစ်တပ်ခေါင်းဆောင်တွေရဲ့ အိုင်ဒီယာနဲ့ ရင်ဆိုင်နေရတာ မဟုတ်ပါဘူး။ မြန်မာစစ်ခေါင်းဆောင်တွေက အဲသည့်လောက်အထိ ကွက်ကျော်စဉ်းစားနိုင်စွမ်း မရှိပါဘူး။ အခုဟာ တရုတ်ဘက် မဟာဗျူဟာ အကြံပေးတွေရဲ့ အိုင်ဒီယာကို ရင်ဆိုင်နေကြရတာပါ။ မြန်မာစစ်တပ်ခေါင်းဆောင်တွေချည်းသက်သက်ဆိုရင်တော့ သူ့အရပ်နဲ့ သူ့ဇာတ်က အပြန်အလှန်ဖြစ်နိုင်ပါတယ်။ အခုဟာ တရုတ်အကြံပေးတွေရဲ့ ဦးနှောက်နဲ့ ယှဉ်ပြိုင်နေကြရတဲ့ အခြေအနေပါ။ ဒါကိုလည်း မြန်မာစစ်တပ်ခေါင်းဆောင်တွေက လိုလိုလားလား ဖြစ်ဟန်တူပါတယ်။ သူတို့အာဏာတည်မြဲရေးအတွက်ဆိုရင် - တရုတ်ဘက် ပေးတဲ့အကြံတွေကလည်း အလုပ်ဖြစ်နိုင်တာမို့ လောလောဆယ် ဆေးမြီးတိုအနေနဲ့ ယူသုံးမယ်ဆိုတဲ့ စဉ်းစားချက်ရှိဟန်တူပါတယ်။
၅။ ဒါ့ကြောင့် လာမယ့် ၂၀၂၅ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် အခင်းအကျင်းတွေဟာ စစ်ကောင်စီက initiative လုပ်တဲ့ အခင်းအကျင်းတွေလို့ ယေဘုယျပြောနိုင်ပေမယ့်၊ ဒါဟာ စစ်ကောင်စီခေါင်းဆောင်တွေ စဉ်းစားတဲ့ အိုင်ဒီယာတွေနဲ့ ရင်ဆိုင်နေရတာ မဟုတ်ပါဘူး။ မြန်မာစစ်ခေါင်းဆောင်တွေက ဒီလောက် ရှုပ်ရှုပ်ထွေးထွေး မစဉ်းစားတတ်ပါဘူး။ တရုတ်ဘက်က လာတဲ့ အကြံတွေနဲ့ ပူးတွဲအကောင်အထည်ဖော်ချက်တွေကို တော်လှန်ရေးအင်အားစုတွေက ရင်ဆိုင်နေကြရတာပါ။ ဒါနဲ့ပတ်သက်ပြီး တိုင်းရင်းသား EROs အဖွဲ့တွေကတော့ အထာနပ်ဟန်တူပါတယ်။ ဘယ်လို ရေလိုက်ငါးလိုက်နေမလဲဆိုတာကို နားလည်သဘောပေါက်ကြပါတယ်။ သဘောမပေါက်တာက ပြည်မက အင်အားစုတွေနဲ့ အန်ယူဂျီပဲဖြစ်ပါတယ်။ ဒါ့ကြောင့် တရုတ်ဘက်က လာတဲ့ အကြံတွေနဲ့ အကောင်အထည်ဖော်နေတဲ့ စစ်ကောင်စီရဲ့ ဗျူဟာ ခြေလှမ်းတွေကို စစ်ရေးနည်းသက်သက်နဲ့ပဲ တုံ့ပြန်မယ်ဆိုရင်တော့ - ပြည်မက အင်အားစုတွေဟာ ထန်းလျက်ခဲ ခွေးလျက်သလို လုံးပါးပါးနိုင်ချေ ရှိပါတယ်။ သေချာတာတစ်ခုကတော့ လက်နက်ကိုင်ထားတဲ့ ပြည်မက အင်အားစုတွေက တောင့်ခံနိုင်တယ်ဆိုရင်တောင် ပြည်မက ပြည်သူလူထုက ပဲလှော်ကြား ဆားညပ်ပြီးတော့ လုံးပါးပါးနိုင်ချေ ရှိနေပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ကိုယ်ခံအားကိုလည်း မစဉ်းစား၊ မိမိတို့ အင်အားစုတွေရဲ့ ကဏ္ဍစုံ ကိုယ်ခံအားဖြည့်ကျင့်မှုကိုလည်း မစဉ်းစားဘဲနဲ့ လူပိန်းနည်းသုံး လက်နက်အားကိုးပြီးတော့ ရင်ဆိုင်မယ်ဆိုရင်တော့ ပြည်မအင်အားစုတွေရဲ့ အနာဂတ်ဟာ တဖြည်းဖြည်း မှေးမှိန်လာဖွယ်ရှိနေပါတယ်။ လောလောဆယ်အခြေအနေမှာ မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ ရင်ဆိုင် ထိပ်တိုက်တိုးနေရတယ်လို့ မမှတ်ယူစေလို။ တရုတ်ဘက်က လာတဲ့ အကြံတွေနဲ့ တရုတ်မဟာဗျူဟာအကြံပေးတွေရဲ့ အိုင်ဒီယာတွေနဲ့ စည်းချင်းထိုးနေရတာဖြစ်လို့၊ လူပိန်းနည်း - လူမိုက်နည်းက အလုပ်ဖြစ်နိုင်မယ် မထင်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား......
မင်းသေ့
၈ ဒီဇင်ဘာ ၂၀၂၄

၁။ ခေါင်းဆောင်တစ်ယောက်ရယ်လို့ ဖြစ်လာပြီဆိုရင်၊ အရေးကြီးတာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အဲသည့်ထဲက ပေါ့ပေါ့လျော့လျော့လုပ်လို့ မရတဲ့ကိစ္စရှိတယ်။ အတော်များများက မြန်မာပြည်မှာ ဒီလို ချို့ယွင်းချက်ရှိတယ်။ ထိပ်ပိုင်းကို ရောက်လာလေလေ၊ အရှိပကတိနဲ့ ကင်းကွားလေလေပဲ။ အဲဒါကို ဗမာပြည်ကွန်မြူနစ်ပါတီက ဗမာနီခေါင်းဆောင်တွေလည်းဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းလည်းဖြစ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်လည်းဖြစ်ခဲ့တာပဲ။ အခြေအနေနဲ့ ကင်းကွာသွားတာ။ ခေါင်းဆောင်တစ်ယောက်ရဲ့ နံဘေးမှာ ဘယ်လိုလူတွေနဲ့ ဝိုင်းထားသလဲဆိုတာ ကိုယ့်နံဘေးမှာ ကိုယ့်ဘာသာ ဝေ့ဝဲကြည့်ဖို့ မေ့နေတတ်တယ်။
၂။ ပြီးတော့ ဒီဘက်ခေတ် - နွေဦးတော်လှန်ရေးမှာ ထင်ရှားတဲ့ကိစ္စ။ အခုဟာက ဆက်သွယ်ရေးတွေက လွယ်လာတာပဲ၊ ကမ္ဘာကြီးကို ဖန်ပြားပေါ်မှာတင်ပြီး ကြည့်လို့ ရပြီ။ ကိုယ့်နိုင်ငံကွက်ကွက်လေးမှာ ဖြစ်နေတာတွေကို အဝေးကနေလည်း သိနိုင်တာပဲလို့ ထင်နေကြတဲ့ တော်လှန်ရေးတပ်ဦးရှေ့ဆောင်ထဲက ခေါင်းဆောင်တချို့ကို တွေ့နေရတယ်။ တကယ်တော့ မီဒီယာတွေမှာ illusion တွေက အများကြီး ရှိတယ်ဆိုတာ သတိမူသင့်တယ်။ အထူးသဖြင့် framing လုပ်တာတွေက တကယ့်စိတ်အစွဲအခံတွေနဲ့ လုပ်ကြတာဆိုတော့ - တဖြည်းဖြည်းနဲ့ အခြေအနေတစ်ခုလုံးကို ခြုံငုံမြင်နိုင်ဖို့ သိပ်ခက်သွားတယ်။ နေ့စဉ်နေ့တိုင်း အချိန်ရှိတိုင်း သတင်းတွေအပါအဝင် - မြေပြင်က ဖြစ်ရပ်တွေကို အရှိအတိုင်း နားလည်နိုင်မယ့် informal channel တွေကို မပြတ်တမ်းလိုက်နေရင်တောင် - အခြေအနေနဲ့ ကင်းကွာသွားတာမျိုး ရှိနေတတ်တယ်။ အခြေအနေနဲ့ ကင်းကွာသွားရင်၊ အရှိပကတိကို ကျကျနန နားလည်သဘောပေါက်နိုင်စွမ်း နည်းသွားတာပဲ။
၃။ တခါတရံကျတော့ တချို့သိနားလည်မှုတွေက လေ့လာရုံနဲ့ မလုံလောက်ဘူး။ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လိုက်ရတာ။ ထဲထဲဝင်ဝင် ဝင်ရောက်နေထိုင်လိုက်ရတာမျိုး လုပ်ရတာ။ အဲဒါကျမှ တကယ်နားလည်တာ။ အထူးသဖြင့် လူမှုသိပ္ပံသမားတွေနဲ့ မနုဿဗေဒသမားတွေမှာ ဒီလိုချည်းကပ်မှု နည်းနာတွေရှိတယ်။ စာအုပ်တွေဖတ်၊ သတင်းတွေဖတ်၊ သဘောတရားရေးတွေကို လေ့လာတယ်ဆိုတာထက် ကိုယ်နားလည်ချင်တဲ့အသိုင်းအဝိုင်းထဲမှာ သွားထိုင်နေရလိုက်ရတာ။ ဒါက observation method ဆိုတာထက် ပိုပြီး ကျယ်ပြန့်တယ်။ သူတို့ စားသလို စားတယ်။ သူတို့ နေသလို နေတယ်။ သူတို့ကြားထဲမှာ သွားနေလိုက်ရတာ။ ဒါမှ တကယ်နားလည်သဘောပေါက်နိုင်မယ့်အရာတွေ ရှိတယ်။ မြေပြင်ကို ဆင်းပါ၊ အောက်ခြေလူထုကြားထဲမှာ နေထိုင်ပါလို့ ပြောတာက အလကားပြောတာ မဟုတ်ဘူး။ ထိပ်ပိုင်းရောက်သွားလေလေ၊ သွေးလေးပြီးတော့ - ဘော်ကြော့ဖြစ်သွားနိုင်ခြေ ပိုများလေလေပဲ။
၄။ အမျိုးသားရေးစိတ်မှာ - အနေဝေးရင် သွေးအေးတယ်ဆိုတာ အကုန် မမှန်ပေမယ့်၊ မှန်သင့်သလောက် မှန်တယ်။ တခါတရံလည်း ဒုက္ခတွေ အတူတူ ခံစားကြတယ်ဆိုတာက သိခြင်း၊ နားလည်ခြင်း၊ သဘာပေါက်ခြင်း၊ လေ့လာခြင်းတွေထက် ပိုလွန်ထိရောက်တယ်။ ဒုက္ခအကြောင်းကို စာအုပ်ဖတ်ပြီး၊ သတင်းတွေထဲမှာ တွေ့ရတာထက် ကိုယ်တိုင် ဒီဒုက္ခတောထဲ နေလိုက်ရတာက အရာအထောင်အသောင်းမက ပိုပြီး နားလည်သဘောပေါက်တယ်။ တရုတ်မှာ ကွန်မြူနစ်ခေါင်းဆောင်တွေ ဘာလို့ တော်လှန်ရေးကို အောင်ပွဲခံနိုင်သလဲဆိုတာ ဒါပဲ။ ဒီဘက်ခေတ် တော်လှန်ရေးသစ်တွေမှာလည်း လူထုနဲ့ လက်အောက်ငယ်သားတွေနဲ့ တစ်သားတည်း နေထိုင်ရှင်သန်တဲ့ခေါင်းဆောင်ဟာ အချိန်တစ်ခုရောက်ရင် ဩဇာလွှမ်းသွားတာပဲ။ အထူးဖြင့် မြန်မာတို့ရဲ့ ဓလေ့မှာ ဒါလိုတယ်။ အာရှဓလေ့ကလည်း ဒါကို လိုလားတယ်။ ဒါ့ကြောင့် မြေပြင်ကို ဆင်းပါ၊ အတူတူလာရောက်နေထိုင်ပါလို့ တိုက်တွန်းနေတာ၊ လောဆော်နေတာဟာ တခြားမဟုတ်ဘူး။ မမြင်နိုင်တဲ့ အကျိုးကျေးဇူးတွေ အများကြီးရတယ်။ အဝေးမှာ ရှိတာနဲ့ မြေပြင်မှာ ရှိတာက ကွာခြားချက်တွေ အများကြီးပဲ။ အတွင်းမှာ ရှိတာနဲ့ အပြင်မှာ ရှိတာလည်း ထိရောက်မှုတွေ အများကြီးပဲ ကွာခြားတယ်။ သေချာတာတစ်ခုက ခံစားချက်ပါ ပြောင်းသွားတာ။ အမြင်နဲ့ စဉ်းစားချက်ပါ အခြေခံအားဖြင့် ပြောင်းလဲသွားတာ။ ဒါက ခေါင်းဆောင်တစ်ယောက်မှာ သိပ်အရေးကြီးတယ်။ အထူးသဖြင့် လူမျိုးတစ်မျိုးကို ဦးဆောင်တယ်ဆိုတဲ့ ခေါင်းဆောင်တစ်ယောက်၊ လူ့အဖွဲ့အစည်းတစ်ခုကို ခေါင်းဆောင်မယ်ဆိုတဲ့ ခေါင်းဆောင်တစ်ယောက် - တိုင်းပြည်ကို ခေါင်းဆောင်တဲ့ ခေါင်းဆောင်တစ်ယောက်မှာ အတော်ကြီး ကွာခြားသွားတာတွေ့ရတယ်။
လက်တွေ့နိုင်ငံရေးမှာ အရာရောက်ချင်ရင် လက်တွေ့ကျကျ စဉ်းစားလုပ်ကိုင်ကြရတာ ထုံးစံပဲ။ virtual world ထဲမှာ နေရင်တော့ illusion တွေနဲ့ပဲ နှစ်ပါးသွားပြီး နိဂုံးချုပ်ကြရလိမ့်မယ်။ သိပ်မကြာခင် မြင်ရမှာပါ။ စောင့်ကြည့်.....။

လက်တွေ့နိုင်ငံရေးကို လေ့လာတဲ့အခါ "interest" လို့ခေါ်တဲ့ အကျိုးစီးပွားကိစ္စကို၊ ဖယ်ပြီး လေ့လာလို့ကို မဖြစ်ဘူး။ real politics မှာ အကျိုးစီးပွားဆိုတာဟာ အခြေခံအကြောင်းရင်းထဲမှာ ပါတယ်။ ဒါပေမယ့် လူထုနိုင်ငံရေးမှာ အကျိုးစီးပွားဆိုတာတွေကို မြှုပ်ထားတယ်၊ ဖုံးထားတယ်။ ဖော်မပြဘူး။ နိုင်ငံရေးသမားတွေကလည်း ဒါကို ကွယ်ကွယ်ဝှက်ဝှက်လုပ်သလို၊ မီဒီယာတွေကလည်း မီးမှောင်းထိုးပြတာမျိုး အင်မတန် နည်းတယ်။ တကယ်တော့ လက်တွေ့နိုင်ငံရေးဆိုတာမှာ အကျိုးစီးပွားတွေက အနောက်ကနေ မောင်းနေတာပါ။
လူထုဟာ အကျိုးစီးပွားမြေပုံကို နားမလည်ဘူး။ လူအများရဲ့သဘောဟာ အကျိုးစီးပွားတွေရဲ့ ဒွေးရောယှက်တင်ဖြစ်မှုကို သဘောမပေါက်တတ်ဘူး။ လူထုရဲ့ သဘောကတော့ - partisan စိတ် ရှိတယ်။ partisan စိတ် ဆိုတာဟာ ဘာလဲ။ partisan စိတ် ဆိုတာဟာ ပါတီစွဲစိတ်လို့ တိုက်ရိုက်ဖလှယ်လို့ ရပေမယ့်၊ အဲသည့်ထက်တော့ ကျယ်ပြန့်တယ်။ လူတွေဟာ ကိုယ်ကြိုက်တဲ့သူကို ထောက်ခံတာပဲ။ ကိုယ်ကြိုက်တယ်ဆိုတာလည်း ဘာ့ကြောင့် ကြိုက်သလဲဆိုတာကို မေးလိုက်ရင် ရောရောထွေးထွေး ဖြစ်ကြတာများတယ်။
တော်လို့ ကြိုက်တယ်၊ ဥပဓိ ရှိလို့ ကြိုက်တယ်၊ ပြောတာဆိုတာ သိမ်မွေ့ပါးနပ်လို့ ကြိုက်တယ်၊ ကိုယ်ထောက်ခံတဲ့ အဖွဲ့အစည်းဘက်က မို့ ကြိုက်တယ်။ ကိုယ်သဘောကျတဲ့ အယူဝါဒတွေကို ဆုပ်ကိုင်လို့ ကြိုက်တယ်၊ အများက ကြိုက်လို့ ကိုယ်လည်း လိုက်ကြိုက်တယ်၊ ကိုယ့်နယ်သားမို့ ကြိုက်တယ်၊ အမျိုးသားဖြစ်လို့ အမျိုးသမီးဖြစ်လို့ လူငယ်မို့လို့ ကြိုက်တယ်။ ကိုယ်နဲ့ ဘာသာတူလို့ ကြိုက်တယ်။ ကိုယ်ထောက်ခံတဲ့ ခေါင်းဆောင်ဘက်က ဘက်တော်သားမို့ ကြိုက်တယ်။ တခါတရံလည်း ဘာမှ မဟုတ်ဘူး၊ မီဒီယာတွေမှာ အတွေ့ရများလို့ ကောင်းမယ် တော်မယ်ထင်ပြီး ကြိုက်တယ်။ ပရဟိတတွေ လုပ်လို့ ကြိုက်တယ်။ ဘာသာရေးကိုင်းရှိုင်းလို့ ကြိုက်တယ်။ ငွေကြေးချမ်းသာလို့ ကြိုက်တယ်။ နိုင်ငံခြားဘွဲ့တွေ ရထားလို့ ကြိုက်တယ်။ ဒါတွေဟာ လူထုရဲ့ ထွေပြားတဲ့ စိတ်နေသဘောတွေကို ဖော်ညွန်းနေပါတယ်။
partisan စိတ် ဆိုတာဟာ - ဘက်အစွဲစိတ်၊ အုပ်စုစွဲစိတ်၊ ဂိုဏ်းဂဏစွဲစိတ်၊ ပါတီစွဲစိတ် လို့ ယေဘုယျပြောလို့ ရပါတယ်။ လူထုလူအများရဲ့သဘောကတော့ ဘယ်အုပ်စုကို ထောက်ခံမလဲ။ ဘယ်ပါတီကို ထောက်ခံမလဲ၊ ဘယ်ဂိုဏ်းဂဏကို သဘောကျသလဲဆိုတာပဲ အကြမ်းဖျင်း နားလည်ကြတာပါ။ အဲသည့် ပါတီတွေ၊ အုပ်စုတွေ၊ အဖွဲ့တွေ၊ ဂိုဏ်းတွေရဲ့ နောက်ကွယ်က အာဏာအကျိုးစီးပွား၊ လုပ်ပိုင်ခွင့်အကျိုးစီးပွားတွေကို ခြေခြေမြစ်မြစ် နားလည်သဘောမပေါက်ကြပါဘူး။ ဒါတွေက သာမန်လူထုအနေနဲ့လည်း နားလည်ရခက်တယ်လေ။ များသောအားဖြင့်တော့ လူထုကြာထဲက ပညာတတ်တွေနဲ့ စိတ်ဝင်စားတဲ့သူတွေကသာ နှိုက်နှိုက်ချွတ်ချွတ်လေ့လာလို့ သိလာရတာမျိုးပါ။
တကယ်တော့ လက်တွေ့နိုင်ငံရေးနဲ့ အာဏာနိုင်ငံရေးရဲ့ နောက်ကွယ်မှာ အကျိုးစီးပွားတွေက ဒွေးရောယှက်တင်ဖြစ်နေပါတယ်။ အထူးသဖြင့် အုပ်စုနိုင်ငံရေးဖြစ်ထွန်းတဲ့ နိုင်ငံရေးဝန်းကျင်မှာ အုပ်စုအကျိုးစီးပွားတွေ ကိုယ်စီကိုယ်စီ ရှိနေတတ်တယ်။ အုပ်စုတွေ အချင်းချင်းအကြား ဝေစုမတည့်လို့ အကျိုးစီးပွားပဋိပက္ခ [conflict of interest] ဖြစ်တဲ့အခါ၊ ဂိုဏ်းဂဏတိုက်ပွဲတွေ၊ အုပ်စုတိုက်ပွဲတွေဖြစ်လာတယ်။ လူထုရဲ့သဘောက လက်တွေ့ အာဏာနိုင်ငံရေးမှာ မီဒီယာတွေနဲ့ လူအများရှေ့မျက်နှာစာမှာ ထုတ်ပြတဲ့ စကားလုံးလှလှတွေကိုပဲ ကြားရ၊ မြင်ကြရတာပါ။ တကယ်တော့ လက်တွေ့အာဏာနိုင်ငံရေးရဲ့ နောက်ကွယ်မှာ မြှုပ်ထားတဲ့ - ဖော်ပြမထားတဲ့ အကျိုးစီးပွားတွေ ရှိနေတယ်။ နိုင်ငံရေးပဋိပက္ခအားလုံး၊ လက်နက်ကိုင်ပဋိပက္ခအားလုံး၊ ဂိုဏ်းဂဏတိုက်ပွဲအားလုံးရဲ့ အချုပ်ဟာ အကျိုးစီးပွားပဲ။
ဒါ့ကြောင့်လည်း နိုင်ငံရေးဆိုတဲ့ ဖွင့်ဆိုချက်မှာ ["Politics is who gets what, when, and how"] ဆိုတာကို နားလည်အောင် လုပ်ရတဲ့သဘောရှိတယ်။ ဒါဟာ အကျိုးစီးပွားမြေပုံကို ထောက်ရှုကြည့်ဖို့အတွက် လမ်းညွန်ချက်ပဲ။ ဘယ်သူတွေက ဘာတွေကို ဘယ်အချိန်မှာ ဘယ်လိုရနေသလဲ၊ ဘယ်လောက်ရနေသလဲ ဆိုတာ မြင်အောင် ကြည့်ကြရတာပါ။ နိုင်ငံရေးကို လေ့လာတယ်ဆိုတာဟာ အကျိုးစီးပွားမြေပုံကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ကြည့်တာပဲ။ အဲသည့်အကျိုးစီးပွားဆိုတဲ့အထဲမှာ အာဏာတွေပါတယ်၊ ငွေကြေးတွေ ပါတယ်၊ လုပ်ပိုင်ခွင့်တွေပါတယ်၊ အခွင့်အရေးတွေ ပါတယ်၊ သယံဇာတနဲ့ အရင်းအမြစ်တွေကို ဘယ်လို ချုပ်ကိုင်ထားမလဲဆိုတာတွေ ပါတယ်။ ဒါတွေအားလုံးဟာ အကျိုးစီးပွားအပေါ်မှာ အခြေခံတာပဲ။ နိုင်ငံရေးကို လေ့လာခြင်းဆိုတာ အကျိုးစီးပွားကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းလို့တောင် ပြောနိုင်တယ်။ နိုင်ငံရေးအုပ်စုတွေကို သရုပ်ခွဲကြည့်တဲ့အခါ ဘယ်အုပ်စုတွေ ဘာတွေကို ဘယ်လို ရထားသလဲ ဆိုတာ နားလည်အောင် လုပ်ရတယ်။
လက်တွေ့နိုင်ငံရေးကတော့ အကျိုးစီးပွားကိစ္စတွေနဲ့ ခြေချင်းလိမ်နေပြီးတော့၊ လူထုနိုင်ငံရေးကတော့ မစားရဝခမန်းပြောဟောတဲ့ စကားလုံးတွေကြားထဲမှာ တိုင်ပတ်ပြီး ရေစုန်မျောနေကြပါတယ်။

တရုတ်ရဲ့ ဖြစ်တန်ခြေစဉ်းစားချက်များကို ခြေရာကောက်ခြင်း။ မင်းသေ့။
__________________
■ တရုတ်က ရွေးကောက်ပွဲနည်းအားဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို power diffusion ဖြစ်ဖို့ စဉ်းစားသလား။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာကို တစ်လွှာချင်းစီ ခဝါချဖို့အတွက် တရုတ်ဟာ ရွေးကောက်ပွဲနည်းကို ဖြတ်သန်းဖို့ စစ်ကောင်စီကို တိုက်တွန်းလေသလား။ အာဏာသိမ်းစစ်ခေါင်းဆောင်က ရွေးကောက်ပွဲနည်းကို ဖြတ်ရင် ဘာဖြစ်မလဲ။ အဓိက, အချက် (၂) ခုတွေ့ပါတယ်။ (၁) လက်နက်နည်းနဲ့ သိမ်းထားတဲ့ အာဏာဟာ နိုင်ငံတကာအခင်းအကျင်းထဲမှာ (တနည်း) ဒေသတွင်းနိုင်ငံတွေကြားမှာ တစ်စုံတစ်ရာအားဖြင့် legitimacy (တရားဝင်မှု) ဖြစ်လာမယ့် အကျိုးကို ရလာမယ်။ ပြည်တွင်းက ပြည်သူလူထုတစ်ရပ်လုံးဆီက တရားဝင်မှု ရရှိခြင်း / မရရှိခြင်းကို အပထား။ နိုင်ငံတကာအခင်းအကျင်းမှာ ရွေးကောက်ပွဲနည်းအားဖြင့် အာဏာကိုင်ထားတဲ့ အစိုးရအဖြစ် ရပ်တည်တယ်ဆိုတဲ့အမြင်ရလာမှာဖြစ်လို့၊ legitimacy ဖြစ်မှုရဲ့ နောက်ဆက်တွဲ အကျိုးကျေးဇူးတွေကို စစ်ကောင်စီက ခံစားလာရနိုင်ခြေ ရှိတယ်။ တရုတ်အနေနဲ့လည်း သူ backing ပေးထားတဲ့ အစိုးရဟာ တစ်စုံတစ်ရာအားဖြင့် လူထုကိုယ်စားပြုမှု ရှိတဲ့အစိုးရဖြစ်တယ်လို့ အပြလှတဲ့ အခြေအနေမျိုး ရောက်လာမယ်။ (၂) ရွေးကောက်ပွဲနည်းကို ဖြတ်ပြီးရင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်ထဲကို ပြန်ထည့်လို့ ရပြီလို့ တွက်ဆတာ ရှိနိုင်တယ်။ စစ်အုပ်ချုပ်ရေးစစ်စစ် မဟုတ်တော့ဘဲနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူး၊ သမ္မတရာထူး ဆိုတာတွေကို structure အရ ပိုင်းခြားနိုင်မယ်ဆိုရင် - တစ်စုံတစ်ရာအားဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာအကန့်အသတ်ကို မျှော်လင့်နိုင်မယ်လို့ တွက်ဆဟန်ရှိတယ်။
ဒီမှာ ဆွေးနွေးစရာတွေ ရှိတယ်။ ပထမအချက်မှာ - legitimacy ကိစ္စဖြစ်တယ်။ သေချာတာတစ်ခုကတော့ - ပြည်တွင်းမှာ ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့ပဲ လုပ်သည်ဖြစ်စေ၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ တစ်ခဲနက် ယုံကြည်မှုကို ရဖို့ မလွယ်ဘူး။ ဒါ့ကြောင့် စစ်ကောင်စီရလာမယ့် legitimacy ဆိုတာကလည်း ဒေသတွင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတချို့ဆီကနေ ရမယ့် တခြမ်းပဲ့ legitimacy သဘောမျိုးသာဖြစ်နိုင်မယ်။ ဒါပေမယ့် ဘာပဲပြောပြော၊ အဲသည့်လောက်နဲ့ မဲတင်းပြီး ရှေ့ဆက်တယ်ဆိုရင် တဖြည်းဖြည်းနဲ့ ဒေသတွင်းနိုင်ငံတွေကြားထဲမှာ စစ်ကောင်စီရဲ့ ပြည်တွင်း အာဏာကို ခိုင်မြဲမှုကို ပြသနိုင်မယ့် အခွင့်အရေးမျိုးရလာမယ်လို့ တွက်တယ်။ ရွေးကောက်ပွဲနည်းကို ဖြတ်ပြီးတာဖြစ်တဲ့အတွက် တရုတ်အနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးတည်ဆောက်တဲ့အခါမှာလည်း - လူမိုက်နဲ့ လူသတ်သမားနဲ့ ဆက်ဆံတာမျိုး မဟုတ်ဘဲနဲ့ ဂုဏ်သိက္ခာရှိတဲ့ အစိုးရတစ်ရပ်နဲ့ အလုပ်တွေဆက်လုပ်နေတာဖြစ်တယ်လို့ ပုံဖော်နိုင်မယ်။ ဒါက ရွေးကောက်ပွဲကို ဖြတ်သန်းခြင်းနဲ့ မဖြတ်သန်းခြင်းကနေ ဖြစ်လာမယ့်အကျိုး။ ဒုတိယအချက်က - Structure အရ အာဏာကန့်သတ်ပိုင်းခြားဖို့၊ အထူးသဖြင့် သမ္မတရာထူးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ပိုင်းခြားထားနိုင်ရင် - Structure အရ တည်ဆဲ အာဏာကို ကန့်ထားနိုင်မလားလို့ တွက်ဆဟန် ရှိတယ်။ ဒါဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိန်းဖို့ ခွင်တစ်ခု ထပ်ရနိုင်မယ်လို့ တွက်နိုင်တယ်။ ဒါပေမယ့် လက်တွေ့မှာ အာဏာကိုင်ထားသူတိုင်းက ကိုယ့်အာဏာကို ပွန်းပဲ့ခံရမယ့်သဘော ရှိနိုင်မလား။ လက်တွေ့မှာ ဖြစ်နိုင်ခြေနည်းတယ်လို့ ထင်တယ်။