Crypto news and Airdop sharing
4 subscribers
1 link
ကိုယ်သိတာ တွေ့တာလေးတွေ shareကြမယ်ဗျာ
Download Telegram
Channel name was changed to «Crypto news and Airdop sharing»
Airdrop သည်သာ ဖြေဆည်းရာ
=====================
ငွေတိုကြေးစ ရနိုင်တဲ့ အရာမှန်သမျှ လွယ်လွယ်နဲ့ မရတတ်ပါဘူး။ ကိုယ့်ဘက်က ခွန်အားသော်လည်းကောင်း ဉာဏ်အားသော်လည်းကောင်း ၂ခုလုံးသော်လည်းကောင်း စိုက်ထုတ်ပြီး အချိန်ပေးပြီး ရင်းနီးမြှုပ်နှံမှ အသီးအပွင့်ကိုခံစားကြရပါတယ်။  တချို့က အချိန်တစ်မိနစ်၊ တစ်နာရီ တစ်ရက် စသဖြင့် အစပိုင်း စတင်ချိန်လေးသာလိုက်ပါလာပြီး အဆုံးသတ်တဲ့ထိ မလုပ်ကြတော့ဘူး။

ဒီနည်းလမ်းနဲ့ ငွေကြေးကိုရှာဖွေမယ်ဆိုရင် ဒီနည်းလမ်းကို တန်ဖိုးထားရပါမယ်။ အချိန်ပေးရပါမယ်။ သိသင့် သိအပ်တဲ့ ဆောင်ရန် ရှောင်ရန်တွေကို ရှာဖွေဖတ်ရှုမှတ်သားရပါမယ်။  အခု ကျနော်စာတွေရေးပေးနေတယ််ဆိုတာ အခုမှ စတင်လုပ်ကိုင်တဲ့သူတွေ သိသင့်တာလေးတွေ သိအောင် အစပျိုးပေးနေတာပါ။ စာတွေရှည်လွန်းတယ် ။ လုပ်ရတာ ရှုပ်လွန်းတယ်ဆိုပြီး မဖတ်မကြည့် လိုက်မလုပ်ဘူးဆိုရင်တော့ ပိုးသာကုန် မောင်ပုံစောင်းမတတ်ဆိုသလိုဖြစ်နေမှာပါပဲ။ သူများတွေရတယ်တဲ့လို့ ကြားလိုက် Gp ထဲပြေးဝင်လာပြီး ဟိုဟိုဒီဒီဝင်ကလစ်လိုက် ပြီးတော့လည်း ဒုံရင်းဆိုရင်ဘာမှ ရလိုက်မှာမဟုတ်ပါဘူး။ အစမို့ ခက်သလိုထင်နေရတာပါ။ တစ်ခုရထားရင် နောက်ပိုင်းအရာတွေက အလွယ်လေးတွေဖြစ်သွားမှာပါ။

အခုမှ စလုပ်တဲ့သူတွေဆိုတော့ အခေါ်အဝေါ် နာမည်တွေ network တွေ Wallet တွေနဲ့ မှတ်စရာတွေများပြီး အခက်တွေ့နေမှာ အမှန်ပါပဲ။ စိတ်မပူပါနဲ့ မုဆိုးစိုင်သင်ဆိုသလို ကျွဲကူးရေပါ လုပ်ရင်းကိုင်ရင်း တတ်သွား လွယ်သွားမှာပါ။ စိတ်ဓာတ်မကျပါနဲ့။ ဒီထဲက လိုက်လုပ်တဲ့ Project တိုင်းက စားရချင်မှ စားရမှာပါ။ ဒါပေမယ့် စားရတယ်ဆိုတဲ့  Project မှာ ကိုယ်ပါဝင်နေဖို့ ဒီထဲမှာ မျှဝေသမျှကို မလွတ်တမ်း ယူထားပါ။  မြန်မာငွေတန်ဖိုးကျလာတာနဲ့အမျှ Airdrop က ရလာမယ့် ပမာဏကလည်း မြင့်တက်လာမှာမို့  Airdrop တွေကို လက်မလွှတ်ပါနဲ့။ ရနိုင်သမျှ ကြိုးစားယူကြပါ။ အလုပ်တစ်ခုလို တန်ဖိုးထားကြပါ။ အခက်အခဲ တစ်ခုခု ကြုံတွေ့ရင် ရမ်းလုပ်လိုက်တာထက် ဒီထဲမှာ အရင်လာမေးလိုက်ပါ။ ကျနော်မသိရင်တောင် သိတဲ့သူတွေဖြေပေးသွားကြမှာပါ။ အားလုံး စည်းစည်းလုံးလုံးနဲ့ အတူတူ လုပ်ကိုင်သွားကြမယ်ဗျာ။

credit ဆရာမျိုး🙏🏻🙏🏻
အခုမှ စပြီး Airdrop လုပ်ကိုင်မယ့်သူတွေအတွက်
=============
Airdrop လုပ်မယ့်သူတွေက Crypto Currency နဲ့ အစိမ်းသပ်သပ်ဖြစ်နေတဲ့သူတွေလည်းပါနိုင်တာမို တတ်နိုင်သမျှ အသေးစိတ်လေးတွေ ရေးပေးပါမယ်။
လိုအပ်မှာတွေကတော့
၁။ ဖုန်းရှိပါမယ်။
၂။ အင်တာနက်ရှိရပါမယ်။
၃။ ဆိုရှယ်မီဒီယာအကောင့်တွေရှိရပါမယ်။
၄။ Wallet တွေ ရှိပါမယ်။

၁။ Airdrop လုပ်မယ့်သူမှာ အတန်အသင့်သုံးလိုရတဲ့ ဖုန်းတစ်လုံးရှိရပါမယ်။ Android ဖုန်းဆိုပြီးကောင်းပါတယ်။ iphone က‌ ရပေမယ့် တချိုဟာတွေမှာ အကန့်အသတ်ရှိလို ဖြစ်နိုင်ရင် Android ဖုန်းနဲ့ပဲ လုပ်သင့်ပါတယ်။ အဲ့ဒါထက်ပိုကောင်းတာကတော့ Airdrop လုပ်ဖိုအတွက် ဖုန်းသပ်သပ်ရှိရင်ပိုကောင်းပါတယ်။ တခြားဘာတွေမှမထားပဲ Airdrop လုပ်ဖို လိုအပ်တာတွေပဲထားပါ။

၂။ အင်တာနက် အသင့်အတင့်ကောင်းမွန်ရင်အဆင်ပြေပါတယ်။ ဖုန်ဘေနဲ့ဆို ကုန်ကျမှုအနည်းငယ် ရှိနိုင်ပါတယ်။  Wifi ရှိရင်ပိုကောင်းပါတယ်။

၃။ ဆိုရှယ်မီဒီယာ အကောင့်ဆိုတာကတော့ Telegram , Facebook , Twitter (x ) , Discord  ဒီ အကောင့် (၄)မျိုးက တစ်ခုထက်မက လိုအပ်တတ်ပါတယ်။ Facebook ကတော့ သိပ်မလိုအပ်တတ်ပါဘူး။ တချို Airdrop တွေမှသာ လိုအပ်တတ်တာမျိုးပါ။ အဲ့ဒီအကောင့်တွေက နေ့စဉ် ကိုယ်သုံးနေတဲ့ အကောင့်တွေ နဲ့ လုပ်လိုရပေမယ့် Airdrop အတွက် သီးသန့် ဖွင့်ထားတာမျိုးဆို ပိုကောင်းပါတယ်။ Airdrop link တွေ Share တဲ့အခါ Friend တွေကို အားမနာရတော့ဘူးပေါ့။

၄။ အထက်ပါ အချက်အလက်တွေ ပြည့်စုံတာနဲ့တင် Airdrop အတော်များများက စတင်လိုရပါပြီ။ ဒါပေမယ့် ရေခပ်သွားတာ ရေပုံးမေ့လာသလို အကုန်လုံးလုပ်ပြီးခါမှ ထည့်စရာ သိမ်းစရာမရှိရင်အလကားပါပဲ။ ဒါကြောင့် Airdrop က ရလာမယ့်  Crypto တွေကို သိမ်းဆည်းဖို  Wallet တွေ လိုအပ်ပါတယ်။ Wallet တွေကတော့  Airdrop တစ်ခုနဲ့တစ်ခုက သူတို အခြေပြုတဲ့ Network အပေါ်မူတည်ပြီး တောင်းဆိုတဲ့ Wallet တွေ မတူတတ်ကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တိုက  ဘာလာလာဒေါင်းနိုင်ဖို Network အစုံက Wallet အစုံကို ဖွင့်ထားဖိုလိုအပ်လိမ့်မယ်။  စာလည်းနည်းနည်းရှည်သွားပြီဆိုတော့ Network တွေအကြောင်းကို သီးသန့် ထပ်ရေးပေးပါမယ်။
အသုံးများသော Network များနှင့် Wallet များ
=================================
Airdrop လုပ်ကိုင်ရမှာ အများဆုံးအသုံးပြုတဲ့ Network တွေကတော့
Ethereum Network (ETH)
Binance Smart Chain (BSC)
Solana Network (SOL)
Arbitrum Network (ARB)
TON Network (TON)
Polygon Network (MATIC)
ဆိုပြီး ရှိပါတယ်။

အခြား Network တွေလည်း ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် အထက်ပါ Network ထဲကသာ အများဆုံးတွေ့ရပါတယ်။ အထက်ပါ Network တွေကို အသုံးပြုတတ်သွားရင် တခြားအရာတွေလည်း အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်သွားမှာပါ။
Wallet  တွေအနေနဲ့ကတော့ Exchange Wallet နဲ့ Mobile Wallet ဆိုပြီး အကြမ်းအားဖြင့် ၂မျိုးခွဲခြားနိုင်ပါတယ်။
Exchange Wallet တွေ အကြောင်းကိုတော့ အောက်မှာ သီးသန့်ရေးထားပါတယ်။

Mobile Wallet ထဲမှာ အများဆုံး အသုံးပြုကြတာကတော့
MetarMask
Trust
Phantom
Tonkeyper
MyTonWallet
ဆိုပြီး တွေ့ရပါတယ်။ (Download လုပ်ရမယ့် Link တွေ တခါတည်း ချိတ်ထားပါတယ်)

Metermask နဲ့ Trust Wallet တွေကတော့ အထက်ပါ Network တွေအားလုံးနီးပါးကို အသုံးပြုနိုင်ပါတယ်။
Phantom ကတော့ Solana Network (SOL) တစ်မျိုးကိုပဲ အသုံးပြုနိုင်တာပါ။ ဒါကြောင့် Sol Wallet တောင်းဆိုရင် Phantom ချိတ်တာ အကောင်းဆုံးဖြစ်ပါတယ်။
Tonkeyper နဲ့ MyTonWallet ကတော့ သူ့တို့နာမည်အတိုင်း Ton Network တစ်မျိုးပဲအသုံးပြုနိုင်ပါတယ်။
Ton Wallet ကို တောင်းဆိုတဲ့အခါ သူ့တို့နှစ်ခုထဲက Tonkeyper ကို ဦးစားပေး ချိတ်ဆက် အသုံးပြုကြပါတယ်။
Crypto Currency ဆိုတာ အစိုးရတွေ ဘဏ်တွေမပါဝင်တဲ့ လွတ်လပ်တဲ့ အနှောင်အဖွဲကင်းတဲ့ ငွေကြေး တစ်မျိုးဖြစ်ပါတယ်။
သူက လွတ်လပ် အနှောင်အဖွဲကင်းသလို အခြားတဖက်မှာတော့ လိမ်လည်မှု မသမာမှု တွေ မှားယွင်းစွာ လွှပိုမှုတွေကြောင့် ဆုံးရှုးခဲ့ရင်လည်း ပြန်လည်ရယူဖို မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အသွားနှစ်ဖက်ပါတဲ့ ထက်လွန်းတဲ့ဓား တစ်ချောင်းလိုပါပဲ။ အလိုရှိရာ ခုတ်ထွင်တဲ့အခါ အခြားတစ်ဖက်က မိမိကို မထိမိ မခိုက်မိအောင် ဂရုစိုက်ရပါတယ်။
Crypto Currency ကို အသုံးပြုတော့မယ်ဆိုရင် အဲ့ဒီ Crypto တွေကို လက်ခံသိမ်းဆည်းဖို Wallet တွေလိုပါတယ်။ ရောင်းဝယ် လဲလှယ်ဖို Exchange တွေ လိုပါတယ်။ အဲ့ဒီ Wallet & Exchange တွေဟာ သမာသမတ်ကျပြီး မှန်ကန်မှုရှိဖို အရေးကြီးပါတယ်။
အခု ကျနော်ဖော်ပြမယ့် Exchange & Wallet တွေကတော့ ကျနော်သုံးနေပြီး အဆင်ပြေတာလေးတွေပါ။
Binance သူက Crypto လောကမှာ ဒီExchange မှာမှ မတင်ရင် အဆင့်မမီသေးဘူးလိုတောင် ပြောရမလောက် လူတွေ ယုံကြည်ကြပါတယ်။ အပြည့်အဝသုံးဖိုကတော့ KYC တင်ရပါတယ်။ မြန်မာ မှတ်ပုံတင်နဲ့လည်း တင်လိုရတော့ အဆင်ပြေပါတယ်။
CoinEX သူလည်း အဆင်ပြေပါတယ်။ သုံးရတာလွယ်ပြီး KYC မတင်ဘဲလည်း သုံးလိုရပါတယ်။
Bybit သူကိုလည်းအသုံးများကြပါတယ်။ KYC လိုပါတယ်။ မြန်မာမှတ်ပုံတင်နဲ့ တင်လိုရပါတယ်။
Gate io သူ့ကိုလည်းအသုံးများကြပါတယ်။ KYC လိုပါတယ်။ မြန်မာမှတ်ပုံတင်နဲ့ တင်လိုရပါတယ်။ ငွေလွှ ငွေပိုမှာ အနည်းငယ် ကြာပါတယ်။ တခါတရံ သူများတွေမှာ မရှိတဲ့ Coin တွေက သူ့စီမှာ အရင်ရောက်နေတတ်လို ရှားပါး Coin တွေအတွက် မရှိမဖြစ်လိုအပ်တတ်ပါတယ်။

အထက်ပါ Exchange & Wallet တွေကို အမည်တွေ အသက်တွေ မွေးနေ့တွေ မှန်မှန်ကန်ကန်နဲ့ ဖွင့်ပါ။ Password , Email , Phone Number တွေကို အသေချာမှတ်ထားပါ။ တစ်ခုခု မေ့သွားရင် အဲ့ဒါတွေမှန်ကန် တိကျနေမှ ပြန်လည်ရယူလို ရနိုင်မှာပါ။

ဒါက လက်တလော ကျနော် တွေးမိသလောက် ဖော်ပြလိုက်တာပါ။ ကျနော်ဖော်ပြတဲ့အထဲက မရှင်းတာ သိချင်တာရှိရင်လေး မေးနိုင်ပါတယ်ခင်ဗျာ။
Crypto news and Airdop sharing pinned «Binance သူက Crypto လောကမှာ ဒီExchange မှာမှ မတင်ရင် အဆင့်မမီသေးဘူးလိုတောင် ပြောရမလောက် လူတွေ ယုံကြည်ကြပါတယ်။ အပြည့်အဝသုံးဖိုကတော့ KYC တင်ရပါတယ်။ မြန်မာ မှတ်ပုံတင်နဲ့လည်း တင်လိုရတော့ အဆင်ပြေပါတယ်။ CoinEX သူလည်း အဆင်ပြေပါတယ်။ သုံးရတာလွယ်ပြီး KYC မတင်ဘဲလည်း…»