✎SURVEILLANCE JUSTIN
3.36K subscribers
14.8K photos
2.39K videos
1 file
1.57K links
Download Telegram
-
ငါတို့ဟာ...

နိုင်ငံတော်အလံတိုင်ရဲ့

အောက်ခြေကအုတ်ခုံလေးတွေပါ။

အလံတိုင် မယိုင်လဲမပြိုလဲသွားအောင်

စိုက်ထူထမ်းပိုးထားရသူတွေပါ။

ငါတို့အုတ်ခုံတွေမရှိတော့ရင်...

နောက်အုတ်ခုံတွေရောက်လာမယ်။

နိုင်ငံတော်အလံ တိုင်အထက်မှာ -
🇲🇲
တစ်လွှင့်လွှင့်နဲ့လှပနေစေဖို့

ငါတို့အုတ်ခုံတွေကြံခိုင်နေရတယ်။

ငါတို့အုတ်ခုံတွေမရှိတော့ရင်...

နိုင်ငံတော်အလံဟာ မျက်ရည်ကျရတဲ့နေ့တွေပါ။



လက်ဝဲသုန္ဒရ
Forwarded from ဘညွန့်
လူဆိုတာ ပစ္စည်းဥစ္စာပိုင်ဆိုင်ရရင်
ပျော်တတ်ကြတာ သဘာဝပဲ
မှိုရတဲ့မျက်နှာဆိုတာကြားဖူးကြတယ်မဟုတ်လား

ကိုယ့်ရဲ့ ရာထူးတာဝန်အရ ရတဲ့
ချပ်ဝတ်တန်ဆာ အဆောင်အယောင်ဆို
ပိုဂုဏ်ယူတန်ဖိုးထားကြတာပေါ့ …..

လောဘ တရား ကြီး မဟုတ်ပါဘူး
ဖြူစင်တဲ့ သာမာန် လူ့သဘောသဘာဝလေးပါပဲ …..
❤️

#H.L
Forwarded from ဘညွန့်
တခြားဘာသာတွေရဲ့ နေ့ထူးနေ့မြတ်ဆိုရင် ဘာသံမှမကြားရဖူး
ကျုပ်တို့ဗုဒ္ဓဘာသာရဲ့နေ့ထူးနေ့မြတ်ဆိုရင်
ဒီကောင်တွေယုတ်မာကြပြီ
အမျိုးယုတ် ပြည်ဖျက် သာသနာဖျက်တွေ

#BN
Media is too big
VIEW IN TELEGRAM
မြေဖြူကိုင်ခဲ့တဲ့လက်က
ဘာအပြစ်ရှိလို့လဲ..?
အကြမ်းဖက် ပဒက်တွေရဲ့ လုပ်ရပ်က တပည့်များအားလုံးရဲ့ ရင်ကို ဆို့နင့်စေခဲ့ပြီ..
အေးချမ်းတဲ့ ဘဝမှာ အနားယူပါတော့..
ဆရာကြီးနဲ့ ဆရာမကြီးတို့ ခင်ဗျာ..🙏🙏🙏

#
SBM
Forwarded from Naung Taw Lay
စစ်ကိုင်းမြို့တွင် PDF အကြမ်းဖက်သမား ၅ဦး အသေဖမ်းဆီးရမိ

စစ်ကိုင်း၊ မေ ၂၂
စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၌ မေလ ၂၁ ရက် ညနေ ၅ နာရီခွဲခန့်တွင် PDF အကြမ်းဖက်သမားများ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲ့များမှ သွားရောက်ရှင်းလင်းခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက်သမား ၅ လောင်း ရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများထံမှ အမ်အေ-၁၃ သေနတ် ၁ လက်၊ Sigsauer P-320 ပစ္စတို ၁ လက်၊ အမ်အေ-၁၃ ကျည်အိမ် ၁ ခု၊ ပစ္စတိုကျည်အိမ် ၁ ခု၊ ပစ္စတိုကျည် ၃ တောင့်၊ ၉ မမ ကျည် ၁၅တောင့်၊ ကား ၁ စီး၊ ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

Join - https://t.me/MyanmarNationalPost
-
တမူးမြို့နယ် ကျွန်းပင်သာကျေးရွာအနီး အကြမ်းဖက် PDF များ၏ အလောင်း လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


2024 May 21


မေလ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်က တမူးမြို့နယ် ကျွန်းပင်သာကျေးရွာအနီး နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် ပြည်သူသတင်းပေးချက်အရ ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်စီးနင်းလာကြသော အကြမ်းဖက် PDF များ အား တွေ့ရှိရ၍ ပစ်ခတ်ရှင်းလင်းခဲ့ရာ

-အကြမ်းဖက် PDF ၄ လောင်း
-အမ်-၂၂ သေနတ် ၁ လက်
-ကျည်အိမ် ၂ ခု
-ကျည် ၅၄ တောင့်
-Drone ၁ စီး
- Drone ဘတ္ကရီ ၇ ခု တို့အား သိမ်းဆည်းရမိကြောင်း သိရပါသည်။



#Fifty Two News
-
သံတွဲမြို့အနီးဝန်းကျင်သို့ AA အကြမ်းဖက်အုပ်စုက ချည်းကပ်လာနေသဖြင့် တပ်မတော်အနေဖြင့် ထိထိမိမိ ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံတစ်ဦး ဆက်သွယ်ပြောဆို
===============================================================
သံတွဲ၊ မေ ၂၂

သံတွဲမြို့အနီးဝန်းကျင်သို့ AA အကြမ်းဖက်အုပ်စုက ချည်းကပ်လာနေကြောင်း၊ တပ်မတော်အနေဖြင့် ထိထိမိမိဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံတစ်ဦး ဆက်သွယ်ပြောဆိုသည်။
ဒေသခံ က "တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ ပစ်ခတ်နှိမ်နှင်းနေသော်လည်း တစ်ဖက်ရန်သူအဖွဲ့အစည်းမှ နောက်သို့စွန့်ခွာသွားခြင်းမရှိပဲ ရှေ့သို့ (သံတွဲမြို့နား)သို့ နီးကပ်လာသောကြောင့် သံတွဲမြို့ခံများ သံတွဲမှ စွန့်ခွာထွက်သွားသူများ ရှိနေသဖြင့် တပ်မတော်မှ ထိထိမိမိဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ သံတွဲမြို့တောင်ပိုင်းသားတွေအနေဖြင့် လက်နက်ကိုင်တိုက်ခိုက်တာကို လက်မခံပါ။" ဟု ပြောဆိုသည်။
၎င်း၏ ဆက်သွယ်ပြောကြားချက်အရ သံတွဲမြို့မှ အစိုးရဝန်ထမ်းများလည်း သံတွဲမှထွက်ခွါသွားရန်ပြုလုပ်နေကြောင်း၊ တစ်ဖက်အဖွဲ့အစည်းမှ သံတွဲမြို့ခံများအား လာမည့် 27 ရက် 28ရက်နေ့များတွင် ထွက်ခွာသွားရန် လိုင်းပေါ်မှ နှိုးဆော်ထားကြောင်း သိရသည်။

Join - https://t.me/MyanmarNationalPost
-
နပခလိုအပ်ချက်တစ်၊ဗျင်းဖို့တစ်ခုပါ

မေ၂၂၊၂၀၂၄။

အင်အားနဲ့လက်နက်ခဲယမ်းပဲပို့လို့မရဘူးလို့မြေပြင်သိရ။
နည်းပညာအကူအညီဖြစ်တဲ့Anti Drone,Droneတွေပို့ပေးဖို့လိုလားနေပါတယ်၊မောင်တောထဲမှာတော့ ကီးမကိုက်တော့ဘူး။နည်းပညာ အကူအညီလိုအပ်တယ်လို့မြင်မိပါတယ်။ရန်သူက အပေါ်ကနေဒရုန်း ကင်းထောက်တာတောက်လျှောက်လုပ်နေလို့အစည်းအဝေး၊တပ်လှုပ် ကိုdrop Bombမိနေပါတယ်။

AAဒရုန်းအဖွဲ့တည်နေရာမြေပြင်ကွန်ဖမ်းလိုက််နေတယ်။Turkey Madeသုံးလို့နည်းနည်းပိုဝေးနိုင်လို့သုံးသပ်ရရိှထား။

နေပြည်တော်
-
မေလဆန်း တိုက်ပွဲသတင်း (ရခိုင်)

မေလ ဒုတိယပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် မောင်တောမြို့နယ်၊ ဗောဓိကုန်းမှာ AA သကသ ၁၁ ဦး(ပုံပျက်)သေဆုံးပြီး ၁၆ ဦးဒဏ်ရာရရှိ။ အလားတူ မောင်တောမြို့တောင်ဘက် ရွှေဗဟိုအား လေကြောင်းတိုက်ခိုက်မှုကြောင့် AA Sinper အမျိုးသမီးစစ်သည် ၂ ဦးအပါ ၂၅ ဦး၊ AA အလောင်းကောက်အဖွဲ့ ၆ ဦး၊ စုစုပေါင်း ၃၁ ဦးသေဆုံးပြီး ၂၈ ဦးဒဏ်ရရခဲ့တယ်လို့ AA အဖွဲ့တွင်း သတင်းပေးတစ်ဦးထံမှ သိရှိရပါတယ်။ ထိခိုက်သေဆုံး/ဒဏ်ရာရသူများအား အလောင်းကောက်အဖွဲ့ဖြင့် တိုက်ပွဲနယ်မြေအတွင်းမှ သယ်ထုတ်ပြီး သေဆုံးသွားတဲ့ AA များအား ရွှေဗဟို၌ အသုဘချကာ ဒဏ်ရာရရှိသူတွေကို ဗောဓိကုန်းတောင်ကျော်လမ်းမှ တစ်ဆင့် ညောင်ချောင်းဘက်မှာ ဆေးကု နေတယ်လို့ သိရှိရပါတယ်။
-
မောင်တောမြို့နယ်၊ ငွေတောင်-ပြဿဒ်ကြားက AA သကသ များစုဖွဲ့ရာနေရာအား AA အဖွဲ့ကို မလိုလားတဲ့ ရခိုင်ပြည်သူတစ်ဦးက သတင်းအတိအကျပေးလို့ မြေပုံညွှန်းအတိအကျဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ AA သကသ ၄ ဦးပျောက်ဆုံးပြီး ၁၄ ယောက်သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့။ ဒဏ်ရာရသူတွေကို အနောက်မြောက်ဘက်ရှိ သရက်အုပ်ရွာဘက်ကို သယ်ဆောင်သွားကြောင်း သိရှိရပါတယ်။
-
သရေကုန်းဘောင် ဗုံးကြဲတိုက်ခိုက်မှုမှာလည်း AA သကသအဖွဲ့မှ တပ်ရင်းမှူးအဆင့်ရှိသူ ဆန်းလှ သေဆုံး သွားပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ထပ်မံသတင်းပေးလာခဲ့ပါတယ်။
-
AA သကသများ၏ နေရာနှင့် လှုပ်ရှားမှုသတင်းများအား AA ကို မထောက်ခံသည့် ရခိုင်လူမျိုးများနှင့် AA အဖွဲ့အတွင်းရှိ မိမိအမာခံများက သတင်းများပေးပို့လျက်ရှိပြီး ရရှိသတင်းများအား ဆက်လက်ဖော်ပြ ပေးသွားပါမည်။

#တိုက်ပွဲသတင်းစုံ
Forwarded from ဘညွန့်
၂၁ ၅ ၂၄
ညနေပိုင်းက
စစ်ကိုင်းမြို့နယ် လဝက ရုံးကို အကြမ်းဖက်ပြန်ပေးဆွဲတဲ့ အကြမ်းဖက်သမားတွေ လက်နက်နဲ့အတူ အသေဖမ်းဆီးရရှိ

#BN