Mini Cinema Review
38.9K subscribers
2.96K photos
66 videos
1 file
1.7K links
Contact Me @thetnaung25

⚠️ Copyright Disclaimer
No copyright infringement intended. I do not own any of the video or music. Use only for the entertainment purpose only under the principal of Fair Use. All rights reserved goes to its rightful owner
Download Telegram
Screamboat (2025)

Mickey Mouse ကားတွေ တချို့ကာတွန်း
ကားတွေရဲ့ အစမှာတွေ့ရမဲ့ လေလေးချွန်ပြီး လှေမောင်းနေတဲ့
ကြွက်လေးကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဇာတ်အိမ်တည်မဲ့နေရာကိုတော့ ဖယ်ရီသင်္ဘောကြီး
တစ်ခုပေါ်မှာတည်ထားတာတွေ့ရမှာဖြစ်ပါတယ်။
စစချင်းမှာတော့ နယူးယောက်မြို့လေးရဲ့ထုံးစံအတိုင်း ဖယ်ရီ
သင်္ဘောပေါ်ကို လူပေါင်းစုံ စရိုက်ပေါင်းစုံတက်လာခဲ့ပြီး
ပျော်တဲ့သူကပျော် အနားယူတဲ့သူကအနားယူနဲ့ သာယာတဲ့
ညနေခင်းလေးကိုတွေ့ရမှာဖြစ်ပါတယ်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဒီဇာတ်ကားရဲ့အဓိကဗီလိန်ကြီး
ပေါ်လာပြီး လူတွေကိုတစ်ယောက်ပြီးတစ်ယောက်ဘယ်လို
သတ်ဦးမလဲ ဘာရည်ရွယ်ချက်နဲ့လဲဆိုတာတွေအပြင် ဒီလို
သည်းထိပ်ရင်ဖိုကားတွေရဲ့ထုံးစံအတိုင်း အသက်ရှင်ကျန်
သူတွေရောရှိပါ့ဦးမလားဆိုတာကို ရှုစားရဦးမဲ့ ဇာတ်ကားလေး
တစ်ကားပဲဖြစ်ပါတယ်။

Channel အရင် Join ပေးပါ
⬇️

https://t.me/+ZQ86M4YtE59kMGE1

Movie Link
⬇️

https://t.me/c/2331579263/138

Copyright ကြောင့် Channel ပျက်နိုင်လို့ Main Channel ကို Join ထားပေးကြပါဦး
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://t.me/minicenimaMain
Please open Telegram to view this post
VIEW IN TELEGRAM
1🤔1
Take Care Of My Cat (2001)

သူငယ်ချင်းငါးယောက်ဖြစ်တို့ ဟိယဂျူး၊ ထယ် ဟီး ၊ ဂျီယောင်း၊ ဘီရူးနဲ့ အွန်ဂျိုးတို့ဟာ အင်ချွန်း ဆိုတဲ့ မြို့ငယ်လေးရဲ့

အထက်တန်းကျောင်းမှာ တည်းက ခင်မင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အထက်တန်းပြီးလို့ တစ်နှစ်ကြာတဲ့အခါ တစ်ယောက် တစ်လမ်းစီ လျှောက်ကြရပါတယ်။

မိသားစုအလုပ် ကိုလုပ်သူကလုပ် ကုမ္ပဏီမှာလုပ်သူကလုပ် လမ်း ဘေးမှာ လက်ဝတ်ရတနာလေးတွေ ရောင်းသူက ရောင်း အလုပ်မရှိလို့ အလုပ်ရှာသူကရှာပြီး ဘဝ ကြီးကိုလျှောက်လမ်းကြပါတယ်။အဲ့ဒီလို ဘဝရဲ့ တာဝန်တွေကို ခက်ခက်ခဲခဲလျှောက်လှမ်းကြရင်း

တစ်ယောက်နဲ့တစ်ယောက် ပုံမှန်တွေ့ဖြစ်အောင် လည်း ကြိုးစားကြပေမယ့် ဘဝကြီးထဲရောက်တဲ့ အခါ ကျောင်းတုန်းကဘယ်လောက်ပဲ ခင်ခဲ့ပါစေ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းကွဲပြားလာကြ ပါတယ်။

ဒီသူငယ်ချင်းတွေရဲ့ အခက်အခဲတွေ အမြင် တွေနဲ့ ကိုယ့်ဘဝကိုယ် ဘယ်လိုရုန်းကန်ကြရပုံတွေကို

ကြည့်ရှုခံစားရင်းကျောင်းတုန်းကသူငယ်ချင်းတွေကို လည်း အမှတ်ရစေမယ့်ဇာတ်ကားကောင်းလေးတစ် ကားပဲ ဖြစ်ပါတယ်


Channel အရင် Join ပါ
⬇️

https://t.me/+dcge_Slp8qJhOWE1

Movie Link

https://t.me/c/2342528089/652

Copyright ကြောင့် Channel ပျက်နိုင်လို့ Main Channel ကို Join ထားပေးကြပါဦး
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://t.me/minicenimaMain
Please open Telegram to view this post
VIEW IN TELEGRAM
Nightbird (2023)

ရေချယ်ဟာ ဘာဂီယိုမှာမွေးဖွားကြီးပြင်းခဲ့တဲ့ ရှေးဟောင်းသုသေသနပညာရှင်ဖြစ်သလို ကရာတေးမှာလည်း ခါးပတ်နက်ရထားပြီး မတရားတာတွေ့ရင်လက်ပိုက်ကြည့်မနေတတ်တဲ့ ဆတ်ဆတ်ကြဲ ကောင်မလေးတစ်ယောက်ပါ။ မကြာခင်မှာ နိုင်ငံခြားကို ကျောင်းသွားတက်ဖိုရှိပေမဲ့ မသွားခင်တစ်ညမှာ သူ့သူငယ်ချင်းတွေ အဆွယ်ကောင်းမှုကြောင့် ကလပ်ရောက်သွားခဲ့ပြီး မနီလာအလည်လာတယ်ဆိုသူ သူစိမ်းယောက်ျားသုံးယောက်နဲ့ ဆုံဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း ကလပ်မှာတင်မပြီးပဲ အဲ့ဒီလူတွေရဲ့ဖိတ်ခေါ်မှုကိုလက်ခံပြီးတော့ သူတိုမိတ်ဆွေ ဒေသခံဆိုတဲ့သူရဲ့လူသူမဝေးတဲ့အရပ်က အိမ်အကြီးကြီးတစ်လုံးကိုပါ ရောက်သွားခဲ့ပြီးတဲ့ နောက်မှာတော့ ထင်မှတ်မထားတဲ့ ဖြစ်ရပ်ဆိုးတွေကိုကြုံဆုံဖိုဖြစ်လာပါတော့တယ်။
ကရာတေးခါးပတ်နက် ရေချယ်တစ်ယောက် ဒီယောက်ျားတွေကို အနိုင်ကြဲနိုင်မှာလား…
ဒီလူတွေရဲ့အကြံအစည်ကဘာတွေရှိနေမလဲ…
သူ့အချစ်ဆုံး သူငယ်ချင်းတွေကိုရော အချိန်မှီကယ်တင်နိုင်ပါ့မလား… ပုရိသတိုနဲ့ မစိမ်းလောက်မယ့် Christine Bermas လေးကို ဒီကားမှာတော့ စရိုက်တစ်မျိုးနဲ့ ကြမ်းချင်တိုင်းကြမ်းပြမယ့် ဖိလစ်ပိုင်ဂျက်မအဖြစ် ထူးထူးခြားခြား တွေ့မြင်ရမှာမို..


ချန်နယ်အရင် joinပါ
⬇️

https://t.me/+w4GzDbj7xi9lODU1

Movie Link
⬇️

https://t.me/c/2485651889/1394

Copyright ကြောင့် Channel ပျက်နိုင်လို့ Main Channel ကို Join ထားပေးကြပါဦး
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://t.me/minicenimaMain
Please open Telegram to view this post
VIEW IN TELEGRAM
1
Salaam Venky (2022)


အမေဆိုတာ သားသမီးတွေ မတောင်းဘဲပေးတဲ့လူစားမျိုး…
အမေဆိုတာ ကိုယ်သာအငတ်ခံလိုက်မယ် သားသမီးဝမ်းဝအောင်ကျွေးတဲ့လူစားမျိုး…
အမေဆိုတာ သားသမီးနဲ့ပတ်သက်လာရင် မြင့်မိုရ်တောင်မက ကြီးမားတဲ့မေတ္တာတွေနဲ့
ရင်ဝယ်ပိုက်ထားမယ့်လူစားမျိုး…
အမေဆိုတာ သားသမီးနှုတ်ကပြောမထွက်တဲ့စကားတွေကို အလိုလိုသိနားလည်တဲ့လူစားမျိုးပါ…

ကျွန်တော့်လက်ရှိဘဝနဲ့ နောင်ဖြစ်ပေါ်လာမယ့်အနာဂတ်တွေဟာ
အမေ့ရဲ့ကျေးဇူးကြောင့်ပါဆိုတဲ့ အေဗရာဟမ်လင်ကွန်းရဲ့စကားလေးကိုတောင် သွားသတိရမိတယ်ဗျာ။

အမေ…။

မျိုးရိုးဗီဇရောဂါတစ်ခုကြောင့် ဘဝကို လက်မလျှော့တမ်း ရှေ့ဆက်နေရတဲ့ ကောင်လေးတစ်ယောက်ကို
ရင်ဝယ်ပိုက်ပြီး ဒီကလေးဟာ ဆယ်ကျော်သက်အရွယ်မှာ အသက်ဆုံးရှုံးသွားနိုင်ခြေရှိပါတယ်ဆိုတဲ့
ဆရာဝန်တွေရဲ့ပြောစကားကိုမမှုဘဲ သူ့သားသမီး အသက်ရှည်ရှည်နေရဖို့ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့
အစွမ်းကုန်တွန်းလှန်နေတဲ့ အမေတစ်ယောက်ရဲ့အကြောင်းလေးပေါ့။

အမေဟာ ကျွန်တော်တို့အတွက် စံပြဆရာ လက်ဦးဆရာပါပဲဗျာ။

အမေ့ရဲ့မေတ္တာများကို ဒီဇာတ်ကားလေးနဲ့ ထပ်တူနားလည်နိုင်ကြပါစေလို့ ညွှန်းဆိုပေးလိုက်ပါတယ်။


Channel အရင် join ပါ
⬇️

https://t.me/+2JoXU2biY55kMzk1

Movie Link
⬇️

https://t.me/c/2269606726/703


Copyright ကြောင့် Channel ပျက်နိုင်လို့ Main Channel ကို Join ထားပေးကြပါဦး
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://t.me/minicenimaMain
Please open Telegram to view this post
VIEW IN TELEGRAM
Zom 100: Bucket List of the Dead (2023)


ဘဝမှာလူတိုင်းကတော့ ကိုယ်လုပ်ချင်တဲ့အရာတွေရှိကြမှာပါ။
ဆန္ဒနဲ့လက်တွေ့ထပ်တူမကျဘဲ ပင်ပန်းရုန်းကန်နေရတဲ့သူတွေလည်းရှိကြမှာပါ။– တနင်္လာနေ့ရုံးမသွားချင်ဘူးဖြစ်နေလား
– ဘယ်လောက်ပဲကြိုးစားကြိုးစား အထက်လူကြီးတွေရဲ့ အကောင်းပြောတာမခံရဘူးလား
– အချိန်ပိုတွေဆင်းနေရပြီးပင်ပန်းလွန်းနေပြီလား
– ကိုယ်တကယ်ဖြစ်ချင်နေတာ ဘာများလဲဆိုတာ ပြန်တွေးနေမိပြီလား
– ဒီအချိန်မှာတစ်ကမ္ဘာလုံးဇွန်ဘီ‌တွေဖြစ်သွားရင်ကောင်းမှာပါလို့ တွေးမိတဲ့သူတွေအတွက် တကယ်ပဲဖြစ်သွားတာကိုမြင်တွေ့ရမှာပါတန်ဒိုအကီရာဆိုတဲ့ကောင်လေးတစ်ယောက် အလုပ်တွေဆက်တိုက်လုပ်၊ ပင်ပန်းနွမ်းနယ်ပြီး
အလုပ်မသွားချင်ဖြစ်နေတဲ့ တစ်မနက်ခင်းလေးမှာ တစ်နိုင်ငံလုံးဇွန်ဘီတွေဖြစ်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။
အလုပ်မသွားရလို့ ပျော်နေတဲ့အချိန်မှာ အကြံဉာဏ်တစ်ခုရပြီး စာအုပ်တစ်အုပ်မှာ ဇွန်ဘီမဖြစ်ခင်လုပ်ရမည့်အချက် ၁၀၀ ဆိုပြီးစရေးခဲ့ပါတယ်။
သူ အဲဒီစာအုပ်ထဲကအတိုင်း လုပ်နိုင်ပါ့မလား အချက် ၁၀၀ ပဲ ပြည့်သွားမလား
မပြည့်ခင်မှာဘဲ ဇွန်ဘီဖြစ်သွားမလား ရင်တမမနဲ့ကြည့်ရှုလိုက်ပါဦးနော်

channel ကိုအရင် join ပါ ⬇️

https://t.me/+s8FZVPV4x7EwMDU1

ဇာတ်ကားlink ⬇️

https://t.me/c/2474067336/273

Copyright ကြောင့် Channel ပျက်နိုင်လို့ Main Channel ကို Join ထားပေးကြပါဦး
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://t.me/minicenimaMain
Please open Telegram to view this post
VIEW IN TELEGRAM
1
Fair Rain (2025)


အမေရိကန်နိုင်ငံမှာ ဆိုက်ဘာတိုက်ခိုက်မှုကြီးတစ်ခု

ဖြစ်ခဲ့ပြီး မီးတွေအချိန်ကြာမြင့်စွာ ပြတ်တောက်သွားတဲ့

အခါမှာတော့ နိုင်ငံလည်းတဖြည်းဖြည်းဆုတ်ယုတ်လာပြီး

ပြည်နယ်အခွဲတွေလည်း စိတ်ဝမ်းကွဲလာပါတော့တယ်။

အဲ့ဒီအပြင်ကိုမှ ကလေးပေါင်း ၃ ဘီလီယံကျော်ကလည်း

ပျောက်ချင်းမလှကြီးပျောက်ဆုံးသွားတဲ့အတွက်အခြေအနေ

တွေကပိုပိုဆိုးလာခဲ့ပါတော့တယ်။နောက်ပိုင်းမှာ အမေရိကန်

နိုင်ငံတင်မကဘဲ ကမ္ဘာတစ်ဝှမ်းမှာပါ ဒီလိုတွေဖြစ်လာတဲ့

အခါမှာတော့ အသစ်တက်လာတဲ့ UN ဝန်ကြီးချုပ်ကို နိုင်ငံတွေ

အားလုံးအဆင်ပြေအောင် တစ်ကမ္ဘာလုံးဆိုင်ရာအစိုးရဖွဲ့စည်း

ခဲ့ပြီး ထိန်းချုပ်ဖို့လုပ်ခဲ့ပါတော့တယ်။

အဲ့ဒါကိုလက်ခံတဲ့လူတွေရှိသလို လက်မခံတဲ့လူတွေလည်း

ရှိနေခဲ့ပါတယ်။အစိုးရအသစ်ရဲ့မတရားမှုကိုမခံနိုင်တဲ့လူတွေက

ထုံးစံအတိုင်း ပြန်လည်တော်လှန်ဖို့ အဖွဲ့တွေများစွာစုစည်းခဲ့

ကြပေမဲ့ ရက်စက်မှုအပေါင်းသရဖူဆောင်းတဲ့အစိုးရကြောင့်

တော်လှန်ရေးအဖွဲ့တွေအားလုံး တဖြုတ်ဖြုတ်နဲ့သေဆုံးကုန်

ကြပြီး နောက်ဆုံးမှာတော့ အကြွင်းအကျန်အဖွဲ့လို့ခေါ်တဲ့

တစ်ဖွဲ့ပဲကျန်ခဲ့ပါတော့တယ်။အဲ့ဒါကြောင့် အစိုးရအသစ်က

ဒီလိုအကြောတင်းတင်းနဲ့ကျန်ခဲ့တဲ့အဖွဲ့ကို သုတ်သင်ရှင်းလင်းဖို့

အားထုတ်ခဲ့ကြသလို ဒီအဖွဲ့ကလည်း မတရားတဲ့အစိုးရကို

တော်လှန်ဖို့ကြိုးစားရင်း နှစ်ဖက်အားပြိုင်ကြပုံတွေကို

အက်ရှင်တွေ နိုင်ငံရေးတွေနဲ့ ရောထွေးရှုစားရမှာပဲဖြစ်ပါတယ်။

Channel အရင် Join ပါ⬇️

https://t.me/+dcge_Slp8qJhOWE1

Movie Link ⬇️

https://t.me/c/2342528089/654

Copyright ကြောင့် Channel ပျက်နိုင်လို့ Main Channel ကို Join ထားပေးကြပါဦး
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://t.me/minicenimaMain
Please open Telegram to view this post
VIEW IN TELEGRAM
The Road Home (1999)

တရုတ်တွေမှာ ရှေးကအယူအဆတစ်ခုရှိပါတယ်တဲ့။ ဒါကတော့ သေဆုံးသူရဲ့အလောင်းကို သူ့ရဲ့နေရပ်ဌာနီကို လူတွေနဲ့ထမ်းပြီး ပြန်သယ်သွားပြီးတော့ လမ်းတစ်လျှောက်မှာ ဒါကမင်းရဲ့အိမ်ပြန်လမ်းဖြစ်ကြောင်း အော်ပေးရတယ်တဲ့။
ဒီလိုအော်ပေးတဲ့အခါ တမလွန်ဘဝကိုရောက်သွားတဲ့သူက အိမ်ပြန်လမ်းကို မမေ့တော့ဘူးဆိုလို့ ယူဆကြတာပါ။

ဆန်းကျစ်တစ်ယောက် ဇာတိရွာလေးကနေထွက်လာပြီး မြို့မှာအလုပ်သွားလုပ်တာ နှစ်နဲ့ချီကြာခဲ့ပါပြီ။
မြို့မှာနေတဲ့လူငယ်တစ်ယောက်ရဲ့ဘဝဟာလည်း လွယ်ကူလှတာမဟုတ်တော့ ဆန်းကျစ်လည်း အိမ်ကိုမပြန်ဖြစ်တာ နှစ်နဲ့ချီကြာခဲ့ပြီပေါ့။
ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့ဇာတိ ဆန်းဟော်ထွမ်က သူကြီးက သူ့ဆီကို သတင်းဆိုးနဲ့အတူ ဖုန်းဆက်လာပါတယ်။
“မင်းအဖေဆုံးပြီ”တဲ့
ဒါကပဲဆန်းကျစ် ဇာတိမြေကို မဖြစ်မနေပြန်လာဖို့ အကြောင်းရင်းဖြစ်ခဲ့တာပေါ့။

ဒီလိုနဲ့ ဇာတိမြေကိုပြန်ရောက်ရာကနေ ဆန်းကျစ်တစ်ယောက် သူ့ရဲ့အဖေဖြစ်တဲ့ဆန်းဟော်ထွမ်ရွာကဆရာလေး လော့ချန်ယွီနဲ့ ရွာရဲ့အလှပဂေး ကျောက်တိတို့ရဲ့ အချစ်ဇာတ်လမ်းကို နောက်ခံ ဇာတ်ကြောင်းပြန်ပြောပြတဲ့ပုံစံလေးနဲ့ တင်ဆက်ထားတာဖြစ်လို့ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။

Channel အရင် Join ပါ
⬇️

https://t.me/+dcge_Slp8qJhOWE1

Movie Link
⬇️

https://t.me/c/2342528089/657

Copyright ကြောင့် Channel ပျက်နိုင်လို့ Main Channel ကို Join ထားပေးကြပါဦး
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://t.me/minicenimaMain
Please open Telegram to view this post
VIEW IN TELEGRAM
1
Freaky Tales (2025)

၁၉၈၇ မှာ အခြေပြုထားပြီး မတူညီတဲ့ ဇာတ်အိမ်လေးခုကို တစ်ခုနဲ့တစ်ခုချိတ်ဆက်ထားပြီး နောက်ဆုံးမှာ ပေါင်းစပ်သွားတဲ့ပုံကို ပြထားတာပါပဲ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။

ပီဒရို ပက်စကယ် ပါထားသလို လူတိုင်းကြိုက်တဲ့ မင်းသားကြီးတစ်ယောက်ကလည်း စပရိုက်အနေနဲ့ ဧည့်သည်သရုပ်ဆောင်ပေးထားပါတယ်။ ဘယ်သူလဲတော့ မှန်းကြည့်ပါ။

ဇာတ်လမ်းအကျဉ်း

ပန့်လူငယ်တစ်စုက နာဇီလက်သစ် လူမိုက်အုပ်စုကို ပြန်တိုက်ရတဲ့ဇာတ်လမ်း၊ ရပ်ပါ မလေးနှစ်ယောက်က သူတို့ကို အရှက်ခွဲဖို့ခေါ်တဲ့ ရပ်ပါကို ပြန်အနိုင်ရွတ်တဲ့ ဇာတ်လမ်း၊

အကြွေးတောင်းလူမိုက် ကလင့်က နောက်ဆုံးမှာ သူ့ရဲ့သမီးကို လူမိုက်တွေဆီက ပြန်သွားကယ်ရတဲ့ ဇာတ်လမ်း နဲ့

ဘတ်စကတ်ဘောသမား စလီပီဖလွိုက်က ဖောက်ထွင်းသမားဂိုဏ်းကို လက်စားချေတဲ့ဇာတ်လမ်းဆိုပြီး လေးခုပါပါတယ်။

အဲဒီလေးခုလုံးက ဘာမှမဆိုင်သလိုနဲ့ ဒီစကြဝဠာကြီးထဲမှာ အားလုံးက ဆက်စပ်နေတာပဲဆိုတာမျိုးကို ပြထားတာ စတိုင်နဲ့ သွားထားတာပါ။

Channel အရင် Join ပါ
⬇️

https://t.me/+dcge_Slp8qJhOWE1

Movie Link
⬇️

https://t.me/c/2342528089/659

Copyright ကြောင့် Channel ပျက်နိုင်လို့ Main Channel ကို Join ထားပေးကြပါဦး
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://t.me/minicenimaMain
Please open Telegram to view this post
VIEW IN TELEGRAM
Ghostbusters : Frozen Empire (2024)


သရဲဖမ်းသမားမျိုးဆက်သစ်တွေအတွက် ဒီတစ်ခါတော့ နှစ်ထောင်ပေါင်းများစွာက ကြေးဝါလုံးတစ်ခုထဲမှာ ပိတ်ထားခံရတဲ့ မိစ္ဆာနတ်ဘုရားကြီးတစ်ပါးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သရဲဖမ်းသမားတွေထုံးစံအတိုင်း ဒဏ္ဍာရီတွေ၊ သိပ္ပံစမ်းသပ်ချက်တွေပေါင်းပြီး သရဲကိုစုံစမ်းတာတွေ၊ သရဲဖမ်းသမား မျိုးဆက်ဟောင်းတွေနဲ့ အသစ်တွေ ပူးပေါင်းကြတာတွေပါပြီး မိသားစုလိုက်ကြည့်လို့ရမဲ့ ဟာသ အက်ရှင် ဟော်ရာအမျိုးအစား ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အပန်းဖြေဖို့အတွက် ရုပ်ရှင်ကောင်းတစ်ခုပါပဲ။

channel ကိုအရင် join ပါ
⬇️

https://t.me/+s8FZVPV4x7EwMDU1

ဇာတ်ကားlink
⬇️

https://t.me/c/2474067336/278

Copyright ကြောင့် Channel ပျက်နိုင်လို့ Main Channel ကို Join ထားပေးကြပါဦး
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://t.me/minicenimaMain
Please open Telegram to view this post
VIEW IN TELEGRAM
Utha Patak (2024)
Season 1+2

ကဲ အခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ Utha Patak ဆိုတဲ့ ဆယ့်ရှစ်ယောက်ကားလေးပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားကားကိုတော့Ulluက တင်ဆက်ပေးထားတာဖြစ်ပြီး ဇာတ်လမ်းတပိုင်းကို Story
တစ်ခုစီအနေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

ဇာတ်လမ်း သဘောကို အကျဉ်းချုပ်ပြောပြရမယ်ဆိုရင်တော့ Utha Patak ဆိုတဲ့ စာအုပ်တစ်အုပ် ရှိပါသတဲ့။
မြန်မာလို ပြောရရင်တော့ “မူစကူဒူး”ပေါ့။

အဲဒီ မူစကူဒူးစာအုပ်ကို ကောက်ရတဲ့ သူတိုင်းဟာ သူတို့ရဲ့ လက်တွေ့ဘဝမှာ
မခံစားနိုင်တဲ့ မခံစားခဲ့ရတဲ့ ဘဝမျိုးကို ရေးထားတဲ့အတွက် စာအုပ်ကို ဖတ်ပြီးရင်စာအုပ်ထဲဝင်ရောက်
ရှင်သန်မိသလို စွဲလမ်းမိသွားကြတာပေါ့။

ဘယ်လိုလူတွေက စာအုပ်ကောက်ရပြီး ဘယ်သူတွေနဲ့ဘယ်လိုဒူးကြမယ်ဆိုတာကိုတော့
ဇာတ်ကားထဲကိုယ်တိုင်ဝင်ရောက်ခံစားရင်း အားပေးကြပါဦးလို့ …


channel အရင် join ပါ
⬇️

https://t.me/+iwXk9RrVFcQyOWM1

Movie link
⬇️

https://t.me/c/2462418547/469



Copyright ကြောင့် Channel ပျက်နိုင်လို့ Main Channel ကို Join ထားပေးကြပါဦး
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://t.me/minicenimaMain
Please open Telegram to view this post
VIEW IN TELEGRAM
The Iron Giant [1999]

အချိန်ကာလက စစ်အေးကာလ အမေရိကန်နဲ့ ဆိုဗီယက်တို့ အပြင်းအထန် အားပြိုင်နေချိန်ပေါ့။

အဲ့လိုအချိန်မှာ ဆိုဗီယက်က ကမ္ဘာ့ပထမဆုံး ဂြိုဟ်ထုဖြစ်တဲ့ Sputnik I ကြီးလွှင့်လိုက်တော့ အမေရိကန်မှာ ဆိုဗီယက် ကျူးကျော်စစ်တို့၊
ကောင်းကင်ကကျလာမယ့် ဆိုဗီယက် စစ်လက်နက်တွေတို့ အကြောင်း တွေးရင်း ပြောရင်း အရမ်း Paranoid ဖြစ်နေချိန်ပေါ့။
.
အဲ့လိုအချိန်မှာ Hogarth Hughes လိုခေါ်တဲ့ ၁၂ နှစ်အရွယ်လောက်ကောင်လေး ဟာ သူ့အမေ Annie နဲ့ အေမရိကန္က ကမ်းရိုးတန်း နယ်ဖျား မြို့လေးရဲ့ အစပ်မှာ နေထိုင်ပါတယ်။

တစ်ရက်မှာတော့ Annie ဟာ အလုပ်ကနေ အိမ်ပြန်တာနောက်ကျ မှာဖြစ်လို့ (Hogarth မွာ အမေပဲရှိတော့ပါတယ်) Hogarth တစ်ယောက်ထဲ အိမ်မှာ ရှိနေချိန် တီဗွီအင်တင်နာကို တစ်ခုခုက ချိုးယူသွားတဲ့အခါ ဇာတ်လမ်းစတော့ တာပါပဲ။

Channel အရင် join ပါ
⬇️

https://t.me/+tk9SDhimy81iMTRl

Movie Link
⬇️

https://t.me/c/2397275056/286

Copyright ကြောင့် Channel ပျက်နိုင်လို့ Main Channel ကို Join ထားပေးကြပါဦး
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://t.me/minicenimaMain
Please open Telegram to view this post
VIEW IN TELEGRAM
The Raid 1 (2011)


အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က အဆောက်အအုံကြီးတခုမှာ အလွန်ရက်စက်ပြီး အာဏာလဲရှိတဲ့မူးယစ်ဂိုဏ်းခေါင်းဆောင် တာမာနဲ့ သူ့အဖွဲ့သားတွေကိုဖမ်းဆီးဖို့အတွက် SWAT အဖွဲ့က အဆောက်အဆုံထဲချိုးဖောက်ဝင်ရောက်လာတဲ့ အခန်းနဲ့စတင်ထားတဲ့ ဒီဇာတ်ကားလေးက အင်ဒိုနီးရှားကရိုက်ကူးထားတာဆိုပေမဲ့ အနောက်တိုင်းအက်ရှင်တွေအတိုင်း တကားလုံးကိုအပစ်အခတ်အသတ်အပုတ်တွေနဲ့ အတော်လေးကြည့်ကောင်းပါတယ် ….

အဆောက်အအုံထဲတိတ်တဆိတ်ဝင်လာတဲ့ SWAT အဖွဲ့ကို cctv ကတဆင့်သိသွားတဲ့တာမာက သူ့အဖွဲ့သားတွေလွှတ်ပြီး ဝင်ပေါက်ထွက်ပေါက်တွေအကုန်ပိတ်ချလိုက်တဲ့အခါ SWAT တဖွဲ့လုံး တိုက်ရဲ့၇ထပ်မြောက်မှာပိတ်မိသွားပါတော့တယ် အဲ့အခန်းကစပြီး သေနတ်တင်မက ဓားတုတ်တွေ့ရာလက်နက်နဲ့ အသက်လုပြီးတိုက်ပွဲဝင်ရတဲ့ SWATအဖွဲ့ကိုစတင်ရှုစားရမှာဖြစ်ပြီး သာမန် SWAT အဖွဲ့ဝင်လေး ရာမရဲ့အစွမ်းသတ္တိတွေကိုပါ အားရပါးရရှုစားရမဲ့ ဇာတ်ကြမ်းကားလေးဖြစ်ပါတယ်…

Channel အရင် Join ပါ
⬇️

https://t.me/+dcge_Slp8qJhOWE1

Movie Link
⬇️

https://t.me/c/2342528089/661

Copyright ကြောင့် Channel ပျက်နိုင်လို့ Main Channel ကို Join ထားပေးကြပါဦး
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://t.me/minicenimaMain
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
2
The Raid 2 (2014)


လူဆိုးဂိုဏ်း ခေါင်းဆောင်တွေ၊ စိတ္တဇ ဝေဒနာသည်တွေနဲ့ ပြည့်နေတဲ့ အဆောက်အဦကြီးထဲမှာ တိုက်ခိုက်ပြီး ထွက်ခွာလာတဲ့နောက်ပိုင်း ဂျာကာတာ ရဲသား ရမ်ဟာ အရာအားလုံးဟာ ပြီး
ဆုံးသွားခဲ့ပြီ၊ သူဟာ သာမန်ဘဝမှာ နေထိုင်နိုင်ပြီလို့ စဉ်းစားပါတယ်။ သူကြုံခဲ့ရတဲ့ တိုက်ခိုက်မှုကြီးမှာက ရဲနဲ့ လူဆိုးတွေရဲ့ အလောင်းတွေဟာ အခန်းတစ်ခုလုံး ပြည့်မတတ်ပါပဲ။ ဒီလိုအခြေအနေကို ကြုံတွေ့ခဲ့ရတော့ ရမ့်အနေနဲ့ ထပ်ပြီး အမှားတွေ မလုပ်ချင်တော့ဘူး။
သူ့ရဲ့ ပြိုင်ဘက်တွေဟာ ဖြုံလောက်တယ်ဆိုပေမဲ့ ဒီအဆောက်အဦထဲမှာတော့ ကြမ္မာငင်သွားခဲ့ရပါတယ်။ ဒါပေမဲ့ သူ့မိသားစုကတော့ အန္တရာယ်ရှိနေပါပြီ။ ရမ့်အနေနဲ့ သူ့ဇနီးနဲ့ မွေးကင်းစအရွယ် သားငယ်ကို ကာကွယ်ဖို့သာ ရွေးချယ်စရာ ရှိပါတော့တယ်။ ဒါကြောင့် သူဟာ ဒုစရိုက်လောကကို လျှို့ဝှက်ဝင်ရောက်ရ ပါမယ်။ ခြစားနေတဲ့ နိုင်ငံရေးသမားတွေနဲ့ ရဲတွေဆီကို ပြိုင်ဆိုင်နေတဲ့ အင်အားစုတွေကို အဆင့်ဆင့် ဝင်ရောက်ရမှာပါ။ ရောက်ပြီဆိုမှ သူတို့ရဲ့ အပြုအမူတွေကို ရပ်တန့်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ရမ်ရဲ့ ရှည်လျားတဲ့ ခရီးကြမ်းကြီးကို စတင်ခဲ့ပါတယ်။ ဒီခရီးဟာ သူ့ရဲ့ ကိုယ်ပိုင်ဘဝကနေ ကွဲထွက်ပြီး အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့ ယုဒါ့အဖြစ် တာဝန်ပေးအပ်ခံရတယ်။ ထောင်ထဲမှာတော့ သူဟာ နာမည်ကြီး လူဆိုးဂိုဏ်းမှာ အခရာတစ်ဦးရဲ့သား ယူကိုရဲ့ ယုံကြည်မှုကိုရရှိခဲ့ပြီး လူဆိုးဂိုဏ်းနဲ့ ဆက်သွယ်ဝင်ရောက်တယ်။
နောက်ပိုင်းမှာတော့ ဆိုးဆိုးရွားရွား အခြေအနေမှာ ရောက်ရှိနေတဲ့ အဖွဲ့အစည်းကြီးကို အဆုံးသတ်သွားစေဖို့ ဘဝတစ်ခုလုံး ပုံအောပြီးကြမ်းကြမ်းရမ်းရမ်း ဆောင်ရွက်သွားတာတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်

Channel အရင် Join ပါ
⬇️

https://t.me/+dcge_Slp8qJhOWE1

Movie Link
⬇️

https://t.me/c/2342528089/663

Copyright ကြောင့် Channel ပျက်နိုင်လို့ Main Channel ကို Join ထားပေးကြပါဦး
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://t.me/minicenimaMain
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Peter Pan’s Neverland Nightmare (2025)

သွေးထွက်သံယိုတွေ သတ်ခန်းဖြတ်ခန်း တွေပါတာမို့လို့ ကလေးငယ်ငယ်‌လေးတွေ တော့မကြည့်သင့်ပါ။
Peter
ဆိုတဲ့ စိတ်တဇ ဆန်ဆန် ဆိုက်ကို ကောင်က ‌ကလေးတွေ ကလေးတိုင်း
ပျော်‌ပျော်ရွှင်ရွှင် နေသွားလို့ရမယ့်နေရာကို ‌ပို့‌ပေးမယ်ဆိုပြီး
အယုံသွင်းကာ
အနုနည်းရော အကြမ်းနည်းပါသုံးပြီး လိုက်လံ ဖမ်းဆီး၍ သတ်တာဖြတ်တာတို့ အချိန်အကြာကြီးနှိပ်ဆက်ပိတ်‌ လှောင်ထားတာတို့လုပ်ပါတယ်။
တစ်နေ့မှာ
Wendy ရဲ့မောင်လေးလည်း အဖမ်းခံခဲ့ရပြီး အမ ဖြစ်သူ Wendy က
သူ့ရဲ့မောင်လေးကို အသက်နဲ့ရင်းပြီး ဘယ်လို ကယ်သွားမလဲဆိုတာတွေကို ရင်ခုန်
စိတ်လှုပ်ရှားစွာ ကြည့်ရှု့ရမယ့်ကားလေးပါ။
နာမည်ကြီး လူကြိုက်များ IT ဆိုတဲ့ ကလေးတွေကိုလိုက်ဖမ်းတဲ့ horror ကားနဲ့ ခပ်ဆင်ဆင်တူပါတယ်။

Channel အရင် Join ပေးပါ
⬇️

https://t.me/+ZQ86M4YtE59kMGE1

Movie Link
⬇️

https://t.me/c/2331579263/141

Copyright ကြောင့် Channel ပျက်နိုင်လို့ Main Channel ကို Join ထားပေးကြပါဦး
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://t.me/minicenimaMain
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1🔥1
Tombstone of the Fireflies (2008)

မငိုပါနဲ့ ဆဲဆုကို....ညီမလေး ဟိုမှာကြည့်လိုက် ပိုးစုန်းကြူးလေးတွေ
မြေကြီးပေါ်မှာခင်းထားတဲ့ဖျာစုတ်လေးပေါ်မှာနွမ်းဖတ်ဖတ် အတညိုရောင်ပြောင်းနေတဲ့ အဖြူရောင်လက်ရှည် အကျီ င်္လေး ကိုဝတ်ထားပြီး ပိုးစုန်းကြူးလေတွေ အများကြီး ညီမလေးဘေးနားမှာရှိတော့ တစ်ယောက်တည်းမဖြစ်ပဲ နင်တွေ့ချင်တဲ့ မေကြီးနဲ့ တွေ့လိုရသွားပြီပေါ့………...ဆဲဆုကို င့ါကိုထားမသွားပါနဲ့ဟာ..

channel ကိုအရင် join ပါ ⬇️

https://t.me/+s8FZVPV4x7EwMDU1

ဇာတ်ကားlink ⬇️

https://t.me/c/2474067336/281

Copyright ကြောင့် Channel ပျက်နိုင်လို့ Main Channel ကို Join ထားပေးကြပါဦး
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://t.me/minicenimaMain
Please open Telegram to view this post
VIEW IN TELEGRAM
🔥1
Dragon Hunters [2008]

ရက်စက်ကြမ်းကြုတ်တဲ့ နဂါးကြီးက နှစ် (၂၀) ပြည့်တိုင်း ပေါ်လာပြီး လူတွေကို သတ်ဖြတ်ပါတယ်

အဲ့ဒီနဂါးရဲ့ ရန်ကိုကြောက်တဲ့ ဘုရင်ကြီးက သူ့ရဲ့တူမလေးကို နဂါးကြီးကိုသုတ်သင်နိုင်တဲ့ သူရဲကောင်းကို ရှာဖိုလွှတ်လိုက်ပါတော့တယ်

တစ်ဖက်မှာ နဂါးရဲ့ရန်ကြောင့် မိဘကိုဆုံးရှုးလိုက်ရတဲ့ကောင်လေးတစ်ယောက်နဲ့ သူ့ သူငယ်ချင်းတိုဟာအသက်မွေးဝမ်းကြောင်းအတွက် မုဆိုးအလုပ်ကိုလုပ်ပြီးပိုက်ဆံလှည့်လည်ရှာဖွေကြပါတယ်

သူတိုနှစ်ယောက်နဲ့ ဘုရင်ရဲ့တူမလေးတို မတော်တဆတွေ့ဆုံကြပြီး ကမ္ဘာကြီးကိုကယ်တင်ဖို နဂါးကြီးကို ဘယ်လိုတွေရင်ဆိုင်သုတ်သင်ကြမလဲဆိုတာကိုတော့

Channel အရင် join ပါ ⬇️

https://t.me/+tk9SDhimy81iMTRl

Movie Link ⬇️

https://t.me/cartoonchannel96/288

Copyright ကြောင့် Channel ပျက်နိုင်လို့ Main Channel ကို Join ထားပေးကြပါဦး
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️
https://t.me/minicenimaMain
Please open Telegram to view this post
VIEW IN TELEGRAM