Min Chit Oo
51.8K subscribers
32.1K photos
2.84K videos
64 files
4.63K links
သတင်းမှန်တွေဆို Fbကဖြုတ်ချနေလို့ သတင်းမှန်တွေသိရအောင် လုပ်ဆောင်ပေးခြင်းပါ သူငယ်ချင်းတွေသုံးရင် ဆက်လက်မျှဝေပေးပါ
Download Telegram
ရွှေဘတို့ရဲ့ ပန်းသပိတ် 😂😂😂
Forwarded from Terrorist AA Obituaries
Breaking News🚨🚨🚨🚨

၁၉ ၊ ဇွန်

မောင်တောမြို့တွင် မြို့ဦးနဲ့လသာရပ်ကွက်တွေကို အကြမ်းဖက် AA အဖွဲ့မှ လက်နက်ကြီးတွေနဲ့ ရမ်းသပ်ပစ်ခတ်မှုကြောင့် မွတ်စလင် ၂ ဦး သေဆုံးကာ ဒဏ်ရာရတစ်ချို့လည်း ရှိပြီး သောင်းနဲ့ချီတဲ့ မွတ်စလင်တွေထွက်ပြေး နေကြရတယ်လို့ သိရပါတယ်။

#KhitThitMyanmar
ULA/AA ရဲ့ ယုတ်မာမှုကမ်းကုန်
ရေစုန်မျောတော့မယ်ဆိုတဲ့ အတိတ်နမိတ်လုပ်ကျတာနေမယ်
Media is too big
VIEW IN TELEGRAM
အလံဖြူထောင်လက်နက်ချနေတဲ့ တပ်ကအဖွဲ့တွေကို ရန်သူက သူတို့တိုက်တဲ့အချိန်မှာ အရှေ့ကအသေခံခိုင်းပြီး ပြန်လည်အသုံးချနေတဲ့တဲ့ Video

#MinChitOo
ရခိုင်က လက်နက်ချအညံ့ခံသူများနှင့် တပ်ပြေးများအား AA လက်နက်ကိုင်အဖွဲ့မှ အသုံးချနေမှု
============================

မနိုင်ရင် လက်နက်သာချ၊ လက်နက်ချလိုက်ရင် အရာရာပြီးပြီး ဒါမှမဟုတ်ရင် ပြေး…ဆိုပြီး ပြောနေကျတာတွေ တွေ့လို့ အားလုံးသိရအောင်ရေးပေးတာပါ၊ လက်ရှိရခိုင်မှာ တပ်ရင်းတွေကျနေတာ AA ဘက်က တော်လွန်းလို့ထင်လား၊ အဓိက ကိုယ့်ဘက်နေ ပြေးသွားတဲ့ သစ္စာဖောက်တွေနဲ့ လက်နက်ချအညံ့ခံနေသူတွေကြောင့် ဖြစ်နေတာ....

သူတို့လုပ်နေတဲ့ပုံစံတွေပြောရရင် ဥပမာ ကံစောက် ၅၃၉ တပ်က အရာခံဗိုလ်တစ်ယောက်ထွက်ပြေးရင်း AA ထဲရောက်သွားတယ်၊ ရောက်သွားတဲ့အချိန်မှာ AA တပ်ထဲကျန်ခဲ့တဲ့သူတွေကို သူတို့ဆီဝင်ဖို့စည်းရုံးခိုင်းတယ်၊ နောက်ဆုံးတိုက်တဲ့ အချိန်မှာ သူကိုရှေ့ကနေဝင်တိုက်ခိုင်းခဲ့တယ်၊ သူမတိုက်ရင် သူအသတ်ခံရမှာဆိုတော့ နောက်ဆုံးသူလုပ်ရတော့တာပဲ(ဘယ်သူဆိုတာ အဲ့ဒီတပ်ကသူတွေ သိပါလိမ့်မယ်)

ပလက်ဝတိုက်တဲ့အချိန်မှာ AA ဘက်ကနေဦးဆောင်တိုက်တာ ဘယ်သူလည်းဆိုတာ သိလား၊ သံချပ်ကာတပ်ကနေ ထွက်ပြေးပြီး AA ဆီရောက်သွားတဲ့ သစ္စာဖောက် ဗိုလ်မှူး အောင်မြင့်စိုး စစ်တက္ကသိုလ်ဗိုလ်လောင်းအမှတ်စဉ် ၄၇ ကျောင်းဆင်း၊ လက်ရှိ AA မှာ ဗျူဟာမှူးအဆင့်နဲ့ လုပ်နေတာ၊ သူလို သစ္စာဖောက် စစ်ပြေးတွေကိုစုစည်းပြီး ကိုယ်တပ်ကို ပြန်တိုက်ခဲ့ကြတာ၊ အွန်လိုင်းပေါ်ကနေလည်း ရခိုင်မှာရှိတဲ့ တပ်ပြင်နေမိသားစုတွေကို အွန်လိုင်းပေါ်ကနေ fri လိုက်လုပ်၊ သတင်းနှိုက်၊ နောက်ဆုံး အပြင်နေ မိသားစုဝင်တွေကိုဖမ်းပြီး တပ်ထဲနေတဲ့ သူတို့အမျိုးသားတွေကို တပ်ကသတင်းတွေ ပို့ခိုင်းခဲ့တယ်၊ လက်ရှိ ဂရုပေါင်းစုံမှာ ဟိုအခြေအနေလေးသိရမလား၊ ဒီအခြေအနေလေးသိရမလားဆိုပြီးမေးနေတဲ့သူတွေကို AA ဘက်ကကောင်တွေက ချက်ဘောက်တွေထိ လိုက်ဆက်သွယ်ပြီး လူတစ်ယောက်ကို သိန်းဘယ်လောက်ပေး ဘာညာနဲ့ ငွေလွဲပြီးရော ဘလော့တာတွေ၊ အပြင်မှာတွေ့ပြီး ခြိမ်းခြောက် ငွေတောင်းတာတွေ၊ နင့်တို့တပ်လက်ရှိအခြေအနေတွေပြော မပြောရင် ဖမ်းထားတဲ့ နင်တို့ယောက်ျားကို သတ်မယ်ဆိုပြီး သတင်းနှိုက်တာတွေလုပ်နေတယ်၊ တတက ၉ ပထမအကြိမ်တိုက်ခံခဲ့ရတာလည်း ဒီလိုကိစ္စကြောင့်ပဲ။ မင်းပြားမှာကမ်းထိုးရေယာဉ်ကို သံချပ်ကာနဲ့ပစ်ခွဲခဲ့တာလည်း အဲ့ဒီကောင်အဖွဲ့ပဲ၊ ကားတွေနဲ့ကားပေါ်ပါအဖွဲ့တွေကတော့ ပလက်ဝမှာ လက်နက်ချခဲ့တဲ့ သူတွေ၊

ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေကို တပ်ကအမြောက်တွေနဲ့ ပြန်ပစ်ခိုင်းခြင်းခံနေတဲ့သူတွေကရော ဘယ်သူတွေလည်း သိလား၊ ကံစောက်အမြောက်တပ်က လက်နက်ချခဲ့တဲ့သူတွေကို သူတို့မိသားစုတွေကို ဓားစာခံအဖြစ်ဖမ်းထားပြီး လိုက်ပစ်ခိုင်းနေတာ၊ ကျောက်တော်တပ်မကိုလာတိုက်တုန်းကလည်း ရဲမေတစ်ချို့က AA အဖွဲ့တွေကို ပျောက်ကျားဝတ်ခိုင်းပြီး တပ်ထဲခေါ်သွင်းခဲ့တဲ့ထိကို ဖြစ်ခဲ့တယ်။

ဘူးသီးတောင်ဆိုလည်း ပလက်ဝနဲ့ ကျောက်တော်မှာ လက်နက်ချခဲ့တဲ့ ဘူးသီးတောင်တပ်ရင်းကသူတွေကို ကိုယ်တပ်ကိုပြန်တိုက်ခိုင်းခဲ့ကြတယ်၊ မတိုက်ချင်လည်း အနောက်မှာ သေနတ်ထောက်ထားတော့ တိုက်ကျရတာပဲလေ

သူတို့တွေ တပ်စခန်း/ရဲစခန်းတွေကို တိုက်တဲ့အချိန် လော်နဲ့ “မင်းတို့တွေကို အင်အား ဘယ်နှစ်ထောင်နဲ့ဝိုင်းထားပြီ၊ လက်နက်ချပါ၊ မင်းတို့ကိုမသတ်ဘူး၊ အချိန်တန်ပြန်လွတ်ပေးမှာပါ၊ ”ဆိုပြီး အော်တယ်၊ လက်နက်ချ/အဖမ်းခံထားတဲ့ သူတွေရဲ့အသံသွင်းပြီး ခုခံတိုက်နေတဲ့သူတွေကို အယုံသွင်း လက်နက်ချခိုင်းတယ်၊ တစ်ချို့သူတွေက အဲဒီဆိုက်ဝါးမိပြီး လက်နက်ချခဲ့ကြတယ်၊ လက်နက်ချတာနဲ့ ပြီးပြီထင်လား၊ သူတို့သုံးလို့ရတဲ့သူတွေကို ပြန်လည်အသုံးချဖို့ထားပြီး ကျန်တဲ့သူတွေကို ရှင်းထုတ်တာ၊ ကျန်တဲ့သူတွေကို သူတို့လိုချင်တာရပြီဆိုတာနဲ့ နောက်ထပ်အကြိမ်ကြိမ် အသုံးချဖို့ ဖမ်းထားကျတာ၊ သူတို့တောင် စားစရာမရှိလို့ ရွာတွေကနေ တောင်းစားနေရတာကို ဒီလူထောင်ပေါင်းများစွာကို ကြည်ခင်ကြည်ဖြူစွာနဲ့ ထမင်းတင်ကျွေးထားမယ်ဆိုရင် ခင်ဗျားတို့ ယုံမှာလား….. သူတို့လူအများအမြင်မှာ ပြကွက်ကောင်းအောင် ပြန်လွတ်ပေးတဲ့သူတွေကြည့်လိုက် အများစုက အသက်အကြီးပိုင်းတွေ၊ သေခါနီးရောဂါရသူတွေနဲ့ မိသားစုဝင်တွေကြီးပဲ၊ ဒါတောင်လွတ်ပေးတာ နည်းနည်းလေးနော်၊ သန်သန်မာမာတွေဘာလို့ မလွတ်ပေးလည်းဆိုတာတော့ တွေးကြည့်ကျပေါ့

ဒါတွေဘာလို့ထုတ်ပြောပြရတာလည်းဆိုတော့ လက်နက်ချအညံခံမှုနောက်ပိုင်း မိသားစုဘဝပျက်တဲ့အပြင် အခြားမိသားစုတွေပါ ဘဝလိုက်ဖျက်နေရတာကို ပြောချင်တာ၊ တစ်ခါသေဘဝနဲ့ပြီးရမှာကို ဘဝအကြိမ်ကြိမ်သေနေရတဲ့ ဘဝတွေနဲ့ ခွဲခြားပြတာ… နောက်တစ်ခုက လူမှုကွန်ယက်သုံးနေသူများ ကိုယ်လုံခြံရေး၊ ကိုဘ်မိသားစုလုံခြုံရေးကို ဂရုစိုက်ကျဖို့ ပြောချင်တာပါ၊ နောက်တပ်ခုက မိမိတပ်ထဲက အရာရှိ/စစ်သည်/မှီခိုရဲမေတွေ အနေအထားပျက်နေရင် နီးစပ်ရာသတင်းပို့ကြဖို့နဲ့ တပ်ထဲလူစိမ်းဝင်လာရင် သတိထားဆက်ဆံကြဖို့ မှာချင်တာပါ။

ဒါတွေက လက်ရှိမြေပြင်ဖြစ်ပျက်နေတဲ့မြေပြင်အမှန်တရားဘဲ၊ သူတို့ဆီလက်နက်ချတဲ့သူတိုင်းပြန်လွတ်ပေးတယ်ဆို ၂၀၂၀/၂၁ လောက်ကလူတွေ လွတ်နေပြီပေါ့ဗျာ၊ မဟုတ်ဘူးလား……
#MinChitOo
https://t.me/minchitoo989989/35820
AA လက်ကိုင်တုတ် ရခိုင်မီဒီဖာတွေ ဘယ်လိုရေးရေး
ထိုဒေသတွေမှာနေထိုင်တဲ့ ဒေသခံတွေကတော့
ဘယ်သူ့ကြောင့်ဒါတွေဖြစ်လာတာဆိုတာသိနေကြပြီ
#MinChitOo
https://t.me/minchitoo989989/35707
AA က ကောင်တွေ
သူများဒေသကျ သွားကျူးကျော်နေပြီး
ဒေသနေလူမျိုးကျတော့ သွားစော်ကားနေတယ်
ချင်းတွေလည်း အဝင်ကောင်းလို့ မှိန်းနေကြလားမသိ
AA ရဲ့လွတ်မြောက်နယ်မြေ (သို့မဟုတ်) ရခိုင်ဒေသခံတွေရဲ့ မကျွတ်မလွတ်သောငရဲ
=============================

လက်ရှိကာလ ကျနော့်သတင်းပေးအကောင့်ကို မြောက်ဦး၊ မင်းပြား၊ ကျောက်တော်ဘက်က ရခိုင်ဒေသခံတွေ ရင်ဖွင့်ဆက်သွယ်ပြောပြလာတဲ့ အကြောင်းအရာတွေကို အခြေခံပြီး ပြောပြပေးမှာပါ။

အပေါ်ကပြောထားတဲ့မြို့တွေမှာ AA က သူတို့ရဲ့လွတ်မြောက်နယ်မြေဖြစ်ပြီ သူတို့အုပ်ချုပ်လို့ရပြီဆိုပြီး ယခင်ကောက်နေကြ တစ်လလျှင် တစ်အိမ်ထောင်စု မထည့်မနေရ AA ရံပုံငွေ(ဆက်ကြေး) ၃ သောင်းကျပ်(ယခင် ၃၀၀၀ ကျပ်)၊ ဈေးဆိုင်ငယ်တစ်ဆိုင်လျှင် ၅ သောင်းကျပ် (ယခင် ၁ သောင်း)၊ ဈေးဆိုင်အကြီးတစ်ဆိုင်လျှင် ၃ သိန်းကျပ်(ယခင် ၁ သိန်းကျပ်)၊ ယာဉ်ငယ်ပိုင်ဆိုင်ပါက ၅ သောင်းကျပ်(ယခင် ၁ သောင်းကျပ်)၊ ယာဉ်ကြီးပိုင်ဆိုင်ပါက ၁ သိန်းကျပ်(ယခင် ၃ သောင်းကျပ်) အတင်းအဓမ္မတောင်းယူနေတဲ့အပြင် အစိုးရကောက်ခံနေတဲ့ပုံစံအတိုင်း စည်ပင်ခွန်၊ မြေခွန်၊ လယ်ခွန် ဆိုတာတွေပါ တောင်းနေလို့ ထိုဒေသတွေမှာ နေထိုင်နေသူတွေအနေနဲ့ ၎င်းတို့ဖမ်းဆီးနှိပ်စက်မခံရရေးအတွက် ရှိတာတွေ ပေါင်နှံရောင်းချပြီး ပေးနေကြရတယ်လို့ ဆိုတယ်။

ဒါအပြင် တစ်အိမ်တစ်ယောက် AA ထဲမဝင်မနေရ၊ မဝင်ရင်လည်း ၁၀ သိန်းတောင်း၊ ဝင်ကြပြန်ရင်လည်း AA ရဲဘော်တွေလစာအတွက်ဆိုပြီး တစ်အိမ် ၅၀၀၀ ကျပ်နှုန်းတောင်းတယ်၊ ဘာမှမပေးဘူးလား ရခိုင့်နိုင်ငံတော်သစ္စာဖောက်ဆိုပြီး ဖမ်းဆီးနှိပ်စက်တာတွေ၊ ငွေပေးမှလူလွတ်ပေးတာတွေကို ပါးစပ်ဥပဒေတွေနဲ့ သေနတ်ကိုင်ရမ်းကား လုပ်ချင်တာတွေလုပ်နေကြတယ်။ ဒါကဒေသခံတွေရဲ့ လက်ရှိနေထိုင်နေရတဲ့ဘဝ။

သူတို့ထိုနယ်မြေတွေစရတဲ့အချိန်မှာ ထိုနေရာတွေက လွတ်မြောက်နယ်မြေဖြစ်သွားပြီ၊ ULA/AA အနေနဲ့ ကုလားတန်မြစ် စီမံကိန်းကို ထိန်းချုပ်နိုင်ပြီ၊ ကျောက်တော် - ပလက်ဝ - မီဇိုရမ်(အိန္ဒိယနယ်စပ်မြို့) လမ်းကြောင်းထိချုပ်နိုင်ပြီ၊ မီဇိုရမ်အမတ်(အစိုးရအမတ်မဟုတ် အတိုက်အခံပါတီ ကိုယ်စားလှယ်) တောင်လမ်းဖောက်တာလာကြည့်ပြီး ကုန်သွယ်စီးဆင်းမှု လုပ်နိုင်ပြီ၊ ရခိုင်ပြည်သူတွေအနေနဲ့ ရန်ကုန် - မန္တလေးတို့ကိုမပြေးဘဲ သူတို့ဆီလာကြပါဆိုပြီး မီဒီယာတွေကနေ လူအထင်ကြီးအောင် နိုင်ငံရေးဆိုဘာမှမသိတဲ့ ဒေသခံရခိုင်တွေကို လိမ်လည်ခဲ့တယ်၊ အခုအိန္ဒိယအစိုးရဘက်က ကုန်စည်စီဆင်းမှုတွေ တားမြစ်လိုက်တာရယ်၊ AA ရှိရာနေရာတွေကို ပြည်တွင်းကနေသွားတဲ့လမ်းကြောင်းတွေ ထိန်းချုပ်ထားတာရယ်ကြောင့် အဆိုပါနေရာတွေမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ မြင့်တက်လာသလို အချို့ကျေးရွာတွေမှာဆို ဆန်တွေပြတ်နေသလို ငတ်လို့သေတဲ့ သူတွေပါ ရှိနေတယ်လို့ သိရတယ်။ ဆေးဝါးတွေပြတ်မပြတ်တော့မသိဘူး အချို့အမျိုးသမီးတွေဆို လစဉ်သုံးတွေတောင် မသုံးနိုင်ကျရတော့လို့ ထမိန်ခါးတောင်းကျိုက်ပြီး နေရတဲ့အဆင့်..။

သောက်သုံးရေပြတ်လို့ ဝမ်းရောဂါတွေဖြစ်၊ ရာသီတုတ်ကွေးဖြစ်တဲ့သူတွေ စစ်တွေမြို့ပေါ်သွားလို့ရမယ်ထင်လား သူတို့နေတဲ့နေရာတွေ ဗုံးလာမကြဲအောင်(လူသားတံတိုင်းလုပ်ထား)၊ သူတို့ကို ထမင်းကျွေးမယ်သူ/ ငွေပေးမယ့်သူမရှိမှာစိုးလို့ ထွက်ပြေးတဲ့သူတွေကို လမ်းမှာ မိသားစုလိုက်ဖမ်းဆီးတာတွေလုပ်နေတယ်၊ ပြီးခဲ့တဲ့ (၃)ပတ်လောက်က ကျောက်တော်ကနေ စစ်တွေကို စက်လှေနဲ့လာတဲ့ AA ဘေးရှောင်အဖွဲ့တွေဆို စက်လှေရပ်ခိုင်းတာမရပ်လို့ဆိုပြီး ပစ်မြုပ်တဲ့အဆင့်ထိကို လုပ်လာတယ်လို့ သိရတယ်၊ ဒေသခံတွေရဲ့အတွေးမှာ လွတ်မြောက်နယ်မြေဆိုတာ ပါးစပ်ထဲမှာပဲရှိတယ်၊ စစ်တပ်ကအချိန်မရွေးပြန်လုပ်နိုင်တယ်၊ လေယာဉ်နဲ့ ဗုံးလာကြဲနိုင်တယ်ဆိုတဲ့ အသိတရားတွေရလာတဲ့အချိန်မှာ သူတို့တွေ ဘာမှလုပ်မရကြတော့ဘူး။

လက်ရှိ AA ရှိတဲ့နေရာကမြို့တွေမှာ AA ပညာရေးတာဝန်ခံဆိုသူတွေက အစိုးရပညာရေးဝန်ထမ်း သစ္စာဖောက်တွေနဲ့ပေါင်းပြီး ကလေးတွေကို တပ်သားသစ်စုဆောင်းလာတာတွေ ရှိနေတယ်၊ ကလေးတွေ ကျောင်းထွက်လက်မှတ် လာလုပ်တာနဲ့ AA ဆီ သတင်းပို့ခိုင်းတယ်၊ အသက် (၁၀)နှစ်အောက်တွေဆို ကျောင်းထွက်လက်မှတ်တစ်ခု ၅ သိန်းကနေ ၁၀ သိန်းကြားတောင်းရမ်းနေပြီး အသက် (၁၄)နှစ်ကျော် ကလေးငယ်တွေကို တပ်သားသစ်အဖြစ် အတင်းအဓမ္မစုဆောင်းခြင်း (အာရက္ခပညာရေးကျောင်းတက်ခိုင်းမည်ဟု လိမ်လည်ကာ AA စစ်သင်တန်းကျောင်း ပို့နေတာဟုသိရ)၊ သူတို့ကျောင်းမတက်ရောက်လိုပါက ၁၀ သိန်းမှ သိန်း ၂၀ ကြားတောင်းရမ်းခြင်းများ ပြုလုပ်နေတယ်လို့ စိတ်မကောင်းစွာကြား သိရတယ်။

နောက်တစ်ခုက ပြီးခဲ့တဲ့လပိုင်းက မြောက်ဦးနဲ့ ကျောက်တော်က AA စစ်သင်တန်းပေးနေတဲ့နေရာ ဗုံးကြဲခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သင်တန်းသူ/သားတွေ ကျောက်တော်မြို့ကို အုံလိုက်ကျင်းလိုက်ပြန်ပြေးခဲ့တယ်၊ AA စစ်သင်တန်းပေးတဲ့ သူတွေက သစ္စာဖောက်တွေဆိုပြီး အနောက်ကနေ ကားနဲ့လိုက်ပစ်သတ်လို့ စုပေါင်းမသာပွဲ လုပ်ခဲ့ကြရတယ်၊ “ထိုးစစ်များနှင့် စခန်းသိမ်းတိုက်ပွဲများအတွင်း အသက်၊ ကိုယ်လက်အင်္ဂါများကို ပေးဆပ်စွန့်လွှတ် ခဲ့ရသော အာရက္ခစစ်သည်တော်များအား လေးနက်စွာ မှတ်တမ်းတင်ရှိတယ်” ဆိုတဲ့ စာရဲ့နောက်ကွယ်မှာ ဘဝအာမခံချက်မရှိ၊ မိသားစုတွေဘဝပျက်တာတွေကိုသိလာကြတဲ့လူငယ်တွေဟာ ၎င်းတို့ရှိရာနေရာတွေကို မသွားကြတော့ဘဲ ရရာလမ်းကြောင်းတွေကနေ ပြည်တွင်းနဲ့ ပြည်ပကို ထွက်ခွာနေကြတယ်။
ဒါတွေက ရခိုင်တွေရဲ့ဘဝ အခြားလူမျိုးတွေရဲ့ဘဝဆို စဉ်းစားသာကြည့်တော့၊ ကျနော်ကို ဟိုနေရာဗုံးကြဲပေးပါ၊ ဒီနေရာဗုံးကြဲပေးပါဆိုပြီး လာတောင်းဆိုနေကြတာ အများစုက သတင်းမပေးခင်မှာ သူတို့ရဲ့ဘဝတွေ ဒီလိုဖြစ်နေပြီဆိုပြီး နာကြည်းချက်တွေနဲ့ လာပေးနေကြတာ၊ သူတို့တွေထောက်ခံခဲ့တာမှားမှန်းသိပြီဆိုပြီး AA အဖွဲ့တွေ မနေရဲအောင် လာပေးနေကြတာ။

AA နဲ့ AA ထောက်ခံသူတွေ ဘယ်လိုပဲလွတ်မြောက်နယ်မြေလို့ အော်အော် သေချာတာတစ်ခုကတော့ ထိုနယ်မှာနေတဲ့ ဒေသခံတွေဟာ မကျွတ်မလွတ်သော ငရဲဘဝကို ရောက်နေပြီဆိုတာတော့ အသေအချာပဲဆိုတာ………။
#MinChitOo
https://t.me/minchitoo989989
Forwarded from Min Chit Oo
ရခိုင်အတွက် သတင်းပေးပိုလိုပါက 👉🏿👉🏿👉🏿 @mcoinfo2023 ကို နှိပ်ပြီး ပေးပိုလိုရပါပြီ
Forwarded from MWD News
Media is too big
VIEW IN TELEGRAM
Breaking News#
PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝင်းနိမ္ဓိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူ ၊ ကံသုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသနှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာရရှိသည်။(ဇွန်လ ၁၉)
နောင်ချို ဆမ္မဆယ်ရွာက TNLA ကကောင်တွေနေနေတဲ့ နေရာ ဗုံးကြဲခံလိုက်ရတဲ့မြင်ကွင်း

အလောင်းတွေ တစ်စဆီလိုက်ကောက်ရတယ်တဲ့
Forwarded from Kyaw Swar
This media is not supported in your browser
VIEW IN TELEGRAM
ခွေးသစ် သတင်းဌာန စောက်ရှက်ကွဲ
တာပေါ့

အခုလို ကာယကံရှင် ကိုယ်တိုင် ထွက်ရှင်း
လာတော့

https://t.me/kyawswar49111
CNF/CNA ချင်း တပ်မဟာ ၂ အဖွဲ့မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိ Lal Bik အား CDF+AA ချင်း တပ်မဟာ ၁ အဖွဲ့မှ သတ်ဖြတ်သည့်အတွက် သေသွား။

ချင်းတပ်မဟာ ၁ က  AAနဲ့ပေါင်းပြီး ချင်းပြည်ကို ဖျက်ဆီးနေပြီ။ ဇာတ်တူသားတွေစားကုန်ကြပြီ။                              

မှိုင်းဝေ


သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ
ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့ အတင်းအဓမ္မမောင်းထုတ်မှုကြောင့် မိမိနေထိုင်ရာဒေသများကိုစွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် မောင်တောမြို့၊ ဟာဘီရွာနှင့် မောင်နီရွာမှ ထောင်နှင့်ချီသည့် မွတ်ဆလင်လူမျိုးများ
#MinChitOo
ရခိုင်ပြည်နယ်သတင်းများဖတ်ရှုရန်အောက်ကချန်နယ်လေး Join ပေးထားကျပါဦး👇🏻👇🏻👇🏻
https://t.me/minchitoo989989
Forwarded from ဘညွန့်
ရမှတ်ပေါင်း
၂၄၀နှင့် ၂၅၀ကြား
အရှေ့တိုင်း ပညာ

၂၅၀နှင့် ၂၉၀ကြား
ပထဝီ /သမိုင်း /ဒသနိက

၂၉၀နှင့် ၃၁၀ကြား
မြန်မာစာ/botany /Zoology
Law
(မှတ်ချက်-Lawယူမည့်သူသည်
အဂ်လိပ်စာတွင် ရ မှတ်၅၀အထက်ရှိရပါမည်)

၃၂၀နှင့် ၃၆၀ကြား
ဓာတုဗဒေ/ရူပဗဒေ

၃၆၀နှင့် ၄၁၀ကြား
စီးပွားရေး
စီးပြားစီမံ
ပညာရေးကောလိပ်
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
သူနာပြုတက္ကသိုလ်
နိုင်ငံခြားဘာသာတက္ကသိုလ်
ကွန်ပျူတာတက္ကသိုလ်

၄၁၀နှင့် ၅၀၀ကြား
ကြိုက်တာလျှောက်

မှတ်ချက်-တက္ကသိုလ်တွင်မည့်သည့်မေဂျာဘဲယူယူ
စုစုပေါင်း ရမှတ်သည်
တစ်မှတ်တောင်လျော့ခွင့်မရှိပါ။
Credit*
Original uploader
Thanks.