မိတ်ကပ်နှင့် အလှအပ နည်းလမ်းများ
653 subscribers
3 photos
1 link
မိန်းကလေးများ အတွက် မိတ်ကပ်နှင့်အလှအပ နည်းပညာ များ။
Download Telegram
ဆားကြမ်းလေးနင်းနည်းနှင့် မိမိအတွက် အကျိုးရှိမယ့် နည်းလမ်းများ ဗဟုသုတ
..................
ဆားကြမ်း ၂ ပိဿာ ၈၀၀ ကျပ်ဖိုးဆိုတစ်လလောက် အသုံးပြုလို့ရပါတယ်....။
နေ့ စဉ် အ ချိန် မှန် ရေချိုး ခါနီး တိုင်း
ဆားနင်းရင် ကိုယ်တွင်းအောင်းပူတွေ ထွက်စေသည်။

ညဘက် နင်းပုံနင်းနည်းကတော့ ခြေထောက်ကို.. ပေါင်ရင်းကစပြီး ရေလောင်းဆေးပါ..ခြောက်အောင်သုတ်ပါ။(ဆား ၂ပိသာ ဆို ပိုကောင်း) ဆန့်တဲ့ ဇလုံကြီးထဲထည့်ပြီး နင်းပါ။နာရီဝက်လောက် ဆက်တိုက်နင်းရင်းနဲ့ ခြေထောက်ကချွေးများ ထွက်လာတာ တွေ့ရပါမယ်။

မိနစ် ၃၀ -၄၀ ၁နာရီ ကိုယ်ကျေနပ်သည်ထိ နင်းပြီးတာနဲ့မနင်းခင် အသင့်ဆောင်ထားတဲ့ ပုဝါနဲခြေထောက်ကို ဆားဇလုံထဲ ပွတ်ချပြီး ဆားတွေပြောင်အောင် သုတ်ပါခြေထောက်ကို လုံးဝ(လုံးဝ) ရေပြန်မဆေးရပါခြေထောက်ပြောင်တာနဲ့ အိပ်ယာဝင်ပါပထမနေ့မှာပဲ နှစ်ခြိုက်စွာ အိပ်ပျော်ပါမယ်။
အကြောပြေ.. ခြေကျဉ် ထုံနာတွေ ပျောက်ကင်း..
ခြေကွဲခြင်း မရှိ ဆံပင် မကျွတ်တော့ပဲနဂိုဆံပင်သန်သူတွေ ပိုပြီး ဆံပင်တွေသန်လာမည်. ကျန်းမာခြင်းကိုရရှိစေမှာပါ။

#Kyilwinmyint-mudra ပြောပြတဲ့
နံနက်ရေမချိုးမီ ဆားနင်းခြင်းအကျိုး

(၁) မလိုအပ်သောအပူအောင်းနေသောအခိုးအငွေ့များ ခြေဖဝါးမှတစ်ဆင့် ထွက်သွားနိုင်သည်။

(၂) ကျောက်ကပ်တွင်အပူခိုခြင်းမှကာကွယ်၍ ဆီးလမ်းကြောင်းကိုလည်းအကျိုးပြုသည်။

(၃) ကြာကြာနင်းလျှင်ခါးမှအပူများဆင်းသဖြင့် ခါးနာသက်သာစေနိုင်သည်။

(၄)အထိုင်များသူ..ကားမောင်းများသူများအတွက် အညောင်းရောဂါ အကြောပိတ် အကြောတင်းခြင်းများမှ ကာကွယ်နိုင်သည်။

(၅) မျက်စိအာရုံစိုက်ရသူများ မျက်မှန်တတ်ရသူများအတွက် မျက်စိကြည်စေပြီး စွဲမြဲလုပ်လျှင်မျက်စိဒီကရီကျပြီး မျက်မှန်လွတ်စေနိုင်သည်။

(၆)ဆံပင်ကျွတ်သူများ ဆံပင်ပါးသူများ ဆံပင်နှစ်ခွကွဲခြင်းများ သက်သာစေသည်။

(၇) ခေါင်းကိုက် မျက်ရိုးကိုက် မျက်ရည်ကျသူများ မျက်ရည်လမ်းကြောင်းပိတ်သူများအတွက်လည်း အကျိုးရှိစေနိုင်သည်။

(၈) သားအိမ်လမ်းကြောင်းပိတ်၍ သားသမီးမရသူများ သားသမီးရစေနိုင်သည်။

(၉) အမျိုးသားဆီးကျိတ်ရောဂါရှိသူများ ဆီးကျိတ်ကြီးခြင်းမှကာကွယ်နိုင်သည်။

ဆားနင်းခြင်းကို နံနက်အိပ်ယာထ.. ညအိပ်ယာဝင် နှစ်ကြိမ်ပြုလုပ်နိုင်သည်။ ခွက်တွင် ဆားနှစ်ပိဿာ အနည်းဆုံးထည့်ရပါမည်။ ပြီးလျှင်ရေမစိုအောင်အုပ်ထားပါ။ တစ်လခန့်ကြာမှ ဆားအသစ်လဲပေးလျှင်ရပါသည်။ ဆားနင်း၍ ကုမရသောခေါင်းကိုက်ရောဂါ၊ခါးနာရောဂါများပျောက်ကင်းနိုင်ပါတယ်။
The owner of this channel has been inactive for the last 5 months. If they remain inactive for the next 7 days, they may lose their account and admin rights in this channel. The contents of the channel will remain accessible for all users.
Forwarded from မမဗိုက်
ကလေးလေး ဗိုက်ထဲမှာ ဘယ်လိုအသက်ရူလဲ
.........👇👇👇
https://www.nyithooguide.com/2024/02/blog-post_65.html
ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ
.........

အိမ်တွင်းနည်းလမ်းဆိုတာက သဘာဝပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဆိုလိုတာပါ။ Home remedies တွေပေါ့။ ဒါတွေက သဘာဝကရတယ်ဆိုပေမယ့် အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဝက်ခြံထွက်လာတဲ့အခါ ဝက်ခြံကို အိမ်ကရှိတဲ့ ပစ္စည်းတွေနဲ့ ဟိုတို့ ဒီအုံလုပ်တတ်သူတွေအတွက် ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ က ဘာတွေလဲဆိုတာ သိထားဖို့ လိုပါတယ်။

ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ
(၁) သွားတိုက်ဆေး

ဝက်ခြံပေါ်လာရင် သွားတိုက်ဆေးတို့တာက လူကြီးတွေလက်ထက်တည်းက လုပ်လာတဲ့ အကျင့်တစ်ခုပါ။ ပိုးသေစေတယ်ဆိုတဲ့ ယူဆချက်ပေါ့။ တချို့ လေ့လာချက်တွေအရလည်း Triclosanလို့ခေါ်တဲ့ ဓာတုပစ္စည်းက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို သေစေတယ်ဆိုတဲ့ အဆိုပြုချက်တွေလည်း ရှိနေပါတယ်။

တကယ့်လက်တွေ့မှာတော့ Triclosanကို ရေရှည်အသုံးပြုမယ်ဆိုရင် စိတ်ချရမှုနဲ့ ပိုးသတ်ဆေး ယဉ်ပါးတာတွေ ဖြစ်နိုင်လို့ US အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ၂၀၁၇မှာ ဆပ်ပြာ၊ သွားတိုက်ဆေး စတာတွေမှာ Triclosan အသုံးပြုမှုကို ကန့်သတ်လိုက်ပြီး ၂၀၁၉မှာတော့ USက သွားတိုက်ဆေးတွေမှာ Triclosan မပါတော့ပါဘူး။

Triclosan ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သွားတိုက်ဆေးကို အရေပြားပေါ်မှာ မသုံးသင့်ပါဘူး။ သွားတိုက်ဆေးမှာပါတဲ့ ပစ္စည်းတွေက သွားချေးတွေ ပြောင်ဖို့ သွားဖုံးတွေ ကျန်းမာအောင် ထုတ်ထားတာဖြစ်ပြီး အရေပြားမှာ အသုံးပြုဖို့ကတော့ ပြင်းလွန်းပါတယ်။ ဒါကြောင့် သွားတိုက်ဆေးကို အရေပြားမှာ သုံးတဲ့အခါ

အရေပြားလောင်တာ
နီရဲတာ
စပ်ဖျင်းဖျင်း ဖြစ်တာ
ရောင်ရမ်းတာတွေ ခံစားရတတ်ပါတယ်။
(၂) ကြက်သွန်ဖြူ

ဝက်ခြံထွက်ရင် လုပ်တတ်တဲ့ နောက်တစ်မျိုးကတော့ ကြက်သွန်ဖြူနဲ့ ပွတ်တာပါ။ ကြက်သွန်ဖြူကို ခြမ်းပြီးဖြစ်ဖြစ်၊ ကြိတ်ပြီးဖြစ်ဖြစ် ဝက်ခြံမှာ အုံကျ၊ ပွတ်ကျတာပဲ ဖြစ်ပါတယ်။

ကြက်သွန်ဖြူက ပိုးသေစေတယ်။ အရောင်ကျစေတယ်ဆိုတဲ့ အာနိသင်ရှိပေမယ့်လည်း အရေပြားကို လောင်စားနိုင်လို့ သတိပြုဖို့ လိုပါတယ်။

(၃) သံပုရာရည်

သံပုရာသီးမှာပါတဲ့ Citric acidက အက်စစ်ဂုဏ်သတ္တိကြောင့် ပိုးသေစေတဲ့ အာနိသင်ရှိပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အရေပြားရဲ့ pHကိုပါ ပျက်စေပြီး barrierထိခိုက်တတ်ပါတယ်။ ဒါ့ပြင် အရေပြားလောင်စားတာ၊ အသားခြောက်ပြီး ယားယံတာ၊ နေလောင်ဒဏ်ပိုခံရတာတွေလည်း ဖြစ်တတ်ပါတယ်။

တချို့က သံပုရာရည်ကို အားမပြင်းအောင် ရေနဲ့ ရောပြီး လိမ်းကြပေမယ့် ဒါက စိတ်ချရတဲ့ နည်းလမ်းလည်း မဟုတ်ပါဘူး။ သံပုရာရည်ကို ဝက်ခြံပေါ်မှာ လိမ်းတာက ဝက်ခြံသက်သာစေတယ်ဆိုတဲ့အချက်ကိုလည်း တိတိကျကျ သက်သေမပြနိုင်ကြသေးပါဘူး။

(၄) သစ်ကြံပိုးခေါက်

ဒါက ဒီမှာ အသုံးနည်းပေမယ့် သုံးကြသူတွေလည်း ရှိပါတယ်။ သစ်ကြံပိုးခေါက်ကို သွေးလိမ်းတာ ဒါမှမဟုတ် အမှုန့်ကြိတ်ပြီး အနှစ်ဖျော်လိမ်းတာပါ။

သစ်ကြံပိုးခေါက်က ပိုးသေစေတဲ့ အာနိသင်ရှိတယ်ဆိုပေမယ့် ဒါက လေ့လာဆဲပါ။ ဝက်ခြံပျောက်မပျောက်ဆိုတာက ပိုဝေးသွားပါပြီ။

ကိုယ့်အသားအရေနဲ့ အဆင်မပြေတဲ့အခါ အရေပြားကို လောင်စေပြီး နီရဲရောင်ရမ်းတာတွေ ဖြစ်စေလို့ မသုံးသင့်ပါဘူး။

(၅) ကြက်ဥအကာ

ဝက်ခြံထွက်လာပြီဆို ကြက်ဥအကာကို ခေါက်ပြီးဖြစ်ဖြစ်၊ ဒီတိုင်းဖြစ်ဖြစ် facial mask ပုံစံနဲ့ ကပ်ကြတယ်ဟုတ်။ တကယ်တော့ ကြက်ဥအကာက ဝက်ခြံပျောက်စေသလားဆိုတာနဲ့ ပတ်သက်လို့ တိကျတဲ့ လေ့လာချက် မရှိပါဘူး။

ကြက်ဥအစိမ်းဖြစ်တဲ့အတွက် မျက်နှာမှာ အသုံးပြုတဲ့အခါ ပိုးဝင်နိုင်ခြေရှိတာကိုလည်း သတိပြုရပါမယ်။ အထူးသဖြင့် ကိုယ်က ဝက်ခြံတွေကို ညှစ်ထားမယ်၊ ဆိတ်ဆွထားမယ်ဆိုရင်ပေါ့။ မျက်နှာမှာ အသေးစား ပြတ်ရှနာတွေရှိရင်လည်း သတိထားရပါမယ်။ ကြက်ဥနဲ့ ဓာတ်မတည့်တဲ့သူဆိုရင်လည်း မသုံးသင့်ပါဘူး။

ဒါဆို ဝက်ခြံထွက်လာရင် ဘာလုပ်ကြမလဲ
ဝက်ခြံထွက်လာရင် အကောင်းဆုံးက ဆေးဆိုင်တွေမှာ ဝယ်လို့ရတဲ့ Benzoyl peroxide ဒါမှမဟုတ် Salicylic acid တွေပါတဲ့ spot treatmentတွေ သုံးပေးလို့ ရပါတယ်။ ဝက်ခြံကို မကုတ်မိအောင် ဝက်ခြံကပ်ခွာလေးတွေ ကပ်ထားလို့ ရပါတယ်။ ဝက်ခြံအများစုက သိပ်မပြင်းထန်ဘူးဆိုရင် အလိုလိုပျောက်သွားနိုင်ပါတယ်။ တကယ်လို့ မသက်သာဘူးဆိုရင်တော့ အရေပြားဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပါ။

အိမ်တွင်းနည်းလမ်းတွေက သဘာဝပစ္စည်းတွေဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိတဲ့အတွက် အရေပြားကို ဒုက္ခဖြစ်စေနိုင်ပါတယ်။ ဒါတွေသုံးပြီး ဝက်ခြံသက်သာသွားသူတွေ ရှိကောင်းရှိနိုင်ပေမယ့် ကိုယ့်အရေပြားက ဘယ်လိုတုံ့ပြန်မလဲဆိုတာ မသိနိုင်ပါဘူး။ ဒါ့ပြင် ဒါတွေက ဝက်ခြံကို ကုသနိုင်တယ်ဆိုပြီး သိပ္ပံနည်းကျ လေ့လာထားတာမျိုးလည်း မရှိသေးပါဘူး။ ဒါကြောင့် ဝက်ခြံထွက်လာတဲ့အခါ စိတ်ချရတဲ့ နည်းလမ်းတွေနဲ့ ကုသတာကသာ အကောင်းဆုံးပါ။