Magway Scout Network
1.87K subscribers
596 photos
14 videos
1 file
202 links
Download Telegram
⚠️ပခုက္ကူ

ပခုက္ကူမြို့ မှ ထွက်ခွာလာသော စခကား(2)စီးမှာ ငဖောင်ကန်ရွာအရှေ့ဘက်သို့ရောက်ရှိတယ် လို့သိရ..

🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰
#MRSN
Apr 11 , 6:31PM
📬 သတင်းပေးပို့ရန် @MagwayScoutBot
👍1
ပေါက်မြို့နယ်

ပေါက်မြို့ပေါ်မှ ပခုက္ကူ တပ်မ {၁၀၁}သို့ အပြန်ထွက်ခွာလာသော ရိက္ခာယာဥ်တန်း{၁၀၀}ကျော်မှရှေ့ပြေးကားများသည်၊ပေါက်မြို့နယ်အရှေ့တောင်ပိုင်းတယ်ပင်ကန်ရွာနားသို့ရောက်ရှိနေပြီး၊ ယာဥ်တန်းပါ ရှေ့ပြေးစစ်ခွေးများသည် ၀န်လဲအထက်စု လမ်းခွဲနားသို့ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

ပုသိမ်+ မုံရွာ ၊ပေါက်+ဆိပ်ဖြူ လမ်းဘေးရှိ မိဘပြည်သူများအနေဖြင့် မိမိတို့ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို ရွှေ့ပြောင်းထားကြပါရန် ကြိုတင်အသိပေးအပ်ပါတယ်ခင်ဗျာ။

#PKK News
#MRSN
Apr 11 , 7:00PM
📬 သတင်းပေးပို့ရန် @MagwayScoutBot
👍5
12:45 PM , Apr 12
ယမန်နေ့ည ၁၀ နာရီဝန်းကျင်ခန့်က
မင်းတပ်မြို့ပေါ် နေရာများကို တံတားဦးတက်
ဂျက်ဖိုက်တာ ၂ စီးနှင့် မကွေးလေတပ်တက်
ဂျက်ဖိုက်တာ ၁ စီးတို့မှ မီးလောင်ဗုံးများအပါ
ဗုံးအကြီး များဖြင့် ၈ ကြိမ်ခန့် အကြောင်းမဲ့
လေကြောင်းတိုက်ခိုက်သွားကြောင်း
ကြားသိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သားနေအိမ်
အဆောက်အဦး၂၀ ကျော်ခန့် ထိခိုက်ပျက်စီး
သွားပြီး အိမ်စီးကား ၄ စီးထိခိုက်ပျက်စီးသွား
တယ်လို့သိရပါတယ်။
ထိခိုက်သေဆုံးမှုလည်း ရှိတယ်လို့ ကနဦး
ကြားသိရပါတယ်။
ယခုရက်ပိုင်း စကမ အုပ်စုမှ လေကြောင်း
ခတ်စိပ်စိပ် တိုက်ခိုက်နေသောကြောင့်အမျိုးများ
အနေဖြင့် အစစအရာရာ ဂရုစိုက်ကြပါဗျ။

Hkl
#MRSN
Apr 12 , 1:09PM
📬 သတင်းပေးပို့ရန် @MagwayScoutBot
🤬3
`သင်္ကြန်ကာလအတွင်း ဂန့်ဂေါမြို့နယ်ရှိ ပြည်သူလူထုများသတိပြုနေထိုင်နိုင်ရန် ကြိုတင်အသိပေးခြင်း´´´´

ဧပြီ ၁၊ ၂၀၂၆၊ဂန့်ဂေါ

*မကြာခင်ကျရောက်တော့မည့် သင်္ကြန်ကာလအတွင်း လူစုလူဝေးများပြုလုပ်၍ ပျော်ပွဲရွှင်ပွဲများပြုလုပ်ခြင်း၊ရေဆော့ကစားခြင်းများကို အတတ်နိုင်ဆုံးမပြုလုပ်ကြပါရန် မေတ္တာရပ်ခံအသိပေးအပ်ပါသည်။စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်များမဟုတ်သည့် ကျေးရွာနေပြည်သူလူထုအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်လာနေတာကို ပြည်သူလူထုများသတိပြုသင့်ပါသည်။

*ထို့ပြင် ဂန့်ဂေါမြို့ရှိ စစ်ကောင်စီတပ်ဟာ သင်္ကြန်ကာလပြီးဆုံးပြီနောက် ဂန့်ဂေါမြို့နယ်အတွင်းကို နယ်မြေရှင်းလင်းရေးအဖြစ် စစ်ကြောင်းထိုးရန် ပြင်ဆင်ထားမှုများရှိနေပါသည်။လွန်ခဲ့သည့် ဧပြီ ၉ရက်နဲ့၁၁ရက်နေ့တို့တွင် အမတ ၃၇၁ကို Mi17 ၂ခေါက်ဆင်းသက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ထက်မနည်း အင်အားဖြည့် လာရောက်ပို့ဆောင်ထားသည်ဟု စုံစမ်းသိရှိထားရပါသည်။ထိုMi17နဲ့အတူ လက်နက်ခဲယမ်းများစွာလည်း ပါရှိလာသည်ဟုသိရှိရပါသည်။

*စစ်ကောင်စီသည် ဂန့်ဂေါမြို့ပေါ်တွင် လမ်းလျှောက်သင်္ကြန်ပြုလုပ်သွားဖို့ရှိနေပြီး မြို့နယ်အတွင်းကကျေးရွာများတွင် လူစုလူဝေးများပြုလုပ်ကာ ပွဲလမ်းသဘင်များပြုလုပ်ခြင်းများကို လေကြောင်းမှပစ်မှတ်ထားတိုက်ခိုက်မှုများပြုလုပ်ရန် ညွှန်ကြားထားသည်များရှိကြောင်း စစ်ကောင်စီနဲ့နီးစပ်သူများထံကစုံစမ်းသိရှိထားရပါသည်။

*ထို့ကြောင့် ဂန့်ဂေါမြို့နယ်အတွင်းနေထိုင်ကြသည့် ပြည်သူလူထုများအနေဖြင့် သင်္ကြန်ကာလအတွင်းနဲ့သင်္ကြန်ကာလပြီးနောက်ပိုင်းကို စစ်ကြောင်းအန္တရာယ်၊လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များကို အထူး(အထူး)သတိပြုနေထိုင်သွားလာကြပါရန် ကြိုတင်မေတ္တာရပ်ခံအသိပေးအပ်ပါသည်။

မောင် ဇီးကွက်
ယောအလင်းတန်း
#MRSN
Apr 12 , 3:40PM
📬 သတင်းပေးပို့ရန် @MagwayScoutBot
ပေါက်မြို့နယ်

ပေါက်မြို့ပေါ်မှ ပခုက္ကူ တပ်မ {၁၀၁}သို့ အပြန်ထွက်ခွာလာသော ရိက္ခာယာဥ်တန်း{၁၀၀}ကျော်ထဲမှ ရှေ့ပြေးကား {၆၀}ကျော်သည်၊ပေါက်မြို့နယ်အရှေ့တောင်ပိုင်း ချက်ကန်ရွာအနီးရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

ပုသိမ်+ မုံရွာ ၊ပေါက်+ဆိပ်ဖြူ လမ်းဘေးရှိ မိဘပြည်သူများအနေဖြင့် မိမိတို့ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို ရွှေ့ပြောင်းထားကြပါရန် ကြိုတင်အသိပေးအပ်ပါတယ်ခင်ဗျာ။

#PKK News

#MRSN
Apr 12 , 5;00PM
📬 သတင်းပေးပို့ရန် @MagwayScoutBot
👍21
ပေါက်မြို့နယ်

ပေါက်မြို့ပေါ်မှ ပခုက္ကူ တပ်မ {၁၀၁}သို့ အပြန်ထွက်ခွာလာသော ရိက္ခာယာဥ်တန်း{၁၀၀}ကျော်သည်၊ ပေါက်မြို့နယ်အရှေ့တောင်ပိုင်း ချက်ကန်ရွာနှင့် ရန်ကင်းရွာကြားသို့ ရောက်ရှိနေကာ၊ စစ်ခွေးများမှ ပြည်သူပိုင်ကြက်တွေကိုဖမ်းပြီး ချက်ပြုတ်စားသောက်နေကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐀𝐩𝐫-12 7:30P𝐌

#MRSN
Apr 12 , 7:54PM
📬 သတင်းပေးပို့ရန် @MagwayScoutBot
👍4
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ကန်တော်ရွာမှ စစ်ခွေးဂိတ်မှ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည် တဲကုန်းရွာသို့ ရောက်ရှိကြောင်း သတင်းရရှိထားပါသည်။

#PKK News
🗓️𝐀𝐩𝐫-12 9:15𝐏𝐌

#MRSN
Apr 13 , 6:12AM
📬 သတင်းပေးပို့ရန် @MagwayScoutBot
1
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် တဲကုန်းရွာစစ်ခွေးဂိတ်မှ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ မြို့ခင်သာရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

#PKK News
#MRSN
Apr 13  , 7:18AM
📬 သတင်းပေးပို့ရန် @MagwayScoutBot
👍4
ဂန့်ဂေါမြို့နယ်တောင်ပိုင်းတိုက်နယ်အတွင်း သင်္ကြန်ပွဲတော်ကာလအတွင်း ရေကစားမဏ္ဍပ်များဆောက်လုပ်ခြင်း၊ရေကစားခြင်းများနှင့်ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ကြရန် တောင်ပိုင်းတိုက်နယ်ပအဖမှ သတိပေးထုတ်ပြန်

ဧပြီ ၁၃၊၂၀၂၆|ဂန့်ဂေါ

ဂန့်ဂေါမြို့နယ်တောင်ပိုင်းတိုက်နယ်အတွင်း သင်္ကြန်ပွဲတော်ကာလအတွင်း ရေကစားမဏ္ဍပ်များဆောက်လုပ်၍ ရေကစားခြင်း၊ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ကြရန် တောင်ပိုင်းတိုက်နယ်ပအဖမှ ယမန်နေ့ ဧပြီ ၁၂ရက်နေ့က သတိပေးထုတ်ပြန်ထားပါသည်။

ဂန့်ဂေါမြို့နယ်၊တောင်ပိုင်းတိုက်နယ်အတွင်းရှိ သင်္ကြန်ပွဲတော်ကာလအတွင်း လေကြောင်းအန္တရာယ်နှင့် ဒေသတွင်း မလိုလားအပ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများအချင်းချင်း ပဋိပက္ခများ မဖြစ်ပေါ်စေရေးတို့ အတွက် မိမိတို့ကျေးရွာများအတွင်း ရေကစားမဏ္ဍပ်များဆောက်လုပ်ပြီး ရေကစားခြင်းများ၊ပျော်ပွဲရွှင်ပွဲပြုလုပ်ချင်းများကို ပိတ်ပင်ကြောင်း အသိပေးထုတ်ပြန်ထားပါသည်။

အထက်ပါညွှန်ကြားချက်အား လိုက်နာဆောင်ရွက်မှုမရှိပဲ မလိုလားအပ်သည့်ပြဿနာတစ်စုံတစ်ရာ​ဖြစ်ပေါ်လာပါက သက်ဆိုင်ရာရပ်ကျေးပအဖတာဝန်ခံများကို ထိရောက်စွာအရေးယူသွားမည်ဟု ထုတ်ပြန်ချက်ထဲတွင်ပါရှိပါသည်။တစ်ဖက်တွင် ဂန့်ဂေါမြို့ပေါ်ရှိ စစ်ကောင်စီမှ လမ်းလျှောက်သင်္ကြန်ပွဲကို စတင်ပြုလုပ်နေပြီး မြို့၀င်ဂိတ်များတွင် မည်သူမဆို စစ်ဆေးမေးမြန်းခြင်းမပြုပဲ လွတ်လပ်စွာသွားလာခွင့်ပြုမည်ဆိုပြီး စစ်ကောင်စီနဲ့နီးစပ်သူများကပြောဆိုနေကြပါသည်။

စစ်ကောင်စီသည် ယမန်နှစ်သင်္ကြန်ကာလအတွင်းကလည်း အရပ်သားပြည်သူများကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ထားခြင်းများရှိသည့်အတွက် ယခုနှစ်သင်္ကြန်ကာလတွင်လည်း လေကြောင်းအန္တရာယ်ကိုအထူးသတိပြုနေထိုင်ကြရန် လိုအပ်ပါသည်။

သတင်း-CJ
စာတည်း-မောင်ဇီးကွက်
ယောအလင်းတန်း
#MRSN
Apr 13  , 2:39PM
📬 သတင်းပေးပို့ရန် @MagwayScoutBot
👍3
Forwarded from Sagaing Scout Network (Ngai gaw Singkaw n Tu ai U ri)
Blue Shirt Campaign (၁၂) ရက်တာ လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ပေးနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်ချင်ပါတယ်ရှင်

၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့သည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အမြဲတစေ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂)နှစ် ပြည့်သည့် နေ့ရက်ဖြစ်ပါသည်။

ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်ခြင်း (၁၂)နှစ်ပြည့်သည့်နေ့တွင် သမ္မတကြီး ဦးဝင်းမြင့်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးနှင့် အရေးတော်ပုံ အောင်နိုင်ရေးအတွက် ဧပြီလ (၁၀)ရက်နေ့မှ (၂၁)ရက်နေ့အထိ (၁၂)ရက်တာ Blue Shirt Campaign လူထုလှုပ်ရှားမှုကို တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုများမှအွန်လိုင်းနှင့် မြေပြင်များတွင် ပြုလုပ်သွားမည်ဖြစ်ရာ SSN မိသားစုများမှလည်း ယနေ့ ဧပြီ ၁၃ရက် အကြိုနေ့မှ စတင်၍ လှုပ်ရှားမှု ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်🙏

နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေး၊ ပြည်သူတရပ်လုံးလွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးအထိ အရေးပါသည့် ခြေလှမ်းတရပ်ဖြစ်သည့်အတွက် ဒီလှုပ်ရှားမှုမှာ လည်း တော်လှန်ပြည်သူနှင့် တော်လှန်ရဲဘော်တို့ရဲ့ ပါဝင်မှုက တတပ်တအားပဲဖြစ်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်...
၁။ အပြာရောင်အဝတ်အစား (Blue Shirt) များ ဝတ်ဆင်၍ ရိုက်ကူးထားသည့်ပုံ (သို့မဟုတ်) ဗွီဒီယိုများကို  လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် မျှဝေခြင်း၊ SSN ရဲ့ 
@SagaingSNetworkbot သို့ ပေးပို့၍ အဖွဲ့လှုပ်ရှားမှုအဖြစ် ပါဝင်ခြင်း
၂။  မျှဝေရာတွင် ကမ်ပိန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့်အတူ သတ်မှတ်ထားသော Campaign Hashtag များ(
#blueshirt4politicalprisoners #FreeAllPoliticalPrisoners
#blueshirtmovementmyanmar ) အသုံးပြုခြင်း၊
၃။ မိတ်ဆွေနှင့် လုပ်ဖော်ကိုင်ဖက်များအား ဖိတ်ခေါ်၍ ကမ်ပိန်းတွင် ပါဝင်စေခြင်းတို့ဖြင့်
SSN နှင့်အတူတကွ ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

#SSN
Apr 14, 8:23AM  
📫သတင်းပို့ရန်
@SagaingSNetworkbot
👍2
သတင်း🌂

မင်္ဂလာပါ
ဧပြီ ၁၄
သင်္ကြန်အကျနေ့
မိုးလေဝသအခြေအနေ

ကချင်ပြည်နယ်အထက်ပိုင်းတွင်နေရာကျဲကျဲ
🌧️တနိုင်း ပူတာအို နောင်မွန်း ဆော့လော် ခေါင်လန်ဖူး🌧️

ကချင်ပြည်နယ်အောက်ပိုင်း
စစ်ကိုင်းတိုင်းအထက်ပိုင်း
ရခိုင်ပြည်နယ်တောင်ပိုင်း
မွန်ပြည်နယ်
ကရင်ပြည်နယ်
တနင်္သာရီတိုင်းတို့တွင်
နေရာကွက်ကျားမိုးရွာမည်
____
ဧပြီ၁၄ နှင့်၁၅တွင်
ကချင်ပြည်နယ် စစ်ကိုင်းအထက်ပိုင်းတို့တွင် မိုးတိမ်တောင်ဖြတ်သန်းနိုင်သည်

#တနိုင်းမြို့နယ်
#မိုးတိမ်တောင်အန္တရယ်သတိထားပါ
___
တနင်္သာရီတိုင်း
လေပြင်းအသင့်အတင့်တိုက်နိုင်သည်
___
နေပြည်တော်
ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း
ရှမ်းပြည်နယ်တောင်ပိုင်း
အရှေ့ပိုင်း
ကယားပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်းတို့တွင်
#ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း
#လွန်ကဲအဆင့်မှာရောက်ရှိနေပါသည်
အပူဒဏ်အန္တရာယ်သတိထားပါ

ခန့်မှန်းတွက်ချက်မှုအရ အလယ်ပိုင်းဒေသများတွင် မိုးတိမ်တောင်အန္တရာယ်မရှိပါ
သို့သော် ပူငွေ့ပျံတိမ်တိုက်များကြောင့် မိုးတိမ်တောင်များ ရုတ်တရက်ဖြစ်လာတတ်သည်ကို သိထားပါ

ဆရာသန်း၏မိုးလေဝသ သတင်းများ
#တိကျခန့်မှန်းဆရာသန်း
#နေ့စဉ်မိုးလေဝသသတင်း
#ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း
၁၄/၄/၂၀၂၆
https://www.facebook.com/share/p/1AVzBXsZHN/

ဂရုစိုက်ကြပါ ။ 🙏🌻🕊️

#MRSN
Apr 14  , 9:39AM
📬 သတင်းပေးပို့ရန် @MagwayScoutBot
4
Magway Scout Network pinned «သတင်း🌂 မင်္ဂလာပါ ဧပြီ ၁၄ သင်္ကြန်အကျနေ့ မိုးလေဝသအခြေအနေ ကချင်ပြည်နယ်အထက်ပိုင်းတွင်နေရာကျဲကျဲ 🌧️တနိုင်း ပူတာအို နောင်မွန်း ဆော့လော် ခေါင်လန်ဖူး🌧️ ကချင်ပြည်နယ်အောက်ပိုင်း စစ်ကိုင်းတိုင်းအထက်ပိုင်း ရခိုင်ပြည်နယ်တောင်ပိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်…»
ရေစကြိုမြို့ပေါ်တွင် မအလစခများက ရေကစားမဏ္ဍပ်များ ကျင်းပပြုလုပ်နေပြီး မြို့အဝင်နေရာများတွင် စခများ ကင်းပုန်းဝတ်နေ၊ မြို့ပေါ်ကို ရေကစားလာသည့် လူငယ်တစ်ဦး ပစ်ခတ် သတ်ဖြတ်ခံရ

ရေစကြို၊ ဧပြီ ၁၄

အထက်အမိန့်အရဆိုကာ ထင်ရာစိုင်းပြီး ယုတ်မာမိုက်ရိုင်းနေသော မအလ စခများက မြို့ခံပြည်သူများထံမှ အတင်းအဓမ္မငွေကြေးတောင်းယူကာ သင်္ကြန်ကာလ ရေသဘင်မဏ္ဍပ်များကျင်းပပြုလုပ်သော်လည်း ဘောမနှင့် ပျူခွေးအချို့သာ ပါဝင်ဆင်နွဲနေသည်ကိုသာတွေ့ရပြီး ရေကစားမဏ္ဍပ်များတွင် စည်ကားမှုမရှိဘဲ ခြောက်ကပ်လျှက်ရှိကြောင်း မြို့ခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

မြို့ပေါ်တွင် ရေကစားမဏ္ဍပ်များ ကျင်းပပြုလုပ်နေချိန် စခများက မြို့အစွန်၊ မြို့အဝင်နေရာများတွင် ကင်းပုန်းဝတ်နေကြကြောင်း၊ ၎င်း မအလ စခများက ယမန်နေ့ ဧပြီ (၁၃) ရက်နေ့ နေ့လယ် (၁၂) နာရီဝန်းကျင်အချိန်တွင် ရွာသစ်ကျေးရွာမှ မြို့ပေါ်ကို ရေလာကစားလာသည့် အသက် (၁၈) နှစ်ခန့်အရွယ်လူငယ်တစ်ယောက်ကို ရွာသစ်တောရိုး နှစ်ထောင်ပြည့်ရပ်ကွက်အနီးတွင် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။ သတ်ဖြတ်ခံရသည့်လူငယ်၏ အသေးစိတ်အချက်အလက်များ စုံစမ်းနေဆဲဖြစ်ပါသည်။

"သင်္ကြန်ဆိုတာ မြန်မာတို့ရဲ့ ပျော်ရွင်စရာ ရိုးရာဓလေ့တစ်ခုလေ၊ အခုမြို့ပေါ် သူတို့ (..)တွေလုပ်နေတဲ့သင်္ကြန်က ခိုင်းလို့လုပ်တဲ့ ဂွင်ရှာ ဟန်ပြသင်္ကြန်ဆိုတော့ မသာအိမ်က မဏ္ဍပ်လိုပဲ၊ ခြောက်ကပ်ကပ်နဲ့၊ လူလည်းမရှိဘူး၊ နောက်ပြီးသတိပေးချင်တာဗျ၊ နယ်ကလူတွေကို (..)တွေက ကင်းပုန်းတွေဝတ်ပြီး မြို့အစွန်နဲ့ အဝင်လမ်းတွေမှာ ရှိနေကြတာ၊ ဒီစခတွေ ကြောက်ချေးလည်း ပန်းနေကြတဲ့သဘောရှိပါတယ်၊ လူငယ်လေးတစ်ယောက်ဗျာ၊ မြို့ပေါ်ကို ရေကစားလာတာလို့ပြောတယ်၊ အဲဒါ ရွာသစ်နဲ့ နှစ်ထောင်ပြည့်ကြားမှာ မနေ့က ပစ်သတ်ခံရတယ်လေ၊ အဲဒီ (..)တွေ လူစိတ်ကင်းမဲ့ပြီး ယုတ်မာမှုကတော့ ကမ်းကုန်ပါဘဲ၊ အဲဒါကြောင့် ဂရုစိုက်ကြပါ၊ သတိထားသွားလာကြပါလို့ ပြောချင်တယ်" ဟု မြို့ခံပြည်သူတစ်ဦးက ပြောပြပါသည်။

#InfoCommitteeYrsagyo
#MRSN
Apr 14  , 6:53PM
📬 သတင်းပေးပို့ရန် @MagwayScoutBot
🤬3
ကမ္မမြို့နယ်

ကမ္မမြို့နယ်ရဲစခန်းမှ ဂျိုကြွနေသော ရဲခွေးများမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။ 

#PKK News
#MRSN
Apr 14  , 7:10PM
📬 သတင်းပေးပို့ရန် @MagwayScoutBot
👍3
⚠️ဆိပ်ဖြူ

ပေါက်မြို့မှ ထွက်ခွာလာသော ရိက္ခာယာဥ်တန်းမှ ဆိပ်ဖြူ ကပစ ၂၂ ခွေးခြံထဲသို့ ဝင်ရောက်သွားကြောင်းသိရ..
ပြည်သူများသတိပြုနေကြပါရန်

🇼🇸မြိုင်🦚ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့
🛰1:21PM@Daungmin

#MRSN
Apr 14  , 7:39PM
📬 သတင်းပေးပို့ရန် @MagwayScoutBot
👍52👏1
🙇‍♀️Bot လိပ်စာ ပြောင်းလဲကြောင်း အသိပေးခြင်း🙇‍♀️

ဝေဟင် လေကြောင်းကင်းထောက်ချန်နယ်၏ အားထားရပါသော သတင်းပေး တော်လှန်ရဲဘော်၊ တော်လှန်ပြည်သူများခင်ဗျာ ....

ယခင်က မိမိတို့ ဝေဟင်ချန်နယ်မှ သတင်းရယူခဲ့သော Telegram Bot (@WaiHinScout_Bot) မှာ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲနှင့် ထိန်းချုပ်နိုင်မှု့ အခက်အခဲ ရှိပါသောကြောင့်

မိမိတို့မှ သတင်းရယူရန် Telegram Bot အသစ်တစ်ခု ထပ်မံတည်ဆောက်ထားပြီး ထို Bot အသစ်တွင်သာ သတင်းများ ဆက်လက်ရယူသွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မိမိတို့ထံ သတင်းများ ပေးပို့လိုပါက Telegram Bot အသစ်ဖြစ်သော @WaiHinScoutNetworkBot ထံသို့ လုံခြုံစိတ်ချစွာဖြင့် ဆက်သွယ်သတင်းပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

Bot အဟောင်း = @WaiHinScout_Bot ❌️

Bot အသစ် = @WaiHinScoutNetworkBot

ယခင်ဘော့အဟောင်း ကို အသုံးပြုနေမှု့ ကို အချိန်အတိုင်းအတာတခုအထိပဲ ဝေဟင်မှ ဆက်လက်သုံးမည်ဖြစ်ပြီ


ဘော့အသစ် @WaiHinScoutNetworkBot
ကို ယခုပဲ စတင်မိတ်ဆက်အသုံးပြုပေးကြပါရန်
မေတ္တာရပ်ခံအပ်ပါသည်။


အပြောင်းအလဲအတွက် နားလည်ပေးနိုင်ပါရန် ညိုးငယ်စွာ မေတ္တာရပ်ခံအပ်ပါသည်။


လေးစားစွာဖြင့်
ဝေဟင်
ပြည်သူမှ ပြည်သူ ဝေဟင်နှင့်ကူ
စုစည်းမှုဖြင့်သာ အောင်ကြောင်းဖြာ
3
🙇‍♀️Bot လိပ်စာ ပြောင်းလဲကြောင်း ညိုးငယ်စွာအသိပေးခြင်း🙇‍♀️

ဝေဟင် လေကြောင်းကင်းထောက်ချန်နယ်၏ အားထားရပါသော သတင်းပေး တော်လှန်ရဲဘော်၊ တော်လှန်ပြည်သူများခင်ဗျာ ....

ယခင်က မိမိတို့ ဝေဟင်ချန်နယ်မှ သတင်းရယူခဲ့သော Telegram Bot (
@WaiHinScout_Bot) မှာ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲနှင့် ထိန်းချုပ်နိုင်မှု့ အခက်အခဲ ရှိပါသောကြောင့်

မိမိတို့မှ သတင်းရယူရန် Telegram Bot အသစ်တစ်ခု ထပ်မံတည်ဆောက်ထားပြီး ထို Bot အသစ်တွင်သာ သတင်းများ ဆက်လက်ရယူသွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မိမိတို့ထံ သတင်းများ ပေးပို့လိုပါက Telegram Bot အသစ်ဖြစ်သော
@Yaypyin0bot @WaiHinNetwork_Bot ထံသို့ လုံခြုံစိတ်ချစွာဖြင့် ဆက်သွယ်သတင်းပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

Bot အဟောင်း =
@WaiHinScout_Bot ❌️

Bot အသစ် =
@WaiHinNetwork_Bot

ယခင်ဘော့အဟောင်း ကို လုံးဝအသုံးမပြုတော့ပဲ


ဘော့အသစ်
@WaiHinNetwork_Bot
ကို ယခုပဲ စတင်မိတ်ဆက်အသုံးပြုပေးကြပါရန်
မေတ္တာရပ်ခံအပ်ပါသည်။


အပြောင်းအလဲအတွက် နားလည်ပေးနိုင်ပါရန် ညိုးငယ်စွာ မေတ္တာရပ်ခံအပ်ပါသည်။


လေးစားစွာဖြင့်
ဝေဟင်
ပြည်သူမှ ပြည်သူ ဝေဟင်နှင့်ကူ
စုစည်းမှုဖြင့်သာ အောင်ကြောင်းဖြာ။
👍4