mCare Apple Authorised Service Provider
4.81K subscribers
888 photos
64 videos
1 file
466 links
Download Telegram
တစ်ဖက်ပဲ ပျက်တာနဲ့တော့ အသစ်တစ်စုံလုံး ဝယ်စရာမလိုပါဘူးနော်။

တစ်ဖက်တည်း အသံမကြားတော့တာ၊ အားမ၀င်တော့တာမျိုးဆိုရင်
mCare မှာ ပျက်နေတဲ့ AIrPods တစ်ဖက်တည်းအတွက်ကိုပဲ 50% OFF နဲ့ လဲလှယ်လို့ရပါတယ်။

mCare Apple Authorized Service Provider မှာလဲလှယ်မယ်ဆို Apple Genuine Parts အစစ်အမှန်နဲ့သာ လဲလှယ်ပေးမှာဖြစ်ပြီး

AirPods (2nd Gen) ရဲ့ အဆင်မပြေဖြစ်နေတဲ့ Left Side (သို့) Right Side တစ်ဖက်တည်းကိုပဲ 50% OFF (တစ်ဝက်ဈေး) ထဲနဲ့ အသစ်လဲလှယ်လို့ရနိုင်မှာ ဖြစ်ပါတယ်။

Available parts — AirPods 2nd Gen (Left & Right Side)

(Limited Stock ဖြစ်လို့ ပစ္စည်းလက်ကျန်ရှိတုန်း အမြန်ဆုံးလာရောက်ဖို့တော့ လိုအပ်ပါတယ်)
လူတွေတောင် Medical Check Up လုပ်ကြသေးတာပဲ မဟုတ်လား။

အဲ့လိုပဲလေ… ကိုယ်တန်ဖိုးထားရတဲ့ Apple Device တွေကိုလည်း စစ်ဆေးကြည့်ဖို့ လိုတာပေါ့။

နေ့စဉ်အသုံးပြုရင်း စက်ပူတာ၊ Battery Health ကျတာ၊ Wi-Fi / Bluetooth မသိမသာ လိုင်းကျတာ/မငြိမ်တာမျိုးတွေအပြင်... တချို့ Error သေးသေးလေးတွေကိုတောင် သတိမထားမိဘဲ ကျော်သွားတတ်ကြပါတယ်။

ဒါကြောင့် သင့်ရဲ့ Apple Device တွေ တကယ် ကောင်း/မကောင်း ပိုသေချာအောင် Apple Diagnostics Server နဲ့ စစ်ဆေးကြည့်ဖို့ လိုပါတယ်။

Apple Diagnostics Server ဆိုတာက Apple ကနေ Authorized Service Provider တွေအတွက်ပဲ တရားဝင် သီးသန့်အသုံးပြုခွင့်ပေးထားတဲ့ Hardware Diagnostic System ဖြစ်ပါတယ်။

ဒီ Diagnostics နဲ့ စစ်ဆေးပြီးမှ ရလာတဲ့ Result အပေါ်မူတည်ပြီး လိုအပ်တာတွေကို Apple Certified Technician တွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်မှာဆိုတော့ ပိုပြီးတော့ စိတ်ချရတာပေါ့။

ဒါကြောင့် သင့်ရဲ့ Apple Device တိုင်းကို ယုံကြည်စိတ်ချစွာ စစ်ဆေးပြုပြင်ချင်တယ်ဆိုရင် mCare Apple Authorized Service Provider မှာ လာရောက်စစ်ဆေးနိုင်ပါတယ်။
ဒီခေတ်ကြီးထဲမှာ သတိတစ်ချက်လွတ်သွားတာနဲ့ ကိုယ့်ဖုန်းလေးလည်း ပါသွားနိုင်တယ်နော်။

ဒါကြောင့် iPhone ကို Face ID နဲ့ Passcode ခံထားရုံတင်မကဘဲ ကိုယ့်ရဲ့ Privacy နဲ့ Personal Data တွေပါ လုံခြုံဖို့အတွက် Stolen Device Protection Feature ကိုလည်း ဖွင့်ထားသင့်ပါတယ်။

ဒီ Feature ကို ဖွင့်ထားမယ်ဆိုရင် တခြားသူလက်ထဲ ကိုယ့် iPhone ရောက်သွားပြီး 
Passcode ကို သိနေရင်တောင်မှ Apple ID Password ပြောင်းတာ၊ 
Saved Passwords တွေကို ကြည့်တာနဲ့ Security Settings တွေ ပြင်ဆင်တာလိုမျိုး 
အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေကို မိမိရဲ့ Face ID (သို့မဟုတ် Touch ID) အတည်ပြုချက်မပါဘဲ လုံးဝ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။

ဒီ Feature လေးဖွင့်ထားချင်တယ်ဆိုရင်တော့
Settings > Face ID & Passcode > Stolen Device Protection ကို On ထားပေးရင်ရပါပြီ။ (ပိုပြီး စိတ်ချရစေဖို့ Security Delay နေရာမှာ "Always" ကို ရွေးထားပေးဖို့ အကြံပြုချင်ပါတယ်)

သင့် Apple Devices တိုင်းအတွက် ဘာပဲလိုလို mCare Apple Authorized Service Provider မှာ အသေးစိတ် လာရောက်ဆွေနွေးနိုင်ပါတယ်။ 
ညဘက် ဖုန်းအားသွင်းပြီး အိပ်ပျော်သွားရင် Battery ထိခိုက်မလားဆိုပြီး အမြဲတွေးပူနေတတ်တာလား။

တကယ်တော့ ဒါက စိုးရိမ်စရာမလိုပါဘူး။

သဘာဝအရ Battery တွေမှာ သက်တမ်းလျော့လာတတ်တာမျိုးရှိပေမယ့် Apple ရဲ့ တရားဝင်အချက်အလက်တွေမှာ ဖော်ပြထားတာအရ iPhone တွေမှာ အားပြည့်တာနဲ့ Charging ကို အလိုအလျောက် ရပ်တန့်ပေးမယ့် Optimised Battery Charging စနစ်ပါဝင်ပါတယ်။

ဒီအတွက် Battery 95% အောက်ရောက်တဲ့အခါမှသာ Charging Resumes ပြန်လုပ်ပေးတာကြောင့် ညဘက်တွေမှာ အားသွင်းပြီးအိပ်လည်း Battery အတွက်အန္တရာယ်မရှိပါဘူး။

⚠️ ဒါပေမဲ့ သတိထားရမယ့် အချက် (၂) ချက် ရှိပါတယ်။

၁။ iPhone အတွက်အကောင်းဆုံး အပူချိန်က 16°C ကနေ 22°C အတွင်းဖြစ်ပြီး 35°C ထက်ကျော်လွန်နေတဲ့ ပတ်ဝန်းကျင် အပူချိန်မှာ အားသွင်းမယ်ဆိုရင် Battery သက်တမ်းကို ထိခိုက်စေနိုင်ပါတယ်။

၂။ အားသွင်းချိန်မှာ ဖုန်းအရမ်းပူလာတာမျိုးဆိုရင် 80% မှာ Charging ကို ရပ်တန့်လိုက်တာဖြစ်လို့ iPhone Battery က တစ်နေ့လုံး မခံတော့ဘူး၊ ခဏခဏ အားကုန်နေပြီး ဖုန်းပူလာတာမျိုး မကြာခဏဖြစ်နေရင်တော့ Battery Health အရင် စစ်ဆေးသင့်နေပါပြီ။

iPhone Battery Lifespan နဲ့ ပတ်သက်ပြီး ပိုမိုသိရှိချင်တယ်၊ လေ့လာချင်တယ်ဆိုရင် ဖော်ပြပါ Apple Support Website မှာ သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

Apple Support >>>
https://support.apple.com/en-us/105105

တကယ်လို့ သင့် iPhone တွေရဲ့ Battery Health က 80% အောက်ရောက်နေပြီဆိုရင်တော့ Battery လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။ mCare Apple Authorized Service Provider မှာ Original Battery အစစ်အမှန်နဲ့ စနစ်တကျ လဲလှယ်နိုင်ပြီး ရက်ပေါင်း (၉၀) တိတိ Warranty ရရှိနိုင်ပါတယ်။

Battery Pricing Link >>
https://mcare.com.mm/battery-service-pricing/

(iPhone Battery များအပြင် MacBook, Apple Watch, iPad နဲ့ တခြား Accessories များရဲ့ Battery များကိုပါ mCare Apple Authorized Service Provider မှာ လာရောက် ပြုပြင်လဲလှယ်နိုင်ပါတယ်။)
Phone Back Glass ကွဲလို့ စိတ်ညစ်မနေနဲ့တော့နော်။

mCare Apple Authorized Service Provider မှာ Back Glass ကွဲနေတဲ့ iPhone 14, iPhone 14 Plus နဲ့ iPhone 15 Plus User လေးတွေအတွက် သတင်းကောင်းတစ်ခုရှိလို့ပါပဲ။

iPhone 14, iPhone 14 Plus နဲ့ iPhone 15 Plus လေးတွေရဲ့ Back Glass ကွဲသွားတဲ့အခါ Apple Original Back Glass ကို ပြန်လဲလှယ်ပေးမယ့်အပြင် 50% OFF နဲ့ လဲလှယ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ iPhone လေးက Back Glass ကွဲသွားလို့ ပြန်ပြုပြင်ချင်တယ်ဆိုရင် Stock ရှိတုန်း mCare Apple Authorized Service Provider ကိုသာ အရောက်လာခဲ့လိုက်တော့နော်။
Double Tap က ဘယ်အချိန်တွေမှာ အလုပ်မလုပ်ဘူးလဲ။


လက်နှစ်ဖက်လုံး မအားလို့မှ Double Tap နဲ့ ဖုန်းကိုင်ပါတယ်ဆို Double Tap ကပါ အလုပ်မလုပ်တော့ဘူးလား။

ဒါဆိုရင်တော့ ဒီလိုအခြေအနေတွေ ဖြစ်နေပြီလား တစ်ချက်ပြန်စစ်ကြည့်လိုက်ပါ။ 

•  Low Power Mode ဖွင့်ထားခြင်း
•  Sleep Focus ဖွင့်ထားခြင်း
•  Apple Watch ကို Lock လုပ်ထားခြင်း
•  လက်ကောက်ဝတ် ချထားတဲ့အတွက် Display မလင်းခြင်း
•  Hand Gestures အသုံးပြုတဲ့ Accessibility Features များ ဖွင့်ထားခြင်း
•  Family Setup လုပ်ထားတဲ့ Apple Watch ဖြစ်နေခြင်း

ဒီအချက်လေးတွေကို သတိထားပြီး ပိတ်ပေးမယ်ဆိုရင်တော့ အရင်လို စိတ်ကြိုက် Double Tap လုပ်ပြီး Smart ကျကျ ပြန်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

သင့်ရဲ့ Apple Watch နဲ့ ပတ်သက်ပြီး အကူအညီလိုအပ်တာမျိုးရှိခဲ့ရင် mCare Apple Authorized Service Provider မှာ အချိန်မရွေး လာရောက်မေးမြန်းနိုင်ပါတယ်။
iOS 26.5.2 Update ထွက်လာပါပြီ။

Apple က iPhone နဲ့ iPad အတွက် iOS 26.5.2 နဲ့ iPadOS 26.5.2 ကို Official Release ပြုလုပ်ပေးလိုက်ပါပြီ။

ဒီတစ်ခေါက် Update က အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံရေးအတွက် အဓိက ဦးစားပေး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဒီ Update မှာ Feature အသစ်တွေ ထပ်မံပါဝင်တာမျိုး မဟုတ်ဘဲ၊ Security Fixes ကိုသာ အဓိကထားပြီး ပြင်ဆင်ပေးထားပါတယ်။ အထူးသဖြင့် Device ရဲ့ လုံခြုံရေးပိုင်း ပိုကောင်းဖို့ ရည်ရွယ်ထားတဲ့ Update ဖြစ်ပါတယ်။

ဒါကြောင့် မိမိတို့ရဲ့ iPhone/iPad တွေ ပို Safe ဖြစ်ဖို့အတွက် အမြန်ဆုံး Update ပြုလုပ်ထားသင့်ပါတယ်။

Update ပြုလုပ်ဖို့ Settings > General > Software Update သို့သွားပြီး အလွယ်တကူ တင်နိုင်ပါတယ်။
(မတင်ခင်မှာ အရေးကြီး Data တွေကို Backup အရင်လုပ်ထားဖို့နဲ့ Wifi ချိတ်ဆက်ထားဖို့ လိုအပ်ပါတယ်နော်)

MacBook, iPhone, iPad နဲ့ ပတ်သက်တဲ့ Software Update, Hardware Issue, Service လိုအပ်တာတွေ ရှိရင် mCare Apple Authorized Service Provider ကို အချိန်မရွေး ဆက်သွယ်လို့ရပါတယ်။
mCare Apple Authorised Service Provider
Photo
ဖုန်းကိုအမြဲ Silent လုပ်ထားမိနေတတ်တဲ့ သူတွေရှိလား။

ရုံးခန်းထဲမှာဖြစ်ဖြစ်၊ စာသင်ခန်းထဲမှာဖြစ်ဖြစ် အမြဲတမ်း ဖုန်းကြည့်နေလို့တော့မဖြစ်ဘူးလေ။
ဒါကြောင့် အခြေအနေအရ Silent / Vibrate Mode ပဲ အမြဲထားမိတတ်ကြတယ်မဟုတ်လား။

Silent Mode ကြောင့် အသံလည်းမကြားရ၊ Vibration ကလည်း အားနည်းနေရင်တော့
အရေးကြီးတဲ့ Call တွေ လွတ်သွားနိုင်တယ်နော်။

ဒါကြောင့် ဖုန်း Screen ကို ကြည့်စရာမလိုဘဲ ဘယ်သူဖုန်းခေါ်နေလဲဆိုတာ တန်းသိနိုင်အောင်
iPhone ရဲ့ Custom Vibration Feature လေးကို အသုံးပြုလို့ ရပါတယ်။
Custom Vibration Feature ဆိုတာက ကိုယ်သတ်မှတ်ချင်တဲ့ Contact တစ်ယောက်စီတိုင်းအတွက် Vibration Pattern ကို စိတ်ကြိုက် ဖန်တီးသတ်မှတ်ထားလို့ရတဲ့ Feature လေးဖြစ်ပါတယ်။


ဘယ်လိုလုပ်ရမလဲဆိုတော့

Contacts → Contact တစ်ယောက်ကိုရွေးပါ → Edit → Ringtone → Haptics → Create New Vibration မှာ ကိုယ့်စိတ်ကြိုက် Vibration Pattern တစ်ခုကို Screen ပေါ်နှိပ်ပြီး ဖန်တီး သတ်မှတ်ထားနိုင်ပါတယ်။

ကဲ… ဒါဆို ဖုန်းမကြည့်ဘဲတောင် သူခေါ်နေမှန်း တန်းသိနေအောင် အခုပဲ စမ်းလုပ်ကြည့်လိုက်တော့နော်။

သင့် Apple Devices တိုင်းအတွက် ဘာပဲလိုလို mCare Apple Authorized Service Provider မှာ အသေးစိတ် လာရောက်ဆွေနွေးနိုင်ပါတယ်။
ရန်ကုန်နဲ့ မန္တလေးက Apple ချစ်သူတွေအတွက်

Apple Genuine Parts များ၊ သင့်တင့်သောစျေးနှုန်းများနှင့် ကျွမ်းကျင် Technician များရဲ့ အကောင်းဆုံး ဝန်ဆောင်မှုများကို အောက်ပါ mCare ဆိုင်ခွဲတိုင်းတွင် ရယူနိုင်ပါသည်။

Apple Official Website မှတစ်ဆင့် အနီးစပ်ဆုံး mCare ဆိုင်ခွဲများကို ရှာဖွေရန်:

https://locate.apple.com/mm/en/service?pt=3...…
နောက်မှန်လေးကွဲရုံနဲ့တော့ ဖုန်းအသစ်တစ်လုံး လဲစရာမလိုပါဘူး။

iPhone တစ်လုံးလုံး အသစ်လဲရမှာ စိုးရိမ်ပြီး အကွဲလေးအတိုင်း စိတ်ညစ်ညစ်နဲ့ သုံးနေမယ့်အစား

နောက်မှန်အကွဲလေးကိုပဲ Apple Original မှန်နဲ့ လဲလှယ်လို့ရပါတယ်။

အခုဆိုရင် iPhone 14 / 14 Plus / 15 Plus တို့ရဲ့နောက်မှန်လေးတွေအတွက်
Apple Original Back Glass အစစ်အမှန်ကိုမှ 50% OFF (တစ်ဝက်ဈေး) ထဲနဲ့ mCare မှာ လဲလှယ်လို့ ရနေပါပြီ။

ဒီတော့ ဖုန်းအကွဲကြီး ဒီတိုင်းဆက်သုံးနေမယ့်အစား mCare Apple Authorized Service Provider မှာ အမြန်ဆုံးလာရောက်ပြုပြင်လိုက်တော့နော်။

Available Models: iPhone 14, iPhone 14 Plus & iPhone 15 Plus
MacBook User တွေအတွက် နေ့စဉ်အလုပ်လုပ်ရတာ ပိုမြန်ဆန်စေမယ့် Lifesaver Shortcut PART (3)

1 . ⌘ + Spacebar 
Spotlight Search ကို အမြန်ဖွင့်ပြီး Files ရှာတာ၊ App တွေ ရှာဖွင့်တာတွေ လုပ်နိုင်မယ်။


2 . ⌘ + Delete 
ရွေးထားတဲ့ File ဒါမှမဟုတ် Folder ကို ချက်ချင်း Trash ထဲထည့်နိုင်မယ်။


3 . ⌘ + Shift + Delete
Trash ထဲက File တွေအကုန်လုံးကို ရှင်းပစ်ဖို့ Confirmation Box ကို အမြန်ဆုံး ခေါ်နိုင်မယ်။


4 . Fn (🌐)  /  Control + Spacebar  
English, Myanmar အပါအဝင် Mac မှာ ထည့်ထားတဲ့ Keyboard Language တွေကို အလွယ်တကူ ပြောင်းလို့ရမယ်။


5. ⌘ + F
Document, Website ဒါမှမဟုတ် PDF ထဲမှာ အမြန် Word ရှာနိုင်မယ်။


6 . ⌘ + Shift + 3
Mac Screen တစ်ခုလုံးကို Screenshot ရိုက်နိုင်မယ်။


7. ⌘ + R 
Safari ဒါမှမဟုတ် Browser သုံးနေတဲ့အခါ လက်ရှိကြည့်နေတဲ့ Web Page ကို အမြန်ဆုံး Refresh / Reload ပြုလုပ်နိုင်မယ်။


နောက်လိုလာရင် ပြန်ရှာရလွယ်အောင် Saved ထားဖို့လည်း မမေ့နဲ့နော်။ 😉
ကိုယ်က မေ့ပစ်နိုင်ဖို့ ကြိုးစားနေတာတောင် ကိုယ့် iPhone လေးက မှတ်မိနေပြီး Memories နဲ့ Featured Photos တွေမှာ အမှတ်ရစရာပုံတွေကို မကြာခဏ ပြန်ဖော်ပြနေတတ်ပါတယ်။

တချို့အမှတ်တရတွေကို ဖျက်မပစ်ဘဲ သိမ်းထားချင်ပေမယ့် ပြန်မတွေ့ချင်တဲ့အချိန်မျိုးမှာဆို
iPhone ရဲ့ "Feature This Person Less" ဆိုတဲ့ Feature လေးက ကူညီပေးနိုင်ပါတယ်။

ဒီ Feature လေးဟာ ကိုယ့်ရဲ့ Memories နဲ့ Featured Photos မှာ ကိုယ်မပေါ်စေချင်တဲ့သူရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အတွေ့နည်းအောင် (သို့) လုံးဝမပေါ်အောင် ပိတ်ထားလို့ရတဲ့ Feature လေးဖြစ်ပါတယ်။

ဒီလိုလုပ်ဖို့ အရင်ဆုံး ကိုယ့် iPhone ရဲ့ Photo app ထဲကို၀င်ပါ။
ကိုယ်အတွေ့နည်းချင်တဲ့သူ (သို့) မမြင်ချင်တော့တဲ့ သူပါဝင်တဲ့ ဓာတ်ပုံတစ်ပုံကို ဖွင့်လိုက်ပါ။
(...) ကိုနှိပ်ပြီး Don't Feature This Person ကိုရွေးပါ။
Feature This Person Less (သို့) Never Feature This Person ထဲက တစ်ခုခုကို ရွေးပြီး Confirm နှိပ်လိုက်ရုံပါပဲ။


ဒီလိုဆိုရင်တော့ အဲဒီလူရဲ့ ဓာတ်ပုံတွေကို ဖျက်ပစ်လိုက်တာမျိုး မဟုတ်ဘဲ Memories နဲ့ Featured Photos တွေမှာ မကြာခဏ ဖော်ပြခြင်းကို လျှော့ချပေးသွားမှာ ဖြစ်ပါတယ်။
Apple Device အသုံးပြုနေတယ်ဆိုရင် Apple Support App ကို Download လုပ်ထားဖို့ မမေ့ပါနဲ့။

Apple Support App က Apple ရဲ့ Official Support App ဖြစ်ပြီး iPhone, iPad, Mac, Apple Watch နဲ့ AirPods တို့အတွက် လိုအပ်တဲ့ အကူအညီတွေကို တစ်နေရာတည်းကနေ အလွယ်တကူ ရယူနိုင်ပါတယ်။

App ထဲမှာ Apple ရဲ့ Official Support Articles နဲ့ Tutorial Videos တွေကို ကြည့်ရှုနိုင်သလို၊ 
Coverage Information စစ်ဆေးတာ၊ Apple Support ကို တိုက်ရိုက်ဆက်သွယ်တာနဲ့ လိုအပ်လာတဲ့အခါ Repair ပိုင်းဆိုင်ရာ အကူအညီတွေကိုလည်း ရယူနိုင်ပါတယ်။

Apple Account နဲ့ Sign In ဝင်ထားဖို့ပဲ လိုအပ်ပြီး ကိုယ်အသုံးပြုနေတဲ့ Apple Device အားလုံးကို Support App တစ်နေရာတည်းမှာ ကြည့်ရှုနိုင်တာကြောင့် အရမ်းကို အဆင်ပြေပါတယ်
Apple Devices တွေ ပျောက်သွားတာဖြစ်ဖြစ်၊ အထားမှားသွားတာဖြစ်ဖြစ်
အလွယ်တကူ ပြန်ရှာနိုင်ဖို့ Find My

Find My ဆိုတာ သင့်ရဲ့ iPhone, iPad, Mac, Apple Watch နဲ့ AirPods တို့ကို လိုအပ်တဲ့အချိန်မှာ အလွယ်တကူ ရှာဖွေနိုင်ဖို့ ကူညီပေးတဲ့ Apple ရဲ့ အသုံးဝင်တဲ့ Feature တစ်ခုပါ။

Find My Network ကိုပါ ဖွင့်ထားမယ်ဆိုရင်တော့ Battery အားနည်းနေချိန် ဒါမှမဟုတ် Offline ဖြစ်နေချိန်မှာတောင် တည်နေရာကို ဆက်လက်ရှာဖွေပေးနိုင်မှာပါ။

ဒီလို အသုံးဝင်တဲ့ Find My လေးကိုဖွင့်ထားချင်တယ်ဆိုရင်တော့
Settings > [Your Name] > Find My > Find My iPhone > Find My Network နဲ့ Send Last Location တို့ကို On ထားပေးရမှာဖြစ်ပါတယ်။

Device ပျောက်ဆုံးသွားခဲ့ရင်တော့ အခြား Apple Device မှာရှိတဲ့ Find My App ကို အသုံးပြုနိုင်သလို iCloud.com/find ကနေလည်း Sign in ဝင်ပြီး ရှာဖွေနိုင်ပါတယ်။

အရေးကြုံမှ မစဉ်းစားရအောင် ဒီနေ့ပဲ Find My ကိုဖွင့်ထားလိုက်တော့နော်။
အရေးကြီးတဲ့နေရာမျိုးရောက်မှ ကိုယ့် Apple Watch လေးကနေ ရုတ်တရက် ဖုန်းမြည်လာရင် ဘယ်လိုလုပ်လေ့ရှိလဲ။

Notification တွေကို လက်နဲ့အုပ်ပြီး ပိတ်နေတုန်းပဲဆို ပိုပြီး စမတ်ကျသွားအောင် ဒီနည်းလမ်းကို စမ်းလုပ်ကြည့်လိုက်နော်။

Wrist Flick gesture ကို Apple Watch ရဲ့ Settings > Gestures > Wrist Flick မှာ Default အနေနဲ့ ဖွင့်ထားပြီးသားဖြစ်ပါတယ်။

ဒါကြောင့် လက်ထဲမှာ ပစ္စည်းတွေအပြည့်နဲ့ အလုပ်ရှုပ်နေရင်တောင် နာရီဝတ်ထားတဲ့ ကိုယ့်လက်ကောက်ဝတ်လေးကို တစ်ချက် မြန်မြန်လေး လှုပ်လိုက်ရုံနဲ့

▪️ Notification တွေ Dismiss ဖြစ်သွားမယ်
▪️ Call ဝင်နေရင် Mute ဖြစ်သွားမယ်
▪️ Alarm နဲ့ Timer တွေမြည်နေရင်လည်း ရပ်သွားပြီး 

မူလ Watch Face ဆီ ချက်ချင်း ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။

ဒီ Wrist Flick gesture ကိုတော့ Apple Watch SE 3၊ Apple Watch Series 9၊ Apple Watch Ultra 2 နှင့် နောက်ပိုင်းထွက် Model အသစ်များမှာပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
သင့်ရဲ့ AirPods လေး တစ်ဖက်တည်းက အဆင်မပြေဖြစ်နေခဲ့ရင် ဒီနည်းလေးအတိုင်း အရင်စမ်းလုပ်ကြည့်နော််။


▪️ အရင်ဆုံး ကိုယ့် AirPods Charging Case လေးကို အားအပြည့်သွင်းထားပါ။
▪️ AirPods နှစ်ဖက်စလုံးကို Case ထဲထည့်ပြီး 30 စက္ကန့်လောက် အားသွင်းပေးထားပါ။
▪️ iPhone (သို့) iPad အနီးအနားမှာ Case ကို ဖွင့်ပြီး AirPods တစ်ဖက်ချင်းစီ အားဝင်၊ မဝင် Screen ပေါ်မှာ စစ်ကြည့်ပါ။
▪️ ပြီးရင် အသံမထွက်တဲ့ AirPod တစ်ဖက်တည်းကိုထုတ်၊ ကျန်တဲ့တစ်ဖက်ကို Case ထဲမှာပဲထားပြီး အသံကြား၊ မကြား နားမှာတပ်ပြီး ပြန်စမ်းကြည့်ပါ။

အကယ်၍ ဒီအဆင့်တွေအတိုင်း လုပ်ဆောင်ပြီးတာတောင် အဆင်မပြေသေးဘူးဆိုရင်တော့ AirPods ကို Reset ချပေးဖို့ လိုအပ်ပါတယ်။

🔗 How to Reset AirPods - https://www.facebook.com/share/p/1Lpp3ZQrsd/

အဆင်မပြေတဲ့ တစ်ဖက်တည်းကို လဲလှယ်ချင်တယ်ဆိုရင်တော့ mCare Apple Authorized Service Provider မှာ AirPods (2nd Gen) တွေအတွက် Left Side (သို့) Right Side တစ်ဖက်တည်းကို 50% OFF နဲ့ လဲလှယ်လို့ရပါတယ်။

(Limited Stock ဖြစ်လို့ ပစ္စည်းလက်ကျန်ရှိတုန်း အမြန်ဆုံးလာရောက်ဖို့တော့ လိုပါတယ်)

Available parts — AirPods 2nd Gen (Left & Right Side)
Apple Diagnostics Server နဲ့ စစ်ရင်ဘာတွေသိနိုင်မလဲ။

Apple Diagnostic Server ဆိုတာက Apple Product တွေရဲ့ Quality, Performance ကိုအသေးစိတ် စစ်ဆေးနိုင်တဲ့ Apple ရဲ့ တရားဝင် Official Diagnostic System တစ်ခုဖြစ်ပြီး
Apple Authorized Service Provider တွေသာ အသုံးပြုခွင့်ရတဲ့ Official System တစ်ခု ဖြစ်ပါတယ်။

Apple Authorized Service Provider ဖြစ်တဲ့ mCare မှာတော့....
မှန်းဆပြီး ပြုပြင်ပေးတာမျိုး မဟုတ်ဘဲ Apple ရဲ့ Official Diagnostics Systems ကို အသုံးပြုပြီး Hardware Health၊ Performance နဲ့ မမြင်နိုင်တဲ့ Hidden Errors တွေကိုပါ အသေးစိတ် စစ်ဆေးပြီးမှ ပြုပြင်ပေးနေတာ ဖြစ်ပါတယ်။

ဒီလို စနစ်တကျ စစ်ဆေးပြီးမှ ပြုပြင်ပေးတာဖြစ်လို့ သင့် Apple Devices တွေရဲ့ အဓိက အစိတ်အပိုင်းတွေမှာ မလိုအပ်ဘဲ အပိုပစ္စည်းတွေ လဲလှယ်မိတာမျိုး လုံးဝမဖြစ်တော့သလို၊ Privacy Data လုံခြုံမှုအပြည့်နဲ့ စိတ်ချလက်ချ ပြုပြင်နိုင်မှာပါ။

ပိုမိုမြန်ဆန်၊ တိကျပြီး စိတ်ချရတဲ့ ဝန်ဆောင်မှုမျိုးကို ရယူနိုင်ဖို့ mCare Apple Authorized Service Provider ကိုသာ အမြဲရွေးချယ်လိုက်ပါ။
iMessage မှာ အပြန်အလှန် စာရိုက်ပြီး Message ပို့ရတာ ရိုးနေပြီဆိုရင်…
ကိုယ်တိုင်လက်နဲ့ရေးပြီး စာပို့ကြည့်လို့ရတယ်နော်။

iPhone ရဲ့ Handwritten Message Feature လေးနဲ့ဆို ကိုယ့်လက်ရေးလှလှလေးနဲ့ဖြစ်စေ၊ ပုံ လှလှလေးဆွဲပြီးဖြစ်စေ ပေးပို့လို့ရပြီး တစ်ဖက်လူက ကိုယ်ရေးဆွဲနေတဲ့ Animation အတိုင်း မြင်တွေ့နိုင်မယ့် Feature လေးဖြစ်ပါတယ်။

စမ်းကြည့်ဖို့ နည်းလမ်းလေးကတော့ -

Messages App ထဲက Conversation တစ်ခုထဲဝင်ပါ။
iPhone ကို Landscape (အလျားလိုက်) rotate လှည့်လိုက်ပါ။
Keyboard ပေါ်က Handwriting Icon လေးကိုနှိပ်ပြီး လက်ချောင်းလေးနဲ့ စိတ်ကြိုက်ရေး/ဆွဲရုံပါပဲ။


ဒီလိုဆို ကိုယ့်ချစ်သူ၊ သူငယ်ချင်း၊ မိသားစုတွေကို message ပေးပို့တဲ့အခါ ကိုယ့်လက်ရေးလေးနဲ့ ရေးပို့လိုက်တဲ့ Message တစ်စောင်က ပိုပြီး အမှတ်တရဖြစ်စေနိုင်ပါတယ်နော်။
iOS 26 မှာ အသစ်ပါဝင်လာတဲ့ Preview App လေးက ရုံးသမား၊ ကျောင်းသမားတွေအတွက် တော်တော်လေး အသုံးဝင်စေမယ့် App လေးတစ်ခုဖြစ်ပါတယ်။

PDF File တွေ၊ Document တွေနဲ့ Image တွေကို နောက်ထပ် Third-Party App တွေ ထပ်သွင်းနေစရာမလိုဘဲ iPhone တစ်လုံးတည်းနဲ့ အလွယ်တကူ ပြင်ဆင်လို့ရမယ့် App လေး ဖြစ်ပါတယ်။

ဒီ Preview App နဲ့ ဘာတွေလုပ်လို့ရမလဲဆို…

📄 Form တွေကို တိုက်ရိုက်ဖြည့်နိုင်သလို၊ Signature နေရာမှာလည်း တိုက်ရိုက် Sign ထိုးလို့ရမယ်။
 
📑 Document တွေကို Camera နဲ့ Scan ဖတ်ပြီး PDF File အဖြစ် အလွယ်တကူ ဖန်တီးလို့ ရမယ်။ 

🔒 အရေးကြီးတဲ့ PDF File တွေကိုလည်း Password ခံပြီး သိမ်းထားလို့ရမယ်။ 

🖍️ PDF ထဲက အရေးကြီးတဲ့အပိုင်းတွေကို Highlight လုပ်တာ၊ Underline တားတာ နဲ့ Strike through လုပ်တာတွေကိုလည်း စိတ်ကြိုက် ပြင်ဆင်လို့ရမယ်။

🖼️ နောက်ပြီး ပုံတစ်ပုံချင်းစီရဲ့ အဓိကအရာကိုပဲ Focus လုပ်ချင်ရင်လည်း Tool Icon လေးကိုနှိပ်၊ 'Remove Background' ကိုရွေးပြီး အလွယ်တကူ ဖယ်ရှားလို့ရပါသေးတယ်။

ဒီလိုအရမ်းအသုံး၀င်တဲ့ Preview App လေးနဲ့ဆို ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေက အချိန်ကုန်သက်သာစွာနဲ့ အရင်ထက်ပိုပြီး အဆင်ပြေသွားတော့မှာနော်။