mCare Apple Authorised Service Provider
4.81K subscribers
889 photos
64 videos
1 file
466 links
Download Telegram
mCare Apple Authorised Service Provider
Photo
iPhone အသစ်လေး၀ယ်ပြီး သိပ်မကြာဘူး…
ခဏလေးနဲ့ Damage ဖြစ်သွားခဲ့ရင် ဘယ်လောက်တောင် ၀မ်းနည်းစရာကောင်းပြီး ကုန်ကျစရိတ် များလိုက်မလဲ။ 🥺

ဒါပေမယ့် mCare ရဲ့ Protection Plan တွေ ရှိနေသရွေ့တော့ လုံး၀ စိတ်ပူစရာ မလိုတော့ပါဘူး။

mCare Apple Authorized Service Provider ရဲ့ Protection Plan တွေဆိုတာက ကိုယ့်ရဲ့တန်ဖိုးကြီး iPhone တစ်လုံးကို စိတ်ပူစရာမလိုဘဲ စိတ်လွတ်ကိုယ်လွတ် အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ 

မတော်တဆ မှန်ကွဲသွားတာပဲဖြစ်ဖြစ်၊ Battery ကြောင့်ပဲဖြစ်ဖြစ်၊ တခြား Internal Damage တွေကိုတောင် စိတ်ပူစရာမလိုအောင် အပြည့်အဝ တာဝန်ယူပေးမယ့် 

mCare ရဲ့ Protection Plan (၂) မျိုး အကြောင်းကို အောက်က Link လေးတွေမှာ အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါတယ်နော်။

နောက်ဆုံးပေါ်  iPhone 17 Family & iPhone Air ၀ယ်ယူထားသူများအတွက် mCare Ultra Protection Plan 
- https://www.facebook.com/share/p/1LWT7MbA98/


iPhone 13 Series မှ 16 Family အထိ အသစ်အတိုင်း စိတ်ချလက်ချ သုံးချင်သူများအတွက် mCare Protection Plan
- https://www.facebook.com/share/p/18rhgku654/


ဒီလိုဆို ကိုယ့် iPhone အမျိိုးအစားနဲ့ ကိုက်ညီတဲ့ Protection Plan လေးကို ရွေးချယ်ပြီး 
စိတ်တိုင်းကျ အ၀သုံးနိုင်ဖို့ mCare Apple Authorized Service Provider မှာ အခုပဲ ၀ယ်ယူထားလိုက်တော့နော်။
mCare Apple Authorised Service Provider
Photo
iOS 26 ရဲ့ Apple Intelligence Feature တွေထဲကမှ Battery ပိုခံလာစေမယ့် "Adaptive Power Mode" အကြောင်းကို အားလုံးသိပြီးလောက်မှာပါ။ 

ဒီနေ့တော့ Adaptive Power Mode နဲ့ ပတ်သက်ပြီး ပိုတိကျတဲ့၊ လူသိနည်းတဲ့ Technical Fact လေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ အရင် Low Power Mode လို ခဏခဏ ပိတ်လိုက်၊ ဖွင့်လိုက် လုပ်စရာမလိုပါဘူး။

Adaptive Power Mode ကတော့ သင့်ဖုန်းအား ဘယ်လောက်ပဲရှိရှိ Background မှာ တစ်နေကုန် လိုအပ်ရင် လိုအပ်သလို ချိန်ညှိပေးနေမယ့် System Optimization တစ်ခု ဖြစ်ပါတယ်။

၂။ ဖုန်းလေးသွားမှာ၊ ထစ်သွားမှာ လုံးဝ စိတ်ပူစရာမလိုပါဘူး။

ဒီလုပ်ငန်းစဉ်တစ်ခုလုံးကို iPhone ရဲ့Neural Engine (NPU) နဲ့ Apple Intelligence ပေါ်မှာပဲ သီးသန့် တွက်ချက်ပေးတာဖြစ်လို့ ဖုန်းသုံးနေရင်း (ဂိမ်းဆော့ချိန်နဲ့ ကင်မရာသုံးချိန်တွေမှာတောင်) 
Performance လုံး၀လျော့သွားမှာ မဟုတ်ပါဘူး။


၃။ နောက်ဆုံး အရေးကြီးဆုံးအချက်က ကိုယ့် Phone ရဲ့ Battery Health ပါပဲ။

ဖွင့်ထားတာ ကြာပြီ၊ ဘာမှမထူးခြားဘူးလို့ ခံစားနေရရင် Battery Health ကို အရင်စစ်ဆေးကြည့်သင့်ပါတယ်။ Adaptive Power Mode က ဘယ်လောက်ပဲ ချိန်ညှိပေးပါစေ…

မိမိ iPhone ရဲ့ Maximum Capacity (Battery Health) က သိသိသာသာ ကျဆင်းနေပြီဆိုရင်တော့ 
ဒီ Feature ကို အပြည့်အဝ ခံစားနိုင်မှာ မဟုတ်ပါဘူး။

Apple က သက်မှတ်ထားတဲ့ စံနှုန်းအတိုင်း Battery Health 80% အောက် ရောက်ရှိသွားပြီး Service ပြနေပြီဆိုရင်တော့  

Adaptive Power Mode အစား mCare Apple Authorized Service Provider မှာ Apple ရဲ့ မူရင်း Genuine Battery နဲ့ပဲ လာရောက်လဲလှယ်သင့်ပါတယ်။
ကိုယ်က MacBook User တစ်ယောက်ဆို ဒီ Shortcut လေးတွေ သိထားသင့်တယ်နော်။ ⌨️


1 . ⌘ + ⬆️ / ⌘ + ⬇️
ဖွင့်ထားတဲ့ Document/  Web Page ကို Scroll စရာမလိုဘဲ အပေါ်ဆုံး / အောက်ဆုံးဆီ တန်းရောက်နိုင်မယ်။


2.  ⌘ + Shift + N
Finder ထဲမှာ Folder အသစ်တစ်ခု အမြန်ဖန်တီးနိုင်တယ်။


3.  ⌘ + Shift + 4 
Screen မှာ ကိုယ်လိုချင်တဲ့နေရာကိုပဲ ရွေးပြီး Screenshot ရိုက်နိုင်မယ်။


4.  ⌘ + Shift + 5
Screen တစ်ခုလုံးဖြစ်စေ၊ Screen ရဲ့ ကိုယ်လိုချင်တဲ့နေရာကိုပဲဖြစ်စေ Screenshot ရော၊ Screen Recording ပါရိုက်လို့ရမယ်။


5.  Option + Delete
စာရေးတဲ့အခါ စာလုံးတစ်လုံးချင်းမဟုတ်ဘဲ စကားလုံး (Word) တစ်ခုလုံးကို တစ်ချက်တည်းနဲ့ အမြန်ဖျက်နိုင်မယ်။


6.  ⌘ + Option + D
အောက်က Dock Bar ကို ခဏ ဖျောက်ထားနိုင်သလို ပြန်လည်းဖော်နိုင်မယ်။


7.  ⌘ + Shift + ▶️ / ⌘ + Shift + ◀️
Safari မှာ Tab တွေအများကြီး ဖွင့်ထားရင် Tabs တစ်ခုနဲ့တစ်ခု အလွယ်တကူ ပြောင်းပြီးဖွင့်နိုင်မယ်။

နောက်လိုလာရင် ပြန်ရှာရလွယ်အောင် Share ဒါမှမဟုတ် Saved ထားဖို့ မမေ့နဲ့နော်။ 
ဒီဘက်ခေတ်မှာ iPhone Original နောက်မှန်ကို တစ်ဝက်ဈေးနဲ့ လဲရဖို့ဆိုတာ တကယ်မလွယ်ပါဘူး။

ဒါပေမယ့် နောက်မှန်ကွဲနေတဲ့ iPhone 14, 14 Plus နဲ့ 15 Plus User တွေအတွက်တော့ 
mCare မှာ သတင်းကောင်းလေးတစ်ခု ရှိနေပါတယ်။

mCare Apple Authorized Service Provider မှာ 
iPhone 14 / 14 Plus / 15 Plus တွေရဲ့ Apple Original Back Glass ကို 
တစ်၀က်စျေး 50% OFF နဲ့ လဲလှယ်ပေးနေပါတယ်။

ဒီတော့ ကိုယ့်ရဲ့ iPhone နောက်မှန်ကွဲလေးတွေကို Original မှန်နဲ့ပဲ စိတ်ချလက်ချ ပြုပြင်ချင်တယ်ဆိုရင်တော့ Stock ရှိတုန်းလေး mCare Apple Authorized Service Provider ကို 
အခုပဲ လာခဲ့လိုက်တော့နော်။

Available Models: iPhone 14, iPhone 14 Plus & iPhone 15 Plus
Apple Devices တွေ ပြုပြင်ရတော့မယ်ဆို…

Apple Original Part တွေပဲ သုံးပေးမှာ သေချာရဲ့လား။
ကိုယ့်ရဲ့ Privacy Data တွေအတွက်ရော စိတ်ချရရဲ့လား။
ပြုပြင်ပြီးရင် Warranty ရော ပါဝင်မှာလား။

ဒီလို စိုးရိမ်စရာတွေ မရှိဘဲ စိတ်ချလက်ချ ပြုပြင်ချင်တာဆိုရင်တော့
mCare Apple Authorized Service Provider က သင်နဲ့ အနီးဆုံးမှာ ရှိနေပါတယ်။


mCare မှာက Apple Official Authorized Center တွေမှာသာ အသုံးပြုခွင့်ရှိတဲ့
"Apple Diagnostics System" နဲ့အရင် တိတိကျကျ စစ်ဆေးပြီးမှ ပြုပြင်ပေးတာပါ။

▪️ ပြုပြင်တဲ့အခါမှာလည်း Apple မူရင်း Genuine Parts များသာ အသုံးပြု ပြုပြင်ပေးပြီး၊
▪️ သင့် Privacy Data တွေအတွက်လည်း ယုံကြည်စိတ်ချလို့ရမယ့်အပြင်၊
▪️ပြုပြင်မှုတိုင်းမှာလည်း သက်ဆိုင်ရာ Apple Warranty တွေပါဝင်သွားမှာ ဖြစ်ပါတယ်။



ဒါကြောင့် သင်တန်ဖိုးထားရတဲ့ Apple Devices လေးကို အကောင်းဆုံးနဲ့ စိတ်အချရဆုံး ပြုပြင်မယ်ဆို mCare Apple Authorized Service provider ကို အရင်ဆုံး သတိရလိုက်နော်။
သင့် iPhone ကို နောက်ဆုံး Backup လုပ်ခဲ့တာ ဘယ်အချိန်ကလဲ။


ဖုန်းထဲက ဓာတ်ပုံတွေ၊ Message တွေနဲ့ အရေးကြီး Data တွေ မတော်တဆ ပျက်မသွားအောင်
ပုံမှန် Backup လုပ်ထားဖို့က အရမ်းကို အရေးကြီးပါတယ်။


iOS Update အသစ် တင်တဲ့အခါ၊ Service ပြဖို့ လိုအပ်တဲ့အခါ၊
ဒါမှမဟုတ် ဖုန်းပျောက်/ ပျက်စီးသွားတဲ့ အခါမျိုးတွေတောင်မှ Backup လုပ်ထားပြီးသားဆိုရင်
ကိုယ့်ရဲ့ Data တွေကို အလွယ်တကူ ပြန်ရယူနိုင်ပါတယ်။


အကယ်၍ Backup လုပ်ဖို့ မေ့သွားလို့ပဲဖြစ်ဖြစ်၊ ဖုန်း Error တက်ပြီး Data ပျက်သွားလို့ပဲဖြစ်ဖြစ်၊
Data Recovery ပိုင်းနဲ့ Software ပိုင်းတွေမှာ အကူအညီ လိုအပ်နေပြီဆို

mCare - Apple Authorized Service Provider ကို အချိန်မရွေး လာရောက်မေးမြန်းနိုင်ပါတယ်။
အရေးကြီးလို့ Hotspot လွှင့်ပါမယ်ဆို…
Personal Hotspot ကြီးက ပိတ်နေပြန်ပြီ။

ဒီရက်ပိုင်း iPhone User တော်တော်များများမှာ Hotspot ပျောက်နေတာ/ 
Hotspot ဖွင့်မရ ဖြစ်နေတဲ့ ပြဿနာလေးတွေ ခဏခဏ ကြုံတွေ့နေရပါတယ်။ 

ဒါကိုဖြေရှင်းဖို့အတွက် အရင်ဆုံး ကိုယ့်ဖုန်းလေးရဲ့…

Settings > Cellular > အသုံးပြုတဲ့ Sim ထဲကိုဝင်ပေးပါ။ 
ပြီးသွားရင်တော့ Cellular Data Network ထဲဝင်ပေးပါ။ 
APN နဲ့ Username ဆိုတဲ့ နေရာအားလုံးမှာ အသုံးပြုတဲ့ SIM Card ရဲ့ Operator နာမည်လေး ရိုက်ထည့်ပေးပါ။


ဒါဆိုရင်တော့ Settings ထဲမှာ ပျောက်နေတဲ့ Personal Hotspot လေး ချက်ချင်း ပြန်ပေါ်လာမှာဖြစ်ပြီး "Allow Others to Join" ကို On လိုက်တာနဲ့ စတင်အသုံးပြုနိုင်ပါပြီ။


Hotspot အသုံးပြုဖို့ အရေးကြီးဆုံးဖြစ်တဲ့ Cellular Data (Mobile Data) လေး On ထားဖို့လည်း မမေ့နဲ့ဦးနော်။
iPad လေးက အရင်လို အကြာကြီး အသုံးမခံတော့လို့ Battery လဲဖို့ စဥ်းစားနေပြီလား။

ဒါဆိုရင်တော့ mCare Apple Authorized Service Provider မှာပဲ စိတ်ချလက်ချ လဲလှယ်လိုက်ပါ။

mCare မှာဆိုရင်…
Apple Diagnostics Server ကို အသုံးပြုပြီး သင့် iPad ရဲ့ Error တွေကို တိတိကျကျ အရင် စစ်ဆေးပေးမှာဖြစ်သလို၊ Apple အသိအမှတ်ပြု ကျွမ်းကျင် Technician များကိုယ်တိုင် တာဝန်ယူ ပြုပြင်ပေးသွားမှာ ဖြစ်ပါတယ်။

လဲလှယ်ဖို့လိုအပ်ခဲ့ရင်လည်း 100% Apple Genuine Parts ကိုသာ အသုံးပြုပြီး စနစ်တကျ လဲလှယ်ပေးတဲ့အပြင်၊ Apple ရဲ့ တရားဝင် Warranty ရက်(၉၀) လည်းပါဝင်တာမလို့ လုံးဝ နောက်ဆံတင်းစရာ မလိုတော့ဘူးနော်။


ကိုယ့်ရဲ့ iPad Model အတွက် Battery Replacement Service ရ၊မရဆိုတာနဲ့ စျေးနှုန်းအသေးစိတ်ကိုတော့ အောက်မှာပေးထားတဲ့ Link လေးထဲမှာ ဝင်ကြည့်လိုက်တော့နော်။


Battery Pricing Link:
https://mcareasia.com/battery-service-pricing/


iPad Battery များအပြင် iPhone, Apple Watch, MacBook နဲ့ တခြား Accessories များရဲ့ Battery များကိုပါ mCare Apple Authorized Service Provider မှာ လာရောက်လဲလှယ်နိုင်ပါပြီ။
ဖုန်းထဲက Apple Support App ကို ဖွင့်ရော ဖွင့်ကြည့်ဖြစ်ရဲ့လား။

တချို့က သူများ Down ဆိုလို့သာ Down ထားတာ၊ 
တချို့ကျလည်း ပါလို့ပါမှန်းတောင် သတိမထားမိကြပါဘူး။

တကယ်တော့ Apple Support App ဆိုတာ သင့် Apple Devices တွေမှာ ပြဿနာတစ်ခုခု ဖြစ်လာရင် 
ဆိုင်သွားစရာမလိုဘဲ ကိုယ့်ဘာသာ စစ်ပြီး Step-by-step Guide တွေနဲ့ ဖြေရှင်းလို့ရသလို... 

လက်ရှိသုံးနေတဲ့ Apple Devices အားလုံးရဲ့ Warranty သက်တမ်း၊ Repair History တွေကိုပါ အချိန်မရွေး စစ်ကြည့်လို့ရပါတယ်။

ဒါတွေအပြင် ဝယ်ယူထားတဲ့ Apps တွေနဲ့ Music Subscriptions တွေကိုလည်း တစ်နေရာတည်းမှာ အလွယ်တကူ ဝင်ကြည့်ပြီး Manage လုပ်လို့ရပါသေးတယ်။

တကယ်လို့ ဆိုင်မှာ ပြုပြင်ဖို့ လိုအပ်ခဲ့ရင်လည်း ကိုယ်နဲ့ အနီးဆုံး mCare လို 
Apple Authorized Service Provider တွေဆီမှာ စောင့်စရာမလိုအောင် ဒီ App ထဲကတစ်ဆင့် ကြိုတင် Booking လုပ်ထားလို့ရပါတယ်။

ဒါဆို Smart ကျတဲ့ Apple User တစ်ယောက်ပီပီ ဖုန်းထဲက Apple Support App ကို အကျိုးရှိရှိ အသုံးချလိုက်တော့နော်။
တစ်ဖက်ပဲ ပျက်တာနဲ့တော့ အသစ်တစ်စုံလုံး ဝယ်စရာမလိုပါဘူးနော်။

တစ်ဖက်တည်း အသံမကြားတော့တာ၊ အားမ၀င်တော့တာမျိုးဆိုရင်
mCare မှာ ပျက်နေတဲ့ AIrPods တစ်ဖက်တည်းအတွက်ကိုပဲ 50% OFF နဲ့ လဲလှယ်လို့ရပါတယ်။

mCare Apple Authorized Service Provider မှာလဲလှယ်မယ်ဆို Apple Genuine Parts အစစ်အမှန်နဲ့သာ လဲလှယ်ပေးမှာဖြစ်ပြီး

AirPods (2nd Gen) ရဲ့ အဆင်မပြေဖြစ်နေတဲ့ Left Side (သို့) Right Side တစ်ဖက်တည်းကိုပဲ 50% OFF (တစ်ဝက်ဈေး) ထဲနဲ့ အသစ်လဲလှယ်လို့ရနိုင်မှာ ဖြစ်ပါတယ်။

Available parts — AirPods 2nd Gen (Left & Right Side)

(Limited Stock ဖြစ်လို့ ပစ္စည်းလက်ကျန်ရှိတုန်း အမြန်ဆုံးလာရောက်ဖို့တော့ လိုအပ်ပါတယ်)
လူတွေတောင် Medical Check Up လုပ်ကြသေးတာပဲ မဟုတ်လား။

အဲ့လိုပဲလေ… ကိုယ်တန်ဖိုးထားရတဲ့ Apple Device တွေကိုလည်း စစ်ဆေးကြည့်ဖို့ လိုတာပေါ့။

နေ့စဉ်အသုံးပြုရင်း စက်ပူတာ၊ Battery Health ကျတာ၊ Wi-Fi / Bluetooth မသိမသာ လိုင်းကျတာ/မငြိမ်တာမျိုးတွေအပြင်... တချို့ Error သေးသေးလေးတွေကိုတောင် သတိမထားမိဘဲ ကျော်သွားတတ်ကြပါတယ်။

ဒါကြောင့် သင့်ရဲ့ Apple Device တွေ တကယ် ကောင်း/မကောင်း ပိုသေချာအောင် Apple Diagnostics Server နဲ့ စစ်ဆေးကြည့်ဖို့ လိုပါတယ်။

Apple Diagnostics Server ဆိုတာက Apple ကနေ Authorized Service Provider တွေအတွက်ပဲ တရားဝင် သီးသန့်အသုံးပြုခွင့်ပေးထားတဲ့ Hardware Diagnostic System ဖြစ်ပါတယ်။

ဒီ Diagnostics နဲ့ စစ်ဆေးပြီးမှ ရလာတဲ့ Result အပေါ်မူတည်ပြီး လိုအပ်တာတွေကို Apple Certified Technician တွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်မှာဆိုတော့ ပိုပြီးတော့ စိတ်ချရတာပေါ့။

ဒါကြောင့် သင့်ရဲ့ Apple Device တိုင်းကို ယုံကြည်စိတ်ချစွာ စစ်ဆေးပြုပြင်ချင်တယ်ဆိုရင် mCare Apple Authorized Service Provider မှာ လာရောက်စစ်ဆေးနိုင်ပါတယ်။
ဒီခေတ်ကြီးထဲမှာ သတိတစ်ချက်လွတ်သွားတာနဲ့ ကိုယ့်ဖုန်းလေးလည်း ပါသွားနိုင်တယ်နော်။

ဒါကြောင့် iPhone ကို Face ID နဲ့ Passcode ခံထားရုံတင်မကဘဲ ကိုယ့်ရဲ့ Privacy နဲ့ Personal Data တွေပါ လုံခြုံဖို့အတွက် Stolen Device Protection Feature ကိုလည်း ဖွင့်ထားသင့်ပါတယ်။

ဒီ Feature ကို ဖွင့်ထားမယ်ဆိုရင် တခြားသူလက်ထဲ ကိုယ့် iPhone ရောက်သွားပြီး 
Passcode ကို သိနေရင်တောင်မှ Apple ID Password ပြောင်းတာ၊ 
Saved Passwords တွေကို ကြည့်တာနဲ့ Security Settings တွေ ပြင်ဆင်တာလိုမျိုး 
အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေကို မိမိရဲ့ Face ID (သို့မဟုတ် Touch ID) အတည်ပြုချက်မပါဘဲ လုံးဝ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။

ဒီ Feature လေးဖွင့်ထားချင်တယ်ဆိုရင်တော့
Settings > Face ID & Passcode > Stolen Device Protection ကို On ထားပေးရင်ရပါပြီ။ (ပိုပြီး စိတ်ချရစေဖို့ Security Delay နေရာမှာ "Always" ကို ရွေးထားပေးဖို့ အကြံပြုချင်ပါတယ်)

သင့် Apple Devices တိုင်းအတွက် ဘာပဲလိုလို mCare Apple Authorized Service Provider မှာ အသေးစိတ် လာရောက်ဆွေနွေးနိုင်ပါတယ်။ 
ညဘက် ဖုန်းအားသွင်းပြီး အိပ်ပျော်သွားရင် Battery ထိခိုက်မလားဆိုပြီး အမြဲတွေးပူနေတတ်တာလား။

တကယ်တော့ ဒါက စိုးရိမ်စရာမလိုပါဘူး။

သဘာဝအရ Battery တွေမှာ သက်တမ်းလျော့လာတတ်တာမျိုးရှိပေမယ့် Apple ရဲ့ တရားဝင်အချက်အလက်တွေမှာ ဖော်ပြထားတာအရ iPhone တွေမှာ အားပြည့်တာနဲ့ Charging ကို အလိုအလျောက် ရပ်တန့်ပေးမယ့် Optimised Battery Charging စနစ်ပါဝင်ပါတယ်။

ဒီအတွက် Battery 95% အောက်ရောက်တဲ့အခါမှသာ Charging Resumes ပြန်လုပ်ပေးတာကြောင့် ညဘက်တွေမှာ အားသွင်းပြီးအိပ်လည်း Battery အတွက်အန္တရာယ်မရှိပါဘူး။

⚠️ ဒါပေမဲ့ သတိထားရမယ့် အချက် (၂) ချက် ရှိပါတယ်။

၁။ iPhone အတွက်အကောင်းဆုံး အပူချိန်က 16°C ကနေ 22°C အတွင်းဖြစ်ပြီး 35°C ထက်ကျော်လွန်နေတဲ့ ပတ်ဝန်းကျင် အပူချိန်မှာ အားသွင်းမယ်ဆိုရင် Battery သက်တမ်းကို ထိခိုက်စေနိုင်ပါတယ်။

၂။ အားသွင်းချိန်မှာ ဖုန်းအရမ်းပူလာတာမျိုးဆိုရင် 80% မှာ Charging ကို ရပ်တန့်လိုက်တာဖြစ်လို့ iPhone Battery က တစ်နေ့လုံး မခံတော့ဘူး၊ ခဏခဏ အားကုန်နေပြီး ဖုန်းပူလာတာမျိုး မကြာခဏဖြစ်နေရင်တော့ Battery Health အရင် စစ်ဆေးသင့်နေပါပြီ။

iPhone Battery Lifespan နဲ့ ပတ်သက်ပြီး ပိုမိုသိရှိချင်တယ်၊ လေ့လာချင်တယ်ဆိုရင် ဖော်ပြပါ Apple Support Website မှာ သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

Apple Support >>>
https://support.apple.com/en-us/105105

တကယ်လို့ သင့် iPhone တွေရဲ့ Battery Health က 80% အောက်ရောက်နေပြီဆိုရင်တော့ Battery လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။ mCare Apple Authorized Service Provider မှာ Original Battery အစစ်အမှန်နဲ့ စနစ်တကျ လဲလှယ်နိုင်ပြီး ရက်ပေါင်း (၉၀) တိတိ Warranty ရရှိနိုင်ပါတယ်။

Battery Pricing Link >>
https://mcare.com.mm/battery-service-pricing/

(iPhone Battery များအပြင် MacBook, Apple Watch, iPad နဲ့ တခြား Accessories များရဲ့ Battery များကိုပါ mCare Apple Authorized Service Provider မှာ လာရောက် ပြုပြင်လဲလှယ်နိုင်ပါတယ်။)
Phone Back Glass ကွဲလို့ စိတ်ညစ်မနေနဲ့တော့နော်။

mCare Apple Authorized Service Provider မှာ Back Glass ကွဲနေတဲ့ iPhone 14, iPhone 14 Plus နဲ့ iPhone 15 Plus User လေးတွေအတွက် သတင်းကောင်းတစ်ခုရှိလို့ပါပဲ။

iPhone 14, iPhone 14 Plus နဲ့ iPhone 15 Plus လေးတွေရဲ့ Back Glass ကွဲသွားတဲ့အခါ Apple Original Back Glass ကို ပြန်လဲလှယ်ပေးမယ့်အပြင် 50% OFF နဲ့ လဲလှယ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ iPhone လေးက Back Glass ကွဲသွားလို့ ပြန်ပြုပြင်ချင်တယ်ဆိုရင် Stock ရှိတုန်း mCare Apple Authorized Service Provider ကိုသာ အရောက်လာခဲ့လိုက်တော့နော်။
Double Tap က ဘယ်အချိန်တွေမှာ အလုပ်မလုပ်ဘူးလဲ။


လက်နှစ်ဖက်လုံး မအားလို့မှ Double Tap နဲ့ ဖုန်းကိုင်ပါတယ်ဆို Double Tap ကပါ အလုပ်မလုပ်တော့ဘူးလား။

ဒါဆိုရင်တော့ ဒီလိုအခြေအနေတွေ ဖြစ်နေပြီလား တစ်ချက်ပြန်စစ်ကြည့်လိုက်ပါ။ 

•  Low Power Mode ဖွင့်ထားခြင်း
•  Sleep Focus ဖွင့်ထားခြင်း
•  Apple Watch ကို Lock လုပ်ထားခြင်း
•  လက်ကောက်ဝတ် ချထားတဲ့အတွက် Display မလင်းခြင်း
•  Hand Gestures အသုံးပြုတဲ့ Accessibility Features များ ဖွင့်ထားခြင်း
•  Family Setup လုပ်ထားတဲ့ Apple Watch ဖြစ်နေခြင်း

ဒီအချက်လေးတွေကို သတိထားပြီး ပိတ်ပေးမယ်ဆိုရင်တော့ အရင်လို စိတ်ကြိုက် Double Tap လုပ်ပြီး Smart ကျကျ ပြန်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

သင့်ရဲ့ Apple Watch နဲ့ ပတ်သက်ပြီး အကူအညီလိုအပ်တာမျိုးရှိခဲ့ရင် mCare Apple Authorized Service Provider မှာ အချိန်မရွေး လာရောက်မေးမြန်းနိုင်ပါတယ်။
iOS 26.5.2 Update ထွက်လာပါပြီ။

Apple က iPhone နဲ့ iPad အတွက် iOS 26.5.2 နဲ့ iPadOS 26.5.2 ကို Official Release ပြုလုပ်ပေးလိုက်ပါပြီ။

ဒီတစ်ခေါက် Update က အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံရေးအတွက် အဓိက ဦးစားပေး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဒီ Update မှာ Feature အသစ်တွေ ထပ်မံပါဝင်တာမျိုး မဟုတ်ဘဲ၊ Security Fixes ကိုသာ အဓိကထားပြီး ပြင်ဆင်ပေးထားပါတယ်။ အထူးသဖြင့် Device ရဲ့ လုံခြုံရေးပိုင်း ပိုကောင်းဖို့ ရည်ရွယ်ထားတဲ့ Update ဖြစ်ပါတယ်။

ဒါကြောင့် မိမိတို့ရဲ့ iPhone/iPad တွေ ပို Safe ဖြစ်ဖို့အတွက် အမြန်ဆုံး Update ပြုလုပ်ထားသင့်ပါတယ်။

Update ပြုလုပ်ဖို့ Settings > General > Software Update သို့သွားပြီး အလွယ်တကူ တင်နိုင်ပါတယ်။
(မတင်ခင်မှာ အရေးကြီး Data တွေကို Backup အရင်လုပ်ထားဖို့နဲ့ Wifi ချိတ်ဆက်ထားဖို့ လိုအပ်ပါတယ်နော်)

MacBook, iPhone, iPad နဲ့ ပတ်သက်တဲ့ Software Update, Hardware Issue, Service လိုအပ်တာတွေ ရှိရင် mCare Apple Authorized Service Provider ကို အချိန်မရွေး ဆက်သွယ်လို့ရပါတယ်။
mCare Apple Authorised Service Provider
Photo
ဖုန်းကိုအမြဲ Silent လုပ်ထားမိနေတတ်တဲ့ သူတွေရှိလား။

ရုံးခန်းထဲမှာဖြစ်ဖြစ်၊ စာသင်ခန်းထဲမှာဖြစ်ဖြစ် အမြဲတမ်း ဖုန်းကြည့်နေလို့တော့မဖြစ်ဘူးလေ။
ဒါကြောင့် အခြေအနေအရ Silent / Vibrate Mode ပဲ အမြဲထားမိတတ်ကြတယ်မဟုတ်လား။

Silent Mode ကြောင့် အသံလည်းမကြားရ၊ Vibration ကလည်း အားနည်းနေရင်တော့
အရေးကြီးတဲ့ Call တွေ လွတ်သွားနိုင်တယ်နော်။

ဒါကြောင့် ဖုန်း Screen ကို ကြည့်စရာမလိုဘဲ ဘယ်သူဖုန်းခေါ်နေလဲဆိုတာ တန်းသိနိုင်အောင်
iPhone ရဲ့ Custom Vibration Feature လေးကို အသုံးပြုလို့ ရပါတယ်။
Custom Vibration Feature ဆိုတာက ကိုယ်သတ်မှတ်ချင်တဲ့ Contact တစ်ယောက်စီတိုင်းအတွက် Vibration Pattern ကို စိတ်ကြိုက် ဖန်တီးသတ်မှတ်ထားလို့ရတဲ့ Feature လေးဖြစ်ပါတယ်။


ဘယ်လိုလုပ်ရမလဲဆိုတော့

Contacts → Contact တစ်ယောက်ကိုရွေးပါ → Edit → Ringtone → Haptics → Create New Vibration မှာ ကိုယ့်စိတ်ကြိုက် Vibration Pattern တစ်ခုကို Screen ပေါ်နှိပ်ပြီး ဖန်တီး သတ်မှတ်ထားနိုင်ပါတယ်။

ကဲ… ဒါဆို ဖုန်းမကြည့်ဘဲတောင် သူခေါ်နေမှန်း တန်းသိနေအောင် အခုပဲ စမ်းလုပ်ကြည့်လိုက်တော့နော်။

သင့် Apple Devices တိုင်းအတွက် ဘာပဲလိုလို mCare Apple Authorized Service Provider မှာ အသေးစိတ် လာရောက်ဆွေနွေးနိုင်ပါတယ်။
ရန်ကုန်နဲ့ မန္တလေးက Apple ချစ်သူတွေအတွက်

Apple Genuine Parts များ၊ သင့်တင့်သောစျေးနှုန်းများနှင့် ကျွမ်းကျင် Technician များရဲ့ အကောင်းဆုံး ဝန်ဆောင်မှုများကို အောက်ပါ mCare ဆိုင်ခွဲတိုင်းတွင် ရယူနိုင်ပါသည်။

Apple Official Website မှတစ်ဆင့် အနီးစပ်ဆုံး mCare ဆိုင်ခွဲများကို ရှာဖွေရန်:

https://locate.apple.com/mm/en/service?pt=3...…