mCare Apple Authorised Service Provider
4.81K subscribers
890 photos
64 videos
1 file
466 links
Download Telegram
mCare Apple Authorised Service Provider
Photo
🎧 စိတ်မပူပါနဲ့၊ "Find My" နဲ့ ပြန်ရှာလို့ရပါတယ်။

ကိုယ့်ရဲ့ အဖိုးတန် AirPods လေးတွေ အထားမှားတာပဲဖြစ်ဖြစ်၊ အပြင်မှာ ပြုတ်ကျခဲ့တာပဲဖြစ်ဖြစ်

Apple ရဲ့ "Find My" ကို အသုံးပြုပြီး အလွယ်တကူ ပြန်ရှာလို့ရပါတယ်။
(ဒါမှမဟုတ် iCloud.com/find မှာလည်း Sign In ဝင်ပြီး ရှာနိုင်ပါတယ်။)

① "Find My" App ဖွင့်ပြီး Devices List မှာ AirPods ကို ရွေးပါ။

② အနီးနားမှာ ရှိမရှိ အရင်သိရအောင် "Play Sound" ကို နှိပ်ပါ။ (ပုံမှန်ထက် ပိုကျယ်တဲ့ အသံထွက်နိုင်မှာ ဖြစ်လို့ လွယ်လွယ်ကူကူပဲ ရှာတွေ့နိုင်မှာပါ။)

③ ဒါမှမဟုတ် Apple Device တစ်ခုနဲ့ ချိတ်ဆက်ထားရင် "Get Directions" ကို နှိပ်ပြီး သွားရောက်ရှာဖွေနိုင်ပါတယ်။

တကယ်လို့ "Offline" သို့မဟုတ် "No location found" ပေါ်နေခဲ့ရင်တော့…
AirPods တွေ signal ပြတ်နေတာ (သို့) အားကုန်နေတာ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် နောက်ဆုံး ချိတ်ဆက်ခဲ့တဲ့ "Last Known Location" ကိုတော့ ပြပေးမှာ ဖြစ်ပါတယ်။

လုံးဝရှာမတွေ့တော့ဘူးဆိုရင်တော့ "Lost Mode" On ထားပြီး ကိုယ်ဆီ ပြန်ဆက်သွယ်နိုင်ဖို့ ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို ချန်ထားခဲ့ပါ။

ခဏခဏ အထားမှားတတ်တဲ့ သူငယ်ချင်းတွေကို ဒီနည်းလမ်းလေးတွေ ပြောပြလိုက်ဦးနော်။ 😄

#mCare #Appleserviceprovider #FindMy #AirPods
mCare Apple Authorised Service Provider
Photo
ဖုန်းထဲမှာ Apple Support App ရှိနေရုံနဲ့ သင့်ရဲ့  iPhone၊ iPad ဒါမှမဟုတ် Mac မှာ ပြဿနာတစ်ခုခု ကြုံလာရင် Support app ထဲမှာတင် အများကြီး ဖြေရှင်းလို့ရတယ်နော်။

▪️Password reset 🔐
Apple ID Password မေ့သွားလို့ပဲဖြစ်ဖြစ်၊ တစ်ခုခုကြောင့် အကောင့် Lock ကျသွားရင်ပဲဖြစ်ဖြစ် 
App ထဲကနေ လုံခြုံစိတ်ချရတဲ့ လမ်းညွှန်ချက်တွေအတိုင်း အလွယ်တကူ Password Reset လုပ် လို့ရပါတယ်။
▪️ Live chat with Apple 💬
Device မှာ ပြဿနာတစ်ခုခု ကြုံလာလို့ မဖြေရှင်းတတ်ရင် Apple Support Team နဲ့ အချိန်မရွေး Chat သို့မဟုတ် ဖုန်းဆက်ပြီး တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
▪️ Warranty check 📄
လက်ရှိသုံးနေတဲ့ Apple Device အားလုံးရဲ့ Warranty လက်ကျန်၊ Repair History နဲ့ အခြေအနေအားလုံးကို App ထဲမှာ  အချိန်မရွေး စစ်ကြည့်နိုင်ပါတယ်။
▪️ Step-by-step Guide 🛠️
Devices မှာဖြစ်နေတဲ့ Error လေးတွေအတွက် ကိုယ်တိုင် ဖြေရှင်းနိုင်မယ့် Step-by-step Guide လေးတွေကို ရှာဖွေကြည့်နိုင်ပါတယ်။

▪️ Repair Appointment 📍
တကယ်လို့ ဆိုင်သွားပြဖို့ လိုအပ်လာပြီဆိုရင် သင်နဲ့ အနီးဆုံးမှာရှိတဲ့ mCare လိုမျိုး Apple Authorized Service Provider တွေကို ရှာဖွေပြီး Repair ပြုလုပ်ဖို့အတွက် ရက်ချိန်း (Booking) ကို App ထဲကနေ တခါတည်း ကြိုတင်ရယူနိုင်ပါတယ်။

Apple Support App Download: https://apps.apple.com/us/app/apple-support/id1130498044
mCare Apple Authorised Service Provider
Photo
ရှိတာမှ နှစ်ဖက်တည်းကို တစ်ဖက်က အားမ၀င်၊ Battery က မခံ၊ အသံကမကြားနဲ့ တိုင်ပတ်နေတဲ့ သူတွေရှိတယ်မလား။ 🫩
မကောင်းတဲ့ တစ်ဖက်တည်းအတွက်တော့ AirPods အသစ်တစ်စုံ ဝယ်စရာမလိုပါဘူး။
mCare Apple Authorized Service Provider မှာ AirPods (2nd Gen) ရဲ့ အဆင်မပြေဖြစ်နေတဲ့ တစ်ဖက်တည်းကိုပဲ တစ်ဝက်စျေး (50% OFF) နဲ့ သီးသန့်လဲလှယ်နိုင်ပါပြီ။
Genuine Apple Parts စစ်စစ်ဖြစ်တဲ့အတွက် Quality ပိုင်းကို လုံးဝပူစရာမလိုဘဲ၊ ကြည်လင်ပြတ်သားတဲ့ အသံနဲ့ နဂိုအတိုင်း အမိုက်စား ပြန်နားထောင်လို့ရပြီနော်။

(Limited Stock ဖြစ်လို့ ပစ္စည်းလက်ကျန်ရှိတုန်း အမြန်ဆုံးလာရောက်ဖို့တော့ လိုပါတယ်!)

Available parts — AirPods 2nd Gen (Left & Right Side)
mCare Apple Authorised Service Provider
Photo
iPhone ကိုင်သူအများစုက Battery Health 98% လောက် ဖြစ်သွားရင်ကို 
ဒါပုံမှန်ပဲလားဆိုပြီး စိတ်ပူတတ်ကြတဲ့သူတွေ ရှိပါတယ်။ 
အမှန်တော့… ဒါက ပုံမှန်ပါပဲ။

ဒီနေ့တော့ Battery Health ဘာကြောင့် ကျရတယ်၊ ဘယ်လိုတွေစစ်ဆေးပြီး၊ 
ဘယ်လိုသုံးရင် Battery ပိုခံမယ်ဆိုတဲ့ Tips လေးတွေ Sharing လုပ်ပေးသွားမှာပါ။

▪️ အရင်ဆုံး Battery Suggestions နဲ့ Insights ကို စစ်ဆေးပါ

Settings > Battery > Daily Usage Chart ရဲ့ အပေါ်နားမှာ Apple က ပေးထားတဲ့ အကြံပြုချက်တွေကို ကြည့်နိုင်ပါတယ်။ 


▪️ နောက်ပြီး iOS Update တင်ပြီးခါစ အချိန်တွေမှာ…  

Background Tasks တွေကြောင့် ဖုန်းပူပြီး ဘက်ထရီကုန်တာ မြန်နိုင်ပါတယ်။ ဒါကလည်း ခဏပဲဖြစ်ပြီး ရက်ပိုင်းအတွင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။

▪️ တခါတလေ လိုင်းမကောင်းတဲ့နေရာ၊ Background Activity တွေနဲ့၊ 
App တွေရဲ့ Notifications တွေကြောင့်လည်း Battery ပိုကုန်တတ်ပါတယ်။

▪️ ဘယ် App တွေက ဘက်ထရီအများဆုံး သုံးနေလဲဆိုတာ သိချင်ရင်
Battery > View All Battery Usage မှာ အသေးစိတ် ကြည့်နိုင်ပါတယ်။

▪️ နောက်တစ်ခုကတော့ Cellular Data ထက် Wifi ကို ပိုသုံးပါ။ Wifi သုံးခြင်းက ဘက်ထရီ စား ပိုသက်သာစေပါတယ်။ Signal မကောင်းတဲ့နေရာဆိုရင် Airplane Mode ဖွင့်ထားတာ ပိုကောင်းပါတယ်။


⚠️ ဒါဆို... ဘယ်အချိန်မှာ Battery အသစ်လဲသင့်လဲ။

အားလုံးသိပြီးသားအတိုင်း 80% အောက်ရောက်လာပြီဆိုရင်တော့ ဘက်ထရီအသစ် လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။

သင့် iPhone/iPad တွေရဲ့Battery နဲ့ ပတ်သက်ပြီး သိချင်တာရှိရင် Apple Authorized Service Provider တစ်ခုဖြစ်တဲ့ mCare မှာ အချိန်မရွေး လာရောက်မေးမြန်းနိုင်ပါတယ်။

Battery လဲလှယ်မှုတိုင်းအတွက် Original Battery အစစ်အမှန်နဲ့ စနစ်တကျလဲလှယ်ပေးပြီး 
Warranty (90) ရက်ပါ ရရှိမှာဖြစ်ပါတယ်။


Battery Pricing Link >>
https://mcare.com.mm/battery-service-pricing/

(iPhone Battery များအပြင် MacBook, Apple Watch, iPad နဲ့ တခြား Accessories များရဲ့ Battery များကိုပါ mCare Apple Authorized Service Provider မှာ လာရောက် ပြုပြင်လဲလှယ်နိုင်ပါတယ်။)
mCare Apple Authorised Service Provider
Photo
Creative သမားတွေဆိုသိပါတယ်…

တခါတလေ တစ်နေကုန်ထိုင်စဥ်းစားနေလည်း ideas က ထွက်မလာဘူး။

လမ်းမှာသွားလာနေတုန်း၊ စားကောင်းနေတုန်း၊ ဒါမှမဟုတ် အိပ်ပျော်ခါနီးအချိန်လောက်ဆို ဦးနှောက်လေးက အလုပ်လုပ်ပြီ။

အဲ့အချိန်ကျမှ Note လေး ကမန်းကတန်းထမှတ်၊ တခါတလေလည်း အပျင်းထူပြီး နောက်မှမှတ်မယ်ဆိုပြီး ပြီးကျမေ့သွားရောလေ…

ဒီလို နှမြောစရာကောင်းလိုက်တဲ့ idea အသစ်အဆန်းတွေကို မမေ့သွားအောင်
iPhone ရဲ့ Back Tap Feature နဲ့ "စက္ကန့်ပိုင်း” အတွင်း မှတ်ထားလို့ရပါတယ်။

အဲ့လိုလုပ်ဖို့အတွက်ဆို…

⚙️ Settings → Accessibility → Touch → Back Tap → Double Tap → Quick Note
ကို ရွေးပြီး Set Up လုပ်ထားလိုက်ပါ။

တချို့ iPhone တွေမှာ "Quick Note" option တန်းမပေါ်ဘူးဆိုရင် Shortcuts app ထဲမှာ “Create Note” shortcut တစ်ခု အရင်လုပ်ပေးရပါမယ်။

Shortcuts app → [ + ]  →  Search “Create Note” → Add Action ဆိုရင် ရပါပြီ။
(ပြီးရင် Back Tap ထဲမှာ ခုနကလုပ်ထားတဲ့ Shortcut နာမည်လေးကို ရွေးပေးလိုက်ရုံပါပဲ)


ဒါဆိုရင်တော့ ဖုန်းအနောက်က ပန်းသီးလေးကို နှစ်ချက်ထိရုံနဲ့တင် ပေါ်လာသမျှ အိုင်ဒီယာတွေကို Note လေးထဲမှာ အမြန်ဆုံး မှတ်ထားလို့ရပြီနော်။


#mCare #AppleAuthorized #AppleServiceProvider #BackTap #QuickNote
ဖုန်းနောက်မှန်ကွဲလေးပဲ အဆင်ပြေသလို ဆက်ကိုင်ထားတဲ့သူတွေရှိလား။

အကြောင်းကြောင်း ဖုန်းနောက်မှန်လေး ကွဲသွားခဲ့ရပေမယ့် ကံတရားကြီးက သင့်ဘက်မှာ ရှိနေသေးတယ်နော်။

တခြား iPhone တွေဆိုရင် Original နောက်မှန်လဲဖို့ ရက်သတ္တပတ်ကြာအောင် စောင့်ရတတ်ပေမယ့်
iPhone 14, 14 Plus နဲ့  15 Plus ကိုင်တယ့်သူတွေကတော့…
 
mCare မှာ Apple Original နောက်မှန်ကို 50% OFF နဲ့ လဲလို့ရမယ့် အပြင် 
Stock အဆင်သင့်ရှိနေတာမလို့ နေ့ချင်းပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ 

ဒါဆိုရင်တော့ တစ်ဝက်ဈေးနဲ့တင် ကိုယ့် iPhone လေးကို အသစ်စက်စက်အတိုင်း ပြန်ကိုင်လို့ရပြီနော်။

Available Models: iPhone 14, iPhone 14 Plus & iPhone 15 Plus

Apple Official ရဲ့ စံချိန်စံညွှန်းအတိုင်း ယုံကြည်စိတ်ချစွာ ပြင်ဆင်ဖို့ mCare Apple Authorized Service Provider ကို အခုပဲ လာခဲ့လိုက်တော့နော်။ 
  
Customer များသိရှိစေရန် ဆိုင်ပိတ်ရက် ကြေညာခြင်း

mCare Apple Authorized Service Provider ဆိုင်ခွဲအားလုံးကို ၂၈ မေလ ၂၀၂၆ (ကြာသပတေးနေ့) တွင် ခေတ္တတစ်ရက် ဆိုင်ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

၂၉ မေလ ၂၀၂၆ (သောကြာနေ့) တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်၍ ဝန်ဆောင်မှုများ ပြန်လည်ပေးအပ်သွားမည် ဖြစ်ပါသည်။

mCare - Apple Authorized Service Provider
MacBook User တွေအတွက် အသုံး၀င်ဆုံး Lifesaver Shortcut 7 ခု! 💻


1. ⌘ + W
လက်ရှိဖွင့်ထားတဲ့ Tab ကို အမြန်ပိတ်လို့ရမယ်။


2. ⌘ + Shift + T
မတော်တဆ ပိတ်မိသွားတဲ့ Browser Tab ကို ပြန်ဖွင့်နိုင်တယ်။


3. ⌘ + M
လက်ရှိဖွင့်ထားတဲ့ App ကို Minimize လုပ်လို့ရမယ်။


4. ⌘ + H
ဖွင့်ထားတဲ့ App ကို အမြန်ဆုံး Hide လုပ်လို့ရမယ်။


5. ⌘ + Ctrl + Q
Mac ကို အမြန်ဆုံး Lock ချနိုင်မယ်။


6. ⌘ + Comma ( , )
သင်ဖွင့်ထားတဲ့ App ရဲ့ Setting/Preferences ကို တန်းသွားနိုင်မယ်။


7. ⌘ + Option + Esc
App တစ်ခုခု Error တက်တဲ့အခါ Force Quit လုပ်ဖို့ သုံးနိုင်ပါတယ်။


နောက်လိုလာရင် ပြန်ရှာရလွယ်အောင် Saved ထားဖို့ မမေ့နဲ့နော်။


MacBook နဲ့ ပတ်သက်တဲ့ မေးချင်တာ၊ ပြင်ချင်တာ၊ service လိုတာတွေ ရှိရင်
mCare Apple Authorized Service Provider ကို အချိန်မရွေး ဆက်သွယ်လို့ရပါတယ်။


#mCare #AppleAuthorizedServiceProvider #MacBook #MacBookShortcuts
mCare Apple Authorised Service Provider
Photo
Apple Watch သုံးတဲ့သူတွေထဲမှာ
တစ်နေ့ ၂ ခါလောက် အားသွင်းနေရတဲ့သူတွေ ရှိလား။ 

တချို့ဆို Apple Watch သုံးတာ ကြာနေပေမယ့် Battery Health ကို သတိထားပြီး တစ်ခါမှ စစ်မကြည့်မိကြဘူး။

အဲ့တော့ နောက်ပိုင်းမှာ ကိုယ့်ရဲ့ Apple Watch လေးက အရင်လိုအားမခံတော့တာ၊ အားဝင်နှေးလာတာ၊ ပိုဆိုးတာက Battery ဖောင်းလာပြီး Screen ပါ ကြွတက်လာတာမျိုးတွေအထိ ကြုံတွေ့ရတတ်ပါတယ်။

Battery မကောင်းတော့တဲ့ Apple Watch တစ်လုံးက နေ့စဉ် Activity တွေအတွက် ကောင်းကောင်း အသုံးမဝင်တော့သလိုပါပဲ။

ဒါကြောင့် ကိုယ့်ရဲ့ Daily Activity တွေမှာ ကိုယ်နဲ့အမြဲ အတူရှိနေမယ့်  
Apple Watch လေးရဲ့ Battery Health ကလည်း အရမ်းအရေးကြီးတယ်နော်။

Battery နဲ့ ပတ်သက်ရင် သေချာစစ်ဆေးပြီးမှ 
Apple ရဲ့ 100% Apple Original Genuine Part နဲ့ပဲ စိတ်ချလက်ချ လဲလှယ်ချင်တယ်ဆိုရင်တော့ mCare Apple Authorized  Service Provider  မှာ လာရောက်ပြုပြင်နိုင်ပါတယ်။

mCare မှာ Battery လဲလှယ်မှုတိုင်းအတွက် Apple Original Genuine Battery အစစ်အမှန် ကိုသာ အသုံးပြုပြီး စနစ်တကျ လဲလှယ်ပေးမယ့်အပြင် အာမခံ Warranty (90) ရက်အပြည့်ပါ ရရှိမှာ ဖြစ်ပါတယ်။

Battery Pricing Link >>
https://mcare.com.mm/battery-service-pricing/

(Apple Watch Battery များအပြင် iPhone, iPad, MacBook နဲ့ တခြား Accessories များရဲ့ Battery များကိုပါ mCare Apple Authorized Service Provider မှာ လာရောက် ပြုပြင်လဲလှယ်နိုင်ပါတယ်။)
mCare Apple Authorised Service Provider
Photo
iPhone အသစ်လေး ဝယ်ထားတာ (၁) နှစ်ကျော်လောက်ပဲ ရှိသေးတယ်... Battery က သိပ်မခံတော့ဘူး။ Battery Health စစ်ကြည့်လိုက်တော့လည်း 80% တောင် ရောက်နေပြီလား 😢

iPhone 13 ကနေ 16 Family အတွင်း ကိုင်ဆောင်ထားတဲ့ သူတွေထဲမှာ ဒီလိုပြဿနာမျိုး ကြုံနေရတဲ့သူတွေ တော်တော်များများရှိပါတယ်။

ဒါပေမယ့် (၂၉၉,၀၀၀) ကျပ်နဲ့ mCare Protection Plan ၀ယ်ထားတယ်ဆိုရင်တော့… လုံးဝ (လုံးဝ) စိတ်ပူစရာမလိုတော့ဘူးနော်။

mCare Protection မှာဆိုရင် ဝယ်ယူပြီး (၂) နှစ်အတွင်း Battery Health 80% ရောက်သွားရင်ပဲဖြစ်ဖြစ်၊ Service Center မှာ စစ်ဆေးကြည့်လို့ Battery Error တစ်စုံတစ်ခု တွေ့ခဲ့ရင်ပဲဖြစ်ဖြစ်…

Apple Original Battery ကို အခမဲ့ (၁) ကြိမ် လဲလှယ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

Battery အပြင် တခြား ဘာအကျိုးခံစားခွင့်တွေ ထပ်ရဦးမလဲဆိုတော့...
Whole-Unit Replacement: ၁ နှစ်အတွင်း အကြီးအကျယ် ဘယ်လိုပဲကွဲကွဲ၊ (၉၉၉,၀၀၀) ကျပ် ထပ်မံပေးရုံနဲ့ ဖုန်းအသစ်တစ်လုံး လဲလှယ်ခွင့်။

Screen & Back Glass: Screen ကွဲသွားလို့ပဲဖြစ်ဖြစ်၊ နောက်မှန်လဲချင်လို့ပဲဖြစ်ဖြစ် (၉၉,၀၀၀) ကျပ်စီနဲ့ (၁) ကြိမ်စီ လဲလှယ်ခွင့်တို့လည်း ပါရှိပါတယ်။


ဒီလောက်တန်တဲ့ အခွင့်အရေးအားလုံးကို (၂၉၉,၀၀၀) ကျပ်တည်းနဲ့ ရရှိနိုင်မှာဖြစ်လို့ အခုပဲ၀ယ်ထားလိုက်တော့နော်။
မိမိတို့ရဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတွေမှာ ဖုန်းသံ ကောင်းကောင်းမကြားရလို့ ဖုန်းခေါ်ရင် မကိုင်မိတာမျိုးတွေ ခဏခဏ ကြုံဖူးကြမှာပါ။ 

အလုပ်ရှုပ်နေတာဖြစ်ဖြစ်၊ ပတ်ဝန်းကျင် ဆူညံနေတာဖြစ်ဖြစ်၊
ဒါမှမဟုတ် ဖုန်းကို Silent လုပ်ထားတဲ့ အချိန်တွေမှာဖြစ်ဖြစ်  

အရေးကြီးတဲ့ Call တွေ၊ Message တွေ မလွတ်သွားစေဖို့
iPhone မှာ “Flash for Alerts” ဆိုတဲ့ Feature လေးကို အသုံးပြုလို့ရတယ်နော်။

အရင်ဆုံး Settings > Accessibility > Audio & Visual > Flash for Alerts ထဲကို၀င်ပါ။
အဲဒီထဲမှာ…

▪️ LED Flash 
▪️ Screen Flash 
▪️ Both 

ကိုယ့်လိုအပ်ချက်အလိုက် အဆင်ပြေမယ့် တစ်မျိုးကို ရွေးချယ်လို့ရပါတယ်။

ဖုန်းက အသံနဲ့မဟုတ်ဘဲ မီးလင်းပြီး သတိပေးနေမှာဆိုတော့ Notification တွေ 
ဘယ်လိုမှ မလွတ်တော့ဘူးပေါ့။

ဒီ Setting လေးကို အမြဲ on ထားချင်တယ်ဆိုရင်တော့ 
အောက်က Flash While Unlocked နဲ့ Flash in Silent Mode ကိုပါ 
တစ်ခါတည်း ဖွင့်ထားပေးဖို့ မမေ့နဲ့နော်။
မရှိမဖြစ်တော့ မဟုတ်ပေမယ့်၊ လိုအပ်လာတဲ့ အချိန်တွေမှာတော့ အရမ်းကိုမှ အသုံး၀င်တဲ့ App တစ်ခုဖြစ်မှာ အသေချာပါပဲ။

iPhone / iPad / Mac အသုံးပြုနေရင်း ပြဿနာတစ်ခုခုဖြစ်လို့ ဘာလုပ်ရမှန်း မသိဖြစ်နေတဲ့ အခါမျိုးတွေမှာ..

ကိုယ်ဖြစ်နေတဲ့ ပြဿနာအတွက် Apple ရဲ့ တရားဝင် official step-by-step လမ်းညွှန်ချက် တွေကို App ထဲမှာ စာသားရော၊ ပုံတွေနဲ့ပါ လွယ်လွယ်ကူကူ ကြည့်လို့ရမယ်။
နောက်ပြီး အသစ်ထွက်ရှိလာတဲ့ iOS Update တွေရဲ့ အမိုက်စား Feature အသစ်တွေအကြောင်းလည်း အသေးစိတ် လေ့လာနိုင်မယ်။
Apple Device တွေနဲ့ ပတ်သက်တဲ့ knowledge တွေ၊ support articles တွေကိုလည်း တစ်နေရာတည်းမှာ ရှာဖွေလို့ရမယ်။
ဒါတင်မကသေးပါဘူး၊ ကိုယ့်ရဲ့ Device လေးက ပြုပြင်ဖို့ လိုအပ်လာပြီဆိုရင်လည်း

ကိုယ်နဲ့အနီးဆုံး Apple အသိအမှတ်ပြု Authorized Service Provider ဆိုင်တွေရဲ့ လိပ်စာတွေကိုပါ App ထဲမှာ အလွယ်တကူ ရှာဖွေပြီး Booking ကြိုယူလို့ရပါသေးတယ်နော်။

ဒါကြောင့် သင့် iPhone ထဲမှာ ဒီ App လေး မရှိသေးဘူးဆို အခုပဲ အောက်က Link မှာ အခမဲ့ Download ရယူထားလိုက်တော့နော်။

Apple Support App Download: https://apps.apple.com/us/app/apple-support/id1130498044
iPhone 17 Family နဲ့ iPhone Air အသုံးပြုသူ တချို့မှာ 

ဖုန်းအားကုန်ခါနီးပြီဆို ကြိုးထိုးပြီးသွင်းလည်း အားမ၀င်တဲ့ ပြဿနာလေးတွေ တွေ့နေရပါတယ်။


ဒီပြဿနာကို ဖြေရှင်းဖို့ Apple ကနေ iOS 26.5.1 Update ကို အရေးပေါ် ထုတ်ပေးလိုက်ပါပြီ။


ဒီ Update က iPhone Air နဲ့ iPhone 17 Family အသုံးပြုသူများအတွက် 
သီးသန့် Minor Update အနေနဲ့ ထွက်ရှိလာတာဖြစ်ပြီး 

ဖုန်းအားနည်းနေတဲ့အချိန်တွေမှာ Wired Charging အားမဝင်တဲ့ ပြဿနာကို 
အဓိက ပြင်ဆင်ပေးထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ iPhone Air ဒါမှမဟုတ် iPhone 17 Family Model တွေမှာ ဒီလိုပြဿနာမျိုး ကြုံတွေ့နေရပြီဆိုရင်တော့…

Settings > General > Software Update ကနေ အခုပဲ Update လုပ်ထားလိုက်တော့နော်။


#mCare #AppleAuthorizedServiceProvider #iPhone17 #iPhoneAir #iOSUpdate