mCare Apple Authorised Service Provider
4.82K subscribers
794 photos
64 videos
1 file
447 links
Download Telegram
Phone 14 တို့ 15 Plus တို့လို အမိုက်စားဖုန်းတွေကို ကိုင်ရတာလည်း တကယ် Vibe တစ်ခုပဲနော်။ ဒါပေမဲ့ တစ်ချက်လေး မတော်တဆ ပြုတ်ကျတာနဲ့ နောက်မှန်လှလှလေး အက်ကွဲသွားပြီဆိုရင်တော့ တကယ်ကို ကြေကွဲစရာပါပဲ။ 😢
နောက်မှန်ကွဲလေးကို အပြင်သွားရင် သူများမြင်မှာစိုးလို့ ဖုံးဖုံးဖိဖိ ကိုင်နေရတာ၊ Cover တွေမျိုးစုံတပ်ပြီး ဖုံးထားရတာကလည်း စိတ်အနှောင့်အယှက် ဖြစ်စရာ တစ်ခုပဲနော်။

ပြန်ပြင်ဖို့ကလည်း ဈေးကြီးမှပဲ တွေးနေပြီလား။
ပြီးတော့ Apple Authorized ဆိုင်မှာပဲ စိတ်ချရတဲ့ လက်ရာကောင်းကောင်းနဲ့ တန်တန်လေး ပြန်ပြင်ချင်တယ် ဆိုတဲ့သူတွေအတွက် သတင်းကောင်းလေး ရှိတယ်နော်။

mCare Apple Authorised Service Provider မှာ iPhone 14, 14 Plus နဲ့ 15 Plus အသုံးပြုသူတွေအတွက် Back Glass Repair Service ကို 50% OFF နဲ့ ပြုပြင်ပေးနေပါပြီ။

ဒီအတိုင်းကြီး ဆက်သုံးနေမယ့်အစား ကိုယ့်ရဲ့ iPhone လေးကို တစ်ဝက်ဈေးလေးနဲ့ပဲ အသစ်စက်စက်အတိုင်း ပြန်ဖြစ်အောင် mCare မှာ အခုပဲ လာရောက်ပြုပြင်လိုက်ပါ။
Genmoji အကြောင်း သိပြီးကြပြီလား။

အခုဆို Apple Intelligence ရဲ့ Genmoji feature နဲ့ ကိုယ်တိုင် စိတ်ကူးယဉ်ထားတဲ့ Genmoji လေးတွေကို စာရိုက်လိုက်ရုံနဲ့ ကိုယ်တိုင် ဖန်တီးလို့ ရနေပြီနော်။

🐱 DJ တီးနေတဲ့ ကြောင်လေးလား။
🐶 Punk style နဲ့ Puppy လေးလား။ 
ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းတွေ၊ အိမ်က Pets လေးတွေကို Emoji လုပ်ပြီး စနောက်မလား။ အကုန်လုံး လုပ်လို့ရနေပြီနော်!

Genmoji တွေဖန်တီးချင်တယ်ဆိုရင်တော့

Keyboard မှာပါတဲ့ Emoji Section ထဲကိုသွားပါ။ Plus (+) ပါတဲ့ Genmoji icon လေးကို နှိပ်ပါ။
ကိုယ်ဖြစ်ချင်တဲ့ ပုံစံကို စာနဲ့ ရိုက်ထည့်ပါ။ (ဥပမာ- "A dog wearing sunglasses")
စိတ်ကြိုက်ဖြစ်ပြီဆိုရင် 'Done' နှိပ်ပြီး Message တွေမှာ Sticker အနေနဲ့ပါ သုံးလို့ရပါပြီ။

⚠️ ဒီ feature ကို အသုံးပြုမယ်ဆို Apple Intelligence ကို Support ပေးတဲ့ iPhone model ဖြစ်ဖို့နဲ့ နောက်ဆုံး iOS version ထိ မြှင့်ထားဖို့တော့ လိုအပ်ပါတယ်နော်။

Genmoji သုံးလို့ ရနေပြီဆို ဘယ်လိုပုံလေးတွေ ဖန်တီးဖြစ်လဲဆိုတာ ပြောပြခဲ့ဦးနော်။
Apple Device တွေ Service ပြရတော့မယ်ဆို Apple ရဲ့ တရားဝင် အသိအမှတ်ပြု mCare Apple Authorized Service Provider ရှိတယ်နော်။

ကျွန်တော်တို့ mCare မှာဆိုရင် Apple User အားလုံးအတွက်...

Apple ကျွမ်းကျင် Technician များကိုယ်တိုင် စနစ်တကျ စစ်ဆေးပေးခြင်း၊
Apple Warranty ပိုင်းဆိုင်ရာ ကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးခြင်း၊
Apple Original အပိုပစ္စည်းများသာ အသုံးပြု ပြုပြင်ပေးခြင်း၊
Apple ရဲ့ တရားဝင် Diagnostic Server နဲ့ စနစ်တကျစစ်ဆေးပေးလို့ Error တွေကို တိတိကျကျ သိနိုင်ခြင်း။

ဒီအချက်တွေကြောင့်ပဲ Apple Users တော်တော်များများက ၁၀၀% စိတ်ချယုံကြည်ရတဲ့ mCare Apple Authorized Service Provider ကိုပဲ ရွေးချယ်ကြတာပေါ့။
mCare Apple Authorised Service Provider
Photo
နှစ်ယောက်တူတူနားထောင်ဖို့ နားကြပ်တစ်ယောက်တစ်ဖက် တပ်စရာမလိုတော့ဘူးနော်။

ချစ်သူ၊ သူငယ်ချင်းတွေနဲ့ သီချင်းတူတူနားထောင်တဲ့အခါ ဒါမှမဟုတ် ရုပ်ရှင်တူတူကြည့်တဲ့အခါ နားကြပ်ကို တစ်ယောက်တစ်ဖက် ခွဲတပ်နေစရာ မလိုတော့ပါဘူး။ 🎧

သင့်မှာ iPhone (သို့မဟုတ်) iPad ရှိရုံနဲ့ သင့်ရဲ့ AirPods / Beats နားကြပ်ကအသံကို ဘေးနားက ကိုယ့်ဘော်ဒါရဲ့ နားကြပ်ဆီ တိုက်ရိုက် Share လုပ်ပြီး နားထောင်လို့ရပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုရင်…
▪️ အရင်ဆုံး ကိုယ့် AirPods နဲ့ ဖုန်းကို ပုံမှန်အတိုင်း ချိတ်ဆက်ပါ။
▪️ ပြီးရင် Control Center ကိုဆွဲချ၊ AirPlay Icon လေးကိုနှိပ်ပြီး “Share Audio" ဆိုတာလေးကို နှိပ်လိုက်ပါ။
ဒါဆိုရင်တော့ ကိုယ့်ရဲ့ဖုန်းကို တခြား AirPods တစ်ခုနဲ့ ထပ်ပြီးချိတ်လို့ရပါပြီ။ (လိုအပ်ရင်တော့ Pairing Mode လုပ်ပေးပါ)

ချိတ်ပြီး နှစ်ယောက်တူတူ နားထောင်လို့ရမယ့်အပြင် တစ်ယောက်ချင်းစီအတွက်လည်း Volume Slider တစ်ခုစီနဲ့ အသံအတိုးအကျယ်ကို စိတ်ကြိုက် ချိန်ညှိလို့ရပါတယ်။

ပြန်ဖြုတ်ချင်ပြီဆိုရင်တော့ Control Center ထဲက နားကြပ်ပုံလေးကို ပြန်နှိပ်ပြီး တခြားသူရဲ့ AirPods Name ဘေးက အမှန်ခြစ်လေးကို ဖြုတ်လိုက်ရုံပါပဲ။

ကဲ... အခုပဲ သူငယ်ချင်းနဲ့အတူ စမ်းကြည့်လိုက်တော့နော်။
သင့်ဖုန်း ဘက်ထရီ အားကုန်မြန်နေတာဟာ ဘက်ထရီကြောင့်ပဲ မဟုတ်ဘဲ… 

အခြား Hardware အစိတ်အပိုင်းတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Diagnostic System နဲ့ စစ်ဆေးလိုက်မှသာ အကုန်အကျ သက်သာပြီး Results အမှန်ကို သိရှိနိုင်မှာပါ။ 

Apple Diagnostic Server ဆိုတာက Apple Product တွေရဲ့ Quality, Performance ကို အသေးစိတ် စစ်ဆေးနိုင်အောင် Apple မှ တရား၀င်ခွင့်ပြုပေးထားတဲ့ Apple Authorized Service Provider တွေသာ အသုံးပြုခွင့်ရတဲ့ Official System တစ်ခု ဖြစ်ပါတယ်။

mCare Apple Authorized Service Provider မှာဆိုရင်တော့ မှန်းဆပြီး ပြင်ဆင်တာမျိုး မဟုတ်ဘဲ Apple ရဲ့ Official Diagnostic System ကို အသုံးပြုပြီး စနစ်တကျ စစ်ဆေးပေးနေတာ ဖြစ်ပါတယ်။ 

အဲ့ဒါမှသာ သင့် Apple Device တွေရဲ့ အဓိက အစိတ်အပိုင်းတွေမှာ မလိုအပ်ဘဲ အပိုပစ္စည်းတွေ လဲလှယ်မိတာမျိုး မဖြစ်ဘဲ Privacy Data လုံခြုံမှုအပြည့်နဲ့ ပြုပြင်နိုင်မှာပါ။

ပိုမိုမြန်ဆန်၊ တိကျပြီး စိတ်ချရတဲ့ ဝန်ဆောင်မှုမျိုးကို ရယူနိုင်ဖို့ mCare Apple Authorized Service Center ကိုသာ အမြဲရွေးချယ်လိုက်ပါ။ 
ကိုယ့်ရဲ့ iPhone လေး တစ်ခုခုဖြစ်မှာကို စိုးရိမ်နေရတုန်းလား။

(၂၉၉,၀၀၀) ကျပ်တည်းနဲ့ mCare Protection Plan ဝယ်ထားလိုက်ရင်တော့ ဘယ်လိုအခြေအနေမျိုးမှာမဆို စိတ်အေးလို့ရပြီနော်။

iPhone 13 Series ကနေ 16 Family အထိ iPhone အားလုံးအတွက်:

▪️ Whole-Unit Replacement: ၁ နှစ်အတွင်း အကြီးအကျယ် ဘယ်လိုပဲကွဲကွဲ၊ (၉၉၉,၀၀၀) ကျပ် ထပ်မံပေးရုံနဲ့ ဖုန်းအသစ်တစ်လုံး လဲလှယ်ခွင့်။

▪️ Screen & Back Glass: Screen ကွဲသွားလို့ပဲဖြစ်ဖြစ်၊ နောက်မှန်လဲချင်လို့ပဲဖြစ်ဖြစ် (၉၉,၀၀၀) ကျပ်စီနဲ့ (၁) ကြိမ်စီ လဲလှယ်ခွင့်။

▪️ Free Battery Replacement: ဝယ်ယူပြီး (၂) နှစ်အတွင်း Battery Error တစ်ခုခုဖြစ်ခဲ့ရင်လည်း (အခမဲ့) တစ်ကြိမ် လဲလှယ်ခွင့်။

ဒီအခွင့်အရေးအားလုံးကို (၂၉၉,၀၀၀) ကျပ်တည်းနဲ့ ဝယ်ယူပြီး ကိုယ့်ရဲ့ iPhone လေးအတွက် အကောင်းဆုံး ကာကွယ်မှုပေးလိုက်ပါ။
mCare Apple Authorised Service Provider
Photo
အရင်လောက်အားမခံတော့တဲ့ iPad လေးကြောင့် စိတ်ညစ်နေရပြီလား။ 

ဂိမ်းဆော့နေကျ iPad လေးက ခဏလေးနဲ့ အားကုန်ပြီး ပူတက်လာတာ၊ အရေးကြီးနေတဲ့ အချိန်မျိုးကျမှ Battery က ချက်ချင်းကြီး ထိုးကျသွားတာ၊ စက်က အရမ်းပူလာပြီး Screen က လေးလာတာမျိုးတွေကြောင့် အရင်လို လွတ်လွတ်လပ်လပ် Game ဆော့လို့ မရတော့ဘူးလား။

ဒီလိုဆိုရင်တော့ သင့် iPad လေးရဲ့ Battery Health ကို စစ်ဆေးပြီး အသစ်လဲပေးဖို့ လိုအပ်နေပါပြီ။

Apple Device တွေမှာ Battery လဲတော့မယ်ဆိုရင် စက်ထဲက Logic Board ကို ထိခိုက်မှုမရှိအောင် မူရင်းအစိတ်အပိုင်း (Genuine Parts) ဖြစ်ဖို့နဲ့ ကျွမ်းကျင်တဲ့ Technician တွေရဲ့ လက်ရာဖြစ်ဖို့က အရေးကြီးဆုံးပါပဲ။

mCare Apple Authorized Service Provider မှာဆိုရင်တော့…
Apple ရဲ့ မူလ Original Battery အစစ်အမှန်ကိုသာ အသုံးပြုပေးပြီး ရက်ပေါင်း (၉၀) တောင် အာမခံ (Warranty) အပြည့်ပေးထားလို့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။


အားသွင်းကြိုးတန်းလန်းနဲ့ ဂိမ်းဆော့နေရတဲ့ ဘဝကနေ အရင်လို လွတ်လွတ်လပ်လပ် Game ပြန်ဆော့နိုင်ဖို့ mCare က အမြဲအသင့်ရှိနေတယ်နော်။

စျေးနှုန်းအသေးစိတ်ကိုတော့ အောက်မှာပေးထားတဲ့ Link လေးထဲမှာ ဝင်ကြည့်နိုင်ပါတယ်။

Battery Pricing Link >>
https://mcareasia.com/battery-service-pricing/

iPad Battery များအပြင် iPhone, MacBook, Apple Watch, နဲ့ တခြား Accessories များရဲ့ Battery များကိုပါ mCare Apple Authorized Service Provider မှာ လာရောက် ပြုပြင်လဲလှယ်နိုင်ပါပြီ။
mCare Apple Authorised Service Provider
Photo
iPhone ကိုင်သူတိုင်း Download လုပ်ထားသင့်တဲ့
Apple Support App ကို ဘယ်လိုနေရာတွေမှာ အကျိုးရှိရှိ အသုံးပြုလို့ရမလဲ။

Apple Devices တွေမှာ ပြဿနာတစ်ခုခုရှိနေပြီလို့ ခံစားရရင် ဆိုင်မသွားခင် ဒီ App ကနေတစ်ဆင့် Diagnostics စနစ်နဲ့ တိုက်ရိုက် အရင်စစ်ဆေးလို့ရပါတယ်။

Password ပြောင်းချင်တာ၊ Account Log-in ဝင်မရတာ၊ အဟက်ခံရတာ (ဒါမှမဟုတ်) ပုံမှန်မဟုတ်တဲ့ ဝင်ရောက်မှုတွေရှိနေရင် တရားဝင် Verification တွေပြုလုပ်ပြီး အကောင့်ပြန်လည်ရယူနိုင်ဖို့ Apple Support ကနေ အလွယ်တကူ ဆောင်ရွက်နိုင်ပါတယ်။

ကိုယ့်ရဲ့ Apple ID နဲ့ ချိတ်ထားတဲ့ iPhone, AirPods, Apple Watch, iPad စတဲ့ Apple Devices အားလုံးရဲ့ အချက်အလက်တွေကို တစ်နေရာတည်းမှာ စုစည်းပေးထားပါတယ်။

Device တွေရဲ့ Warranty အခြေအနေ၊ Model အသေးစိတ်နဲ့ Coverage ပိုင်းဆိုင်ရာတွေကိုလည်း App ထဲမှာတင် အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။

ကိုယ်တိုင်ဖြေရှင်းမရတဲ့ Error မျိူးတွေအတွက်တော့ ကိုယ်နဲ့အနီးဆုံးမှာရှိတဲ့ Authorized Service Provider တွေကို အလွယ်တကူ ရှာဖွေနိုင်ပြီး ပြုပြင်ဖို့ Appointment Date ကိုလည်း App ထဲမှာတင် တစ်ခါတည်း ရယူနိုင်ပါတယ်။

ဖုန်းထဲမှာ Apple Support App ကို Install လုပ်ထားရုံနဲ့ Apple Device တွေ အဆင်မပြေဖြစ်တိုင်း တစ်နေရာတည်းမှာ အမြန်ဆုံး ဖြေရှင်းနိုင်ပြီနော်။
နှစ်ကြာသွားတဲ့ AirPods လေးက ခဏလေးနဲ့ Battery အကုန် မြန်နေပြီလား။

ကိုယ်နဲ့ နှစ်ရှည်လများ ဘယ်သွားသွား အတူရှိနေပေးခဲ့တဲ့ AirPods လေးက ခုတော့ တစ်ဖက်က ကောင်းကောင်းလည်းမကြားရ၊ တရှဲရှဲနဲ့ မြည်တာလိုလို၊ တိုးနေတာလိုမျိုးတွေ ဖြစ်နေရှာပြီလား။

အမှတ်တရတွေနဲ့ အမြဲအတူရှိနေပေးခဲ့တဲ့ AirPods လေးကို အသစ်၀ယ်ပြီး အစားမထိုးရအောင်... 

အဆင်မပြေဖြစ်နေတဲ့ တစ်ဖက်တည်းကိုပဲ 50% OFF (တစ်ဝက်ဈေး) နဲ့ လဲလှယ်လို့ရမယ့် အခွင့်အရေး mCare Apple Authorized Service Provider မှာ ရှိနေပါပြီ။

mCare Apple Authorized Service Provider မှာ
AirPods 2nd Gen (Left & Right Side) အစိတ်အပိုင်းတွေကို 50% OFF နဲ့ လဲလှယ်ပေးနေပါပြီ။

ကိုယ့်ရဲ့ AirPods လေးကို တစ်ဝက်ဈေးနဲ့တင် ပြန်ကောင်းအောင်လုပ်ပြီး အရင်လို အမှတ်တရတွေတူတူ ပြန်ဖန်တီးလိုက်ပါ။

(Limited Stock ဖြစ်လို့ ပစ္စည်းလက်ကျန်ရှိတုန်း အမြန်ဆုံးလာရောက်ဖို့တော့ လိုမယ်နော်!)
mCare Apple Authorised Service Provider
Photo
ခြေထောက်နဲ့ပဲ ပြေးနေတုန်းလား။ 

ကိုယ်က Apple Watch ရှိတဲ့ Runner တစ်ယောက်ဆို Data နဲ့ပြေး၊ Strategy နဲ့ပြေး၊ ပိုကောင်းတဲ့ Version တွေနဲ့ပြေးလို့ရတယ်နော်။ 

ပြေးနေရင်း ကိုယ့်ရဲ့ Apple Watch လေးနဲ့ ကိုယ့်ရဲ့ Heart Rate, Average Pace, Running Power စတဲ့ အခြေအနေတွေကို အလွယ်တကူ ကြည့်နိုင်ဖို့အတွက်

Workout App ထဲက Outdoor/Indoor Run ဘေးက (...) အစက်ကလေးကို နှိပ်ပြီး Workout Views တွေကို စိတ်ကြိုက် Edit လုပ်ထားနိုင်ပါတယ်။

နောက်ပြီး Apple Watch မှာ ရိုးရိုးပြေးရုံတင်မကဘဲ ကိုယ့်ရဲ့ Performance ကိုပါ သိသိသာသာ တက်လာစေမယ့် အလန်းစား Feature တွေလည်း ပါဝင်ပါသေးတယ်။

▪️ Pacer: ကိုယ်ပြေးချင်တဲ့ Target Pace တစ်ခု သတ်မှတ်ထားပြီး သတ်မှတ်နှုန်းထက် မြန်နေလား၊ နှေးနေလားဆိုတာကို အချိန်နဲ့တပြေးညီ ကြည့်နိုင်မယ်။ 

▪️ Race Route: ကိုယ်အရင်ပြေးဖူးတဲ့ လမ်းကြောင်းအတိုင်း ကိုယ့်ရဲ့ နောက်ဆုံးစံချိန် (သို့) အကောင်းဆုံးစံချိန်ကို ပြန်ပြီး Challenge လုပ်ပြီး ပြေးလို့ရမယ်။ 

▪️ Custom Workout: ကိုယ်တိုင် Warmup, Cooldown အချိန်တွေအပြင် အပြင်းပြေးမယ့် Interval တွေကိုပါ စိတ်ကြိုက် Customize လုပ်ပြီး ပြေးလို့ရပါတယ်။

ကဲ... နောက်တစ်ခေါက် ပြေးဖို့ထွက်တော့မယ်ဆို ဒီ Feature လေးတွေကို စမ်းသုံးကြည့်ပြီး ကိုယ့်ကိုကိုယ် Challenge ပြန်ခေါ်ကြည့်နော်။ 😉
mCare Apple Authorised Service Provider
Photo
ဝယ်ထားတာ မကြာသေးတဲ့ iPhone အသစ်စက်စက််လေး ထိမိခိုက်မိသွားပြီလား။ 

ဒီလိုဆိုရင်တော့ တစ်နှစ်အတွင်း ရှေ့မှန်/နောက်မှန် ကြိုက်သလောက်ကွဲ (၉၉,၀၀၀) ကျပ် တည်းနဲ့ လဲလို့ရမယ့်အပြင်၊ 

ဖုန်းတစ်ခုလုံး ပျက်စီးသွားရင်တောင် အသစ်ပြန်လဲပေးမယ့် mCare Ultra Protection Plan လေးအကြောင်း ပြောပြပေးမယ်နော်။

mCare Ultra Protection Plan ဆိုတာက iPhone 17 Family နဲ့ iPhone Air ၀ယ်ယူထားသူတွေ အတွက်ဖြစ်ပြီး (၇၉၉,၀၀၀) ကျပ် တည်းနဲ့ ဝယ်ယူထားနိုင်ပါတယ်။

ဒီ Plan လေးထဲမှာဆိုရင်…
▪️Unlimited Battery Replacement (2 Years)
၂ နှစ်အတွင်း Battery လဲလှယ်ရန် လိုအပ်ပါက အကြိမ်ရေအကန့်အသတ်မရှိ အခမဲ့ လဲလှယ်ခွင့်၊

▪️Unlimited Display & Back Glass Service (1 Year)
၁ နှစ်အတွင်း ရှေ့မှန်/နောက်မှန် ကွဲတာ၊ ထိခိုက်တာတွေအတွက် (၉၉,၀၀၀) ကျပ် တည်းနဲ့ Apple Genuine Parts တွေကို အကြိမ်ရေအကန့်အသတ်မရှိ စိတ်ကြိုက်လဲလှယ်ခွင့်။

▪️Unlimited Whole Unit Replacement (1 Year)
ဖုန်းတစ်ခုလုံး ထိခိုက်သွားလို့ အသစ်လဲဖို့ လိုအပ်ရင်တောင် (၉၉၉,၀၀၀) ကျပ် ပေးရုံနဲ့ ၁ နှစ်အတွင်း အကြိမ်ရေအကန့်အသတ်မရှိ ရယူနိုင်မှာဖြစ်ပါတယ်။ 

အလှပဆုံးနဲ့ အပါးလွှာဆုံး ဒီဇိုင်းကို စိတ်လွတ်ကိုယ်လွတ် ခံစားနိုင်ဖို့ mCare Ultra Protection Plan ရှိနေတယ်နော်။
ကိုယ့်ဆီ ဖုန်းဆက်တဲ့အချိန် တစ်ဖက်လူက "လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ..." ဆိုတာမျိုးပဲ ကြားနေရတာထက်၊ 

ကိုယ့်ရဲ့ Custom Greeting ကိုယ်ပိုင်အသံလေးကို ကြားရတာက ပိုပြီး Creative လည်းဖြစ်သလို၊ ပျော်ဖို့လည်း ကောင်းတယ်နော်။ 😎

Custom Voicemail Greeting ဘယ်လိုပြုလုပ်မလဲ။

Step 1: Phone App ကိုဖွင့်ပြီး အောက်ခြေက Voicemail ကိုနှိပ်ပါ။

Step 2: ဘယ်ဘက်အပေါ်ထောင့်က Greeting ကိုနှိပ်ပါ။

Step 3: Custom ကိုရွေးချယ်ပါ။

Step 4: Record ကိုနှိပ်ပြီး ကိုယ်ပြောချင်တဲ့ စကားသံကို အသံသွင်းပါ။ ပြောပြီးရင် Stop ကိုနှိပ်ပါ။

Step 5: Play ပြန်နားထောင်ကြည့်ပြီး စိတ်တိုင်းကျပြီဆိုရင် ညာဘက်အပေါ်က Save ကိုနှိပ်လိုက်ရုံပါပဲ!

ဒါလေးလုပ်ထားရင် ကိုယ်က Busy ဖြစ်လို့ Reject လုပ်လိုက်ရင်တောင်

တစ်ဖက်လူက ကိုယ့်အသံလေး ကြားရမှာဆိုတော့ အလုပ်လုပ်နေတဲ့သူတွေအတွက် ပိုပြီး Professional ဆန်သလို၊
သူငယ်ချင်းအချင်းချင်းလည်း စနောက်လို့ရတာပေါ့။