mCare Apple Authorised Service Provider
4.82K subscribers
794 photos
64 videos
1 file
447 links
Download Telegram
Apple အသိအမှတ်ပြု Service Provider ….

mCare Apple Authorised Service Provider ဟာဆိုရင် Apple ကနေတရားဝင်အသိအမှတ်ပြုထားတဲ့ Service Provider ဆိုင်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ပြုပြင်ရာမှာအသုံးပြုလဲလှယ်ပေးတဲ့ အစိတ်အပိုင်းတိုင်းက Apple ကထုတ်ပေးထားတဲ့ အပိုပစ္စည်းတွေအသုံးပြုပေးတဲ့အပြင် Apple Certified Technician တွေကနေပြီးတာဝန်ယူပြုပြင်နေတာပဲဖြစ်ပါတယ်။

Apple Devices တွေနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ ပြုပြင်မှုတွေပြုလုပ်ချင်တယ်ဆိုရင်တော့ Apple ရဲ့ တရားဝင်အသိအမှတ်ပြု mCare Apple Authorised Service Provider ကိုလှမ်းလာခဲ့လိုက်တော့နော်။

mCare Apple Authorised Service Provider ရဲ့ဆိုင်ခွဲလိပ်စာတွေကတော့

mCare - Apple Authorised Service Provider
Join us on Telegram → t.me/mCareASP

- mCare ကမ္ဘာအေးဆိုင်နဲ့ ပတ်သက်ပြီး ဆက်သွယ်နိုင်ရန်အတွက်
Viber - 09776677733
Telegram - 09776677733
တို့ကို ဆိုင်ဖွင့်ချိန်အတွင်းဆက်သွယ်လို့ရပါတယ်။

mCare - Apple Authorised Service Provider
Join us on Telegram → t.me/mCareASP

- mCare ကမ္ဘာအေးဆိုင်နဲ့ ပတ်သက်ပြီး ဆက်သွယ်နိုင်ရန်အတွက်
Viber - 09776677733
Telegram - 09776677733
တို့ကို ဆိုင်ဖွင့်ချိန်အတွင်းဆက်သွယ်လို့ရပါတယ်။

mCare (Kabar Aye)
Open Daily (9 AM – 7 PM)
81, Kabar Aye Pagoda Road (In front of Pearl Condo), Bahan Township, Yangon
Tel: 014704700, 09776677733, 09794666000
Email: contact@mcareasia.com

mCare (Junction Square)
Open Daily (9 AM – 6 PM)
G-045, Multi-Storey Car Park, Secret Garden, Junction Square, Kamayut Township, Yangon
Tel: 014704700, 0933607777, 09794666222
Email: contact@mcareasia.com

mCare (Mandalay)
Open Daily (9 AM – 6 PM)
Building D-6, 78th Street (Bet. 27th and 28th), Chanayethazan Township, Mandalay
Email: contact@mcareasia.com

mCare ဆိုင်ခွဲများတွင် အဆင်မပြေမှုများ ရှိပါက တိုင်ကြားရန်
mCare Compliance: 09445002345

#mCare #Apple #Repair #Service #Appleserviceprovider
ကိုယ့်ရဲ့ Macbook လေးက အသုံးပြုရတာနှေးလာပြီး Performance ပေးနိုင်စွမ်းတွေကျဆင်းနေပြီလား။

ဒါဆိုရင်တော့ MacBook လေးရဲ့ Battery Health လေးကို စစ်ဆေး ကြည့်သင့်ပါတယ်နော်။ Cycle Count များနေပြီး Battery Health 80% အောက် ကျဆင်းနေတဲ့ MacBook လေးဟာ Performance ပေးနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။

Battery Health ကျဆင်းနေတဲ့ Macbook လေးဆီက အရင်လို Performance ကောင်းတွေ ပြန်လည်ရယူချင်တယ်ဆိုရင်တော့ Battery Replacement ရယူ သင့်ပါတယ်။

mCare Apple Authorised Service Provider မှာဆိုရင် ကျွမ်းကျင်တဲ့ Services Technician တွေက စစ်ဆေး ပြုပြင်ပေးပြီး 100% Apple Original Genuine Parts ကိုပဲ အသုံးပြုလဲလှယ်ပေးနေပါတယ်။

လဲလှယ်ပေးတဲ့ Battery က Original Battery ဖြစ်တော့ Warranty ပိုင်းကလည်း စိတ်ပူစရာမလိုဘူးပေါ့။
ဒါ့အပြင် ရက် (90) အထိ ပြည့်ဝသေချာတဲ့ အာမခံကိုပါ ရရှိနိုင်ဦးမှာလည်းဖြစ်ပါတယ်။

ကိုယ့်ရဲ့ MacBook အတွက် Battery Replacement Service ရ၊မရဆိုတာနဲ့ စျေးနှုန်းအသေးစိတ်ကိုတော့ အောက်မှာပေးထားတဲ့ Link လေးထဲမှာ ဝင်ကြည့်နိုင်ပါတယ်နော်။

Battery Pricing Link >>
https://mcare.com.mm/battery-service-pricing/

MacBook Battery များအပြင် iPhone, Apple Watch, iPad နဲ့ တခြား Accessories များရဲ့ Battery များကိုပါ mCare Apple Authorised Service Provider မှာ လာရောက်လဲလှယ်နိုင်ပါပြီ။

mCare - Apple Authorised Service Provider

Join us on Telegram → t.me/mCareASP

- mCare ကမ္ဘာအေးဆိုင်နဲ့ ပတ်သက်ပြီး ဆက်သွယ်နိုင်ရန်အတွက်
Viber - 09776677733
Telegram - 09776677733
တို့ကို ဆိုင်ဖွင့်ချိန်အတွင်းဆက်သွယ်လို့ရပါတယ်။

mCare (Kabar Aye)
Open Daily (9 AM – 7 PM)
81, Kabar Aye Pagoda Road (In front of Pearl Condo), Bahan Township, Yangon
Tel: 014704700, 09776677733, 09794666000
Email: contact@mcareasia.com

mCare (Junction Square)
Open Daily (9 AM – 6 PM)
G-045, Multi-Storey Car Park, Secret Garden, Junction Square, Kamayut Township, Yangon
Tel: 014704700, 0933607777, 09794666222
Email: contact@mcareasia.com

mCare (Mandalay)
Open Daily (9 AM – 6 PM)
Building D-6, 78th Street (Bet. 27th and 28th), Chanayethazan Township, Mandalay
Tel: 014704700, 09799530000, 09799540000
Email: contact@mcareasia.com

mCare ဆိုင်ခွဲများတွင် အဆင်မပြေမှုများ ရှိပါက တိုင်ကြားရန်
mCare Compliance: 09445002345

#mCare #Apple #Repair #Service #Appleserviceprovider
မေ့တတ်တဲ့သူတွေအတွက် Reminder Alarm ဆိုတဲ့ Feature လေးရှိတယ်နော်။

ဒီ Feature လေးဟာဆိုရင် Reminders တွေကို သတ်မှတ်ထားတဲအချိန်ရောက်တဲ့အခါမှာ အရင်လို Notification ပုံစံမျိုးနဲ့ ကျလာရုံတင်မကဘဲ Alarm လို မြည်လာပြီးပါ သတိပေးဦးမှာပါ။

ဒီ Feature လေးကို ဖွင့်ထားချင်တယ် ဆိုရင်တော့ Reminders App ထဲကိုဝင်ပါ။

“+ New Reminder” လေးကိုရွေးပြီး အကြောင်းအရာနဲ့ အချိန်သတ်မှတ်ပေးလိုက်ပါ။

ပြီးရင်တော့ Urgent ကို On ပေးလိုက်ရင်ရပါပြီ။

ဒါဆိုရင်တော့ Reminder မှာ သတ်မှတ်ထားတဲ့ချိန်ရောက်တာနဲ့ Alarm မြည်သံပါထွက်ပေါ်လာမှာ ဖြစ်လို့ မေ့တတ်တဲ့သူတွေ အတွက် အသင့်တော်ဆုံးပဲနော်။

#mCare #ServiceProvider #iPhone #iOS26.2 #Reminder #Alarm
ဖုန်းမရှိရင် ဘာမှလုပ်လို့မရတဲ့ သူတွေအတွက် mCare ရဲ့ "ဒီနေ့အပ် ဒီနေ့ရ" ဝန်ဆောင်မှုရှိတယ်နော်။

ရေစိုသွားတဲ့ iPhone လေးက အခုထိ ပုံမှန် မဟုတ်သေးဘူးဆိုရင်တော့... ဒီတိုင်းကြာကြာထားလေ ပိုဆိုးလေပဲနော်။ နောက်ကျသွားရင် Repair Cost ပိုများသွားနိုင်လို့ အချိန်မှီ စစ်ဆေးထားတာဟာ အကောင်းဆုံးပါပဲ။

mCare မှာတော့ Spare Parts Stock ရှိတဲ့ Model တွေအတွက် ဒီနေ့လာအပ်တာနဲ့ ဒီနေ့ချက်ချင်း ပြန်လည်ရရှိအောင် အမြန်ဆုံး ပြုပြင်ပေးသွားမှာပါ။

အချိန်အကြာကြီး စောင့်နေစရာမလိုဘဲ အမြန်ဆုံး ပြန်လည်အသုံးပြုချင်သူတွေအနေနဲ့ mCare Apple Authorised Service Provider မှာ အမြန်ဆုံး လာရောက်စစ်ဆေးလိုက်တော့နော်။

⚠️ မှတ်ချက် - Stock ရှိသည့် Model များအတွက်သာ နေ့ချင်းပြီး ပြုပြင်ပေးသွားမည်ဖြစ်ပါသည်။
iPhone 14, 14 Plus နဲ့ 15 Plus ကိုင်ထားသူတွေထဲမှာ…

မတော်တဆ ပြုတ်ကျလို့ပဲဖြစ်ဖြစ်၊ ဖိမိလို့ပဲဖြစ်ဖြစ် အနောက်မှန်လေး အက်ကွဲနေပြီလား။

မှန်ကွဲနေတာက ဖုန်းရဲ့ အလှကို ထိခိုက်စေရုံတင်မကဘဲ
ရေဝင်တာ၊ ဖုန်ဝင်တာမျိုးတွေကြောင့် Hardware ပိုင်းကိုပါ ပိုပျက်စီးစေနိုင်ပါတယ်။

ဒါကြောင့် mCare Apple Authorized Service Provider မှာ Original Back Glass ကို 50% OFF နဲ့ အသစ်အတိုင်းဖြစ်အောင် လဲလှယ်လိုက်ပါ။

Apple Certified Technician များကိုယ်တိုင် စနစ်တကျ ပြုပြင်ပေးမှာဖြစ်ပြီး 
Apple က တိုက်ရိုက်ထုတ်ပေးတဲ့ Original ပစ္စည်းအစစ်များကိုပဲ (50% Off) နဲ့ ပြုပြင်ပေးမှာဆိုတော့ အတန်ဆုံးပဲနော်။ 

⚠️ Stock အကန့်အသတ်ရှိတာဖြစ်လို့ ကိုယ့်ဖုန်းလေးကို အမြန်ဆုံး ယူဆောင်လာခဲ့လိုက်တော့နော်။
ရေပက်ခံထွက်ရင်းဖြစ်ဖြစ်၊ အမှတ်မထင် ရေစိုသွားလို့ပဲဖြစ်ဖြစ်

သင့်ရဲ့ iPhone ထဲ ရေဝင်သွားပြီဆိုရင် ပျက်စီးမှုနည်းနိုင်သမျှနည်းအောင် ဒီ ဆောင်ရန်ရှောင်ရန်အချက်လေးတွေ သိထားဖို့လိုပါတယ်။

လုံးဝ (လုံးဝ) မပြုလုပ်သင့်သည့်အချက်များ (Don’ts)

▪️ ဆန်အိုးထဲ ထည့်ခြင်း – ဆန်ထဲက အမှုန်အမွှားလေးတွေက Speaker နဲ့ Charging ပေါက်ထဲဝင်ပြီး ဖုန်းကို ပိုပျက်စီးစေနိုင်ပါတယ်။

▪️ Hair Dryer သုံးပြီး အပူပေးခြင်း – လေပူတွေက iPhone ရဲ့ အတွင်းပိုင်း Component တွေကို ပျက်စီးစေရုံတင်မက ရေငွေ့တွေကို ပိုပြီး အတွင်းထဲရောက်အောင် တွန်းပို့သလို ဖြစ်စေပါတယ်။

▪️ အားသွင်းခြင်း – ရေစိုနေတုန်း အားသွင်းလိုက်တာက ဖုန်းအတွင်းပိုင်းမှာ Shortcut ဖြစ်ပြီး Circuit လောင်သွားစေနိုင်ပါတယ်။

အမြန်ဆုံး လုပ်ဆောင်သင့်သည့်အချက်များ (Do’s)

▫️ အပြင်ဘက်ကို အဝတ်နဲ့ အရင်ခြောက်အောင်သုတ်ပါ။
▫️ ဖုန်းထဲက ရေတွေကျလာတဲ့အထိ မတ်မတ် ထောင်ထားပေးပါ။
▫️ ပန်ကာရှေ့မှာ (သို့) လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ အနည်းဆုံး (၅) နာရီကနေ တစ်ရက်လောက်အထိ လေအေးနဲ့ အခြောက်ခံထားပေးပါ။

ရေဝင်တာ အချိန်ပိုကြာလေ အတွင်းပိုင်းမှာ သံချေးတက်နိုင်လေဖြစ်လို့ ကိုယ့်ဘာသာ လုပ်ကြည့်လို့ အဆင်မပြေရင် mCare Apple Authorised Service Provider ကိုသာ အမြန်ဆုံး ယူဆောင်လာခဲ့ပါ။

Apple Certified Technician များက သင့်ရဲ့ iPhone ကို အသစ်အတိုင်းပြန်ဖြစ်သွားအောင် အကောင်းဆုံး ပြန်လည်ပြုပြင်ပေးသွားမှာပါ။
သင်သိပါသလား။

သင့်ရဲ့ တန်ဖိုးကြီး Apple Device တွေ အမြဲတမ်း Performance အကောင်းဆုံး ဖြစ်နေဖို့ဆိုရင် စိတ်ချရတဲ့ စစ်ဆေးမှုတွေနဲ့  ပြုပြင်ထိန်းသိမ်းမှုတွေက အရေးကြီးဆုံးပါပဲ။

Apple Authorized Service Center ဖြစ်တဲ့ mCare မှာတော့....
Apple ရဲ့ တရားဝင် Diagnostics Systems ကို အသုံးပြုပြီး Hardware Health၊ Performance နဲ့ မမြင်နိုင်တဲ့ Hidden Errors တွေကိုပါ အသေးစိတ် စစ်ဆေးပေးနေပါတယ်။

သင့် Device ကို ဘယ်မှာပဲ ဝယ်ထားဝယ်ထား၊ Warranty သက်တမ်း ကုန်ဆုံးနေပြီဆိုရင်တောင် mCare မှာ စိတ်ချလက်ချ လာရောက်စစ်ဆေးနိုင်ပါတယ်။

စစ်ဆေးပြီးထွက်လာတဲ့ Result အပေါ်မူတည်ပြီး ကျွန်တော်တို့ရဲ့ Apple Certified Technicians များက မူလအတိုင်း ပြန်လည်ကောင်းမွန်သွားအောင် အာမခံချက်အပြည့်နဲ့ ပြုပြင်ပေးသွားမှာပါ။

သင်တန်ဖိုးထားရတဲ့ Apple Device တိုင်းအတွက် စိတ်ချရတဲ့ mCare Apple Authorized Service Center ကိုသာ အမြဲရွေးချယ်လိုက်ပါ။
iPhone အကြောင်းကို တစ်ခုခုသိချင်တယ်ဆို Safari ရှာနေတုန်းလား။

ကိုယ်က iPhone User တစ်ဦးဆိုရင်တော့ ကိုယ်မသိသေးတဲ့ အမိုက်စား Feature အသစ်တွေနဲ့ Error ဖြေရှင်းနည်းတွေကို တစ်နေရာတည်းမှာ အလွယ်တကူ သိရှိနိုင်မယ့် "Apple Support App" လေးအကြောင်း သိထားသင့်တယ်နော်။ 

Official Apple Support App မှာ ဘာတွေလုပ်လို့ရလဲဆိုတော့...

☑️ ဖြစ်နေတဲ့ Error လေးတွေအတွက် Step-by-step ဖြေရှင်းနည်းတွေကို ကြည့်နိုင်မယ်။ 
☑️  Apple Support Team နဲ့ တိုက်ရိုက် Chat ပြောလို့ရမယ်။ 
☑️ Repair Appointment တွေကို App ကနေတစ်ဆင့် အလွယ်တကူ Booking လုပ်နိုင်မယ်။ 
☑️ ကိုယ်သုံးနေတဲ့ Apple Devices တွေရဲ့ Warranty နဲ့ အချက်အလက်တွေကို တစ်နေရာတည်းမှာ စစ်ဆေးနိုင်မယ်။

ဒီ App လေးကို အသုံးပြုဖို့ ကိုယ့်ရဲ့ Apple ID နဲ့ Login ဝင်ထားရုံနဲ့ အခမဲ့ အသုံးပြုလို့ရပါတယ်။

အရမ်းအသုံးဝင်ပြီး အချိန်ကုန်သက်သာစေသလို ပိုပြီးလည်း စိတ်ချရတာမလို့ အခုပဲ Download ဆွဲထားလိုက်တော့နော်။ 

တကယ်လို့ App ထဲမှာ ကိုယ်တိုင်ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာတွေ ရှိလာခဲ့ရင်တော့ mCare Apple Authorized Service Provider ကို သတိရလိုက်ပါ!
mCare မှာ Apple ရဲ့ Official Diagnostic Tools တွေနဲ့ သင့်ဖုန်းရဲ့ Battery အခြေအနေကို အတိအကျ စစ်ဆေးပေးသွားမှာပါ။ Apple Certified Technicians ကိုယ်တိုင် လဲလှယ်ပေးမှာဖြစ်ပြီး ရက်ပေါင်း (၉၀) အထိ အာမခံ အပြည့်အဝ ပေးထားပါတယ်။

iPhone သာမက MacBook, iPad နဲ့ Apple Watch တွေမှာလည်း ဒီလိုလက္ခဏာတွေ ဖြစ်လာပြီဆိုရင် စိတ်ချရတဲ့ mCare ကို သတိရလိုက်ပါ။

📍 Battery Service Pricing Link: https://mcare.com.mm/battery-service-pricing
Apple Devices တွေမှာ Battery လဲမယ်ဆို % တစ်ခုတည်းကို ကြည့်ရုံနဲ့ မလုံလောက်ပါဘူး။

▪️ သင့် Device က သုံးနေရင်း အရင်ထက် သိသိသာသာ ထစ်တာ/လေးတာမျိုး၊
▪️ အားရှိရက်နဲ့ ဖုန်းက ရုတ်တရက် ပိတ်သွားတာမျိုး၊
▪️ ပုံမှန်ထက် ပိုပြီး စက်ပူလာတာမျိုးတွေ ကြုံနေရပြီဆိုတော့ Battery လဲဖို့ အချိန်တန်နေပါပြီ။

အများစုက 80% အောက် ရောက်မှ လဲရမယ်လို့ ထင်ကြပါတယ်။

တကယ်တော့ 80% ဝန်းကျင်မှာတင် သင့်ဖုန်းရဲ့ Processing Speed က သိသိသာသာ နှေးသွားတတ်ပါတယ်။

ဒီလို အခြေအနေတွေ ကြုံနေရပြီဆိုရင်တော့...
အာမခံချက်မရှိတဲ့ အပြင်ဆိုင်မှာ Battery လဲမယ့်အစား mCare Apple Authorised Service Provider မှာ Apple Genuine Parts တွေနဲ့ စိတ်အေးလက်အေး လဲလိုက်ပါ။
သီချင်းနားထောင်ရင်း တလောကလုံးကို မေ့သွားတတ်တဲ့သူတွေအတွက် AirPods တစ်လုံးက မရှိမဖြစ်ပဲနော်။

ဒါပေမဲ့ နေ့စဉ်ဝတ်ဆင်နေရတာဆိုတော့ ချွေးစိုတာ၊ ပြုတ်ကျတာတွေကြောင့်
တစ်ဖက်က အသံကောင်းကောင်းမထွက်တော့တာ၊ အသံတွေ တုန်နေတာ ဒါမှမဟုတ် Battery မခံတော့တာမျိုးတွေ ကြုံလာရပြီဆိုရင်တော့... စိတ်အနှောင့်အယှက် ဖြစ်ရတယ်နော်။

“ဒီလိုတွေဖြစ်နေတာ... အသစ်ပဲ ပြန်ဝယ်လိုက်ရမလား။”

အသစ်တစ်စုံ ထပ်ဝယ်ဖို့ မလိုပါဘူး။

mCare မှာ AirPods (2nd Gen) နဲ့ AirPods Pro အစိတ်အပိုင်းတွေကို ဘယ်ဖက်ပဲဖြစ်ဖြစ်၊ ညာဖက်ပဲဖြစ်ဖြစ် 50% OFF နဲ့ လဲလှယ်ပေးနေပါပြီ။

ကိုယ့်ရဲ့ AirPods လေးကို တစ်ဝက်ဈေးလေးနဲ့ အရင်လို ပြန်ကောင်းအောင် လုပ်ပြီး သီချင်းတွေထဲမှာ ပြန်လည်စီးမျောလိုက်ရအောင်။

(Limited Stock ဖြစ်လို့ ပစ္စည်းလက်ကျန်ရှိတုန်း အမြန်ဆုံးလာရောက်ဖို့တော့ လိုမယ်နော်!)
mCare Apple Authorised Service Provider
Photo
ဘယ်လိုလဲ... အသစ်ဝယ်ထားတဲ့ iPhone 17 Family နဲ့ iPhone Air လေးတွေ ကိုင်ရတာ အဆင်ပြေကြရဲ့လား။

တန်ဖိုးကြီးတဲ့ ဖုန်းအသစ်စက်စက်လေးတွေကို Cover အထူကြီးတွေတပ်ပြီး ဖုန်းရဲ့ Original အလှကို ဖျောက်ပစ်လိုက်ရမှာ နှမြောစရာကြီးနော်။
အလှပဆုံးနဲ့ အပါးလွှာဆုံး ဒီဇိုင်းကို စိတ်လွတ်ကိုယ်လွတ် ခံစားနိုင်ဖို့ mCare Ultra Protection Plan ရှိတယ်ဆိုတာ မမေ့နဲ့ဦး။

mCare Ultra Protection Plan ကို (၇၉၉,၀၀၀) ကျပ်နဲ့ ဝယ်ယူထားရုံနဲ့…

▪️Unlimited Battery Replacement (2 Years)
၂ နှစ်အတွင်း Battery လဲလှယ်ရန် လိုအပ်ပါက အကြိမ်ရေအကန့်အသတ်မရှိ အခမဲ့ လဲလှယ်ခွင့်၊

▪️Unlimited Display & Back Glass Service (1 Year): ၁ နှစ်အတွင်း ရှေ့မှန်/နောက်မှန် ကွဲတာ၊ ထိခိုက်တာတွေအတွက် (၉၉,၀၀၀) ကျပ် တည်းနဲ့ Apple Genuine Parts တွေကို အကြိမ်ရေအကန့်အသတ်မရှိ စိတ်ကြိုက်လဲလှယ်ခွင့်။

▪️Unlimited Whole Unit Replacement (1 Year): ဖုန်းတစ်ခုလုံး ထိခိုက်သွားလို့ အသစ်လဲဖို့ လိုအပ်ရင်တောင် (၉၉၉,၀၀၀) ကျပ် ပေးရုံနဲ့ တစ်နှစ်အတွင်း အကြိမ်ရေအကန့်အသတ်မရှိ ရယူနိုင်မှာဖြစ်ပါတယ်။ 

ဒီ mCare Ultra Protection Plan လေးရှိနေရင်တော့ သင့်ဖုန်းအသစ်လေးကို စိတ်ပူစရာမလိုဘဲ နှစ်အကြာကြီးအထိ အမြဲတမ််းအသစ်အတိုင်း စိတ်ကြိုက်ကိုင်လို့ရပြီနော်။

mCare Apple Authorised Service Provider ဆိုင်ခွဲတိုင်းမှာ အခုပဲ စုံစမ်းဝယ်ယူလိုက်ပါ။
Phone 14 တို့ 15 Plus တို့လို အမိုက်စားဖုန်းတွေကို ကိုင်ရတာလည်း တကယ် Vibe တစ်ခုပဲနော်။ ဒါပေမဲ့ တစ်ချက်လေး မတော်တဆ ပြုတ်ကျတာနဲ့ နောက်မှန်လှလှလေး အက်ကွဲသွားပြီဆိုရင်တော့ တကယ်ကို ကြေကွဲစရာပါပဲ။ 😢
နောက်မှန်ကွဲလေးကို အပြင်သွားရင် သူများမြင်မှာစိုးလို့ ဖုံးဖုံးဖိဖိ ကိုင်နေရတာ၊ Cover တွေမျိုးစုံတပ်ပြီး ဖုံးထားရတာကလည်း စိတ်အနှောင့်အယှက် ဖြစ်စရာ တစ်ခုပဲနော်။

ပြန်ပြင်ဖို့ကလည်း ဈေးကြီးမှပဲ တွေးနေပြီလား။
ပြီးတော့ Apple Authorized ဆိုင်မှာပဲ စိတ်ချရတဲ့ လက်ရာကောင်းကောင်းနဲ့ တန်တန်လေး ပြန်ပြင်ချင်တယ် ဆိုတဲ့သူတွေအတွက် သတင်းကောင်းလေး ရှိတယ်နော်။

mCare Apple Authorised Service Provider မှာ iPhone 14, 14 Plus နဲ့ 15 Plus အသုံးပြုသူတွေအတွက် Back Glass Repair Service ကို 50% OFF နဲ့ ပြုပြင်ပေးနေပါပြီ။

ဒီအတိုင်းကြီး ဆက်သုံးနေမယ့်အစား ကိုယ့်ရဲ့ iPhone လေးကို တစ်ဝက်ဈေးလေးနဲ့ပဲ အသစ်စက်စက်အတိုင်း ပြန်ဖြစ်အောင် mCare မှာ အခုပဲ လာရောက်ပြုပြင်လိုက်ပါ။
Genmoji အကြောင်း သိပြီးကြပြီလား။

အခုဆို Apple Intelligence ရဲ့ Genmoji feature နဲ့ ကိုယ်တိုင် စိတ်ကူးယဉ်ထားတဲ့ Genmoji လေးတွေကို စာရိုက်လိုက်ရုံနဲ့ ကိုယ်တိုင် ဖန်တီးလို့ ရနေပြီနော်။

🐱 DJ တီးနေတဲ့ ကြောင်လေးလား။
🐶 Punk style နဲ့ Puppy လေးလား။ 
ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းတွေ၊ အိမ်က Pets လေးတွေကို Emoji လုပ်ပြီး စနောက်မလား။ အကုန်လုံး လုပ်လို့ရနေပြီနော်!

Genmoji တွေဖန်တီးချင်တယ်ဆိုရင်တော့

Keyboard မှာပါတဲ့ Emoji Section ထဲကိုသွားပါ။ Plus (+) ပါတဲ့ Genmoji icon လေးကို နှိပ်ပါ။
ကိုယ်ဖြစ်ချင်တဲ့ ပုံစံကို စာနဲ့ ရိုက်ထည့်ပါ။ (ဥပမာ- "A dog wearing sunglasses")
စိတ်ကြိုက်ဖြစ်ပြီဆိုရင် 'Done' နှိပ်ပြီး Message တွေမှာ Sticker အနေနဲ့ပါ သုံးလို့ရပါပြီ။

⚠️ ဒီ feature ကို အသုံးပြုမယ်ဆို Apple Intelligence ကို Support ပေးတဲ့ iPhone model ဖြစ်ဖို့နဲ့ နောက်ဆုံး iOS version ထိ မြှင့်ထားဖို့တော့ လိုအပ်ပါတယ်နော်။

Genmoji သုံးလို့ ရနေပြီဆို ဘယ်လိုပုံလေးတွေ ဖန်တီးဖြစ်လဲဆိုတာ ပြောပြခဲ့ဦးနော်။
Apple Device တွေ Service ပြရတော့မယ်ဆို Apple ရဲ့ တရားဝင် အသိအမှတ်ပြု mCare Apple Authorized Service Provider ရှိတယ်နော်။

ကျွန်တော်တို့ mCare မှာဆိုရင် Apple User အားလုံးအတွက်...

Apple ကျွမ်းကျင် Technician များကိုယ်တိုင် စနစ်တကျ စစ်ဆေးပေးခြင်း၊
Apple Warranty ပိုင်းဆိုင်ရာ ကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးခြင်း၊
Apple Original အပိုပစ္စည်းများသာ အသုံးပြု ပြုပြင်ပေးခြင်း၊
Apple ရဲ့ တရားဝင် Diagnostic Server နဲ့ စနစ်တကျစစ်ဆေးပေးလို့ Error တွေကို တိတိကျကျ သိနိုင်ခြင်း။

ဒီအချက်တွေကြောင့်ပဲ Apple Users တော်တော်များများက ၁၀၀% စိတ်ချယုံကြည်ရတဲ့ mCare Apple Authorized Service Provider ကိုပဲ ရွေးချယ်ကြတာပေါ့။
mCare Apple Authorised Service Provider
Photo
နှစ်ယောက်တူတူနားထောင်ဖို့ နားကြပ်တစ်ယောက်တစ်ဖက် တပ်စရာမလိုတော့ဘူးနော်။

ချစ်သူ၊ သူငယ်ချင်းတွေနဲ့ သီချင်းတူတူနားထောင်တဲ့အခါ ဒါမှမဟုတ် ရုပ်ရှင်တူတူကြည့်တဲ့အခါ နားကြပ်ကို တစ်ယောက်တစ်ဖက် ခွဲတပ်နေစရာ မလိုတော့ပါဘူး။ 🎧

သင့်မှာ iPhone (သို့မဟုတ်) iPad ရှိရုံနဲ့ သင့်ရဲ့ AirPods / Beats နားကြပ်ကအသံကို ဘေးနားက ကိုယ့်ဘော်ဒါရဲ့ နားကြပ်ဆီ တိုက်ရိုက် Share လုပ်ပြီး နားထောင်လို့ရပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုရင်…
▪️ အရင်ဆုံး ကိုယ့် AirPods နဲ့ ဖုန်းကို ပုံမှန်အတိုင်း ချိတ်ဆက်ပါ။
▪️ ပြီးရင် Control Center ကိုဆွဲချ၊ AirPlay Icon လေးကိုနှိပ်ပြီး “Share Audio" ဆိုတာလေးကို နှိပ်လိုက်ပါ။
ဒါဆိုရင်တော့ ကိုယ့်ရဲ့ဖုန်းကို တခြား AirPods တစ်ခုနဲ့ ထပ်ပြီးချိတ်လို့ရပါပြီ။ (လိုအပ်ရင်တော့ Pairing Mode လုပ်ပေးပါ)

ချိတ်ပြီး နှစ်ယောက်တူတူ နားထောင်လို့ရမယ့်အပြင် တစ်ယောက်ချင်းစီအတွက်လည်း Volume Slider တစ်ခုစီနဲ့ အသံအတိုးအကျယ်ကို စိတ်ကြိုက် ချိန်ညှိလို့ရပါတယ်။

ပြန်ဖြုတ်ချင်ပြီဆိုရင်တော့ Control Center ထဲက နားကြပ်ပုံလေးကို ပြန်နှိပ်ပြီး တခြားသူရဲ့ AirPods Name ဘေးက အမှန်ခြစ်လေးကို ဖြုတ်လိုက်ရုံပါပဲ။

ကဲ... အခုပဲ သူငယ်ချင်းနဲ့အတူ စမ်းကြည့်လိုက်တော့နော်။