ပညာရေးဝန်ကြီးဌာနသတင်းများ
8.5K subscribers
176 photos
11 videos
43 files
79 links
Download Telegram
ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၆ မတ် ၁၃
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ တိုင်းပညာရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ၊ မင်္ဂလာဒီပရှိစာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးသည်။
သတင်းအပြည့်အစုံဖတ်ရှုရန်>>
https://www.moe.gov.mm/my/content/ဒုတိယဝန်ကြီး-ဒေါက်တာဇော်မြင့်-၂၀၂၆-ခုနှစ်-တက္ကသိုလ်ဝင်စာမေးပွဲ-တတိယနေ့-သင်္ချာဘာသာရပ်
3
ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ၊ နောင်ချိုနှင့် ပြင်ဦးလွင် မြို့နယ်ရှိ စာစစ်ဌာနများသို့သွားရောက်၍ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၆ မတ် ၁၃
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ပညာရေးမှူး(ရုံးခွဲ) ညွှန်ကြားရေးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ နောင်ချိုမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာနသို့ သွားရောက်၍ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ၏ အုပ်ထိန်းသူများနှင့် လိုက်ပါ ပို့ဆောင်အားပေးကြသည့် ကျောင်းသားမိဘများ၊ တာဝန်ရှိသူ ဆရာ ဆရာမများကို တွေ့ဆုံ အားပေး စကားပြောကြားသည်။
သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/ဒုတိယဝန်ကြီး-ဦးနေမျိုးလှိုင်-ရှမ်းပြည်နယ်မြောက်ပိုင်း-ကျောက်မဲ၊-နောင်ချိုနှင့်-ပြင်ဦးလွင်
5
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး
ရန်ကုန် ၂၀၂၆ မတ် ၁၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ညွှန်ကြားရေးမှူး ချုပ်များ၊ တိုင်းပညာရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာန၌ ကျောင်းသား ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒနှင့် ပထဝီဝင် ဘာသာရပ်ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/ပြည်ထောင်စုဝန်ကြီး-ဒေါက်တာ-ချောချောစိန်-၂၀၂၆-ခုနှစ်-တက္ကသိုလ်ဝင်စာမေးပွဲ-စတုတ္ထနေ့
4
ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ကျောင်းသား ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၆ မတ် ၁၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်း၊ ပြင်ဦးလွင်ခရိုင် ပညာရေးမှူးရုံးမှ တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ အေးချမ်းစွာဖြေဆို နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘ များနှင့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/ဒုတိယဝန်ကြီး-ဦးနေမျိုးလှိုင်-ကျောင်းသား-ကျောင်းသူများ-၂၀၂၆-ခုနှစ်-တက္ကသိုလ်ဝင်စာမေးပွဲ
6
၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ တိုင်းဒေသကြီး / ပြည်နယ်များတွင် နေ့စဉ်ဖြေဆိုမှု အခြေပြဇယား (၁၆-၃-၂၀၂၆)
7
တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့တွင် ရူပဗေဒ+သမိုင်း ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၄၆၄၉ ဦးရှိ
6
ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့် မိတ္ထီလာမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် စာမေးပွဲ‌ဖြေဆိုနေမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၆ မတ် ၁၆
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ မိတ္ထီလာတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာပညာရေးဒီဂရီကောလိပ်များတွင် စာမေးပွဲဖြေဆိုကြမည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ ပထမနေ့တက္ကသိုလ်စာမေးပွဲ စိတ်အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုသည်။
သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/ဒုတိယ၀န်ကြီး-ဒေါက်တာဇော်မြင့်-မိတ္ထီလာမြို့ရှိ-တက္ကသိုလ်၊-ဒီဂရီကောလိပ်များတွင်-စာမေးပွဲ
11
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှု ကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၆ မတ် ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ Naypyitaw State Academy ပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်(ဥပဒေ)၊ ပထမနှစ်ဂုဏ်ထူးတန်း၊ ဒုတိယနှစ်ဂုဏ်ထူးတန်း၊ တတိယနှစ်ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ မဟာတန်းပထမနှစ်နှင့် မဟာတန်း ဒုတိယနှစ်သင်တန်းများ၏ ပထမပညာသင်ကာလ စာမေးပွဲများတွင် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/ပြည်ထောင်စုဝန်ကြီး-ဒေါက်တာချောချောစိန်-ကျောင်းသား-ကျောင်းသူများ-အေးချမ်းစွာ
13🥰1