ပညာရေးဝန်ကြီးဌာနသတင်းများ
8.5K subscribers
176 photos
11 videos
43 files
79 links
Download Telegram
ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ဖြေဆိုနေမှု လှည့်လည်ကြည့်ရှု
နေပြည်တော် မတ် ၁၁
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ဖြေဆိုနေမှုများကို သီးခြားစီ လှည့်လည်ကြည့်ရှုအား‌ပေးကြသည်။
သတင်းအပြည့်အစုံဖတ်ရှုရန်»
https://www.moe.gov.mm/my/content/ဒုတိယ၀န်ကြီး-ဒေါက်တာဇော်မြင့်နှင့်-ဦးနေမျိုးလှိုင်-၂၀၂၆-ခုနှစ်-တက္ကသိုလ်ဝင်စာမေးပွဲနှင့်
7
၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ တိုင်းဒေသကြီး / ပြည်နယ်များတွင် နေ့စဉ်ဖြေဆိုမှု အခြေပြဇယား
(ဘာသာရပ်များအားလုံး)
7
တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့တွင် အင်္ဂလိပ်စာ ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၄၉၄၆ ဦးရှိ
9
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၆ မတ် ၁၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်ရှိ ရွှေနတ်တောင် အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၊ ချောင်းဆုံမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျိုက်မရောမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ရှိ စာစစ်ဌာနများ၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
သတင်းအပြည့်အစုံဖတ်ရှုရန်>>
https://www.moe.gov.mm/my/content/ပြည်ထောင်စုဝန်ကြီး-ဒေါက်တာချောချောစိန်-၂၀၂၆-ခုနှစ်-တက္ကသိုလ်ဝင်စာမေးပွဲ-ဒုတိယနေ့
👍31
ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၆ မတ် ၁၂
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကျောက်ဆည်မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနသို့ သွားရောက်၍ ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ သက်ဆိုင်ရာဘာသာရပ်အလိုက် စိတ်အေးချမ်းသာစွာ ဖြေဆိုနေသည့် ကျောင်းသား ကျောင်းသူများကို လိုက်လံကြည့်ရှုအားပေးပြီး လက်တွေ့ဖြေဆိုမည့် စာဖြေခန်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ အားလုံးပူးပေါင်း၍ စာမေးပွဲလုပ်ငန်းစဉ်များ အောင်မြင် ပြီးမြောက်သည်အထိ အလေးထားဆောင်ရွက် ပေးကြရန်မှာကြားသည်။
သတင်းအပြည်အစုံဖတ်ရှုရန်>>
https://www.moe.gov.mm/my/content/ဒုတိယဝန်ကြီး-ဦးနေမျိုးလှိုင်-တက္ကသိုလ်ဝင်စာမေးပွဲနှင့်-စက်မှု၊-စိုက်ပျိုး၊
9
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်၊ စက်မှုအတတ်ပညာ(သင်္ချာ)၊ စိုက်ပျိုးရေးအတတ်ပညာ (သီးနှံထုတ်လုပ်ရေး(၂))နှင့် မွေးမြူရေးအတတ်ပညာ (ဝက်မွေးမြူထုတ်လုပ်ရေး) ဘာသာရပ်များအား ဆက်လက်ဖြေဆို
နေပြည်တော် ၂၀၂၆ မတ် ၁၃
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယနေ့စာမေးပွဲ ဖြေဆိုမှု တတိယနေ့တွင် သက်ဆိုင်ရာဘာသာရပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြသည်။
ဦးစွာ စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။
သတင်းအပြည့်အစုံဖတ်ရှုရန်>>
https://www.moe.gov.mm/my/content/၂၀၂၆-ခုနှစ်-တက္ကသိုလ်ဝင်စာမေးပွဲ-တတိယနေ့-သင်္ချာဘာသာရပ်၊-စက်မှုအတတ်ပညာသင်္ချာ၊
3
ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး
နေပြည်တော် ၂၀၂၆ မတ် ၁၃
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ တိုင်းပညာရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ၊ မင်္ဂလာဒီပရှိစာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးသည်။
သတင်းအပြည့်အစုံဖတ်ရှုရန်>>
https://www.moe.gov.mm/my/content/ဒုတိယဝန်ကြီး-ဒေါက်တာဇော်မြင့်-၂၀၂၆-ခုနှစ်-တက္ကသိုလ်ဝင်စာမေးပွဲ-တတိယနေ့-သင်္ချာဘာသာရပ်
3