𝐋𝐢𝐧𝐧 𝐍𝐚𝘆
23.5K subscribers
24.3K photos
2.26K videos
3 files
1.32K links
Download Telegram
-
ကျိုက်မရောမြို့နယ် ကျွန်းကုန်းကျေးရွာတာဝန်ခံ၊၎င်း၏ဇနီးဖြစ်သူနှင့် ရွာသား၅ဦးတို့ကိုKNU/ PDF အကြမ်းဖက်များ ဖမ်းဆီး
===============================================================
၂၀၂၄ ၊ဧပြီ ၁၇

ပြီးခဲ့သည့်ဧပြီလ ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် -

ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာ အုပ်စု၊ ကျွန်းကုန်းကျေးရွာတာဝန်ခံ ဦးကျော်မြင့်၏နေအိမ်သို့ KNU/PDF အကြမ်း ဖက် သောင်းကျန်သူပူးပေါင်းအဖွဲ့များ ရောက်ရှိလာပြီး ဦးကျော်မြင့်အား မတွေ့ရှိသဖြင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မြ ၅၇ နှစ်နှင့် အမျိုးသား ၅ ဦး၊ စုစုပေါင်း ၆ ဦးတို့အား နေအိမ်၌ တွေ့ရှိသဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သတင်းရရှိသည်။
#Vital
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (Snow🇲🇲)
April 18

KIA နှင့် ကချင်ပြည်သူများအား ခမောချောင်းဘက်သို့ မလာရန် နှင့် ကွတ်ခိုင်မြို့ရှိ KIA ရုံးနှင့်တပ်ဖွဲ့ဝင်များ  ထွက်ခွာရန် TNLA သတိပေး
===============================================================-=
၂၀၂၄၊ ဧပြီ ၁၈

ပြီးခဲ့သည့်  ဧပြီလ ၁၄ ရက်တွင် ကချင်လူငယ် ၂ ဦးမှ နမ့်ဖတ်ကာမြို့ရှိ မီးဘေးအန္တရာယ်ကာကွယ်ရန် အသုံးပြုနေသည့် မီးသတ်ကား အား ခမောချောင်းသို့ ရေဖြည့်ရန်သွားရောက်စဉ် TNLA သောင်းကျန်းသူများပါဝင်သော ပလောင်လူငယ်အင်အား ၄၀ ဦးခန့်က ခမောချောင်းအတွင်းမှ ရေမယူရန် တားမြစ် ခြိမ်းခြောက်၍ သေနတ်ဖောက်ခဲ့သဖြင့် အနီးဝန်းကျင်မှ ကချင်လူငယ်များကို အကူအညီ လှမ်းတောင်း၍ အဖွဲ့ ၂ ဖွဲ့ကြား ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ် နှင့်ပတ်သက်၍ တအာင်းပလောင်စာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ၏နေအိမ်တွင် TNLA သောင်း ကျန်းသူအဖွဲ့မှ စစ်ကြောင်းမှူးအဆင့်ရှိသူ(စိစစ်ဆဲ)က KIA သောင်းကျန်းသူအဖွဲ့ နှင့် ကချင်ပြည်သူများအား ခမောချောင်းဘက်သို့ လာရောက်ခြင်းမပြုရန် သတိပေး ပြောကြားခဲ့ကြောင်း၊ TNLA သောင်းကျန်းသူအဖွဲ့အနေဖြင့် ကွတ်ခိုင်မြို့ရှိ KIA သောင်းကျန်းသူအဖွဲ့ရုံးနှင့် တပ်ဖွဲ့ဝင်များအား ဧပြီလ ၁၅ ရက် နောက်ဆုံးထား၍ ကွတ်ခိုင်မြို့မှထွက်ခွာသွားရန် သတိပေးအကြောင်းကြားထားပြီး KIA သောင်းကျန်းသူ အဖွဲ့၏ သစ်တောထိန်းသိမ်းရေးဆိုင်းဘုတ်များကိုလည်း TNLA သောင်းကျန်းသူများက ဖျက်ဆီးခဲ့ကြောင်း၊ ၎င်းဖြစ်စဉ်များနှင့်ပတ်သက်၍ TNLA သောင်းကျန်းသူအဖွဲ့၏ လုပ်ရပ် အပေါ် အစွမ်းကုန်သည်းခံနေရကြောင်း KIA သောင်းကျန်းသူအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးအဆ့င်ရှိ နော်ဘူက ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။
#Vital