𝐋𝐢𝐧𝐧 𝐍𝐚𝘆
23.1K subscribers
24.3K photos
2.26K videos
3 files
1.32K links
Download Telegram
𝐋𝐢𝐧𝐧 𝐍𝐚𝘆
- ကျိုက်မရော ဘိလပ်မြေစက်ရုံသို့ သွားရောက်ပြီး PDF များထံမှ စက်ရုံပိုင်ပစ္စည်းများ ဝယ်ယူခဲ့သူ ခြောက်ဦး ဖမ်းဆီးခံရ ကျိုက်မရော၊ မေ ၁၅ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဘိလပ်မြေစက်ရုံသို့ သွားရောက်ပြီး PDF များထံမှ စက်ရုံပိုင်ပစ္စည်းများ ဝယ်ယူခဲ့သည်ဟုဆိုကာ…
-
Breaking News

မေလ ၁၈ ရက်နေ့(ယနေ့) နံနက်ပိုင်းတွင် ဆီဆိုင်မြို့နယ်၊ နောင်ကျောရွာတွင် ဒေသခံများ၏ နေအိမ်အတွင်းမှ အဖိုးတန်ပစ္စည်းများကို ခိုးယူနေသည့် PNLA/PDF အကြမ်းဖက်သမား ၅၀ ဦးအား မိမိကင်းထောက် Drone မှ တွေ့ရှိရသဖြင့် သွားရောက်ရှင်းလင်းရာ -
(၁) PNLA ဗိုလ်အဆင့်ရှိ အလောင်း ၁ လောင်း
(၂) M-4 သေနတ် ၁ လက်
(၃) ပစ္စတို ၁ လက်
တို့အား သိမ်းဆည်းရမိပြီး အကြမ်းဖက်သမားများ ကောင်းဝန်ကြီးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရပါသည်။

#တိုက်ပွဲသတင်းစုံ
🚨Breaking News🚨

၂၀၂၄ မေ ၁၈ ရက် နေ့လည်ချိန်ခန့်တွင် မံစီမြို့၊ နယ်မြေခံဌနခ ၏ အနောက်တောင် မီတာ ၄၀၀၀ ခန့်အကွာ ခမ(LG-236679)ဝန်းကျင်ရှိ ရာဘာခြံများတွင် စုဖွဲ့လျက်ရှိသည့် KIA/PDFပူးပေါင်းအဖွဲ့ အင်အား (စိစစ်ဆဲ) အား  လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ KIA/PDF အဖွဲ့ဝင် ၃၀ ဦးခန့် သေဆုံးခဲ့ပြီး ၅၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

#တိုက်ပွဲသတင်းစုံ
-
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံ- နွားထိုးကြီးလမ်းပိုင်း ရွာကြီးရွာ(သာယာကုန်းရွာ)၌ စစ်သွေးကြွ PDF များသည် ခရီးသည်များ၊ပြည်သူများကို ဆက်ကြေးကောက်ခြင်း၊ပြန်ပေးဆွဲခြင်း၊ဖုန်းများကို စစ်ဆေးခြင်းများ နေစဉ် ပြုလုပ်လျက်ရှိ၍ တိုင်းအစိုးရမှ ရှင်းလင်းပေးရန် ခရီးသွားပြည်သူများက တောင်းဆိုလျက်ရှိသည်။


အဆိုပါ ကျေးရွာ၌ PDF များ ဂိတ်ဖွင့်ထားမှုသည် လနဲ့ချီ ကြာမြှင့်နေကြောင်း ဒေသခံများက ပြောဆိုသည်။

#PeopleMedia
-
မြဝတီမြို့ကိုBGFအင်အားထောင်ကျော်နဲ့ထိန်းချုပ်ထား
====================================================
မေ၁၈၊၂၀၂၄။

ထိုင်းမြန်မာနယ်စပ်မြဝတီမြို့ကိုနယ်ခြားစာင့်တပ်BGFအင်အား၁၀၀၀ကျော်နဲ့မြို့တွင်းမြို့ပြင်ကုန်သွယ်ရေးဇုန်နေရာများအထိစိုးမိုးနေရာယူထားပြီးနေ့ရောညပါစစ်ရေးအသင့်အနေအထားနဲ့ကင်းလှည့် စစ်ဆေးလုပ်ဆောင်နေကြောင်းမြဝတီမြို့ခံတွေကပြောကြားပါတယ်။

“မြဝတီမှာဗိုလ်မုတ်သုန်ကတပ်မတော်ထောက်ခံတဲ့သူတွေနဲ့ပူးပေါင်းပြီးစစ်ရှောင်တွေကို ဆန်ဝေ၊ဆီဝေလုပ်ပေးတယ်။ ဗိုလ်ချစ်သူအဖွဲ့ရာချီကကားအစီး၃၀ကျော်နဲ့နေ့တိုင်းကင်းပါတ်တယ်။မြဝတီမြို့စောင့်တပ်ရင်းကမွန်ကျောင်းမှာအင်အားရာကျော်နဲ့စခန်းထိုင်ထားတယ်။ပြောရရင်မြဝတီမှာBGFကအင်အားထောင်ကျော်ရှိနေတဲ့သဘောတော့ရှိတယ်”

နောက်ပိုင်းမကြာခင်မှာနီပိန်းကင်းစင်၊နီပေါကင်းစင်ရေးနဲ့သုံးချောင်းထောင်များ၊CDMများအားရှင်းလင်းသုတ်သင်ရေးဆက်လက်ဆောင်ရွက်ဖို့ရိှနေကြောင်းပြောကြားသည်။
ရာဇဝင်မရှိဘူးညီလေးရေ🥴
ဘာတွေလျှောက်တင်နေကြတာတုန်း
-

သတင်းထုတ်ပြန်ချက်
မေ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။
=======================

ကချင်ပြည်နယ်
မံစီမြို့နယ်ရှိ တပ်ရင်းဌာနချုပ်တစ်ခု၏ အနီးဝန်းကျင်တွင် နယ်မြေရှင်းလင်းနေတဲ့ စစ်ကြောင်းနှင့် KIA/PDF သကသ ၃၀၀ ခန့်တို့ ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လေကြောင်းပစ်ကူယူ၍ တိုက်ခိုက်လျက်ရှိကြောင်း သိရှိရ။
>> KIA/PDF ၁ လောင်း၊ AK သေနတ် ၁ လက်၊ ကျည်အိမ်/ကျည်ဆန်များ သိမ်းဆည်းရမိပြီး မိမိဘက် စစ်သည် ၂ ဦး ဒဏ်ရာရရှိ။
-
အလားတူ မံစီမြို့နယ်အတွင်းရှိ တပ်ရင်းဌာနချုပ် နေရာ ၂ ခုအား KIA/PDF အင်အား(စုံစမ်းဆဲ)မှ အဝေး ၂ နေရာမှ နှောင့်ယှက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း သိရှိရ။
-
ထို့အတူ ဗန်းမော်မြို့နယ်တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ စစ်ကြောင်းနှင့် KIA/PDF သကသ ၉၀ ဦးခန့်တို့ ဗန်းမော်မြို့၏ တောင်ဘက် မီတာ ၇၀၀၀ ခန့်တွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ရန်သူပြန်လည် ဆုတ်ခွာ သွားခဲ့၊ မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိကြောင်း သိရှိရ။
-
ဗန်းမော်မြို့နယ်ရှိ တပ်ရင်းဌာနချုပ် ၂ ခုနေရာသို့ KIA အဖွဲ့မှ ရှော့တိုက်ဒုံး ၇ လုံးပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရပြီး လူ/အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သိရှိရ။
-
မိုးမောက်မြို့နယ်ရှိ တပ်ရင်းဌာနချုပ် ၁ ခုအား KIA/PDF သကသ ၁၅၀ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ရွပ်ရွပ်ချွံချွံပြန်လည်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရ။
-
အလားတူ မိုးမောက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းများနှင့် KIA/PDF သကသ ၅၀ ဦး တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ ရှော့တိုက်ဒုံး ၁၂ လုံး၊ ၆၀ မမ ၂၅ လုံးတို့ဖြင့် အဝေးမှ နှောင့်ယှက် တိုက်ခိုက်၊ မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ရန်သူအား တိုက်ခိုက်လျက်ရှိကြောင်း သိရှိရ။
-
KIA အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့၏ ခေါင်းဆောင် Rခေါင်လွမ်း ကျဆုံးမှုကို မကျေနပ်ခြင်းနှင့် စိတ်ဓာတ်ကျဆင်းနေသော KIA အဖွဲ့များအား ပြန်လည်စိတ်ဓာတ်တက်ကြွစေရန် ရည်ရွယ်၍ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖော်ဆောင်လျက်ရှိသောလည်း တပ်မတော်သားများ၏ ရွပ်ရွပ်ချွံချွံ ခုခံ တွန်းလှန်နေမှုများကြောင့် အကျအဆုံးများပြားလျက်ရှိကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရ။
-
ကယားပြည်နယ်
လွိုင်လင်လေးဒေသ၊ ထီးစဲခါးတံတား လုံခြုံရေးအဖွဲ့အား KNDF/PNLA အဖွဲ့မှ Drop Bomb ၅ လုံး ချ တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရပြီး ထိခိုက်မှုမရှိကြောင်း သိရှိရ။
-
ကရင်ပြည်နယ်
ဖာပွန်မြို့နယ်ရှိ တပ်ရင်းဌာနချုပ်နှင့် စစ်ဆေးရုံအား KNLA တမဟ (၅) သကသအဖွဲ့မှ Drop Bomb ၂၄ လုံး ကြဲချသဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း သိရှိရ။
-
ရခိုင်ပြည်နယ်
ဘူးသီးတောင်မြို့နယ်အတွင်းရှိ တပ်ရင်းဌာနချုပ် ၁ ခုနှင့် ကာကင်းနေရာများအား AA အကြမ်းဖက် သောင်းကျန်းသူ ၅၀ ဦးခန့်သည် Drop Bomb ၆ လုံးကြဲချပြီး တိုက်ခိုက်လာသဖြင့် မိမိဘက်မှ ပြန်လည် ပစ်ခတ်ချေမှုန်းခဲ့ကြောင်း သိရှိရ (မိမိထိခိုက်မှုမရှိ)။
-
စစ်ကိုင်းတိုင်းဒေသကြီး
သတင်းအရ ရေစကြိုမြို့နယ်၊ ကျောက်ထပ်ရွာအား ဝင်ရောက်ရှင်းလင်းစဉ် အကြမ်းဖက်သမား ၁၅ ဦးခန့်နှင့် ထိတွေ့မှုဖြစ်ပွားပြီး မိမိထိခိုက်မှုမရှိ၊ အကြမ်းဖက် ၆ လောင်း၊ လုပ်သေနတ် ၉ လက်၊ ကျည် ၅၀၀ ကျော်၊ လက်ပစ်ဗုံး ၆ လုံး၊ Drop Bomb ၁ လုံး၊ ယမ်းမှုန့် ၈ ပိဿာ၊ ဒီတိုနေတာ ၁၀၂ ချောင်း၊ တဲ ၃ လုံး၊ အိုင်ကွန် ၇ လုံး၊ ကား ၁ စီး၊ ဆိုင်ကယ် ၃ စီး၊ ဆန် ၂ အိတ် သိမ်းဆည်းရမိပြီး အကြမ်းဖက်သူများ မြောက်ဘက်သို့ ထွက်ပြေးသွားကြောင်း သိရှိရ။
-
မန္တလေးတိုင်းဒေသကြီး
PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ရွံရှာမုန်းတီးနေသည့် ဒေသခံပြည်သူများ၏ သတင်းပေးမှုကြောင့် မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာအနီးရှိ မသင်္ကာဖွယ်တဲ ၁ လုံးအား ဝင်ရောက်ရှင်းလင်းရာ အမျိုးသား ၁ ဦး ထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ရပြီး ၁၂ ဘိုးလ် သေနတ် ၁ လက်၊ ကျည် ၁၈ တောင့်၊ တရုတ်လက်ပစ်ဗုံး ၁ လုံးနှင့် အတူ အသေဖမ်းဆီးရမိပြီး တဲအတွင်းမှ ဆိုင်ကယ် ၁၀ စီး၊ သေနတ်ပြုလုပ်ရာတွင် အသုံးပြုသည့် တွင်ခုံ ဆက်စပ်ပစ္စည်းမျိုးစုံတို့အား သိမ်းဆည်းရမိကြောင်း သိရှိရ။

#တိုက်ပွဲသတင်းစုံ
Forwarded from Kyaw Win Maung ✍
ပြည်သူ့စစ် အင်အားကောင်းလာသောမန္တလေး ပြည်သူ့စစ်တပ်ဖွဲ့တွေလူငယ်တွေများပြီးတက်ကြွသွက်လက်တဲ့ လူငယ်တွေများစွာတွေ့နေရတယ် အရေးကြုံရင်အားကိုးရတဲ့မန်းပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ မတ္တရာ ၊နောင်ချို၊သရက်ကုန်းဘက်မှာလည်း တပ်မတော်နဲ့အတူတူပိတ်ဆို့တိုက်ခိုက်နေတာလည်းမန်းပြည်သူ့စစ်တွေပါတယ်ပြည်သူ့စစ် ဆိုတာ အချိန်မရွေးထွက်ခွင့်ရကြတော့ တကယ်စစ်တိုက်ခြင်တဲ့လူငယ်တွေအတွက်စစ်ပညာလည်းတတ်သွားသလိုရှေ့ဆက်အနာဂတ်အတွက်ဆိုတာလည်းအိမ်မက်ဆိုတာပုံဖော်လို့ရတယ်
ထွက်ခွင့်လွယ်ကူတော့လူငယ်တွေအတွက်အဆင်ပြေတယ်လေ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ဝင်လာကြတဲ့လူငယ်တွေလည်းဒီလိုနည်းစနစ်သာသွားရင်တော့တပ်မတော်အတွက် အရံအင်အားအတွက် စိတ်မပူရတော့ပါဘူး မန်းပြည်သူ့စစ်ကတော့ တကယ်လည်းတောတိုးတိုက်ခိုက်နေကြပါတယ်ထိန်းရမှာက မြို့ပေါ်ကျန်ခဲ့ပြီး ပြည်သူ့စစ်အယောင်ဆောင်လုပ်စားနေတဲ့ကောင်တွေကိုပဲထိန်းရမှာ


မန္တလေး ပသစ သင်တန်းဆင်းပွဲနှင့်တပ်နယ်မှူး(မန်း)မှTee Prade ဖြင့်ဧည့်ခံတွေ့ဆုမှာကြားထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနား

https://t.me/kyawwinmaung413
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (Snow🇲🇲)
May 18

ဒါတွေမိလိုက်လို့တော်သေးတာပေါ့...

ပဒက်တွေကိုတပ်ဆင်လိုက်ရင်နိုင်ငံရဲ့ဆူးငြှောင့်
ခလုပ်တွေတော်တော်ကြီးထွားသွားမယ်။

ပင်လုံလဲချားဘက်မှာဖမ်းဆီးရမိတာပါ။

Bhone Myint Thu