Let's Learn Programming - Myanmar
2.87K subscribers
191 photos
9 videos
2 files
146 links
Let's Learn Programming ရဲ့ telegram channel လေးပဲဖြစ်ပါတယ်။ ဒီ channel လေးကနေ Knowledge Sharing တွေ ၊ ထပ်မံဖွင့်လှစ်တဲ့ သင်တန်းအကြောင်းတွေ ၊ Computer Science ရဲ့ပတ်သတ်တဲ့ ebook file resources တွေကို share သွားပေးမှာပါ။
Download Telegram
သင်တန်းစုံစမ်းလိုပါက @LLPMM_LECTURER ကို စုံစမ်းနိုင်ပါတယ်
𝐃𝐚𝐭𝐚𝐛𝐚𝐬𝐞 𝐰𝐢𝐭𝐡 𝐏𝐲𝐭𝐡𝐨𝐧 𝐂𝐥𝐚𝐬𝐬
[ 𝐌𝐲𝐒𝐐𝐋 + 𝐌𝐨𝐧𝐠𝐨𝐃𝐁 ]
***********************
𝐒𝐭𝐚𝐫𝐭 - 𝐉𝐚𝐧 𝟐𝟏, 𝟐𝟎𝟐𝟓
𝐃𝐚𝐲𝐬 - 𝐓𝐮𝐞𝐬 & 𝐓𝐡𝐮𝐫𝐬𝐝𝐚𝐲𝐬
𝐓𝐢𝐦𝐞𝐬 - 𝟕 : 𝟎𝟎 𝐏𝐌 - 𝟖 : 𝟏𝟓 𝐏𝐌
𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧 - 𝟏.𝟓 𝐌𝐨𝐧𝐭𝐡𝐬
𝐅𝐞𝐞 - 𝟏̶𝟏̶𝟎̶,𝟎̶𝟎̶𝟎̶ 𝟗𝟗,𝟎𝟎𝟎 𝐌𝐌𝐊 𝐍𝐎𝐖
𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 - 𝐙𝐨𝐨𝐦
𝐈𝐧𝐬𝐭𝐫𝐮𝐜𝐭𝐨𝐫 - 𝐖𝐚𝐢 𝐘𝐚𝐧 𝐇𝐭𝐮𝐧 [ 𝐅𝐨𝐮𝐧𝐝𝐞𝐫 ]
𝐂𝐥𝐚𝐬𝐬 𝐒𝐢𝐳𝐞 - 𝟐𝟎
𝐏𝐫𝐞𝐫𝐞𝐪𝐮𝐢𝐬𝐢𝐭𝐞 - 𝐀𝐧𝐲 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞

Database ဆိုတာဘာလဲ
**************
Database ဆိုတာကတော့ data တွေကို စုစည်းထားပေးနိုင်ပြီး data အသစ်ထည့်သွင်းခြင်း ၊​ data ဖျက်သိမ်းခြင်း ၊ data ပြင်ဆင်ခြင်း ၊ data များကို ဆွဲယူအသုံးချခြင်း စတဲ့ data နဲ့ပတ်သတ်တဲ့ လုပ်ဆောင်ချက်များ ၊ စီမံခန့်ခွဲမှုများ လုပ်ဆောင်နိုင်တဲ့ အရာပဲဖြစ်ပါတယ်။

Database အမျိုးအစား
*************
SQL & NoSQL ဆိုပြီး အကြမ်းဖျင်းအားဖြင့် database အမျိုးအစား ၂ မျိုးရှိပါတယ်။ SQL ကတော့ Table ပုံစံများဖြင့် data တွေကို သိမ်းဆည်းပြီး ၊ NoSQL ကတော့ { key : value } အတွဲ (JSON Format)များဖြင့် data တွေကို document အနေနဲ့ သိမ်းပေးနိုင်ပါတယ်။

Database ရဲ့အရေးပါပုံ
*************
ကျွန်နော်တို့ လက်ရှိအသုံးပြုနေတဲ့ Software တွေ၊ Social Application တွေမှာ မြင်တွေ့နေရသမျှကတော့ data တွေပဲဖြစ်ပါတယ်။ data တွေတာမရှိဘူးဆိုရင် Application တစ်ခုဟာ ဘယ်လုပ်ဆောင်ချက်ကိုမှ ကောင်းကောင်းလုပ်နိုင်မှာမဟုတ်ပါဘူး။ data ဟာ အရာရာပဲဖြစ်တဲ့အတွက် အဲဒီ data တွေကို သိမ်းထားတဲ့ database များရဲ့ အခန်းကဏ္ဍဟာ အရမ်းအရေးပါသလို မရှိမဖြစ်လိုအပ်ပါတယ်။

ဒီ Database အတန်းလေးဟာ Python Programming နဲ့ တွဲပြီး SQL အနေနဲ့ MySQL DBMS ၊ NoSQL အနေနဲ့ Mongo DBMS ဖြင့် သင်ကြားရမှာဖြစ်တဲ့အတွက် prerequisite အနေနဲ့ Python Programming သို့မဟုတ် C,C++,C#,Java စသဖြင့် Programming Language တစ်ခုခုကို ရထားရင် အဆင်ပြေပါတယ်။

Python မရထားလည်း course မှာ အသုံးချသွားမယ့် Python Concepts များကို ပြန်သင်ကြားပေးသွားမျာပါ။

ထို့အပြင် Realworld Project များနှင့်အတူ Visualization Chart များဖြင့် ထိထိရောက်ရောက်သင်ကြားရမှာပဲဖြစ်ပါတယ်။

Course Outlines
**********

𝐒𝐐𝐋 - 𝐌𝐲𝐒𝐐𝐋 𝐃𝐁𝐌𝐒
*************
𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧
𝐒𝐞𝐭 𝐔𝐩 𝐌𝐲𝐒𝐐𝐋
👉 SQL Shell
👉 MySQL Workbench
𝐃𝐚𝐭𝐚𝐛𝐚𝐬𝐞 & 𝐓𝐚𝐛𝐥𝐞
👉 Create Database
👉 Create Table
👉 Drop Database
👉 Drop Table
👉 Alter Table
𝐈𝐧𝐬𝐞𝐭,𝐔𝐩𝐝𝐚𝐭𝐞 & 𝐃𝐞𝐥𝐞𝐭𝐞
👉 Insert Into
👉 Update
👉 Select Into
👉 Insert Into Select
👉 Delete
𝐒𝐞𝐥𝐞𝐜𝐭
👉 All Columns
👉 Specific Columns
👉 Select Where
👉 Select AS
👉 Select Limit
👉 Order By
👉 Group By
👉 Having Clause
𝐒𝐐𝐋 𝐎𝐩𝐞𝐫𝐚𝐭𝐨𝐫𝐬
👉 Arithmetic
👉 Comparison
👉 Logical
👉 String
👉 Set
👉 Null & Not Null
👉 Aggregate Operators
𝐂𝐨𝐧𝐬𝐭𝐫𝐚𝐢𝐧𝐭𝐬
👉 Not Null
👉 Unique
👉 Primary Key
👉 Foreign Key
👉 Check
👉 Default
👉 Composite Key
𝐏𝐲𝐭𝐡𝐨𝐧
👉 Set Up Python
👉 Python DataTypes
👉 Python Functions
👉 Python OOP
👉 Set Up Pycharm CE
👉 Set Up MySQlConnector
👉 Set Up Matplot for Visualizatio

𝐌𝐲𝐒𝐐𝐋 & 𝐏𝐲𝐭𝐡𝐨𝐧 𝐏𝐫𝐨𝐣𝐞𝐜𝐭𝐬
👉 Personal Expense Tracker
👉 Smart Phone Store
👉 Library Management System

𝐍𝐨𝐒𝐐𝐋 - 𝐌𝐨𝐧𝐠𝐨 𝐃𝐁𝐌𝐒
***************
𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧
𝐒𝐞𝐭 𝐔𝐩 𝐌𝐨𝐧𝐠𝐨𝐃𝐁 𝐂𝐄
𝐖𝐨𝐫𝐤𝐢𝐧𝐠 𝐰𝐢𝐭𝐡 𝐌𝐨𝐧𝐠𝐨𝐃𝐁 𝐢𝐧 𝐏𝐲𝐭𝐡𝐨𝐧
👉 Connecting to MongoDB
👉 Insert Data
👉 Querying Data
👉 Updating Data
👉 Deleting Data
𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐌𝐨𝐧𝐠𝐨𝐃𝐁 𝐎𝐩𝐞𝐫𝐚𝐭𝐢𝐨𝐧𝐬
👉 Indexing
👉 Aggregation Framework
𝐌𝐨𝐧𝐠𝐨𝐃𝐁 & 𝐏𝐲𝐭𝐡𝐨𝐧 𝐏𝐫𝐨𝐣𝐞𝐜𝐭𝐬
👉 Covid 19 Trackers
👉 Student Performance Analysis

သင်တန်းတက်ရောက်ဖို့ စိတ်၀င်စားပါက Page Mesg Box ( သို့ )​ အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

☎️ 0️⃣9️⃣4️⃣5️⃣2️⃣7️⃣8️⃣4️⃣0️⃣4️⃣5️⃣
Database က Software Development တွေ လုပ်တဲ့အခါမှာ မရှိမဖြစ်လိုအပ်တဲ့ အတွက် Programming Language တစ်ခုခုရထားရုံနဲ့ ဒီအတန်းလေးကို ဆက်တက်လို့ရပါတယ်နော်။
သင်တန်း အပ်မယ်ဆို @LLPMM_LECTURER ကိုဆက်သွယ်လိုက်ပါ
1
Python Weekend အတန်းလေး 11 ရက်နေ့ စသင်ပါမယ်။

သင်တန်းသားလက်ခံနေတုန်းပါ။

Class Details Link

https://www.facebook.com/share/p/18Yr8gW7K3/?mibextid=wwXIfr
🔥21
Java SE Batch - 12 အတန်းလေး January 14 စသင်ပါမယ်။

သင်တန်းအပ်လို့ရပါသေးတယ်။

Class Details Link

https://www.facebook.com/share/p/19zFpruB3C/?mibextid=wwXIfr
Programming ဆိုတာဘာလဲ

Programming (Coding သို့မဟုတ် Software Development လို့လည်းခေါ်ပါတယ်)
ဆိုတာကတော့ Computer ကို ခိုင်းစေဖို့အတွက် ညွန်ကြားချက်များ ( Codes or Instructions ) ရေးသားခြင်းကို ဆိုလိုပါတယ်။ Instructions များရေးဖို့အတွက် language တစ်ခုခုကို သုံးရပါတယ်။ အဲလိုမျိုး language မျိုးကို Programming Language လို့ခေါ်ပါတယ်။ Programming Languages တွေအများကြီးရှိသလို့ တစ်ခုနဲ့တစ်ခု ရေးပုံရေးနည်း (syntax) နှင့် အသုံးပြုသည့်နယ်ပယ် (usage) တွေကွာခြားပါတယ်။
5
1. Algorithm

Algorithm ဆိုတာကတော့ တကယ် coding များမရေးသားခင် အလုပ်တစ်ခုခုကို ပြိီးမြောက်အောင် လုပ်ဖို့အတွက် (သို့မဟုတ်) Problem တစ်ခုခုကို ဖြေရှင်းဖို့အတွက် step by step ချရေးထားတဲ့ သို့မဟုတ် ရေးဆွဲထားတဲ့ instructions များကို ဆိုလိုပါတယ်။

Algorithm များကို Pseudocode သို့မဟုတ် flowcharts များဖြင့် အရင်ရေးဆွဲနိုင်ပါတယ်။ ထိုမှတစ်ဆင့် Algorithm မှ Programming Language အဖြစ်ပြောင်းဖို့ coding များရေးသားကြရပါတယ်။
3
2. Code

Code ဆိုတာကတော့ Programming Language တစ်ခုခုကို သုံးပြီး Computer ကို ခိုင်းစေဖို့အတွက် ချရေးလိုက်တဲ့ instructions များကို ဆိုလိုပါတယ်။

ဥပမာ - number တစ်ခုကို စုံ/မ စစ်ပေးတဲ့ အရမ်းရိုးရှင်းလွယ်ကူတဲ့ program တွေကနေ ရှုပ်ထွေးကြီးမားတဲ့ program တွေဖြစ်တဲ့ Java,Kotline,Swift,Object- C ဖြင့် Mobile App များရေးဆွဲခြင်း ၊ HTML,CSS,JavaScript,PHP,Java,Python ဖြင့် Website များရေးဆွဲခြင်း ၊ C++,C# ဖြင့် Game များရေးဆွဲခြင်းကို ဆိုလိုပါတယ်။
5
3. Programming Languages

Programming Langauge ဆိုတာကတော့ Computer ကို ခိုင်းစေဖို့ ၊ Code တွေရေးဖို့အတွက် အသုံးပြုတဲ့ Language များကိုဆိုလိုပါတယ်။

Programming Languages အမျိုးအစားအနေနဲ့ Low Level Languages & High Level Languages ဆိုပြီး နှစ်မျိုးရှိပါတယ်။

Low Level Languages တွေကတော့ Computer ရဲ့ Hardware Devices တွေဖြစ်တဲ့ (CPU,RAM,Memory,Input/Output Devices) များနှင့် ပိုပြီးရင်းနှီးတဲ့ သို့မဟုတ် တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ Language တွေဖြစ်ပါတယ်။ C , Assembly , Machine Code (101010101) စတဲ့ Language တွေက Low Level Languages တွေဖြစ်ပါတယ်။

High Level Languages တွေကတော့ လူသားတွေရဲ့ဘာသာစကား ( Human Language ) နှင့် ပိုပြီးနီးစပ်တဲ့ Language တွေဖြစ်ပါတယ်။Python,Java,JavaScript,Dart,C++ စတဲ့ Language များဟာ High Level Language တွေဖြစ်ပါတယ်။
3
3. Compiling or Interpreting

Computer ဟာ Machine Code (10101010) တွေကို နားလည်တာဖြစ်တဲ့အတွက် High Level Programming Languages များဖြင့်ရေးထားသော code များကို Machine Code အဖြစ် translate လုပ်ဖို့လိုပါတယ်။

Translate လုပ်တဲ့အခါမှာ Compiler,Interpreter ဆိုပြီး tool နှစ်ခုရှိပါတယ်။

Compiler

Compiler ဟာ ရေးထားတဲ့ source code တစ်ခုလုံးကို Machine Code တွေစုထားတဲ့ run လို့ရတဲ့ execution file တစ်ခုဖြစ်အောင် ချက်ချင်း translate လုပ်ပေးနိုင်ပါတယ်။ C,C++,C#,Java စတဲ့ language များဟာ Compiler ကို သုံးပြီး translate လုပ်ပါတယ်။

Interpreter

Interpreter ကတော့ ရေးထားတဲ့ source code file ကို run လိုက်တဲ့အချိန်ကျမှ code တစ်ကြောင်းချင်းစီ ( line by line ) ကို translate လုပ်ပါတယ်။ Python , JavaScript စတဲ့ Programming Languages များဟာ Interpreter ကို သုံးပြီး translate လုပ်ပါတယ်။
2
5. Debugging

Debugging ဆိုတာကတော့ ရေးထားတဲ့ code တွေမှာ Error or Bugs များကို ရှာဖွေပြင်ဆင်ခြင်းပဲဖြစ်ပါတယ်။ Error များကို (syntax) ရေးပုံရေးနည်း မှားခြင်း ၊ (logic) စဥ်းစားပုံစဥ်းစားနည်းအမှားဖြင့် code ရေးထားခြင်း စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် တွေ့ရှိရနိုင်ပါတယ်။
3
5. Software Development

Programming ဟာ Software ရေးဆွဲခြင်းရဲ့ အစိတ်အပိုင်း တစ်ခုပဲဖြစ်ပါတယ်။ Software Development မှာ Planning (အစီအစဥ်ရေးဆွဲခြင်း),Designing(UI,Database design များရေးဆွဲခြင်း),Testing (ရေးထားသော software ကို စမ်းသပ်ခြင်း), Maintaining Software Products ( ရေးထားပြီးသော software ကို ပြင်ဆင်ထိန်းသိမ်းခြင်း )စသည့် တခြားသော လုပ်ဆောင်ချက်များလည်း ပါ၀င်ပါတယ်။
2
မကြာခင် Frontend Web Development
အတန်းလေးကို ဖွင့်လှစ်ပေးပါမယ်။

• HTML
• CSS
• JavaScript
• React
• Tailwind CSS

အပိုင်း ၅ ပိုင်းပါဝင်ပါမယ်။

• 14 Projects

ပါဝင်ပါမယ်။

မကြာခင် အသေးစိတ်ကို ထပ်တင်ပေးပါမယ်။
7