Let's Answer
12K subscribers
566 photos
18 videos
4 files
100 links
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗

❣️ 12.10.2022 ❣️
Download Telegram
Which singer had her break through with the song "Baby One More Time"?

#𝚁𝚄𝙱𝚈ˢʰⁱⁿᵉ
Anonymous Quiz
28%
Jennifer Lopez
31%
Britney Spears
27%
Katy Perry
14%
Rihanna
💔53🏆38🍓54
Let's Answer pinned Deleted message
💔75🏆617🔥3🎉2🍓1
သတ်ပုံအမှန်ရွေးပါ။

#𝚁𝚄𝙱𝚈ˢʰⁱⁿᵉ
Anonymous Quiz
63%
ဂယက်ရိုက်
37%
ကယက်ရိုက်
🏆81💔495🎉3🔥2🍓1
သတ်ပုံအမှန်ရွေးပါ။

#𝚁𝚄𝙱𝚈ˢʰⁱⁿᵉ
Anonymous Quiz
33%
ကနိုင်
59%
ဂနိုင်
7%
ခနိုင်
🏆83💔434🎉2🍓2🔥1
သတ်ပုံအမှန်ရွေးပါ။

#𝚁𝚄𝙱𝚈ˢʰⁱⁿᵉ
Anonymous Quiz
5%
ကရုတစိုက်
95%
ဂရုတစိုက်
🏆1396🍓32🔥2🎉2🤔1💔1
သတ်ပုံအမှန်ရွေးပါ။

#𝚁𝚄𝙱𝚈ˢʰⁱⁿᵉ
Anonymous Quiz
16%
ဂဝန်ကျောက်
84%
ဂဝံကျောက်
🏆130💔106🎉3💯2❤‍🔥1🔥1🍓1
သတ်ပုံအမှန်ရွေးပါ။

#𝚁𝚄𝙱𝚈ˢʰⁱⁿᵉ
Anonymous Quiz
93%
ဂုန်လျှော်
7%
ဂုန်ရှော်
🏆1365💔5💯3🎉2🍓21❤‍🔥1🔥1🤔1
သတ်ပုံအမှန်ရွေးပါ။

#𝚁𝚄𝙱𝚈ˢʰⁱⁿᵉ
Anonymous Quiz
24%
ဂျပ်ထမိန်
76%
ဂျပ်ထဘီ
🏆129💔20💯6🍓62🔥2🎉2👀2❤‍🔥1
𝐌𝐨𝐫𝐧𝐢𝐧𝐠 ပါ သဲလေးတို့ရေ.. 💗




သာယာလှပပြီးပြည့်စုံတဲ့မနက်ခင်‌းလေးဖြစ်ပါစေရှင့်..


ဘာပဲလုပ်လုပ် ကြိုးစားလုပ်မို့ မမေ့ကြနဲ့နော် 💗


မဖြစ်နိုင်ဘူးလို့ မတွေးပဲ ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်လေးထားကြပါ 💗


( Reaction လေးတွေပေးသွားကြပါဦး 👀 )




#𝚁𝚄𝙱𝚈ˢʰⁱⁿᵉ
#𝙾𝚠𝚗𝚎𝚛
115🥰16🍓12🦄5💘31❤‍🔥1🐳1🏆1💔1🎄1
သင့်အလုပ်ခွင်မှာ ပိုပြီးအဆင်ပြေစေဖို့လိုအပ်တဲ့ Soft Skills (၁၀)မျိုး

────────────────────✎


𓆩၁𓆪 ဆက်ဆံမှုစွမ်းရည်

အလုပ်ခွင်မှာတစ်ယောက်နဲ့တစ်ယောက်ကောင်းမွန်စွာဆက်ဆံတတ်ခြင်းဟာ သင့်အတွက်လိုအပ်တဲ့စွမ်းရည်ပါပဲ။ သေချာနားထောင်မယ်၊ အဓိပါ္ပယ်သေချာနားလည်ပြီး သင့်ကိုယ်သင့်သေချာဖော်ပြနိုင်မယ်၊ သင်ပြောချင်တာကိုလည်း ကောင်းမွန်စွာပြောပြတတ်မယ်၊ တဖက်လူကိုထိခိုက်မှုမရှိ၊ စိတ်ဝင်စားအောင်ပြောဆိုတတ်မယ်၊စတဲ့အချက်တွေက တကယ်လိုအပ်ပါတယ်။ မဟုတ်ရင် စကားကိုကန့်လန်ဘုကျကျပြောဆိုတတ်တဲ့လူမျိုးနဲ့ နားဝင်ပီသအောင် စကားမဆိုတတ်တဲ့လူမျိုးက အလုပ်ခွင်မှာအဆင်မပြေနိုင်ပါဘူး။


𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸


𓆩၂𓆪 အလိုက်သင့်ရှိခြင်း

ဘယ်လိုစီးပွားရေးမျိုးမှာမဆို အလိုက်သင့်လေးပြောင်းလဲနိုင်ဖို့လိုပါတယ်။ အခြေအနေတိုင်းမှာ အလိုက်သင့်ပြောင်းလဲနိုင်တဲ့လူမျိုးက
အလုပ်ခွင်မှာပိုအဆင်ပြေစေပါတယ်။ အတွေးသစ်တွေ၊ စီစဉ်ထားတဲ့အစီအစဉ်ကနေ ရုတ်တရက်ပြောင်းလဲသွားတဲ့အခါမျိုးမှာ အလိုက်သင့်အဆင်ပြေအောင် ပြောင်းလဲတတ်မယ့်သူမျိုးပေါ့။


𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸


𓆩၃𓆪 အဖွဲ့ဝင်ကောင်းတစ်ယောက်ဖြစ်ခြင်း

အဖွဲ့အစည်းနဲ့အလုပ်လုပ်တဲ့အခါမှာ အဖွဲ့ဝင်ကောင်းတစ်ယောက်ဖြစ်ဖို့လည်းလိုပါတယ်၊ အပြန်အလှန်ကူညီတာ၊ ငဲ့ညှာတာ၊ ထောက်ပြတာမျိုးတွေရှိမှ အဖွဲ့အစည်းကအောင်မြင်နိုင်မှာပါ။ ရည်မှန်းချက်တွေကိုလည်း ထိမိအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် အဖွဲ့ဝင်ကောင်းတစ်ယောက်ဖြစ်ဖို့လည်းလိုပါတယ်။


𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸


𓆩၄𓆪 အကောင်းမြင်စိတ်ရှိခြင်း

လုပ်ငန်းခွင်မှာ အခက်အခဲကြုံတာဖြစ်ဖြစ်၊ အဆိုးတွေဖြစ်လာတာဖြစ်ဖြစ် ရင်ဆိုင်ကျော်လွှားနိုင်ဖို့က အကောင်းမြင်စိတ်ရှိဖို့လိုပါတယ်။ အဲဒီ့လိုမဟုတ်ရင်တော့ အခက်အခဲနည်းနည်းကြုံနဲ့ ရှေ့မဆက်ချင်၊ အားလျှော့အရှုံးပေးချင်တဲ့စိတ်နဲ့ဆို ဘယ်လုပ်ငန်းမှ အဆင်ပြေမှာမဟုတ်ပါဘူး။


𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸


𓆩၅𓆪 အလုပ်နဲ့ပတ်သက်တဲ့ ကျင့်ဝတ်ကိုနားလည်ခြင်း

အလုပ်ခွင်မှာ ဖြစ်တတ်တဲ့အမှားတွေကို အခြားသူအပေါ်လွှဲချခြင်း၊ လှောင်ပြောင်ခြင်း၊ မကူညီခြင်း၊ အလုပ်ခွင်မှာ စိန်ခေါ်မှုတွေရှိမယ်ဆိုတာကိုနားလည်ခြင်း၊ ကျော်ဖြတ်နိုင်ဖို့ကြိုးစားခြင်း၊ အလုပ်ခွင်မှာမခွဲခြားခြင်း စတာတွေကိုနားလည်ပြီးလိုက်နာသင့်ပါတယ်။


𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸


𓆩၆𓆪 လူရှေ့စကားပြောဆိုရဲခြင်း

လိုအပ်တဲ့အခါ လူရှေ့မှာ ပြောဆိုပြဖို့စွမ်းရည်လည်းလိုအပ်ပါတယ်။ အလုပ်ခွင်မှာလည်း အများနဲ့အလုပ်လုပ်ရတာဖြစ်တဲ့အတွက် ပြောတတ်ဆိုတတ်ဖို့လိုအပ်ပါတယ်။


𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸


𓆩၇𓆪 သမာသမတ်ကျခြင်း

သင်လုပ်နိုင်တယ်လို့ပြောထားတဲ့ကိစ္စကို တကယ်လုပ်နိုင်ခြင်း၊ အမှားတွေကိုတာဝန်ယူနိုင်ခြင်း ၊ မှန်ကန်ခြင်း၊ အပြစ်ကိုလွှဲမချခြင်း၊ ခေါင်းမရှောင်ခြင်း၊ ဘက်မလိုက်ခြင်း စတာတွေလည်းလိုပါတယ်။


𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸


𓆩၈𓆪 အချိန်ကိုစီမံခန့်ခွဲနိုင်ခြင်း

အချိန်ကိုစီမံခန့်ခွဲနိုင်ဖို့ကလည်း ခုခေတ်မှာပိုအရေးကြီးလာပါပြီ။ အလုပ်တာဝန်တွေကများပြားလာပေမယ့် အချိန်ကိုသေချာစီမံခန့်ခွဲနိုင်ပြီး ဘာလုပ်သင့်တယ်၊ ဘယ်အချိန်မှာဘာအရေးကြီးတယ်ဆိုတာ နားလည်ထားခြင်းက သင့်အတွက် ပေါ့ပါးစွာနဲ့အလုပ်တာဝန်ကိုထမ်းဆောင်နိုင်စေမှာဖြစ်ပါတယ်။


𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸


𓆩၉𓆪 အပြုအမူကောင်းတွေရှိခြင်း

အလုပ်ခွင်မှာ လူအများနဲ့မို့ အပြုအမူကောင်းတွေရှိဖို့လည်းအရေးကြီးပါတယ်။ အတင်းပြောခြင်း၊ တစ်ယောက်ကိုတစ်ယောက်တိုက်ခိုက်ဝေဖန်ခြင်း၊ အပြစ်တင်ခြင်း၊ စောင်းမြောင်းခြင်းစတဲ့အကျင့်ဆိုးတွေနဲ့တစ်ယောက်ကိုတစ်ယောက်တိုက်ခိုက်နေရင် ထိုအလုပ်ခွင်က စိတ်ညစ်စရာဖြစ်လာမှာပါ။ အဲဒါကြောင့်အပြုအမူကောင်းတွေရှိဖို့လည်းလိုအပ်ပါတယ်။


𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸


𓆩၁၀𓆪 တီထွင်ဖန်တီးတွေးတောနိုင်စွမ်းရှိခြင်း

တီထွင်ဖန်တီးနိုင်စွမ်းဟာ အသစ်တွေကိုဖန်တီးနိုင်ပြီး သူများနဲ့မတူတဲ့အတွေးအမြင်တွေကြောင့် ဒီနေ့ခေတ်မှာပိုပြီးလိုအပ်လာပါပြီ။ ပြဿနာကိုဖြေရှင်းနိုင်ဖို့၊ အကန့်သတ်ဘောင်တွေရဲ့အပြင်ကနေတွေးခေါ်နိုင်ခြင်းကလည်း အဖွဲ့အစည်းတစ်ခုအောင်မြင်ဖို့လိုအပ်ပါတယ်။




╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Crd_to_bawa101 :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
💯36❤‍🔥21🍓641
Let's Answer pinned Deleted message
သတ်ပုံအမှန်ရွေးပါ။

#𝚁𝚄𝙱𝚈ˢʰⁱⁿᵉ
Anonymous Quiz
11%
အရုပ်အစင်း
89%
အရုပ်အဆင်း
🏆144💔7💯31🔥1
သတ်ပုံအမှန်ရွေးပါ။

#𝚁𝚄𝙱𝚈ˢʰⁱⁿᵉ
Anonymous Quiz
20%
အလျှင်စလို
80%
အလျင်စလို
🏆126💔185💯3🔥1
သတ်ပုံအမှန်ရွေးပါ။

#𝚁𝚄𝙱𝚈ˢʰⁱⁿᵉ
Anonymous Quiz
31%
အဟုတ်အဟပ်
69%
အဟုတ်အဟတ်
🏆98💔462🔥1💯1
🏆95💔442💯2👻2🔥1
🏆100💔382🔥2💯2
သတ်ပုံအမှန်ရွေးပါ။

#𝚁𝚄𝙱𝚈ˢʰⁱⁿᵉ
Anonymous Quiz
14%
အားတက်သယော
86%
အားတက်သရော
🏆131💔125😢2🔥1💯1👨‍💻1
သတ်ပုံအမှန်ရွေးပါ။

#𝚁𝚄𝙱𝚈ˢʰⁱⁿᵉ
Anonymous Quiz
39%
အော်လန်
61%
အော်လံ
💔73🏆65💯31🔥1
🏆1393💯3🔥2
🏆122💔22💯31🔥1