Let's Answer
11.9K subscribers
566 photos
18 videos
4 files
100 links
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗

❣️ 12.10.2022 ❣️
Download Telegram
ဒီနေ့တော့ ဒီလောက်ပါပဲဗျို့
နောက်နေ့ ဘာဆော့ကြမလဲဗျ

ဖြေနိုင်တဲ့သူတွေ အများကြီးပဲ
တကယ်တော်ကြပါတယ်နော်😘

မဖြေနိုင်တဲ့သူတွေလဲ
ကိုယ်တစ်ယောက်လုံးရှိပါတယ်နော်🤍
ရှေ့ကနေ‌ မေးပြီး မှားဖြေလိုက်သေးတယ်🥲

ကဲ
Potterheadsတွေ လက်ထောင်🙌


Goodnight ပါနော်
အိပ်မက်လှလှမက်ကြပါစေ


#𝙰𝚛𝚒𝚊
92🍓144❤‍🔥3😁2
᯽ ကျန်းမာတဲ့နေထိုင်မှုပုံစံဖြစ်ဖို့ အလွယ်ဆုံးနည်းလမ်းများ




၁။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။


၂။ ဆေးလိပ်၊ အရက်ဖြတ်ပါ။


၃။ အိပ်ရေးဝဝအိပ်ပါ။


၄။ စိတ်ဖိစီးမှုတွေကိုပြေလျော့အောင်ကြိုးစားပါ။


၅။ ကိုယ်တိုင်သေချာချက်ပြုတ်စားသောက်ပါ။


၆။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များများစားပေးပါ။


၇။ ဓာတုဗေဒဖြင့် ပြုပြင်စီမံထားတဲ့အစားအစာတွေလျော့စားပါ။



#Forward_Only
#Credit
#Knowledge
#Ruby
62❤‍🔥7👌2🍓2💯1👻1
သင့်ချစ်သူက သင့် နှလုံး ကို ကျန်းမာစေနိုင်ပါတယ်။



𒊹︎︎︎ သင့်အချစ်ရေးက သင့် နှလုံး ကို ဘယ်လိုကျန်းမာစေတာလဲ။

❥︎❦︎ ချစ်ခင်ရသူတွေနဲ့ အတူရှိနေတာက သွေးဖိအားကို ကျစေပါတယ်။

❥︎❦︎ ရင်ခုန်စရာ အတွေ့အကြုံလေးတွေကလည်း နှလုံးအတွက် Cardio Workoutပဲ ဖြစ်ပါတယ်။

❥︎❦︎ ပွေ့ဖက်ခြင်းက နှလုံးကို ကျန်းမာစေပါတယ်။

❥︎❦︎ ပေါ့ပေါ့ပါးပါးရယ်လိုက်တာက သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။

❥︎❦︎ ရည်စားစာရေးတာက ကိုလက်စထရောကို ကျစေပါတယ်။

❥︎❦︎ ကောင်းမွန်တဲ့ ခံစားချက်တွေက နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

❥︎❦︎ လက်ကိုင်ထားတာက စိတ်ကို တည်ငြိမ်စေပါတယ်။



အချစ်ရေးနဲ့ သင့်နှလုံး

ပျော်ရွှင်ပြီး အဆင်ပြေနေတဲ့ အချစ်ရေးက သင့်နှလုံးကို ကျန်းမာစေပါတယ်။ စိတ်ဖိစီးမှုနည်းတာ၊ သွေးဖိအားကျတာ၊ သွေးကြောတွေကို ကျန်းမာစေတာ၊ သွေးလည်ပတ်မှုကောင်းတာ စတာတွေက နှလုံးကို ကျန်းမာစေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ အဖုအထစ်တွေနဲ့ ဆက်ဆံရေးဆိုရင်တော့ စိတ်ဖိစီးမှုတွေများပြီး နှလုံးကျန်းမာရေး ထိခိုက်နိုင်တာကြောင့် မိမိနဲ့ မိမိအဖော်ကြားမှာ ကောင်းမွန်နဲ့ ဆက်ဆံရေးရအောင် ဖန်တီးယူသင့်ပါတယ်။



#Crd_to_hellosayawon
#Forward_Only
#Knowledge
#Ruby
❤‍🔥5119😢3🍓3👻2🍾1
မန္တလေးနန်းတော် (Mandalay Palace)

မန္တလေးကိုရောက်ရင်မဖြစ်မနေလည်သင့်တာကမန္တလေးနန်းတော်ပါနော် မန္တလေးနန်းတော်သည် ကုန်းဘောင်မင်းဆက်၏နောက်ဆုံး နန်းတော်ဖြစ်သည်။ နန်းတော်၏ အမည်ကို မြနန်းစံကျော် ရွှေနန်းတော် လို့ခေါ်ဆိုကြတယ်။ ရွှေနန်းတော်ကြီးဟုလည်း ခေါ်သည်။ နန်းမြို့ကိုလည်း လေးကျွန်းအောင်မြေလို့ခေါ်ဆိုကြပါသေးသည်။မန္တလေးနန်းတော်၏ ပုံစံသည် ယခင်နန်းတော်ဟောင်းများအတိုင်းဖြစ်ပြီး မြို့ရိုးနှင့် ကျုံးတို့က ဝန်းရံထားသည်။ နန်းတော်သည် ဝင်းအလယ်ဗဟိုတွင် တည်ရှိပြီး အရှေ့ဘက်ကို မျက်နှာမူထားသည်။ နန်းဆောင်အားလုံးမှာ တစ်ထပ်ဆောင်များဖြစ်ကြသည်။ နန်းဆောင်ပေါ်ရှိ ပြာသာဒ်အဆင့် အရေအတွက်သည် အဆောင်ပိုင်ရှင်၏ အရေးပါမှုကို ပြသထားသည်။ မင်းတုန်းမင်းသည် မန္တလေးမြို့သစ်ကို တည်သောအခါ တပါတည်း နန်းတော်ကိုပါ ၁၈၅၇ နှင့် ၁၈၅၉-ခုနှစ်အတွင်း တည်ဆောက်ခဲ့သည်။ တတိယ အင်္ဂလိပ်−မြန်မာ စစ်ပွဲပြီးဆုံးသောအခါ၊ ဗြိတိသျှစစ်တပ်က နန်းတော်တွင်းဝင်ရောက်ပြီး ဘုရင့်မိသားစုကို ဖမ်းခေါ်ဆောင်သွားပြီး နန်းတော်ကိုလည်း သိမ်းပိုက်ထားခဲ့သည်။ ထို့နောက် ဗြိတိသျှတို့က နန်းတော်ကို ဒပ်ဖရင်ခံတပ် အဖြစ်ပြောင်းလဲခဲ့သည်။ ဗြိတိသျှတို့ အုပ်စိုးစဉ် ကာလတလျှောက်လုံး နန်းတော်သည် အမျိုးသားရေး အမှတ်အသား အဖြစ်တည်ရှိခဲ့သည်။ နန်းဆောင် တော်တော်များများမှာ ဒုတိယ ကမ္ဘာစစ်အတွင်း မဟာမိတ်တို့၏ ဗုံးကြဲမှုဒဏ်ကြောင့် မီးလောင်ပျက်စီးခဲ့ရပြီး နန်းဆောင်အနည်းငယ်နှင့် နန်းမြင့်မျှော်စင်သာ ကျန်ခဲ့သည်။ ထို့နောက် ၁၉၉၀ လွန်နှစ်များတွင် ပြန်လည်တည်ဆောက်ခဲ့သည်။ စတုရန်း လေးမျက်နှာ၊ တာပေါင်း (၂၄ဝဝ)ရှိသော မြို့ရိုးတစ်လျှောက်တွင် တံခါးကြီး (၁၂)ပေါက်၊ ထောင့်ပြကြီး ၄ လုံးနှင့် ပြငယ် (၃၂)ခု ရှိသည့် အားလျော်စွာ (၄၈) ဌာနတို့၌ ပြာသာဒ် ဆောင်ပေါင်း (၄၈)ဆောင် ရှိသည်။ နေဝင်ညဉ့် ၄ ချက် (ညနေ ၆ နာရီ) တီးသည့်အခါ အလယ် ဓာတ်တံခါးကြီး ၄ ခု ကို ပိတ်လိုက်ရာ၊ ဝင်ထွက်သွားလာသူတို့ တစ်ယောက်ဝင် မလွယ်တံခါးမှ ထွက်ဝင်ရသည်။ ညဉ့် ၁ ချက်တီး (ညဉ့် ၉ နာရီ)တွင် ထိုမလွယ်တံခါးများပါ ပိတ်လိုက်၍ နံနက် ၄ ချက်တီး(နံနက် ၆ နာရီ) ကျမှ မြို့တံခါးအားလုံး ပြန်ဖွင့်လိုက် သည်။ အလယ်ဗဟို တံခါးမကြီးများ တွင် ဓာတ်စည်တော်များ ဆွဲထားရာ၊ ပဟိုရ်ချက်နှင့်အညီ နေထွက် နေဝင်၊ တစ်နည်းအားဖြင့် တံခါးဖွင့်ချိန် ပိတ်ချိန်တို့ကို ပြည်သူတို့ အား အသိပေးသည့် အနေဖြင့် တီးရသည်။ တံခါး ၁၂ ရပ်တွင် အဓိက အကျဆုံး တံခါးမှာ အရှေ့မြို့ရိုးရှိ ဗဟိုတံခါး ဖြစ်ပြီး မဟာပွဲတက်ဆောင်နှင့် မျက်နှာချင်းဆိုင် တွင်ရှိသည်။

တံခါးအမည်များ(အရှေ့မြောက်ဘက်မှစ၍)

လွန်ကဲတံခါး
ဦးထိပ်တံခါး(အရှေ့တံခါးမကြီး)
သောင်းညွှန့်တံခါး
ကျွန်းလုံးယူတံခါး
ကျော်မိုးတံခါး(တောင်တံခါးမကြီး)
ရန်နည်တံခါး
ကြေးမုံတံခါး
စည်ရှင်တံခါး(အနောက်တံခါးမကြီး)
ထင်ရှားတံခါး
စည်သာတံခါး
လေးသိန်းတံခါး(မြောက်တံခါးမကြီး)
မန်းဦးတံခါး

စာအရမ်းရှည်ရင် စိတ်မဝင်စားမှာဆိုးလို့အကျဉ်းချုပ်ပြီးရေးပေးထားတယ်ဗျ ဒါတောင်ကျန်သေးတယ် နောက်မှတစ်ပိုင်းဆီတင်ပေးမယ်နော် သာယာတဲ့ညနေခင်လေးဖြစ်ပါစေဗျာ👀

#forward_only
#Knowledge
#Alex
117🍓9❤‍🔥8🕊3🏆2💯1👻1
Task လေးလုပ်ရုံနဲ့ ပိုက်ဆံလေး ရနိုင်မယ့်ဟာလေး ပါ ပုံလေးထဲမှာ လုပ်ပုံလုပ်နည်းလေးတွေပြောပြထားပါတယ်နော်
- ပထမတစ်ချက်ကတော့ ပိုက်ဆံထုတ်ဖို့ Bitget Wallet လေးတော့ ဒေါင်းထားရပါမယ်နော်

Link လေးပါ
——————
https://t.me/catsgang_bot/join?startapp=muepByNYyPj0qmX9dQ9tW

#ads
🥰449🔥242🤩128👏6250❤‍🔥6👌6🕊5🏆3👻3😢2
Let's Answer
Photo
Channel ထဲမှာ ပထမဆုံး reaction အများဆုံး post အဖြစ် မှတ်တမ်းတင်..

#Ruby
64😁27👀6👻4💔3🍾3❤‍🔥21🏆1🍓1
မြန်မာနိုင်ငံ၏ ဉာဏ်တော်အမြင့်ဆုံး စေတီပုထိုးမှာ ____ ဖြစ်သည်။
#Ruby
Anonymous Quiz
27%
ရွှေမော်တောဘုရား
50%
ရွှေတိဂုံဘုရား
23%
ဗောဓိတစ်ထောင်ဘုရား
💔96🏆45🔥42🍓1
ရှေးဦးကျောက်ခေတ်လူသားများနေခဲ့သော ထင်ရှားတဲ့ ဂူအမည်... ။

#Ruby
Anonymous Quiz
16%
ကျီးပါးစပ်ဂူ
61%
ဗဒလင်းဂူ (ခေါ်) ပြဒါးလင်းဂူ
14%
ဘုရင့်ညီဂူ
9%
ကော့ကွန်းဂူ
🏆132💔3513💯6🔥1🍓1
စာအုပ်တွေနဲ့ စာရေးဆရာတွေ
အကြောင်း Quiz ဆော့ကြမယ်ဗျို့
ဆော့ကြမှာလား #𝙰𝚛𝚒𝚊
Anonymous Poll
90%
ဆော့မယ်👻
10%
ဆော့ချင်ဘူး🥺
❤‍🔥296🤔3🍓1
💯65🏆42💔366🍓2👻2👀1
ပန်းများကို ပွင့်စေသူ ကို ရေးခဲ့တဲ့သူ

#𝙰𝚛𝚒𝚊
Anonymous Quiz
30%
မိုးမိုး (အင်းလျား)
21%
ဂျူး
25%
ပုညခင်
24%
ခင်နှင်းယု
💔81🏆429👻7🍓3
အဟိ မဂ္ဂဇင်းကို ထုတ်ဝေခဲ့တဲ့ စာရေးဆရာ

#𝙰𝚛𝚒𝚊
Anonymous Quiz
18%
မဟာဆွေ
43%
သော်တာဆွေ
24%
ရွှေဥဒေါင်း
15%
နီကိုရဲ
🏆75💔674🍓2💯1
၁၉၆၄ခုနှစ်မှာ ဆရာသော်တာ‌ဆွေ အမျိုးသားစာပေဆု ရခဲ့တဲ့ စာအုပ်

#𝙰𝚛𝚒𝚊
Anonymous Quiz
14%
သတ္တဝါတို့၏ သံသရာ
53%
ဤလောက မြေမဟီဝယ်
24%
ဘဝထိုထို
9%
ဘရန်ဒီတစ်ပုလင်း
💔96🏆23😢97🍓2
"လူပါးဝတယ်" စာအုပ်ကို ရေးတဲ့စာရေးဆရာ

#𝙰𝚛𝚒𝚊
Anonymous Quiz
42%
မင်းလူ
31%
သုမောင်
18%
သာဓု
10%
မင်းရှင်
💔86🏆493🍓3🤔1
"စာဝင်္ကပါ(ပေါင်းချုပ်)" စာအုပ်ကို ရေးခဲ့တဲ့ စာရေးဆရာ

#𝙰𝚛𝚒𝚊
Anonymous Quiz
14%
စိန်ဥဒေါင်း
65%
ရွှေဥဒေါင်း
13%
ငွေဥဒေါင်း
8%
ဆူးငှက်
💔89🏆266🤔4🍓41😢1
ဒီနေ့တော့ ဒီလောက်ပါပဲဗျို့
နောက်ရက်တွေကျ ဘာတွေဆော့မလဲ ပြောခဲ့ကြဦးနော်

မှန်တဲ့သူတွေလဲ Congratulations ပါဗျ
မှား‌တဲ့သူတွေလဲ ကိုယ်‌တစ်ယောက်‌လုံး နောက်မှာရှိတယ်
ကြိတ်ရယ်နေမယ် ဟဲ"
စတာပါနော်

အားလုံးကို ကျေးဇူးပါဗျို့
ကောင်းသောညလေးဖြစ်ကြပါစေ



#𝙰𝚛𝚒𝚊
💘48❤‍🔥18💔117🍓5🔥4👏3🐳2🤔1👌1
Telegram Premium User လေးတွေ


https://t.me/boost/LetsAnswerCh


ဒါလေး Boost ပြီး ကူညိီပါဦးရှင့်


#Ruby
❤‍🔥38🐳8🍓5🌚42💔2💘2👏1