Let's Answer
11.9K subscribers
566 photos
18 videos
4 files
100 links
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗

❣️ 12.10.2022 ❣️
Download Telegram
🏆75💔61💯5🤔4🔥2❤‍🔥1🎉1💘1
💯19934💔22😁15❤‍🔥13🍓61🔥1🌚1🦄1
Let's Answer
Photo
ဘဝလမ်းခရီးမှာ အကွေ့အကောက်၊ အနိမ့်မြင့်ဆိုတဲ့ လောကဓံတရားတွေကို လူတိုင်း ရင်ဆိုင်ကြုံတွေ့ကြရမှာပါ။

🤷‍♂️ ဘဝဆိုတာ စီစဥ်ထားတဲ့အတိုင်း ဖြစ်တာထက် မဖြစ်တာက ပိုများပါတယ်။
ဘဝလမ်းခရီးမှာ အကွေ့အကောက်၊ အနိမ့်မြင့်ဆိုတဲ့ လောကဓံတရားတွေကို လူတိုင်း ရင်ဆိုင်ကြုံတွေ့ကြရမှာပါ။ ဒီအခါမှာ ကျွန်တော်တို့ဟာ ကိုယ်ဘာဖြစ်ချင်မှန်း သေချာမသိဘူးဆိုရင် လမ်းလျှောက်ရင်း လမ်းပျောက်သွားတတ်ပါတယ်။
ဒါကြောင့် Life Plan လို့ခေါ်တဲ့ ဘဝအစီအစဥ်က အရေးကြီးတာပါ။ ဘဝတလျှောက်လုံးအတွက် ကိုယ့်ရှင်သန်နေထိုင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုလိုက်တဲ့ သဘောပေါ့။ 🧭 ဘဝမှာ ဘာလုပ်ရမယ်ဆိုတာကို သတ်မှတ်ပေးနိုင်တာမို့ ဘဝလမ်းညွှန်လို့လည်း ခေါ်ဆိုလို့ ရနိုင်ပါတယ်။
ဒီကနေ့မှာ Life Plan တစ်ခု အလွယ်ရေးဆွဲနည်းအကြောင်း စာဖတ်သူတွေကို ပြောပြပေးသွားမှာပါ။


𝗦𝘁𝗲𝗽-𝟭

ကိုယ့်ဘဝမှာ အရေးပါတဲ့ ကဏ္ဍတွေကို ချရေးလိုက်ပါ။ အဲ့တာဘာရတွေလဲဆို‌တော့ ...
ယုံကြည်သက်ဝင်မှု (Spirituality)
အလုပ်အကိုင် (Job)
ဝါသနာ (Passion)
လူမှုဆက်ဆံရေး (Relationship)
ကျန်းမာရေး (Health)
ငွေကြေး (Finance)
ကိုယ်ကျင့်စရိုက် (Character)
ဆိုပြီး ခေါင်းစဥ် ၇ ခုရှိပါတယ်။


𝗦𝘁𝗲𝗽-𝟮

ပြီးရင် ခေါင်းစဥ်တစ်ခုချင်းအောက်မှာ ကိုယ့်ရဲ့ ဖြစ်ချင်မှုဆန္ဒတွေကို စာရင်းလုပ်ပါမယ်။ ဥပမာ - ငွေကြေးအောက်မှာဆို လစဥ်ပုံမှန် ဝင်ငွေ၊ အမြဲပိုက်ဆံဝင်နေမဲ့ လမ်းကြောင်း စသဖြင့်ပေါ့။ အချက်အလက် ၅ ခုကနေ ၁၀ ခုအထိ ချရေးလိုက်ပါ။


𝗦𝘁𝗲𝗽-𝟯

ရေးပြီးသွားရင် တစ်ချက်ချင်းရဲ့ ဘေးမှာ လက်ရှိ အခြေအနေကို မှတ်ချက်ရေးပါမယ်။ ကိုယ့်မှာ ရှိနေပြီလား၊ စကို မလုပ်ရသေးတာလား၊ ကြိုးစားနေဆဲ အဆင့်လား စသဖြင့်ပေါ့။ အခြေအနေပေါ်မူတည်ပြီး ကြယ်လေးတွေနဲ့ အမှတ်ပေးပါ။


𝗦𝘁𝗲𝗽-𝟰

ပြီးရင်တော့ အဲ့အချက်တွေကို ဦးစားပေးအဆင့် သတ်မှတ်ပါမယ်။ ကိုယ့်အတွက် အရေးပါဆုံးကို အပေါ်ဆုံးကနေထားပြီး စီချလိုက်ပါ။ အရေးကြီးဆုံးက သုညအဆင့်ပဲ ရှိနေပြီး သိပ်အရေးမကြီးတာကို အချိန်တွေ အင်အားတွေ ပေးနေမိလားဆိုတာ အဲ့မှာပေါ်လာပါလိမ့်မယ်။


𝗦𝘁𝗲𝗽-𝟱

နောက်ဆုံးအဆင့်မှာ ခေါင်းစဥ်တစ်ခုချင်းအောက်မှာ ထွက်လာတဲ့ ရလဒ်တွေကို ကြည့်ပြီးတော့ ကိုယ့်ရဲ့ တစ်နေ့စာ၊ တစ်လစာ၊ တစ်နှစ်စာ အချိန်ဇယား ဆွဲရပါမယ်။ လိုအပ်တာတွေကို အချိန်ပိုပေးပြီး မလိုအပ်ဘဲ အချိန်ကုန်နေတာတွေကို ကိုယ့်ဘဝထဲကနေ ဖယ်ရှားနိုင်ဖို့ ကြိုးစားပါ။
ဒီလောက်ဆိုရင် ဘဝအစီအစဥ် (Life Plan) တစ်ခုကို လွယ်လွယ်ကူကူ ဆွဲလို့ရသွားပါပြီ။
လူအများစုဟာ တစ်နေ့စာပဲ ရှင်သန်နေကြသူတွေ များပါတယ်။ နိစ္စဒူဝကိစ္စတွေနဲ့ပဲ လုံးလည်ချာလည်လိုက်ရင်း တစ်နေ့ပြီးတစ်နေ့ ကုန်သွားကြရတယ်။ ဒီအထဲမှာ ကျွန်တော်လည်း အပါအဝင်ပါပဲ။
အခုလို ဘဝအစီအစဥ်လေးသာ ဆွဲထားလိုက်မယ်ဆိုရင် ကိုယ်ဘာလုပ်ရမယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် လမ်းညွှန်ချက်ပေးပြီးသား ဖြစ်သွားမှာပါ။ လမ်းပျောက်တယ်ဆိုတာ မဖြစ်တော့ဘူးပေါ့။
ဘဝရဲ့ အဓိပ္ပါယ်ဆိုတာ ကိုယ်တိုင် သတ်မှတ်မှရတာမျိုးပါ။ စာဖတ်သူတွေလည်း ကိုယ်စီဘဝတွေကို အဓိပ္ပါယ်ရှိစွာ ရှင်သန်နေထိုင်နိုင်ကြပါစေခင်ဗျာ။ 💚
#BAWA101 #LifePlan #LifeHacks #LifeTips


#Credit_to_BAWA101
#Forward_Only
#Ruby
❤‍🔥10054💯6🍓6🤔2💘2🏆1
Who starred in the movies 'Saturday Night Fever' and 'Pulp Fiction'?

#Ruby
Anonymous Quiz
22%
Samuel L. Jackson
44%
John Travolta
26%
Bruce Willis
8%
Tim Roth
🏆88💔34🤔64🎉3💯1🍓1💋1
🏆125💔38😁123💯2🍓21👌1
Who was the first DC hero?

#Ruby
Anonymous Quiz
25%
Batman
15%
Hormer Simpson
48%
Superman
13%
Robin
🏆111💔63😁54🤯3🎉2😢1💯1
What chemical is added to the water in swimming pools?

#Ruby
Anonymous Quiz
23%
Salt
13%
Quicksilver
16%
Ammonia
48%
Chlorine
🏆103💔69🌚6💋31🎉1
"ပိုတက်ဆီယမ်" ၏ ဒြပ်စင် သင်္ကေတကိုဖြေပါ။

#Zewazoe
Anonymous Quiz
15%
Po
69%
K
4%
S
4%
Pi
8%
Ps
🏆193💔56❤‍🔥9💯32🥰2😁2🎉2🙊21
"သွေးဖြူဥ ဆဲလ်" တွင် မည်သည်ပါဝင်သနည်း။

#Zewazoe
Anonymous Quiz
27%
ပရိုတွန်
21%
နျူကလိယ
16%
နျူထရွန်
28%
အောက်ဆီဂျင်
7%
အီလက်ထရွန်
💔121🏆7698❤‍🔥1🥰1🤯1🕊1🐳1
လူတစ်ယောက်တွင် ပျမ်းမျှသွေးမည်မျှရှိသနည်း။

#Zewazoe
Anonymous Quiz
27%
10 လီတာ
38%
8 လီတာ
25%
5 လီတာ
7%
3 လီတာ
3%
1 လီတာ
💔137🏆919😢8🤩31🍓1
နွားနို့ပျက်သွားတဲ့အခါဒိန်ချဉ်ဖြစ်လာပါတယ်။ဒိန်ချဉ်ဟာနွားနို့ထက်ပိုပြီးတန်ဖိုးရှိပါတယ်၊ဒိန်ချဥ်ဟာအဲဒီထက်ပိုပျက်သွားတဲ့အခါမှာချီစ်ဖြစ်သွားပါတယ်။ချီစ်ဟာဒိန်ချဉ်နဲ့နွားနို့ထက်ပိုပြီးတန်ဖိုးရှိပြန်ပါတယ်။

စပျစ်ရည်ဟာချဥ်သွားတဲ့အခါမှာဝိုင်ဖြစ်လာပါတယ်၊ဝိုင်ဟာစပျစ်ရည်ထက်ပိုပြီးတန်ဖိုးရှိပါတယ်၊

လူတယောက်ဟာအမှားတွေလုပ်မိလို့ဘဝမှာမအောင်မြင်တဲ့လူတယောက်ဖြစ်မသွားပါဘူး၊ဘဝမှာအမှားတွေကသာလူတစ်ယောက်ကိုပိုပြီးတန်ဖိုးရှိစေပါတယ်။

Christopher Columbus ရေကြောင်းလမ်းပြမြေပုံအမှားကြောင့်အမေရိကားတိုက်ကိုတွေ့ရှိခဲ့ပါတယ်။အဲဒီလိုပဲAlexander Fleming’sဟာလဲသူ့အမှားကြောင့်ပယ်နစ်စလင်ဆေးကိုတွေ့ရှိခဲ့ပါတယ်။

လူတွေဟာလေ့ကျင့်ပါများလို့ပိုပြီးတော်လာတာမဟုတ်ပါဘူး။လူတွေကအမှားတွေလုပ်မိလို့အမှားတွေကသင်ခန်းစာယူပြီးပိုပြီးတန်ဖိုးရှိတဲ့လူဖြစ်လာတာဖြစ်ပါတယ်။

#𝐑ᴏɴɴɪᴇ
#credit
#moti
438❤‍🔥51💯32🏆10👏8🤩54🥰3😢2🍓2🎉1
"အာဇာနည်နေ့" ကို ဖြေပါ။

#Zewazoe
Anonymous Quiz
7%
July 14
27%
June 19
62%
July 19
1%
July 16
3%
July 29
🏆244😢46💔247💯6🍓6🐳5🥰2❤‍🔥1🤔1
"ရွှေစာရံဘုရား"တွင် အပေါများဆုံးဖြစ်ပြီး ကျော်ကြားသော ဒေသထွက်ကုန် ကိုဖြေပါ။

#Zewazoe
Anonymous Quiz
20%
ထန်းခေါက်ဖာ
42%
ထန်းရွက်ပုတီး
12%
မုန့်ကပ်စေး
19%
ကောက်ညှင်းကျည်တောက်
7%
ထန်းသီး
🏆162💔1037😢6💯3🥰21❤‍🔥1👏1💋1
Sodium chloride formula?

#Ronnie
Anonymous Quiz
13%
So Cl
13%
S Cl
68%
Na Cl
6%
Na Ch
🏆198💔38👏3💯3❤‍🔥22🍓2🎉1
Potassium?

#Ronnie
Anonymous Quiz
14%
P
75%
K
11%
Po
🏆196💔408👏5💯5🎉2😢1🍓1
🏆100💔86😢19💯51❤‍🔥1
🏆184💔44💯8👏4😢4🙉31🥰1🤩1
ထန်းလျက် Jaggeryသည် ထန်းရည်ချိုကိုချက်၍ရသောခဲဖွယ်တစ်မျိုးဖြစ်သည်။ထန်းပင်မှရသောသန့်စင်ထားသည့်ထန်းရည်အချိုကိုဒယ်အိုးထဲသို့ထည့်ကာမီးပြင်းပြင်းဖြင့်ပျစ်လာသည်အထိတစ်နာရီခန့်ဆူပွက်‌ေအာင်ကျိုချက်‌ေပး၍သမ‌ေအာင်‌ေမွပေးရသည်။အရည်ပျစ်၍ထန်းလျက်သားတက်လာသည့်အခါမီးဖိုပေါ်မှချပြီးမိမိလိုအပ်သည့်အတုံးများတုံးကာအခြောက်ခံပါကထန်းလျက်ခဲကိုရရှိမည်ဖြစ်သည်။အချိုးမှာဇီးမှုန့်၊အုန်းသီး၊နှမ်း၊မြေပဲစသည့်မိမိအလိုရှိရာကိုထည့်၍ပြုလုပ်ကြသည်။သဘာ၀ပစ္စည်းစစ်မှထုတ်လုပ်ထားသည့်အပြင်ဆေးဘက်၀င်သောကြောင့်မြန်မာ့ထမင်းဝိုင်းတွင်အချိုတည်းစရာတစ်ခုအဖြစ်ရှေးယခင်ကတည်းကတည်ရှိခဲ့တာကာလက်ရှိအချိန်အထိလူကြီးလူငယ်မရွေးအထူးကြိုက်နှစ်သက်စွာစားသုံးလျက်ရှိသည့်အစားအစာတစ်ခုဖြစ်သည်။ထန်းလျက်များကိုပြည်တွင်းတွင်သာမကပြည်ပနိုင်ငံများမှလည်းကြိုက်နှစ်သက်ကြသည်။

#knowledge
#Venn
#Crd
🍓15336❤‍🔥13🤔112🙉2
💯20590❤‍🔥8🫡4🔥3🐳3🏆2🍓21
50❤‍🔥4🍓4
မြန်မာဆိိုရိုးစကားများ (၂၀၀)

■ ကုသိုလ်လည်းရဝမ်းလည်းဝ။
■ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ။
■ ကံမကောင်းအကြောင်းမလှ။
■ ကံရှိမှထင်ပေါ်၊ ဉာဏ်ရှိမှကျော်။
■ ကိုယ်ကကျူး၊ ကိုယ့်ဒူးမှမယုံရ။

■ ကိုယ်ကောင်းခေါင်းဘယ်မရွေ့။
■ ကိုယ်ထင် ခုတင်ရွှေနန်း။
■ ကိုယ်မွေးသည့်မျောက် ကိုယ့်ကိုယ်ခြောက်။
■ ကိုယ့်ကိုယ်ကိုယ်ဖော် သူတော်ခုနှစ်ပါး။
■ ကိုယ့်ငါးချဉ်ကိုယ်ချဉ်။

■ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း။
■ ကိုယ့်အတတ်ကိုယ်စူး။
■ ကမ္ဘာမီးလောင်၊ သားကောင်ချနင်း။
■ ကောက်ညှင်းကမစေး၊ ဆန်ကြမ်းကစေး။
■ ကောက်ပင်ရိတ်လှီး၊ ရေစီးဖောင်ဆန်။

■ ကောင်းလျှင်စံ၊ ဆိုးလျှင်ခံ။
■ ကိုက်မနိုင်၊ ခဲမရ။
■ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ။
■ ကျမြေကြီး၊ တက်ရွှေထီး။
■ ကျားကြီး၊ ခြေရာကြီး။

■ ကျားကြောက်လို့ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး။
■ ကျီစားသန် ရန်ဖြစ်။
■ ကျီးကန်းတောင်းမှောက်။
■ ကျူပင်ခုတ်၊ ကျူငုတ်မျှမကျန်စေနှင့်။

■ ကျောချမှ ဓားပြမှန်းသိ။
■ ကျော်တော့ လှေထိုးသား၊ ညားတော့လှေသူကြီး။
■ ကျောင်းနေကြာလို့ စာမတတ်။
■ ကြာကြာဝါးမှခါးမှန်းသိ။
■ ကြီးနိုင်ငယ်ညှင်း။

■ ကြီးလျှင်မှီ၊ ငယ်လျှင်ချီ။
■ ကြိုးစားကဘုရားဖြစ်။
■ ကြက်ကန်းဆန်အိုးတိုး။
■ ကြက်ချည်သောကြိုးနှင့် ဆင်ချည်သော်ပြတ်။
■ ကြက်မတွန်၍ မိုးမလင်း။

■ ကြက်မှာအရိုး လူမှာအမျိုး။
■ ကြောက်တတ်ရန်ကင်း။
■ ကြောင်အို၊ ကြွက်မလေး။
■ ကျွဲပါးစောင်းတီး။

■ ကြွက်သေတစ်ခု အရင်းပြု။
■ ခရီးလိုလျှင် လမ်းအိုလိုက်။
■ ခလုတ်ထိမှ အမိတ။
■ ခုစာကလေးကြော်၊ ခုဆီထမင်း။
■ ခုရေတွင်းတူး၊ ခုရေကြည်သောက်။

■ ခုရှုပ်မှနောင်ရှင်း။
■ ခဲလေသမျှ၊ သဲရေကျ။
■ ခေါ်တိုင်းလည်းမသွားနှင့်၊ တော်တိုင်းလည်းမကြွားနှင့်။
■ ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း။
■ ခုတ်ရာတခြား၊ ရှရာတလွဲ။

■ ချီးမွမ်းခုနှစ်ရက်၊ ကဲ့ရဲ့ခုနှစ်ရက်။
■ ချော်လဲ ရောထိုင်။
■ ချက်ဆို နားခွက်ကမီးတောက်။
■ ချင်းစိမ်းနှင့်မိဿလင်၊ သူကြင်မှ ကိုယ်ကြင်။

■ ချစ်တီးခေါင်းသန်းရှာ။
■ ချစ်တုန်းခင်တုန်း၊ တပြုံးပြုံး။
■ ချိတ် ချိတ်ချင်းမှ ချိတ်မိသည်။
■ ချိန်းလွန်းလျှင်မလာ။
■ ချုန်းလွန်းသည့်မိုးမရွာ။

■ ခြွေမှရံသည်။
■ ဂျပိုးလိပ်ဖြစ်။
■ ငါးကြင်းဆီနှင့် ငါးကြင်းကြော်။
■ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်။
■ ငါးစိမ်းမြင်၊ ငါးကင်ပစ်။

■ ငါးပြေမဆားပက်သလို။
■ ငါးမြင်တော့ တံငါဆွေမျိုးမှန်းမသိ။
■ ငိုချင်လျက်လက်တို့။
■ ငိုအားထက် ရယ်အားသန်။
■ ငယ်ကချစ် အနှစ်တစ်ရာမမေ့သာ။

■ ငုတ်မိသဲတိုက်၊ တက်နိုင်ဖျားရောက်။
■ ငွေများတရားနိုင်။
■ စကားကျွံသော်နှုတ်မရ၊ ခြေကျွသော်နှုတ်ရ။
■ စကားချိုစေသူလိုစေ။
■ စကား စကားပြောပါများ၊ စကားထဲက ဇာတိပြ။

■ စကားဆို၊ တောင်လိုမမောက်နှင့်။
■ စကားဆိုသော် မတင်းနှင့်၊ တရားလိုသော် မငြင်းနှ၍့်။
■ စကားနောက် တရားပါ။
■ စကားလွန် ကျွန်ဖြစ်။
■ စပယ်ကောင်းလျှင် ပန်ချင်သူများသည်။

■ စာမတတ်လမ်းမှာဖတ်။
■ စားပြီး ခွက်မှောက်။
■ စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲ။
■ စားရမည့်အမဲ၊ သဲတရှပ်ရှပ်။
■ စုတတ်မှ အဖတ်တင်။

■ စိုသည့်လက်မခြောက်စေနှင့်။
■ စင်လိုလျှင်ဆေး၊ သိလိုလျှင်မေး။
■ စစ်မရောက်ခင်မြှားကုန်။
■ စစ်ရောက်မှ မြားချွန်၊ မိုးလွန်မှထွန်ချ။
■ စိတ်ပျိုကိုယ်နု။

■ စိန်နားကပ်ကြောင့်ပါးပြောင်။
■ စောင်ခြုံထဲကလက်သီးပြ။
■ စိုင်ကော်လို့ ခြုံပေါ်ရောက်။
■ ဆရာချင်းတူ၊ နည်းချင်းမတူ။
■ ဆရာထက်တပည့်လက်ဆောင်းထက်။
■ ဆရာမပြနည်းမကျ။

■ ဆရာများ၊ သားသေ။
■ ဆရာမှန် အလံစိုက်စရာမလို။
■ ဆရာလည်းဝေး၊ ဆေးလည်းပြယ်။
■ ဆုတောင်းတိုင်းပြည့်လျှင် လူပြည်လူပင်မရှိ။

■ ဆူးကျဖက်ပေါက်၊ ဖက်ကျဖက်ပေါက်။
■ ဆူးကမစူး၊ မဝါးကစူး။
■ ဆေးစက်ကျရာ အရုပ်ဖြစ်။
■ ဆေးလည်းအစာ၊ အစာလည်းဆေး။
■ ဆိုးတူကောင်းဖက်။

■ ဆင်ကျီစားရာ ဆိတ်မခံသာ။
■ ဆင်ပိန်ကြွဲလောက်
■ ဆန္ဒကြီးလျှင် ကြံသမျှပြီး။
■ ဆင်ပြာသည် လင်ပျောက်သလို။
■ ဆုပ်လဲစူး၊ စားလဲရူး။

■ ဆောက်ဖြစ်မှ ကျောင်းတကာ။
■ ညီညာမှပြည်သာသည်။
■ ညားတော့ဈေးသည်၊ ရွယ်တော့မင်းမျိုး။
■ ညောင်ပင်လောက်လှူ၊ ညောင်စေ့လောက်ရ။
■ တစ်ကျမ်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း။

■ တစ်ချက်ခုတ်နှစ်ချက်ပြတ်။
■ တစ်ခါသေဖူး၊ ပျဉ်ဖိုးနားလည်။
■ တစ်နေ့တစ်လံ၊ ပုဂံဘယ်ပြေးမလဲ။
■ တပည့်မကောင်း ဆရာ့ခေါင်း။

■ တပည့်လိမ္မာဆရာအာပတ်လွတ်။
■ တပေါင်းတန်ခူး ဝမ်းမနူးနှင့်။
■ တစ်ရပ်တည်းနေ တစ်ရေတည်းသောက်။
■ တစ်ရွာ တစ်ကျီဆောက်။
■ တစ်ရွာမပြောင်း သူကောင်းမဖြစ်။

■ တစ်လှေထဲစီး တစ်ခရီးထဲသွား။
■ တစ်သားမွေး တစ်သွေးလှ။
■ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး။
■ တန်ခိုးထက်၊ လက်ခကြီး။
■ တန်လျှင်ဆေး လွန်လျှင်ဘေး။

■ တိတ်တိတ်နေသော် ထောင်တန်။
■ တုံးလဲ ထင်းဖြစ်။
■ တုံးဆိုတိုက်၊ ကျားဆိုကိုက်။
■ တောင်စဉ်ရေမရ။
■ တွေ့ကြုံဆုံကွဲ၊ မမြဲဓမ္မတာ။

■ ထမင်းကိုအကုန်စား စကားကိုအကုန်မပြောနှင့်။
■ ထမင်းကြမ်းက အငွေ့ထွက်။
■ ထူးမှမြတ်သည်၊ ရူးမှတတ်မည်။
■ ထင်ပေါ်လျှင်စင်တော်ကကောက်။

■ ထိုင်နေအကောင်းသား၊ ထသွားမှကျိုးမှန်းသိ။
■ ထွေးပြီးသားတံတွေး၊ မျိုမြဲမရှိ။
■ ဒါနသီလမပါ၊ ေ+သခါမှသိ။
■ ဒူးနေရာဒူး၊ တော်နေရာတော်။
■ ဒူးလောက်တင်မှ ရင်လောက်ကျ။
99❤‍🔥18🍓42💅2🤩1