Let's Answer
Photo
ဆင်းရဲပေမယ့် သူခိုးမဟုတ်ပါဘူး
ချမ်းသာတဲ့ လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့အိမ်ကြီးမှာ ကြီးကျယ်တဲ့ ပါတီပွဲကြီးတစ်ခု လုပ်ဖို့ ပြင်ဆင်ကြတယ်။ ပါတီပွဲမလုပ်ခင် တစ်ရက်အလိုမှာ သူတို့ဟာ ကုန်တိုက်ကြီးတစ်ခုကို သွားပြီး ပါတီပွဲအတွက် လိုတဲ့ပစ္စည်းတွေ ဝယ်ကြတယ်။ သူတို့ဝယ်တဲ့ ပစ္စည်းတွေဟာ ဈေးကြီးတဲ့ ပစ္စည်းတွေပါ။ သူတို့အိမ်ဟာ ကုန်တိုက်နဲ့ သိပ်မဝေးလို့ သူတို့လင်မယားလည်း သူတို့ပစ္စည်းတွေကို သယ်ဖို့ ကားမငှားတော့ဘဲ တွန်းလှည်းနဲ့ သယ်ပေးသူတစ်ယောက်ကို ငှားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ သူတို့ဟာ ကုန်တိုက်အပြင်မှာ ပစ္စည်းသယ်သူလိုက်ရှာတော့ တစ်ယောက်ကိုပဲ တွေ့ ကြရတယ်။ အဲဒီတစ်ယောက်ကလည်း အသက်ကြီးကြီး အဖိုးကြီးတစ်ယောက် ဖြစ်ပြီး ကျန်းမာရေးကောင်းပုံ မရဘူး။ နောက်ပြီး သူ့အဝတ်အစားတွေဟာ အတော်လေး နွမ်းပါးနေတယ်။ ထမင်းလည်း နပ်မှန်အောင် စားရပုံမပေါ်ဘူး။
လင်မယားလည်း တခြားပစ္စည်းသယ်သူတွေ မတွေ့လို့ အဖိုးကြီးကိုပဲ ပစ္စည်းတွေကို အိမ်အရောက်ပို့ပေးဖို့ ဘယ်လောက်ယူမလဲလို့ မေးလိုက်တယ်။ အဖိုးကြီးက ဒေါ်လာ ၂၀ ပေးပါလို့ ရိုရိုသေသေ ပြန်ဖြေတယ်။ တကယ်တော့ အဖိုးကြီးဟာ ပိုက်ဆံလိုနေလို့ ပစ္စည်းပို့ခကို လျှော့တောင်းလိုက်တာပါ။ တခြားပစ္စည်းသယ်သမားတွေဆိုရင် ၂၅ ဒေါ်လာ တောင်းနေကျပါ။ ဒါတောင် လင်မယားက ၁၅ ဒေါ်လာပဲ ပေးမယ်လို့ ပြောတယ်။ အဖိုးကြီးလည်း ထမင်းဝယ်စားဖို့ ပိုက်ဆံလိုနေတာမို့ အဲဒီဈေးကို လက်ခံလိုက်တယ်။
လင်မယားလည်း ပစ္စည်းသယ်သမားကို ၁၅ ဒေါ်လာနဲ့ ဈေးဆစ်နိုင်ကြလို့ အတော်ပျော်သွားကြတယ်။ သူတို့ဟာ အဖိုးကြီးကို သူတို့အိမ် လိပ်စာကို သေချာပြောပြပြီး အိမ်ကို လမ်းလျှောက်ပြန်လာကြတယ်။ သူတို့ဟာ အိမ်ရောက်ပြီး ၂ နာရီကြာတဲ့အထိ ပစ္စည်းတွေ ရောက်မလာလို့ စိတ်ပူစပြုလာကြတယ်။
မိန်းမဟာ စိတ်ဆိုးဒေါသထွက်လာပြီး သူ့ယောက်ျားကို ခုလို ပြောတယ်။
“ကျွန်မ ရှင့်ကို ပြောသားပဲ၊ လူတစ်ယောက်ကို အရမ်း မယုံကြည်ပါနဲ့လို့။ သူ့ကိုယ်သူ စားဖို့တောင် အနိုင်နိုင်ဖြစ်နေသူကိုများ ရှင်က ယုံပြီး ကျွန်မတို့ရဲ့ ဈေးကြီးတဲ့ ပစ္စည်းတွေကို ပုံအပ် လိုက်ရတယ်ရှင်။ ကျွန်မတော့ အဲဒီလူကြီး ဟာ ကျွန်မတို့ပစ္စည်းတွေကို တခြားနေရာကို သယ်သွားပြီး ရောင်းလိုက်ပြီလို့ ထင်တာပဲ။ ကျွန်မတို့ ကုန်တိုက်ကို အမြန်ပြန်သွားပြီး ကုန်တိုက်မန်နေဂျာ ကို အကျိုးအကြောင်း ပြောပြကြရအောင်ပါ။ နောက်ပြီး ရဲစခန်း မှာလည်း ပစ္စည်းတွေ အခိုးခံရတယ်ဆိုပြီး အမှုဖွင့်ရမယ်ရှင့်”
ဒါနဲ့ သူတို့နှစ်ယောက်ဟာ ကုန်တိုက်ကို အမြန်ပြန်သွားကြတယ်။ လမ်းတစ်ဝက်မှာ ပစ္စည်းသယ်သူတစ်ယောက်ကို သူတို့ရဲ့ ပစ္စည်းတွေ တင် ထားတဲ့ တွန်းလှည်းနဲ့အတူ တွေ့လိုက်တယ်။ မိန်းမဟာ ဒေါသကို မထိန်း နိုင်ဘဲ ခုလို ပြောလိုက်တယ်။
“ကျွန်မတို့ပစ္စည်းတွေသယ်ဖို့ ပိုက်ဆံပေးထားတဲ့ အဖိုးကြီး အခု ဘယ်မှာလဲရှင့်။ ဒါတွေဟာ ကျွန်မတို့ရဲ့ ပစ္စည်းတွေပါ။ ရှင် ဒီပစ္စည်းတွေကို ကျွန်မတို့အိမ်ကိုမပို့ဘဲ ဘယ်မှာ သွားရောင်းလို့မလဲ”
ပစ္စည်းသယ်သူက ခုလို ပြန်ပြောပါတယ်။
“အစ်မရယ်၊ သိပ်ပြီး ဒေါသမဖြစ်ပါနဲ့လေ။ စိတ်အေးအေးထားပါဗျ။ အဖိုးကြီးဟာ ပြီးခဲ့တဲ့လကတည်းက နေမကောင်း ဖြစ်နေခဲ့တယ်။ အမှန်တော့ တစ်နေ့မှ ထမင်းတစ်နပ်ပဲ စားရလို့အဟာရ ပြတ်သွားတာပါ။ လွန်ခဲ့တဲ့ ၂ နာရီလောက်က သူဟာ ဗိုက်ထဲမှာ အစာမရှိသလို မောလည်း အရမ်းမောနေတယ်။ နေကလည်း ပူလွန်းလို့ အစ်မတို့ ပစ္စည်းတွေကို တင်ထားတဲ့ လှည်းကို တွန်းရင်း လမ်းပေါ်မှာ လဲကျသွားတယ်။ သူက တွန်းလှည်းကို ဆက်မတွန်းနိုင်တော့လို့ ကျွန်တော့်ကို ၁၅ ဒေါ်လာပေးပြီး သူ့လှည်းကို တွန်းခိုင်းတယ်။ ခင်ဗျားတို့အိမ်ကို ပို့ခိုင်းလိုက်တာပါ။ အခု ကျွန်တော် ပစ္စည်းတွေကို လာပို့နေတာပါဗျာ။ အစ်ကိုနဲ့အစ်မတို့ရာ၊ အဖိုးကြီးကို ကျွန်တော် ကောင်းကောင်း သိပါတယ်။ သူဟာ ဆင်းရဲတယ်။ ထမင်းနပ်မှန်အောင် မစားရရှာဘူး။ ဒါပေမယ့် သူဟာ ရိုးသားသူပါ။ သူများပစ္စည်းကို ခိုးယူတာ၊ လိမ်ညာယူတာမျိုး တစ်ခါမှမလုပ်ဖူးပါဘူး။ ကဲ ခင်ဗျားအိမ်ကို သွားကြစို့။” လို့ ပစ္စည်းသယ်သူက ရှင်းပြတယ်။
သူ့စကားအဆုံးမှာ လင်ရော မယားပါ မျက်ရည်လည်နေကြတယ်။ သူတို့ဟာ လူတစ်ယောက်ရဲ့ အဝတ်အစား အသွင်အပြင်ကြည့်ပြီး သူ့အကျင့်စရိုက်ကို ဆုံးဖြတ်လိုက်တာ အကြီးအကျယ်မှားသွားပြီဆိုတာကို သိလိုက်ကြတယ်။
မိန်းမက သူ့ယောက်ျားကို ခုလိုတိုးတိုးလေးပြောလိုက်တယ်။ “ကျွန်မတို့ အဖိုးကြီးကို သွားတွေ့ပြီး ဆေးဖိုးနဲ့ အစားအစာဖိုးလေတွေ သွားပေးရအောင်နော်” တဲ့။ ယောက်ျားလည်း ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်တယ်။
မိတ်ဆွေတို့လည်း လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို အဝ၊ အစားကို ကြည့်ပြီး ဆုံးဖြတ်ချက် မမှားကြပါနဲ့ဗျာ။
❗မျှဝေလိုသော အတွေးများ(၅) စာအုပ်ထဲမှ စာသားပြန်ရိုက်ယူ၍ တင်ပေးတာမို့ Copy ယူတင်တာမျိုး လက်မခံပါဘူးနော် ❗
မူရင်းရေးသားခဲ့သောသူအား လေးစားစွာနဲ့ credit ပါရှင့် 🙏
#မျှဝေလိုသော_အတွေးများ(၅)
#ဗန်းမော်သိန်းဖေ
#Credit
#Forward_Only
#knowledge
#motivation
#Ruby

❤191❤🔥31💘6😢5🥰4🕊3⚡1🤩1💯1💔1
What do you call a person that makes clothes for others, many times producing exclusive items of clothing?
#Ruby
#Ruby
Anonymous Quiz
9%
Chef
55%
Tailor
31%
Customizer
5%
Taxi driver
🏆124💔44👏3💘2🤩1
Which fictional detective have Robert Downey Jr. And Benedict Cumberbatch both famously played?
#Ruby
#Ruby
Anonymous Quiz
22%
True Detective
21%
Dexter
27%
South Park
30%
Sherlock Holmes
😢66🏆47💔15❤7🍓3⚡1🤔1
Anonymous Quiz
20%
...a winner.
22%
...mad.
48%
...stronger.
10%
...a star.
🏆111💔49😢15🔥1🎉1💯1
🏆138💔31💘3🎉2💯1
🏆75💔61💯5🤔4🔥2❤🔥1🎉1💘1
Let's Answer
Photo
ဘဝလမ်းခရီးမှာ အကွေ့အကောက်၊ အနိမ့်မြင့်ဆိုတဲ့ လောကဓံတရားတွေကို လူတိုင်း ရင်ဆိုင်ကြုံတွေ့ကြရမှာပါ။
🤷♂️ ဘဝဆိုတာ စီစဥ်ထားတဲ့အတိုင်း ဖြစ်တာထက် မဖြစ်တာက ပိုများပါတယ်။
ဘဝလမ်းခရီးမှာ အကွေ့အကောက်၊ အနိမ့်မြင့်ဆိုတဲ့ လောကဓံတရားတွေကို လူတိုင်း ရင်ဆိုင်ကြုံတွေ့ကြရမှာပါ။ ဒီအခါမှာ ကျွန်တော်တို့ဟာ ကိုယ်ဘာဖြစ်ချင်မှန်း သေချာမသိဘူးဆိုရင် လမ်းလျှောက်ရင်း လမ်းပျောက်သွားတတ်ပါတယ်။
ဒါကြောင့် Life Plan လို့ခေါ်တဲ့ ဘဝအစီအစဥ်က အရေးကြီးတာပါ။ ဘဝတလျှောက်လုံးအတွက် ကိုယ့်ရှင်သန်နေထိုင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုလိုက်တဲ့ သဘောပေါ့။ 🧭 ဘဝမှာ ဘာလုပ်ရမယ်ဆိုတာကို သတ်မှတ်ပေးနိုင်တာမို့ ဘဝလမ်းညွှန်လို့လည်း ခေါ်ဆိုလို့ ရနိုင်ပါတယ်။
ဒီကနေ့မှာ Life Plan တစ်ခု အလွယ်ရေးဆွဲနည်းအကြောင်း စာဖတ်သူတွေကို ပြောပြပေးသွားမှာပါ။
𝗦𝘁𝗲𝗽-𝟭
ကိုယ့်ဘဝမှာ အရေးပါတဲ့ ကဏ္ဍတွေကို ချရေးလိုက်ပါ။ အဲ့တာဘာရတွေလဲဆိုတော့ ...
ယုံကြည်သက်ဝင်မှု (Spirituality)
အလုပ်အကိုင် (Job)
ဝါသနာ (Passion)
လူမှုဆက်ဆံရေး (Relationship)
ကျန်းမာရေး (Health)
ငွေကြေး (Finance)
ကိုယ်ကျင့်စရိုက် (Character)
ဆိုပြီး ခေါင်းစဥ် ၇ ခုရှိပါတယ်။
𝗦𝘁𝗲𝗽-𝟮
ပြီးရင် ခေါင်းစဥ်တစ်ခုချင်းအောက်မှာ ကိုယ့်ရဲ့ ဖြစ်ချင်မှုဆန္ဒတွေကို စာရင်းလုပ်ပါမယ်။ ဥပမာ - ငွေကြေးအောက်မှာဆို လစဥ်ပုံမှန် ဝင်ငွေ၊ အမြဲပိုက်ဆံဝင်နေမဲ့ လမ်းကြောင်း စသဖြင့်ပေါ့။ အချက်အလက် ၅ ခုကနေ ၁၀ ခုအထိ ချရေးလိုက်ပါ။
𝗦𝘁𝗲𝗽-𝟯
ရေးပြီးသွားရင် တစ်ချက်ချင်းရဲ့ ဘေးမှာ လက်ရှိ အခြေအနေကို မှတ်ချက်ရေးပါမယ်။ ကိုယ့်မှာ ရှိနေပြီလား၊ စကို မလုပ်ရသေးတာလား၊ ကြိုးစားနေဆဲ အဆင့်လား စသဖြင့်ပေါ့။ အခြေအနေပေါ်မူတည်ပြီး ကြယ်လေးတွေနဲ့ အမှတ်ပေးပါ။
𝗦𝘁𝗲𝗽-𝟰
ပြီးရင်တော့ အဲ့အချက်တွေကို ဦးစားပေးအဆင့် သတ်မှတ်ပါမယ်။ ကိုယ့်အတွက် အရေးပါဆုံးကို အပေါ်ဆုံးကနေထားပြီး စီချလိုက်ပါ။ အရေးကြီးဆုံးက သုညအဆင့်ပဲ ရှိနေပြီး သိပ်အရေးမကြီးတာကို အချိန်တွေ အင်အားတွေ ပေးနေမိလားဆိုတာ အဲ့မှာပေါ်လာပါလိမ့်မယ်။
𝗦𝘁𝗲𝗽-𝟱
နောက်ဆုံးအဆင့်မှာ ခေါင်းစဥ်တစ်ခုချင်းအောက်မှာ ထွက်လာတဲ့ ရလဒ်တွေကို ကြည့်ပြီးတော့ ကိုယ့်ရဲ့ တစ်နေ့စာ၊ တစ်လစာ၊ တစ်နှစ်စာ အချိန်ဇယား ဆွဲရပါမယ်။ လိုအပ်တာတွေကို အချိန်ပိုပေးပြီး မလိုအပ်ဘဲ အချိန်ကုန်နေတာတွေကို ကိုယ့်ဘဝထဲကနေ ဖယ်ရှားနိုင်ဖို့ ကြိုးစားပါ။
ဒီလောက်ဆိုရင် ဘဝအစီအစဥ် (Life Plan) တစ်ခုကို လွယ်လွယ်ကူကူ ဆွဲလို့ရသွားပါပြီ။
လူအများစုဟာ တစ်နေ့စာပဲ ရှင်သန်နေကြသူတွေ များပါတယ်။ ⏳ နိစ္စဒူဝကိစ္စတွေနဲ့ပဲ လုံးလည်ချာလည်လိုက်ရင်း တစ်နေ့ပြီးတစ်နေ့ ကုန်သွားကြရတယ်။ ဒီအထဲမှာ ကျွန်တော်လည်း အပါအဝင်ပါပဲ။
အခုလို ဘဝအစီအစဥ်လေးသာ ဆွဲထားလိုက်မယ်ဆိုရင် ကိုယ်ဘာလုပ်ရမယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် လမ်းညွှန်ချက်ပေးပြီးသား ဖြစ်သွားမှာပါ။ လမ်းပျောက်တယ်ဆိုတာ မဖြစ်တော့ဘူးပေါ့။
ဘဝရဲ့ အဓိပ္ပါယ်ဆိုတာ ကိုယ်တိုင် သတ်မှတ်မှရတာမျိုးပါ။ စာဖတ်သူတွေလည်း ကိုယ်စီဘဝတွေကို အဓိပ္ပါယ်ရှိစွာ ရှင်သန်နေထိုင်နိုင်ကြပါစေခင်ဗျာ။ 💚
#BAWA101 #LifePlan #LifeHacks #LifeTips
#Credit_to_BAWA101

❤🔥100❤54💯6🍓6🤔2💘2🏆1
🏆88💔34🤔6❤4🎉3💯1🍓1💋1
🏆125💔38😁12❤3💯2🍓2⚡1👌1
🏆111💔63😁5❤4🤯3🎉2😢1💯1
Anonymous Quiz
23%
Salt
13%
Quicksilver
16%
Ammonia
48%
Chlorine
🏆103💔69🌚6💋3❤1🎉1
🏆193💔56❤🔥9💯3⚡2🥰2😁2🎉2🙊2❤1
💔121🏆76⚡9❤8❤🔥1🥰1🤯1🕊1🐳1
Anonymous Quiz
27%
10 လီတာ
38%
8 လီတာ
25%
5 လီတာ
7%
3 လီတာ
3%
1 လီတာ
💔137🏆91❤9😢8🤩3⚡1🍓1
နွားနို့ပျက်သွားတဲ့အခါဒိန်ချဉ်ဖြစ်လာပါတယ်။ဒိန်ချဉ်ဟာနွားနို့ထက်ပိုပြီးတန်ဖိုးရှိပါတယ်၊ဒိန်ချဥ်ဟာအဲဒီထက်ပိုပျက်သွားတဲ့အခါမှာချီစ်ဖြစ်သွားပါတယ်။ချီစ်ဟာဒိန်ချဉ်နဲ့နွားနို့ထက်ပိုပြီးတန်ဖိုးရှိပြန်ပါတယ်။
စပျစ်ရည်ဟာချဥ်သွားတဲ့အခါမှာဝိုင်ဖြစ်လာပါတယ်၊ဝိုင်ဟာစပျစ်ရည်ထက်ပိုပြီးတန်ဖိုးရှိပါတယ်၊
လူတယောက်ဟာအမှားတွေလုပ်မိလို့ဘဝမှာမအောင်မြင်တဲ့လူတယောက်ဖြစ်မသွားပါဘူး၊ဘဝမှာအမှားတွေကသာလူတစ်ယောက်ကိုပိုပြီးတန်ဖိုးရှိစေပါတယ်။
Christopher Columbus ရေကြောင်းလမ်းပြမြေပုံအမှားကြောင့်အမေရိကားတိုက်ကိုတွေ့ရှိခဲ့ပါတယ်။အဲဒီလိုပဲAlexander Fleming’sဟာလဲသူ့အမှားကြောင့်ပယ်နစ်စလင်ဆေးကိုတွေ့ရှိခဲ့ပါတယ်။
လူတွေဟာလေ့ကျင့်ပါများလို့ပိုပြီးတော်လာတာမဟုတ်ပါဘူး။လူတွေကအမှားတွေလုပ်မိလို့အမှားတွေကသင်ခန်းစာယူပြီးပိုပြီးတန်ဖိုးရှိတဲ့လူဖြစ်လာတာဖြစ်ပါတယ်။
#𝐑ᴏɴɴɪᴇ
#credit
#moti

❤438❤🔥51💯32🏆10👏8🤩5⚡4🥰3😢2🍓2🎉1
Anonymous Quiz
7%
July 14
27%
June 19
62%
July 19
1%
July 16
3%
July 29
🏆244😢46💔24❤7💯6🍓6🐳5🥰2❤🔥1🤔1
🏆162💔103❤7😢6💯3🥰2⚡1❤🔥1👏1💋1
🏆198💔38👏3💯3❤🔥2❤2🍓2🎉1
🏆196💔40❤8👏5💯5🎉2😢1🍓1
🏆100💔86😢19💯5❤1❤🔥1