Let's Answer
11.9K subscribers
566 photos
18 videos
4 files
100 links
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗

❣️ 12.10.2022 ❣️
Download Telegram
💔143🏆52😱3210🤔7🤯63❤‍🔥1🍓1
ကရင်ပြည်နယ်ကို ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၈၀)၊ ပုဒ်မခွဲ (၁)အရ ဗြိတိသျှအစိုးရ လက်ထက်က သံလွင်ခရိုင်ရှိ ဖာပွန်၊ သထုံခရိုင်ရှိ ဘားအံနှင့် လှိုင်းဘွဲ၊ ကျိုက်ခမီခရိုင်ရှိ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး၊ တောင်ငူခရိုင်ရှိ သံတောင်မြို့နယ်များကို စုစည်းပြီး ကရင်ပြည်နယ်ဟု ပြင်ဆင်သတ် မှတ်ခဲ့သည်။ ၁၉၆၄ ခုနှစ် ဧပြီ ၃ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ ကြေညာစာအမှတ် (၅၁)အရ ကရင်ပြည်နယ် အား ကော်သူးလေပြည်နယ်ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။
၁၉၆၅ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန စာအမှတ်၊ (၆၁၈)ဖြင့် ကရင်ပြည်နယ်မှ ဘားအံခရိုင်ကို မြို့နယ် (၄)မြို့နယ်ဖြင့်လည်းကောင်း၊ အမိန့်ကြော်ငြာစာအမှတ်၊ (၆၉၇)ဖြင့် ကော့ကရိတ် ခရိုင်ကို မြို့နယ် (၃)မြို့နယ်ဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့သည်။

၁၉၇၂ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၆၆)အရ ၁၉၇၂ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှစ၍ ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်ခွဲများကို ပယ်ဖျက်ခဲ့သည်။ ထို့နောက် နိုင်ငံတော်ကောင်စီကာလတွင် (၁၉၄၇) ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၀)၊ ပုဒ်မခွဲ (က)ဖြင့် ကော်သူးလေပြည်နယ်ကို ကရင်ပြည်နယ်ဟု ပြန်လည်သတ်မှတ်ခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ကော့ကရိတ်ခရိုင်ရှိ မြဝတီမြို့နယ်ကို ခရိုင်အဆင့်ဆင့် တိုးမြှင့်ဖွဲ့စည်းခဲ့သည်။

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာဖြင့် ဘားအံခရိုင် လက်အောက်ရှိ ဖာပွန်မြို့နယ်ကို ခရိုင်အဖြစ်အဆင့်တိုးမြှင့် ဖွဲ့စည်းခဲ့သည်။ ၂၀၂၂ ခုနှစ် ဧပြီလ (၃၀) နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ် နှင့် သံတောင်ကြီးမြို့နယ်တို့ကို ခရိုင် အဖြစ်တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ကရင်ပြည်နယ်တွင် လက်ရှိ ခရိုင် ၆ ခရိုင်၊ မြို့နယ် ၇ မြို့နယ်၊ မြို့ ၁၈ မြို့၊ ရပ်ကွက် ၈၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၇၆ အုပ်စုနှင့် ကျေးရွာ ၂၀၆၃ ရွာ ပါဝင်ဖွဲ့စည်းထားရှိသည်။
#Venn
#Knowledge
#Crd
❤‍🔥4017🍓5💘1
positive psychology အကြောင်း

Positive Psychology (အကောင်းမြင်စိတ်ပညာ) ဆိုတာကတော့ 1998 ခုနှစ်လောက်မှာ Martin Seligman ဆိုတဲ့ စိတ်ပညာရှင်က အသစ်ထပ်မံလေ့လာတွေ့ရှိခဲ့တဲ့ စိတ်ပညာနယ်ပယ်ခွဲတစ်ခုဖြစ်ပါတယ်။ အဲ့ဒီနှစ်တွေမတိုင်ခင်က စိတ်ပညာနယ်ပယ်က ပညာရှင်တွေဟာ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ ရောဂါတွေ၊ ပြဿနာတွေ၊ မကောင်းတဲ့အတွေးတွေကိုသာ အဓိကထား သုတေသနပြုလုပ်ခဲ့ကြပြီး လူတွေရဲ့ ဦးနှောက်ထဲက မကောင်းတဲ့အတွေးတွေကို ဘယ်လိုဖယ်ရှားကုသမလဲဆိုတာကိုပဲ လေ့လာခဲ့ကြတာဖြစ်ပါတယ်။

1998 နောက်ပိုင်းမှာမှ Martin Seligman ကအစပြုလို့ စိတ်ပညာရှင်တွေဟာ လူတွေရဲ့ ဦးနှောက်နဲ့ နှလုံးသားထဲမှာရှိတဲ့ အကောင်းမြင်စိတ်အကြောင်းကို လေ့လာခဲ့ကြပြီး လူနေမှုဘ၀နဲ့ အကောင်းမြင်စိတ် ဆက်စပ်ပုံတွေ၊ အကောင်းမြင်စိတ်အလုပ်လုပ်ပုံတွေနဲ့ ကောင်းကျိုးတွေကို လေ့လာခဲ့ကြရင်း Positive Psychologyဟာ ယနေ့ခေတ်မှာ တွင်ကျယ်လာတာဖြစ်ပါတယ်။
#Venn
#Knowledge
#Crd
65❤‍🔥6💘4
ရူပဗေဒသည် သဘာဝတရား၏ သိပ္ပံပညာ ဖြစ်ပြီး စကြာ၀ဠာ၏ အခြေခံပစ္စည်းများအကြောင်း၊ ၎င်းတို့၏ တစ်ခုပေါ်တစ်ခု အားသက်ရောက်မှုနှင့် အပြန်အလှန်ဆက်နွယ်နေမှု ၎င်းတို့မှရလာသော အဆုံးသတ်ဖြစ်ပေါ်ချက်များကို ကိုင်တွယ်ဖြေရှင်းသော ဘာသာရပ်ဖြစ်သည်။

ရူပဗေဒ(physicsသည် ဒြပ်၀တ္ထုများ နှင့် လှုပ်ရှားမှုများကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ ရူပဗေဒသည် နေရာ နှင့် အချိန်ကိုလည်း လေ့လာသည်။ ရူပဗေဒသည် စွမ်းအင်၊ အား၊ ၀တ္ထု နှင့် လျှပ်စစ်ဓာတ်ကို အသုံးပြုသည်။ ခြုံငုံပြောရလျှင် ရူပဗေဒသည် သဘာဝကို လေ့လာဆန်းစစ်မှုဖြစ်ပြီး ကျွန်ုပ်တို့၏ ပတ်ဝန်းကျင် အားလုံးကို နားလည်ရန်ပင်ဖြစ်သည်။

ရူပဗေဒဆိုသော စကားလုံးသည် ပါဠိဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ (ရူပ = ရုပ်၊ ဗေဒ=ပညာ)ရုပ်ဝတ္ထုတွေအကြောင်း လေ့လာသော ပညာဟု အဓိပ္ပာယ်ဆောင်သည်။ ရူပဗေဒ၏ အဓိပ္ပာယ်ကို မြန်မာလို တိုက်ရိုက်ဖွင့်ဆိုပါက (ရူပ = ရုပ်ဝတ္တု၊ ဗေဒ = ခွဲခြမ်း စိတ်ဖြာသော ပညာ) ရုပ်ဝတ္တုများကို ခွဲခြမ်းစိတ်ဖြာ၍ လေ့လာသော ပညာရပ်ဟု ဆိုလိုသည်။ တနည်းအားဖြင့် သဘာဝသိပ္ပံပညာ ဖြစ်သည်။
#Venn
#Knowledge
#Crd
❤‍🔥7019🍓82🐳2🏆1💘1
73❤‍🔥3
Let's Answer
Photo
အားလုံးပဲ မင်္ဂလာညချမ်းပါခဗျာ 🍀🌌

ဒီနေ့တော့ Bio Eco Physics နဲ့ Chemistry အကြောင်းကို ရှင်းပြသွားမှာဖြစ်ပါတယ်ဗျ

Biology (ဇီဝဗေဒ)



Bio ဆိုတာ သတ္တဝါတွေ အပင်တွေ ဆဲလ်တွေရဲ့အကြောင်းကိုလေ့လာတာပါ။ သတ္တဝါတွေရဲ့ ဖွဲ့စည်းပုံ အစိတ်အပိုင်း စတာတွေကို ခွဲစိတ်မယ် လေ့လာမယ်"အလားတူ အပင်တွေရဲ့ ဖြစ်တည်မှုတွေ ဒြပ်ဖွဲ့စည်းပုံတွေ သက်တမ်း မျိုးရိုးဗီဇ တွေကို သင်ကြားရတာမျိုးပါ။

လူတွေမှာဆိုရင် သွေးအမျိုးအစား ကိုယ်ခန္တာ စတာတွေကို အသေးစိတ်ကအစ သင်ကြားရတဲ့ ဘာသာပါ။ Bio ကို 10တန်းမှာ စတင်သင်ကြားရပါတယ်။

ဇီဝဗေဒပညာရပ်သည် ကြီးမားကျယ်ပြန့်သောဘာသာရပ်ဖြစ်တာကြောင့် ဘာသာခွဲငယ်များဖြင့် အသေးစိတ်ပိုင်းခြားလေ့လာနိုင်ပါတယ်ဗျ"

Bio ကို
သတ္တဗေဒ (zoology)
ရုက္ခဗေဒ (botany)
အဏုဇီဝဗေဒ (Microbiology)
Cytology(ဆဲလ်ဗေဒ ဝါ ကလပ်စည်းဗေဒ)
Genetics(မျိုးရိုးဗီဇဗေဒ)
Evolutionary biology(ဆင့်ကဲပြောင်းလဲခြင်းဗေဒ)
Taxonomy(ဇီဝမျိုးခွဲဗေဒ)
Ecology(ဂေဟဗေဒ) ဆိုပြီး ထပ်မံခွဲခြားထားပါတယ်။

ဒါပေမဲ့ Bio ကို ဆရာဝန် ဖြစ်ချင်တဲ့သူများ Eng ပိုင်နိုင်တဲ့သူများသာ ရွေးဖို့ recommeted ပေးချင်ပါတယ်ဗျ

Economy(စီးပွားရေး)


Eco ကတော့ စီးပွားရေးဘာသာပဲဖြစ်ပါတယ်"ငွေကြေးဖလှယ်မှုတွေ ကုန်စည်တန်ဖိုးတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ငွေကြေး ဖလှယ်တာတွေ ငွေကြေးအသုံးဝင်မှုတွေ ငွေကြေးဖောင်းပွမှု ကို သင်ရတဲ့ ဘာသာမျိုးပါ"Eco မို့လို့ မြန်မာစာပဲဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့ ချားရဟတ်စီးရသလို ချာချာလည်သွားပါလိမ့်မယ်။

Eco မှာလဲ
စားသုံးသူ၏သုံးစွဲမှု့ (Consumer Spending)
ငွေကြေးလှဲလှယ်နှုန်း (Exchange Rate)
ရင်းနှီးမြှုပ်နှံမှု့တစ်ခု၏ ဂျီဒီပီ (GDP per capital)
စတော့ဈေးကွက် (Stock Market)
အတိုးနှုန်း (Interest Rate)
နိုင်ငံ၏အကြွေး(Government Debt)
ငွေကြေးဖောင်းပွမှု့နှုန်း (Rate of Inflation)
အလုပ်လက်မဲ့နှုန်း (Unemployment)
ကုန်သွယ်မှု့ဟန်ချက် (Balance of Trade) ဆိုပြီး စတဲ့အရာတွေ အားလုံးကိုသင်ကြားရတာပါ။

ကိုယ်က စီးပွားရေးသမား အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်ရင် Eco သာ ရွေးချယ်လိုက်ပါ။


Physics(ရူပဗေဒ)



Physics ဆိုတာကတော့ အက်တမ် နဲ့ ဒြပ်ဆွဲအား တွေ အကြောင်းသင်တဲ့ ဘာသာရပ်ပါ"မြန်မာဆိုလို ရူပဗေဒ ပေါ့ ရူပဗေဒ (physics) က သင်္ချာကို အခြေခံပြီး စကြာဝဠာ(universe) အကြောင်းကို အရင်းခံအကျဆုံး ရှင်းပြနိုင်သော ဘာသာရပ်ဖြစ်ပါတယ်။

ဥပမာအားဖြင့် ဓာတုဗေဒ ဖြစ်စဉ်များအကြောင်းကို ရူပဗေဒ က မော်လီကျူးတွေ အက်တမ်အောက်အမှုန်တွေနဲ့ သဘောသတ္တိတို့ကို သုံးပြီး၊ မော်လီကျူး အချင်းချင်းကြား တုံ့ပြန်ပုံနိယာမများ သုံးပြီး ရှင်းပြနိုင်တဲ့ ဘာသာရပ်လဲ ဖြစ်ပါတယ်" ကမ္ဘာမြေကြီးရဲ့ ဆွဲအားတွေ စကြာဝဠာရဲ့ ဆွဲအားတွေ ဒြပ်မှုန်တွေ သံလိုက် တွေ တွင်းနက် တွေအကြောင်းကိုပါ ရူပဗေဒက သင်ကြားပေးနိုင်ပါတယ်။


Chemistry (ဓာတုဗေဒ)



Chemistry ကတော့ ဒြပ်ဝတ္တုတို့ရဲ့ ပါဝင်ပေါင်းစပ်ပုံ၊ ပုံသဏ္ဌာန်တွေ ဂုဏ်သတ္တိ များနဲ့အတူ ဓာတု ဓာတ်ပြုခြင်း ဖြစ်လာတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲခြင်းတွေကို လေ့လာသော သိပ္ပံဘာသာရပ် တစ်ခုဖြစ်ပါတယ်။ဓာတုဗေဒ လို့လဲခေါ်ပါတယ်။

ဓာတုဗေဒက ရုပ်ဝတ္တု သိပ္ပံဘာသာရပ် ဖြစ်ပြီး အက်တမ်၊ မော်လီကျူး၊ ပုံဆောင်ခဲ နဲ့ အခြား စုပေါင်းထားတဲ့ ဒြပ်ပေါင်း၊ ဒြပ်နှော များမှာ ဓာတုဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းနဲ့ ပတ်သက်တဲ့ စွမ်းအင် သဘောတရားများကို လေ့လာတဲ့ ဘာသာရပ်ဖြစ်ပါတယ်။

ဆေးဖော်တာ ဆေးကျိုချက်တာ တွေ နျူကလိယ ထုတ်လုပ်တာတွေ ဓာတုဆေးလုပ်တာတွေ စတာတွေကို သင်ကြားပေးတဲ့ ဘာသာရပ်လဲ ဖြစ်ပါတယ်"သိပ္ပံပညာရှင်ဖြစ်ချင်တယ်ဆိုရင်တော့ Chemistry ကို ပိုင်နိုင်အောင်သာ လေ့လာထားပါ

#Zewazoe
#Forward_only
#Knowledge
176❤‍🔥12💯11🏆7🤩4😁3🍓2💘2🕊1🐳1
78💘6👌2🍓2
Let's Answer
Photo
ဆင်းရဲပေမယ့် သူခိုးမဟုတ်ပါဘူး

ချမ်းသာတဲ့ လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့အိမ်ကြီးမှာ ကြီးကျယ်တဲ့ ပါတီပွဲကြီးတစ်ခု လုပ်ဖို့ ပြင်ဆင်ကြတယ်။ ပါတီပွဲမလုပ်ခင် တစ်ရက်အလိုမှာ သူတို့ဟာ ကုန်တိုက်ကြီးတစ်ခုကို သွားပြီး ပါတီပွဲအတွက် လိုတဲ့ပစ္စည်းတွေ ဝယ်ကြတယ်။ သူတို့ဝယ်တဲ့ ပစ္စည်းတွေဟာ ဈေးကြီးတဲ့ ပစ္စည်းတွေပါ။ သူတို့အိမ်ဟာ ကုန်တိုက်နဲ့ သိပ်မဝေးလို့ သူတို့လင်မယားလည်း သူတို့ပစ္စည်းတွေကို သယ်ဖို့ ကားမငှားတော့ဘဲ တွန်းလှည်းနဲ့ သယ်ပေးသူတစ်ယောက်ကို ငှားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ သူတို့ဟာ ကုန်တိုက်အပြင်မှာ ပစ္စည်းသယ်သူလိုက်ရှာတော့ တစ်ယောက်ကိုပဲ တွေ့ ကြရတယ်။ အဲဒီတစ်ယောက်ကလည်း အသက်ကြီးကြီး အဖိုးကြီးတစ်ယောက် ဖြစ်ပြီး ကျန်းမာရေးကောင်းပုံ မရဘူး။ နောက်ပြီး သူ့အဝတ်အစားတွေဟာ အတော်လေး နွမ်းပါးနေတယ်။ ထမင်းလည်း နပ်မှန်အောင် စားရပုံမပေါ်ဘူး။

လင်မယားလည်း တခြားပစ္စည်းသယ်သူတွေ မတွေ့လို့ အဖိုးကြီးကိုပဲ ပစ္စည်းတွေကို အိမ်အရောက်ပို့ပေးဖို့ ဘယ်လောက်ယူမလဲလို့ မေးလိုက်တယ်။ အဖိုးကြီးက ဒေါ်လာ ၂၀ ပေးပါလို့ ရိုရိုသေသေ ပြန်ဖြေတယ်။ တကယ်တော့ အဖိုးကြီးဟာ ပိုက်ဆံလိုနေလို့ ပစ္စည်းပို့ခကို လျှော့တောင်းလိုက်တာပါ။ တခြားပစ္စည်းသယ်သမားတွေဆိုရင် ၂၅ ဒေါ်လာ တောင်းနေကျပါ။ ဒါတောင် လင်မယားက ၁၅ ဒေါ်လာပဲ ပေးမယ်လို့ ပြောတယ်။ အဖိုးကြီးလည်း ထမင်းဝယ်စားဖို့ ပိုက်ဆံလိုနေတာမို့ အဲဒီဈေးကို လက်ခံလိုက်တယ်။

လင်မယားလည်း ပစ္စည်းသယ်သမားကို ၁၅ ဒေါ်လာနဲ့ ဈေးဆစ်နိုင်ကြလို့ အတော်ပျော်သွားကြတယ်။ သူတို့ဟာ အဖိုးကြီးကို သူတို့အိမ် လိပ်စာကို သေချာပြောပြပြီး အိမ်ကို လမ်းလျှောက်ပြန်လာကြတယ်။ သူတို့ဟာ အိမ်ရောက်ပြီး ၂ နာရီကြာတဲ့အထိ ပစ္စည်းတွေ ရောက်မလာလို့ စိတ်ပူစပြုလာကြတယ်။

မိန်းမဟာ စိတ်ဆိုးဒေါသထွက်လာပြီး သူ့ယောက်ျားကို ခုလို ပြောတယ်။

“ကျွန်မ ရှင့်ကို ပြောသားပဲ၊ လူတစ်ယောက်ကို အရမ်း မယုံကြည်ပါနဲ့လို့။ သူ့ကိုယ်သူ စားဖို့တောင် အနိုင်နိုင်ဖြစ်နေသူကိုများ ရှင်က ယုံပြီး ကျွန်မတို့ရဲ့ ဈေးကြီးတဲ့ ပစ္စည်းတွေကို ပုံအပ် လိုက်ရတယ်ရှင်။ ကျွန်မတော့ အဲဒီလူကြီး ဟာ ကျွန်မတို့ပစ္စည်းတွေကို တခြားနေရာကို သယ်သွားပြီး ရောင်းလိုက်ပြီလို့ ထင်တာပဲ။ ကျွန်မတို့ ကုန်တိုက်ကို အမြန်ပြန်သွားပြီး ကုန်တိုက်မန်နေဂျာ ကို အကျိုးအကြောင်း ပြောပြကြရအောင်ပါ။ နောက်ပြီး ရဲစခန်း မှာလည်း ပစ္စည်းတွေ အခိုးခံရတယ်ဆိုပြီး အမှုဖွင့်ရမယ်ရှင့်”

ဒါနဲ့ သူတို့နှစ်ယောက်ဟာ ကုန်တိုက်ကို အမြန်ပြန်သွားကြတယ်။ လမ်းတစ်ဝက်မှာ ပစ္စည်းသယ်သူတစ်ယောက်ကို သူတို့ရဲ့ ပစ္စည်းတွေ တင် ထားတဲ့ တွန်းလှည်းနဲ့အတူ တွေ့လိုက်တယ်။ မိန်းမဟာ ဒေါသကို မထိန်း နိုင်ဘဲ ခုလို ပြောလိုက်တယ်။

“ကျွန်မတို့ပစ္စည်းတွေသယ်ဖို့ ပိုက်ဆံပေးထားတဲ့ အဖိုးကြီး အခု ဘယ်မှာလဲရှင့်။ ဒါတွေဟာ ကျွန်မတို့ရဲ့ ပစ္စည်းတွေပါ။ ရှင် ဒီပစ္စည်းတွေကို ကျွန်မတို့အိမ်ကိုမပို့ဘဲ ဘယ်မှာ သွားရောင်းလို့မလဲ”

ပစ္စည်းသယ်သူက ခုလို ပြန်ပြောပါတယ်။

“အစ်မရယ်၊ သိပ်ပြီး ဒေါသမဖြစ်ပါနဲ့လေ။ စိတ်အေးအေးထားပါဗျ။ အဖိုးကြီးဟာ ပြီးခဲ့တဲ့လကတည်းက နေမကောင်း ဖြစ်နေခဲ့တယ်။ အမှန်တော့ တစ်နေ့မှ ထမင်းတစ်နပ်ပဲ စားရလို့အဟာရ ပြတ်သွားတာပါ။ လွန်ခဲ့တဲ့ ၂ နာရီလောက်က သူဟာ ဗိုက်ထဲမှာ အစာမရှိသလို မောလည်း အရမ်းမောနေတယ်။ နေကလည်း ပူလွန်းလို့ အစ်မတို့ ပစ္စည်းတွေကို တင်ထားတဲ့ လှည်းကို တွန်းရင်း လမ်းပေါ်မှာ လဲကျသွားတယ်။ သူက တွန်းလှည်းကို ဆက်မတွန်းနိုင်တော့လို့ ကျွန်တော့်ကို ၁၅ ဒေါ်လာပေးပြီး သူ့လှည်းကို တွန်းခိုင်းတယ်။ ခင်ဗျားတို့အိမ်ကို ပို့ခိုင်းလိုက်တာပါ။ အခု ကျွန်တော် ပစ္စည်းတွေကို လာပို့နေတာပါဗျာ။ အစ်ကိုနဲ့အစ်မတို့ရာ၊ အဖိုးကြီးကို ကျွန်တော် ကောင်းကောင်း သိပါတယ်။ သူဟာ ဆင်းရဲတယ်။ ထမင်းနပ်မှန်အောင် မစားရရှာဘူး။ ဒါပေမယ့် သူဟာ ရိုးသားသူပါ။ သူများပစ္စည်းကို ခိုးယူတာ၊ လိမ်ညာယူတာမျိုး တစ်ခါမှမလုပ်ဖူးပါဘူး။ ကဲ ခင်‌ဗျားအိမ်ကို သွားကြစို့။” လို့ ပစ္စည်းသယ်သူက ရှင်းပြတယ်။

သူ့စကားအဆုံးမှာ လင်ရော မယားပါ မျက်ရည်လည်နေကြတယ်။ သူတို့ဟာ လူတစ်ယောက်ရဲ့ အဝတ်အစား အသွင်အပြင်ကြည့်ပြီး သူ့အကျင့်စရိုက်ကို ဆုံးဖြတ်လိုက်တာ အကြီးအကျယ်မှားသွားပြီဆိုတာကို သိလိုက်ကြတယ်။

မိန်းမက သူ့ယောက်ျားကို ခုလိုတိုးတိုးလေးပြောလိုက်တယ်။ “ကျွန်မတို့ အဖိုးကြီးကို သွားတွေ့ပြီး ဆေးဖိုးနဲ့ အစားအစာဖိုးလေတွေ သွားပေးရအောင်နော်” တဲ့။ ယောက်ျားလည်း ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်တယ်။

မိတ်ဆွေတို့လည်း လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို အဝ၊ အစားကို ကြည့်ပြီး ဆုံးဖြတ်ချက် မမှားကြပါနဲ့ဗျာ။


မျှဝေ‌လိုသော အတွေးများ(၅) စာအုပ်ထဲမှ စာသားပြန်ရိုက်ယူ၍ တင်ပေးတာမို့ Copy ယူတင်တာမျိုး လက်မခံပါဘူးနော်

မူရင်‌းရေးသားခဲ့သောသူအား လေးစားစွာနဲ့ credit ပါရှင့် 🙏


#မျှဝေ‌လိုသော_အတွေးများ(၅)
#ဗန်းမော်သိန်းဖေ
#Credit
#Forward_Only
#knowledge
#motivation
#Ruby
191❤‍🔥31💘6😢5🥰4🕊31🤩1💯1💔1
What do you call a person that makes clothes for others, many times producing exclusive items of clothing?

#Ruby
Anonymous Quiz
9%
Chef
55%
Tailor
31%
Customizer
5%
Taxi driver
🏆124💔44👏3💘2🤩1
Which fictional detective have Robert Downey Jr. And Benedict Cumberbatch both famously played?

#Ruby
Anonymous Quiz
22%
True Detective
21%
Dexter
27%
South Park
30%
Sherlock Holmes
😢66🏆47💔157🍓31🤔1
What doesn't kill you makes you....?

#Ruby
Anonymous Quiz
20%
...a winner.
22%
...mad.
48%
...stronger.
10%
...a star.
🏆111💔49😢15🔥1🎉1💯1
What is the most popular cinema award in the US?

#Ruby
Anonymous Quiz
14%
Golden Raspberry
9%
BRIT Awards
69%
Oscar
8%
Video Music Awards
🏆138💔31💘3🎉2💯1
🏆75💔61💯5🤔4🔥2❤‍🔥1🎉1💘1
💯19934💔22😁15❤‍🔥13🍓61🔥1🌚1🦄1
Let's Answer
Photo
ဘဝလမ်းခရီးမှာ အကွေ့အကောက်၊ အနိမ့်မြင့်ဆိုတဲ့ လောကဓံတရားတွေကို လူတိုင်း ရင်ဆိုင်ကြုံတွေ့ကြရမှာပါ။

🤷‍♂️ ဘဝဆိုတာ စီစဥ်ထားတဲ့အတိုင်း ဖြစ်တာထက် မဖြစ်တာက ပိုများပါတယ်။
ဘဝလမ်းခရီးမှာ အကွေ့အကောက်၊ အနိမ့်မြင့်ဆိုတဲ့ လောကဓံတရားတွေကို လူတိုင်း ရင်ဆိုင်ကြုံတွေ့ကြရမှာပါ။ ဒီအခါမှာ ကျွန်တော်တို့ဟာ ကိုယ်ဘာဖြစ်ချင်မှန်း သေချာမသိဘူးဆိုရင် လမ်းလျှောက်ရင်း လမ်းပျောက်သွားတတ်ပါတယ်။
ဒါကြောင့် Life Plan လို့ခေါ်တဲ့ ဘဝအစီအစဥ်က အရေးကြီးတာပါ။ ဘဝတလျှောက်လုံးအတွက် ကိုယ့်ရှင်သန်နေထိုင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုလိုက်တဲ့ သဘောပေါ့။ 🧭 ဘဝမှာ ဘာလုပ်ရမယ်ဆိုတာကို သတ်မှတ်ပေးနိုင်တာမို့ ဘဝလမ်းညွှန်လို့လည်း ခေါ်ဆိုလို့ ရနိုင်ပါတယ်။
ဒီကနေ့မှာ Life Plan တစ်ခု အလွယ်ရေးဆွဲနည်းအကြောင်း စာဖတ်သူတွေကို ပြောပြပေးသွားမှာပါ။


𝗦𝘁𝗲𝗽-𝟭

ကိုယ့်ဘဝမှာ အရေးပါတဲ့ ကဏ္ဍတွေကို ချရေးလိုက်ပါ။ အဲ့တာဘာရတွေလဲဆို‌တော့ ...
ယုံကြည်သက်ဝင်မှု (Spirituality)
အလုပ်အကိုင် (Job)
ဝါသနာ (Passion)
လူမှုဆက်ဆံရေး (Relationship)
ကျန်းမာရေး (Health)
ငွေကြေး (Finance)
ကိုယ်ကျင့်စရိုက် (Character)
ဆိုပြီး ခေါင်းစဥ် ၇ ခုရှိပါတယ်။


𝗦𝘁𝗲𝗽-𝟮

ပြီးရင် ခေါင်းစဥ်တစ်ခုချင်းအောက်မှာ ကိုယ့်ရဲ့ ဖြစ်ချင်မှုဆန္ဒတွေကို စာရင်းလုပ်ပါမယ်။ ဥပမာ - ငွေကြေးအောက်မှာဆို လစဥ်ပုံမှန် ဝင်ငွေ၊ အမြဲပိုက်ဆံဝင်နေမဲ့ လမ်းကြောင်း စသဖြင့်ပေါ့။ အချက်အလက် ၅ ခုကနေ ၁၀ ခုအထိ ချရေးလိုက်ပါ။


𝗦𝘁𝗲𝗽-𝟯

ရေးပြီးသွားရင် တစ်ချက်ချင်းရဲ့ ဘေးမှာ လက်ရှိ အခြေအနေကို မှတ်ချက်ရေးပါမယ်။ ကိုယ့်မှာ ရှိနေပြီလား၊ စကို မလုပ်ရသေးတာလား၊ ကြိုးစားနေဆဲ အဆင့်လား စသဖြင့်ပေါ့။ အခြေအနေပေါ်မူတည်ပြီး ကြယ်လေးတွေနဲ့ အမှတ်ပေးပါ။


𝗦𝘁𝗲𝗽-𝟰

ပြီးရင်တော့ အဲ့အချက်တွေကို ဦးစားပေးအဆင့် သတ်မှတ်ပါမယ်။ ကိုယ့်အတွက် အရေးပါဆုံးကို အပေါ်ဆုံးကနေထားပြီး စီချလိုက်ပါ။ အရေးကြီးဆုံးက သုညအဆင့်ပဲ ရှိနေပြီး သိပ်အရေးမကြီးတာကို အချိန်တွေ အင်အားတွေ ပေးနေမိလားဆိုတာ အဲ့မှာပေါ်လာပါလိမ့်မယ်။


𝗦𝘁𝗲𝗽-𝟱

နောက်ဆုံးအဆင့်မှာ ခေါင်းစဥ်တစ်ခုချင်းအောက်မှာ ထွက်လာတဲ့ ရလဒ်တွေကို ကြည့်ပြီးတော့ ကိုယ့်ရဲ့ တစ်နေ့စာ၊ တစ်လစာ၊ တစ်နှစ်စာ အချိန်ဇယား ဆွဲရပါမယ်။ လိုအပ်တာတွေကို အချိန်ပိုပေးပြီး မလိုအပ်ဘဲ အချိန်ကုန်နေတာတွေကို ကိုယ့်ဘဝထဲကနေ ဖယ်ရှားနိုင်ဖို့ ကြိုးစားပါ။
ဒီလောက်ဆိုရင် ဘဝအစီအစဥ် (Life Plan) တစ်ခုကို လွယ်လွယ်ကူကူ ဆွဲလို့ရသွားပါပြီ။
လူအများစုဟာ တစ်နေ့စာပဲ ရှင်သန်နေကြသူတွေ များပါတယ်။ နိစ္စဒူဝကိစ္စတွေနဲ့ပဲ လုံးလည်ချာလည်လိုက်ရင်း တစ်နေ့ပြီးတစ်နေ့ ကုန်သွားကြရတယ်။ ဒီအထဲမှာ ကျွန်တော်လည်း အပါအဝင်ပါပဲ။
အခုလို ဘဝအစီအစဥ်လေးသာ ဆွဲထားလိုက်မယ်ဆိုရင် ကိုယ်ဘာလုပ်ရမယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် လမ်းညွှန်ချက်ပေးပြီးသား ဖြစ်သွားမှာပါ။ လမ်းပျောက်တယ်ဆိုတာ မဖြစ်တော့ဘူးပေါ့။
ဘဝရဲ့ အဓိပ္ပါယ်ဆိုတာ ကိုယ်တိုင် သတ်မှတ်မှရတာမျိုးပါ။ စာဖတ်သူတွေလည်း ကိုယ်စီဘဝတွေကို အဓိပ္ပါယ်ရှိစွာ ရှင်သန်နေထိုင်နိုင်ကြပါစေခင်ဗျာ။ 💚
#BAWA101 #LifePlan #LifeHacks #LifeTips


#Credit_to_BAWA101
#Forward_Only
#Ruby
❤‍🔥10054💯6🍓6🤔2💘2🏆1
Who starred in the movies 'Saturday Night Fever' and 'Pulp Fiction'?

#Ruby
Anonymous Quiz
22%
Samuel L. Jackson
44%
John Travolta
26%
Bruce Willis
8%
Tim Roth
🏆88💔34🤔64🎉3💯1🍓1💋1
🏆125💔38😁123💯2🍓21👌1