Let's Answer
11.9K subscribers
566 photos
18 videos
4 files
100 links
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗

❣️ 12.10.2022 ❣️
Download Telegram
ယခု ကျွန်တော်တို့ စီရင်ကျင်းပနေသော နှစ်ကူးပြောင်းခြင်းသည်............သက္ကရာဇ်အတွက် ဖြစ်သည်။

#thadar
Anonymous Quiz
43%
မဟာသက္ကရာဇ်
32%
ကောဇာသက္ကရာဇ်
14%
သာသာနာသက္ကရာဇ်
11%
ခရစ်သက္ကရာဇ်
❤‍🔥50🏆46😡15🤔13💔1394😭4🔥1🥰1🍓1
🍃မဟာသင်္ကြန်အကျနေ့မှာ
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
ရောဂါဘာ၀တွေ ကင်းဝေးပါစေဗျာ💦
မိမိချစ်ခင်ရသောသူများနှင့်လဲ ပျော်ရွှင်စွာနေနိုင်ကြပါစေ💌

🌹မြန်မာနိုင်ငံကြီးလဲ စစ်အာဏာရှင်လက်ထဲကနေ အမြန်ဆုံး လွတ်မြောက်ကြပါစေ လို့ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်ဗျ🙏

#Zack
175🏆20❤‍🔥15🍓43😁2
💫 ရေညိုညိုနှင့်
နေညိုညို 💫

"အဆိုမှား"တွေအကြောင်းစဥ်းစားလိုက်သောအခါ ပထမဆုံးခေါင်းထဲပေါ်လာသည်က သင်္ကြန်ပွဲမှာ အများဝိုင်းဆိုတတ်ကြသော 'မြနန္ဒာ'သီချင်းခေါ်
'မန်းတောင်ရိပ်ခို'သီချင်း ဖြစ်ပါသည်။

'မန်းတောင်ရိပ်ခို'သည် ဆရာမြို့မငြိမ်း၏ ယခုတိုင်မရိုးနိုင်သော သီချင်းတစ်ပုဒ်ဖြစ်ပါသည်။ထိုသီချင်းတွင် ဆရာမြို့မငြိမ်းက 'အသက်ကလေးရယ်တဲ့ ရှည်စေလို ၊ မြနန္ဒာ ရေညိုသမ်းတယ် ၊မန်းတောင်ရိပ်ခို'ဟူသော ရှေးကဗျာကလေးတစ်ပိုဒ်မှ စာသားကို အလိုက်
သင့်ယူပြီး 'မြနန္ဒာရေညိုညိုရစ်ကာသန်း၊ရွှေမန်းတောင်ရိပ်
အတူတူခိုသူ ပျိုဖြူတွေရယ်'
ဟူ၍ သံပြိုင်အပိုဒ်ကလေးကို
လှလှပပဖွဲ့ထားကြောင်း အများသိကြပါသည်။

'မြနန္ဒာ'ဟူသော နန္ဒာကန်သည် မန္တလေးနေပြည်တော်၏ အမှတ်အသားတစ်ခုဖြစ်သည်။
မင်းတုန်းမင်းတရားသည် မန္တလေးတောင်အနီး မင်းနေပြည်တော် မြို့ကြီးတည်ရန်စီမံရာတွင် မန္တလေးတောင်ကို အမှူးပြု၍ တောင်အလား
ဇောင်းကလောကန်၊အနောက်အလား ရွှေတချောင်း၊အရှေ့အလား နန္ဒာကန်ဟူ၍ ရွှေကြိုးသတ်မှတ်ပြီး မြို့ရာခုတ်ထွင်ရှင်းလင်းကြောင်း အမှတ်အသားရှိပါသည်။ဖော်ပြခဲ့သောကဗျာကလေးတွင်
'မြနန္ဒာ ရေညိုသန်းတယ်'ဟု ရေးဖွဲ့သကဲ့သို့ 'မန်းတောင်လက်ယာ'ယိုးဒယားတွင်
'နန္ဒာရေဝန်းရံခ ၊ပတ်လည်ကာ၊
ရွှေမန်းတောင်တော်သာ' ဟူ၍လည်းကောင်း ၊ နန်းတော်ရှေ့ဆရာတင်၏ မြနန္ဒာတွင်
'ရွှေနန္ဒာ မြရည်ကညိုညို'ဟူ၍လည်းကောင်း၊ ရေညိုရစ်သန်းသော မြနန္ဒာကို စာဖွဲ့ခဲ့ကြပါသည်။'မန်းတောင်ရိပ်ခို'ကို
အဆိုတော် ကိုအံ့ကြီးက သီဆိုရာတွင်လည်း 'မြနန္ဒာ ရေညိုညို ရစ်ကာသန်း 'ဟူ၍ ပီပီသသပင်
ဆိုခဲ့ပါသည်။သို့သော် နာမည်ကျော် ရုပ်ရှင်မင်းသားကြီးတစ်​ယောက်ကစ၍ အဆိုတော်
တော်တော်များများ၏ပါးစပ်ထဲတွင် ထိုအပိုဒ်သည် 'မြနန္ဒာ နေညိုညို ရစ်ကာသန်း'ဟူ၍ ဖြစ်သွားပါသည်။
ဘယ်လိုကဘယ်လိုဖြစ်ပြီး 'ရေ'
ကနေ 'နေ' ဖြစ်သွားသည် မသိပါ။သင်္ကြန်ပွဲတွင် အားပါးတရဝိုင်းဆိုကြရာ၌ 'ရေညိုညို'ဟုဆိုတဲ့သူတွေကဆိုပြီး 'နေညိုညို'ဟု အမှားအတိုင်း ဆိုသူတွေကလည်း ဆိုနေကြပါသည်။အမှတ်မထင်ဆိုရင်း 'ရေ'က
'နေ'ဖြစ်သွားဟန် တူပါသည်။🍁

ခေတ်ဟောင်းသီချင်းများ
အနှစ်(၂၀)သီချင်းများကို ကျွန်တော် ငယ်စဉ်ကတည်းက စိတ်ဝင်စားပါသည်။သီချင်းအတော်များများလည်း ရပါသည်။ထိုသီချင်းတွေကို ယခုခေတ်အဆိုတော်တွေပြန်ဆိုသောအခါ စိတ်ဝင်တစား နားထောင်ပါသည်။သူ့နည်းနှင့်သူ အဆိုကောင်းကြပါသည်။သို့သော် အထက်ပါအမှားမျိုးကဲ့သို့ သီချင်းစာသားအမှားများပါလာသောအခါ စိတ်ထဲမှာ ကသိကအောက်ဖြစ်ရပါသည်။🍁

"ဘုရားငုတ်တို ရောင်တော်လွှတ်မှ ၊ ပုံတော်ဆင်ဝတ်ကြပါစို့
မောင်ကြီးရေ တော့၊ အောက်ပြည်ကို လှေတော်ထိုး ၊
'ပိုး' မှာလိုက်မယ်" ဟူသောရှေးကဗျာကို အသံသွင်းထားသည့်
သီချင်းကို အဆိုတော်ကလေးတစ်ယောက်ကပြန်ဆိုရာတွင်
"အောက်ပြည်ကိုလှေတော်ထိုး
'အိုး' မှာလိုက်မယ်."ဟု ဆိုလိုက်သည်ကိုကြားရသည့်အတွက်ရယ်ရမလို ငိုရမလို ဖြစ်သွားရပါသည်။🍁

အခြားအဆိုတော်တစ်ယောက်ကမူ ထိုသီချင်းမှ
"လက်ခတ်သံ လက်ခတ်သံ
မလေးလက်ခတ်သံ "ဟူသောအပိုဒ်ကို မည်သို့ သဘောပေါက်သွားသည်မသိပါ။
"လက်ခတ်တံ လက်ခတ်တံ" ဟူ၍ ပီပီသသကြီး ဆိုနေပါသည်။''လက်ခတ်သံ'ဟူသော
စာသားက မှားနေသည့်အတွက် သူက အမှန်ပြင်ဆိုရသလိုလိုဟန်မျိုးဖြင့်ဆိုနေသည်ကို သတိထားမိပါသည်။'ရက်ကန်းခတ်သော
လက်ခတ်အတံကြီး'ဟုထင်ပြီး
"လက်ခတ်တံ"ဟု ဆိုပုံရပါသည်။ရက်ကန်းခတ်နေသည့်
အသံဖြစ်သည့် အတွက်
"လက်ခတ်သံ ကျွန်းဖိုသား ၊
သောင်းတိုင်ကကြား"ဟု အသံကြားရပုံနှင့် အဆုံးသတ်ထားသည်ကို သတိပြုမိဟန်မတူပါ။🍁

ကိုလေးလွင်၏ တောင်လှေကားမြို့တော် သီချင်းကိုပြန်ဆိုရာတွင် 'ဒုဋ္ဌဝတီ ရေကြည်
ချောင်းကလေးသည် ဟိုအဝေးဝယ် ကွေ့ကောက် 'ပြေး' စီးဆင်းနေသည်"ဟူသော အပိုဒ်ကို
'ဟိုအဝေးဝယ် ကွေ့ကောက် 'ပြီး' စီးဆင်းနေသည်" ဟု မှားဆိုထားပုံကို ကြားရသောအခါ
ချောင်းကလေး၏ ရေအရှိန် အပြေးကလေးစီးဆင်းသွား
သည့် သရုပ်ဖော်မှုကလေးပျက်သွားသည့်အတွက် စိတ်ထဲမှာ နှမြောနေမိပါသည်။'ကွေ့ကောက်ပြေး'ကို
'ကွေ့ကောက်ပြီး'ဟုဆိုလိုက်သည့်အတွက် မူလသီချင်းမှ 'ပြေး'
ဆိုသောအဓိပ္ပါယ် ဆုံးရှုံးသွားရပါသည်။🍁

ကာရန်ကို သတိမပြုမိသည့်အတွက် အဆိုမှားပုံမျိုးလည်း
တွေ့ရပါသည်။နာမည်ကျော် ရတနာပုံ ရုပ်ရှင်ဇာတ်ကား၏
ပဏာမသီချင်းဖြစ်သော 'ရတနာပုံ'သီချင်းကို ပြန်ဆိုရာတွင် "ကျွန်းလက်ယာပြည်
'ဝန်း'သို့ ၊ရည်'ညွှန်း'လို့ ၊
စည်'ယွန်း'စို့၊ ဆု'သွန်း'မင်္ဂလာ
စဉ်သာရတနာပုံ" ဟူသော အဆုံးသတ်ပိုဒ်၌ "ဝန်း၊ညွှန်း၊ယွန်း၊သွန်း"ဟူ၍ ကာရန်ယူပြီး
ဖွဲ့ထားပါလျက် ပြန်ဆိုသူက
"ဆု 'တောင်း'မင်္ဂလာ စဉ်သာရတနာပုံ " ဟုဆိုလိုက်သောအခါ ကာရန်တစ်ချက် လွတ်သွားပါသည်။'ဆုသွန်း'
ဟူသောစကားသုံးကို သဘော
မပေါက်သည့်အတွက် 'ဆုတောင်း'ဖြစ်သည်ထင်ပြီး
မှားဆိုခြင်းဖြစ်ပုံရပါသည်။🍁

အဆိုတော် ရီလေး၏ 'ပင်မြက်ကလေး'သီချင်းတွင်လည်း
"မြက်ကလေးများ ဆို ငိုယို
❤‍🔥206🐳1💋1
မဆုံးပါပြီ" ဟု ကာရန်ကလေး
နှင့်အဆုံးသတ်ထားသည်ကို
ပြန်ဆိုသူက 'မြက်ကလေးများသည် ငိုယို မဆုံးပါပြီ'
ဟု မှားဆိုလိုက်သောအခါ ကာရန်ပျက်သွားပါသည်။
"ဆို"နှင့် "ယို"ကာရန်ချိတ်ထားသည်ကို ဂရုပြုမိဟန်မတူပါ။🍁

အလင်္ကါကျမ်းများတွင်
'ယတိဟီနဒေါသ'ဟူ၍ ရှိပါသည်။အဖြတ်အတောက်မှားသည့်အတွက် အပြစ်သင့်ခြင်းကို ဆိုလိုပါသည်။ဖြတ်ရမည့်နေရာမှာ မဖြတ်ခြင်း၊မဖြတ်ရမည့်နေရာမှာ ဖြတ်ခြင်းတို့ကြောင့် အဓိပ္ပါယ်ပါပျက်ပြီး ဒေါသသင့်ခြင်းဖြစ်ပါသည်။

"ဥသျှောင်ကျင် ငယ်လေ"ဟု ဆိုရမည်ကို "ဥသျှောင် ကျင်ငယ်လေ"ဟု အဖြတ်အတောက်မှားသည့်အတွက် အဓိပ္ပါယ်ပျက်ပြီး
ရယ်စရာဖြစ်သွားပုံကို ပညာရှင်များ သာဓကဆောင်ခဲ့ဖူးပါသည်။
'စာဆိုနှင့်ခွာညို'ဟူသော ရှေးကဗျာကလေးကို အသံသွင်းထားသည့် သီချင်းတွင် စကားဝါငုံကလေးကို မောင်က မယ့်အား ပန်ဖို့ မြင်းပေါ်က လှမ်းပေးစဉ် မြင်းမိုက်က ထွက်ပြေးသဖြင့် မယ်ကလေးခမျာ မပန်ထိုက်ဘဲ ဖြစ်ရပုံကို
"စကားဝါ ငုံတံသေး မြင်းပေါ်က
ပေး၊ မောင်ပေးလို့ မပန်ထိုက်တယ် မြင်းမိုက်ကပြေး"ဟု ဖွဲ့ထားပါသည်။ထိုသီချင်းကိုဆိုသော အဆိုတော်က
"မောင်ပေးလို့ မပန်ထိုက်တယ်"
ဟုမဆိုဘဲ "မောင်ပေးလို့
မ,ပန်ထိုက်တယ်"ဟု ဆိုသည့်အတွက် အဓိပ္ပါယ်ပြောင်းပြန်
ဖြစ်သွားပါသည်။'မောင်'က ပေးသည့်ပန်းကို 'မ'က ပန်ထိုက်ပါသည်ဟု ဖွဲ့ထားသည်ထင်ပြီး
"မပန်ထိုက်"ကို "မ,ပန်ထိုက်"
ဟု ဆိုလိုက်ခြင်း ဖြစ်ပုံရပါသည်။ပန်းကို ပန်ထိုက်လျှင် မြင်းမိုက်ထွက်​ပြေးသည့်အကြောင်းနှင့် ဘယ်လိုဆက်စပ်ပါမည်နည်း။မပန်ထိုက်ခြင်းမှာ မြင်းမိုက်ထွက်ပြေးသောကြောင့်ဖြစ်သည်ဟု အဓိပ္ပါယ်အဆက်အစပ်နှင့် ဖွဲ့ထားသည်ကို
အဖြတ်အတောက်မှားပြီး
"မ,ပန်ထိုက်"ဟု ဆိုလိုက်သည့်အတွက် အဓိပ္ပါယ်ပျက်ပြီး
ယတိဟီနဒေါသ သင့်သွားရပါသည်။🍁

အစဉ်အလာကိုဆက်ခံထိမ်းသိမ်းရာတွင် မူမပျက်အောင်ထိန်းသိမ်းမှ ထိန်းသိမ်းရာရောက်ပါလိမ့်မည်။မူပျက်သွားလျှင် ထိန်းသိမ်းရာမရောက်ဘဲ ဖျက်ဆီးရာရောက်ပါလိမ့်မည်။
"ပြန်ဆို"သီချင်းများတွင် "အဆိုမှား"များပါနေခြင်းကို
ပေါ့ပေါ့တန်တန်သဘောမထားသင့်ပါ။မမှားမယွင်းအောင်တာဝန်ရှိသူများက ကြပ်မတ်ထိန်းကွပ်ပေးသင့်ပါသည်။ပြန်ဆိုသောကာယကံရှင်များကလည်း မူရင်းကို အသေအချာလေ့လာပြီး မမှားမယွင်းအောင်
သီဆိုသင့်ပါသည်။🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
📝 {ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)
စာပေ ဂျာနယ်၊တွဲ၃၊မှတ်၆၊
၁၉၉၆၊ဖေဖော်ဝါရီ}📝

#thadar
❤‍🔥5314👨‍💻21🔥1🐳1💯1🍾1💋1
နေ့နံ ၈ခု၌ မပါဝင်သော ဂြိုဟ်ကိုရွေးပါ။
#thadar
Anonymous Quiz
14%
နေ
31%
ကမ္ဘာ
12%
43%
စေတန်
🏆65💔52🥰2💯2🤔1🍓1🫡1
What do we call the sun in "Pali language "?

#thadar
Anonymous Quiz
24%
Arditecha
31%
Chanda
30%
Naga
15%
Tuta
💔58🏆39😭13
How many Avatar Lord Vishnu have?(including the next coming)

#thadar
Anonymous Quiz
35%
10
38%
9
21%
6
7%
2
💔57🏆36
Who is the 9th Avatar of Lord Vishnu? (In Hindusim)

#thadar
Anonymous Quiz
26%
Sattada Gotama
41%
Krishna
24%
Rama
9%
Kali
💔60🏆17💯51🍓1
How do we call 6th month of Burma calendar?

#thadar
Anonymous Quiz
58%
Tawtalin
16%
Thadikyut
11%
Nattwar
15%
Warso
🏆80💔31💯6
🏆77💔33🥰2🍓1
💔64🏆49🥰3🐳1
How to think in your mind admin "Thadar" was?

#thadar
Anonymous Quiz
36%
Pretty
14%
Ualy
33%
Sweet
17%
Want to kiss(always Arr Bwar)
👀67💔36❤‍🔥7🥰6🐳21
မာတလိနတ်က ရေးမှတ်ညားလဲ
ပေမှုကသစ် ထိုပေစစ်တွင်
နာမည်မပါ ပျောက်ရှရသည်
သိကြားနတ်သား မေ့နေသလား

#thadar
🤔587👻3
ကုလားအုတ်များတွင် မျက်ခွံမည်မျှပါဝင်သနည်း။
(How many eyelids do camels have?)
#Zack
Anonymous Quiz
36%
၄ ခု (4)
24%
၆ ခု (6)
15%
၁ ခု (1)
21%
၃ ခု (3)
4%
၅ ခု (5)
💔71🏆38🤔6😁3❤‍🔥2🔥2🍓1
(မြွေလုံး၀မရှိသောနိုင်ငံကိုဖြေပါ။)
What is the country without snakes?
#Zack
Anonymous Quiz
17%
Korea
23%
New Zeland
40%
Iceland
9%
Nicaragua
11%
Uruguay
💔102🏆42🥰2🍓1
မည်သည့်နိုင်ငံသည် တစ်ကိုယ်ရည်အာသာဖြေခြင်းကို တင်းကြပ်စွာ တားမြစ်ထားပါသနည်း။

[Which country strictly prohibits masturbation?] #Zack
Anonymous Quiz
5%
ထိုင်း (Thailand)
17%
အိန္ဒိယ (India)
18%
အင်ဒိုနီးရှား (Indonesia)
16%
စပိန် (Spain)
44%
အီရန် (Iran)
🤔60💔48🏆22🎉3🍓1
မည်သည့်နိုင်ငံတွင် ကမ္ဘာ့အရှည်ဆုံး ရထားဥမင်လှိုဏ်ခေါင်းတည်ရှိသနည်း။

[Which country has the world's longest train tunnel?] #Zack
Anonymous Quiz
15%
Finland
27%
Netherland
45%
Switzerland
9%
Ireland
4%
Iceland
🏆105💔46💯5🎉4🍓1😭1
မည်သည့်နိုင်ငံတွင်မိဘများအား ကလေးများကို ရိုက်နှက်ခြင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့သနည်း။

[Which country has issued an order for parents not to spank their children?] #Zack
Anonymous Quiz
11%
ဖိလစ်ပိုင် (Philippines)
33%
ဆွီဒင် (Sweden)
39%
နော်ဝေး (Norway)
8%
ပီရူး (Peru)
9%
မြန်မာ (Myanmar - Burma)
💔85🏆39🎉23😁6👀6❤‍🔥5🔥1🍓1
လိပ်ပြာများသည် မည်သည့် သတ္တဝါတို့၏ မျက်ရည်ကိုသောက်သုံးကြပါသနည်း။

[Butterflies drink the tears of which animals?] #Zack
Anonymous Quiz
6%
မြွေ (Snake)
11%
ယုန် (Rabbit)
28%
နွား (Cow)
16%
လိပ် (Tortoise)
38%
ခရု (snails)
💔92🏆37🤯24🤔11😁8
💔72🏆38💯206❤‍🔥4🤯4🤔3