Let's Answer
12.2K subscribers
565 photos
18 videos
4 files
99 links
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗

❣️ 12.10.2022 ❣️
Download Telegram
Let's Answer pinned Deleted message
ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးနေသောအကျင့်ဆိုးများ

────────────────────✎


𓆩၁𓆪 ကိုယ်သာအမှန်ထင်နေခြင်း

အမြဲတမ်းကိုယ်သာသိ၊ ကိုယ်သာတတ်တယ်ထင်နေတဲ့သူတွေက သူတို့အမှားလည်းသူတို့လက်မခံတတ်ပါဘူး။ အဲဒါကြောင့် အမှားကိုမပြင်နိုင်လို့ သူတို့ကိုယ်သူတို့ ဖျက်ဆီးနေသလိုဖြစ်နေတဲ့သူတွေပါပဲ။ ဘယ်သူက အပြုသဘောနဲ့ထောက်ပြပါစေ သူတို့အတွက်တော့ သူတို့သာအမှန်ထင်နေတာမို့ အမှားကိုမမြင်နိုင်တဲ့သူတွေပါ။

𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸

𓆩၂𓆪 အစွန်းရောက်လွန်းခြင်း

ဘာသာရေးမှာပဲဖြစ်ဖြစ်၊ လူမျိုးရေးမှာပဲဖြစ်ဖြစ်၊ အစွဲဝါဒတစ်ခုနဲ့အမြဲ အစွန်းရောက်နေတဲ့သူတွေလည်း အလားတူပါပဲ။ သူတို့ရဲ့အမှားကို ဘယ်လိုမှ ပြုပြင်ပြောင်းလဲဖို့ မတွေးတတ်သူတွေပါ။ အဲဒါကြောင့်ကိုပဲ လက်ခံသင့်တာလဲလက်မခံ၊ လက်မခံသင့်တာကိုလည်း မစွန့်လွှတ်နဲ့ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးနေတဲ့သူပါပဲ။

𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸

𓆩၃𓆪 ရည်မှန်းချက်မရှိခြင်း

ရည်မှန်းချက်မရှိတဲ့သူကတော့ ဘဝမှာ စွန်လိုမျိုး လေနှင်ရာမြောနေတတ်သူတွေပေါ့။ စွန်ကြိုးလည်းပြတ် စွန်လည်းပြတ်ကျမယ့်လူမျိုးတွေပါ။ သူတို့ဘဝကို ဘာကြောင့်ရှင်သန်နေမှန်းမသိတဲ့အတွက် ဘာကိုမှ တိုးတက်အောင်လည်း မကြိုးစားတော့ဘဲ ခုလက်ရှိအနေအထားနဲ့ အဆင်ပြေသလိုသာ နေတတ်သူတွေဖြစ်ပါတယ်။ အဲဒီလိုလူတွေကဘယ်တော့မှလည်း တိုးတက်မှာမဟုတ်ဘဲ သူတို့ကိုယ်သူတို့ဖျက်ဆီးနေတဲ့သူတွေပေါ့။

𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸

𓆩၄𓆪 အပေါင်းအသင်းမက်လွန်းခြင်း

အပေါင်းအသင်းမက်တဲ့လူအတွက်ကတော့ အပေါင်းအသင်းကသာ အမှန်၊ အပေါင်းအသင်းရှိမှာ နေသာထိုင်သာရှိတာမို့ အပေါင်းအသင်းမှားတဲ့အခါ လမ်းမှားလိုက်တော့တာပါပဲ။ သူတို့သူလည်းပြုပြင်ရကောင်းမှန်းမသိနိုင်ပါဘူး။ သူတို့က အပေါင်းအသင်းကိုသာ ဦးထိပ်ထားတာမို့ သူတို့အပေါင်းအသင်းကောင်းရင်တော့ တော်ရဲ့၊ အပေါင်းအသင်းမှားတဲ့အခါ သူတို့ကိုယ်သူတို့ ဖျက်ဆီးပြီးသားဖြစ်တော့တာပါပဲ။

𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸

𓆩၅𓆪 ပြုပြင်ပြောင်းလဲလိုစိတ်မရှိခြင်း

ဘဝကို တိုးတက်ဖို့အတွက် မှားနေတာပြင်မယ်၊ ပျက်နေတာပြင်မယ်၊ ပြုပြင်ပြောင်းလဲမှုရှိမှဖြစ်ပါမယ်။ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးနေတဲ့သူတွေကတော့ ဘယ်တော့မှ တိုးတက်မှုကို လိုလားတယ်လည်းမသိ၊ မလိုလားဘူးလည်းမသိ၊ သူတို့ရဲ့အမှားတွေ၊ အကျင့်ဆိုးတွေကိုလည်း ပြုပြင်ပြောင်းလဲရကောင်းမှန်းကိုမသိတဲ့လူတွေပါ။

𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸

𓆩၆𓆪 ဆုံးဖြတ်ချက်မပြတ်သားခြင်း

နောက်ထပ်ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးသလိုဖြစ်နေတဲ့အကျင့်ဆိုးကတော့ ကိုယ့်အတွက် တကယ်တိုးတက်မယ့်အရာတွေကို ဆုံးဖြတ်ရာမှ မပြတ်သားခြင်းပါပဲ။ ပြတ်သားစွာ စွန့်လွှတ်သင့်တာကို ရဲရဲစွန့်လွှတ်မယ် ။ ပြုပြင်သင့်တာကို ရဲရဲပြုပြင်မယ်၊ အမှားတွေကို ရဲရဲပြင်မယ်၊ အပေါင်းအသင်းဆိုးတွေကို စွန့်ခွာမယ် ၊ မူးယစ်ဆေးဝါးတွေကို ဖြတ်မယ် စတဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုမချနိုင်တဲ့အခါ သူ့ဘဝက အမှားတွေထဲမှာပဲ သံသရာလည်နေတာမို့ သူတို့ကိုယ်သူတို့ဖျက်ဆီးနေတာပါပဲ။

𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸

𓆩၇𓆪 မူးယစ်ဆေးဝါးစွဲလမ်းခြင်း

နောက်ထပ် ပြတ်သားစွာမစွန့်လွှတ်နိုင်တဲ့အကျင့်ကတော့ မူးယစ်ဆေးဝါးစွဲလမ်းခြင်းပါပဲ။ မူးယစ်ဆေးဝါးကို အပျော်ကနေ အပျက်ဖြစ်တဲ့အထိ စွဲလမ်းလာတာကိုလည်း မပြတ်နိုင်တဲ့သူဟာ သူ့ကိုယ်သူဖျက်ဆီးနေတဲ့သူပါပဲ။ ကိုယ့်ဘဝကို ဖျက်ဆီးမယ့်အကျင့်ဆိုးကြီးကို ပြတ်သားစွာမစွန့်လွှတ်နိုင်ခြင်းဖြစ်သလို၊ နောက်ဆုံးထိုအကျင့်ဆိုးကပဲ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးစေတာပါ။

𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸

အထက်ကအချက်တွေကို ကိုယ့်မှပြန်လည်ဆန်းစစ်ပြီး ကိုယ့်ဘဝကို တိုးတက်စေချင်တယ်ဆိုရင် ပိုပြီးကောင်းမွန်သာယာတဲ့ဘဝဖြစ်လာဖို့ ပြုပြင်ကြည့်ပါ။ ပြုပြင်ခြင်းကနေမှာ ပိုပြီးအမှားနည်းလာတဲ့လူဖြစ်လာတဲ့အခါ ပိုပြီး သာယာတိုးတက်တဲ့ဘဝကို ရနိုင်မှာပါ။





╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Crd_to_bawa101 :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
12💯1🍓1
Let's Answer pinned Deleted message
ကိုယ့်တန်ဖိုးနဲ့ ကိုယ်ရှိတယ်
****

ကိုယ့်လုပ်ရပ်အပေါ်
မယုံကြည်ခဲ့တဲ့ သူတွေကို
ဘယ်တော့မှ ပြန်အောက်မကျို့နဲ့
ကိုယ့်မှာလဲ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိတယ်။

ကိုယ့်ယုံကြည်မှုအပေါ်
သစ္စာဖောက်ခဲ့တဲ့ ချစ်သူကို
ဘယ်တော့မှ ပြန်လက်မခံနဲ့
ကိုယ့်မှာလဲ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိတယ်။

ကိုယ့်စေတနာအပေါ်
ကျေးဇူးကန်းခဲ့တဲ့ သူတွေကို
ဘယ်တော့မှ လက်ဆွဲပြန်မနှုတ်ဆက်နဲ့
ကိုယ့်မှာလဲ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိတယ်။

ကိုယ့်ခင်မင်မှုအပေါ်
အသုံးချခဲ့ဖူးတဲ့ မိတ်ဆွေကို
ဘယ်တော့မှ ပြန်မယုံကြည်နဲ့
ကိုယ့်မှာလဲ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိတယ်။

ကိုယ့်နားလည်မှုအပေါ်
အခွင့်အရေးယူခဲ့တဲ့ သူတွေကို
ဘယ်တော့မှ ပြန်မယုံကြည်နဲ့
ကိုယ့်မှာလဲ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိတယ်။

တန်ဖိုးရှိတဲ့အရာဆိုတာ
တန်ဖိုးသိသူရဲ့ ပတ်ဝန်းကျင်နဲ့
တန်ဖိုးနားလည်သူတွေရဲ့ အနားမှာပဲ
ရှိနေသင့်တယ်။

တန်ဖိုးမသိတဲ့ ပတ်ဝန်းကျင်နဲ့
တန်ဖိုးနားမလည်တဲ့ လူတွေအနားမှာရှိနေတဲ့အခါ
ကိုယ်ဟာတန်ဖိုးရှိပေမယ့်လဲ
အလိုလိုတန်ဖိုးမဲ့သွားလိမ့်မယ် ။


#Forward_Only
#credit
#Motivation
#Ruby
14💯3🍓1
Let's Answer pinned Deleted message
Let's Answer pinned Deleted message
Let's Answer pinned Deleted message
Let's Answer pinned Deleted message
မကောင်းတဲ့စိတ်ခံစားချက်တွေ ဝင်လာတဲ့အခါ ပြုလုပ်သင့်တဲ့အချက်များ


(၁) အားကုန်ထုတ်ပြီး ပြေးလိုက်ပါ။

(၂) အကောင်းဘက်တွေးတတ်အောင်အကျင့်လုပ်ပါ။

(၃) အနာဂတ်မှာပိုကောင်းလာဖို့မျှော်လင့်ပါ။

(၄) အသက်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်ပါ။

(၅) တရေးတမောအိပ်လိုက်ပါ။

(၆) ကိုယ့်အတွက်ကို ဆုချပါ။

(၇) သီချင်းနားထောင်လိုက်ပါ။



#Crd_to_bawa101
#forward_only
#Knowledge
#Ruby
🥰173
Let's Answer pinned Deleted message
This media is not supported in your browser
VIEW IN TELEGRAM
2❤‍🔥1
စိတ်ဖိစီးမှုကို လျော့ကျစေသော အလွယ်ဆုံးနည်းလမ်းများ



၁။ သီချင်းနားထောင်ခြင်း


ကိုယ်က ကိုယ်ပိုင်သီးခြားအခန်းနဲ့နေတဲ့သူမျိုးဆိုရင်တော့ အခန်းကိုအလုံပိတ်ပြီး အော်ဟစ်ပေါက်ကွဲပစ်နိုင်မယ့်သီချင်းမျိုးကို မောပမ်းတဲ့အထိ အော်ဟစ်ဆိုပစ်လိုက်ပါ။ အဲလိုမဟုတ်ဘူးဆိုရင်တော့ သီချင်းသံငြိမ့်ညောင်းပြီး relax ဖြစ်ေစမယ့်သီချင်းမျိုးကို အိပ်ခါနီးမှာဖြစ်ဖြစ် ၊ နားကြပ်နဲ့ဖြစ်ဖြစ် နားထောင်လိုက်ပါ။



၂။ လူရှင်းချိန် လမ်းထွက်လျှောက်ခြင်း


ကိုဗစ်ကြောက် ရတဲ့အချိန်လည်းဖြစ်တာကြောင့် လူရှင်းတဲ့အချိန်မျိုး၊ လူမရှုပ်တဲ့နေရာမျိုးမှာ အတွေးပေါင်းစုံတွေးပြီး လမ်းထွက်လျှောက်လိုက်ခြင်းကလည်း စိတ်ထွက်ပေါက်ရစေပါတယ်။



၃။ စားချင်တဲ့အစားအစာကို ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်ကြည့်ခြင်း


ကိုယ်ကချက်ပြုတ်ရတာ ဝါသနာပါတယ်ဆိုရင် စိတ်အာရုံအပြောင်းအလဲဖြစ်သွားအောင် စားချင်တဲ့အစားအစာကို ကိုယ်တိုင်ချက်ပြုတ်ဖို့ ပြင်ဆင်ကြည့်ပါ။



၄။ အသက်ရှုလေ့ကျင့်ခန်းလုပ်ခြင်း


ယောဂကျင့်သလို၊ တရားထိုင်သလိုပါပဲ၊ ကိုယ်တိုင် စိတ်ဖိစီးနေချိန်မှာ အသက်ရှုလေ့ကျင့်ခန်းလုပ်ကြည့်ခြင်းက အသက်ရှုသွင်းရှုထုတ်ကိုသာ အာရုံစိုက်စေတာမို့ အာရုံပြောင်းစေပါတယ်။



၅။ ရယ်မောပစ်လိုက်ခြင်း


ရယ်စရာတွေ ရှာဖတ်တာမျိုး ၊ ဗီဒီယိုဖိုင်တွေကြည်ပြီး ဟက်ဟက်ပက်ပက်ရယ်ပစ်လိုက်တာမျိုးလုပ်ကြည့်တာက စိတ်ဖိစီးမှုပြေလျော့စေပါတယ်တဲ့



၆။ ကိုယ့်အပေါ်အကောင်းမြင်တဲ့သူကို ရင်ဖွင့်ခြင်း


ကိုယ့်အပေါ် နောက်ကျောဓားနဲ့မထိုးမယ့်သူမျိုး၊ အကောင်းမြင်စိတ်နဲ့ အကြံပေးတတ်သူမျိုးကို ရင်ဖွင့်ပြောပြလိုက်ပါ။ ဒါကလည်း သင့်ကို အဖြေတစ်ခုရလာစေနိုင်ပါတယ်။



၇။ ဂျာနယ်ချရေးလိုက်ခြင်း


အဲဒီလို ရင်ဖွင့်ရမယ့်ယုံကြည်သူမရှိရင်လည်း ဂျာနယ်ရေးတာ ဒိုင်ယာရီရေးတာမျိုး လုပ်ကြည့်လိုက်ပါ။ လက်ရှိသင်စိတ်ဖိစိးနေတဲ့ကိစ္စကို သိပ်မကြာခင်မှာပဲ သင်ဘယ်လိုကျော်လွှားနိုင်ခဲ့သလဲဆိုတာကို သင်ရေးထားတဲ့ဒိုင်ယာရီအရ ပြန်ဖတ်ပြီး ပြန်သိလာနိုင်တာပေါ့။



#Credit_to_BAWA101
#Knowledge
#Ruby
10🍓2❤‍🔥1
Let's Answer pinned Deleted message
Let's Answer pinned Deleted message
Let's Answer pinned Deleted message
Let's Answer pinned Deleted message
Yo!
ဘယ်သူတွေရှိလဲဗျ
အပျင်းပြေ Quiz လေးစချင်လို့

#Zewazoe
❤‍🔥10👏3💯3🐳2
မြစေတီကျောက်စာကို ဘာသာ မည်မျှဖြင့် ရေးထိုးထားသနည်း။
Anonymous Quiz
26%
13%
21%
36%
4%
🏆15💔11
🤔15💔12🏆4