Let's Answer
12.1K subscribers
565 photos
18 videos
4 files
99 links
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗

❣️ 12.10.2022 ❣️
Download Telegram
Forwarded from NUCS Diary
“ပြန်ထလာမယ့်မြေ ပြန်တည်မယ့်အိမ်”

လတ်တလော လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ငလျင်ဒဏ်ပြင်းထန်စွာ သက်ရောက်ခဲ့တဲ့ စစ်ကိုင်း၊ မန္တလေး၊ တောင်ငူ၊ နေပြည်တော်၊ ပျဉ်းမနား အစရှိတဲ့ မြို့ကြီးတွေမှာ ကယ်ဆယ်ရေးအကူအညီတွေ လိုအပ်နေလျက်ရှိပါတယ်။ လူအားဖြင့် မတတ်သာပေမယ့် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြဖို့ ကျွန်မတို့ NUCS Dairy ကနေ Campaign လေးတစ်ခု ပြုလုပ်ပြီး လိုအပ်တဲ့ အကူအညီများပေးနိုင်ဖို့ ဆောင်ရွက်ချင်ပါတယ်။
Campaign လေး နာမည်ကတော့ “ဝတ်မှုန် Campaign” ပဲ ဖြစ်ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံဟာ စစ်ဒဏ်ကို ခံစားနေရတဲ့အပြင် သဘာဝဘေးဒဏ်ကိုပါ ခံစားလိုက်ရတာမို့ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နေတဲ့ အခြေအနေမှာပါ။ နိုင်ငံတကာအကူအညီတွေ စတင်ပြီး ဝင်ရောက်ကူညီနေပြီဆိုပေမယ့် ကျွန်မတို့လည်း ကိုယ့်ပြည်သူအချင်းချင်း တတ်အားသရွေ့ပါဝင်ကူညီပေးကြရအောင်လားရှင်။ ဘယ်လောက်ပဲ အဘက်ဘက်ကနေ ဖိအားတွေ၊ နှိပ်စက်မှုတွေ ခံရပါစေ ကိုယ့်အချင်းချင်းအားပေးကြရင်း ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ နေရာတွေမှာ လိုအပ်နေမှာတွေကို ဝိုင်းဝန်းပါဝင် ကူညီလိုက်ကြရအောင်ရှင်။ အပျက်အစီး ဆုံးရှုံးမှုတွေကြားကနေ ပြန်ထလာမယ့် မြို့ကြိီး‌တွေအတွက် ကျွန်မတို့ ပြည်သူအချင်းချင်းအားနဲ့ နွေးထွေးတဲ့အိမ်လေးတွေ ပြန်လည်တည်ဆောက်ပေးကြရအောင်။

မိမိတတ်နိုင်သည့်အားဖြင့် ပါဝင်ကြရင်း သဘာဝဘေးဒုက္ခခံစားနေရသည့် တစ်မြေတည်းနေ တစ်ရေတည်းသောက် သွေးသားညီအစ်ကိုမောင်နှမများကို ကူညီပေးဖို့ မေတ္တာရပ်ခံရင်း Campaign မှာ ပါဝင်ဖို့ ထပ်မံတိုက်တွန်း မေတ္တာရပ်ခံလိုက်ပါတယ်ရှင်။

ပါဝင်နိုင်မယ့် နည်းလမ်းတွေကတော့ Kpay, Wave pay, NUG pay, SDB pay အစရှိတဲ့ မိမိအတွက် အသင့်တော်အဆင်ပြေဆုံးနေရာကနေ ပါဝင်ကူညီနိုင်ပါတယ်ရှင်။

မြန်မာနိုင်ငံတစ်ဝှမ်းက ညီအစ်ကိုမောင်နှမများအားလုံး သဘာဝဘေး၊ စစ်အာဏာရှင်ဘေးဒုက္ခတို့မှ ကင်းဝေးလွတ်မြောက်နိုင်ကြပါစေကြောင်း NUCS Dairy ဝိုင်းတော်သူဝိုင်းတော်များက ဆုတောင်းမေတ္တာပို့သရင်း Campaign မှာ ပါဝင်ပေးကြဖို့ ထပ်ဆင့် မေတ္တာရပ်ခံတိုက်တွန်းလိုက်ရပါတယ်ရှင်။

ပါဝင်မည့်သူများအနေဖြင့် Mail box @NUCS_Diary_Mail_Box မှာ လာရောက် ဆက်သွယ်နိုင်ပါတယ်ရှင်။

30.3.2025
တနင်္ဂနွေ
44🐳2
April Fools day မို့ သတင်းအတုအယောင်တွေ ဂရုစိုက်ကြပါဗျို့ 🙏

#ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ
Please open Telegram to view this post
VIEW IN TELEGRAM
76💯11🍓6❤‍🔥2
🕊️🤍

#Zewazoe
🍓60🕊127
အရာရာဟာ ခြောက်ကပ်‌လျက်ပါပဲ...

April foolဆိုတဲ့
စနောက်မှုတွေမရှိတော့ဘူး

ပိတောက်တွေကို မျှော်ပြီး
ပျော်တဲ့လူငယ်တွေ မရှိတော့ဘူး

တစ်နှစ်တစ်ခါပြန်ကြတဲ့
မွေးရပ်မြေရဲ့ မိဘအိမ်ဟာ မရှိတော့ဘူး

ဝမ်းနည်းစရာတွေများလွန်းလို့
ငိုစရာမျက်ရည်ပါမရှိတော့ပါဘူး။
💔85😢31💯4
🚨🚨🚨မြန်မာပြည်ကငလျင်ကြီးဖြစ်ပြီးရင်ကြောက်နေကြတာက
နောက်ဆက်တွဲငလျင်ပဲထင်နေကြတာနော်

သမိုင်းတစ်လျှောက်နိုင်ငံအသီးသီးမှာမှာငလျင်ဖြစ်ပြီးရင်
နောက်ဆက်တွဲအဆိုးဆုံးကကူးစက်ရောဂါတွေဆိုတာကိုမေ့နေကြတယ်
ဘယ်ပညာရှင်တွေကမှလည်းပြောပြနေတာမတွေ့ကြဘူး

ကျွန်တော် video တွေ online ကနေလေ့လာကြည့်ရသလောက်တော့နောက်ဆက်တွဲရောဂါတွေအများကြီးဖြစ်နိုင်ပါတယ်
ခေတ်အဆက်ဆက်လည်းငလျင်ဖြစ်ပြီးတိုင်းကာကွယ်ရခက်တဲ့လက္ခဏာတွေပါ
အဓိကတော့ငလျင်ဖြစ်ပြီးရင်ငလျင်ဒဏ်ထိတဲ့လူတိုင်းကနေရာတစ်ခုတည်းမှာတစ်စုတစ်ဝေးထဲမေထိုင်လာတတ်ကြပါတယ်
အဲ့အချိန်မှာရောဂါပြံ့နံ့မှုကကြောက်စရာအကောင်းဆုံးပါ
မြန်မာပြည်ရဲ့အခုအခြေအနေနဲ့ဆိုကြည့်ပေးမဲ့သူကမရှိရင်ပိုဆိုးနိုင်ပါတယ်
မဖြစ်ခင်ကတည်းကကြိုတင်ကာကွယ်ထားကြပါဗျာ
အောက်မှာတော့ဖြစ်နိုင်တဲ့ရောဂါလက္ခဏာတွေကိုစုစည်းပေးထားပါတယ်

ငလျင်ဖြစ်ပြီးနောက် ဖြစ်ပွားနိုင်သော ရောဂါများ

---
၁။ ထိခိုက်ဒဏ်ရာနှင့် ဆက်စပ်သော ရောဂါများ
1. ဒဏ်ရာပိုးဝင်ခြင်း
- သွေးဆိပ်တက်ခြင်း (Sepsis)၊ ကြွက်သားပုပ်ရောဂါ (Gas Gangrene)။
- ခြေဆောင့်ပြတ်ရောဂါ (Tetanus) : မြေကြီး/သံချေးတို့နှင့် ထိတွေ့သောဒဏ်ရာမှ ကူးစက်နိုင်။

2.ဖိမိနေသော ကြွက်သားရောဂါ (Crush Syndrome)
-ကြွက်သားများပျက်စီးကာ ကျောက်ကပ်ပျက်ခြင်း၊ ပိုတက်စီယမ်များခြင်း။

၂။ ရေ/အစားအသောက်မှ ကူးစက်သော ရောဂါများ*
- *ဝမ်းပျက်ဝမ်းလျှောရောဂါများ*
-ကာလဝမ်းရောဂါ (Cholera)၊ သွေးဝမ်းရောဂါ (Dysentery)၊ တိုင်ဖွိုက်ရောဂါ (Typhoid)။
- အသည်းရောင် အသားဝါ A နှင့် E (Hepatitis A & E)

၃။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
- တုပ်ကွေး (Influenza)
- ကိုရိုနာဗိုင်းရပ်စ် (COVID-19)
- တီဘီရောဂါ (Tuberculosis)
- နမိုးနီးယား (အဆုတ်ရောင်ရောဂါ)

၄။ ခြင်/ကြွက်မှ ကူးစက်သော ရောဂါများ
-ငှက်ဖျားရောဂါ (Malaria)
-သွေးလွန်တုပ်ကွေးရောဂါ (Dengue)
-ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis)
-ကြွက်မှတစ်ဆင့် ကူးသောရောဂါ (Leptospirosis)

၅။ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများ
- ဝက်သက်ရောဂါ (Measles)
-ဆုံဆို့ရောဂါ (Diphtheria)
-ကြက်ညှာချောင်းဆိုးရောဂါ (Whooping Cough)

၆။ စိတ်ပိုင်းဆိုင်ရာ ရောဂါများ
- စိတ်ဒဏ်ရာနောက်ဆက်တွဲ (PTSD)၊စိတ်ကျရောဂါ (Depression)၊ စိုးရိမ်ပူပန်မှုများ (Anxiety)

*ကာကွယ်ရန် အကြံပြုချက်များ*
1. သန့်ရှင်းသောရေကို သောက်ပါ၊ ရေကို ကျိုချက်ပါ။
2. လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာဆေးပါ။
3. ခြင်နှင့်ကြွက်များကို ဖယ်ရှားပါ (ပိုးသတ်ဆေးဖြန်းခြင်း၊ ရေအိုင်များကို ဖုံးအုပ်ခြင်း)။
4.*အရေးပေါ်ကာကွယ်ဆေးများ*(တက်တန့်၊ ဝက်သက်) ထိုးပါ။
5. လူစုလူဝေးရှောင်ပါ၊ နှာခေါင်းစည်းတပ်ပါ။

သတိပြုရန် ရောဂါလက္ခဏာတစ်ခုခုပေါ်ပါက ဆေးရုံ/ဆေးပေးခန်းသို့ အမြန်သွားပါ။ 🚨🚨🚨

ကျွန်တော်ချစ်တဲ့မြန်မာပြည်ကြီးမြန်မြန်နေပြန်ကောင်းပါစေ
လူတိုင်းပြန်ပြီးအဆင်ပြေပြေပြန်ဖြစ်ကြပါစေဗျာ
လှူဒါန်းနိုင်တဲ့သူများလည်းများများလှူဒါန်းပေးဖို့တိုက်တွန်းချင်ပါတယ် 🙏




( မူရင်းရေးသားသူအား လေးစားစွာဖြင့် crd ပါရှင့် )



╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤‍🔥3416🍓5🤣1
Fighting စစ်ကိုင်း
လာကူပြီနော်💪🏻🕊️

#Zewazoe
❤‍🔥11132👏3💯3🍓3
2/4/2025
မန္တလေး မဟာမြတ်မုနိဘုရားကြီး အတွင်းငါးကန်မှ
ငါးများ‌ေသေဆုံး။🥲

-Taungpaw Tarlay
😢77
“စိတ်မချမ်းသာစရာ သတင်းတွေကို ထပ်ခါထပ်ခါ ကြည့်တာတွေ မလုပ်ကြပါနဲ့”

ငလျင်နဲ့ ပက်သက်ပြီး သတင်းတွေ၊ ဓာတ်ပုံတွေ၊ video တွေ ထပ်ခါထပ်ခါ ကြည့်နေခြင်းကလဲ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တာ သတိပြုကြပါနော်။

အဆင်မပြေမှု များစွာကြောင့် Chronic stress (နာတာရှည်စိတ်ဖိစီးမှု) နဲ့ နေနေခဲ့ကြရတဲ့ သူတွေဖြစ်လို့ အခုအချိန်မှာ စိတ်ဖိစီးစရာသတင်းတွေကို အမြဲကြည့်မိနေတာ၊ ကိုယ်ကိုယ်တိုင် အတွက်လဲ စိုးရိမ်နေရတာကတွေက ထပ်ဆင့်ပြီး စိတ်ကျန်းမာရေးအပေါ် ဆိုးကျိုး သက်ရောက်စေပါတယ်။

သတင်းတွေနဲ့ မျက်ခြေမပြတ်အောင်သာ လိုအပ်သလောက်ပဲ ကြည့်ပြီး စိတ်မချမ်းသာစရာ သတင်းတွေကို ထပ်ခါထပ်ခါ ကြည့်တာတွေ မလုပ်ကြပါနဲ့။

ကိုယ်ကိုတိုင် ကျန်းမာနေမှ ကိုယ်ကူနိုင်တဲ့ဖက်က ကူနိုင်မှာပါ။ ပညာအား၊ ငွေအား၊ လူအား နဲ့ ကူနိုင်သလောက်ပေါ့။  ကိုယ် မတတ်နိုင်တဲ့ အပိုင်းတွေအပေါ် အာရုံမစိုက်ဘဲ ကိုယ်တတ်နိုင်တာလေး သေးသေးကြီးကြီး ကူပေးနိုင်တဲ့ အပေါ် ဝမ်းသာတဲ့ စိတ်လေး ထားကြည့်ပါ။

အနည်းဆုံး ကိုယ့်ဘာသာရေးအလိုက် ဝတ်ပြုဆုတောင်း ပေးတာတွေ လုပ်တာကလဲ စိတ်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်ပါတယ်။

Dr. Moan Thawdar
59🥰2
Let's Answer pinned Deleted message
Forwarded from Let's Answer
“စိတ်မချမ်းသာစရာ သတင်းတွေကို ထပ်ခါထပ်ခါ ကြည့်တာတွေ မလုပ်ကြပါနဲ့”

ငလျင်နဲ့ ပက်သက်ပြီး သတင်းတွေ၊ ဓာတ်ပုံတွေ၊ video တွေ ထပ်ခါထပ်ခါ ကြည့်နေခြင်းကလဲ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တာ သတိပြုကြပါနော်။

အဆင်မပြေမှု များစွာကြောင့် Chronic stress (နာတာရှည်စိတ်ဖိစီးမှု) နဲ့ နေနေခဲ့ကြရတဲ့ သူတွေဖြစ်လို့ အခုအချိန်မှာ စိတ်ဖိစီးစရာသတင်းတွေကို အမြဲကြည့်မိနေတာ၊ ကိုယ်ကိုယ်တိုင် အတွက်လဲ စိုးရိမ်နေရတာကတွေက ထပ်ဆင့်ပြီး စိတ်ကျန်းမာရေးအပေါ် ဆိုးကျိုး သက်ရောက်စေပါတယ်။

သတင်းတွေနဲ့ မျက်ခြေမပြတ်အောင်သာ လိုအပ်သလောက်ပဲ ကြည့်ပြီး စိတ်မချမ်းသာစရာ သတင်းတွေကို ထပ်ခါထပ်ခါ ကြည့်တာတွေ မလုပ်ကြပါနဲ့။

ကိုယ်ကိုတိုင် ကျန်းမာနေမှ ကိုယ်ကူနိုင်တဲ့ဖက်က ကူနိုင်မှာပါ။ ပညာအား၊ ငွေအား၊ လူအား နဲ့ ကူနိုင်သလောက်ပေါ့။  ကိုယ် မတတ်နိုင်တဲ့ အပိုင်းတွေအပေါ် အာရုံမစိုက်ဘဲ ကိုယ်တတ်နိုင်တာလေး သေးသေးကြီးကြီး ကူပေးနိုင်တဲ့ အပေါ် ဝမ်းသာတဲ့ စိတ်လေး ထားကြည့်ပါ။

အနည်းဆုံး ကိုယ့်ဘာသာရေးအလိုက် ဝတ်ပြုဆုတောင်း ပေးတာတွေ လုပ်တာကလဲ စိတ်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်ပါတယ်။

Dr. Moan Thawdar
32❤‍🔥10🍓3🥰1💯1
မင်မင် ပြန်shareပေးတာပါနော် လှူချင်ရင်သွားလို့ရပါတယ်ဗျ မင်မင်အသိမို့လို့ယုံကြည်လို့ရပါတယ်နော်

#Alex
❤‍🔥306
မင်္ဂလာပါဗျ။ငလျင်ဘေးဒဏ်သင့်ပြည်သူလူထုကို ကယ်ဆယ်ကူညီထောက်ပံ့ရေးများအတွက် စတင်လှုပ်ရှားလိုက်သည့် ကျွန်တော်တို့ရဲ "ဝတ်မှုန် Campaign" လေးရဲ့project လှုပ်ရှားမှုဟာယနေ့မှာ ပုံမာန်အတိုင်း ပြီးဆုံးခဲ့ပြီပဲဖြစ်ပါတယ်ဗျ။Day 1 က Day 4 အထိလေးရက်တာအတွင်းစုစုပေါင်းအလှူငွေ (2,641,000) (နှစ်ဆယ့်ခြောက်သိန်း လေးသောင်း တစ်ထောင် ကျပ်) အထိကိုလည်းလက်ခံရရှိထားပါတယ်ဗျ။လက်ခံရရှိသော အလှူငွေများကိုလည်းပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်လှူဒါန်းသွားမှာဖြစ်ပါတယ်။ယခုလို အဖက်ဖက်မှ ကျပ်တည်းနေချိန်တွင် ကျွန်တော်တို့ကို ယုံကြည်စိတ်ချစွာ ပါဝင်လှူဒါန်းပေးကြသော တစ်ဦးတစ်ယောက်စီတိုင်းကို ကျွန်တော်တို့က အထူးကျေးဇူးတင်ရှိကြောင်းထပ်လောင်းပြောကြားလို့ပါတယ်ဗျ။

“My humanity is bound up in yours, for we can only be human together” ဆိုသလိုပဲ အချင်းချင်း ကိုယ်ချင်းစာတရား၊စာနာစိတ်နဲ့ ဖေးမလို့ လက်တွဲကူရင် ပြာပုံအတိဆိုရင်တောင် မျှော်လင့်ချက်ပန်းများပွင့်ဖူးလာနိုင်ပါတယ်ဗျ။ထို့ကြောင့် သဘာဝဘေးအန္တာရယ်ဆိုးကြီးကိုလည်း ကျွန်တော်တို့အတူတကွသာဆိုလျှင်ပြန်လည်ရင်ဆိုင်တိုက်ထုတ်နိုင်ပါပဲဖြစ်ပါတယ်ဗျ။

ကျွန်တော်တို့ရဲ့ Campaign လေးဟာ အောင်မြင်စွာပြီးဆုံးသွားသော်ငြား ပြန်လည်ထူထောင်ကယ်ဆယ်ရေးသည် အချိန်များစွာ ကြန့်ကြာနေနိုင်သောကြောင့် ကျွန်တော်တို့ရဲ့ "ဝတ်မှုန် Campaign" လေးကိုလည်း April လ ( 3 မှ 9 )ရက် အထိထပ်မံတိုးမြှင့်ကောက်ပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာအကြောင်းကြားအပ်ပါသည်။ပြည်သူ့မှာ ပြည်သူ သာရှိတဲ့အတွက် လိုအပ်နေသော နေရာများ၊ပြည်သူများကို ဆက်လက်ကူညီထောက်ပံနိုင်ဖို့ရာ ကျေးဇူးပြု၍ မိမိတက်နိုင်သလောက် ဆက်လက်ပါဝင်လှူဒါန်းပေးကြပါလို့နှိုးဆော်လိုက်ရပါတယ်။

ပါဝင်လှူဒါန်းလိုသူများအနေဖြင့် @NUCS_Diary_Mail_Box ဒီmail boxလေးကိုစာပို့ပြီး NUG Pay, SDB Pay, KBZPay, WavePay စသည့်ဖြင့် တတ်အားသလောက်ပါဝင်လှူဒါန်းနိုင်ပါတယ်ဗျ။

2.4.2025
ဗုဒ္ဓဟူးနေ့
❤‍🔥278🍓1
ငလျင်ဒါဏ်ကြောင့် အကြောင်းတစ်ခုခုနဲ့ဖြစ်စေ ဒုက္ခရောက်နေတယ်ဆို ဒီအစ်ကိုက သူ့ဆီ အကူအညီလာတောင်းနိုင်ပါတယ်တဲ့ဗျ

Share ပြီး ပြန်တင်ပေးကြပါဦးနော်


@keitakunx ဒီအကောင့်ဆီ လာပြောပေးပါတဲ့နော်
❤‍🔥3811🔥1
ငလျင်အသေးစားလေးတွေ ထပ်လှုပ်နေပါတယ်

အားလုံးပဲဂရုစိုက်ကြပါဦးဗျ 🙏

#ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ
64❤‍🔥5👀1
Let's Answer pinned Deleted message
Let's Answer pinned Deleted message
(၂၄) ပစ္စည်း မြန်မာပြန် အကျဉ်း



🖇Click Here To Read ♡꙼‌ ࿐ ࿔

︶꒦꒷♡꒷꒦︶ ꒦꒷♡꒷꒦︶ ꒦꒷♡꒷꒦︶



╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
🍓195❤‍🔥1
အရပ်ရှည်တဲ့ ငါတို့ပဲ သေအောင်ပူနေတာ
အရပ်ပုတဲ့သူတွေများ အေးဆေး
နေနဲ့ဝေးလို့ထင်တယ်"

#ℛᴏ𝑛𝑛𝑖𝑒_𝓙ᴀᴍᴇ
🤣143😡7💔5🤔2💯2😁1🤩1🍾1
စိတ်ခွန်အားဖြစ်စေမဲ့ စကားစုများ


"ကောင်းတဲ့အရာတွေဆိုတာလွယ်လွယ်နဲ့ရမလာဘူး ကြိုးစားအားထုတ်မှုလိုတယ်"


"ပိုကောင်းတဲ့မနက်ဖြန်ကိုလိုချင်ရင် မနေ့ကထက် ပိုကြိုးစားပါ"


"ခြေတစ်လှမ်းတည်းနဲ့ အောင်မြင်မှုပန်းတိုင်ကို ရောက်မယ်လို့ဘယ်တော့မှမတွေးထားနဲ့"


"လုပ်ရဲတဲ့သတ္တိသာရှိရင် အိမ်မက်တိုင်းကိုအကောင်ထည်ဖော်နိုင်တယ်"


"အရာအားလုံးဆုံးရှုံးသွားပြီလို့ထင်နေတဲ့အခါ မင်းဆီမှာ အနာဂတ်ကျန်တာသတိရပါ"


#𝐑𝐨𝐧𝐧𝐢𝐞
#𝐌𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧
63❤‍🔥8🍓3🥰1💯1