Let's Answer
12K subscribers
566 photos
18 videos
4 files
100 links
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗

❣️ 12.10.2022 ❣️
Download Telegram
TVမှာ ကြော်ငြာခဲ့တဲ့ ပထမဆုံး ကကလေးကစားစရာက ဘာလဲ။

#𝙰𝚛𝚒𝚊
Anonymous Quiz
22%
Mr. Potato Head
30%
Teddy Bear
14%
LEGO
34%
Barbie
💔65🏆28❤‍🔥311👻1
လူ‌ဦးရေထက် သားပိုက်ကောင်ဦးရေပိုများတဲ့ နိုင်ငံ

#𝙰𝚛𝚒𝚊
Anonymous Quiz
14%
Brazil
35%
South Africa
40%
Australia
11%
Canada
💔54🏆51👻43🐳21🎉1👌1
ဒီညတော့ ဒီလောက်ပါပဲဗျာ
လိုင်းပလေးတာ ခံနေရတယ်🥲
လိုင်းသာလူဆို ရိုက်ပြီးပြီ😖

အကုန်လုံး တကယ်တော်ကြပါတယ်နော်🫶🤍



အကုန်လုံးကို တစ်ခါထဲ ကြော်ငြာစရာလေးတစ်ခုရှိပါတယ်‌ဗျာ

အဲဒါကတော့ ကိုယ့်အဂျစ်တွေလဲ စာအုပ်ဖတ်ဖြစ်သွားအောင်လို့ ကိုယ်တို့က စာအုပ်လေးတွေ ပေးဖတ်ပြီး အဲ့စာအုပ်ထဲ ပါတာလေးတွေကို ပြန်မေးပေးမှာပါဗျ💋


ဥပမာဆိုရင် ကျွန်တော်က စာအုပ်တစ်အုပ်ကို ဒီအပတ် အခန်းဘယ်လောက်ကနေ ဘယ်လောက်အထိ ‌ဖတ်ပေးထားကြပါလို့ပြောပြီး နောက်အပတ်ကျ အဲဒီစာအုပ်ထဲမှာ ပါတဲ့ ဗဟုသုတ မှတ်သားစရာ ဘာညာ အထွေ‌ထွေကို မေးမှာပါဗျ👀



‼️ ဒီအပတ်မှာတော့....


ဆရာမ နိုင်းနိုင်းစနေရဲ့
ထင်ရှားသူတို့ရဲ့ ဘဝပုံပြင် စာ‌အုပ်လေးနဲ့ စလိုက်ပါမယ်နော်


Book Details:
စာအုပ်လေးမှာဆိုရင်
အပိုင်း (5) ခုရှိပြီး
တစ်ခုမှာ လူခြောက်ယောက်အကြောင်းပါ ပါတယ်


ကျွန်တော်တို့က ပထမဆုံးအပိုင်း
ကို အရင်ဖတ်ကြပါမယ်နော်
နောက်အပတ် တနင်္လာမှာ အဲဒီပထမပိုင်းနဲ့ပတ်သတ်တဲ့ Quiz လေးတွေ မေးပေးသွားပါ့မယ်


တကယ်လို့များ ကျွန်တော်ရှင်းပြသွားတာကို နားမလည်လိုက်ရင် ပြန်မေးလို့ရပါတယ်နော်🤗

ဒါ့အပြင် တခြားလုပ်စေချင်တဲ့ စာအုပ်လေးတွေရှိရင်လဲ ညွှန်းပေးသွားကြပါဦးဗျ



အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျ😽🫶

ကောင်းသောညလေးဖြစ်ပါစေ အဂျစ်တို့💋

#𝙰𝚛𝚒𝚊
🍓3261
နိုင်းနိုင်းစနေ_ထင်ရှားသူတို့၏_ဘဝပုံပြင်.pdf
81.2 MB
ဒါက စာအုပ်လေးပါဗျ
ပထမအပိုင်းကို အရင်ဖတ်မယ်နော်
အဂျစ်တို့



#𝙰𝚛𝚒𝚊
46🍓71
" မင်းသိလာလိမ့်မယ် "


မင်းကို သိပ်ခင်ပါတယ်ဆိုတဲ့
သူငယ်ချင်းတွေ အများကြီးထဲမှာ ……
ဘယ်သူတွေက သူငယ်ချင်းအစစ်အမှန်တွေလဲဆိုတာ
မင်းဒုက္ခရောက်တဲ့အချိန်မှာ သိလာလိမ့်မယ်။

မင်းဒုက္ခရောက်နေတဲ့အချိန်မှာ မင်းအောင်မြင်တုန်းက
ဆွဲပြီးနှုတ်ဆက်ခဲ့တဲ့ လက်တွေဟာ ……
မသိမသာ နောက်ဆုတ်သွားကြလိမ့်မယ်။
စစ်မှန်တဲ့ သူငယ်ချင်းတွေကသာ ……
မင်းကို လက်တွဲပြီး ကူညီကြလိမ့်မယ်။

အောင်မြင်တဲ့အချိန်မှာ ……
ဆွဲပြီးနှုတ်ဆက်တဲ့ လက်တွေထက်
ကျရှုံးချိန်မှာ တွဲထူပေးတဲ့ ……
လက်တွေကသာ ပိုပြီးတန်ဖိုးရှိပါတယ်။

မင်းအဆင်မပြေဖြစ်တဲ့ အချိန်မှာ
လက်အတု ပိုင်ဆိုင်ထားတဲ့
သူငယ်ချင်းတွေက ……
မင်းအနားက ထွက်ခွာသွားကြလိမ့်မယ်။

စစ်မှန်တဲ့ လက်ပိုင်ရှင်တွေကသာ ……
မင်းအနားမှာ ကူညီဖို့ စောင့်ဆိုင်းနေကြမှာပါ။
လောကမှာ လက်ပါတဲ့လူတိုင်း
မကူညီတတ်ကြပါဘူး။

တစ်ချို့လက်တွေဟာ ကူညီဖို့အတွက်ဆို
ပျောက်ဆုံးနေကြပြီး ရယူဖို့ကျမှ ……
ပေါ်ပေါက်လာတတ်ကြပါတယ်။

မင်းကူညီခဲ့တဲ့ သူတိုင်း ……
မင်းကိုပြန်ပြီး မကူညီကြဘူးဆိုတာ ……
မင်းလိုအပ်တဲ့အချိန် သိလာလိမ့်မယ်။

တစ်ချို့တွေက သူတို့လိုအပ်ချက်အတွက်
တစ်ခဏတာ လာရောက်ပေါင်းသင်းတဲ့ ……
မိတ်ဆွေတု၊မိတ်ဆွေယုတ်တွေပါ။

မင်းအောင်မြင်ပြီး အဆင်ပြေနေတဲ့အချိန် ……
မင်း အကြိုက်လိုက်ပြီး ပေါင်းလို့သင်းလို့ကောင်းတဲ့ ……
သူငယ်ချင်းတွေ မင်းအရောင်အဝါ ကင်းမဲ့လာချိန်မှာ
ပေါင်းရသင်းရ ကြပ်လာလိမ့်မယ်။

တစ်ချို့အရာတွေက အမြင့်က တက်ကြည့်မှ
အရာအားလုံးကို မြင်တွေ့ရတာပါ။

လူမှုပေါင်းသင်း ……
ဆက်ဆံရေးမှာလည်း ဒီလိုပါပဲ။

ကိုယ်အဆင်ပြေနေချိန်မှာ ဘယ်သူက မိတ်ဆွေစစ်၊
ဘယ်သူက မိတ်ဆွေတုဆိုတာ ခွဲခြားရခက်ပါတယ်။

ကိုယ်အဆင်မပြေဖြစ်မှသာ ……
ခွဲခွဲခြားခြား သိနိုင်တာမျိုးပါ။

အပေါင်းအသင်းတိုင်းကို
ကိုယ့်လိုထင်ပြီး ……
မျက်စိမှိတ် မယုံကြည်လိုက်ပါနဲ့။

ကိုယ်ကျိုးအတွက်
တစ်ကိုယ်ကောင်းဆန်တဲ့
အတ္တသမားတွေလည်း ရှိနေပါတယ်။

လိမ္မာပါးနပ်စွာနဲ့
လူတစ်ယောက်ရဲ့အပြုအမူ၊
အပြောအဆိုနဲ့ သူအကြောင်းကို
ထဲထဲဝင်ဝင် လေ့လာပြီးမှသာ
သူငယ်ချင်းအဖြစ် လက်ခံသင့်ပါတယ်။

တစ်နေ့ကြရင် ဒါတွေကို မင်းသိလာမှာပါ။

•••••••
မူရင်းရေးသားသူအား လေးစားစွာဖြင့် CRD ပါရှင့် 💗

#Forward_Only
#Motivation_Quote
#Ruby
💯4617🍓2
Let's Answer pinned Deleted message
Real confidence ဆိုတာ.......

───────────────────✎




𓆩၁𓆪 ကိုယ့်ရဲ့အားနည်းချက်တွေချပြရမှာ မကြောက်တော့ဘူး

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနှင့်ပြီးသားမို့ ကိုယ့်ရဲ့အားနည်းချက်ကို အခြားသူတွေဘယ်လိုမြင်မြင် ဂရုမစိုက်တတ်တော့ပါဘူး။ အဲဒါကြောင့် ဘယ်သူတွေဘယ်လိုထင်ထင်ကိုယ့်မှာ ကိုယ့်အားနည်းချက်ထက်သာတဲ့ အားသာချက်ရှိနေတယ်ဆိုတဲ့ယုံကြည်ချက်ကြောင့် ကိုယ့်အားနည်းချက်ကိုလည်း လူတကာကိုချပြဖို့ ဝန်မလေးတော့ပါဘူး။

𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸

𓆩၂𓆪 တစ်‌ယောက်တည်းဖြစ်မှာ မကြောက်တော့ဘူး

ကိုယ့်ကိုယ်ကိုယ်ပိုချစ်တဲ့စိတ်များလာတဲ့အတွက် ကိုယ့်လောက်ဘယ်သူကမှ မကောင်းနိုင်ဘူးဆိုတာ နားလည်သွားပါပြီ အဲဒါကြောင့် ကိုယ့်အနားဘယ်သူမှမရှိလည်း စိတ်မပူပါဘူး။ ကိုယ်တစ်ယော်ကတည်း ကိုယ်ကြိုက်တာကိုယ်ဖန်တီးနိုင်တယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ဆိုတဲ့စိတ်ကြောင်း တစ်ယောက်တည်းလည်း ပျော်နေတတ်ပါတယ်။

𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸

𓆩၃𓆪 ကိုယ်မှန်နေရင် အပြုံးအပျက်တော့ဘူး

ကိုယ်မှန်နေတာကို ကိုယ်စိတ်ထဲကသိနေပြီး ကိုယ့်ရင်ထဲက ကိုယ့်ကိုယ်ကိုယ်လိပ်ပြာလုံနေခြင်းကြောင့်ပဲ အချိန်တန် သိလာလိမ့်မယ်ဆိုတဲ့စိတ်နဲ့ပြုံးနေမိမှာပါ။

𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸

𓆩၄𓆪 ကိုယ့်ကိုယ်ကိုယ်ပိုချစ်တတ်လာတယ်။

အထက်ကပြောသလို ကိုယ့်ကိုယ်ကိုယ်ပိုချစ်လာပါတယ်။ ဘာလို့လဲဆို‌တော့ ကိုယ်က ကိုယ်ဖြစ်ချင်တာတွေကို လုပ်နိုင်စွမ်းရှိတယ်၊ ကိုယ်က အစွမ်းအစရှိတယ်ဆိုတာကို သိနေတဲ့အတွက် ကိုယ့်ရဲ့အားနည်းချက်အချို့ကိုလည်း လက်ခံတတ်လာပါတယ်။ ဒီအားနည်းချက်လောက်ကတော့ ဘာမှမဖြစ်ဘူး။ ငါက အဲဒါထက်တော်နေသားပဲ ဆိုတဲ့စိတ်နဲ့ ကိုယ့်ဖြစ်တည်မှုကို လက်ခံတတ်လာပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ပိုချစ်လာပါတယ်။

𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸

𓆩၅𓆪 ကိုယ့်ကိုယ်ကိုယ်ပိုသိလာသလို၊ ကိုယ်ရှင်သန်ချင်တဲ့ဘဝကိုလည်းပိုသိလာပါတယ်

ကိုယ်ဖြစ်ချင်တာကဘာလဲ၊ ကိုယ်သွားချင်တဲ့လမ်းကြောင်းကဘာလဲ၊ ဘာတွေထပ်လုပ်ဖို့လိုမလဲ၊ ဘာတွေကြိုးစားသင့်သလဲဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ်ပိုသိလာပါတယ်။အဲဒါကြောင့်လည်း ကိုယ်ရှင်သန်ချင်တဲ့ဘဝကို ပိုသိပြီးကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီးနိုင်လာပါတယ်။

𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸

𓆩၆𓆪 အခြားလူတွေကိုလည်း မ‌ဝေဖန်ချင်တော့ဘူး

နောက်တခုက အခြားလူတွေကို အပြစ်တင်၊ ဝေဖန်နေခြင်းဟာ အချိန်ကုန်ပြီး အကျိုးမရှိဘူးဆိုတာ ပိုနားလည်လာပါတယ်။ အဲဒါကြောင့်လည်း အခြားသူကို ဝေဖန်မှာထက် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်လာပါတယ်၊ “ငါက တကယ်ပဲ သူလိုဖြစ်နေသလား၊ သူအမှားတွေလုပ်နေတယ်ဆိုရင် ငါရော....သူလိုအမှားမျိုးလုပ်မိနေပြီလား” ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်တတ်လာပါတယ်။ အဲဒါကြောင့်လည်း အမှားပိုပြင်တတ်လာပါတယ်။

𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸

𓆩၇𓆪 ကျရှုးမှာလည်း မကြောက်တတ်တော့ပါဘူး

ကျရှုံးတယ်ဆိုတာ ဘယ်နေ၇ာမှာမဆို ရှိနေနိုင်တာပဲလို နားလည်လက်ခံတတ်လာပါတယ်။ ကျရှုံးလည်းဘာဖြစ်လဲ....ထပ်ကြိုးစားလို့ရတယ် ဆိုတဲ့ စိတ်မျိုး ဖြစ်လာပါတယ်။ အရှိအတိုင်းနားလည်လက်ခံတတ်လာပြီး ရှိတာနဲ့ ကြိုးစားတတ်လာတာပေါ့။

𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸

ဖတ်ပြီးရင် Reaction လေး ပေးသွားဦးနော် 💗





╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Crd_to_bawa101 :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤‍🔥7515💯9🍓76🕊3🐳2💘2💔1💋1
Let's Answer pinned Deleted message
အတ္ထုပ္ပတ္တိတစ်ပိုဒ်မှာပါဝင်တဲ့အခြေခံအချက်(၁၁)ချက်က ဇာ၊ မိ၊ သက္က၊ ကျောင်း၊ ဆရာ၊ ကြိုးပမ်းအားထုတ်ပါ၊ ဝါ၊ ရိုက်၊ ဖြစ်၊ တု၊ သေဆုံးမှု ဆိုပီးတော့(၁၁)ချက်ရှိဖြစ်ပါတယ်။

၁။ ဇာ-သူ့ရဲ့မွေးရာဇာတိမြေ၊
၂။ မိ-သူ့ရဲ့အုပ်ထိန်းသူ၊
၃။ သက္က-သူမွေးဖွားခဲ့တဲ့သက္ကရာဇ်၊
၄။ ကျောင်း-သူပညာသင်ယူခဲ့တဲ့နေရာ၊
၅။ ဆရာ-သူ့ကိုသင်ကြားပေးခဲ့သူ၊
၆။ ကြိုးပမ်းအားထုတ်ပါ-သူကြိုးပမ်းအားထုတ်ခဲ့တဲ့လုပ်ဆောင်မှုများ၊
၇။ ဝါ-သူရဲ့ထူးခြားတဲ့ဝါသနာ၊
၈။ ရိုက်-သူ့ရဲ့ထူးခြားတဲ့စရိုက်၊
၉။ ဖြစ်-သူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်၊
၁၀။ တု-သူ့ရဲ့အတုယူစရာအချက်တွေ၊
၁၁။ သေဆုံးမှု-သူသေဆုံးခဲ့တဲ့အချိန်၊ နေရာ။
နံပါတ် ၁၁ က ကိုယ်ရေးမဲ့သူက မသေဆုံးသေးရင် ထည့်စရာမလိုပါဘူးဗျ

#Mabel
💯3025❤‍🔥3🍓2🕊1🐳1
ဝတ္ထုတိုတစ်ပိုဒ်ရေးမယ်ဆိုရင်အချက်(၄)ချက်လိုပါတယ်။ အ့အချက်တွေက>>
၁။ စာရေးသူရဲ့ရည်ရွယ်ချက်
၂။ ဇာတ်လမ်းအဖြစ်အပျက်
၃။ ဇာတ်ဆောင်များ
၄။ ဇာတ်လမ်းဖြစ်ပျက်ခဲ့တဲ့ နေရာ၊ အချိန်၊ ကာလ၊ နောက်ခံ ဆိုတဲ့အချက်(၄)ချက်ပါဝင်ရပါမယ်။

#Mabel
💯34❤‍🔥55🍓3👏1🐳1
စာစီစာကုံးမှာဆိုရင်တော့ သဘောသဘာဝ(၄)ချက်ရှိပါတယ်။ အဲဒီအချက်တွေက>>

၁။ စာရေးသူရဲ့အတွေ့အကြုံ
၂။ ပြေပြေပြစ်ပြစ်နဲ့ရေးရမယ်
၃။ စာဟန်နဲ့ပဲရေးရမယ်
၄။ နိဒါန်း၊ စာကိုယ်၊ နိဂုံးပါအောင်ရေးရမယ်

စာစီစာကုံးရေးသားနည်းဆိုပီးတော့လည်း ရှိပါတယ်
အ့ကတော့ နောက်မှပြောပြပါမယ်ဗျ

#Mabel
52❤‍🔥5🐳3🍓1
ကာရန်ယူနည်းကတော့ အစ ၄၊ အလယ် ၃၊ အဆုံး ၂ ဒါမှမဟုတ် ၁ ဒါမှမဟုတ်ရင် ၅

၄-၃-၂ ကာရန်ကလူသုံးများတဲ့ကာရန်ယူနည်းဖြစ်ပါတယ်

ကာရန်က အဲဒီလိုယူချင်သလိုယူလို့ရပေမဲ့ စည်းမျဉ်းကတော့ အလယ် ၃ ဆိုတာကပြောင်းလဲလို့မရပါဘူး

အစ ၄ ကလည်းပြောင်းလဲလို့မရပေမဲ့ တစ်ခါတလေ အစကို ၅ နဲ့စလို့ရပါတယ်

ဆိုတော့ ကာရန်ယူနည်းတွေက ၅-၃-၂၊ ၄-၃-၂၊ ၄-၃-၁၊ ၄-၃-၅ ဆိုပီးရှိပါတယ်

#Mabel
❤‍🔥2611🍓6🐳3🥰1
ကဗျာဆိုတာ စကားပြောသလိုမဟုတ်ဘဲ ကာရန်အသံများနဲ့နားထောင်လို့ကောင်းအောင်၊ ရွတ်ဆိုလို့ကောင်းအောင်ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။

ကဗျာမှာ စည်းကမ်းချက်တွေဆိုပြီးမရှိပါဘူး။ အပေါ်မှာပြောပြထားတဲ့အချက်နဲ့သာကိုက်ညီရင်ရပါပြီ။ ကိုယ်စပ်ချင်တဲ့အမျိုးအစားကို စပ်လို့ရပါတယ်ဗျ။ ဥပမာ တြိချိုးတွဲကဗျာတို့ လေးဆစ်ကဗျာတို့ဘာတို့လိုပေါ့။

#Mabel
🍓41❤‍🔥5🕊3🐳3
Drum roll, please 🥁🪘🎉
"ထူးခြားစုံလင် ဗဟုသုတအမြင်"ရဲ့
Friday Special Animal Edition လေးကနေ ကြိုဆိုပါတယ်ဗျ စိတ်လှုပ်ရှားနေကြပြီလား အဂျစ်တို့ ဆော့ကြမယ်မလား #𝙰𝚛𝚒𝚊
Anonymous Poll
95%
ဆော့ပါမယ်
5%
ဆော့ချင်ဘူး
❤‍🔥14🐳3
အရိုးအများဆုံးရှိတဲ့ တိရစ္ဆာန်

#𝙰𝚛𝚒𝚊
Anonymous Quiz
27%
မြွေ
16%
မျောက်မောင်းမ
45%
ငါးမန်း
12%
ကြွက်
💔72🏆28🤔8👀6❤‍🔥3🐳3🎉1
သုံးနှစ်လောက် အိပ်နိုင်တဲ့ တိရစ္ဆာန်

#𝙰𝚛𝚒𝚊
Anonymous Quiz
6%
‌ဖား
38%
ဝက်ဝံ
35%
ခရု
22%
လိပ်
🏆52💔46🐳32💯2
ဘယ်ငှက်က သူကြားတဲ့ အသံအားလုံးနီးပါကို အသံတူလိုက်လုပ်နိုင်လဲ

#𝙰𝚛𝚒𝚊
Anonymous Quiz
24%
Mockingbird
56%
Parrot
10%
Crow
10%
Lyrebird
💔81🏆13🎉731🐳1
အားအပြင်းဆုံးကိုက်နိုင်စွမ်းရှိတဲ့ နို့တိုက်သတ္တဝါ

#𝙰𝚛𝚒𝚊
Anonymous Quiz
12%
ကျား
27%
ခြင်္သေ့
29%
မိကျောင်း
31%
ရေမြင်း
💔62🏆384🐳2💯1
မျက်လုံး ငါးလုံးရှိတဲ့ အင်းဆက်

#𝙰𝚛𝚒𝚊
Anonymous Quiz
29%
ပုစဉ်း
11%
ပုရွက်ဆိတ်
28%
ပျား
32%
ဓားခုတ်ကောင်
💔48🏆37🥰5🐳2
ကုန်းမြေပေါ်မှာ လမ်းလျှောက်နိုင်တဲ့ငါး

#𝙰𝚛𝚒𝚊
Anonymous Quiz
18%
Mudskipper
34%
Lungfish
30%
Climbing Perch
19%
All of the Above
😢49🏆21💔6🎉4💯4🐳1