Let's Answer
12K subscribers
566 photos
18 videos
4 files
100 links
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗

❣️ 12.10.2022 ❣️
Download Telegram
Let's Answer pinned Deleted message
ဒီနေ့ညတော့ ဗုဒ္ဓဝင်အမေးအဖြေလေးတွေ
မေးပေးပါ့မယ်နော် ဘာသာမတူလဲ ဗဟုသုတအနေနဲ့ ဝင်ဖြေကြည့်ကြပါနော်
#𝙰𝚛𝚒𝚊
Anonymous Poll
89%
ဟုတ်" ဖြေမယ်
11%
ဘာသာမတူ‌ပေမဲ့ ဖြေမယ်လေ
❤‍🔥237💯2🍓2🔥1😘1
သုမေဓာရှင်ရသေ့အား ကြာပန်းငါးခိုင်ပေးလှူ၍ ပါရမီဖြည့်ဖက်ဆုပန်ခဲ့သူမှာ မည်သူနည်း။

#𝙰𝚛𝚒𝚊
Anonymous Quiz
45%
သုမိတ္တာ
26%
သုမာလာ
14%
သုန္ဒာ
14%
သုမေတ္တာ
🏆72💔43😢9🎉3💯3😘3❤‍🔥1
မဟာဗုဒ္ဓဝင်ကျမ်းစာကို အကျယ်တဝင့်ရေးသားစီရင်ပေးပါရန်‌အကြောင်း မင်းကွန်းဆရာတော်ဘုရားကြီးအား လျှောက်ထားတောင်းပန်ခဲ့သူသည် မည်သူဖြစ်သနည်း။

#𝙰𝚛𝚒𝚊
Anonymous Quiz
16%
သီပေါမင်း
36%
မင်းတုန်းမင်း
38%
ဝန်ကြီးချုပ်ဦးနု
10%
ဝန်ကြီးချုပ်စောမောင်
🏆61💔492😘2
မဟာဗုဒ္ဓဝင်ဒေသနာတော်သည် နိဒါန်းအပါအဝင် ဂါထာပေါင်း မည်မျှရှိသနည်း။

#𝙰𝚛𝚒𝚊
Anonymous Quiz
14%
၉၇
38%
၁၀၇
30%
၉၀၇
17%
၁၀၇၀
💔84🏆253😘2
သဗ္ဗညုတဗုဒ္ဓဘုရားအလောင်း အမျိုးအစား ဘယ်နှစ်မျိုးရှိပါသနည်း။

#𝙰𝚛𝚒𝚊
Anonymous Quiz
22%
တစ်မျိုး
22%
နှစ်မျိုး
27%
သုံးမျိုး
28%
လေးမျိုး
💔57🏆46😘2❤‍🔥1
ဆရာမကူ မိမိကိုယ်တိုင် သစ္စာလေးပါးကို သိသော မဂ်ဉာဏ်လေးပါးကို မည်သည့်ဉာဏ်ဟု ခေါ်ဆိုပါသနည်း။

#𝙰𝚛𝚒𝚊
Anonymous Quiz
30%
သမ္မာသမ္ဗောဓိဉာဏ်
10%
သာဝကဗောဓိဉာဏ်
26%
ပစ္စေကဗောဓိဉာဏ်
34%
မဂ်ဉာဏ်
💔54🏆455❤‍🔥1😘1
အလောင်းတော် သုမနမင်းသားနဲ့အတူ လူပေါင်းမည်မျှ အတူလိုက်ကာ တောထွက်ရဟန်းပြုခဲ့ကြပါသနည်း။

#𝙰𝚛𝚒𝚊
Anonymous Quiz
36%
၁၀ကုဋေ
29%
၂၀ကုဋေ
22%
၃၀ကုဋေ
13%
၄၀ကုဋေ
💔58🏆35😘3🎉1
အနောမဒဿီမြတ်စွာဘုရားအလောင်းတော်သည် ဒုက္ကရစရိယခေါ် ပြုနိုင်ခဲ့သောအကျင့်ကို ကာလမည်မျှကြာ ကျင့်တော်မူခဲ့ပါသနည်း။

#𝙰𝚛𝚒𝚊
Anonymous Quiz
46%
၆နှစ်
25%
၁၀လ
15%
၁၂လ
15%
၉နှစ်
💔56🏆33❤‍🔥33😘2🤔1
ဒီနေ့တော့ ဒီလောက်ပါပဲနော်
နောက်နေ့တွေမှာ မေးစေချင်တာလေးများရှိရင် ပြောခဲ့ကြပါဦး


မှန်တဲ့သူတွေလဲ ကွန်"ပါလို့
မှားတဲ့သူတွေလဲ ဖိုက်တင်း
အကုန်လုံးမှန်တာကတော့ ကိုယ်ပေါ့ဗျာ ဟဲ"


‌အားလုံးပဲ
ကောင်းသောညလေး‌ဖြစ်ပါစေဗျာ



#𝙰𝚛𝚒𝚊
52🏆5🍓5❤‍🔥2🥰1💘1😘1
ဒီချန်နယ်လေးကို Living Area လို့ ယာယီပြောင်းပါတော့မယ်နော် knowledge အပြင် တခြားpostတွေကိုလည်း တင်သွားပါမယ် Knowledge only အတွက်ကို Let's Answer name နဲ့ အသစ်ပြန်ဖွင့်ပါမယ်နော်


https://t.me/LetsAnswerChannel


ဒါလေးပါရှင့် 💗



#𝙊𝙬𝙣𝙚𝙧
❤‍🔥5092💘1
လူ့အခွင့်အရေးဆိုသည်မှာ ကြောက်ရွံခြင်းမှကင်းဝေးခြင်း (Freedom from Fear) နှင့် တောင့်တခြင်းမှကင်းဝေးခြင်း (Freedom from Wants) ဟု အဓိပ္ပာယ်ဖွင့်ဆိုသူများရှိသည်။ ကြောက်ရွံခြင်းမှကင်းဝေးခြင်းဆိုသည်မှာ လူသားတစ်ယောက်သည် မိမိ၏ အခြေခံလွတ်လပ်ခွင့်များ ကိုမည်သူတစ်ဦးတစ်ယောက်ကမှ လာရောက်စော်ကားမည်ကို မကြောက်ရွံရဘဲ လုံခြုံစိတ်ချစွာနေနိုင်သလို တောင့်တခြင်းမှ ကင်းဝေးခြင်းဆိုသည်မှာလည်း မိမိ၏အသက်ရှင်ဖွံ့ဖြိုးမှုအတွက်လိုအပ်သည့် အခြေခံအထောက်အပံ့များကိုရရှိနိုင်သော အခြေအနေမျိုးဖြင့် မတောင့်မတမကြောင့်မကျဘဲ နေထိုင်နိုင်ခြင်းကို ဆိုလိုသည်ဟု အဓိပ္ပာယ်ဖွင့်နိုင်သည်။ ချွင်းချက်အနေဖြင့် လူ့အခွင့်အရေးဆိုသော စကားလုံးကို ပညာရှင်များ၏ အဓိပ္ပာယ်ဖွင့်ဆိုမှုမှာ ယနေ့တိုင်ပြီးပြည့်စုံခြင်းမရှိပေ။ ကမ္ဘာကုလသမဂ္အဖွဲ့ကြီးက လူ့အခွင့်အရေးဆိုသည်မှာ လူတစ်ယောက်ချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေသူတို့၏အခြေခံလွတ်လပ်များနှင့် သက်ဆိုင်သည့်တရားရေးဆိုင်ရာအာမခံချက် ဟု လူ့အခွင့်ရေးကို အဓိပ္ပာယ်ဖွင့်ထားသည်ကိုတွေ့ရသည်။ ထိုအဓိပ္ပာယ်အရဆိုလျှင် လူ့အခွင့်အရေးဆိုသည်မှာ လူတစ်ဦးချင်းခံစားခွင့်ရှိသလို တူရာအုပ်စုဝင်လိုက်လည်း ခံစားခွင့်ရကြောင်းတွေ့ရှိရသည်။ ထိုသို့ခံစားခွင့်ရစေရန် သက်ဆိုင်ရာအစိုးရများကလည်း နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံနှုန်းညွန်းများအတိုင်း အာမခံချက်ထားပြီး ကာကွယ်ပေးရမည်ဆိုသည့် အစိုးရများ၏ တာဝန်ရှိမှုကိုညွန်းဆိုပြသထားသည်။
#Knowledge
#Venn
#Crd
❤‍🔥25🍓4💯3🕊2🤔1
လူ့အခွင့်အရေးနှင့် တရားဥပဒေပိုင်းဆိုင်ရာအချက်နှစ်မျိုးစလုံးဖြင့် အကျုံးဝင်လျက်ရှိပြီး တစ်ခါတစ်လေပင်ခွဲခြားခြင်းမပြုနိုင်ပေ။ လူ့အခွင့်အရေးဆိုသည်မှာ ဥပဒေအရ ခံစားခွင့်ရှိသလိုကျင့်ဝတ်အရ လုပ်ဆောင်သင့်သည်ဟူသော အချက်နှစ်ချက်စလုံးနှင့် သက်ဆိုင်သည်။ အချို့အခွင့်အရေးများကို ဥပဒေအရ ကာကွယ်ပေးထားသည့်အတွက် ထိုအခွင့်အရေးမျိုးကို တရားရေးဆိုင်ရာအခွင့်အရေး (Legal Rights) ဟုခေါ်လေ့ရှိသည်။ ထိုအခွင့်အရေးများကို နိုင်ငံတော်၏ တရားဥပဒေထဲများတွင်ခံစားနိုင်ခွင့်ရှိသည့်အတွက် ထိုဥပဒေကို တရားရေးဆိုင်ရာဥပဒေဟုသတ်မှတ်နိုင်သည်။ ခိုင်လုံသောအကြောင်းအရာမရှိမချင်း အပြစ်မရှိဟု ဥပဒေကဖွင့်ဆိုထားချက်များ၊ သက်သေ၊ အာမခံရရှိခွင့်များသည် တရားဥပဒေဆိုင်ရာ အခွင့်အရေးများဖြစ်သည်။
#Knowledge
#Venn
#Crd
❤‍🔥19🍓1
"ကိုယ်ကိုယ်ကိုဆုံးမခြင်း''

အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

Be Strong !!!

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့ မှာ လူတစ်ယောက်
အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။

Stay like Independent person !!!

ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှမင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။

Be Active !!!

ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။

Believe Yourself.!!!

ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။ ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာတာ ကိုယ်ဆက်လုပ်ပါ။

Forget !!!

မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့) အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ်မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲတဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသာဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။

Stop !!!

မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကို ရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကို ရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

Have Resistance !!!

လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ မပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

Accept !!!

မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကိုလက်ခံပါ



#𝙵𝚘𝚛_𝚢𝚘𝚞
#motivation
#𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧
#𝙰𝚛𝚒𝚊
73❤‍🔥9💯8🍓2
ကမ္ဘာပေါ်တွင် လူခြောက်ဦးလျှင် တစ်ဦးနှုန်း တစ်ချိန်ချိန်၌ လေဖြတ်ရောဂါ ဖြစ်နိုင်သည်။ အချိန် ၆ စက္ကန့်တိုင်း၌ လေဖြတ်ရောဂါဖြင့် လူတစ်ဦးနှုန်း သေဆုံးနေပါသည်။ အသက်အရွယ် ကျားမ မရွေး၊ လူမျိုး၊ ဘာသာ၊ နေရာမရွေး စက္ကန့်မလပ် လေဖြတ်ရောဂါ ဖြစ်နိုင်သည်။ ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေ ၁၅ သန်းခန့်၊ လေဖြတ်ရောဂါ ခံစားနေရပြီး ၎င်းတို့အနက် ခြောက်သန်းခန့်မှာ အသက်ဆုံရှုံးနေပါသည်။ ယခုအခါ လူဦးရေ သန်း ၃၀ ခန့်မှာ လေဖြတ်ရောဂါ ဖြစ်ခဲ့ပြီး အများစုမှာ နာတာရှည် မသန်မစွမ်း ဖြစ်ကျန်နေခဲ့သည်။ လေဖြတ်ရောဂါသည် အရေးပေါ် ကုသရန် လိုအပ်သည့် ရောဂါဖြစ်သည်။ ၎င်းသည် ဦးနှောက်သို့ သွေးသွားလာမှု ရပ်ဆိုင်းသွားခြင်းကြောင့် ဖြစ်ပေါ်လာသော ရလဒ် ဖြစ်သည်။ ဦးနှောက်သည် ၎င်း၏လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုံလောက်သော သွေး ပုံမှန်ရရှိရန် လိုအပ်သည်။ ဦးနှောက်၏ အစိတ်အပိုင်းများသည် လုံလောက်သော သွေးပမာဏကို မရရှိပါက ၎င်းအစိတ်အပိုင်းမှ ထိန်းချုပ်ထားသော ခန္ဓာကိုယ်က လုပ်ငန်းများ ရပ်ဆိုင်းသွားသဖြင့် လေဖြတ်ရောဂါ လက္ခဏာများကို ဖြစ်ပေါ်စေသည်။

#Venn
#Knowledge
#Crd
❤‍🔥22🤔2💔1
အဓိကအားဖြင့် လေဖြတ်ရောဂါအမျိုးအစား နှစ်မျိုးရှိသည်။
ဦးနှောက်အတွင်း သွေးကြောပိတ်၍ လေဖြတ်ခြင်း
- ဦးနှောက်အတွင်းရှိ သွေးကြောငယ်များ ကျဉ်း၍ ပိတ်ခြင်း- နှလုံးသွေးနှင့် သွေးလွှတ်ကြောများမှ သွေးခဲငယ်များ လာရောက်ပိတ်ဆို့ခြင်း။
ဦးနှောက်အတွင်း သွေးကြောပေါက်၍ လေဖြတ်ခြင်းတို့ ဖြစ်သည်။
လေဖြတ်ခြင်းကို ဖြစ်ပေါ်စေသည့် အကြောင်းအရာများ (က) ပြုပြင်ပြောင်းလဲ၍ မရနိုင်သော အကြောင်းအရာများ
အသက်ကြီးလာခြင်း
အမျိုးသားဖြစ်ခြင်း
လူမျိုးအရ လူမည်းနှင့် အာရှတိုက်သားများတွင် ပိုဖြစ်ခြင်း
မိဘမျိုးရိုးတွင် လေဖြတ်ရောဂါနှင့် နှလုံးရောဂါရှိခြင်း
ယခင်က လေဖြတ်၊ လေဖြန်း၊ နှလုံးသွေးကြော ပိတ်ဖူးခြင်း
(ခ) ပြုပြင်ပြောင်းလဲ၍ ရသော အကြောင်းအရာများ
သွေးတိုးရောဂါရှိခြင်း
နှလုံးရောဂါရှိခြင်း (နှလုံးသွေးခုန်မမှန်ခြင်း၊ နှလုံးသွေးကြော ကျဉ်ခြင်း)
လည်ပင်းရှိ သွေးကြောမကြီး ထူခြင်း၊ ကျဉ်းခြင်း၊
ဆေးလိပ်သောက်ခြင်း
အဝလွန်ခြင်း
သွေးအတွင် အဆီဓာတ်များခြင်း၊
ဆီးချို၊ သွေးချိုရောဂါရှိခြင်း
အဝလွန်ခြင်း
အရက်အလွန်အကျွံသောက်သုံးခြင်း
ခန္ဓာကိုယ် လှုပ်ရှားမှု နည်းခြင်းနှင့် စိတ်ဖိစီးမှုများခြင်း တို့ ဖြစ်သည်။

#Venn
#Knowledge
#Crd
💯27❤‍🔥7👏4💘3🍓2🤝1
Formula of sodium carbonate?

#Ronnie
Anonymous Quiz
14%
NaCl
16%
NaCO
40%
Na2 CO3
23%
NaCO3
6%
SCO3
🏆51💔43🤔41🎉1
🏆53💔313
သတ်ပုံအမှားကိုရွေးပါ

#Ronnie
Anonymous Quiz
51%
ဆလတ်ရွက်
49%
ဆလက်ရွက်
🏆64💔412😢2
သတ်ပုံအမှန်ကိုရွေးပါ

#Ronnie
Anonymous Quiz
43%
အိမ်ရာ
57%
အိမ်ယာ
🏆59💔324