Head of State
10.4K subscribers
333 photos
4 videos
86 links
"ပြည်သူ့ အကျိုးအတွက် ထမ်းရွက်မည်"
Download Telegram
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်‌ သမ္မတ ဦးမင်းအောင်လှိုင် ထံ နီကာရာဂွာသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲက လာရောက်ဂါရဝပြုတွေ့ဆုံ။

https://t.me/leaderaung
👍65💯1
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်‌ သမ္မတ ဦးမင်းအောင်လှိုင် ထံ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတိုမှ ကိုယ်စားလှယ်အဖွဲတိုက လာရောက်ဂါရဝပြုတွေ့ဆုံ။

https://t.me/leaderaung
👍93💯1
ဗိုလ်ချုပ်မှူးကြီး၏ ငါးနှစ်တာခရီးကြမ်း အပိုင်း(၆)
မိုခါမုန်တိုင်း သဘာဝဘေး


၂၀၂၃ နိုဝင်ဘာလအတွင်း မြန်မာပြည်တွင် အကြီးမားဆုံးသော သဘာဝဘေးအန္တာရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ သည် ၂၀၂၃ ခုနှစ် မေလတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အား ဝင်ရောက်တိုက်ခတ်ခဲ့သည်။ မြောက်အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်ခဲ့သည့် အလွန်အင်အားပြင်းထန်သော အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းလဲ ဖြစ်သည်။

နိုင်ငံတော် အစိုးရသည် စစ်တွေမြို့၊ ပေါက်တောမြို့၊ မြေပုံမြို့၊ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များရှိဒေသခံများအား အနိမ့်ပိုင်းနှင့် ကမ်းခြေဒေသများမှ ရွှေ့ပြောင်းထွက်ခွာကြရန် လှုံ့ဆော်ခဲ့သည်။ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများနှင့် အကူအညီပေးရေး အေဂျင်စီများက မိုခါမုန်တိုင်း၏ သက်ရောက်လာနိုင်မှုအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက အရေးပေါ်တုံ့ပြန်မှုများ လုပ်ဆောင်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းအဖွဲ့များ အဖွဲ့ချုပ်၏ အကူအညီဖြင့် ပြင်ဆင်နေသည်။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှ လူပေါင်း ၁၈,၈၀၀ အပါအဝင် လူဦးရေ ၇၈,၂၅၀ ခန့်သည် အန္တရာယ်ရှိဒေသများမှ ပြောင်းရွေ့ခဲ့ကြသည်။ အစိုးရက လူတစ်သိန်းခန့် ခိုလှုံနိုင်ရန် နေရာများအား ပြင်ဆင်ခဲ့သည်။အဖွဲ့ဝင် ၃,၂၀၇ ဦး၊ ကုန်းလမ်းယာဉ် ၁,၀၀၉ စီးနှင့် ရေယာဉ် ၂၄၂ စင်းအပါအဝင် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များအား အသင့်အနေအထားဖြင့် ပြင်ဆင်ထားခဲ့သည်။ ရခိုင်နှင့် ချင်းပြည်နယ်များတွင် ဆေးဝန်ထမ်းနှင့် အမြန်တုံ့ပြန်ရေးအဖွဲ့များအား နေရာချထားခဲ့သည်။

လူပေါင်းတစ်သောင်းစာအတွက် ပစ္စည်းများကိုလည်း ပြင်ဆင်ထားခဲ့သည်။ ၂၀၀၈ တွင် ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးချိန်မှစ၍ ဗိုလ်ချုပ်မှူးကြီးဦးဆောင်သော မြန်မာအစိုးရသည် ဘေးအန္တရာယ် များကို ပိုမိုကောင်းမွန်စွာကိုင်တွယ်လာနိုင်ခဲ့သည်ဟု အာဆီယံက မှတ်ချက်ပြုခဲ့သည်။ ကိုဗစ်-၁၉ ကဲ့သို့ ကမ္ဘာကပ်ရောဂါဖြစ်ပွားမှု အတွင်း NLD အစိုးရနှင့် ပြည်သူများအား တပ်မတော် ဆေးတပ်ဖွဲ့မှ ကူညီခဲ့ဖူးသော အတွေ့အကြုံကောင်းများလဲ ရှိခဲ့သည်။

တိုင်ဖွန်းမုန်တိုင်းရာဂီ

၂၀၂၄ စက်တင်ဘာလအတွင်း တောင်တရုတ် ပင်လယ်ပြင်တွင်ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂီ၏အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သောမုန်တိုင်းငယ်၏အရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ချောင်းရေနှင့်မြစ်ရေများ အဆက်မပြတ် မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်းရှိ မြို့နယ် ၅၆ မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီးလမ်း၊ တံတားအချို့ရေတိုက်စားပျက်စီးခြင်း၊ လူနေအိမ်၊ ရုံး/ဌာန အဆောက်အအုံ၊ စာသင်ကျောင်း၊ အခြား အဆောက်အအုံများ ရေဝင်နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သောမြို့နယ် ၅၆ မြို့နယ်တွင် လူနေအိမ် ၂၁၁၆ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ၁၅၈၃၇၃ လုံး ရေဝင်နစ်မြုပ်ခဲ့သဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက ရေဘေးကယ်ဆယ်ရေးစခန်း စုစုပေါင်း ၄၃၈ ခု ဖွင့်လှစ်ပြီး အိမ်ထောင်စု ၄၂၈၅၈ စု၊ လူဦးရေ ၁၆၃၇၁၀ တို့ကို တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့်တက်ကြွစွာကူညီခဲ့ကြသည်။

ထိုကဲ့သို့ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော မြို့နယ် ၅၆ မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာတို့တွင် စက်တင်ဘာ ၁၆ ရက် ညနေ ၄ နာရီအထိ ကောက်ယူရရှိသော စာရင်းများအရ ပြည်သူ ၂၂၆ ဦး သေဆုံးခဲ့ပြီး ၇၇ ဦး ပျောက်ဆုံးခဲ့ရသည်။

ထို့အပြင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၈၄ မြို့နယ်တို့တွင် စက်တင်ဘာ ၁၆ ရက် ညနေ ၄ နာရီအထိ ကောက်ယူရရှိသော စာရင်းများအရ အခြေခံအဆောက်အအုံ၊ ကောက်ပဲသီးနှံနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုများအနေဖြင့် ရုံး/ဌာန အဆောက်အအုံ ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀၊ ဘာသာရေးအဆောက်အအုံ ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များ ရေဝင်နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီး ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ တိရစ္ဆာန်မျိုးစုံစုစုပေါင်း ၁၂၈၃၄၄ ကောင် သေဆုံးခဲ့ပြီး စပါးနှင့် သီးနှံမျိုးစုံ စိုက်ဧက ၆၄၃၀၈၁ ဧကရေဝင် နစ်မြုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်
5👍2💯1
၂၀၂၅ မန္တလေးငလျင်ကြီး

၂၀၂၅ မြန်မာ ငလျင်သည် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ၅၄ စက္ကန့် (06:20:54 UTC) တွင် မြန်မာနိုင်ငံ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့ အနီး၌ ဗဟိုပြု လှုပ်ခတ်ခဲ့သည့်စကေးအားဖြင့် ၇.၇–၇.၉ အဆင့်ရှိ ငလျင်ဖြစ်သည်။ ထိုငလျှင်ကို မန္တလေးငလျင်ကြီးဟုလည်းခေါ်ကြသည်။

မြေငလျင်ဒဏ်ကြောင့် မြန်မာတွင် အနည်းဆုံး လူ ၅၃၅၀ ဦးနှင့် ထိုင်းတွင် ၅၁ ဦးနှင့် ဗီယက်နမ်နိုင်ငံတွင် (၁)ဦး အသက်ဆုံးရှုံးခဲ့သည်။ လူပေါင်း ၁၁,၄၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။ ဘန်ကောက်မြို့ရှိ ဆောက်လက်စ အဆောက်အဦပြိုကျမှုအပါအဝင် လူဦးရေ ရာပေါင်းများစွာ ပျောက်ဆုံးလျက်ရှိသည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ အာဏာပိုင်များက အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။ သောကြာနေ့ ဝတ်ပြုချိန်တွင် ငလျင်လှုပ်ခဲ့သည့်အတွက် ဗလီများပြိုကျခဲ့ပြီး မွတ်ဆလင်မ်ရာပေါင်းများစွာ သေဆုံးခဲ့သည်။ ထို့အပြင်ဘာသာရေးအဆောက်အဦ၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းပေါင်း ၈,၃၀၀ ကျော် ပျက်စီးခဲ့သည်။ ဖြစ်ပွားလျက်ရှိသော လက်ရှိမြန်မာပြည်တွင်းစစ်ကြောင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတွင် အခက်အခဲများစွာ ကြုံတွေ့နေရသည်။ ၂၀၂၃ တူရကီ-ဆီးရီးယား ငလျင်ပြီးနောက် တစ်ကမ္ဘာလုံးအနေဖြင့် အသေအပျောက်အများဆုံးသော မြေငလျင်ဖြစ်ခဲ့သည်။

၂၀၂၅ ခုနှစ် မတ်လက လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ကျပ် ၃,၆၂၉.၂၈၈ ဘီလျံဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ် မေလ ၁၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် နစက အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ၌ ပြောကြားခဲ့သည်။

ICJနိုင်ငံတကာတရားရုံးပြဿနာ

ICJ ဆိုတာက International Court of Justice (အပြည်ပြည်ဆိုင်ရာ တရားရုံး) ဖြစ်ပြီး United Nations (ကုလသမဂ္ဂ) ရဲ့ အဓိက တရားရေးအဖွဲ့ဖြစ်သည်။ နိုင်ငံနှင့် နိုင်ငံကြား ပြဿနာတွေကို ဥပဒေအရ ဖြေရှင်းပေးတဲ့ တရားရုံးဖြစ်သည်။

ရခိုင်ပြည်မြောက်ပိုင်းတွင် ဘင်္ဂလီ လူမျိုးအပေါ်
လူမျိုး တုံး သတ်ဖြတ်မှု (Genocide) ကျူးလွန်ခဲ့သည်ဟု စွပ်စွဲပြီး ဂမ်ဘီယာနိုင်ငံမှ တရား စွဲဆိုခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ် NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးများတွင် တပ်မတော်နှင့် အကြမ်းဖက်အဖွဲ့များ ထိတွေတိုက်ပွဲဖြစ်ပွားခဲ့ကာ လူအများအပြား သေဆုံး၊ အိမ်ရာများ မီးရှို့ခံရ ခြင်းနှင့် လူသန်းချီ ဘင်္ဂလားဒေရှ် သို့ ထွက်ပြေးရခြင်းကို ကမ္ဘာ့မီဒီယာများထက် မတရားသဖြင့် လုပ်ကြံပြောဆိုကာ တရားစွဲဆိုခံခဲ့ရသည်။ အကြမ်းဖက်သမားများသည် နယ်မြေခြေကုတ်ရယူလိုခြင်းဖြစ်ပြီး ထိုမျှမကသေး လူမျိုးစုနာမည်တစ်ခုကို တီထွင်ကာ တိုင်းရင်းသားအခွင့်အရေးတောင်းဆိုလိုကြခြင်းဖြစ်သည်။ ပြည်တွင်းစစ်ဖြစ်ကာ တိုင်းရင်းသားလက်နက်ကိုင်များကြား ငြိမ်းချမ်းရေး မရရှိသေးသော အခြေအနေကို အချိန်ကိုက်အသုံးချနေကြခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးအနေဖြင့် မြန်မာနိုင်ငံသည် Genocide Convention ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံဖြစ်သောကြောင့် လူမျိုးတုံးသတ်ဖြတ်မှု မပြုလုပ်ခဲ့ခြင်းကို ဥပဒေပညာရှင်များစေလွှတ်ကာ နိုင်ငံ့ဂုဏ်သိက္ခာအတွက် ရဲရဲဝံ့ဝံ့သွားရောက်ဖြေရှင်းပေးခဲ့သည်။


မောင်ပေတံ(11.4.2026)
👍17
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင်မိန့်ခွန်း ပြောကြားချက်မှ ကောက်နုတ်ချက်။

https://t.me/leaderaung
👍86👏2💯1
ခရောင်းလမ်းလျှောက် ပန်းခင်းလမ်းဖောက်ခဲ့သူ

အခန်း(၆)


၂၀၁၁ ခုနှစ်သည် သူ့အတွက် ကြီးမားသော ပြောင်းလဲမှုကြီး ဖြစ်ပေါ်ခဲ့သည့် ကာလဖြစ်လေ သည်။ ကြာလရှည်ကြာ ပြည်သူလူထု လိုလားတောင့်တနေသည့် ဒီမိုကရေစီခရီးလမ်းကို နိုင်ငံတော် သမ္မတဦးသိန်းစိန်အစိုးရ ဦးဆောင်မောင်းနှင်နေသည့်အချိန်ကာလဖြစ်သည်။ တပ်မတော်၏အခန်း ကဏ္ဍအဝဝသည် သူ့ပခုံးပေါ်သို ကျရောက်ခဲ့ပြီဖြစ်သည်။ လေးလံသည်ဟု မခံယူခဲ့။ ယုံကြည်ထိုက်သူ၊ အားကိုးထိုက်သူအဖြစ် လူကြီးများ၏ အသိအမှတ်ပြုမှုအပေါ် ကျေနပ်ခဲ့ရ၏။ ကြီးလေးသည့် တာ ဝန်များကို အသက်ပေး၍ ဦးလည်မသုန် ထမ်းဆောင်မည်ဟု သန္နိဋ္ဌာန်ပြုခဲ့လေသည်။

ဆက်လက်ဖတ်ရှုရန်
6👍4
ခရောင်းလမ်းလျှောက် ပန်းခင်းလမ်းဖောက်ခဲ့သူ

အခန်း(၆)


၂၀၁၁ ခုနှစ်သည် သူ့အတွက် ကြီးမားသော ပြောင်းလဲမှုကြီး ဖြစ်ပေါ်ခဲ့သည့် ကာလဖြစ်လေ သည်။ ကြာလရှည်ကြာ ပြည်သူလူထု လိုလားတောင့်တနေသည့် ဒီမိုကရေစီခရီးလမ်းကို နိုင်ငံတော် သမ္မတဦးသိန်းစိန်အစိုးရ ဦးဆောင်မောင်းနှင်နေသည့်အချိန်ကာလဖြစ်သည်။ တပ်မတော်၏အခန်း ကဏ္ဍအဝဝသည် သူ့ပခုံးပေါ်သို့ ကျရောက်ခဲ့ပြီဖြစ်သည်။ လေးလံသည်ဟု မခံယူခဲ့။ ယုံကြည်ထိုက်သူ၊ အားကိုးထိုက်သူအဖြစ် လူကြီးများ၏ အသိအမှတ်ပြုမှုအပေါ် ကျေနပ်ခဲ့ရ၏။ ကြီးလေးသည့် တာ ဝန်များကို အသက်ပေး၍ ဦးလည်မသုန် ထမ်းဆောင်မည်ဟု သန္နိဋ္ဌာန်ပြုခဲ့လေသည်။

တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန်၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြို ကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ် စောင့် ရှောက်ရန်နှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန်ဟူသည် တို့ကို နှလုံးသွင်းထားခဲ့ပါသည်။ အစဉ်အဆက်ကောင်းမွန်ခဲ့သည့် လက်ဆင့်ကမ်းအမွေကို သူ ဆက် လက်ထိန်းသိမ်းရတော့မည်။

ထိုထိုသော တာဝန်အရပ်ရပ်ကို ထမ်းဆောင်နိုင်ရန် သူ ဦးဆောင်ရမည့် တပ်မတော်ကြီးကို ခေတ်မီတပ်မတော်တစ်ရပ် ဖြစ်အောင် တည်ဆောက်ရမည်ဟု ဦးစွာ တွေးဆ ကြံရွယ်ခဲ့သည်။
ဖြတ်သန်းခဲ့သည့် တပ်မတော်သားဘဝ အတွေ့အကြုံများအပေါ် အခြေခံကာ တပ်မတော်၏ လိုအပ်ချက်များကို သူ အပြည့်အဝ ဖြည့်ဆည်းပေးခွင့်ရတော့မည်။ ရဲဘော်ရဲဘက်များ၏ ဘဝ ရပ်တည်မှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခွင့်ရတော့မည်။ ကြီးလေးသည့် တာဝန်ကြီးတစ်ခု ကို ထမ်းဆောင်ရသည်ဆိုသော်ငြား သူ ချစ်သည့် တပ်မတော်ကြီးနှင့် သူ ချစ်သည့် တပ်မတော် သားဘဝကို အပြည့်အဝ မြှင့်တင်ပေးခွင့်ရတော့မည်ဖြစ်တာကြောင့် များစွာကြည်နူးပီတိဖြစ်ရသည်။

နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ဦးသိန်းစိန်အစိုးရအဖွဲ့က အရှိန်ပြင်းပြင်းနှင့် မောင်းနှင် ခုတ်မောင်းခဲ့ရာ အတော်ပင် ခရီးရောက်ခဲ့လေပြီ။ ထိုအချိန် သူသည်လည်း နိုင်ငံတော်ကာကွယ်ရေး အတွက် အရေးပါသည့် တပ်မတော်ကြီးကို ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် အသွင်ကူးပြောင်း ဆောင်ရွက်နေလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ အရှိန်အဝါ ပိုမိုတောက်ပြောင်စေဖို့ ယုံကြည်ခန့်ညား လောက်သည့် တပ်မတော်တစ်ရပ်ရှိဖို့လိုသည် မဟုတ်လားလေ။ မိခင်တပ်ရင်း ရှမ်း(၁)ဖွား ခေါင်း ဆောင်နှစ်ဦး၏ စစ်ဘက်၊ အရပ်ဘက် တက်ညီလက်ညီရှိမှုက အံ့မခန်းဖြစ်ရသည်အထိ နိုင်ငံတော် ကြီး ဖွံ့ဖြိုးတိုးတက်လျက်ရှိ၏။
ပြည်သူလူထု အဆင်ပြေနေသည်ကို မြင်ရတော့ သူ ပီတိဖြစ်ရသည်။ တစ်ဖက်တွင်လည်း အမြင်မတူဘဲ နှစ်ပေါင်းများစွာ လက်နက်စွဲကိုင်ခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ အကောင်အထည်ဖော်ခဲ့သည်။ တစ်နိုင်ငံလုံး အေးအေးချမ်းချမ်း ဖြစ်သွား စေချင်သည်က သူ၏ ဆန္ဒအမှန်ပင်။ လွတ်လပ်ရေးရပြီးကတည်းက တိုက်ပွဲများကြား ဒုက္ခများနေရ သည့် နယ်စပ်ဒေသ တိုင်းရင်းသားများအပေါ် စာနာမိသည်။ ငြိမ်းချမ်းခြင်း၏ အရသာကို ခံစားစေချင် ပြီ။ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နယ်မြေဒေသအဖြစ် မြင်ချင်တွေ့ချင်လှပြီ။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ကိုယ့်တစ်နိုင်ငံတည်းသားချင်းတွေ အဘယ်ကြောင့် အသက်တွေ ပေးဆပ် နေရမလဲလေ။ ထိုသို့သော စာနာအတွေးများဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ အထိုက်အလျောက်အောင်မြင်မှုများ ရရှိသည့်အခါ အပျော်ရွှင်ဆုံးသူများမှာ ထို ဒေသရှိ ဒေသခံပြည်သူများသာ ဖြစ်ပါလိမ့်မယ်။ အမြင်မတူလို့ တိုက်ပွဲတွေ ဝင်နေကြပေမယ့် တကယ်တမ်း မြေစာပင်ဖြစ်နေကြသည်က အပြစ်မဲ့ဒေသခံပြည်သူများပင် မဟုတ်ပါလားလေ။
တစ်ဖက်မှလည်း ခေတ်မီတပ်မတော်တစ်ရပ်ဖြစ်အောင် ရေတပ်၊ လေတပ်များ၌ အဆင့်မြှင့် တင်မှုများ အဆက်မပြတ် ဆောင်ရွက်ခဲ့သည်။ လေတပ်အတွက် ခေတ်မီတိုက်လေယာဉ်များ ဝယ်ယူ ဖြည့်တင်းသကဲ့သို့ ရေတပ်အတွက်လည်း ကိုယ်ပိုင်ပြည်တွင်းထုတ် ဖရီးဂိတ်စစ်သင်္ဘောများ တည် ဆောက်နိုင်ရန် အခြေတည်ပေးခဲ့သည်။
11👍7