SexမိSexရာ
3.32K subscribers
660 photos
12 videos
8 files
432 links
လိင်မှုကျန်းမာရေးအကြောင်းအရာများလေ့လာရန်
Download Telegram
⚠️ ART ဆေးကို ရက်ခြားသောက်ရင် ဘာတွေဖြစ်လာနိုင်လဲ❓

"ဒီနေ့တော့ မသောက်လည်း ရပါတယ်..."

"ဆေးနည်းနည်း လျှော့သောက်ရင်ရော..."

ဒီလိုမျိုး အကြောင်းအမျိုးမျိုးကြောင့် ART ဆေးကို ရက်ခြားသောက်တာ၊ ကိုယ့်သဘောနဲ့ ဆေးလျှော့သောက်တာဟာ HIV ပိုးကို ဆေးယဉ်ပါးလာစေနိုင်တဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ပါတယ်။

🔴 ဆေးယဉ်ပါးလာနိုင်ပါတယ်

ဆေးအာနိသင် မလုံလောက်တဲ့အချိန်မှာ HIV ပိုးက ဆက်ပြီးပွားနိုင်ပြီး လက်ရှိသောက်နေတဲ့ ဆေးကို ယဉ်ပါးသွားစေပါတယ်။

🔴 လက်ရှိသောက်နေတဲ့ ART ဆေးတွဲ အာနိသင်လျော့နိုင်ပါတယ်

ဆေးယဉ်ပါးလာပြီဆိုရင် အရင်သုံးနေတဲ့ ဆေးတွဲနဲ့တင် ပိုးကို ဆက်လက်ထိန်းချုပ်ဖို့ ပိုပြီးခက်ခဲလာပါတော့တယ်။

🔴 Viral Load ပြန်တက်ပြီး CD4 ကျလာနိုင်ပါတယ်

HIV ပိုးကို ကောင်းကောင်းမထိန်းချုပ်နိုင်တော့ရင် ပိုးကောင်ရေ (Viral Load) ပြန်တက်လာပြီး ကိုယ်ခံအား (CD4) ကျဆင်းကာ အခြားအခွင့်အရေးယူ ရောဂါတွေ ဝင်ရောက်လာနိုင်ခြေ ပိုများလာနိုင်ပါတယ်။
အသေးစိတ်ကိုအောက်ပါ link မှာဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/share/p/189PDBBMV8/
🤔1
လိင်မှုဆိုင်ရာကျန်းမာရေးက အမျိုးသားတွေနဲ့ပဲ ဆိုင်တာလား❓

“လိင်မှုဆိုင်ရာကျန်းမာရေး” လို့ ပြောလိုက်တာနဲ့ အမျိုးသားတွေနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်မိတတ်ပါသလား?

💡 တကယ်တော့ လိင်မှုဆိုင်ရာကျန်းမာရေး (Sexual Health) ဆိုတာ အမျိုးသားတွေအတွက်ချည်းပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ အမျိုးသမီးတွေအတွက်လည်း မဖြစ်မနေ သိထားသင့်တဲ့ အခြေခံကျန်းမာရေး ဗဟုသုတ တစ်ခုဖြစ်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ ဘာကြောင့် သိထားသင့်တာလဲ❓

🛡️ HIV နဲ့ STIs တွေကို ကာကွယ်ဖို့

HIV နဲ့ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ဘယ်လိုကာကွယ်ရမလဲ၊ ကွန်ဒုံးကို ဘယ်လိုစနစ်တကျ အသုံးပြုရမလဲဆိုတာ သိထားဖို့လိုပါတယ်။ ဒါ့အပြင် HPV ကြောင့် ဖြစ်နိုင်တဲ့ သားအိမ်ခေါင်းကင်ဆာအတွက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးနဲ့ ပုံမှန်စစ်ဆေးမှုတွေကလည်း အလွန်အရေးကြီးပါတယ်။

အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/share/p/18RYPLSsqg/
🤔1
အမျိုးသမီးကွန်ဒုံးက ဆိုဒ်ကြီးနေလို့ မသုံးရဲဘူးလား? 🤔

အမျိုးသားကွန်ဒုံးထက် သိသိသာသာကြီးပြီး အိတ်အရှည်လို ပုံစံဖြစ်နေတာကြောင့် ပထမဆုံးမြင်ဖူးတဲ့သူတွေက“ဒါကြီးက သုံးရတာ အဆင်ပြေပါ့မလား?” လို့ ထင်တတ်ကြပါတယ်။

တကယ်တော့ အမျိုးသမီးကွန်ဒုံးက အမျိုးသမီးခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ကိုက်ညီအောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ အရွယ်အစားကြီးတာကိုကြည့်ပြီး စိုးရိမ်စရာမလိုပါဘူး။ 💗

💡 ဘာကြောင့် စိုးရိမ်စရာမလိုတာလဲ?

အတွင်းထည့်ပြီး အသုံးပြုရတာပါ — အတွင်းထည့်လိုက်တဲ့အခါ ကွန်ဒုံးက အတွင်းနံရံတစ်လျှောက် နေရာယူပေးတာကြောင့် အပြင်မှာမြင်ရတဲ့အရွယ်အစားအတိုင်း မခံစားရပါဘူး။

အပြင်ကွင်းလည်း ရှိပါတယ် — အပြင်ဘက်မှာရှိတဲ့ကွင်းက မိန်းမကိုယ်အပြင်ဘက်တစ်ဝိုက်ကို ဖုံးအုပ်ပေးနိုင်လို့ အရေပြားကတစ်ဆင့် ကူးစက်နိုင်တဲ့ လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေ ကို ကာကွယ်ပေးနိုင်ပါတယ်။

ဆိုဒ်ရွေးစရာ မများပါဘူး — အမျိုးသားကွန်ဒုံးလို အရွယ်အစားအမျိုးမျိုး ရွေးချယ်ရတာမျိုး မဟုတ်ဘဲ မည်သည့် အမျိုးသမီးမဆို အသုံးပြုနိုင်တဲ့ပုံစံ ဖြစ်ပါတယ်။
အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်https://www.facebook.com/share/p/19JPZqxJxn/
❤5🤔1
U=U အခြေအနေ ရေရှည်တည်မြဲဖို့ ဘာတွေလုပ်သင့်လဲ?

U=U အခြေအနေကို ရေရှည်ထိန်းသိမ်းနိုင်ဖို့အတွက် ART ဆေးကို အချိန်မှန်မှန် တိကျစွာ သောက်သုံးခြင်းက အရေးကြီးဆုံး ဖြစ်ပါတယ် ။ ချစ်ရတဲ့သူတွေနဲ့ အတူ စိတ်အေးချမ်းစွာနဲ့ ဘဝကို ရေရှည်ဖြတ်သန်း နိုင်ဖို့အတွက် အောက်ပါ အချက်တွေကို အတူတူလိုက်နာကြရအောင်နော်

👍 ဆောင်ရန်အချက်များ

⏰ အချိန်မှန်မှန် ဆေးသောက်ပါ

🩸 Viral Load (ပိုးကောင်ရေ) ပုံမှန်စစ်ဆေးပါ

🩺 ဆရာဝန်နဲ့ ပုံမှန်ပြသပါ

🛡️ အခြား လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ပါ

🍏 ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင် စားသောက်ပါ

👎 ရှောင်ရန်အချက်များ

❌ ကိုယ့်သဘောနဲ့ကိုယ် ဆေးမရပ်ပါနဲ့

❌ ဆေးသောက်ရက် ပျက်တာ ၊ကျော်တာမျိုး ရှောင်ပါ

❌ ဆေးသောက်သူအချင်းချင်း ဆေးကို မျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့
❌ အရက်၊ ဘီယာနဲ့ မူးယစ်ဆေးဝါးတွေကို အတက်နိုင်ဆုံးရှောင်ပါ
❌ ဆရာဝန် မညွှန်ကြားဘဲ တခြားဆေးတွေနဲ့ တွဲမသောက်ပါနဲ့

💡 သတိပြုရန်
U=U ဆိုတာ ပုံမှန်အချိန်မှန် ဆေးသောက်နေသရွေ့သာ သက်ရောက်မှုရှိတာမို့ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ချစ်ရသူတွေအတွက် ရေရှည် လိုက်နာသွားကြရအောင်ပါနော် ။
🥰1🤔1
👀 ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို ဘယ်လိုအချိန်တွေမှာ ရှောင်သင့်လဲ?

ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါ ကိုယ်ဝန်မရနိုင်ပေမယ့် လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါ (STIs) တွေ ကူးစက်ခံရနိုင်ပါတယ်။

အထူးသဖြင့် ပါးစပ် ဒါမှမဟုတ် လိင်အင်္ဂါမှာ အနာ၊ အဖု၊ သွေးထွက်တာတွေရှိနေတဲ့အချိန် ဆိုရင် ပိုပြီးသတိထားဖို့လိုပါတယ်။

ဒါကြောင့် ဒီလိုအခြေအနေတွေရှိရင် ခဏနားပြီး စစ်ဆေးတာ ပိုလုံခြုံပါတယ်။ 👇

❌ ပါးစပ်မှာ အနာရှိနေတယ်
နှုတ်ခမ်း၊ လျှာ၊ သွားဖုံး ဒါမှမဟုတ် ပါးစပ်အတွင်းမှာ အနာ၊ ရေယုန်အဖု၊ သွေးထွက်တာတွေရှိနေရင် ရှောင်ပါ။
❌ လိင်အင်္ဂါမှာ အနာ၊ အဖုတွေရှိတယ်
မနာတဲ့အနာဖြစ်ဖြစ်၊ ရေယုန်ဖြစ်ဖြစ်၊ ကြွက်နို့ဖြစ်ဖြစ် ပုံမှန်မဟုတ်တဲ့အရာတစ်ခုခု တွေ့ရင် မပေါ့ဆပါနဲ့။
❌ ပုံမှန်မဟုတ်တဲ့ အရည်ထွက်နေတယ်
အဖြူ/အဝါရောင်အရည်ထွက်တာ၊ ပြည်လိုအရည်ထွက်တာ၊ အနံ့နံတာ၊ ဆီးသွားရင် ပူတာ/နာတာရှိရင် STIs ဖြစ်နိုင်တာကြောင့် စစ်ဆေးသင့်ပါတယ်။
အသေးစိတ်ကိုအောက်ပါလင့်ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်https://www.facebook.com/share/p/1DQ8xqnTBJ/
🤔1
💊 HIV ကာကွယ်ဖို့ … PrEP လား? PEP လား? 🤔

HIV ကြိုတင်ကာကွယ်ဆေး(PrEP) နဲ့ အရေးပေါ်ကာကွယ်ဆေး(PEP) ကနာမည် ဆင်တူပေမယ့် သောက်ရမယ့်အချိန်နဲ့ အသုံးပြုပုံက မတူပါဘူး။
PrEP နဲ့ PEP ကို မမှားအောင် အလွယ်ဆုံး ခွဲမှတ်ကြည့်ရအောင် 👇

🟢 PrEP (ကြိုတင်ကာကွယ်ဆေး)

HIV ကူးစက်ခံရမယ့်အခြေအနေနဲ့ မထိတွေ့ခင် ကြိုတင်ကာကွယ်ဖို့ သောက်ရတဲ့ဆေးပါ။

👉 HIV ကူးစက်နိုင်တဲ့ အခြေအနေနဲ့ မကြာခဏ ထိတွေ့မိ နေသူတွေမှာ အသုံးပြုနိုင်ပါတယ်။
👉 နေ့စဉ် ပုံမှန်သောက်သုံးရပါတယ်။
👉 ဘယ်လိုသောက်ရမလဲဆိုတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ပြီး ဆရာဝန်လမ်းညွှန်တဲ့အတိုင်း သောက်သုံးသင့်ပါတယ်။

🔴 PEP (အရေးပေါ်ကာကွယ်ဆေး)

HIV ကူးစက်နိုင်ခြေရှိတဲ့ အခြေအနေနဲ့ ထိတွေ့မိပြီး အရေးပေါ်ကာကွယ်ဖို့ သောက်ရတဲ့ဆေးပါ။

ဥပမာ —
• အကြောင်းအမျိုးမျိုးကြောင့် ကွန်ဒုံးမသုံးမိတာ ၊ ကွန်ဒုံးပေါက်တာပြဲသွားတာ
• HIV ကူးစက်ခံရမယ့်အခြေအနေ တစ်ခုခုနဲ့ ထိတွေ့မိတာ
• အဓမ္မပြုကျင့်ခံရတာ စတဲ့ အခြေအနေတွေမှာ လိုအပ်နိုင်ပါတယ်။

⏰ အရေးကြီးတာက အချိန်ပါ။
အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/share/p/1F8RSs2ikf/
❤3🤔1
⚠️ သားဆက်ခြားဆေး သုံးသူတိုင်း သိထားသင့်တဲ့ ဘေးထွက်ဆိုးကျိုးများ

သားဆက်ခြားဆေးသုံးတဲ့အခါ ခန္ဓာကိုယ်က ဟော်မုန်းအပြောင်းအလဲကြောင့် ဘေးထွက်ဆိုးကျိုး လက္ခဏာအချို့ ဖြစ်တတ်ပါတယ်။

🌿 အဖြစ်များတဲ့ လက္ခဏာတွေကတော့

ပျို့အန်ချင်ခြင်း

ရာသီမမှန်ခြင်း

ရင်သားတင်းခြင်း၊ နာကျင်ခြင်း

ခေါင်းကိုက်ခြင်း၊ စိတ်ခံစားချက်ပြောင်းလဲခြင်း

ဒီလိုလက္ခဏာတွေက ဆေးစသုံးစအချိန်မှာ ဖြစ်တတ်ပြီး အချိန်ကြာလာတာနဲ့ သက်သာသွားနိုင်ပါတယ်။

🚨 ဒါတွေဖြစ်လာရင်တော့ မပေါ့ဆပါနဲ့

ခြေထောက်တစ်ဖက် ရုတ်တရက်ရောင်ပြီး ကိုက်ခဲခြင်း

ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခြင်း

ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း

မျက်နှာ၊ နှုတ်ခမ်း၊ လျှာ ရုတ်တရက်ရောင်ရမ်းခြင်း

အသားဝါ၊ မျက်လုံးဝါလာခြင်း

👉 ဒီလိုလက္ခဏာတွေ ဖြစ်လာရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။

💡 သားဆက်ခြားနည်းလမ်းတိုင်းက လူတိုင်းနဲ့ မကိုက်ညီနိုင်ပါဘူး။ ကိုယ့်ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီတဲ့နည်းလမ်းကို ရွေးချယ်ဖို့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

📌 ဘိုကင် Link: https://forms.cloud.microsoft/r/6RUyZZMnTs

📞 099 790 204 65 / 098 800 059 23 / 099 777 734 28

#ကျန်းမာရေးဗဟုသုတ #သားဆက်ခြားဆေး
😱2
🩺 HIV ပိုးရှိသူများ ပုံမှန်ကျန်းမာဖို့ ART ဆေးအပြင် ဘာတွေလိုအပ်လဲ?

HIV ပိုးရှိသူတစ်ယောက် ပုံမှန်ကျန်းမာဖို့ အတွက် ART ဆေးပုံမှန် သောက်ဖို့က အရေးကြီးဆုံးဖြစ်ပေမယ့် အခြားလိုအပ်တဲ့ အချက်တွေလည်း ရှိပါတယ် ။

🔬 ပုံမှန်စစ်ဆေးပါ : ပိုးကောင်ရေ (Viral Load) နဲ့ ကိုယ်ခံအား(CD4) ကို ပုံမှန် စစ်ဆေးပြီး ဆရာဝန်နဲ့ ပုံမှန် ပြသပါ ။ ကိုယ်ခံအားကျချိန်မှာ ဝင်လာတတ်တဲ့ အခွင့်ရေးယူရောဂါတွေကို ကာကွယ်ဖို့ ဆရာဝန်ညွန်ကြားတဲ့ တိုင်းသေချာစနစ်တကျလိုက်နာပါ ။

🥗 အဟာရပြည့်အောင်စားပါ : ကိုယ်ခံအားတက်ဖို့ အဟာရရှိအောင် မျှတစွာစားပါ ။ မကျက်တကျက် အစားတွေကို ရှောင်ပါ ။

အပြည့်အစုံကိုအောက်ပါလင့်ကနေလေ့လာနိုင်ပါတယ် https://www.facebook.com/share/p/1Kvfo4Zabu/
❤1🤔1
HIV ကာကွယ်ဖို့ တစ်ခုပဲရွေးရမယ်ဆိုရင် ဘာကိုရွေးရမလဲ၊ ဘာကြောင့်လဲ?

နှစ်ဦးစလုံး မဆက်ဆံမီ သွေးစစ်ခြင်း

ကွန်ဒုံးကို စနစ်တကျ ပုံမှန်အသုံးပြုခြင်း

ကြိုတင်ကာကွယ်ဆေး PrEP သောက်ခြင်း

အရေးပေါ်ကာကွယ်ဆေး PEP သောက်ခြင်း

https://forms.cloud.microsoft/r/6RUyZZMnTs

ကျန်းမာရေးအကြောင်းအရာများ ဆွေးနွေးရန် - 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428

#HIV #Prevention#PEP#PrEP #LanPyaKyel#PrettyGirlLanPyaKyel
❤3🤔1
ART ဆေးသောက်နေသူတွေ သတိထားရမယ့် အစားအစာများ
ART ဆေးသောက်နေရလို့ လုံးဝမစားရဘူးဆိုတဲ့ အစားအစာမျိုး မရှိပေမယ့် ဆေးအာနိသင်မပျက်စေဖို့နဲ့ ကျန်းမာရေးအတွက် အောက်ပါတို့ကို သတိထားရှောင်ကြဉ်သင့်ပါတယ် -
Grapefruit – ART ဆေးအချို့နဲ့ အပြန်အလှန်သက်ရောက်မှုရှိနိုင်တာကြောင့် မိမိသောက်နေတဲ့ဆေး အဆင်ပြေမပြေကို ဆရာဝန်နဲ့တိုင်ပင်ပါ ။
Calcium / Iron ပါတဲ့ အားဆေး – ART ဆေးအချို့နဲ့ အချိန်ခွဲပြီး သောက်ဖို့လိုပါတယ် ။
တိုင်းရင်းဆေး / ဆေးမြီးတိုများ – ART ဆေးနဲ့ အပြန်အလှန်သက်ရောက်မှုရှိနိုင်လို့ မသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ ။
အသား၊ ငါး၊ ဥ အစိမ်း/မကျက်တကျက် – အစာအဆိပ်သင့်ခြင်းနဲ့ ဝမ်းပျက်ခြင်းကို ကာကွယ်ဖို့ ကျက်အောင်ချက်စားပါ ။
အရက်၊ ဆေးလိပ်နဲ့ ကွမ်းယာ _ ART ဆေးကို တိုက်ရိုက်သက်ရောက်မှုမရှိပေမယ့် ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် အလွန်အကျွံ စားသောက်တာ မျိုးရှောင်သင့်ပါတယ် ။
အရေးကြီးဆုံးက မိမိသောက်နေတဲ့ ART ဆေးအမျိုးအစားပေါ်မူတည်ပြီး ရှောင်ရမယ့်အရာတွေ မတူနိုင်တာကြောင့် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ
ဘိုကင် Link: https://forms.cloud.microsoft/r/6RUyZZMnTs
099 790 204 65 / 098 800 059 23 / 099 777 734 28
#ART
❤1🤔1
⚠️ HIV ပိုးရှိပြီး ဆေးကုဖို့ တွေဝေနေရင် ဘာတွေဖြစ်နိုင်လဲ ?

ကိုယ့်မှာ HIV ပိုးရှိနေတာ သိရချိန်မှာ စိုးရိမ်စိတ်တွေနဲ့ တွေဝေတတ်ကြပါတယ် ။ ဒါပေမယ့် စိုးရိမ်စိတ်ကြောင့် ဆေးကုသမှု ခံယူဖို့ တွေဝေနှောင့်နှေးနေမယ်ဆိုရင် အောက်ပါအချက်တွေ ဖြစ်နိုင်ပါတယ်နော် 💛

🛡️ ကိုယ်ခံအားစနစ် ပျက်စီးမယ်

HIV ပိုး က ကိုယ်ခံအား(CD4) တွေကို တစ်ရက်ထက်တစ်ရက် ဖျက်ဆီးပစ်လို့ ပိုးကောင်ရေတွေ ပိုတက်လာပါလိမ့်မယ် ။

🦠 နောက်ဆက်တွဲ ရောဂါတွေ အလွယ်တကူဝင်မယ်

ကိုယ်ခံအား ကျဆင်းသွားတဲ့အခါ တီဘီ ၊ အဆုတ်ရောင် စတဲ့ ရောဂါတွေ ဝင်ရောက်လာနိုင်ပါတယ် ။

⚠️ AIDS ရောဂါ အဆင့်ကို ရောက်ရှိသွားနိုင်တယ်

ဆေးကုသမှုမခံယူပဲ ထားရင် HIV ပိုး ကူးစက်ခြင်းကနေ ရေရှည်မှာ AIDS ရောဂါအဆင့်ထိရောက်သွားပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်နိုင်ပါတယ် ။

အသေးစိတ်ကို အောက်ပါလင့်ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/share/p/19NdWB45WW/
❤2🤔2
HIV မကူးစက်အောင် ဒါတွေရှောင်!"

မိမိကိုယ်တိုင်နဲ့ ချစ်ရသူတွေကို ကာကွယ်ဖို့ HIV မကူးစက်အောင် ရှောင်ကြဉ်သင့်တဲ့ အဓိက (၅) ချက်ကို မျှဝေပေးလိုက်ပါတယ်။ 👇

၁။ အကာအကွယ်မဲ့ ဆက်ဆံတာ

ဆက်ဆံမှုတိုင်းမှာ ကွန်ဒုံး (Condom) ကို အစမှအဆုံး စနစ်တကျ အသုံးပြုတာက မိမိရော အဖော်ကိုပါ အကောင်းဆုံး ကာကွယ်ပေးတာပါ။

၂။ အပ်နဲ့ ဆေးထိုးပြွန် မျှဝေသုံးတာ

ဆေးထိုးအပ်၊ တက်တူးအပ်နဲ့ နားဖောက်အပ်တွေကို အခြားသူတွေနဲ့ မမျှသုံးပါနဲ့။ ပိုးသတ်ထားတဲ့ အသစ်စက်စက်ကိုပဲ သုံးပါ။

၃။ စစ်ဆေးမထားတဲ့ သွေးသွင်းမိတာ

သွင်းယူမယ့် သွေးဟာ ပိုးစစ်ပြီးသား စိတ်ချရတဲ့ သွေးဘဏ် သို့မဟုတ် ဆေးရုံ/ဆေးခန်းတွေက ဟုတ်မဟုတ် သေချာ ဂရုစိုက်ပါ။

၄။ ကာကွယ်ဆေးသောက်ဖို့ လစ်ဟင်းတာ

မတော်တဆ HIV ကူးစက်နိုင်ခြေရှိတဲ့ အခြေအနေတစ်ခုခုကြုံခဲ့ရင် ၇၂ နာရီအတွင်း PEP (အရေးပေါ်ဆေး) သောက်ဖို့ မမေ့ပါနဲ့။ ကူးစက်နိုင်ခြေများသူတွေအနေနဲ့လည်း PrEP (ကြိုတင်ကာကွယ်ဆေး) ကို သောက်သုံးနိုင်ပါတယ်။

၅။ ကိုယ်ဝန်ဆောင်ချိန် မစစ်ဆေးမိတာ
အသေးစိတ်ကိုအောက်ပါ Link ကနေဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/share/p/1VsdSgeyz7/
👌2
Media is too big
VIEW IN TELEGRAM
📍HIV နဲ့အတူ ကျန်းမာစွာနေထိုင်နိုင်ဖို့

🏥 လမ်းပြကြယ်ဆေးခန်းမှာ HIV ပိုးအခမဲ့စစ်ဆေးဖို့ အောက်ပါ Link ကနေ ဘိုကင်တင်ပြီး လာရောက်နိုင်ပါတယ် ။

🔗 ဘိုကင် Link: https://forms.cloud.microsoft/r/6RUyZZMnTs

📞 099 790 204 65 / 098 800 059 23 / 099 777 734 28

#HIV #ART #LanPyaKyel #PrettyGirlLanPyaKyel
🎉2
မန္တလေးလမ်းပြကြယ်ဆေးခန်းမှာ

• HIV ပိုးရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်း

• ကာလသားရောဂါ အခမဲ့စစ်ဆေးကုသပေးခြင်း

• PrEP ဝန်ဆောင်မှုပေးခြင်း

• ART ဆေးရရှိရန် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း

• ကွန်ဒုံးနဲ့ချောဆီ အခမဲ့ရရှိနိုင်ခြင်း စတဲ့ ဝန်ဆောင်မှုတွေကို တစ်နေရာထဲမှာပဲ အလွယ်တကူရနိုင်ပါတယ်။

ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သေချာထိန်းသိမ်းပေးထားတဲ့အပြင် သွေးအဖြေကလည်း ချက်ချင်းစစ်၊ ချက်ချင်းသိနိုင်တာမို့ ကြိုတင်ရက်ချိန်းလေးပဲ ယူထားဖို့ လိုပါတယ်နော်။

Booking Link : https://forms.cloud.microsoft/r/6RUyZZMnTs

ဖုန်းနံပါတ်များ: 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428

#LanPyaKyel #လမ်းပြကြယ် #HIVServices #PrEP #ART #MandalayClinic
#PrettyGirlLanPyaKyel
👏2
ကွန်ဒုံးသုံးဖို့ ညှိနှိုင်းမရရင် HIV ကို ဘယ်လိုကာကွယ်မလဲ?
တစ်ဖက်လူက ကွန်ဒုံးသုံးဖို့ ငြင်းဆိုတာမျိုးတွေကြုံတဲ့အခါ ကိုယ့်ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် အောက်ပါနည်းလမ်းတွေကို အသုံးပြုပြီး ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ် -
PrEP (HIV ကြိုတင်ကာကွယ်ဆေး): ပုံမှန်သောက်သုံးခြင်းဖြင့် HIV ကူးစက်မှုကို ၉၀% ကျော် ကာကွယ်နိုင်ပါတယ်။ (အခြား လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ ရောဂါများကို မကာကွယ်နိုင်ပါ)
PEP (အရေးပေါ်ကာကွယ်ဆေး): ကွန်ဒုံးမသုံးဖြစ်တာ၊ ကွန်ဒုံးပေါက်တာမျိုး ဖြစ်ခဲ့ရင် ၇၂ နာရီအတွင်း ဆရာဝန်နဲ့ပြသပြီး အမြန်ဆုံး သောက်သုံးသင့်ပါတယ်။ စောနိုင်သမျှ စောစောသောက်တာ ပိုကောင်းပါတယ် ။
HIV စစ်ဆေးမှုကာလ: HIV ကူးစက်ခံရနိုင်ခြေရှိပြီးနောက် တိကျတဲ့အဖြေသိရဖို့ အနည်းဆုံး ၃ လပြည့်မှသာ စစ်ဆေးသင့်ပါတယ်။
ကိုယ့်လုံခြုံရေးကို ဦးစားပေးပါ: တစ်ဖက်လူရဲ့ ဖိအားပေးမှု၊ ခြိမ်းခြောက်မှုတွေကြုံလာရင် မိမိအဆင်မပြေတာကို လက်ခံစရာမလိုဘဲ ယုံကြည်ရသူဆီက အကူအညီတောင်းပါ။
ကိုယ့်ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် ရွေးချယ်စရာတွေ အမြဲရှိနေတယ်ဆိုတာမမေ့ပါနဲ့ရှင်။
အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo/?fbid=1525664929590542&set=a.47888
🤔1
အမျိုးသမီးတွေမှာ အဖြစ်များတဲ့ လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ ရောဂါများ

လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေဟာ အပြင်ပန်းမှာ လက္ခဏာမပြဘဲ ရှိနေတတ်ပါတယ်။ မသိဘဲ လစ်လျူရှုထားရင် ကျန်းမာရေး ထိခိုက်နိုင်တာမို့ သတိထားရအောင် မျှဝေပေးလိုက်ပါတယ် 👇

ကလိုင်မိုင်ဒီးယား (Chlamydia)

လက္ခဏာ - အများစုက လက္ခဏာမပြတတ်ပါ။ တစ်ချို့က မိန်းမကိုယ်မှ အရည်ဆင်းခြင်းနှင့် ဆီးသွားတဲ့အခါ ပူစပ်ခြင်း ဖြစ်တတ်ပါတယ်။

သတိပြုရန် - မကုသဘဲထားပါက မျိုးပွားအင်္ဂါ ထိခိုက်ပြီး ကိုယ်ဝန်ရရန် ခက်ခဲနိုင်ပါတယ်။

ဆီးပူညောင်းကျရောဂါ (Gonorrhea)

လက္ခဏာ - အများအားဖြင့် လက္ခဏာမပြတတ်ပါဘူး ၊ တစ်ချို့တွေက မိန်းမကိုယ်မှ အရည်ဆင်းပြီး ဆီးသွားစဉ် နာကျင်ခြင်း ဖြစ်တတ်ပါတယ် ။

သတိပြုရန် - မကုသပဲထားရင် နာတာရှည် နာကျင်မှုနှင့် မျိုးပွားမှုဆိုင်ရာ ပြဿနာများ ဖြစ်လာနိုင်ပါတယ်။

HPV (လိင်အင်္ဂါကြွက်နို့ရောဂါ)

လက္ခဏာ - လိင်အင်္ဂါတစ်ဝိုက်မှာ ကြွက်နို့များ ပေါ်လာတတ်ပါတယ် ။

အသေးစိတ်ကိုအောက်ပါ link ကနေ ဝင်ရောက်လေ့လာနိူင်ပါတယ် https://m.facebook.com/story.php?story_fbid=pfbid057PYrV24UamiaXvEUxUpRL2r91bX56YMEkZx5MqgMpH5ijQkqkF5pXX6K53xR6zsl&id=100064411493486&mibextid=ZbWKwL
❤3😱1
၂၀၂၆ ခုနှစ်အောက်တိုဘာလ၊ ၂၆ရက်(တနင်္လာနေ့) နှင့် ၂၇ရက် (အင်္ဂါနေ့) သည် သီတင်းကျွတ်ပိတ်ရက်ဖြစ်သောကြောင့် လမ်းပြကြယ်ဆေးခန်းများ အားလုံးပိတ်ပါသည်။

ဆေးခန်းဝန်ဆောင်မှုများကို (၂၈.၁၀.၂၀၂၆) ဗုဒ္ဓဟူးနေ့တွင် ပုံမှန်အတိုင်း ပြန်လည်ရယူနိုင်မည် ဖြစ်ပါသည်။

Booking ကြိုတင်ရယူရန် - 09-979020465 ၊ 09-880005923 ၊ 09-977773428

#LanPyaKyel #PrettyGirlLanPyaKyel #Holiday
❤1👌1
This media is not supported in your browser
VIEW IN TELEGRAM
လမ်းပြကြယ်ဆေးခန်းမှာ Clients ရဲ့ Privacy ကိုအဓိကထားပေးပါတယ်

#လမ်းပြကြယ် #PrettyGirlLanPyaKyel #HIV #ကာလသား #အခမဲ့
❤1👍1👌1
Oral Sex (ပါးစပ်နဲ့ ဆက်ဆံခြင်း) ပြုလုပ်တဲ့အခါ သိထားသင့်တဲ့ အချက် (၅) ချက်

Oral Sex လုပ်တာကလည်း တခြားလိင်ဆက်ဆံမှုတွေလိုပဲ ကျန်းမာရေးအတွက် သတိထားစရာလေးတွေ ရှိတာမို့ ကိုယ်တိုင်ရော ကိုယ့်လက်တွဲဖော်အတွက်ပါ ဘေးကင်းလုံခြုံစေဖို့ ဒီအချက်လေးတွေကို သိထားသင့်ပါတယ်။

၁။ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကူးစက်နိုင်တယ်ဆိုတာ သိထားပါ

Oral Sex လုပ်ရင်း HIV၊ ဂနိုရီးယား၊ ဆစ်ဖလစ်နဲ့ HPV လိုမျိုး ရောဂါတွေ ကူးစက်နိုင်ပါတယ်။

ရောဂါပိုးရှိနေပေမယ့် ဘာလက္ခဏာမှ မပြတာမျိုးလည်း ရှိနိုင်လို့ သတိထားဖို့ လိုပါတယ်နော်။

၂။ အကာအကွယ်တွေ အသုံးပြုပါ

အမျိုးသားအင်္ဂါကို ပါးစပ်နဲ့ ဆက်ဆံတဲ့အခါ ကွန်ဒုံး အသုံးပြုနိုင်ပါတယ်။
အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက် လေ့လာနိုင်ပါတယ် https://www.facebook.com/photo?fbid=1536863861803982&set=a.478883447602034
❤2😱1
💉 HIV ကို ၆ လတစ်ကြိမ် ထိုးဆေးနဲ့ ကာကွယ်နိုင်ပြီလား?

HIV ကိုကြိုတင်ကာကွယ်လိုသူတွေအတွက် HIV ကာကွယ်ရေးနည်းလမ်း ရွေးချယ်စရာနောက်တစ်ခု ရှိလာပါပြီ။ ✨

❤️ Lenacapavir (LEN) ဆိုတာ ဘာလဲ?

Lenacapavir ဆိုတာ HIV မကူးစက်အောင် ကြိုတင်ကာကွယ်ပေးနိုင်တဲ့ ထိုးဆေး (PrEP Injection) တစ်မျိုး ဖြစ်ပါတယ်။

အသေးစိတ်ကို အောက်ပါလင့်ကနေလေ့လာနိုင်ပါတယ် https://www.facebook.com/share/p/1EpQrjXwRC/
❤1🤔1