SexမိSexရာ
3.32K subscribers
660 photos
12 videos
8 files
432 links
လိင်မှုကျန်းမာရေးအကြောင်းအရာများလေ့လာရန်
Download Telegram
PrEP နဲ့ပတ်သက်ပြီး မှားယွင်းနားလည်နေတဲ့ အချက် (၅) ချက်
PrEP (Pre-Exposure Prophylaxis) က HIV ကူးစက်မှုကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ ဆေးဖြစ်ပါတယ်။ ဒါပေမယ့် PrEP အကြောင်း မှားယွင်းနားလည်ထားတဲ့ အယူအဆတွေကြောင့် PrEP ကို အသုံးမပြုရဲတာ၊ သောက်သုံးနည်း မှားယွင်းတာတွေ ဖြစ်တတ်ပါတယ်။
ဘယ်အချက်တွေက မှားယွင်းနေလဲဆိုတာ ပုံမှာ အတူတူ လေ့လာကြည့်လိုက်ကြရအောင်နော်....
လမ်းပြကြယ်ဆေးခန်းမှာ PrEP (HIV ကြိုတင်ကာကွယ်ဆေး) အခမဲ့ရယူချင်တယ်ဆိုရင် အောက်ပါ Link ကနေ ရက်ချိန်းယူပြီး လာရောက်နိုင်ပါတယ် ။
ဘိုကင်တင်ရန်: https://forms.cloud.microsoft/r/6RUyZZMnTs
ဆက်သွယ်ရန်: 099 790 204 65 ၊ 098 800 059 23 ၊ 099 777 734 28
#PrEP#HIVPrevention#Free
#HIVကြိုတင်ကာကွယ်ဆေး #LanPyaKyel#PrettyGirlLanPyaKyel
❤4👌1
HIV ပိုးကူးစက်ခံရတဲ့အခါ လုပ်ဆောင်ရမည့် အချက်(၄) ချက်
HIV ပိုးရှိကြောင်း သိရချိန်မှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်တာ သဘာဝပါပဲ။ ဒါပေမဲ့ ဒီနေ့ခေတ်မီဆေးဝါးတွေနဲ့ ထိန်းချုပ်ကုသနိုင်နေပြီဖြစ်လို့ စိတ်အေးအေးထားပြီး အောက်ပါအချက်တွေကို လုပ်ဆောင်ပါ ။
၁။ ART ဆေးကို အမြန်ဆုံး စတင်ပါ
. နီးစပ်ရာ အေအာတီဆေးပေးဌာနများသို့ သွားရောက်ပြီး ART ကုသမှုကို စတင်ပါ။
. စောစောစတင်လေ ခန္ဓာကိုယ်ရဲ့ ခုခံအားကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်လေ ဖြစ်ပါတယ်။
၂။ ဆေးကို နေ့စဉ် အချိန်မှန် ၊ပုံမှန် သောက်ပါ
. ဆေးကို မပျက်မကွက် သောက်ခြင်းက Viral Load(ပိုးကောင်ရေ) ကိုလျော့ချနိုင်ပြီး U=U အဆင့်ကို ရောက်ရှိကာ လိင်မှတစ်ဆင့် အခြားသူများထံ ကူးစက်ခြင်းကို လျော့ချပေးနိုင်ပါတယ် ။
အသေးစိတ်ကို အောက်ပါ Link ကနေ ဝင် ရောက်လေ့လာနိုင်ပါတယ်https://www.facebook.com/photo/?fbid=1456743933149309&set=a.478883447602034
❤1👌1
"HIV ပိုးရှိပေမဲ့ ပါတနာကို မကူးစက်အောင် ကာကွယ်လို့ရတယ်ဆိုတာ သိပါသလား"
ဒီနေ့ခေတ်မှာ HIV ပိုးရှိသူတစ်ယောက်ဟာ မိမိရဲ့ ပါတနာဆီ မကူးစက်အောင် ရာနှုန်းပြည့်နီးပါး ကာကွယ်ထားလို့ ရနေပါပြီ
အဓိက ကာကွယ်နိုင်မယ့် အရေးကြီးဆုံး နည်းလမ်း (၃) ခု ကတော့ -
၁။ U=U နဲ့ ကာကွယ်မယ်
ART ဆေးကို နေ့စဉ် အချိန်မှန် သောက်ရင် သွေးတွင်း ပိုးကောင်ရေ စစ်မတွေ့တဲ့အဆင့် (Undetectable) ရောက်သွားရင် ချစ်သူ/လက်တွဲဖော်ဆီ လိင်မှတစ်ဆင့် မကူးစက်နိုင်တော့ပါဘူး (Untransmittable)။
၂။ PrEP ဆေးနဲ့ ကာကွယ်မယ်
HIV ပိုးမရှိသူ ပါတနာဘက်မှ PrEP ဆေးကို ကြိုတင်ကာကွယ်မှုအဖြစ် သောက်ထားနိုင်ပါတယ်
၃။ ကွန်ဒုံးနဲ့ ကာကွယ်မယ်
ကွန်ဒုံးကို စနစ်တကျ သုံးစွဲခြင်းက HIV ရော အခြား လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးပါတယ်။
ဒါကြောင့် မှန်ကန်တဲ့ ဆေးကုသမှုကို စနစ်တကျ ခံယူပြီး ကျန်းကျန်းမာမာ နေထိုင်ရင်းနဲ့ ချစ်ရသူတွေကိုလည်း အတူကာကွယ်ကြပါစို့နော်
Booking Link https://forms.cloud.microsoft/r/6RUyZZMnTs
ကျန်းမာရေးအကြောင်းအရာများ ဆွေးနွေးရန် - 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428
#HIV #LanPyaKyel#PrettyGirlLanPyaKyel #OnlineBooking#FreeTesting
❤1🤔1
HIV က လိင်မှတစ်ဆင့်ပဲ ကူးစက်တာလား ?
HIV ပိုး ကူးစက်နိုင်တဲ့အခြေအနေ နဲ့ပတ်သတ်ပြီး လူတော်တော်များများက လိင်ဆက်ဆံခြင်းကပဲ ကူးစက်နိုင်တယ်ဆိုပြီး အထင်မှားတတ်ကြပါတယ် ။
အမှန်တော့ HIV ပိုးက ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေ ဖြစ်တဲ့ သွေး၊သုတ်ရည်၊ မိန်းမကိုယ်မှထွက်တဲ့အရည်နဲ့ မိခင်နို့ရည်တွေ တစ်ဆင့်ကူးစက်နိုင်တာဖြစ်ပြီး အောက်ပါ နည်းလမ်းတွေကလည်း ကူးစက်ခံရနိုင်ပါတယ် ။
ကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့
• ပိုးရှိသူနဲ့ ဆေးထိုးအပ်/ပြွန် မျှဝေသုံးခြင်း
• ပိုးရှိတဲ့ သွေးကို သွင်းမိခြင်း
• ပိုးရှိသူမိခင်မှ ရင်သွေးကို ကူးစက်ခြင်း
• ပိုးရှိသူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံခြင်း တို့ဖြစ်ပါတယ် ။
အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo/?fbid=1461064486050587&set=a.478883447602034&locale=en_GB
❤1🤔1
HIV စစ်ဆေးပြီး အဖြေသိရဖို့ စောင့်နေရတဲ့ အချိန်တစ်ခဏဟာ အရမ်းကြာတယ်လို့ ခံစားဖူးတယ်မို့လား။🥺
“Positive ဖြစ်နေရင် ဘာဆက်လုပ်ရမလဲ…” “Negative ဖြစ်ပါ့မလား…” “အဖြေမကောင်းရင် ဘယ်လိုရင်ဆိုင်ရမလဲ…” ဆိုပြီး အတွေးပေါင်းစုံတွေးကာ စိုးရိမ်ပူပန်မိတတ်ပါတယ်။
အဖြေမသိရသေးခင် အတွေးများပြီး စိတ်ပူမိတာဟာ ပုံမှန်ပါပဲ။ ဒါကြောင့် စောင့်နေရတဲ့အချိန်မှာ စိတ်ကို တည်ငြိမ်အောင် ထားနိုင်ဖို့နဲ့ အဖြေထွက်လာတဲ့အခါ ရင်ဆိုင်နိုင်ဖို့ ဒီအချက်လေးတွေကို ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်။🌿
၁။ ဖြစ်နိုင်ခြေ နှစ်ခုလုံးအတွက် စိတ်ကို ကြိုတင်ပြင်ဆင်ထားပါ။
🟠 Positive (ပိုးတွေ့) ထွက်ခဲ့ရင် : HIV ဟာ ART ဆေးဝါးတွေနဲ့ ထိန်းချုပ်ကုသနိုင်တဲ့ ရောဂါဖြစ်တဲ့အတွက် HIV ရှိကြောင်း သိရတာနဲ့ ART ဆေးကို စသောက်ဖို့ လိုပါတယ်။ ဆေးကို စနစ်တကျ သောက်သုံးရင် ကျန်းမာစွာ ရေရှည်နေထိုင်နိုင်ပါတယ်။ အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo/?fbid=1466538052169897&set=a.478883447602034
🤔1
HIV ရှိတိုင်း AIDS ဖြစ်မှာလား? 🤔
HIV ရှိတယ်ဆိုတာနဲ့ AIDS ဖြစ်သွားမှာ မဟုတ်ပါဘူး။ ❤️
HIV ကို စောစောသိရှိပြီး ART ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ပုံမှန်သောက်သုံးမယ်ဆိုရင် HIV ပိုး ခန္ဓာကိုယ်တွင်း ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စွာ ထိန်းထားနိုင်ကာ AIDS အဆင့် ရောက်ရှိနိုင်ခြေကို လျော့ချပေးနိုင်ပါတယ် ။
ဆေးကို ပုံမှန်သောက်မယ် ဆိုရင် ပိုးကောင်ရေ စက်နဲ့စစ်ဆေးတဲ့အခါ သွေးထဲမှာ HIVပိုး ရှာမတွေ့တော့သည့် အခြေအနေ U=U အခြေအနေ ဖြစ်သွားနိုင်ပါတယ် ။ U=U အခြေအနေဖြစ်ပြီဆို လိင်ဆက်ဆံရာမှတစ်ဆင့် အခြားသူများထံသို့ HIV ပိုး မကူးစက်နိုင်တော့ပါ ။ အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo/?fbid=1467444858745883&set=a.478883447602034
🤔2
ဆစ်ဖလစ်ရှိ၊ မရှိ ဘယ်အချိန်မှာ စစ်ဆေးမလဲ?
ဆစ်ဖလစ်က အကာအကွယ်မဲ့လိင်ဆက်ဆံတာကနေ ကူးစက်နိုင်သလို ဆစ်ဖလစ် အနာတွေနဲ့တိုက်ရိုက်ထိတွေ့မိရင်လည်း ကူးစက်ခံရနိုင်ပါတယ် ။
အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo?fbid=1468309681992734&set=a.478883447602034&locale=en_GB
👍1🤔1
PrEP သောက်ထားရင် PEP သောက်ဖို့ လိုသေးလား? 🤔💊
ကိုယ်က PrEP သောက်နေတာပဲ… အရေးပေါ်အခြေအနေကြုံရင် PEP ထပ်သောက်ဖို့ လိုသေးလား? ဆိုပြီး တွေးပူတတ်ကြတဲ့သူတွေရှိလား? 👀
အဖြေကတော့ — ပုံမှန်အားဖြင့် မလိုပါဘူး။ ✅
PrEP ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျ၊ မပျက်မကွက် သောက်သုံးနေမယ်ဆိုရင် HIV ကို အလွန်ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ 🛡 အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်https://www.facebook.com/photo/?fbid=1471836604973375&set=a.478883447602034
❤2🤔1
ART ဆေးတွေ အစိုမပြန်အောင် ဘယ်လိုထိန်းသိမ်းမလဲ?
အခုလို မိုးရာသီမှာ စိုထိုင်းဆမြင့်တဲ့အချိန် ART ဆေးတွေကို စနစ်တကျသိမ်းဆည်းထားဖို့ အရေး ကြီးပါတယ်။
အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo/?fbid=1473565938133775&set=a.478883447602034
🤔1
ခန္ဓာကိုယ်မှထွက်တဲ့အရည်တွေ အရေပြားပေါ်ထိရုံနဲ့ HIV ကူးနိုင်လား?
HIV ပိုးပါဝင်တဲ့ ခန္ဓာကိုယ်ကအရည်တွေ အရေပြားပေါ်ထိမိလို့ စိုးရိမ်နေတယ်ဆိုရင် အရင်ဆုံး စိတ်မပူပါနဲ့။
ကျန်းမာပြီး ပြတ်ရှဒဏ်ရာမရှိတဲ့ အရေပြားပေါ်ကို HIV ပိုးပါတဲ့ သွေး၊ သုတ်ရည် စတဲ့အရည်တွေ ထိမိရုံနဲ့ HIV မကူးစက်နိုင်ပါဘူး။
ဘယ်အခြေအနေမှာ သတိထားရမလဲဆိုတော့ -
• အရေပြားမှာ လတ်တလော ပြတ်ရှ၊ ပွန်းပဲ့ဒဏ်ရာ ရှိနေပြီး HIV ပါတဲ့အရည်နဲ့ ထိတွေ့မိရင်
• မျက်စိ၊ ပါးစပ်အတွင်း၊ မျိုးပွားအင်္ဂါ၊ စအိုလမ်းကြောင်း စတဲ့ အမြှေးပါးတွေထဲကို HIV ပါတဲ့အရည် ဝင်သွားရင် HIV ကူးစက်နိုင်ခြေရှိနိုင်ပါတယ်။
မတော်တဆ ထိတွေ့မိရင်
ထိတွေ့တဲ့နေရာကို ရေနဲ့ ဆပ်ပြာသုံးပြီး ဆေးကြောပါ။ ဒဏ်ရာကို အတင်းညှစ်တာမျိုး မလုပ်ပါနဲ့။
ကူးစက်နိုင်ခြေရှိတဲ့ ထိတွေ့မှုဖြစ်ခဲ့တယ်လို့ ထင်ရင် PEP ကို ၇၂ နာရီအတွင်း အမြန်ဆုံး သောက်ဖို့ လိုအပ်မလားဆိုတာ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ တိုင်ပင်ပါ။
HIV အကြောင်း အခမဲ့တိုင်ပင်ဆွေးနွေး စစ်ဆေးချင်တယ်ဆိုရင်တော့ အောက်ပါ Link ကနေ ဘိုကင်တင်ပေးပါရှင်
ဘိုကင်တင်ရန်: https://forms.cloud.microsoft/r/6RUyZZMnTs
ဆက်သွယ်ရန်: 099 790 204 65 / 098 800 059 23 / 099 777 734 28
#ကျန်းမာရေးဗဟုသုတ
❤1🤔1
အချစ်ဆိုတာ ယုံကြည်မှုနဲ့ စတင်တာ မှန်ပေမဲ့ လုံခြုံမှုမရှိရင်တော့ အဲ့ဒီအချစ်ဟာ အန္တရာယ်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အတူတူရှိချိန်မှာ သာယာဖို့လိုသလို နှစ်ယောက်လုံး ဘေးကင်းဖို့ကလည်း ပိုပြီး အရေးကြီးပါတယ်နော်။
အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo/?fbid=1478829100940792&set=a.478883444268701
👌1
HIV စစ်ဖို့ လိုနေပြီလား?
HIV ရှိ၊ မရှိကို လက္ခဏာတွေကြည့်ပြီး အတိအကျ မသိနိုင်ပါဘူး။
HIV ရှိ၊ မရှိ သိနိုင်ဖို့ သွေးစစ်ဆေးခြင်း ကသာ သိနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းပါ ။
ကိုယ့်မှာ HIV ကူးစက်နိုင်တဲ့ အခြေအနေတစ်ခုခုနဲ့ ထိတွေ့မိထားတယ်ဆိုရင် စိုးရိမ်နေမယ့်အစား စစ်ဆေးလိုက်တာက ပိုကောင်းပါတယ်။
HIV ကူးစက်နိုင်တဲ့ အခြေအနေတွေကတော့ —
HIV ရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
HIV ရှိသူနဲ့ ဆေးထိုးအပ်၊ ဆေးထိုးပြွန် မျှဝေသုံးစွဲခြင်း
HIV ပိုးပါဝင်တဲ့ သွေးကို သွင်းမိခြင်း
HIV ရှိတဲ့ မိခင်ကနေ ရင်သွေးဆီ ကူးစက်ခြင်း
စောစောစစ်ပြီး စောစောသိရင်…
HIV ကုသမှုကို စောစောစတင်နိုင်ပါတယ်။
ကိုယ့်ကျန်းမာရေးကို ပိုကောင်းကောင်း ထိန်းသိမ်းနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုသာမက တခြားသူတွေဆီ HIV ကူးစက်နိုင်ခြေကိုလည်း လျှော့ချနိုင်ပါတယ်။
ဒါကြောင့် HIV ကူးစက်နိုင်တဲ့ အခြေအနေတစ်ခုခုနဲ့ ထိတွေ့မိထားပြီး စိုးရိမ်နေတယ်ဆိုရင် မစောင့်ပါနဲ့။
HIV စစ်ဆေးလိုက်ပါ။
လမ်းပြကြယ်ဆေးခန်းမှာ HIV အခမဲ့စစ်ဆေးနိုင်ပါတယ်။
အခမဲ့ HIV စစ်ဆေးဖို့ အောက်ပါ Link ကနေ ဘိုကင်တင်ပြီး လာရောက်နိုင်ပါတယ်။
ဘိုကင်တင်ရန်:
https://forms.cloud.microsoft/r/6RUyZZMnTs
💯1
လက္ခဏာမရှိရင် HIV မရှိဘူး ထင်နေလား
“ကျန်းမာနေတယ်၊ ဘာလက္ခဏာမှလည်း မရှိဘူးဆိုတော့ HIV မရှိလောက်ပါဘူး” လို့ တွေးမိတတ်ပါတယ်။
ဒါပေမယ့် လက္ခဏာမရှိတာနဲ့ HIV မရှိဘူးလို့ မဆိုနိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့—
HIV ရှိနေပေမယ့် လက္ခဏာမပြဘဲ နေနိုင်ပါတယ်။
ကူးစက်ပြီးနောက် အချိန်အတော်ကြာ လက္ခဏာမပြဘဲ နေနိုင်တာကြောင့် ကိုယ့်မှာ HIV ရှိ၊ မရှိကို လက္ခဏာကြည့်ပြီး မသိနိုင်ပါဘူး။
လက္ခဏာမရှိလည်း HIV ကူးစက်နိုင်ပါတယ်။
ART ဆေးကို ထိရောက်စွာ မသောက်သုံးထားရင် လက္ခဏာမပြသေးပေမယ့် HIV ကို တခြားသူဆီ ကူးစက်နိုင်ခြေ ရှိနိုင်ပါတယ်။
ဒါဆို HIV ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ
လက္ခဏာကိုကြည့်ပြီး ခန့်မှန်းမနေဘဲ သွေးစစ်ဆေးမှသာ သေချာသိနိုင်မှာပါ။
ကူးစက်နိုင်ခြေရှိတဲ့ အခြေအနေတစ်ခုခု ရှိခဲ့ဖူးရင် စောစောစစ်ဆေး၊ စောစောသိရှိပြီး လိုအပ်ရင် စောစောကုသမှုခံယူပါ။
HIV အခမဲ့စစ်ဆေးချင်တယ်ဆိုရင် အောက်ပါ Link ကနေ ရက်ချိန်းယူပြီး လာရောက်နိုင်ပါတယ်
ဘိုကင်တင်ရန်:
https://forms.cloud.microsoft/r/6RUyZZMnTs
ဆက်သွယ်ရန်: 099 790 204 65 / 098 800 059 23 / 099 777 734 28
#HIVAwareness #HIVTest #KnowYourStatus #HealthTips #HIVPrevention #LanPyaKyel #PrettyGirlLanPyaKyel
👎1🤔1
HIV ကြောင့်မဟုတ်ဘဲ ခွဲခြားဆက်ဆံမှုတွေကြောင့် ဘာတွေဖြစ်လာနိုင်လဲ? 💔

HIV ရှိသူတွေကို အထင်သေးတာ၊ ရှောင်ဖယ်တာ၊ ခွဲခြားဆက်ဆံတာတွေက လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝနဲ့ ကျန်းမာရေးအပေါ်ပါ ထိခိုက်စေနိုင်ပါတယ်။

🔴 HIV စစ်ဆေးဖို့ ကြောက်လာနိုင်တယ်
လူတွေသိသွားမှာ၊ အထင်သေးခံရမှာကို စိုးရိမ်တာကြောင့် HIV စစ်ဆေးဖို့ ဝန်လေးလာနိုင်ပါတယ်။

🔴 ကုသမှု နောက်ကျနိုင်တယ်
စစ်ဆေးမှုနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ရှောင်လာရင် လိုအပ်တဲ့ကုသမှုကို အချိန်မီ မရနိုင်တော့ပါဘူး။

🔴 စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တယ်
အထီးကျန်တာ၊ စိတ်ဖိစီးတာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့နည်းတာတွေ ဖြစ်လာနိုင်ပါတယ်။

🔴 ကျန်းမာရေးဝန်ဆောင်မှုနဲ့ ဝေးကွာသွားနိုင်တယ်
ခွဲခြားဆက်ဆံခံရမှာကို ကြောက်တာကြောင့် ဆေးခန်းသွားတာ၊ ဆေးကုသမှုခံယူတာတွေကို ရှောင်လာနိုင်ပါတယ်။

💡 HIV ရှိသူတွေလိုအပ်တာ ခွဲခြားမှုမဟုတ်ပါဘူး။ နားလည်မှုနဲ့ အားပေးကူညီမှုပါ။ ❤️

လမ်းပြကြယ်ဆေးခန်းမှာ HIV အခမဲ့စစ်ဆေးချင်တယ်ဆိုရင် အောက်ပါ Link ကနေ ရက်ချိန်းယူပြီး လာရောက်နိုင်ပါတယ်

🔗 ဘိုကင်တင်ရန်:
https://forms.cloud.microsoft/r/6RUyZZMnTs

📞 ဆက်သွယ်ရန်: 099 790 204 65 / 098 800 059 23 / 099 777 734 28
❤1🤔1
PEP သောက်နေစဉ်မှာ HIV ကူးစက်နိုင်တဲ့ အခြေအနေမျိုးထပ်ဖြစ်ခဲ့ရင် PEP သောက်နေပြီးသားမို့ မကူးနိုင်တော့ဘူးလို့ သတ်မှတ်လို့ရလား။

(က) ရပါတယ်၊ ဆေးသောက်နေဆဲမို့ အကာအကွယ်ရှိပါတယ်။

(ခ) မရပါ၊ အခြေအနေပေါ်မူတည်ပြီး ကူးစက်နိုင်ခြေရှိတာကြောင့် ဆရာဝန်နဲ့ ပြန်လည်တိုင်ပင်ရန် လိုအပ်ပါတယ်။

(ဂ) မိမိသောက်နေတဲ့PEP ကို ပမာဏကို (၂) ဆတိုးသောက်ရင် ရပါသည်။

(ဃ) ပိုးရှိမရှိ ချက်ချင်းပြန်စစ်ပြီး ပိုးမတွေ့ပါက စိတ်ချရပါသည်။

Booking Link : https://forms.cloud.microsoft/r/6RUyZZMnTs

ကျန်းမာရေးအကြောင်းအရာများ ဆွေးနွေးရန် - 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428

#HIV #KnowYourStatus #Quiz#PEP #LanPyaKyel#PrettyGirlLanPyaKyel
❤1👌1
HIV ကြိုတင်ကာကွယ်ဖို့ ငွေကုန်ကျစရိတ် ရှိလား?

“HIV မကူးစက်အောင် ကြိုတင်ကာကွယ်ချင်တယ်...

ကာကွယ်ဖို့အတွက် ပိုက်ဆံ အများကြီး ကုန်ကျမှာလား...”

ဒီလိုတွေ တွေးပြီး စိုးရိမ်မနေပါနဲ့တော့။

လမ်းပြကြယ် ဆေးခန်းတွေမှာ HIV ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်တဲ့ အောက်ပါဝန်ဆောင်မှုတွေကို အခမဲ့ ရရှိနိုင်ပါတယ်။

PrEP (ကြိုတင်ကာကွယ်ဆေး)

HIV သွေးစစ်ဆေးခြင်း:

ကွန်ဒုံးနှင့် ချောဆီများအခမဲ့ ထုတ်ယူနိုင်ခြင်း

မိမိနဲ့အဆင်ပြေမဲ့ ကာကွယ်ရေးနည်းလမ်းများကို ဆွေးနွေးတိုင်ပင်နိုင်ခြင်း

ကူးစက်ခံရပြီးမှ ကုသတာထက် မကူးစက်ခင် ကြိုတင်ကာကွယ်တာက အကောင်းဆုံးနဲ့ အထိရောက်ဆုံးမို့ လမ်းပြကြယ် ဆေးခန်းတွေမှာ အခမဲ့ဝန်ဆောင်မှုတွေ ရယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Booking Link : https://forms.cloud.microsoft/r/6RUyZZMnTs

ကျန်းမာရေးအကြောင်းအရာများ ဆွေးနွေးရန် - 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428

#HIV #HIVPrevention#ကာကွယ်#STI #LanPyaKyel #PrettyGirlLanPyaKyel
👌2❤1
🛑 HIV စစ်ဆေးမှုအဖြေ Negative ဖြစ်ရင် စိတ်ချလို့ရပြီလား?

“အန္တရာယ်ရှိနိုင်တဲ့ အခြေအနေဖြစ်ပြီးပြီးချင်း HIV သွားစစ်တာ Negative ထွက်တယ်။ ဒါဆို စိတ်ချရပြီလား?” ဆိုပြီး မေးတတ်ကြပါတယ်🤔

အဖြေကတော့ မသေချာသေးပါဘူး။

HIV ကူးစက်ပြီးစအချိန်မှာ စစ်ဆေးမှုကနေ မတွေ့နိုင်သေးတဲ့ Window Period (ကြားကာလ)ဆိုတာ ရှိပါတယ်။ ဒါကြောင့် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေဖြစ်ပြီးပြီးချင်း စစ်ထားတဲ့ Negative အဖြေတစ်ခုတည်းနဲ့ HIV မရှိဘူးလို့ အတည်ပြုလို့ မရသေးပါဘူး။

💡 ဘာလုပ်သင့်လဲ?
🚨 ၇၂ နာရီအတွင်း ဖြစ်ခဲ့ရင် PEP လိုအပ်၊ မလိုအပ်ကို ကျန်းမာရေးဝန်ထမ်းနဲ့ အမြန်ဆုံး တိုင်ပင်ပါ။
⏳ HIV test အမျိုးအစားအလိုက် Window Period မတူတာကြောင့် သတ်မှတ်ထားတဲ့အချိန်မှာ ပြန်စစ်ဖို့ လိုပါတယ်။ တိကျတဲ့အဖြေသိနိုင်ဖို့အတွက်ဆို ကူးစက်ခံရမယ့်အခြေအနေဖြစ်ပြီး အနည်းဆုံး ၃ လပြည့်တဲ့အချိန်မှာ စစ်ဆေးသင့်ပါတယ် ။
🛡️ HIV မစစ်ခင် ကြားကာလအတွင်း လိင်ဆက်ဆံမှုရှိပါက ကွန်ဒုံးကို စနစ်တကျ အသုံးပြုပါ။

❤️ HIV စစ်တဲ့အခါ “ဘယ်အချိန်မှာ စစ်လဲ” ဆိုတာ အရေးကြီးပါတယ်။

မသေချာတာရှိရင် မရှက်ဘဲ မေးနိုင်ပါတယ်။

🔗 HIV အခမဲ့စစ်ဆေးရန် ဘိုကင် Link :
https://forms.cloud.microsoft/r/6RUyZZMnTs
🤔1
AIDS အဆင့်ရောက်သွားရင် ကုသလို့မရတော့ဘူးလား?

AIDS အဆင့်ရောက်သွားပြီဆိုတာနဲ့ ကုသမှုတွေ လုပ်လို့မရတော့တာ မဟုတ်ပါဘူး။

HIV ကို ART ဆေးနဲ့ ပုံမှန်ကုသမှုခံယူခြင်းက အရေးကြီးပါတယ်။ ART က HIV ပိုးကို ခန္ဓာကိုယ်ထဲကနေ လုံးဝပျောက်အောင် မလုပ်နိုင်ပေမယ့် HIV ပိုးပမာဏကို လျှော့ချပေးပြီး ကိုယ်ခံအားစနစ်ကို ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။

ဒါကြောင့် AIDS အဆင့်ရောက်နေသူတွေအနေနဲ့လည်း
ART ကို ပုံမှန်သောက်ပါ
ကျန်းမာရေးဝန်ထမ်းနဲ့ ပုံမှန်ပြသပါ
ဖြစ်ပေါ်လာတဲ့ ရောဂါပိုးဝင်ခြင်းတွေကို အချိန်မီကုသပါ

အရေးကြီးဆုံးက ကုသမှုကို လက်မလျှော့ဖို့ပါ။
HIV/AIDS ဆိုတာ မျှော်လင့်ချက်မရှိတော့တဲ့ အဆုံးသတ်တစ်ခု မဟုတ်ပါဘူး။
အချိန်မီကုသမှုနဲ့ ကျန်းမာရေးကို ဆက်လက်စောင့်ရှောက်နိုင်ပါတယ်။

HIV အခမဲ့စစ်ဆေးချင်တယ်ဆိုရင် အောက်ပါ Link ကနေ ဘိုကင်တင်ပြီး လာရောက်နိုင်ပါတယ် ။

ဘိုကင်တင်ရန်:
https://forms.cloud.microsoft/r/6RUyZZMnTs

ဆက်သွယ်ရန်: 099 790 204 65 / 098 800 059 23 / 099 777 734 28

#HIV #AIDS #ART #HIVTreatment #LanPyaKyel#PrettyGirlLanPyaKyel
🤔1
👀 "မနာ၊ မယားတဲ့အနာဆိုပြီး ပေါ့ဆမထားပါနဲ့"

အရေပြားမှာ အနာတစ်ခုခု ပေါက်လာပြီဆိုရင် “သာမန်အနာပဲ” လို့ တွေးပြီး ဆေးလိမ်းကာ မေ့ထားတတ်ကြပါတယ်။ ဒါပေမဲ့ နာလည်းမနာ၊ ယားလည်းမယားဘဲ ပေါက်လာတဲ့အနာ ဖြစ်နေမယ်ဆိုရင်တော့ အထူးသတိထားဖို့ လိုပါတယ်။

တချို့အခြေအနေတွေမှာ ဒါဟာ ဆစ်ဖလစ် (Syphilis) ရဲ့ အစောပိုင်းလက္ခဏာ ဖြစ်နေတတ်ပါတယ်။

🔎 ဆစ်ဖလစ်အနာဆိုတာ ဘယ်လိုမျိုးလဲ?

အဓိကအားဖြင့် နာလည်းမနာ၊ ယားလည်းမယား တဲ့အနာတွေ ဖြစ်တတ်ပါတယ်။
လိင်အင်္ဂါ၊ ပါးစပ်တစ်ဝိုက်နဲ့ အခြားနေရာတွေမှာ ပေါက်နိုင်ပါတယ်။
အနာက တစ်ခုတည်း ဖြစ်နိုင်သလို တစ်ခုထက်ပိုပြီးလည်း ပေါ်လာတတ်ပါတယ်။
အနာက အချိန်အနည်းငယ်ကြာရင် သူ့အလိုလို ပျောက်သွားတတ်ပါတယ်။
👉 ဒါပေမဲ့ သတိပြုရမယ့်အချက်က...

အနာပျောက်သွားရုံနဲ့ ဆစ်ဖလစ်ပိုး ကင်းစင်သွားတာ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ လက်ဖဝါး၊ ခြေဖဝါးအပါအဝင် တစ်ကိုယ်လုံးမှာ အဖုအပိမ့်တွေ ပေါ်လာနိုင်သလို တချို့ကျတော့လည်း ဘာလက္ခဏာမှ မပြဘဲ နေတတ်ပါတယ်။

⚠️ အရေးကြီးဆုံးအချက်ကတော့...

အသေးစိတ်ကိုအောက်ပါ Link ကနေဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/share/p/1Dw5rmFtze/
❤2😱1
⚠️ ART ဆေးကို ရက်ခြားသောက်ရင် ဘာတွေဖြစ်လာနိုင်လဲ❓

"ဒီနေ့တော့ မသောက်လည်း ရပါတယ်..."

"ဆေးနည်းနည်း လျှော့သောက်ရင်ရော..."

ဒီလိုမျိုး အကြောင်းအမျိုးမျိုးကြောင့် ART ဆေးကို ရက်ခြားသောက်တာ၊ ကိုယ့်သဘောနဲ့ ဆေးလျှော့သောက်တာဟာ HIV ပိုးကို ဆေးယဉ်ပါးလာစေနိုင်တဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ပါတယ်။

🔴 ဆေးယဉ်ပါးလာနိုင်ပါတယ်

ဆေးအာနိသင် မလုံလောက်တဲ့အချိန်မှာ HIV ပိုးက ဆက်ပြီးပွားနိုင်ပြီး လက်ရှိသောက်နေတဲ့ ဆေးကို ယဉ်ပါးသွားစေပါတယ်။

🔴 လက်ရှိသောက်နေတဲ့ ART ဆေးတွဲ အာနိသင်လျော့နိုင်ပါတယ်

ဆေးယဉ်ပါးလာပြီဆိုရင် အရင်သုံးနေတဲ့ ဆေးတွဲနဲ့တင် ပိုးကို ဆက်လက်ထိန်းချုပ်ဖို့ ပိုပြီးခက်ခဲလာပါတော့တယ်။

🔴 Viral Load ပြန်တက်ပြီး CD4 ကျလာနိုင်ပါတယ်

HIV ပိုးကို ကောင်းကောင်းမထိန်းချုပ်နိုင်တော့ရင် ပိုးကောင်ရေ (Viral Load) ပြန်တက်လာပြီး ကိုယ်ခံအား (CD4) ကျဆင်းကာ အခြားအခွင့်အရေးယူ ရောဂါတွေ ဝင်ရောက်လာနိုင်ခြေ ပိုများလာနိုင်ပါတယ်။
အသေးစိတ်ကိုအောက်ပါ link မှာဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/share/p/189PDBBMV8/
🤔1
လိင်မှုဆိုင်ရာကျန်းမာရေးက အမျိုးသားတွေနဲ့ပဲ ဆိုင်တာလား❓

“လိင်မှုဆိုင်ရာကျန်းမာရေး” လို့ ပြောလိုက်တာနဲ့ အမျိုးသားတွေနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်မိတတ်ပါသလား?

💡 တကယ်တော့ လိင်မှုဆိုင်ရာကျန်းမာရေး (Sexual Health) ဆိုတာ အမျိုးသားတွေအတွက်ချည်းပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ အမျိုးသမီးတွေအတွက်လည်း မဖြစ်မနေ သိထားသင့်တဲ့ အခြေခံကျန်းမာရေး ဗဟုသုတ တစ်ခုဖြစ်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ ဘာကြောင့် သိထားသင့်တာလဲ❓

🛡️ HIV နဲ့ STIs တွေကို ကာကွယ်ဖို့

HIV နဲ့ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ဘယ်လိုကာကွယ်ရမလဲ၊ ကွန်ဒုံးကို ဘယ်လိုစနစ်တကျ အသုံးပြုရမလဲဆိုတာ သိထားဖို့လိုပါတယ်။ ဒါ့အပြင် HPV ကြောင့် ဖြစ်နိုင်တဲ့ သားအိမ်ခေါင်းကင်ဆာအတွက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးနဲ့ ပုံမှန်စစ်ဆေးမှုတွေကလည်း အလွန်အရေးကြီးပါတယ်။

အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/share/p/18RYPLSsqg/
🤔1