SexမိSexရာ
3.32K subscribers
660 photos
12 videos
8 files
432 links
လိင်မှုကျန်းမာရေးအကြောင်းအရာများလေ့လာရန်
Download Telegram
Media is too big
VIEW IN TELEGRAM
လူငယ်နှင့် STIs အကြောင်း

🔗 ဘိုကင်တင်ရန်: https://forms.cloud.microsoft/pages/responsepage.aspx

📞 ဆက်သွယ်ရန်:

099 790 204 65

098 800 059 23

099 777 734 28

#STIs #LanPyaKyel #PrettyGirlLanPyaKyel
❤1👏1
သူငယ်ချင်းတစ်ယောက်က သူ့မှာ HIV ပိုးရှိနေတဲ့အကြောင်း စပြောပြလာတဲ့အခါ အသင့်တော်ဆုံးတုံ့ပြန်မှုက ဘာဖြစ်သင့်သလဲ

မိမိရဲ့ တုံ့ပြန်မှုတစ်ခုဟာ သူ့ဘဝအတွက် ခွန်အားဖြစ်စေနိုင်သလို၊ ပိုပြီးတော့လည်း အားငယ်သွားစေနိုင်တယ်ဆိုတာသတိထားရပါမယ်။

Booking Link

https://forms.cloud.microsoft/r/6RUyZZMnTs

ကျန်းမာရေးအကြောင်းအရာများ ဆွေးနွေးရန် - 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428

#quiz #HIVAwareness #EndHIVStigmaလမ်းပြကြယ် #Lanpyakyel#PrettyGirlLanPyaKyel
❤2👍1🤔1
ART ဆေးယဉ်ပါးခြင်း

ART ဆေးကို နေ့တိုင်း အချိန်မှန်သောက်နေတဲ့အခါ သွေးတွင်းမှာ ဆေးပမာဏ အပြည့်ရှိနေလို့ HIV ပိုးတွေကို အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ပါတယ်။

ဒါပေမဲ့...
ဆေးသောက်ဖို့ ခဏခဏ မေ့တာ
ရက်ချိန်းအတိုင်း ဆေးမယူဘဲ ဆေးပြတ်သွားတာ

စတာတွေ ဖြစ်လာတဲ့အခါ သွေးတွင်းက ဆေးအရှိန်ဟာ တဖြည်းဖြည်း ကျဆင်းသွားပါတယ်။ ဒီလို ဆေးအရှိန်လျော့သွားတဲ့ အခွင့်အရေးကို ယူပြီး HIV ပိုးက လက်ရှိဆေးဒဏ်ကို ခံနိုင်ရည်ရှိအောင် သူ့ရဲ့ဗီဇပုံစံကို ပြောင်းလဲ (Mutation) ပစ်လိုက်ပါတယ်။ ဒါကိုပဲ “ART ဆေးယဉ်ပါးခြင်း” လို့ ခေါ်တာ ဖြစ်ပါတယ်။

 ဆေးပုံမှန်မသောက်ဘဲ ဆေးယဉ်ပါးသွားရင် ဖြစ်လာနိုင်မည့် နောက်ဆက်တွဲဆိုးကျိုးတွေကို ပုံတွင်လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတတွေ ရရှိဖို့ သူငယ်ချင်းတွေကို အခုပဲမျှဝေလိုက်တော့နော်….

Booking Link

https://forms.cloud.microsoft/r/6RUyZZMnTs

ကျန်းမာရေးအကြောင်းအရာများ ဆွေးနွေးရန် - 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428

#HIV #ART #ဆေးယဉ်ပါး #လမ်းပြကြယ် #Lanpyakyel#PrettyGirlLanPyaKyel
❤1😱1
💗 HIV အယူအဆအမှားများ အမျိုးသမီးတို့သတိပြုဖို့

“သူက သန့်သန့်ပြန့်ပြန့်လေးပဲ ၊ စိတ်ချရပါတယ်” ဆိုပြီး အပြင်ပန်းသွင်ပြင်ကိုကြည့်ပြီး စိတ်ချမိနေလား? HIV က အပြင်ပန်းကို ကြည့်ရုံနဲ့ မသိနိုင်ပါဘူး ဒါကြောင့် အမြဲသတိရှိဖို့လိုအပ်ပါတယ် ။

HIV နဲ့ပတ်သတ်ပြီး ပျိုမေတို့ သတိမထားမိဘဲ မှားယွင်းစွာ ထင်မှတ်တတ်ကြတဲ့ အချက် (၃) ချက်ကို မျှဝေးပေးလိုက်ပါတယ် ။

❌ တစ်ကြိမ်တည်း ဆက်ဆံရုံနဲ့ HIV မကူးစက်နိုင်ဘူး ထင်ခြင်း

အကာကွယ်မဲ့ ဆက်ဆံမယ်ဆိုရင် တစ်ကြိမ်တစ်ခါတည်းနဲ့လည်း HIV ကူးစက်နိုင်ပါတယ် ။ ခန္ဓာကိုယ်တည်ဆောက်ပုံအရ အမျိုးသမီးတွေမှာ ကူးစက်နိုင်ရခြေပိုများနိုင်ပါတယ် ။ အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo/?fbid=1437730951717274&set=a.478883447602034
❤2💯1
ဆစ်ဖလစ် ကူးစက်ခံရရင် အတူတူ စစ်ဆေး၊ကုသဖို့လိုပါတယ်

ဆစ်ဖလစ်ရောဂါ ကူးစက်ခံရတဲ့အခါ ကိုယ်တစ်ယောက်တည်း ကုသရုံနဲ့ မလုံလောက်ပါဘူး။ ပြန်လည်ကူးစက်မှုကို ကာကွယ်ပြီး ကုသမှုအောင်မြင်စေဖို့ ကိုယ့်ရဲ့ ပါတနာကိုလည်း တစ်ပြိုင်တည်း စစ်ဆေးကုသဖို့ အရေးကြီးပါတယ်။

ဘာကြောင့် အရေးကြီးတာလဲ?

🔄 ပြန်လည်ကူးစက်နိုင်လို့
တစ်ယောက်တည်းသာ ကုသမှုခံယူထားပြီး လက်တွဲဖော်မှာ ပိုးရှိနေသေးရင် ပြန်လည်ကူးစက်နိုင်ပါတယ်။

🕵️ လက္ခဏာမပြဘဲ ပိုးရှိနေနိုင်လို့
ဆစ်ဖလစ်ဟာ လက္ခဏာမပြဘဲ ရှိနေနိုင်ပါတယ်။ မသိလိုက်ဘဲ အခြားသူတွေကို ဆက်လက်ကူးစက်စေနိုင်တာကြောင့် နှစ်ယောက်လုံး စစ်ဆေးကုသဖို့ လိုပါတယ်။

⚠️ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်လို့
မကုသဘဲထားမယ်ဆိုရင် ရောဂါက ပိုမိုဆိုးရွားလာပြီး နှလုံး၊ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ထိခိုက်စေနိုင်သလို အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။

အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်
https://www.facebook.com/share/p/1H6XF2BaKj/
💯1
🩺 HIV နှင့် STIs ကာကွယ်ဖို့ သိထားသင့်သည့် အချက် (၅) ချက်

HIV နဲ့ STIs ရောဂါတွေက အဓိကအားဖြင့် လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။

HIV နဲ့ STIs ရောဂါတွေကို ကာကွယ်ဖို့အတွက် ဆိုရင်အောက်ပါ အချက်တွေကို သိထားဖို့လိုအပ်ပါတယ် ။

1️⃣ ကွန်ဒုံးကို အမြဲမှန်ကန်စွာ အသုံးပြုပါ
HIV နှင့် လိင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများ (STIs) ကို ကာကွယ်နိုင်ဖို့ ကွန်ဒုံးကို လိင်ဆက်ဆံတိုင်း စနစ်တကျ အသုံးပြုပါ။

2️⃣ HIV နှင့် STI စစ်ဆေးမှုကို ပုံမှန်ပြုလုပ်ပါ
တချို့ရောဂါတွေက လက္ခဏာမပြဘဲ ရှိနေနိုင်ပါတယ်။ ပုံမှန်စစ်ဆေးခြင်းက စောစောသိပြီး စောစောကုသနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။

3️⃣ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို မပေါ့ဆပါနဲ့
အနံ့ဆိုးသော အရည်ဆင်းခြင်း၊ ယားယံခြင်း၊ ဆီးသွားနာခြင်း၊ အနာပေါက်ခြင်း စတဲ့လက္ခဏာတွေရှိရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပါ။
အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/share/p/1VEvJJk6FB/
👌1
📌 ရာသီသွေး ရက်ကျော်ရင် ဘာတွေဖြစ်နိုင်လဲ? 🤔🩸

မိန်းကလေးတော်တော်များများ ရာသီရက်ကျော်ရင် ကိုယ်ဝန်ရှိတာ တစ်ခုတည်းကြောင့် လို ထင်တတ်ကြပါတယ်။ တကယ်တော့ အခြား အကြောင်းရင်းတွေလည်း အများကြီး ရှိနိုင်ပါတယ်နော်။ အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်https://www.facebook.com/photo/?fbid=1444539901036379&set=a.478883447602034
👍1🤔1
HIV Phobia (အိတ်ချ်အိုင်ဗွီ ကြောက်စိတ်လွန်ရောဂါ) ခံစားနေရပြီလား?💭

HIV Phobia ဆိုတာ ကိုယ့်မှာ HIV ရှိနေပြီ ဒါမှမဟုတ် ရောဂါကူးစက်ခံရတော့မယ်လို့ အကြောင်းအရင်းမရှိဘဲ အလွန်အမင်း စိုးရိမ်ပူပန်နေတဲ့ စိတ်အခြေအနေ ဖြစ်ပါတယ်။

ဓာတ်ခွဲခန်းအဖြေမှာ HIV မရှိကြောင်း (Negative) အကြိမ်ကြိမ် အတည်ပြုပြီးသားဖြစ်ပေမယ့် အဖြေကို မယုံကြည်နိုင်ဘဲ သွေးထပ်စစ်ချင်နေခြင်းက ဒီအခြေအနေရဲ့ ထင်ရှားတဲ့ လက္ခဏာတစ်ခုပါ။
အသေးစိတ်ကိုအောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိူင်ပါတယ် https://www.facebook.com/share/p/19N8jzRWeA/
😱1
လမ်းပြကြယ်မှာ HIV နဲ့ ကာလသားရောဂါ အခမဲ့စစ်ဆေးဖို့ ဘာတွေလိုမလဲ

"HIV/ကာလသား စစ်ဆေးချင်တယ်။ ဘာတွေလိုလဲ။ ပိုက်ဆံဘယ်လောက်ကုန်ကျမှာလဲ" ဆိုပြီး မကြာခဏ လာမေးလေ့ရှိကြပါတယ်နော်။

တကယ်တော့ ဘာမှအများကြီး ပြင်ဆင်စရာမလိုသလို၊ တစ်ပြားတစ်ချပ်မှလည်း ပေးစရာမလိုပါဘူး။ အခမဲ့ စစ်ဆေးနိုင်ဖို့အတွက် ဒါလေးတွေပဲ လိုအပ်ပါတယ်

(၁) အောက်ကပေးထားတဲ့ Booking Link ကနေ မိမိအဆင်ပြေမယ့်နေ့ရက်ကို အရင်ဆုံး ဘိုကင်တင်ပါ။

(၂) ဘိုကင်တင်ပြီးရင်တော့ သတ်မှတ်ထားတဲ့ရက်မှာ လူကိုယ်တိုင်ပဲ လာခဲ့ရုံပါပဲနော်။

Booking Link

https://forms.cloud.microsoft/r/6RUyZZMnTs

ကျန်းမာရေးအကြောင်းအရာများ ဆွေးနွေးရန် - 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428

#HIV #LanPyaKyel#PrettyGirlLanPyaKyel #OnlineBooking#FreeTesting
❤2👍1👌1
CD4 ကောင်းရင် Viral Load လည်း နည်းနေပြီလား?
အဖြေကတော့ — မဟုတ်ပါဘူး။
လူတော်တော်များများက ကိုယ်ခံအား (CD4)များနေရင် HIV ကို ကောင်းကောင်းထိန်းထားနိုင်ပြီး ပိုးကောင်ရေ (Viral Load) လည်းကောင်းပြီလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်ခံအား(cd4) နဲ့ ပိုးကောင်ရေ(Viral Load) က မတူတဲ့ အရာနှစ်ခု ဖြစ်ပါတယ်။
Viral Load က ကိုယ်ထဲမှာ HIV ပိုး ဘယ်လောက်ရှိနေလဲဆိုတာကို ပြသပေးပါတယ်။
CD4 ကတော့ ကိုယ်ခံအားဆဲလ် (Immune Cells) ဘယ်လောက်ကျန်ရှိပြီး ကိုယ်ခံအား ဘယ်လောက်ကောင်းနေသလဲဆိုတာကို ပြသပေးပါတယ်။
ART ဆေးကို အချိန်မှန်၊ နေ့တိုင်းသောက်နေသူတွေမှာ Viral Load လျော့ကျလာပြီး CD4 လည်း တဖြည်းဖြည်း ပြန်တက်လာနိုင်ပါတယ်။ ဒါပေမယ့် CD4 ကောင်းနေရုံတစ်ခုတည်းနဲ့ Viral Load ကို မသိနိုင်သလို၊ Viral Load ကောင်းနေရုံနဲ့လည်း CD4 ကို မစစ်ဘဲ မနေသင့်ပါဘူး။
အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိင်ပါတယ် https://www.facebook.com/photo/?fbid=1451427367014299&set=a.478883447602034
🤔1
လမ်းပြကြယ်ဆေးခန်းမှာ HIV နဲ့ ကာလသားရောဂါကို အခမဲ့ စစ်ဆေးနိုင်မယ့် နည်းလမ်းအဆင့်ဆင့်
လမ်းပြကြယ်ဆေးခန်းတွေမှာ HIV နဲ့ ကာလသားရောဂါကို အခမဲ့ စစ်ဆေးကုသနိုင်ပါတယ်။ ဆေးခန်းမှာ လာရောက်စစ်ဆေးလိုသူတွေအနေနဲ့ အောက်ပါ အဆင့် (၄) ဆင့်အတိုင်း လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ပါတယ်။
(၁) ရက်ချိန်းယူခြင်း - ဝန်ဆောင်မှုရယူလိုသည့် ရက်အတွက် Booking Link မှတစ်ဆင့် ရက်ချိန်းရယူနိုင်ပါတယ်။
(၂) နှစ်သိမ့်ဆွေးနွေးတိုင်ပင်ခြင်း - ဆေးခန်းရောက်လို့ စာရင်းသွင်းပြီးတာနဲ့ Counselor (နှစ်သိမ့်ဆွေးနွေးပညာပေးသူ) နဲ့ တွေ့ဆုံရပါမယ်။ မိမိတို့သိချင်တာတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ပွင့်လင်းစွာ နှစ်သိမ့်ဆွေးနွေး တိုင်ပင်နိုင်ပါတယ်။
(၃) သွေးဖောက်စစ်ဆေးခြင်း - လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နိုင်ဖို့ သွေးဖောက်ပြီး စစ်ဆေးပေးပါတယ်။
(၄) သွေးအဖြေပေးခြင်းနှင့် လိုအပ်ပါက ချိတ်ဆက်ပေးခြင်း- သွေးအဖြေရလဒ်တွေကို အသေးစိတ် ရှင်းလင်းပြောပြပေးမှာဖြစ်ပြီး၊ ဆက်လက်ကုသမှု ခံယူဖို့ သို့မဟုတ် တခြားလိုအပ်တာတွေရှိခဲံ့ရင်လည်း သင့်လျော်သလို ချိတ်ဆက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
Booking Link
https://forms.cloud.microsoft/r/6RUyZZMnTs
👏1
PrEP နဲ့ပတ်သက်ပြီး မှားယွင်းနားလည်နေတဲ့ အချက် (၅) ချက်
PrEP (Pre-Exposure Prophylaxis) က HIV ကူးစက်မှုကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ ဆေးဖြစ်ပါတယ်။ ဒါပေမယ့် PrEP အကြောင်း မှားယွင်းနားလည်ထားတဲ့ အယူအဆတွေကြောင့် PrEP ကို အသုံးမပြုရဲတာ၊ သောက်သုံးနည်း မှားယွင်းတာတွေ ဖြစ်တတ်ပါတယ်။
ဘယ်အချက်တွေက မှားယွင်းနေလဲဆိုတာ ပုံမှာ အတူတူ လေ့လာကြည့်လိုက်ကြရအောင်နော်....
လမ်းပြကြယ်ဆေးခန်းမှာ PrEP (HIV ကြိုတင်ကာကွယ်ဆေး) အခမဲ့ရယူချင်တယ်ဆိုရင် အောက်ပါ Link ကနေ ရက်ချိန်းယူပြီး လာရောက်နိုင်ပါတယ် ။
ဘိုကင်တင်ရန်: https://forms.cloud.microsoft/r/6RUyZZMnTs
ဆက်သွယ်ရန်: 099 790 204 65 ၊ 098 800 059 23 ၊ 099 777 734 28
#PrEP#HIVPrevention#Free
#HIVကြိုတင်ကာကွယ်ဆေး #LanPyaKyel#PrettyGirlLanPyaKyel
❤4👌1
HIV ပိုးကူးစက်ခံရတဲ့အခါ လုပ်ဆောင်ရမည့် အချက်(၄) ချက်
HIV ပိုးရှိကြောင်း သိရချိန်မှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်တာ သဘာဝပါပဲ။ ဒါပေမဲ့ ဒီနေ့ခေတ်မီဆေးဝါးတွေနဲ့ ထိန်းချုပ်ကုသနိုင်နေပြီဖြစ်လို့ စိတ်အေးအေးထားပြီး အောက်ပါအချက်တွေကို လုပ်ဆောင်ပါ ။
၁။ ART ဆေးကို အမြန်ဆုံး စတင်ပါ
. နီးစပ်ရာ အေအာတီဆေးပေးဌာနများသို့ သွားရောက်ပြီး ART ကုသမှုကို စတင်ပါ။
. စောစောစတင်လေ ခန္ဓာကိုယ်ရဲ့ ခုခံအားကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်လေ ဖြစ်ပါတယ်။
၂။ ဆေးကို နေ့စဉ် အချိန်မှန် ၊ပုံမှန် သောက်ပါ
. ဆေးကို မပျက်မကွက် သောက်ခြင်းက Viral Load(ပိုးကောင်ရေ) ကိုလျော့ချနိုင်ပြီး U=U အဆင့်ကို ရောက်ရှိကာ လိင်မှတစ်ဆင့် အခြားသူများထံ ကူးစက်ခြင်းကို လျော့ချပေးနိုင်ပါတယ် ။
အသေးစိတ်ကို အောက်ပါ Link ကနေ ဝင် ရောက်လေ့လာနိုင်ပါတယ်https://www.facebook.com/photo/?fbid=1456743933149309&set=a.478883447602034
❤1👌1
"HIV ပိုးရှိပေမဲ့ ပါတနာကို မကူးစက်အောင် ကာကွယ်လို့ရတယ်ဆိုတာ သိပါသလား"
ဒီနေ့ခေတ်မှာ HIV ပိုးရှိသူတစ်ယောက်ဟာ မိမိရဲ့ ပါတနာဆီ မကူးစက်အောင် ရာနှုန်းပြည့်နီးပါး ကာကွယ်ထားလို့ ရနေပါပြီ
အဓိက ကာကွယ်နိုင်မယ့် အရေးကြီးဆုံး နည်းလမ်း (၃) ခု ကတော့ -
၁။ U=U နဲ့ ကာကွယ်မယ်
ART ဆေးကို နေ့စဉ် အချိန်မှန် သောက်ရင် သွေးတွင်း ပိုးကောင်ရေ စစ်မတွေ့တဲ့အဆင့် (Undetectable) ရောက်သွားရင် ချစ်သူ/လက်တွဲဖော်ဆီ လိင်မှတစ်ဆင့် မကူးစက်နိုင်တော့ပါဘူး (Untransmittable)။
၂။ PrEP ဆေးနဲ့ ကာကွယ်မယ်
HIV ပိုးမရှိသူ ပါတနာဘက်မှ PrEP ဆေးကို ကြိုတင်ကာကွယ်မှုအဖြစ် သောက်ထားနိုင်ပါတယ်
၃။ ကွန်ဒုံးနဲ့ ကာကွယ်မယ်
ကွန်ဒုံးကို စနစ်တကျ သုံးစွဲခြင်းက HIV ရော အခြား လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးပါတယ်။
ဒါကြောင့် မှန်ကန်တဲ့ ဆေးကုသမှုကို စနစ်တကျ ခံယူပြီး ကျန်းကျန်းမာမာ နေထိုင်ရင်းနဲ့ ချစ်ရသူတွေကိုလည်း အတူကာကွယ်ကြပါစို့နော်
Booking Link https://forms.cloud.microsoft/r/6RUyZZMnTs
ကျန်းမာရေးအကြောင်းအရာများ ဆွေးနွေးရန် - 09-979020465 ၊ 09-880005923 ၊ 09-880005924 ၊ 09-977773428
#HIV #LanPyaKyel#PrettyGirlLanPyaKyel #OnlineBooking#FreeTesting
❤1🤔1
HIV က လိင်မှတစ်ဆင့်ပဲ ကူးစက်တာလား ?
HIV ပိုး ကူးစက်နိုင်တဲ့အခြေအနေ နဲ့ပတ်သတ်ပြီး လူတော်တော်များများက လိင်ဆက်ဆံခြင်းကပဲ ကူးစက်နိုင်တယ်ဆိုပြီး အထင်မှားတတ်ကြပါတယ် ။
အမှန်တော့ HIV ပိုးက ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေ ဖြစ်တဲ့ သွေး၊သုတ်ရည်၊ မိန်းမကိုယ်မှထွက်တဲ့အရည်နဲ့ မိခင်နို့ရည်တွေ တစ်ဆင့်ကူးစက်နိုင်တာဖြစ်ပြီး အောက်ပါ နည်းလမ်းတွေကလည်း ကူးစက်ခံရနိုင်ပါတယ် ။
ကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့
• ပိုးရှိသူနဲ့ ဆေးထိုးအပ်/ပြွန် မျှဝေသုံးခြင်း
• ပိုးရှိတဲ့ သွေးကို သွင်းမိခြင်း
• ပိုးရှိသူမိခင်မှ ရင်သွေးကို ကူးစက်ခြင်း
• ပိုးရှိသူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံခြင်း တို့ဖြစ်ပါတယ် ။
အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo/?fbid=1461064486050587&set=a.478883447602034&locale=en_GB
❤1🤔1
HIV စစ်ဆေးပြီး အဖြေသိရဖို့ စောင့်နေရတဲ့ အချိန်တစ်ခဏဟာ အရမ်းကြာတယ်လို့ ခံစားဖူးတယ်မို့လား။🥺
“Positive ဖြစ်နေရင် ဘာဆက်လုပ်ရမလဲ…” “Negative ဖြစ်ပါ့မလား…” “အဖြေမကောင်းရင် ဘယ်လိုရင်ဆိုင်ရမလဲ…” ဆိုပြီး အတွေးပေါင်းစုံတွေးကာ စိုးရိမ်ပူပန်မိတတ်ပါတယ်။
အဖြေမသိရသေးခင် အတွေးများပြီး စိတ်ပူမိတာဟာ ပုံမှန်ပါပဲ။ ဒါကြောင့် စောင့်နေရတဲ့အချိန်မှာ စိတ်ကို တည်ငြိမ်အောင် ထားနိုင်ဖို့နဲ့ အဖြေထွက်လာတဲ့အခါ ရင်ဆိုင်နိုင်ဖို့ ဒီအချက်လေးတွေကို ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်။🌿
၁။ ဖြစ်နိုင်ခြေ နှစ်ခုလုံးအတွက် စိတ်ကို ကြိုတင်ပြင်ဆင်ထားပါ။
🟠 Positive (ပိုးတွေ့) ထွက်ခဲ့ရင် : HIV ဟာ ART ဆေးဝါးတွေနဲ့ ထိန်းချုပ်ကုသနိုင်တဲ့ ရောဂါဖြစ်တဲ့အတွက် HIV ရှိကြောင်း သိရတာနဲ့ ART ဆေးကို စသောက်ဖို့ လိုပါတယ်။ ဆေးကို စနစ်တကျ သောက်သုံးရင် ကျန်းမာစွာ ရေရှည်နေထိုင်နိုင်ပါတယ်။ အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo/?fbid=1466538052169897&set=a.478883447602034
🤔1
HIV ရှိတိုင်း AIDS ဖြစ်မှာလား? 🤔
HIV ရှိတယ်ဆိုတာနဲ့ AIDS ဖြစ်သွားမှာ မဟုတ်ပါဘူး။ ❤️
HIV ကို စောစောသိရှိပြီး ART ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ပုံမှန်သောက်သုံးမယ်ဆိုရင် HIV ပိုး ခန္ဓာကိုယ်တွင်း ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စွာ ထိန်းထားနိုင်ကာ AIDS အဆင့် ရောက်ရှိနိုင်ခြေကို လျော့ချပေးနိုင်ပါတယ် ။
ဆေးကို ပုံမှန်သောက်မယ် ဆိုရင် ပိုးကောင်ရေ စက်နဲ့စစ်ဆေးတဲ့အခါ သွေးထဲမှာ HIVပိုး ရှာမတွေ့တော့သည့် အခြေအနေ U=U အခြေအနေ ဖြစ်သွားနိုင်ပါတယ် ။ U=U အခြေအနေဖြစ်ပြီဆို လိင်ဆက်ဆံရာမှတစ်ဆင့် အခြားသူများထံသို့ HIV ပိုး မကူးစက်နိုင်တော့ပါ ။ အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo/?fbid=1467444858745883&set=a.478883447602034
🤔2
ဆစ်ဖလစ်ရှိ၊ မရှိ ဘယ်အချိန်မှာ စစ်ဆေးမလဲ?
ဆစ်ဖလစ်က အကာအကွယ်မဲ့လိင်ဆက်ဆံတာကနေ ကူးစက်နိုင်သလို ဆစ်ဖလစ် အနာတွေနဲ့တိုက်ရိုက်ထိတွေ့မိရင်လည်း ကူးစက်ခံရနိုင်ပါတယ် ။
အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo?fbid=1468309681992734&set=a.478883447602034&locale=en_GB
👍1🤔1
PrEP သောက်ထားရင် PEP သောက်ဖို့ လိုသေးလား? 🤔💊
ကိုယ်က PrEP သောက်နေတာပဲ… အရေးပေါ်အခြေအနေကြုံရင် PEP ထပ်သောက်ဖို့ လိုသေးလား? ဆိုပြီး တွေးပူတတ်ကြတဲ့သူတွေရှိလား? 👀
အဖြေကတော့ — ပုံမှန်အားဖြင့် မလိုပါဘူး။ ✅
PrEP ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျ၊ မပျက်မကွက် သောက်သုံးနေမယ်ဆိုရင် HIV ကို အလွန်ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ 🛡 အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်https://www.facebook.com/photo/?fbid=1471836604973375&set=a.478883447602034
❤2🤔1
ART ဆေးတွေ အစိုမပြန်အောင် ဘယ်လိုထိန်းသိမ်းမလဲ?
အခုလို မိုးရာသီမှာ စိုထိုင်းဆမြင့်တဲ့အချိန် ART ဆေးတွေကို စနစ်တကျသိမ်းဆည်းထားဖို့ အရေး ကြီးပါတယ်။
အသေးစိတ်ကို အောက်ပါ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ် https://www.facebook.com/photo/?fbid=1473565938133775&set=a.478883447602034
🤔1
ခန္ဓာကိုယ်မှထွက်တဲ့အရည်တွေ အရေပြားပေါ်ထိရုံနဲ့ HIV ကူးနိုင်လား?
HIV ပိုးပါဝင်တဲ့ ခန္ဓာကိုယ်ကအရည်တွေ အရေပြားပေါ်ထိမိလို့ စိုးရိမ်နေတယ်ဆိုရင် အရင်ဆုံး စိတ်မပူပါနဲ့။
ကျန်းမာပြီး ပြတ်ရှဒဏ်ရာမရှိတဲ့ အရေပြားပေါ်ကို HIV ပိုးပါတဲ့ သွေး၊ သုတ်ရည် စတဲ့အရည်တွေ ထိမိရုံနဲ့ HIV မကူးစက်နိုင်ပါဘူး။
ဘယ်အခြေအနေမှာ သတိထားရမလဲဆိုတော့ -
• အရေပြားမှာ လတ်တလော ပြတ်ရှ၊ ပွန်းပဲ့ဒဏ်ရာ ရှိနေပြီး HIV ပါတဲ့အရည်နဲ့ ထိတွေ့မိရင်
• မျက်စိ၊ ပါးစပ်အတွင်း၊ မျိုးပွားအင်္ဂါ၊ စအိုလမ်းကြောင်း စတဲ့ အမြှေးပါးတွေထဲကို HIV ပါတဲ့အရည် ဝင်သွားရင် HIV ကူးစက်နိုင်ခြေရှိနိုင်ပါတယ်။
မတော်တဆ ထိတွေ့မိရင်
ထိတွေ့တဲ့နေရာကို ရေနဲ့ ဆပ်ပြာသုံးပြီး ဆေးကြောပါ။ ဒဏ်ရာကို အတင်းညှစ်တာမျိုး မလုပ်ပါနဲ့။
ကူးစက်နိုင်ခြေရှိတဲ့ ထိတွေ့မှုဖြစ်ခဲ့တယ်လို့ ထင်ရင် PEP ကို ၇၂ နာရီအတွင်း အမြန်ဆုံး သောက်ဖို့ လိုအပ်မလားဆိုတာ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ တိုင်ပင်ပါ။
HIV အကြောင်း အခမဲ့တိုင်ပင်ဆွေးနွေး စစ်ဆေးချင်တယ်ဆိုရင်တော့ အောက်ပါ Link ကနေ ဘိုကင်တင်ပေးပါရှင်
ဘိုကင်တင်ရန်: https://forms.cloud.microsoft/r/6RUyZZMnTs
ဆက်သွယ်ရန်: 099 790 204 65 / 098 800 059 23 / 099 777 734 28
#ကျန်းမာရေးဗဟုသုတ
❤1🤔1