Lambda Learning
110 subscribers
29 photos
18 links
Lambda for your dream
Download Telegram
Channel created
Channel photo updated
SAT ဆိုတာဘာလဲ ?
SAT ( Scholastic Aptitude test ) ဆိုတာက College Board org ရဲ့ computer-based Standardized test ပဲ ဖြစ်ပါတယ် ။ ကမ္ဘာတစ်ဝန်းမှာ SAT ကို လက်ခံတဲ့ကျောင်းတွေ အများကြီးရှိတာမို့ Study Aboard dream ရှိသူတွေအတွက် ဖြေသင့်တယ့် စာမေးပွဲ တစ်ခုလည်းဖြစ်ပါတယ်📚

SAT မှာ ဘာတွေ ဖြေရမှာလဲ?
SAT မှာ Math နဲ့ English ဆိုပီး ၂ ပိုင်းရှိပါတယ် တစ်ခုစီကို အမှတ်800 စီပေးတာမို့စုစုပေါင်း အမှတ်က1600 ဖြစ်ပါတယ်။

SAT exam ကို ဘယ်အချိန်တွေမှာ ဖြေလိုရလဲ?
🗓2026 SAT official test dates လေးတွေကတော့
➡️March 14, 2026
Registration Deadline – Feb 27, 2026

➡️May 2, 2026
▸ Registration Deadline – April 17, 2026

➡️June 6, 2026
▸ Registration Deadline – May 22, 2026

March , May , June အတွက်ကိုတော့ အချိန်စာရင်း အတိအကျ ထွက်ထားပြီး ကျန်တဲ့လတွေအတွက်ကိုတော့ အတိအကျ မထွက်ထားသေးပါဘူး

🗓️" Anticipated Test Dates "
-----------------------------
August 15, Sepetember 12 , October 3, November 7 , December 5

Registration Deadlines တွေကိုတော့ College board official website မှာ တင်ပေးတာနဲ့ တစ်ပြိုင်နက် Lambda Learning Page လေးကနေ ထပ်တင်ပေးပါမယ်နော်...🌟

SAT exam ကို ဘယ်နေရာတွေမှာ ဖြေလိုရလဲ?
SAT က မြန်မာနိုင်ငံမှာဆိုရင် Yangonနဲ့ Mandalayမှာဘဲ ဖြေလိုရပါတယ်နော်။

🏫 Yangon မှာ SAT ဖြေလိုရမယ့် Test Centersတွေကတော့

International Sch Of Myanmar
W22, 24 Mya Kan Thar Main Road, Mya Kan Thar Housing,
Hlaing Tsp, Yangon, Myanmar, 11051

Intl Sch Yangon
20 Shwe Taungyar Street,
Bahan Township, Yangon, Myanmar, 10000

New School Yangon
10 Yadanar Mon 6th Street,
Hlaing Township, Yangon, Myanmar, 10000

Yangon International School
117 Thumingalar Housing,
Thingangyun Township, Yangon, Myanmar, 10000

🏫Mandalay မှာ SAT ဖြေလိုရမယ့် Test Centersကတော့

AYEYARWADDY INTERNATIONAL SCHOOL
No. 25(B), 52nd St.,
CHAN AYE THARZAN TSP
ဖြစ်တဲ့ center တစ်ခုဘဲ ရှိပါတယ်။

📣Announcement By Lambda
------------------------------------------------
တဆက်တည်းမှာပဲ Lambda Learning page‌ ကနေ နောက်ပိုင်းမှာ Affortable SAT Math class လေးတွေဖွင့်လှစ်ဖို့ရှိတာမို့ fb page နဲ့ telegram channel ကို like and follow လုပ်ထားပေးပါကြအုန်းနော်။🙌

Telegram - https://t.me/lambda_learning

Facebook- https://www.facebook.com/profile.php?id=61585664391861&mibextid=wwXIfr&mibextid=wwXIfr

#lambdalearning
#SATmath
#whatisSAT
3
3
🌟ဒီနေ့မှာတော့ Lambda Learning ကနေ SAT Math အကြောင်း အသေးစိတ်ပြော‌ပြပေးပါမယ်နော်။

College board organization ကနေပြုလုပ်ပေးတဲ့ SAT exam မှာ English နဲ့ Math 2 ဘာသာဖြေဆိုရပါတယ်။

📌SAT Math မှာဆိုရင် အဓိက topic 4 ခုပါဝင်ပါတယ်

1️⃣Algebra

ဒီအပိုင်းကတော့ SAT Math မှာ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးအပိုင်းဖြစ်ပါတယ်။ Algebra မှာဆိုရင်
- linear equations
- Inequalities
- graph of linear functions စတာတွေကို ဖြေရှင်းရတဲ့ ပုစ္ဆာတွေ ပါဝင်ပါတယ်
-exam မှာ 13-15 questions လောက်မေးတတ်တာမို့ approximately 35% of math section လောက်ရှိပါတယ်။

2️⃣Advanced Math

ဒုတိယ အပိုင်းဖြစ်တဲ့ Advanced math မှာဆိုရင်
- complex equations
- quadratic functions
- polynomial functions
- rational expressions
စတဲ့ ကိန်းတွေပါတဲ့ equation တွေ ဖြေရှင်းရတဲ့ တာ‌တွေပါဝင်ပါတယ်
Advanced math ကလည်း Algebra လို 13-15 questions လောက်ပါတတ်ပြီး
approximately 35% of math section ဖြစ်ပါတယ်။

3️⃣Problem Solving and Data Analysis
ဒီအပိုင်းမှာတော့
- ratio
- proportion
- percentage
- interpreting graphs or data tables စတဲ့ အပိုင်းတွေကို ဖြေရှင်းရတဲ့ ပုစ္ဆာတွေပါဝင်ပါတယ်
Exam မှာ 5-7 questions ပါတတ်ပြီး approximately 15% of math section မို့ အမှတ်ကောင်းဖို့အတွက် အရေးကြီးတဲ့ အပိုင်းလည်း ဖြစ်ပါတယိ။

4️⃣Geometry and Tragonometry
နောက်ဆုံးsection မှာတော့
- angles
- circles
- triangles
- trigonometric functions (sine, cosine, tan .. )အစရှိတဲ့ အပိုင်းတွေမေးလေ့ရှိပါတယ် ။မေးခွန်း 5-7 questions နီးပါးမေးတတ်ပြီး approximately 15% of math section မို့ ဒီအပိုင်းကလည်း အရေးကြီးပါတယိ။ ပုံမှန်အားဖြင့် တွက်ရတာကြာတတ်တာမို့ များများလေ့ကျင့်ထားဖို့လည်း လိုပါတယ်။

📝SAT math section မှာဆိုရင် Module-1 နဲ့ Module-2 ဆိုပြီး အပိုင်း၂ပိုင်းရှိပါတယ်။ Module-1 မှာ မေးခွန်း အပုဒ် ၂၂၊ Module-2 မှာ အပုဒ် ၂၂၊ စုစုပေါင်းအပုဒ် ၄၄ ရှိပြီး မိနစ် (၇၀) အတွင်းမှာ ဖြေဆိုရပါတယ်။

မေးခွန်း ၁ပုဒ်ကို ပျမ်းမျှအနေနဲ့ 1.5 min ပဲ ဖြေဆိုချိန်ရတာကြောင့် time management လုပ်နိုင်ဖို့လည်း အထူးအရေးကြီးပါတယ်။🎯

📝SAT math ရဲ့ မေးခွန်းပုံစံကတော့ အများအားဖြင့် Multiple Choice မေးခွန်းတွေပါဝင်လေ့ရှိပြီး Student-response question အမျိူးအစားတွေလည်းပါဝင်ပါတယ်။ Module-2 ဟာ adaptive type ဖြစ်ပြီး module-1မှာ ရရှိခဲ့တဲ့ အမှတ်ပေါ်မူတည်ပြီး hard level ကလည်းပြောင်းလဲတတ်ပါတယ်။ ဒါကြောင့် အမှတ်ကောင်းချင်သူတွေအနေနဲ့ module 1 ကို အကုန်မှန်နေဖို့ အရေးကြီးပါတယ်။💯

Digital SAT Exam မှာဆိုရင် Calculator ကို allowed လုပ်ထားပြီး Desmos graphing calculator ကိုလည်း built in ထည့်ထားပေးပါတယ်။ Desmos ကိုကျွမ်းကျင်စွာ သုံးတတ်ရင် time saving မှာ အလွန်အထောက်ကူပြုတာမို့ desmos ကိုသေချာလေ့ကျင့်သင့်ပါတယ်။ 💪

ဒါကတော့ SAT math နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ဖော်ပြထားတာပဲဖြစ်ပါတယ်။

Lambda Learning မှာလည်း Affordable SAT Math Class တွေ ဖွင့်လှစ်တော့မှာဖြစ်လို့ telegram channel နဲ့ fb page ကို like and follow လုပ်ထားပေးပါအုန်းနော်🤗🌟

📌Telegram Channel - https://t.me/lambda_learning

📌Facebook page - https://www.facebook.com/profile.php?id=61585664391861&mibextid=wwXIfr&mibextid=wwXIfr

#lambdalearning
#SATmath
3
2
🌟ဒီနေ့မှာတော့ Lambda learning ကနေ SAT Math လေ့လာနေတဲ့ သူတွေအတွက် အသုံးဝင်တဲ့ books နဲ့ websites လေးတွေကို sharing လုပ်ပေးသွားပါမယ်နော် ။🙌

💁‍♂️ပထမဆုံးအနေနဲ့ SAT Math က သေချာလေး စနစ်တကျလေ့လာမယ်ဆိုရင် self study လုပ်လို့ရပါတယ်။
ပထမဆုံး စာအုပ်လေးတွေနဲ့ စလိုက်ကြရအာင်။📚

📔College Panda
---------------------------
SAT Math နဲ့ပက်သက်ရင် နာမည်အကြီးဆုံးစာအုပ်လို့ ပြောလို့ရပါတယ်။ Math ဖြေမယ့်သူတိုင်းနီးပါးကိုင်ဖူးတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ သင်တန်းတော်တော်များများလည်း reference ယူပြီးသင်ရလောက်အောင် ကောင်းတဲ့ စာအုပ်ဆိုလည်း မမှားပါဘူး။ ဒီစာအုပ်လေးမှာ topic တွေစုံစုံလင်လင်ပါသလို theory တွေလည်းတော်တော်များများ cover ဖြစ်တာမို့ self study အတွက်recommend ပေးပါတယ်။
( Lambda ရဲ့ review ကတော့ သင်ဟာ math ကို အရမ်းမစိမ်းတဲ့သူဆိုရင်တော့ ဒီစာအုပ်ကနေ စလေ့လာ သင့်ပါတယ်။

📔SAT Math Orange Book ( 1600.io)
------------------------------------
College Panda Book လောက်နာမည် မကြီးပေမယ့် တော်တော်လေးကောင်းတဲ့ စာအုပ်ပါ။ SAT math Basic တော်တော်များများကို cover ထားပြီး math နဲ့ သိပ်မရင်းနှီးတဲ့ သူတွေအတွက် college panda ထက် ပို အသုံးဝင်မယ်ထင်ပါတယ် ( Personal အမြင်မို့ ကွဲပြားနိုင်ပါတယ် )။ Orange Book ဟာ 1600.io website မှာ course 1 ခု အနေနဲ့လည်း တက်လို့ရပါတယ်။

📔PrepPros Math
------------------
ဒါကလည်း အပေါ်က 2 အုပ်လောက် နာမည်မကြီးပေမယ့် တော်တော်လေးကောင်းတဲ့ စာအုပ်ပါပဲ ( Personally အကြိုက်ဆုံးစာအုပ်ပါ ) ။ topics တွေ တော်တော်စုံပီး concept ပိုင်းလည်း အများကြီးပါပါတယ်။ ပိုကောင်းတာကတော့ practice တွေကို level နဲ့ ခွဲထားတာမို့ self study လုပ်မယ့်သူတွေအတွက် တစ်ဆင့်ချင်းစီ သွားလို့ရစေပါတယ်။ ( Desmos သုံးနည်းလည်း အနည်းငယ်ထည့်သွင်းပေးထားပါသေးတယ် )

📔 PWN SAT
--------------
DSAT စာအုပ်မဟုတ်ပေမယ့် ဒီစာအုပ်ထဲက techniques တွေကတကယ်ကို အသုံးဝင်ပါတယ်။ အကယ်လို့ ကိုယ်က concepts တွေအကုန်လေ့လာပြီးလို့ topics အကုန်လည်း လေ့ကျင့်ပြီးပြီဆိုရင်တော့ exam မှာ time saving ဖြစ်ဖို့အတွက် technique တော်တော်များများကိုလေ့လာဖို့ ဒီစာအုပ်လေးက အထောက်ကူပြုမှာပါ။ ( exam ‌ဖြေဖို့ ဝေးသေးတဲ့ သူတွေဆိုရင် ဒီစာအုပ်လေးပါ လုပ်ဖို့ အကြံပေးပါတယ်နော် ။)

📔PrepPros Adv Math
-----------------------
ဒီစာအုပ်ကတော့ နောက်ဆုံးမှ လုပ်သင့်တဲ့ စာအုပ်ပါ။ ကိုယ်က high score 700+ မှန်းထားတယ်ဆိုရင် မဖြစ်မနေ လုပ်သင့်တဲ့ စာအုပ်ပါ။ Edition 2 ခုရှိပြီးတော့ တစ်ခုစီမှာ questions 150 ပါဝင်ပါတယ်။ 2 အုပ်လုံး practice လုပ်သွားသင့်ပါတယ်နော်။


💁‍♀️ကဲအခုတော့ useful websites လေးတွေကို ကြည့်ကြည့်ရအောင်ပါ။

🎯Khan Academy
-----------------------------
Self study သမားတွေအတွက် မရှိမဖြစ် website ပါပဲ။ Math ရော Eng ရော လေ့လာလို့ရတာမို့ Khan Academy ကိုလည်း လုံးဝ မေ့ထားလို့မရပါဘူး။ topic တွေအလိုက် သေချာခွဲထားပြီး practice လုပ်ဖို့လည်း အများကြီး ရှိပါတယ်။ level အလိုက်လည်း ခွဲထားသေးတာမို့ တစ်ဆင့်ခြင်းလေ့လာလို့လည်း ရစေပါသေးတယ်။ 💫

🎯Schoolhouse
-------------------------
khan academy အောက်က website တစ်ခုဖြစ်ပြီးတော့ Free SAT class တွေ အများကြီးရှိပါတယ်။ high score achievers တွေကိုယ်တိုင်သင်တာမို့ quality ကတော့ စိတ်ပူစရာ မလိုပါဘူးနော်။ ( ကိုယ်တိုင် တက်ခဲ့ဖူးတာမို့ လုံးဝ recommend ပေးပါတယ် ) ။ ကိုယ်က SAT math ကို အစဆုံးမဟုတ်ပဲ practice only ပဲ တက်ချင်လည်း ရသလို desmos ပဲ သင်ပေးတဲ့ class ‌တွေလည်း ရှိတာမို့ website လေးထဲဝင်ပြီး လေ့လာကြည့်ဖို့ ပြောချင်ပါတယ်။💫

🎯College Board Question Bank
--------------------------------------------------
ဒါကတော့ college board ရဲ့ official website ကနေ question တွေကို practice သွားလုပ်လို့ရနိုင်မယ့်နေရာလေးပါ။ Math ရော eng ရော difficulty အလိုက်ခွဲပြီး လေ့လာလို့ရတာမို့ မဖြစ်မနေ လေ့လာသင့်တဲ့ website လေးပါပဲ။ Practice Question တွေ ဖြစ်တဲ့အတွက် ကိုယ်က topic အကုန် concept အကုန် လေ့လာပြီး စာအုပ်တွေနဲ့ practice လုပ်ပြီးမှသာ question bank က question တွေကို လေ့လာရင် ပိုကောင်းမယ်လို့ မြင်ပါတယ်။ ( မဖြေခင် တစ်လကျော်လောက်မှာ စလေ့ကျင့်ပြီး question တွေကို error analysis လုပ်သွားအကောင်းဆုံးပါပဲ )။💫

🎯Bluebook plus
----------------------------
College board ရဲ့ official bluebook app မဟုတိပါဘူးနော်။ ဒါလေးက website လေးတစ်ခုဖြစ်ပြီး SAT ရဲ့ question ဟောင်းတွေကို သွားလေ့လာရမယ့်နေရာ လေးပါ။ mock test တွေလည်း ဖြေလို့ရတာမို့ practice လုပ်မယ့် အထဲမှာ ထည့်ထားသင့်တဲ့ website လေးပါပဲ ။💫

🎯တစ်ခြား recommend ပေးချင်တဲ့ website လေးကတော့ oneprep ပါ။ သူလည်း အများကြီး အသုံးဝင်တာမို့ လေ့လာကြည့်ဖို့ မမေ့ပါနဲ့နော် ။
1
🎯နောက်တစ်ခု‌ကတော့ official bluebook app ဖြစ်ပြီးတော့ exam ရဲ့ format‌ တွေနဲ့ mock test ကို မဖြေခင် လေ့ကျင့်သွားဖို့ အကောင်းဆုံးတွေထဲက တစ်ခုပါပဲ ( ဒါကိုတော့ လူတော်တော်များများ သိပြီးသားမို့ အများကြီး မရေးတော့တာပါ။ )

🎖️ကဲ ဒါဆို SAT Math ကိုလေ့လာဖို့ resources လေးတွေ ‌တော်တော်စုံသွားပြီမို့ self study လုပ်ဖို့ ပို အဆင်ပြေသွားမယ်လို့ lambda learningက မျှော်လင့်ပါတယ်။ ကိုယ်နဲ့ လိုက်ဖက်မယ့် စာအုပ်နဲ့ website တွေကို စနစ်တကျ plan ဆွဲပြီး လေ့လာမယ်ဆို SAT Math မှာ score ကောင်းကောင်းရဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာမဟုတ်ပါဘူးနော်။ 🙌🌟

📣တစ်ဆက်တည်းမှာပဲ self study လုပ်ဖို့ အဆင်မပြေတဲ့ သူတွေအတွက် Lambda Learning ကနေ SAT Math affortable class လေးကို ဒီရက်ပိုင်းအတွင်း ဖွင့်ပေးသွားမှာမို့ page လေးကို like and follow လေး လုပ်သွားပေးဖို့လည်းပြောချင်ပါတယ်‌။🙆‍♀️

#lambdalearing
#satmath
#books&websites
2💘1
3💘1
📣Lambda Learning ရဲ့ SAT mathကိုအခုမှ စတင်လေ့လာမယ့်ကျောင်းသားတွေအတွက် “SAT Math starter+ exam ready class”

🎖️SAT Examဟာ ဆိုရင် Universityတော်တော်များများ လက်ခံပြီး scholarship လျှောက်ချင်တဲ့ လူငယ်တိုင်းဖြေထားသင့်တဲ့ Testတစ်ခုပဲဖြစ်ပါတယ်။

🌟ဒီ classလေးမှာတော့ SAT math ကို foundation ကနေ exam ready ဖြစ်တဲ့အထိ သင်ကြားပေးသွားမှာဖြစ်ပြီး math မှာ အဓိကပါဝင်တဲ့ Theroyပိုင်းတွေကို ရှင်းပြရုံတင်မကပဲ practice questionsများစွာကိုပါ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ 🙌

👉Chapter 1ခုသင်ပြီးတိုင်း practice question တွေကိုလေ့ကျင်ရမှာဖြစ်သလို
Desmos သုံးနည်းပါ လေ့လာရမှာ ဖြစ်လို့ exam ဖြေဆိုတဲ့အခါ time saving အတွက် အထောက်ကူအများကြီးဖြစ်စေမှာပါ။

👉Class အချိန်တိုင်းကို Video recording လည်းပေးမှာဖြစ်လို့ နားမလည်လိုက်တဲ့အပိုင်းတွေကို သေချာပြန်ပြီး လေ့လာလို့ရတဲ့အတွက် စာနားမလည်ဖြစ်မှာကို စိတ်ပူစရာမလိုပါဘူးနော်။

💯Starter + exam ready class ‌ဖြစ်တာမို့ SAT Math ကို အခုမှ စလေ့လာမယ့်ကျောင်းသားတွေအတွက်တင်မကပဲ May မှာ ဖြေမယ့်သူတွေအတွက်ပါ အထူးသင့်လျော်တဲ့ class တစ်ခုပါ။

🌟Lambda Learning ရဲ့ SAT Math classကို သင်ကြားပေးမယ့် instructor ကတော့ SAT mathမှာ perfect score ရရှိထားတဲ့

🧑‍🏫Instructor- Ryan Khant
-------------------------
Sat Math Score : 800/800
GED Math Score : 200/200
Teaching Experience : 2 year+

Class Timetable
-------------------
Fri : 8:00 - 9:30PM
Sat : 8:00 - 9:30 PM
Sun : 8:00 - 9:30 PM

🗓️Start date - 23.1.2026 ( Fri )

📍Duration - 12 weeks (3 months)

💰Class Fees
--------------
150000 MMK for full course
(OR)
60000 MMK per month

💁‍♀️သင်တန်းနဲ့ပတ်သတ်ပြီး အသေးစိတ် စုံစမ်းချင်ရင်တော့ pageရဲ့ massager (or) telegram acc ( @rikahzz ) ကို ဆက်သွယ်နိုင်ပါတယ်။💫

https://t.me/lambda_learning
5
4
⁉️How to do self study for SAT Math
-------------------------------------

💁‍♀️ဒီနေ့မှာ‌တော့ lambda learning ကနေ SAT math ကို high score ရစေဖို့ self study နည်းလမ်းလေးတွေကို တစ်ဆင့်ချင်းစီ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။🌟

🎖️ကိုယ်က SAT math ကို အခုမ စလုပ်မယ့်သူ/ လုံးဝ မရင်းနှီးတဲ့သူဆိုရင်တော့ SAT math မှာ ဘယ် topic တွေပါလဲ အရင်လေ့လာသင့်ပါတယ်။

🎖️ဒီလို မဟုတ်ပဲ ကိုယ်က SAT Math structure ကို သိပြီးသားဆိုရင်တော့ mock test လေးတစ်ခု ‌ဖြေကြည့်တာကနေလည်း စလို့ရပါတယ်။ mock test လေး ဖြေကြည့်ချင်း အားဖြင့် ကိုယ်က ဘယ်အပိုင်းတွေကို အာရုံစိုက်ရမယ် ။ ဘယ် အပိုင်းကနေ အရင် စလုပ်ရမလဲ ဆိုတာကို သိစေနိုင်ပါတယ်။

🎖️mock test မဖြေချင်ဘူးဆိုရင်တော့ self study စလုပ်ဖို့ အတွက် စာအုပ် (သို့) website တွေကနေ စတင်လို့ရပါတယ် ။ ( useful books and websites တွေကို page မှာ ရေးပေးထားတာမို့ လေ့လာကြည့်လို့ရပ့တယ်နော်။ )

🌟ကဲ ဒါဆို စာအုပ် (သို့) website ကနေ လေ့လာမယ်ဆိုရင် အရင်ဆုံး သိထားကမှာတစ်ဆင့်ချင်းစီ သေချာ လေ့လာဖို့ပါပဲ။

♦️topic 1 ခုချင်းစီကို သေချာ အချိန်ပေးပြီး လေ့လာဖို့လိုပါတယ်။

♦️တွက်တဲ့အခါမှာ ပုစ္ဆာတစ်ခုချင်းဆီကို time limitမလုပ်ပဲ သေချာအချိန်ယူပြီး တွက်သင့်ပါတယ်။ ဒါမှ သေချာနားလည်မှာပါ။

♦️ပုစ္ဆာတစ်ခု မှားတဲ့အခါတိုင်း ဘာကြောင့်မှားလဲဆိုတာကို ပြန်ပြီးသုံးသပ်ဖို့လိုပါတယ်။ Error analysis လုပ်ခြင်းကလည်း high score ရစေဖို့ အရေးပါတဲ့ အဆင့်တခုပါ။

♦️SAT ရဲ့ adaptive exam formatအရ high score ရရှိဖို့အတွက် module1 မှာ အမှားမလုပ်မိဖို့ သေချာဂရုစိုက်ဖို့လိုပါတယ်။ ဒါကြောင့် self study လုပ်တဲ့အခါမှာ hard question တွေကို focusတာထက် easy, medium question တွေကို အရင်ဆုံးဦးစားပေး လေ့လာသင့်ပါတယ်။

♦️Step 4 ကိုသေချာပိုင်နိုင်ပြီဆိုရင်တော့ 700+ အတွက် hard questionတွေကို focus ထားပြီး လေ့လာသင့်ပါတယ်။

♦️Hard question တွေကို ဖြေနိုင်ပြီဆိုရင်တော့ SAT မှာ အရေးပါတဲ့ time saving strategy အတွက် နည်းလမ်းတွေကို လေ့ကျင့်ရပါမယ်။( average 1.5 mins per problem မို့အဖြေမှန်ရုံနဲ့တင်မကပဲ မြန်မြန်တွက်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။)

♦️Time saving နဲ့ perfect score ရစေဖို့အတွက် Desmos ကိုကျွမ်းကျင်အောင်သုံးတတ်ခြင်းကလည်း အဓိကသော့ချက်ပါပဲ။

ဒါဆို SAT mathကို self studyလုပ်နေတဲ့ ကျောင်းသားတွေအတွက် high score ရရှိစေမယ့် နည်းလမ်းတွေကို ဝေမျှပေးပြီးပါပြီနော်။

🌟ကိုယ်တိုင်က self studyလုပ်ရတာ အဆင်မပြေတဲ့သူတွေအတွက် Lambda learning ရဲ့ SAT Starter + Exam ready classလေးက အဆင်ပြေစေမှာပါနော်။🤗

🙆‍♀️Class ရဲ့အကြောင်းကိုအသေးစိတ်သိ
ချင်ရင်တော့ အောက်ကlinkလေးမှာ ဝင်ရောက်လေ့လာလို့ရပါတယ်နော်🌟

https://t.me/lambda_learning/12
3
📌Final call for “SAT Math Starter + Exam Ready Class”📣

🌟Lambda learning ရဲ့ Affordable ဖြစ်တဲ့ fees နဲ့သင်ကြားမယ့် SAT math class လေး မကြာခင်မှာစတင်တော့မှာဖြစ်ပါတယ်။

🎖️May မှာဖြေမယ့်ကျောင်းသားတွေနဲ့ SAT mathကို အခုမှစတင်လေ့လာမယ့်ကျောင်းသားတွေအတွက် Exam ready level အထိသင်ကြားပေးသွားမယ့် classလေးပါနော်။🙆‍♀️

👉For more info- @rikahzz

👉Class detail link - https://t.me/lambda_learning/12
3
📣FREE SAT Math Preparation Class 🚀

🌟SAT math ကို March လမှာဖြေဆိုမယ့် ကျောင်းသားတွေအတွက် အထူးသင့်လျော်တဲ့ lambda learningရဲ့ free classလေးတစ်ခုကိုဖွင့်လှစ်လိုက်ပါပြီ။🤗

ဘယ်သူတွေ join သင့်လဲ
🔹SAT ကို March လမှာ ဖြေဆိုမယ့်သူတွေ
🔹SAT ရဲ့ topic အကုန်လုံးကို လေ့လာပြီးသားသူတွေ
🔹SAT mathမှာ အမှတ်700+ ရချင်တဲ့လူတွေ အတွက်ဖြစ်ပါတယ်

Classမှာ ဘာတွေသင်မှာလဲ
🔹SAT mathမှာ score ကောင်းချင်တယ်ဆိုရင်တော့ module-2 ရဲ့ နောက်ပိုင်း question တွေကိုဖြေဆိုနိုင်ဖို့က အရေ:ကြီးပါတယ်။ ဒါကြောင့် score ကောင်းဖို့ အရေးပါတဲ့ Theory တွေနဲ့ Hard Question တွေကိုသင်ကြားပေးသွားမှာပါ။
🔹Perpros နဲ့ အခြား resources တွေကနေ သင်ကြားပေးသွားမှာပါ။

🧑‍🏫သင်ကြားပေးမယ့် instructor ကတော့ SAT math မှာ perfect score (800)ရရှိထားပြီး Teaching exp လည်းရှိတဲ့ Tr ကသင်ကြားပေးသွားမှာပါနော်။🌟

📌Class Information

Tue, Wed, Thurs : 9:00 - 10:30AM
🗓️Start Date - 3.2.2026
Duration - 4 weeks (1 month)

Classကို ဘယ်လို enrollလုပ်မလဲ
👉Fb Page ကို ❤️ Like & Share လုပ်ပါ
👉Telegram Channel (https://t.me/lambda_learning) ကို Join လုပ်ပါ
👉share ပြီးတဲ့ Screenshot လေးကို Massager (or) Telegram Admin Account (@rikahzz) ကိုပို့ပေးပြီး Enrollment Form ကိုရယူနိုင်ပါတယ်။

🌟Lambda for your dreams🎖️

#lambdalearning
#free-class
#MathsIsFun
#SATfreeclass
7
5
🎖️How to prepare to become a scholarship winner

🎓Scholarship ဆိုတာ လူငယ်တွေကြားမှာရင်းနှီးနေတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ကိုယ်က နိုင်ငံခြားမှာ ပညာသင်ကြားချင်တယ် ဒါပေမယ့် လုံလောက်တဲ့ ထောက်ပံ့မှုတွေမရှိတဲ့အခါ scholarship က အဖြေတစ်ခုပါပဲ။
💁‍♀️ဒီနေ့မှာတော့ lambda learningကနေ scholarship ရရှိဖို့ ဘယ်လိုပြင်ဆင်ထားကြမလဲဆိုတဲ့ tips တွေကို ဝေမျှသွားပါမယ်နော်🌟

1️⃣Start preparing Early

ပထမဆုံးအနေနဲ့ ကိုယ့်လျှောက်ချင်တဲ့ scholarshipရဲ့ deadline နဲ့ requirements တွေကိုသေချာ researchလုပ်ရပါမယ်။ deadline သေချာသိမှ လိုအပ်တဲ့အရာတွေကို ပြင်ဆင်လို့ရမှာဖြစ်ပါတယ်။ requirements တွေကိုလည်း‌‌ေသချာ‌ေလ့လာဖို့လိုပြီး တစ်ဆင့်ချင်းစီ ကြိုတင်ပြင်ဆင်ထားရပါမယ် ။ တချို့ document ( recommendation letter, Notary )တွေက အချိန်ကြာနိုင်တာမို့လို့ စောစောလေးစီစဉ်ထားရပါမယ်။

2️⃣Build a strong academic profile

နောက်အဆင့်အနေနဲ့ ကိုယ့်ရဲ့ academic အပိုင်းမှာလဲ အမှတ်ကောင်းနေဖို့လိုပါတယ်။ ကိုယ့်က scholarship ကိုလျှောက်မယ်ဆိုရင် SAT, GED, IELTS စတဲ့ စာမေးပွဲတွေမှာ အမှတ်ကောင်းနေဖို့လိုပါတယ်။ ( တချို့ကျောင်းတွေက academic ကို သေချာကြည့်တတ်တာမို့ academic profile ကလည်း အရေးကြပါတယ်နော် )

3️⃣Make strong portfolio

Scholarship လျှောက်မယ့်နေရာမှာဆိုရင် academic မှာတင်မကဘဲ quality ဖြစ်တဲ့ profileရှိထားဖို့လဲ လိုအပ်ပါတယ်။ volunteering တွေ extra certificate စတဲ့ အရာတွေရှိတာကလည်း scholar ရရှိဖို့ အခွင့်အရေးဖြစ်လာနိုင်ပါတယ်။ ( Scholar လျောက်တဲ့အခါမှာ ကိုယ်လိုသူလို အမှတိကောင်းတဲ့သူတွေပါနိုင်တာမို့ portfolio ကောင်းကောင်းရှိခြင်းက ပိုအားသာစေနိုင်ပါတယ်။)

4️⃣Do research about the University and Major

ကိုယ့်လျှောက်ချင်တဲ့ကျောင်း၊ ဘာသာရပ်ရဲ့ curriculum တွေကိုသေချာလေ့လာခြင်းကလည်း အားသာချက်တစ်ခုပါပဲ။ တစ်ခါတစ်လေမှာ interviewer တွေက ကိုယ်တက်ချင်တဲ့ major အကြောင်း ကောင်းကောင်းနာလည်ပြီး ဘယ်လို course တွေကို လေ့လာချင်တယ်ဆိုတာကို ပြောပြနိုင်ရင် သဘောကျတတ်ပါတယ်။)

5️⃣Develop a clear vision for your interview

နောက်ဆုံးအနေနဲ့ကတော့ interview အဆင့်မှာ confident ရှိနေဖို့ကလည်းအရေးကြီးပါတယ်။ ကိုယ့်က academic ဘက်မှာ အားသာနေပေမယ့် interview ဖြေတဲ့နေရာမှ စိတ်လှုပ်ရှားပြီး အလွဲလွဲချောချော် ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ မဖြေခင် confident ရှိရှိ ကိုယ်လေ့လာထားသမျှ / ပြင်ဆင်ထားသမျှတွေကို ပြောပြနိုင်ဖို့ လေ့ကျင့်ထားရပါမယ်။ ဒါမှလည်း ကိုယ်က scholarship နဲ့ ထိုက်တန်တဲ့သူဖြစ်ကြောင်းကို ပြသနိုင်မှာပါ။

🌟ကြိုးစားနေတဲ့ လူငယ်တိုင်း scholarship တွေရရှိပါစေလို့ lambda ကနေ ဆန္ဒပြုလိုက်ပါတယ်🙆‍♀️

👉SAT exam အတွက်ပြင်ဆင်ချင်တဲ့ ကျောင်းသားတွေအတွက် Lambda learning မှာ Math class တွေဖွင့်လှစ်ထားကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ပါတယ်နော်🤗

Telegram - https://t.me/lambda_learning

Facebook - https://www.facebook.com/share/17NirPtgHg/?mibextid=wwXIfr

#scholarships
#tipsforscholarship
#lambdalearning
5