ကြည့်စမ်းကွာ (Main Channel)
54.3K subscribers
1.17K photos
20 videos
1.11K links
MlBB diamonds/ Pubg UC
JOJO Mart - @jojomart05
Seller - @apecctle
Download Telegram
April 13 guys
👍2015🔥5
Tom Clancy's Jack Ryan
Series

အခုတင်ဆက်ပေးမှာကတော့ မင်းသားချော John Krasinski က
ဂျက်ခ်ရိုင်ယန်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ စီးရီးတွဲဖြစ်ပါတယ်၊
CIA analyst တစ်ယောက်ဖြစ်တဲ့ ဂျက်ခ်ရိုင်ယန်တစ်ယောက် အကြမ်း
ဖက် အဖွဲ့အစည်းတစ်ခုအကြောင်း ရှာဖွေတွေ့ရှိသွားပြီးတဲ့နောက်
သူကိုယ်တိုင် အန္တရာယ်စက်ကွင်းထဲ ကျရောက်သွားပုံတွေကို မြင်တွေ့ရမှာပါ။

Ch joinရန်- နှိပ်ပါ
7👍7😁1
The End of the Tour (2015)

1996 ခုနှစ်တုန်းက ဆုတွေတစ်သီကြီးရခဲ့တဲ့The Infinite Jest ဝတ္ထုရဲ့စာရေးဆရာ David Foster Wallace ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။

ကြည့်ရန်- နှိပ်ပါ
8👍3
Parthenope (2024)

လူတွေကတိုတောင်းတဲ့ဘ၀ကြီးမှာ ငွေ၊ဂုဏ်၊အလှတရားတွေနောက်ကိုသာလိုက်ရင်းကုန်ဆုံးတတ်ကြပါတယ် ။ပါတဲလိုပီမည်သူအမျိုးသမီးလေးကတော့ အကုန်ပြည့်စုံပေမယ့် ပျော်ရွှင်မှုဆိုတာဘာလဲဆိုတာအဓိပ္ပာယ်ရှာချင်သူဖြစ်တယ် ။လှပလွန်းတဲ့ရုပ်ရည်ကြောင့် ချစ်ခင်သူပေါများပေမယ့် တကယ်တမ်းမှာ အထီးကျန်ဆန်လွန်းတဲ့သူ့ဘ၀လေးကို ပါတဲလိုပီတစိယောက်ဖြည်းဖြည်းချင်း‌အဖြေရှာသွားပုံကို အတူစီးမျောခံစားလိုက်ကြနော် ။

ကြည့်ရန်- နှိပ်ပါ
👍82
Sleep of the Crow (2023)

“ကျီးကန်းရဲ့အိပ်စက်ချိန်”ဇာတ်ကားဟာ တူရကီဒရာမာဖြစ်ပြီးဟာ တူရကီဒရာမာဖြစ်ပြီး ”Ankara Film Festival” မှာ အကောင်းဆုံးရုပ်ရှင်ဆုရထားတဲ့အပြင် Best Actorဆု၊ Best Cinematography ဆု၊ Best Original Music ဆုနဲ့ Audience Award တွေကိုပါတန်းစီရထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

ကြည့်ရန်- နှိပ်ပါ
👍52
Wonder Boys (2000)

အင်္ဂလိပ်ပရော်ဖက်ဆာတစ်ယောက်လဲဖြစ် စာရေးဆရာတစ်ယောက်လဲဖြစ်တဲ့ ဂရက်ဒီဟာသူ့လူမှုရေးအရှုပ်အရှင်းတွေကြားထဲ ဂျိမ်းစ်လီးရားဆိုတဲ့ တပည့်လေးတစ်ယောက်နဲ့အတူ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ရမှာဖြစ်ပါတယ်။

ကြည့်ရန်- နှိပ်ပါ
👍84👏1
Companion (2025)

ဒီကားက ဟော်ရာကားဖြစ်ပြီး IMDb 7 ကျော် ရထားတာပါ။ ထိုက်ထိုက်တန်တန်ကိုရထားတာပါ။Substance တုန်းကလိုပဲ ဇာတ်လမ်းဆန်းသစ်ပြီး တင်စားထားတာတွေ အရမ်းကောင်းပါတယ်။ မထတမ်း ကြည့်ချင်စေမဲ့ ရုပ်ရှင်မျိုးပါ။

ကြည့်ရန်- နှိပ်ပါ
17👍2🔥1
Lucy (2014)

Luc Besson က ရိုက်ကူးထားပြီးကုန်ကျစရိတ် ဒေါ်လာ သန်း ၄ဝပဲ ရှိခဲ့ပေမယ့် ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ IMDb မှာ Rating 6.6 ရရှိထားပြီးRotten Tomatoes မှာလည်း Tomatometer 62% ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

ကြည့်ရန်- နှိပ်ပါ
9👍4
Dexter New Blood (2024)
Series

Dexter New Blood မှာ ဒက်စ်တာမော်ဂန်ဟာ သားဖြစ်သူရဲ့လက်ချက်နဲ့ သေနတ်မှန်ပြီးသေပြီလို့ အားလုံးကထင်ခဲ့ကြပေမဲ့ မထင်မှတ်ထားတဲ့အရာတွေထပ်ဖြစ်လာပါတယ်။
လူတွေဟာ သေခါနီးအချိန်မှာ ကိုယ့်ဘဝရဲ့ အရေးပါတဲ့အဖြစ်အပျက်တချို့ကို flashback ပြန်ရတယ်ဆိုတဲ့အတိုင်း ဒီစီးရီးမှာတော့ သေခါနီးဖြစ်နေတဲ့ ဒက်စ်တာဟာ သူငယ်စဉ်တုန်းက သူ့ဘဝအကြောင်းကို ပြန်မြင်ယောင်လာပါတော့တယ်။

Ch joinရန်- နှိပ်ပါ
13👍5🗿3🥰1
A Few Good Men (1992)

စစ်သည်အချင်းချင်းအပြစ်ပေးရာကနေ မတော်တဆသေဆုံးသွားတယ်…. ဒီအမှုကို ကိုင်တွယ်ဖို့ စစ်တရားရုံးရှေ့နေအဖြစ်Tom Cruise ကိုတာဝန်ပေးခြင်းခံရတယ်။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတဲ့ကားတော့မဟုတ်ဘူး…. သို့ပေမဲ့ စကားလုံးတွေနဲ့ စွမ်းအားကတော့လက်နက်ကြီးထက်ပြင်းထန်ပုံရတယ်။

ကြည့်ရန်- နှိပ်ပါ
👍76
Rules of Engagement (2000)

Imdb 6.4 ရထားတဲ့ ဒီစစ်ကားက သင့်ကို စိတ်မပျက်စေရုံမက သင့်ကို အမြင်အသစ်တွေ ခံစားချက်အသစ်တွေပေးစွမ်းနိုင်မှာပါ..

ကြည့်ရန်- နှိပ်ပါ
👍95
Stranger things (2016)
Series

သဘာဝလွန်ဖြစ်ရပ်တွေ ခြောက်ခြားစရာဇာတ်လမ်းတွဲတွေကို ခုံမင်သူပရိသတ်တွေအတွက်ကတော့အကြိုက်ဖြစ်မှာပါ။
2016 ခုနှစ်မှာ စတင်ထွက်ရှိထားပြီး Sci-Fi, Thriller, Horror အမျိုးအစားဖြစ်ပါတယ်။

Ch joinရန်- နှိပ်ပါ
27👍6💩3🔥1😁1
Three Kilometers to the End of the World (2024)

ကိန်းမှာ ပွဲဦးထွက်ပြခဲ့တဲ့ ရိုမေးနီးယန်းရုပ်ရှင်ပါ။ Palme d’Or ဆု ပြိုင်ဖို့ အရွေးခံခဲ့ရပြီး Queer Palm ဆုရခဲ့တယ်။ ခေတ်ရဲ့ပြင်ပက အစွန်းရောက်တဲ့ ရွာလေးတစ်ရွာနဲ့ ခေတ်ထဲကိုဝင်ပြီး ရွာလေးကို ပြန်လာခဲ့တဲ့ လူငယ်လေးတစ်ယောက်ရဲ့ ကတောက်ကဆတ်တွေ။အဲဒီရွာကလူတွေရဲ့အစွန်းရောက်ခြင်းတွေနောက်မှာ သူ့အကြောင်းပြချက်နဲ့သူ အကြမ်းဖက်ခြင်းတွေပါလာတာတွေ။ အဲဒီနောက်မှာ ဥပဒေရေးရာတွေပေါ့။တရားမျှတမှုဆိုတာမျိုးတွေ ရှိရင်တောင် တကယ်မရှိတဲ့ သဘောသဘာဝရဲ့နောက်မှာ သူ့လွတ်မြောက်လမ်းကို အဲဒီလူငယ်လေး ဘယ်လိုရှာသွားလဲ ကြည့်ရမယ့်ရုပ်ရှင်လို့လည်း ပြောလို့ရပါတယ်။

ကြည့်ရန်- နှိပ်ပါ
👍13
Madame Web (2024)

ကတ်စီ ဝက်ဘ် ဟာ အရေးပေါ်ကယ်ဆယ်ရေး ဆေးအကူဖြစ်ပါတယ်။ တစ်ရက်မှာတော့ ကယ်ဆယ်ရေးလုပ်ရင်း ရေထဲကျသွားပြီး နှလုံးရပ်သွားပါတယ်။ နှလုံးပြန်နိုးလာပြီး အသက်ရှင်လာချိန်မှာတော့ အနာဂတ်ရဲ့ဖြစ်ရပ်တွေကို ဖြတ်ခနဲ ဖြတ်ခနဲ မြင်နေရပြီးကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပင့်ကူအစွမ်းတွေရှိနေတဲ့ အီဇီကီရယ်ဆိုတဲ့လူကလည်း သူ့အနာဂတ်ကို ကြိုမြင်နိုင်နေပြီး အနာဂတ်မှာသူ့ကိုသတ်မဲ့ ပင့်ကူမယ် ၃ ယောက်ကို ဆယ်ကျော်သက်ဘဝမှာလိုက်သတ်ဖို့ ကြိုးစားပါတော့တယ်။ အဲဒီ ကလေးမ သုံးယောက်ကို ကတ်စီဝက်ဘ်က အီဇီကီရယ် လက်ထဲက‌နေ ဘယ်လို ကယ်တင်ပြီး ပြန်တိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ။

ကြည့်ရန်- နှိပ်ပါ
11💩5👍4🗿3
Madame Ida (2024)

ဒီကားလေးဟာ Rating 7/10ရ ရှိထားပြီး Torino Film Festival မှာThe best performance award ဆုကိုရ ရှိထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပြီး ပြင်းထန်တဲ့ခံစားချက်တွေ ဆက်ဆံရေးတွေနဲ့ဇာတ်ကောင်တွေရဲ့သရုပ်ဆောင်မှုတွေက သင့်ကိုအဆုံးထိ ဆွဲဆောင်သွားမှာဖြစ်ပါတယ်။

ကြည့်ရန်- နှိပ်ပါ
6👍1