Kyaw Win Maung
29.6K subscribers
27.9K photos
1.28K videos
10 files
4.66K links
စစ်ရေး၊ နိုင်ငံရေး ၊ ဗဟုသုတ ၊သတင်းစုံတင်ဆက်ပေးနေပါသည်။သတင်းထူးများပေးပို့လိုပါက
@Kyawwinmaung4135
Download Telegram
ပေါက်မြို့၊ ထန်းပေါက်ကုန်းသတင်းဆက်
-
ဒိုဇာ ၁ စီးအား မီးရှို့ဖျက်ဆီးခဲ့ပြီး
တရားမဝင်ရေနံတွင်းအား ဖောက်ခွဲပိတ်ဆို့
နိုင်ခဲ့ ။
-
ပဒက်တွေတော့
စားပေါက်ပိတ်သွားပြီး ဖြတ် ၄ ဖြတ်လုပ်ခံရပြီး
Breaking News
***************
ဖေ ၁၆ ရက်နေ့ နေ့လည်အချိန်က
ပေါက်မြို့နယ် ထန်းပေါက်ကုန်းကျေးရွာအနီးတွင် PDF အကြမ်းဖက်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ
- PDFအကြမ်းဖက် စခန်းတစ်ခု
- PDFအလောင်း ၃လောင်း၊
- လက်လုပ်စိန်ပြောင်းများ
- ဗုံးသီးများ နှင့်
- ခိုးတူးနေသည့် ရေနံကျင်းများ သိမ်းဆည်းရမိ
.
သတင်းဆက် ထပ်မံတင်ပြပေးပါ့မယ် ။
#KT
KIA ရင်း ၉ ဌာနချုပ်ကို
တပ်မတော်မှ သိမ်းပိုက်လိုက်ပြီး ဖြစ်ကြောင်း
သတင်းကောင်းပါးအပ်

လက်ရှိကနဦး အရ
KIA အလောင်း ၃ လောင်း
PDF ၅ လောင်း
သေနတ် ၃ လက်
ကျည်/ ဗုံးသီးများနှင့် အတူ
ဌာနချုပ်ရှိ လူနေအဆောက်အဦးများစွာကို
နေရာယူသိမ်းပိုက်ပြီး ဖြစ်ပါတယ်

နယ်မြေရှင်းနေဆဲ အလောင်း ဆက်ကောက်နေဆဲပါ

ဟုတ်ကဲ့ ထပ်မံ သတင်းကောင်း
များနဲ့အတူ ဘညွန့် ပြန်လာခဲ့ပါမယ်

ကျေးဇူးကမ္ဘာပါ ရွှေဘတို့ရေ😍

#banyunt
ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင် များအား ၎င်း၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်
===================

၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလ ၁၇ ရက် Fifty Two News

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်လျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင်လည်း တမူးမြို့၊ မတူပီမြို့၊ ပခုက္ကူမြို့နှင့် ရွှေဘိုမြို့ တပ်နယ်ခန်းမများ၌ ... ပြန်လည်ကြိုဆိုလက်ခံခြင်းကို ပြုလုပ်ရာ သက်ဆိုင်ရာ တပ်နယ်မှူးများဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာ သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ … တာဝန်ရှိသူများက အမှာစကားပြောကြားပြီး တပ်နယ်မှူးများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးတရားဥပဒေဆိုင်ရာပုဒ်မများနှင့် အသိပညာပေး စကားများကို ရှင်းလင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်၊ရွှေဘိုမြို့နယ်၊မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်နှင့် ချင်းပြည်နယ် မတူပီမြို့နယ်တို့မှ CDF\PDF အဖွဲ့ဝင် အမျိုးသား ၅ဦးအမျိုးသမီး ၁ဦးတို့ကို ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူ များထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း ယနေ့အချိန်ထိ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့သူ ၂၄ဦးထိရှိသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်ခြင်း ပြု မည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန် ထား ပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင် ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သတင်းရရှိသည်။