Kyaw Win Maung
29.6K subscribers
27.9K photos
1.28K videos
10 files
4.66K links
စစ်ရေး၊ နိုင်ငံရေး ၊ ဗဟုသုတ ၊သတင်းစုံတင်ဆက်ပေးနေပါသည်။သတင်းထူးများပေးပို့လိုပါက
@Kyawwinmaung4135
Download Telegram
Forwarded from နန်းငယ်
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
🌾💐🌷🌹🌺🌼🌸🌺🌹🌷💐🌾🙏🙏🙏🙏🙏
စင်္ကြာဝဠာ အနန္တ၌ ရှိကြကုန်သော လူနတ်ဗြမ္ဟာသတ္တဝါတို့ ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာကြပါစေ

မြန်မာနိုင်ငံကြီး အေးချမ်းသာယာပြီး အမြန်ဆံုး
ဖွံဖြိုးတိုးတက်လာပါစေ
အားလုံး ကျန်းမာ ချမ်းသာကြပါစေ
စည်းလုံးညီညွတ်ပြီး ထာဝရငြိမ်းချမ်းရေးရပါစေ သဘာဝဘေး
ကပ်သုံးပါးဘေး ကင်းဝေးကြပါစေ
ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေ

🙏🙏🙏🙏🙏🙏🙏🙏🙏🙏
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️
💵💵💵💵💵💵💵💵💵💵
ယမန်နေ့ညက အသုတ်မြို့ရှိ မြတ်မေတ္တာမွန်ဆီဆိုင် မီးလာင်းမှု ဖြစ်ပွား
=================
ဧရာဝတီတိုင်း၊ရေကြည်မြိုနယ်၊အသုတ်မြိုရှိ မြတ်မေတ္တာမွန်စက်သုံးဆီအရောင်းဆိုင်တွင် ဇန်နဝါရီ ၁၉ ရက်ညပိုင်းက တစ်နာရီခွဲခန့်ကြာ မီးလောင်မှုဖြစ်ပွားကာ လူသေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာများရှိခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲဌာနချုပ်နှင့်စေတနာလူမှုကူညီရေးလူငယ်ပရဟိတအဖွဲတိုမှ သိရသည်။

ယင်းနေ့ည ၉ နာရီ ၄၀ မိနစ်ခန့်က ရေကြည်မြို နယ်၊အသုတ်မြို၊အမှတ်(၅)ရပ်ကွက်၊ပုသိမ်-မုံရွာသွားကားလမ်းဘေးရှိ မြတ်မေတ္တာမွန် စက်သုံးဆီအရောင်းဆိုင်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ပုသိမ်ခရိုင်မီးသတ်စခန်း၊အသုတ်နယ်မြေမီးသတ်စခန်း၊ရေကြည်မြိုနယ်မီးသတ်စခန်း၊သုံးခွနယ်မြေမီးသတ်စခန်း၊ကျုံပျော်မြိုနယ်မီးသတ်စခန်း၊ငါးသိုင်းချောင်းမြိုနယ်မီးသတ်စခန်း၊ကျောင်းကုန်းမြိုနယ်မီးသတ်စခန်းတိုမှတပ်ဖွဲဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်းသိရသည်

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲတာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရဟန်းသံဃာတွေနဲ့ နိုင်ငံတော်အကြီးအကဲတွေကို အမြဲဆဲဆိုနေရုံသာမက NUG ကို
ဝေဖန်ထောက်ပြတာတွေလုပ်ခဲ့ပြီး ပန်ဆယ်လိုနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ဖူးတဲ့ ဒေါ်ရိုစီအောင်(ခ)
ဒေါ်ဌေးဌေးဝင်း တစ်ယောက် အခုတော့ NUG ရဲ့ စေခိုင်းမှု၊ ပန်ဆယ်လိုရဲ့ တိုက်တွန်းမှုတွေကြောင့် ကြေးစား လူသတ်သမားတွေရဲ့  လုပ်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး သေဆုံးသွားပြီတဲ့...ဒီမိုကရေစီ အကြောင်းပြပြီး အချင်းချင်းသတ်ဖြတ်တာက ပြည်ပမှာတောင်
ဖြစ်တယ်နော်... တကယ့်ကို အံ့အားသင့်စရာ ဖြစ်ရပ်တွေပါပဲ...တော်လှန်ရေးလို့ ဘယ်လိုပဲအကြောင်းပြပြ နောက်ဆုံးတော့ အချင်းချင်းရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံရတာပါပဲ...
ငွေကျပ်သိန်း ၉၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား တာချီလိတ်မြို့နယ်တွင်ဖမ်းမိ

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီ ၁၇ ရက်ညပိုင်းက ငွေကျပ်သိန်း ၉၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ည ၆ နာရီခန့်က တာချီလိတ်မြို့နယ်၊မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆူနီး မောင်းလာသည့် Probox (ခဲရောင်)ကားအားစစ်ဆေးရာ လားရှိုးမြို့သို့လူမဲ့ပို့ဆောင်မည့် ပါဆယ်ထုပ်အ တွင်းမှ အက်တစီဆေးပြား ၁၉၇၀ ပြားအားဖမ်း ဆီးရမိခဲ့သည်။
မြောက်ဒဂုံတွင်အရပ်သားအငြိမ်းစားတစ်ဦးသေနတ်ပစ်ခံရ
ဇန်နဝါရီ ၂၀၊ ၂၀၂၃

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၀ ရပ်ကွက်၊တပင်ရွှေထီးလမ်း၊လမ်းဘေး၄၀စျေးအတွင်းနံနက်၇နာရီအချိန်၊စာရင်းစစ်ဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေဝင်း (၆၄နှစ်)သည် စျေးဝယ်ရန်လမ်းလျှောက်လာနေစဉ်သေနတ်နဲ့ပစ်ခတ်ခံရပီးနဖူးထိမှန်ဒဏ်ရာ(စိုးရိမ်ရ)ရရှိထားကြောင်းသိရသည်။

Joinနိုင်ပါပြီ👉👉https://t.me/+5k3A3laHdx8zZGFl
This media is not supported in your browser
VIEW IN TELEGRAM
တောင်ကိုးရီးယားမြို့တော်
ဆိုးလ်ရဲ့ ကျူးကျော်ရပ်ကွက်
ယနေ့ 20.1.2023 မနက်
မီးလောင်နေစဉ်.....
မြန်မာပြည်မှ ငှက်ပိတ်များပါ ထွက်ပြေးနေရ...
နိုင်ငံခြားမှာ ကျွန်အလုပ်လုပ်ပြီး လူသတ်ဖို့ ထောက်ပံ့တယ်၊ သံဃာတော်တွေကို ပုတ်ခတ်စော်ကားတဲ့အကျိုးတွေ ...
ဥပဒအရ အရေးမယူနိုင်သေးပေမယ့် သဘာဝတရားကြီးရဲ့ ဒဏ်ခတ်တာကို ခံရလိမ့်မည်။
ပြည်ပနေပြီး လူသတ်အကြမ်းဖက် ထောက်ခံအားပေးနေတဲ့သူတွေ သတိနဲ့သာနေကြ။
#Thurain
https://t.me/trmk1990
Jan 20

မြောက်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ အရပ်သားလက်ထောက်ညွှန်ကြားရေးမှူး (ငြိမ်း) ဦးရွှေဝင်းကို အကြမ်းဖက်သမားများက သေနတ်နဲ့ လုပ်ကြံပစ်ခတ်
===============================
People Image (၂၀. ဇန်နဝါရီလ. ၂၀၂၃)

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ကာကွယ်ရေးဝန်ကြီးဌာန အရပ်သားလက်ထောက်ညွှန်ကြားရေးမှူး (ငြိမ်း) ဦးရွှေဝင်းကို အကြမ်းဖက်သမားများက ယနေ့နံနက် ၇ နာရီ ၁၅ မိနစ်အချိန်တွင် သေနတ်နဲ့လုပ်ကြံပစ်ခတ်ခဲ့ပါတယ်။

ဒဂုံမြို့သစ်(​မြောက်ပိုင်း)မြို့နယ် ဗိုလ်​တေဇလမ်းနှင့် တပင်​ရွှေထီးလမ်း​ထောင့် အမှတ်(၆၅၇)ဗိုလ်​တေဇလမ်းတွင် ​နေထိုင်သူ ဦး​ရွှေဝင်း ၆၄ နှစ် ကာကွယ်​ရေးဝန်ကြီးဌာန အရပ်သား လက်​ထောက်ညွှန်ကြား​ရေးမှူး စာရင်းစစ်(ငြိမ်း)သည် ဗိုလ်​တေဇလမ်းအတိုင်း ​ဈေးဝယ်ရန်လမ်း​လျောက်လာစဥ် အမည်မသိအကြမ်းဖက်သမား ၂ ဦးမှ လက်နက်ငယ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦး​ခေါင်း​ဖောက်ဝင်(စိုးရိမ်ရ)ဒဏ်ရာ ၁ ချက်ရရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဒဏ်ရာရရှိသူကို တာဝန်ရှိသူများက မြို့နယ်ကြက်​ခြေနီပိုင်​မော်​တော်ယာဥ်ဖြင့် တပ်မတော် ကုတင် ၁၀၀၀ ဆေးရုံသို့ နံနက် ၇ နာရီ ၂၅ မိနစ်ချိန်တွင် ပို့​ဆောင်ခဲ့​ကြောင်း သိရပါသည်။

ဘာမှမဆိုင်တဲ့အရပ်သားအငြိမ်းစားတောင်လိုက်သတ်နေတဲ့မအလတွေ😡
ဇန်နဝါရီလ ၁၉ ရက် မနက် ၁၁ နာရီခွဲခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာက ကြံ့ခိုင်ရေးပါတီရဲ့ မြို့နယ် စည်းရုံးရေးမှူး ဦးအောင်ထွေးခိုင်ဟာ နေအိမ်မှာ ရှိနေစဉ် ဆိုင်ကယ် ၁ စီးနဲ့လာတဲ့ #PDF အကြမ်းဖက် သေနတ်သမားနှစ်ဦးက ပစ်ခတ်သွားတာလို့ သိရပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကြောင့် ကြံ့ခိုင်ရေးပါတီ မြို့နယ်စည်းရုံးရေးမှူး ဦးအောင်ခိုင်ထွေးဟာ ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ စိတ်မကောင်းစွာ သိရပါတယ်။

#ကျိုက်ထို
#Tgn
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် အပြစ်မဲ့ပြည်သူတစ်ဦးအား အကြမ်းဖက်pdfအဖွဲ့မှ အကြောင်းမဲ့သတ်ဖြတ်

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၉ရက်နေ့ ၀၄၂၀ အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ လမိုင်းကျေးရွာအုပ်စု၊ ကျောက်တံတားကျေးရွာနေ အောင်ကိုလတ်(ခ) ကိုလတ် (ဘ)ဦးတင်၀င်း၊ ၃၇ နှစ်၊ ဗမာ/ဗုဒ္ဓ၊ ကျပမ်းလုပ်ကိုင်သူသည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ကျား ၃ ဦး ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဓားဖြင့် ခုတ်/ ထိုးသတ်သွားခဲ့ရာ အောင်ကိုလတ်(ခ)ကိုလတ်တွင် ဝဲလည်ပင်း ပြတ်ရှဒဏ်ရာ ၂ ချက်၊ နောက်ကျောထိုးသွင်းဒဏ်ရာ ၃ ချက်တို့ဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
https://t.me/MDYimage413
ပြည်သူအားလုံး
NUG ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုမှ
ကင်းဝေးကြပါစေ 🙏
ဒေါ်ရိုစီ အ tတ် ခံရတယ်ဆိုတာ
သူတို့ အတည်ပြုပေးတာ...
-
NUG တွေနဲ့ အနီတွေ RIP
မလုပ်ကြခြင်းအားဖြင့် ဒီဖြစ်စဥ်က
ရိုးသားမှု မရှိဘူးဆိုတာ သိပ်သိသာတယ် 😏

#KT
ဒေါ်ရိုစီပြီးရင်
စင်ကာပူ ကြက်ကြီးဆိုပြီး
HZN နဲ့ ပန်ဆယ်လို တို့က နှပ်ကြောင်းပေးနေ 😡

#KT
ဖမ်းဆီးခေါ်ဆောင်ပြီးမုဒိမ်းကျင့်တယ်လို့ကလိမ်ကကျစ်အပုတ်ချ
သတင်းမှားတွေတင်နေတဲ့ ခေတ်သစ်မီဒီယာမှ PDF တွေလုပ်ထုံးလုပ်နည်းအတိုင်းထင်နေလို့ထင်တယ်😁
အဖမ်းခံရဖူးမတ်မတ်တွေကို မေးကြည့်...
တပ်ကဖမ်းရင် စစ်သမီးတွေနဲ့ထားပေးသလို
ရဲကဖမ်းရင်လဲ ရဲမေတွေနဲ့ထားပေးတယ်ဆိုတာ အဖမ်းခံဖူးတယ်မတ်မတ်တွေ အကုန်သိတယ်။
pdf ဆိုတဲ့အကြမ်းဖက်ကောင်တွေလုပ်နေကျပုံစံမျိုးထင်ပြီး ဖာမကျနဲ့ 😏