Kyaw Win Maung
29.7K subscribers
27.9K photos
1.27K videos
10 files
4.63K links
စစ်ရေး၊ နိုင်ငံရေး ၊ ဗဟုသုတ ၊သတင်းစုံတင်ဆက်ပေးနေပါသည်။သတင်းထူးများပေးပို့လိုပါက
@Kyawwinmaung4135
Download Telegram
ပြင်ဦးလွင်နှင့်မန္တလေးမြို့အားခြိမ်းခြောက်နေသော အကြမ်းဖက်အဖွဲ့များအားတိုက်ထုတ်နေတဲ့သရက်ကုန်း ရှေ့တန်းရောက် စစ်သည်များအား ယနေ့ ဒံပေါက်ထမင်းကြွေးမွေးခဲ့ပါတယ်

အလှူရှင်များနှင့်တကွ ဆောင်ရွက်ပေးသောအစ်ကိုတစ်ယောက် အားအထူးကျေးဇူးတင်ရှိပါတယ်

🇲🇲*တရားသောစစ်အောင်ရမည်🇲🇲

https://t.me/kyawwinmaung413
ယနေ့နံနက်ပိုင်း
ရန်ကုန်-မော်လမြိုင်လမ်းပိုင်း
ဘီးလင်းမဝင်ခင် တောင်ကလေး
တံတားအား KNLA+PDFအကြမ်း
ဖက်အဖွဲ့များက မိုင်းခွဲဖျက်ဆီး။

(တိုးဂိတ်တွင်
ကားများ အကုန်ပိတ်ထားပါသည်)

Photo:ဘုရားသုံးဆူသတင်းပေါင်းစုံ
ကချင်ပြည်ကို KIAအုပ်ချုပ်ရင်ဘာဖြစ်မလဲ?

KIAရဲ့အဓိက အာဏာသက်ရောက်ရာ စီးပွါးရေးနယ်မြေတွေဖြစ်တဲ့ တပ်မဟာ၂နယ်မြေ တနိုင်း တပ်မဟာကိုးနယ်မြေ ဖားကန့်ဒေသတွေဆီမှာ နေထိုင်ဘူးတဲ့သူတိုင်းသိပါလိမ့်မယ်။

တနိုင်းဒေသတွင်းရှိKIAအုပ်ချုပ်ရာ ရွှေမှော် ပယင်းမှော်များမှာ ဆန် ဆီ ဆားကအစ လူခွန်ထိကောက်ပါတယ်။ မိမိအိမ်ကယူလာတဲ့ဝမ်းစာအတွက်ဆန်တောင်သယ်ခွင့်မရှိပါဘူး။ ကိုယ့်ဆန်နဲ့ကိုယ်တောင် KIAကိုဆက်ကြေးပေးမှ သယ်ခွင့်ရှိတာပါ။ ကိုယ့်ဆန်အိပ်ဖိုးက ငါးသောင်း မှော်ထဲမှာဆန်တစ်အိပ်နှစ်သိန်းဆို တစ်သိန်းခွဲအခွန်ဆောင်ဆိုပြီး မတရားဆက်ကြေးကောက်အနိုင်ကျင့်ကြပါတယ်။

စက်ပစ္စည်း စက်သုံးဆီ မည်သည့်ပစ္စည်းမဆိုKIAက အဝင်မခံပါဘူး။ သူတို့မတရား အမြတ်ကြီးစားပြီး စျေးမတရားတင်ထားတဲ့ဆိုင်တွေမှာသာ ဝယ်ယူခွင့်ပြုတာဖြစ်ပါတယ်။ ကိုယ်ပိုင်သယ်ဆောင်လာတဲ့ပစ္စည်းဆိုရင်တောင် သူတို့စိတ်ကြိုက်တောင်းတဲ့ ဆက်ကြေးပေးမှသာ သယ်ခွင့်ပြုတာပါ။ လူအပါအဝင် အစားအသောက် ဆေးဝါး ဘာမှမချန်ပဲ အကုန်မတရားဆက်ကြေးကောက်ပါတယ်။

ပြည်သူတွေဆီကမတရားကောက်ခံထားတဲ့ဆက်ကြေးတွေကလည်း ကချင်ပြည်သူတွေဆီရောက်တာမဟုတ်ပါဘူး။ အဲ့နယ်ထဲက ဒူကဘာတွေ ဆလန်ကဘာတွေရဲ့ အိပ်ကပ်ထဲရောက်ကုန်တာဖြစ်ပါတယ်။ တနိုင်းဒေသမှာကျတဲ့ KIAအရာရှိမှန်သမျှ အကုန်မတရားချမ်းသာကြပါတယ်။

တပ်မဟာကိုးနယ်မြေ ဖားကန့်မှာဆိုလည်း KIAရဲ့ မတရားဆက်ကြေးကောက်အနိုင်ကျငိ့မှုဟာ ကြောက်ခမန်းလိလိပါ။

ဖားကန့်ဒေသမှာဖွင့်တဲ့ဆိုင်ကြီးဆိုင်ငယ် ဘိန်းခန်း ဖာခန်းကအစ ကွမ်းယာဆိုင်မချန် အကုန်ဆက်ကြေးကောက်ပါတယ်။ ဆက်ကြေးကောက်ယုံတင်မက ပြည်သူတွေရရှိတဲ့ကျောက်စိမ်းတွေကို မတရားအနိုင်ကျင့် သိမ်းစည်းကြပါတယ်။ ကျောက်စိမ်းရောင်းရငွေမှန်သမျှကိုလည်း ၁၅%နှုန်းမှစပြီး အခွန်ခေါင်းစဉ်နဲ့ဆက်ကြေးကောက်ပါသေးတယ်။

အိမ်ရောင်းရင်လည်းဆတ်ကြေးကောက်တယ် အိမ်ဆောက်ရင်လည်းဆက်ကြေးကောက်တယ်။ ကားစီးရင်လည်းဆက်ကြေးကောက်တယ်။ ရသမျှဆက်ကြေး အိပ်ကပ်ထဲထည့် မရင်ငယ်ထား မူးယစ်တွေသုံး KTVမှာဖြုန်း တကယ့်ပေါက်လို့ပဲစားစားရိုက်တွေ။ ဒါတွေက အကင်းပဲရှိသေးတယ်။ တန်ဖိုးကြီးကျောက်ရတယ်ကြားရင် လက်နက်နဲ့အနိုင်ကျင့် မတရားကျောက်လိုက်သိမ်း။ သိမ်းမရရင် သူတို့ပေးတဲ့စျေးနဲ့ရောင်းခိုင်း သူခိုး ဓားပြထက်ဆိုးတဲ့ကောင်တွေက KIAပဲ။

ဒီလိုဆောက်ကျင့်နဲ့ကောင်တွေက ကချင်ပြည်ကိုအုပ်ချုပ်မှာ လက်ခံမှာလား။ ဒီလိုကောင်တွေအုပ်ချုပ်မှုအောက်မှာနေချင်သလား စဉ်းစားဆုံးဖြတ်ကြပါ။

မိမိတို့ လီဆူတပ်ဖွဲ့အနေနဲ့ကတော့ ဒီလိုအကြမ်းဖက်သမားတွေရဲ့လက်အောက်ကို လီဆူအပါအဝင် ညီနောင်တိုင်းရင်းသားတွေမရောက်ရှိသွားဖို့ အသက်ပေးပြီး ကာကွယ်သွားမှာဖြစ်ပါတယ်။ အကြမ်းဖက် လူသတ် ဆက်ကြေးကောက် KIAအဖွဲ့ကိုတိုက်ခိုက်ဖို့ မိမိတို့ရဲ့ အသက် သွေး ချွေးတွေရင်းနှီးပြီး နည်းမျိုးစုံနဲ့ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

လီဆူလူမျိုးများနဲ့ အခြားညီနောင်တိုင်းရင်းသားများလည်း ကချင်ပြည်ကိုကာကွယ်ဖို့ အတူလက်တွဲတိုက်ပွဲဝင်ကြဖို့ ဖိတ်ခေါ်လျှက်ရှိပါတယ်။
မတ္တရာဘက်ခြမ်းတွင်သောင်းကျန်းသူPDF/TNLAများမှဆည်တော်ကြီး လေကြောင်းရံ တပ်ဘက်သို့သွားသည့်လမ်းတွင်ကိုရင်လေးတောင်အနီးတွင် စုဖွဲ့နေပြီးသံတို/သံစ ရောင်းဝယ်သည့် သုံးဘီးအား တား၍ပြန်လွှတ် ကြောင်း...ဒီဘက်သို့မလာရန် တား၍ ပြန်လွှတ်ကြောင်း သတင်းရရှိထားပါသည်။စိုက်ကွင်းပေါက်အနီး(တိုးဂိတ်အ ကျော်) တွင်အင်အား ၅၀ ခန့် ရောက်ရှိနေကြောင်းသိရှိရ။စိုက်ကွင်းရွာထဲတော့ ယူနီဖောင်းအပြည့်စုံနဲ့ ၁၀၀ နီးပါးရောက်နေတယ်လို့သတင်းရရှိရေနံသာ ၊ရဲစခန်းနှင့်အနီးအနားရှိတပ်စွဲထားသော စစ်ကြောင်းများအားအလစ်အငိုက်တိုက်ခိုက်ရန်ပြင်ဆင်​နေကြောင်းသတင်း ကတော့မြေပြင် ၁၀၀% ပါ။

https://t.me/kyawwinmaung413
၃၂၁ဘက်က
မကြာခင်မှာ
သတင်းကောင်းတွေ
ကြားရပါလိမ့်မယ်
💪💪💪
မူဆယ်မှာ အပေါ့အပါးသွားရင်း မိုင်းနင်းမိလို့ ခြေတစ်ဖက် ဖြတ်လိုက်ရရှမ်းမြောက် မူဆယ်မြို့နယ်မန်မိုင်ရွာက မူလတန်းကျောင်းအထက်နားမှာ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက် ဖြတ်လိုက်ရတယ်လို့ သိရပါတယ်။

https://t.me/kyawwinmaung413
လက်ဘက်ရည်ဆိုင်အတွင်း ဝင်ရောက်ရိုက်နှက်မှုဖြစ်ပွား
၂၄-၅-၂၀၂၄၊ မိတ္ထီလာမြို့။

မိတ္ထီလာမြို့ မြို့မရပ်ကွက် မီးပွိုင့်နှင့် ကရဝိတ်ကြားရှိ လန်းလန်းလေးလက်ဘက်ရည်ဆိုင်တွင် လက်ဘက်ရည်သောက်နေသူအား ၂၃-၅-၂၀၂၄ ရက်နေ့ ည ၈နာရီ ၃၀ မိနစ်ခန့်က အမျိုးသားသုံးဦးမှ ဝင်ရောက်ရိုက်နှက်ခဲ့ကြကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကိုမင်းမင်းဆိုသည် သူငယ်ချင်း သုံးဦးနှင့်အတူ လက်ဘက်ရည်ဆိုင်အပြင်ဘက်ဝိုင်းတွင် ထိုင်နေစဉ် အမျိုးသားသုံးဦးဝင်လာပြီး နှစ်ဦးမှ ကိုမင်းမင်းအား အရှေ့နှင့်အနောက်မှ ညှပ်၍ ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။ ရုတ်တရက် အရိုက်ခံလိုက်ရသောကြောင့် အများနှင့် တစ်ယောက်မို့ ဆိုင်အတွင်းထဲသို့ ဝင်ရောက်ထွက်ပြေးစဉ် အတွင်းပိုင်းအထိပါ ဝင်ရောက်ရိုက်နှက်ခဲ့ကြကြောင်း သိရှိရသည်။

ဝင်ရောက်ရိုက်နှက်သူများသည် ဖျန်ဖြေတားဆီးခဲ့ကြသည့် ဆိုင်ရှင်အမျိုးသမီးနှင့် အမျိုးသားကိုပါ ရိုက်နှက်ခဲ့ကြောင်း သိရှိရပြီး ဆိုင်အတွင်းပိုင်းအထိ ဝင်ရောက်ရိုက်နှက်မှုကြောင့် ဆိုင်အတွင်းမှ ပစ္စည်းများလဲ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

အရိုက်နှက်ခံရသောကြောင့် အောက်နှုတ်ခမ်းကွဲ၊ ညာဘက်လက်ညှိုး ပြတ်ရှဒဏ်ရာတစ်ချက် ၊ ဘယ်ဘက် လက်ဖမိုးတွင် ပြတ်ရှဒဏ်ရာတစ်ချက် ၊ နောက်ကျောနှင့် ပခုံးတို့တွင်လဲ ညိုမဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။

လက်ဘက်ရည်ဆိုင်အတွင်း ဝင်ရောက်ရိုက်နှက်သူများကို အမှတ်(၁)ရဲစခန်းမှ အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

ကိုမင်းမင်းအား လွန်ခဲ့သော နှစ်လခန့်ကလဲ ညဘက် နေအိမ်သို့ပြန်စဉ် တော်ဝင်နန်းမီးပွိုင့်အနီးရှိ သံရိပ်သာနောက်ကျောလမ်းတွင် မျက်နှာဖုံးစွတ်ထားသော အမည်မသိအမျိုးသားသုံးဦးမှ ဆိုင်ကယ်နှင့် နောက်က လိုက်လာပြီး ရိုက်နှက်ရန် ပြုလုပ်စဉ် ထွက်ပြေးခဲ့ရဖူးကြောင်း ၊ ထိုစဉ်ကလဲ သစ်သားချောင်းနှင့် လှမ်းပစ်လိုက်သောကြောင့် ပခုံးတွင်တစ်ချက် ဒဏ်ရာတစ်ချက် ရရှိခဲ့ဖူးကြောင်း သိရှိရပါသည်။

ဇော်ယုထွန်း(ထီလာသွေး)

https://t.me/kyawwinmaung413
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄/၂၀၂၄)
==========================
၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်တွင် ထုတ်ပြန်သည့် မုန်တိုင်းငယ်(Depression)သတင်း
=======================================
(က) မုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၈၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်-အနောက် မြောက်ဘက် ရေမိုင် ၂၉၅ မိုင်ခန့်၊ သံတွဲမြို့(Thandwe)၏ အနောက်-အနောက် တောင်ဘက် ရေမိုင် ၃၀၅ မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက်တောင် ဘက် ရေမိုင် ၂၈၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့(Khepupara)၏ တောင်ဘက် ရေမိုင် ၃၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း(Sagar Island)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၀၀ မိုင် ခန့်နှင့် ကန်နင်းမြို့(Canning)၏ တောင်ဘက် ရေမိုင် ၃၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

(ခ) မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု ၁၆.၈ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၉.၃ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား ၉၉၆ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက်(၆၀)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက်(၆)နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့လည်းကောင်း၊ နောက်(၁၈)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပါသည်။ ထိုမှတစ်ဆင့် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ၂၆-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) အဖြစ်သို့ အားကောင်းလာနိုင်ကာ၊ ၂၆-၅-၂၀၂၄ ရက်နေ့ ညပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ခီပူပါရာမြို့နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေ၊ ဆာဂါကျွန်းတို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့နံနက်မှ ၂၇-၅-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာ များတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ် ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီး မည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် ၂၅-၅-၂၀၂၄ ရက်နေ့တွင် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် ၂၅-၅-၂၀၂၄ ရက်နေ့မှ ၂၆-၅-၂၀၂၄ ရက်နေ့အတွင်း တစ်နာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ အထိ တိုက်ခတ် နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၁၃ ပေမှ ၁၈ ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်
၂။ သို့ဖြစ်ပါ၍ မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု နိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိ ပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ

https://t.me/kyawwinmaung413