Kyaw Win Maung
29.6K subscribers
27.9K photos
1.28K videos
10 files
4.66K links
စစ်ရေး၊ နိုင်ငံရေး ၊ ဗဟုသုတ ၊သတင်းစုံတင်ဆက်ပေးနေပါသည်။သတင်းထူးများပေးပို့လိုပါက
@Kyawwinmaung4135
Download Telegram
Unicode
"လေးနှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ပြီး ရေနှစ်သတ်ခဲ့တဲ့တရားခံ ရဲလက်ရောက်ပြီ"

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာမှာ အသက် ၄ နှစ်သာရှိသေးတဲ့ မိန်းကလေးငယ်တစ်ဉီးအပေါ် အဓမ္မပြုကျင့်ပြီး ရေနှစ်သတ်ဖြတ်ခဲ့တဲ့တရားခံဖြစ်သူကို ဝိုင်းမော်မြို့မရဲစခန်းမှာ ဖမ်းဆီးအရေးယူထားတယ်လို့ ဒေသတွင်း သတင်းမီဒီယာများရဲ့ ဖော်ပြမှုအရ သိရပါတယ်။

တရားခံဖြစ်သူဟာ အုတ်လုပ်သားဖြစ်တဲ့ မဲလုံး (ခ) ပေါက်ခေါ(ခ)စိုးလင်းဆိုသူဖြစ်ပြီး ဖေဖော်ဝါရီ ၂၁ ရက်၊မနက်ပိုင်းက နောင်တာလောကျေးရွာအရှေ့ဘက်မှာရှိတဲ့ အုတ်ဖိုအနီးမှာ ၄မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ပြီးမှ ရေနှစ်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူ မုဒိန်းကောင် မဲလုံး(ခ)ပေါက်ခေါ(ခ)စိုးလင်း ဆိုသူကို ဝိုင်းမော်မြို့နယ်၊ မြို့မရဲစခန်းက (ပ)၁၉/၂၀၂၃ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၇၆ /၃၀၂ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
#mhtnews
Feb 24

"တရုတ်- မြန်မာ နယ်စပ်တစ်လျှောက် တိုက်ပွဲမဖြစ်ဖို့ KIA ကို တရုတ်အထူးသံတမန်က ပြောကြားခဲ့ဟုဆို"
============================================
တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တိုက်ပွဲမဖြစ်ပွားရေး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ တရုတ်အထူးသံတမန်က KIA ကိုပြောကြားခဲ့ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ဆိုသူကို ဆက်သွယ်မေးမြန်းခဲ့တဲ့ CNI သတင်းဌာနက ဖော်ပြထားပါတယ်။

တရုတ်ပြည်သူ့သမ္မနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Deng Xijun ဆိုသူဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်မှာတဲ့ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့စဉ်မှာ ပြောကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ တရုတ်အထူးကိုယ်စားလှယ်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊"ဝ"ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)နဲ့ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) တို့နဲ့ တွေ့ဆုံခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
#mhtnews
"ရေတာရှည်မြို့နယ်မှာ PDF အကြမ်းဖက်နဲ့ ဆက်စပ်သူ ၄ ဉီးဖမ်းမိ"

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကြာအင်းကုန်းကျေးရွာအုပ်စု၊ ငက်ပျောတောကျေးရွာအနီးရှိ မြစ်ဆိပ်တံတား၌ ယမန်နေ့ (ဖေဖော်ဝါရီ ၂၄ ရက်) ည ၁၁ နာရီခွဲအချိန်ခန့်တွင် PDF အကြမ်းဖက်များနှင့် ဆက်စပ်သူ အမျိုးသား ၄ ဉီးကို လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးရရှိခဲ့သည်ဟု ဒေသခံ သတင်းအရင်းမြစ်ထံမှ သိရသည်။

ကနဉီးစစ်ဆေးမှုအရ ၄တို့သည် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း၌ PDF အကြမ်းဖက်များနှင့် အကြမ်းဖက်မှုပြုလုပ်ရန် အစည်းအဝေးပြုလုပ်ပြီး ပြန်လာသူများဖြစ်ကြောင်း သိရှိရပြီး ၄တို့၏ လက်ကိုင်ဖုန်းအတွင်းမှလည်း အစည်းအဝေးမှတ်တမ်းဓာတ်ပုံများ သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် ဆွာမြို့နေ ကိုလေး ဆိုသူအပါအဝင် ၄ ဉီးတို့ကို အရေးယူနိုင်ရေးအတွက် လိုအပ်စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
#mhtnews
"ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီအပါအဝင် UEC ထံသို နိုင်ငံရေးပါတီဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတွင်ခွင့်လျှောက်ထားသည့်ပါတီ (၁၀)ပါတီရှိလာ"

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ နိုင်ငံရေးပါတီဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတွင်ခွင့်ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် လာရောက်လျှောက်ထားခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၏ ထုတ်ပြန်မှုအရ သိရသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုခွင့်နှင့် မှတ်ပုံတင်ခွင့်ကို လျှောက်ထားလာသော ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားခဲ့သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီအပါအဝင် ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ နိုင်ငံရေးပါတီပေါင်း (၁၀) ပါတီ ရှိလာပြီဖြစ်ကြောင်း သိရသည်။
#mhtnews
Mar 1

"စိုးရိမ်စိတ်ကြောင့် ထိုင်းနိုင်ငံအတွင်း တိမ်းရှောင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် နေရပ်ပြန်လိုပါက သံရုံးသို့ဆက်သွယ်နိုင်ကြောင်း မြန်မာသံရုံး အသိပေး"
============================================

အထက်ဖော်ပြပါထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ စိုးရိမ်စိတ်ကြောင့် ထိုင်းနိုင်ငံအတွင်း ထွက်ပြေး တိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံရှိ မိမိတို့၏ နေရပ်များသို့ ပြန်လည် ဝင်ရောက်လိုပါက မြန်မာသံရုံး၏ တယ်လီဖုန်းနံပါတ် ၀၆၂၉၂၁၇၇၁၀ နှင့် မြန်မာစစ်သံရုံးတယ်လီဖုန်းနံပါတ် ၀၆၂၉၂၃၀၁၆၅ တို့တွင် အသုံးပြုနေသော Viber ၊ Line Apps များသို့ စာရေးသားဆက်သွယ်ပေးပို့နိုင်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် အဆိုပါတယ်လီဖုန်းများသည် ဆက်သွယ်ပြောဆိုရန် တယ်လီဖုန်းများမဟုတ်သောကြောင့် တုန့်ပြန်ပြောဆိုနိုင်ခြင်းမရှိကြောင်း၊ Viber ၊ Line တို့မှ ပြန်လည်ဆက်သွယ်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
#mhtnews
"တာချီလိတ်က ပြည်ခိုင်ဖြိုးရုံးအနီးမှာ မိုင်း ၅ လုံးဖောက်ခွဲခဲ့တဲ့ လင်မယားနှစ်ဦးကို ထိုင်းဘက်မှာဖမ်းမိဟုဆို"

တာချီလိတ်မြိုရှိ ပြည်ခိုင်ဖြိုးပါတီ ရုံးအနီးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်၊ ညပိုင်းက မိုင်း ၅ လုံး ဆက်တိုက်ခွဲခဲ့တဲ့ လင်မယားနှစ်ဦးကို ထိုင်းနိုင်ငံ မယ်ဆိုင်မြိုမှာ ဖမ်းဆီးရမိခဲ့ပြီး တာချီလိတ်ဘက်ကို လွှပြောင်းပေးအပ်ထားတယ်လို လူံခြုံရေးတပ်ဖွဲနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းတွေက ဖော်ပြထားပါတယ်။

ဖမ်းဆီရမိသူတွေဟာ KNU တပ်သားဟောင်း
ကိုစော ၃၀ နှစ်နဲ့ သူ့ရဲ့ဇနီးတိုဖြစ်တယ်လိုသာသိရပြီး ၎င်းတရားခံနှစ်ဦးကိုတော့ ဘယ်နေ့က ဖမ်းမိတယ်ဆိုတာ ဖော်ပြမထားပါဘူး။

ဖမ်းမိတဲ့ လင်မယားနှစ်ဦးဆီကနေ ပစ္စတို သေနတ်တစ်လက်၊ ဒရုန်း ၃ စီးနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို သိရပြီး လက်ရှိ တာချီလိတ်မှာ စစ်ဆမှုတွေ ပြုလုပ်နေတယ်လို သိရပါတယ်။
#mhtnews
"ထိုင်းကနေတဆင့် မလေးရှားနိုင်ငံကို တရားမဝင်သွားမည့် မြန်မာနိုင်ငံသား ၁၅ ဦး ချွန်ဖွန်ခရိုင်မှာ ဖမ်းဆီးခံရ"

ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံကို အောက်လမ်းကနေ တရားမဝင် သွားရောက်ကြ မည့် မြန်မာနိုင်ငံသား ၁၅ ဦးကို မတ်လ ၂ ရက်၊ ည ၁၁ နာရီ အချိန်ခန့်မှာ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်လို သိရပါတယ်။

ထိုင်းနိုင်ငံ၊ ချွန်ဖွန်ခရိုင်ရှိ ဖလစစ်ဆေးရေးဂိတ်သို မောင်းနင်လာတဲ့ Isuzu အမျိုးအစား အမဲရောင်ကားတစ်စီးကို လုံခြုံရေးတပ်ဖွဲက တားဆီးခဲ့ရာမှာ ရပ်တန့်ခြင်းမရှိဘဲ ‌မောင်နင်းထွက်ပြေးသွားတာကြောင့် လိုက်လံဖမ်းဆီးခဲ့ရတာဖြစ်တယ်လို ဆိုပါတယ်။

၎င်းကားကို ချွန်ဖွန်ခရိုင်၊ ပထိယူမြိုနယ်၊ ခေါင် ချိုင်လာ့တ်ကျေးရွာအနီးမှာ ရပ်တန့်ထားခဲ့ကာ ယာဉ်မောင်းဖြစ်သူကတော့ ထွက်ပြေးသွားခဲ့ပြီး ကားပေါ်မှာ ပုန်းအောင်းလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်လို အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို သိရပါတယ်။
#mhtnews
"မြင်းမူမြိုနယ်ထဲကနေ အကြမ်းဖက်အလောင်း ၂၀ ကျော်ရရှိပြီး ဘုန်းကြီးအယောင်ဆောင်ထားတဲ့ အကြမ်းဖက်ခေါင်းဆောင်တစ်ဦးအပါ ၆ ဦးကို အရှင်ဖမ်းမိထား"

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြိုနယ်၊
လက်ကပင်ကျေးရွာအနီးမှာ မတ်လ ၅ ရက်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့သော လုံခြုံရေးတပ်ဖွဲဝင်များနှင့် အကြမ်းဖက် pdf များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါတိုက်ပွဲအတွင်း pdf အကြမ်းဖက်သမား အလောင်း၂၀ လောင်းကို လက်နက်ခဲယမ်းများနှင့်အတူ သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

ထိုပြင် မန္တလေးမြိုမှ တိမ်းရှောင်ကာ ၎င်းကျေးရွာသို ရောက်ရှိနေပြီး သင်္ကန်းဝတ်ကာ ဘုန်းကြီးအယောင်ဆောင်ထားသည့် ဦးဆောင်သူ အကြမ်းဖက်သမားကိုလည်း နောက်လိုက်အကြမ်းဖက် ၅ ဦးနှင့်အတူ အရှင် ဖမ်းမိထားသည်ဟု သိရသည်။
#mhtnews
Mar 8

"အသက်ကြီးမှ အထုအထောင်းခံချင်တဲ့ NLD ရပ်/ ကျေးဥက္ကဋ္ဌနဲ့ မိသားစုဝင်တွေက ကြေးစားမိုင်းခွဲသတဲ့"

မဲခိုးပြီး အာဏာယူဖို့ကြိုးစားတာ မရတဲ့အဆုံး PDF အကြမ်းဖက်တွေနဲ့ပေါင်းပြီး အခကြေးငွေယူကာ မိုင်းထောင်ဖောက်ခွဲမှုတွေ ပြုလုပ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ဆိပ်သာကျေးရွာမှ NLD ရပ်/ ကျေးဥက္ကဋ္ဌနဲ့ မိသားစုဝင်တွေကို စစ်ကိုင်းမြို့၊ ညောင်ပင်စဥ်ကျေးရွာအနီး ကံတလူစစ်ဆေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းအရ သိရပါတယ်
ဖမ်းမိသူတွေကတော့ မြင်းမူမြို့နယ်၊ ဆိပ်သာကျေးရွာမှာ နေထိုင်သူတွေဖြစ်ကြတဲ့ NLD ရပ်/ ကျေးဥက္ကဋ္ဌ ဦးသိန်းဝင်း (၅၇) နှစ်၊ ဇနီး ဒေါ်နှင်းရွှေ (၅၆) နှစ်၊ သား မောင်ဟိန်းထက် (၂၁) နှစ်နဲ့ သမီး မဖြိုးဝေ (၁၃) နှစ်တို့ ဖြစ်ကြပြီး တိမ်းရှောင်ဖို့ မြို့ပေါ်တက်လာစဥ်မှာ "အောင်ကျော်မိုး" ခရီးသည်တင် မှန်လုံကားငယ်ပေါ်ကနေ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်

ပြီးခဲ့တဲ့ရက်ပိုင်းမှာ လက်ကပင်ကျေးရွာကနေ ဖမ်းမိတဲ့ အကြမ်းဖက်သမားတွေရဲ့ ထွက်ဆိုချက်အရ ၎င်းမိသားစုဟာ အခကြေးငွေယူပြီး မိုင်းထောင်ဖောက်ခွဲပေးနေသူတွေဖြစ်ကြောင်း သိရရှိရတာကြောင့် အရေးယူနိုင်ရေးအတွက် လိုအပ်တဲ့ ​စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
#mhtnews
"ညောင်လေးပင်မြို့နယ်မှာ KNU နဲ့ PDF တွေက နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးပြီး ၎င်းနေအိမ်မှာရှိတဲ့ အမျိုးသား (၁) ဦးကိုပါ မီးရှို့သတ်သွား"

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ၌ ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က ၎င်းရွာရှိ ရာအိမ်မှူး ဦးမြင့်ဦး၏ နေအိမ်တစ်လုံးကို KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အကြမ်ဖက်အင်အား (၃၀)ဦးခန့်က အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းအိမ်ရှိ အမျိုးသား ၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

သေဆုံးသူမှာ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာနေ ဦးပေါ်ဦး (၄၅) နှစ်ဆိုသူဖြစ်ပြီး ရာအိမ်မှူး ဦးမြင့်ဦး၏ နေအိမ်၌ အိမ်စောင့်အဖြစ်လုပ်ကိုင်နေသူဖြစ်ကာ အကြမ်းဖက်သမားများ၏ မီးရှို့သတ်ဖြတ်သတ်ဖြတ်မှုကြောင့် မီးလောင်ဒဏ်ရာများရရှိကာ သေဆုံးသွားခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါမီးရှို့မှုကြောင့် ဦးမြင့်ဦး ပိုင်ဆိုင်သော သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ ခြေတံရှည် ၁ ထပ်နေအိမ် ၁ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
#mhtnews
"AA အဖွဲ့ထဲကနေ ထွက်ပြေးသွားတဲ့ ဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးကို AA အဖွဲ့က အင်အား ၁၀၀ ကျော်နဲ့ပြန်ဖမ်းခေါ်သွားဟုဆို"

ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ထဲကနေ ထွက်ပြေးသွားတဲ့ ဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးကို ယနေ့ ဧပြီ ၂၄ ရက်၊ မနက်ပိုင်းမှာ AA တပ်ဖွဲ့ဝင် အင်အား ၁ဝဝ ကျော်ခန့်က ဖမ်းဆီးပြီး ပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသတွင်းသတင်းတစ်ရပ်က ဖော်ပြထားပါတယ်။

၎င်းတို့ ၃ ဦးဟာ ယမန်နေ့ ဧပြီလ ၂၃ ရက်၊ ညနေ ၃ နာရီခန့်က လက်နက်တွေနဲ့ ရသေ့တောင်မြို့၊ ချောင်းဝရပ်ကွက်မှာရှိတဲ့ ဆေးရုံဝန်ထမ်းအိမ်ရာသို့ ထွက်ပြေးသွားကြခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

AA တပ်ဖွဲ့ဝင်အင်အား ၁ဝဝ ကျော်ခန့်တို့က ရသေ့တောင်မြို့ထဲကို ဝင်ရောက်ခေါ်ယူဖို့ကြိုးစားစဉ် ယနေ့ နံနက် ၅ နာရီခွဲခန့်ကနေ ၇ နာရီခန့်အထိ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးမှ ဖမ်းမိသွားတာလို့လည်း သိရပါတယ်။
#mhtnews
"ပခုက္ကူမြိုပေါ်မှာ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးကို PDF က သေနတ်ဖြင့်ပစ်သတ်သွား"


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြိုပေါ်မှာ ယနေ့ (ဇူလိုင် ၂၆ ရက်) နံနက် ၉ နာရီအချိန်ခန့်က စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးကို PDF တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးသွားခဲ့တယ်လို ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသွားသူဟာ ပခုက္ကူမြို ၊ အမှတ် (၃) ရပ်ကွက်၊ မြသီတာလမ်းနဲ့ ၅ လမ်းဒေါင့်မှာရှိတဲ့ "တမာရိပ်" စားသောက်ဆိုင်ပိုင်ရှင် ဦးမြင့်သိန်း ဖြစ်တယ်လို ဆိုပါတယ်။

PDF အကြမ်းဖက်မိစ္ဆာ (၃)ဦးဟာ ၎င်းဆိုင်အတွင်းကို ဝင်ရောက်လာပြီး ၊ ဆိုင်ပိုင်ရှင်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဦးမြင့်သိန်းဟာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာ ၂ ချက်၊ နောက်ကျောကျည်ထိမှန်ဒဏ်ရာ ၁ ချက်ရရှိပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို သိရပါတယ်။
#mhtnews
Forwarded from Kyaw Swar🇲🇲🇲🇲🇲🇲
"အကြမ်းဖက် NUG ကိုစွန့်ခွာကာ လက်နက်များဖြင့် အလင်းဝင်လာသည့် PDF အဖွဲ့ဝင် ၁၇ ဉီးအား ငွေကျပ်သိန်းပေါင်း ၅၆၀ ကျော်ချီးမြှင့်"


ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်နေသည့် NUG ကို ရွံရှာမုန်းတီးကာ လက်နက်များဖြင့် အလင်းဝင်လာသည့် PDF အဖွဲ့ဝင်များကို နစကမှ ကောင်းမွန်စွာလက်ခံကြိုဆို၍ ဆုငွေများအသီးသီးပေးအပ်ပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့သည်ဟု သိရသည်။

အဆိုပါ မိဘများထံ လွှဲပြောင်းအပ်နှံသည့်အခမ်းအနားများကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှုအောက်ရှိ တမူး၊ ကလေး၊ ကန့်ဘလူနှင့် ဂန့်ဂေါတပ်နယ်တို့၌ ယနေ့ (သြဂုတ် ၂ ရက်)တွင် အသီးသီးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းအခမ်းအနားများ၌ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်၊ ကလေးမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁၆ ဉီးနှင့် အမျိုးသမီး ၁ ဉီးတို့ အလင်းဝင်လာခဲ့ခြင်းဖြစ်ပြီး ၄တို့နှင့်အတူ မောင်းပြန်သေနတ် ၄ လက်၊ ပစ္စတိုသေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ စကားပြောစက် ၂ လုံးတို့ ပါဝင်ခဲ့သည်ဟုဆိုသည်။

သို့ဖြစ်သဖြင့် မောင်းပြန်သေနတ်ဖြင့် အလင်းဝင်လာသူ ၄ ဉီးအား တစ်ဉီးလျှင် ငွေကျပ်သိန်း ၅၀ ချီးမြှင့်ကာ ပစ္စတိုသေနတ်ဖြင့် အလင်းဝင်လာသူ ၁ ဉီးအား ငွေကျပ်သိန်း ၂၀ ချီးမြှင့်ပြီး လက်ပစ်ဗုံး ၂ လုံး၊ စကားပြောစက် ၂ လုံးတို့ဖြင့် အလင်းဝင်လာသူ ၁ ဉီးအား ငွေကျပ် ၇ သိန်း ချီးမြှင့်ခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း အလင်းဝင်လာသူများအား တစ်ဉီးလျှင် ငွေကျပ်သိန်း ၂၀ စီ ချီးမြှင့်ခဲ့ပြီး စုစုပေါင်းငွေကျပ် ၅၆၇ သိန်း ချီးမြှင့်ခဲ့သည်ဟု သိရသည်။
#mhtnews

https://t.me/kyawswar96999