Kyaw Win Maung
29.9K subscribers
27.7K photos
1.27K videos
10 files
4.54K links
စစ်ရေး၊ နိုင်ငံရေး ၊ ဗဟုသုတ ၊သတင်းစုံတင်ဆက်ပေးနေပါသည်။သတင်းထူးများပေးပို့လိုပါက
@Kyawwinmaung4135
Download Telegram
ညောင်ရွှေမြို့နယ်၊ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မေလ ၁၉ရက်‌နေ့ ညပိုင်းက (Canter/အဖြူရောင်) ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်  Icom(၂)လုံး၊ phone (၁၀)လုံး၊ စားပွဲတင်နာရီ (၁၂)လုံး၊ Jump Starer (၁)ခု၊ Wireikes Charging (၁)ခု၊ Power Supply (၁)ခု၊ ASUS Sonicmaster လက်တော့ (၁)လုံး၊ ပြောက်ကျားအင်္ကျီ(၃၀)ထည်၊ ညအချက်ပြမီး (၁)လက်၊ ဝရိန် ဆော်ရာသုံး မျက်လုံးကာဦးထုပ် (၁)လုံး၊ G4 Free ယာယီ တဲ(၁)လုံး၊ကပ်ခွာတံဆိပ်ရောရာပါ(၇)ခု၊သံသေတ္တာ(၄)လုံး၊ပြောက်ကျားဦးထုပ် (၃)လုံး စသည့်ပစ္စည်းများ တင်ဆောင်လာသည်ကို တွေ့ရှိရသဖြင့် အကြမ်းဖက်ထောက်ပို့ (၂)ဦးအားဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊  စစ်ကြောမေးမြန်းမှုများအရညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာမှ သယ်ဆောင်လာ‌ကြောင်းသိရသဖြင့်၎င်းနေအိမ်သို့ ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ရှာဖွေခဲ့ရာ အကြမ်းဖက်ထောက်ပို့တစ်ဉီးနှင့်အတူလျှာထိုးဦးထုပ်မျိုးစုံ (၄၅)လုံး၊ ဦးထုပ်အဝိုင်းမျိုးစုံ (၁၃)လုံး၊ ဘေးလွယ်အိတ် (အလတ်) (၂၆)လုံး၊ မိုးကာတဲ(၈)ခု၊ လက် အိတ်မျိုးစုံ (၈)ခု၊ ပြောက်ကျားအင်္ကျီမျိုးစုံ (၁၀၄)ထည်၊Icom(AIGRRUI) (၂)လုံး၊ Keypad ဖုန်း(၃)လုံးအား ရှာဖွေတွေ့ရှိခဲ့သဖြင့်  ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရပါသည်။

ရွှေနေကြာ
ယနေ့ ရှေ့တန်းရောက်အကြမ်းဖက်အဖွဲ့များကိုမောင်းထုတ်တဲ့သရက်ကုန်းရဲဘော်တွေရဲ့ တောင်းဆိုမှုအရ ဆိတ် ၆ပိသာ နဲ့ ပဲ ၂ပိသာ ဝယ်ပြီးဆိတ်ပဲဟင်းစားကောင်းကြပါစေ ခွန်အားဖြစ်ကြပါစေ။

မြတ်သူဟိန်း🇲🇲

https://t.me/kyawwinmaung413
အကြမ်းဖက် KNLA တပ်မဟာ (၁) အဖွဲ့ထံမှ လက်နက်ခဲယမ်းများရရှိ
***
မေလ ၁၈ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီး လုံခြုံရေးအဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်စဥ် KNLA တပ်မဟာ ၁ ၊ အကြမ်းဖက်PDF ပူးပေါင်းအဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
တိုက်ပွဲဖြစ်ပွားစဥ် အကြမ်းဖက် KNLA /PDF များ အထိနာ၍ ထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ထံမှ..
- လက်လုပ်ပြောင်းချော သေနတ် ၁ လက်
- M-16 ကျည် ၄၄ တောင့်
- စနက်တံ ၃ ခု
- ယမ်းကြိုး ၂ ချောင်း
- KNLA ယူနီဖောင်း ၃ စုံ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

Saw Ba Maung
https://t.me/kyawwinmaung413
စစ်ကိုင်းမြို့ပါရမီရပ်ကွက်အတွင်းရှိ (လဝက)ရုံးနှင့် မြို့နယ်အခွန်ဦးစီးရုံးကို အကြမ်းဖက်ဖို့ရောက်ရှိလာတဲ့ အကြမ်းဖက်(၇)ယောက်ကို တပ်မတော်ပြည်သူ့ရဲ့နှင့် လုံခြုံရေးတပ်ဖွဲ့တွေက ဒေသခံပြည်သူတွေရဲ့သတင်းပေးချက်အရပိတ်ဆို့ရှင်းလင်းရာ
၂၅ နှစ်မှ ၃၅ နှစ်ခန့် (ကျား)အလောင်း (၃)လောင်း။
၂၅ နှစ်မှ ၄၀ နှစ်ခန့်ရှိ (မ) အလောင်း (၂) လောင်း။
MA-13 (R-48567) (၁) လက်။
MA-13 ကျည်အိမ် (၁) ခု။
MA-13 ကျည် (၁၅) တောင့်။
SIGSAUER P-320 ပစ္စတို (ရွှေဝါရောင်) ၁ လက်။
ကျည်အိမ် (၁) ခု။
၉ မမကျည် (၃) တောင့်။
MDY-6D-5998 Honda Fid (ဖြူ) လိုင်စင်(စိစစ်ဆဲ) (၁) စီး။
SGG-72W-86333 Honda Click 125-I  လိုင်စင်(စိစစ်ဆဲ)ဆိုင်ကယ် (၁) စီး။
ရရှိတယ်လို့ ကနဦးသိရပါတယ်
https://t.me/kyawwinmaung413
၂၂.၅.၂၀၂၄

စဥ့်ကူးမြို့

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ကျည်တောက်ပေါက်ကျေးရွာ၊ အမှတ်(၂)ရပ်ကွက်ရှိ ဦးမျိုးခိုင်ကို စစ်သွေးကြွ အ​​ ကြမ်းဖက်လူသတ်PDF များက လုပ်ကြံ သတ်ဖြတ်ခဲ့သည်။

စဉ့်ကူးမြို့နယ်၌ ပြည်သူများ သတ်ဖြတ်ခံရမှု မြှင့်တက်နေကြောင်းသတင်းရရှိပြီးလခရ အဖွဲ့ဝင်များမှ တရားခံများအားဖမ်းဆီးရမိရေးနယ်မြေရှင်းရှာဖွေလျက်ရှိကြောင်းသိရပါသည်။

https://t.me/kyawwinmaung413
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အလှူရှင်များမှ ကြီးမှူးကျင်းပသည့်ကဆုန်လပြည့်နေ့တွင်သံဃာအပါး (၁၀၂၇) ပါးအားဆွမ်းလောင်းလှူပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

https://t.me/kyawwinmaung413
■ မန္တလေးမြို့ လေးပြင်လေးရပ်ရှိ သံဃာအပါး ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ နဝကမ္မ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲကျင်းပ

မန္တလေးမြို့ လေးပြင် လေးရပ်ရှိ သံဃာအပါး ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲအခမ်းအနားကို မေလ ၂၂ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့) နံနက် ၆ နာရီက ကျင်းပ ခဲ့ကြသည်။


https://t.me/kyawwinmaung413