Kyaw Win Maung
27.4K subscribers
27.4K photos
1.24K videos
10 files
4.28K links
စစ်ရေး၊ နိုင်ငံရေး ၊ ဗဟုသုတ ၊သတင်းစုံတင်ဆက်ပေးနေပါသည်။သတင်းထူးများပေးပို့လိုပါက
@Kyawwinmaung4135
Download Telegram
ပြင်ဦးလွင်နောင်ချိုအစပ်သရက်ကုန်းအကြမ်းဖက် TNLA/PDFအဖွဲ့များပိတ်မိနေNUG ကိုလေကြောင်းပစ်ကူတောင်း
NUG မှ ၂၄ နာရီစောင့်နေပါဟုဆို
အမေရိကန် UN တပ်တွေရေကြောင်းချီ လေကြောင်းချီလာနေပြီစောင့်ကြည့်ဟုအကြောင်းပြန်။

https://t.me/kyawwinmaung413
သီပေါမြို့နယ် အတွင်း SSPP နှင့် TNLA ထိတွေ့တိုက်ပွဲဖြစ်ပွား

မေ၊ ၁၇ ရက် ၊ ၂၀၂၄ ခုနှစ်။

သျှမ်းပြည် သီပေါမြို့နယ် ကုန်းသာကျေးရွာ အနီးတောဘက်တွင် ယမန်နေ့ (မေလ ၁၆ ရက် ၂၀၂၄ ) SSPP/ SSA နှင့် TNLA တပ်ဖွဲ့တို့ နယ်မြေအညင်းပွားမှုကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ TNLA တပ်ဖွဲ့ဘက်မှ နယ်မြေကျူး‌ ကျော်လာကာ ချောင်းမြောင်း ပစ်ခတ်သဖြင့် SSPP မှ ပြန်တိုက်ထုတ်ခြင်းဖြစ်ပြီး TNLA တပ်ဖွဲ့များပြန်လည်ဆုတ်ခွာသွားခဲ့ ကြောင်း ကုန်းသာကျေးရွာသား တစ်ဦးက ပြောကြားလာပါသည်။

https://t.me/kyawwinmaung413
🚨Breaking News🚨

၂၀၂၄ မေ ၁၈ ရက် နေ့လည်ချိန်ခန့်တွင် မံစီမြို့၊ နယ်မြေခံဌနခ ၏ အနောက်တောင် မီတာ ၄၀၀၀ ခန့်အကွာ ခမ(LG-236679)ဝန်းကျင်ရှိ ရာဘာခြံများတွင် စုဖွဲ့လျက်ရှိသည့် KIA/PDFပူးပေါင်းအဖွဲ့ အင်အား (စိစစ်ဆဲ) အား  လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ KIA/PDF အဖွဲ့ဝင် ၃၀ ဦးခန့် သေဆုံးခဲ့ပြီး ၅၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

တိုက်ပွဲသတင်းစုံ
https://t.me/kyawwinmaung413
ပြင်ဦးလွင်မြို့ကို ခြိမ်းခြောက်
နေသော နောင်ချိုမြို့နယ် သရက်ကုန်း ကို တပ်မတော် က
သိမ်းပိုက် ပြီး ရှင်းလင်းနေမှု
အခြေအနေ


https://t.me/kyawwinmaung413
ပြည်သူ့စစ် အင်အားကောင်းလာသောမန္တလေး ပြည်သူ့စစ်တပ်ဖွဲ့တွေလူငယ်တွေများပြီးတက်ကြွသွက်လက်တဲ့ လူငယ်တွေများစွာတွေ့နေရတယ် အရေးကြုံရင်အားကိုးရတဲ့မန်းပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ မတ္တရာ ၊နောင်ချို၊သရက်ကုန်းဘက်မှာလည်း တပ်မတော်နဲ့အတူတူပိတ်ဆို့တိုက်ခိုက်နေတာလည်းမန်းပြည်သူ့စစ်တွေပါတယ်ပြည်သူ့စစ် ဆိုတာ အချိန်မရွေးထွက်ခွင့်ရကြတော့ တကယ်စစ်တိုက်ခြင်တဲ့လူငယ်တွေအတွက်စစ်ပညာလည်းတတ်သွားသလိုရှေ့ဆက်အနာဂတ်အတွက်ဆိုတာလည်းအိမ်မက်ဆိုတာပုံဖော်လို့ရတယ်
ထွက်ခွင့်လွယ်ကူတော့လူငယ်တွေအတွက်အဆင်ပြေတယ်လေ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ဝင်လာကြတဲ့လူငယ်တွေလည်းဒီလိုနည်းစနစ်သာသွားရင်တော့တပ်မတော်အတွက် အရံအင်အားအတွက် စိတ်မပူရတော့ပါဘူး မန်းပြည်သူ့စစ်ကတော့ တကယ်လည်းတောတိုးတိုက်ခိုက်နေကြပါတယ်ထိန်းရမှာက မြို့ပေါ်ကျန်ခဲ့ပြီး ပြည်သူ့စစ်အယောင်ဆောင်လုပ်စားနေတဲ့ကောင်တွေကိုပဲထိန်းရမှာ


မန္တလေး ပသစ သင်တန်းဆင်းပွဲနှင့်တပ်နယ်မှူး(မန်း)မှTee Prade ဖြင့်ဧည့်ခံတွေ့ဆုမှာကြားထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနား

https://t.me/kyawwinmaung413
ကချင်ပြည်နယ် သတင်းများစုစည်းမှု ၁၈-၅-၂၀၂၄ ရက် ည ၉ နာရီသတင်း

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့အနှံ့တွင် ယနေ့ ( ၁၈/၅/ ၂၀၂၄)ရက်နေ့ ည(၀၈း၃၀)နာရီချိန်ခန့်မှစပြီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများမြို့အနှံ့ ဆူညံနေကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ ပမ္မတီး၊ ဘုမ္မောရပ်ကွက်ဘက်နဲ့ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ စီတာပူ၊ မြို့သစ်ကြီး၊ လယ်ကုန်း စသည့်ရပ်ကွက်များ မှ ထွက်လာသည့် သေနတ်ပစ်ခတ်သံများ ဖြစ်နိုင်ကြောင်း၊  သို့ေသာ် ည(၉း၀၀)နာရီနောက်ပိုင်းပစ်ခတ်သံများသည် ခေမာသီရိရပ်ကွက်မှ အမှတ် (၂) ရဲစခန်း၊ မြို့သစ်ကြီးရပ်ကွက်မှပြည်နယ်အရံရဲစခန်း၊ လယ်ကုန်းရဲစခန်းနဲ့အကျဉ်းထောင်တို့ဘက်ဆက်တိုက်
ပစ်ခတ်နေသည့်လက်နက်ကြိးသံများမှာ အဆိုပါနေရာများရှိ ရဲစခန်းမျာနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးက လက်နက်ကြီးတပ်ဆင်ထားသည့် နေရာများမှ ဝိုင်းမော်မြို့ဘက်ကို လက်နက်ကြီးနှင့် ပစ်ခတ်နေသည့်အသံမျာဖြစ်ကြောင်း  မြို့နေလူထုထံက သိရှိရပါသည်။

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ် ၁၈/၅/၂၀၂၄ ရက်နေ့  ည ၁၁း၀၀ နာရီချိန်ထိရရှိထားသည့်သတင်းအရ ယနေ့တစ်ရက်တည်းတွင် အကြမ်းဖက် KIA PDF တို့အင်အားအလုံးအရင်းဖြင့်တပြိုင်တည်းတိုက်ခိုက်ခဲ့သည့်နောက်  တပ်/ပြည်သူ့စစ်စခန်း (၈)ခုကို လက်လွတ်ပေးလိုက်ရပြီးနောက်ဆုံ တပ်စခန်း(၂)ခုသာကျန်ရှိတော့ကြောင်း ၊ အလားတူ ထိုစခန်း (၂)ခုကို လည်းအကြမ်းဖက်တို့က အင်အားသုံးကာပိတ်ဆို့တိုက်ခိုက်လျက်ရှိသဖြင့်တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း၊
ထို့အပြင် ဝိုင်းမော်မြို့နှင့် ဧရာဝတီမြစ်သာခြားသည့် မြစ်ကြီးနားမြို့ ၌လည်း ယနေ့ည ၁၀း၀၀ နာရီချိန်ထိလက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများ ဆူညံနေသည်ဟု မြို့ခံပြည်သူတို့ထံကသိရှိရပါသည်။

မြစ်ကြိးနားလေတပ်ကိုလျှော့တိုက်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်သည့်ဖြစ်စဉ်တွင် အကြမ်းဖက် Kia pdf ဟုသံသယရှိသဖြင့်လိုက်လံစုံစမ်းနေစဉ်  ( ၁၈/၅/၂၀၂၄) ရက်နေ့ ညနေပိုင်း (၁၃း၁၅)နာရီချိန်ခန့်တွင်  မြစ်ကြီးနားမြို့ ၊ ရာဒကောင် - B - ( ရဝမ်ရပ်ကွက် ) မှ လူငယ် (၄) ဦးကို  ပမ္မတီးရပ်ကွက်တွင်းလိုက်လဲံဖမ်းဆီး ထွက်ပြေးရန်ကြိုးစားသဖြင့် သေနတ် (၅) ကြိမ်ခန့်ဖောက်ခြောက်လှန့်ကာဖမ်းဆီးခဲ့ရကြောင်း၊ ဒေသခံများထံက သိရှိရပါသည်။

https://t.me/kyawwinmaung413
၂၀၂၄ မေ ၁၈ ၁၅၀၀ ချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း မင်းလှမြို့၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ရုံတန်း လမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အပေါ်သို့ Drone (အမျိုးအစား စိစစ်ဆဲ) (၁)စီးမှာ ပျံဝဲလာပြီး ရုံးအတွင်းသို့ Drop Bomb (၁)လုံး ပစ်ချခဲ့ရာ ရုံး၏အရှေ့ဘက် (၁၀)ပေခန့်အကွာသို့ ကျရောက်ခဲ့ရာ ပေါက်ကွဲခြင်းမရှိကြောင်းသိရသည်။

အဆို Droneကို လုံခြုံရေးတပ်ဖွဲ့
ဝင်များက လိုက်လံပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၄ မေ ၁၈ ၁၅၀၀ ချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း မင်းလှမြို့၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ရုံတန်း လမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အပေါ်သို့ Drone (အမျိုးအစား စိစစ်ဆဲ) (၁)စီးမှာ ပျံဝဲလာပြီး ရုံးအတွင်းသို့ Drop Bomb (၁)လုံး ပစ်ချခဲ့ရာ ရုံး၏အရှေ့ဘက် (၁၀)ပေခန့်အကွာသို့ ကျရောက်ခဲ့ရာ ပေါက်ကွဲခြင်းမရှိကြောင်းသိရသည်။

အဆို Droneကို လုံခြုံရေးတပ်ဖွဲ့
ဝင်များက လိုက်လံပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

https://t.me/kyawswar49111
စစ်တိုက်နေတဲ့လူတွေကတိုက်တယ်
မြို့ပေါ်မှာဂွင်ရိုက်နေတဲ့ကောင်တွေက
ပတ်ရိုက်နေတုန်းပဲ မြို့ပေါ်မှာလည်း
အကြမ်းဖက်တွေတည်ငြိမ်အောင်
မြို့ကိုထိန်းသိမ်းသင့်နေတယ်အခုက
စစ်တိုက်နေတဲ့ တပ်မတော်သားတွေ
ရဲတွေ ပြည်သူ့စစ်တွေကတောထဲမှာ
စခန်းတွေမှာ အသက်ပေးပြီးတော့
စစ်တိုက်နေတဲ့အချိန်မြို့ပေါ်က
ဆရာကြီးတွေက ဂွင်တွေရိုက်ကြနဲ့
အလုပ်တွေကိုရှုပ်နေကြတုန်းပဲ🥴
မိုးလင်းတာနဲ့အဖွဲ့ကိုယ်စီဂွင်ရိုက်ဖို့
ပတ်နေကြပြီး ခေတ်ကြီးကိုက
တာဝန်ကို ဂွင်လို့ထင်နေကြတော့
ဖြစ်လာရင်ကိုယ့်ဘက်ကထိကွဲတွေကြီး
https://t.me/kyawwinmaung413
ဒီအချိန်ကာလ သည် နိုင်ငံရေးပါတီ
တစ်ခု အာဏာရရှိရေး အတွက် တောခို
သူပုန်ထ သော ကာလ တစ်ခု။

ထိုအကြောင်းအရာကို အကြောင်းပြုပြီး
လက်နက်ကိုင် တောကြောင်တွေ ထကြွ
သောင်းကျန်းသော ကာလ။

ဒီကာလ မှာ ပညာရေး၊ကျန်းမာရေး၊စီးပွါးရေး
လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊လုံခြုံရေး
ဘက်ပေါင်းစုံ သာမန် အချိန်ထက် ခက်ခဲ
ပါလိမ့်မည်။

လွတ်လပ်ရေး ရပြီးခေတ် KNUအစည်းအရုံးနှင့်
ကွန်မြူနစ်ပါတီ တောခိုသော ကာလ ကဲ့သို့
အလားသဏ္ဌာန် တူညီပါသည်။

တပ်မတော်က ရန်ကုန်အစိုးရ ကနေ ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော် အဆင့်ထိရောက်
အောင် ပြန်လည်တည်ဆောက်ရသကဲ့သို့

ယနေ့ မြန်မာနိုင်ငံ ကို တပ်မတော်က
နိုင်ငံရေးအကြမ်းဖက်သမား၊ လူမျိုးစုလက်နက်
ကိုင်သောင်းကျန်းသူများကို ပြင်းထန်စွာ
နှိမ်နင်းပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို
ပြန်လည်တည်ဆောက်ရပေအုံးမည်။

ပြည်တွင်းသောင်းကျန်းသူတို့ဖျက်စီးခဲ့
သော လမ်း၊တံတားများ၊ လျှပ်စစ်တာဝါတိုင်များ၊
ရထားလမ်းများ၊ ဖုန်းတာဝါတိုင်များ နှင့်
များစွာသော အခြေခံအဆောက်အဦးများကို
ပြန်လည်တည်ဆောက်ရပေအုံးမည်။

နိုင်ငံကိုတည်ဆောက်ရာတွင် ပါတီစွဲ အဖျက်သမား များ အကြမ်းဖက်အားပေးများ၊
ဖရဲသီးများ အားလုံးကို ရှင်းလင်းဖယ်ရှားပြီး
မှ ဖြစ်နိုင်မည်။

ဒီကာလ ကို အကြောင်းပြု၍ ဗျူရိုကရက်
အတွင်း အဂတိတရား များသည်လည်း ကြီးမား
နေခဲ့သည်။

ထို့ကြောင့် ယခု ကာလသည် သာမန်အချိန်ကာလ
ထက်တော့ ခက်ခဲကြမည်ဖြစ်ပါသည်။

ဒါတွေအားလုံးသည် ပါတီတစ်ခု၏ နိုင်ငံရေး
သမား၏ အတ္တနှင့် အမုန်းတရား များမှ
အခြေခံပြီး နိုင်ငံကို ဖျက်စီးသော အစီအမံများ
ဖြစ်လာခြင်းဖြစ်သည်။

နိုင်ငံရေးနည်းဖြင့် ဖြေရှင်ရန် အကြိမ်၄၀ မက
ပြောခဲ့သော တပ်မတော် ကို လက်ညိုးထိုးနေ၍
မရ နိုင်ငံရေးသမား များဖြစ်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်ရန် အခွင့်အရေးများစွာရရှိသော်
လည်း မိမိအလုပ်ကို မိမိမလုပ် ငါတို့ပျက်ရင်
နိုင်ငံလည်းပျက်ရမည်ဆိုသော် ယနေ့ nldမှ
ပေါက်ဖွားလာသော CRPH’ NUG နိုင်ငံရေးစားဖားများကြောင့် ဖြစ်သည်။

ကံကောင်းသည်မှာ အခြေခံဥပဒေ ကို ကာကွယ်
စောင့်ရှောက်ရန် တာဝန်ရှိသော တပ်မတော်က
အခြေခံဥပဒေကို လုံးဝ မဖျက်သိမ်းပဲ
ဒီမိုကရေစီ ကို ကာကွယ်ထားခြင်းကြောင့်
ဒီမိုကရေစီ အငွေ့အသက် များ ကျန်ရှိနေခြင်း
ဖြစ်သည်။

လူအချို့က မေးကြသည်။ ထိုမေးခွန်းမှာ
ဘယ်တော့မှ ဖြစ်မလာသော မေးခွန်းဖြစ်ပေမဲ့
ကျွန်တော် ဖြေပေးခဲ့သည်။

၁။ တပ်မတော်ရှုံးရင် ဘာဖြစ်မလဲ.?

အဖြေ။ တပ်မတော်ရှုံးလျင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသကဲ့သို့ မြန်မာပြည်လည်း ပြိုကွဲဲ
ပျက်စီးမည်။ NUG ပဒက် ဆိုသည်မှာ လက်နက်ကိုင်များက ကျွေးမွေးစောင့်ရှောက်ထားသော
အိမ်မွေးခွေးအဆင့်သာရှိခဲ့ရာ ထို NUG အိမ်မွေး
ခွေး၏ အောက်တွင် ဘယ်လက်နက်ကိုင်မှနေမည်
မဟုတ် ယခု ဘာကြောင့်အပေအယူတည့်နေတာ
လည်းလို့မေးရင် အကျိုးစီးပွါးကြောင့် ဖြစ်သည်။

လက်နက်ကိုင်များသည် နိုင်ငံရေးအရ အသုံးချ
ရန် ခေါင်းစဉ်တစ်ခု ရနေသည်အပြင် NUGထံမှ
ပဒက် အင်အားကိုရနေပြီး သူတို့နယ်မြေရရှိ
ရေအတွက် အသုံးချခွငိ့ရနေခြင်းကြောင့်ဖြစ်သည်။

သူတို့ လိုတာရပါကာသူတို့နယ်မြေအတွင်းမှ
NUG ပြည်ပြေးနှင့် ပဒက်များကို အကုန်ရှင်းထုတ်
ကြမည်ဖြစ်သည်။

ထိုအခြေအနေသည် နိုင်ငံတော်ပြိုကွဲပျက်စီး
ကြောငိး ဖြစ်၍ တပ်မတော်ကာဖိုအခြေအနေ
ကို ဘယ်တော့မှ အရောက်ခံမည် မဟုတ်ပါ။

၂။ ဒီပွဲဘယ်တော့ပြီးမလဲ?

နိုင်ငံရေးမျိုးဆက်အရ nld နိုင်ငံရေးမျိုးဆက်
၈၈ နိုင်ငံရေးမျိုးဆက် သည် ကာလအားဖြင့်
လည်းကောင်း ၄င်းတို့၏ သက်တမ်းအားဖြင့်
လည်းကောင်း နောင် ၁၀ နှစ်နှင့် ၁၅ နှစ်အတွင်း
သက်တမ်းကုန်ဆုံးကြမည်ဖြစ်ရာ ၄င်းနိုင်ငံရေး
မျိုးဆက် မျိုးတုံးပျောက်ကွယ်သွားမှသာ
ဒီပွဲပြီးပါလိမ့်မည်။ ထိုသူတို့သည် နောက်ဆုံးတွင်
တပ်မတော်ကိုမုန်းသည် အမုန်းတရားများဖြင့်သာ
နိဂုံးချုပ်ကြမည်ဖြစ်သည်။

လက်နက်ကိုင်းသောင်းကျန်းမှု ချုပ်ငြိမ်းရန်မှာ
မြန်မာပြည်အတွက် အခြားနည်းလမ်း မရှိပါ။
အင်အားသုံးအပြုတ်တိုက် ခြင်းမှအပမည်သည့်
နိုင်ငံရေးနည်းလမ်းမှ အလုပ်ဖြစ်လိမ့်မည်မဟုတ်ပါ။

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးနည်းလမ်းရှိ
ခဲ့လျှင်လည်း အချိန်အကန့်အသတ်အတွင်းသာ
ရှိပြီး အင်အားတည်ဆောက်ပြီးသည်နှင့် ယနေ့
ယခုကဲ့သို့ ထကြွသောင်းကျန်းခြင်းများသည်
မြန်မာနိုင်ငံရေး အတိုင်းပင် သံသရာ သည်
တပတ်လည်နေအုံးမည်ဖြစ်သည်။

တပ်မတော် ဆိုသည်မှာ ဧည့်သည်မဟုတ်ပါ။
မြန်မာနိုင်ငံရှိနေသမျှ တပ်မတော် ရှိနေအုံးမည်
ဖြစ်သည်။

တပ်မတော် ရှိနေသမျှ မြန်မာပြည်ရှိနေမည်ဖြစ်ရာ
ယနေ့ အကြမ်းဖက်သမားများ သောင်းကျန်းသူ
အုပ်စုများသည် ရည်မှန်းချက် ကိုယ်စီဖြင့်
တပ်မတော် ကို တိုက်ခိုက်ထိုးနှပ်နေကြခြင်း
ဖြစ်ပါသည်။

သို့သော် တပ်မတော် သည် လွတ်လပ်ရေးနှင့်
ယှဉ်တွဲ ပေါ်ပေါက်လာသော တပ်မတော်ဖြစ်ပြီး
နိုင်ငံတော် ပြိုကွဲပျက်စီးနိုင်သည်အထိတော့
ခွင့်လွှတ်သည်းခံ လိမ့်မည်ဟု မထင်မိပါကြောင်း
သုံးသပ် တင်ပြလိုက်ပါသည်။

ယနေ့ အချိန်အထိလည်း စစ်တိုင်းကြီး၁၄တိုင်း
ဖြင့် နိုင်ငံတော်
မပြိုကွဲမပျက်စီးအောင် ပြည်သူနှင့်လက်တွဲ၍ ထိန်းသိမ်းကာကွယ်
စောင့်ရှောက်လျှက်ရှိပါကြောင်း တင်ပြလိုက်
ပါသည်။
Kyaw Swar
https://t.me/kyawwinmaung413
ရှမ်းမြောက်ပိုင်းမှာAA/MNDAA/TNLA
၁၀၂၇ စစ်ဆင်ရေးစတင်ကတည်းက
ကျန်တဲ့ပြည်နယ်တွေစစ်ရေးပြင်ဆင်မှု
မလုပ်ခဲ့ကြလို့အခုရခိုင်ဆိုရင် အင်မတန်
ဆိုးဝါးတဲ့စစ်ဒဏ်သင့်ခဲ့ပြီး တပ်မတော်သားတွေမိသားစုဝင်တွေများစွာပေးဆပ်ခဲ့ရတယ်အခုလည်း မြို့ပေါ်အနီးတောင်
ရန်သူတွေကခြိမ်းခြောက်တိုက်ခိုက်လာပြီးပြည်သူ့စစ်တွေအင်အားကောင်းလာလို့ ရန်သူတွေကိုမြို့အနီးနားကနေတဖြည်းဖြည်းပြန်တိုက်ထုတ်နေကြပြီး
ယခင်ကတည်းကပြည်သူ့စစ်အဖွဲ့
မြို့ရွာတိုင်းဖွဲ့စည်းထားမယ်ဆိုရင်
တပ်မတော်ကစစ်မပန်းတော့ဘူး
ရှိတော့ရှိပါတယ် ဒါပေမယ့် ဝါရာဇွပ်ပြည်သူ့စစ်လိုစစ်တိုက်ဖို့အတွက်
အားထည့်တဲ့ ပြည်သူစစ်ဆိုတာနည်းခဲ့တယ်စီးပွားရေးအတွက်ပဲရှေ့တန်းထားကြတာ ဆော်ကားတာမဟုတ်ဘူးလက်ရှိ
အမှန်တရားတွေအတွက်ပြောခြင်တာက
စီးပွားရေးလည်းလုပ်ကြစစ်လည်းတိုက်ကြ လောက်ကိုင်စစဖြစ်တော့ပြည်သူ့စစ်အကုန်လက်နက်တွေချခဲ့ကြတယ်
သာတော့စံကြ နာတော့ပြန်ကြဖြစ်။

https://t.me/kyawwinmaung413