ကိုရီးယား Ongoing မြန်မာစာတန်းထိုး (2026)
27.3K subscribers
541 photos
31 videos
325 links
For Ads : @pixel_boss
Daily Updates: Latest K - movie & Series (MM Sub) 🇲🇲
Non-profit & Fair Use only 🎬
Copyrights belong to respective owners.
Download Telegram
🔣True Fiction (2018) 🔣

ဒီတစ်ခါမှာတော့ ကိုရီးယားရုပ်ရှင်လောကမှာ ဇာတ်လမ်းအလှည့်အပြောင်း ဆန်းဆန်းပြားပြားနဲ့
လူ့သဘာဝရဲ့ လောဘ၊ အတ္တတွေကို သရော်ထားတဲ့ ဒါရိုက်တာ Kim Jin-mook ရဲ့ လက်ရာတစ်ခုဖြစ်တဲ့
"True Fiction" ဆိုတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။

ဒီဇာတ်ကားက Fantascia နိုင်ငံတကာရုပ်ရှင်ပွဲတော်အပါအဝင် ရုပ်ရှင်ပွဲတော်အချို့မှာ
အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့ ဆုပေါင်းများစွာ ဆွတ်ခူးခဲ့သလို၊ မင်းသား Ji Hyun-woo ရဲ့
လျှို့ဝှက်ဆန်းကြယ်ပြီး အေးစက်လွန်းလှတဲ့ သရုပ်ဆောင်ချက်နဲ့ မင်းသား Oh Man-seok ရဲ့
ဖိအားတွေကြား ပျာယာခတ်နေရတဲ့ နိုင်ငံရေးသမားတစ်ဦးအဖြစ် ထူးချွန်လွန်းလှတဲ့ သရုပ်ဆောင်ချက်တွေကြောင့်
ချီးကျူးခံခဲ့ရတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

အထက်လွှတ်တော်အမတ် ယောက္ခမရဲ့ အရှိန်အဝါနဲ့ မြို့တော်ဝန်လောင်းဖြစ်ဖို့ ရေပန်းစားနေတဲ့
နာမည်ကြီးနိုင်ငံရေးသမား အီဂ​ယောင်းဆော့ (Oh Man-seok) ဟာ တစ်နေ့မှာတော့ တရားမဝင်ငွေတွေကို ဝှက်ဖို့နဲ့
သူ့ရဲ့ရည်စားဖြစ်သူ ဂျီယွန်းနဲ့ ပျော်ပါးဖို့အတွက် လူသူဝေးရာ တောတွင်းက မိန်းမဖြစ်သူပိုင်ဆိုင်တဲ့
ဗီလာအိမ်လေးတစ်ခုဆီကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနေရာမှာတော့ ဗီလာအိမ်ကို စောင့်ရှောက်နေတဲ့
ဂင်ဆွန်းထယ် (Ji Hyun-woo) ဆိုတဲ့ ထူးဆန်းတဲ့ ဒေသခံလူငယ်တစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။

ဂင်ဆွန်းထယ်နဲ့ သူ့သူငယ်ချင်းတွေဟာ ရိုးသားသလိုလိုနဲ့ အီဂ​ယောင်းဆော့ရဲ့ အမှားတွေကို
တစ်စထက်တစ်စ ဖိအားပေး ​ချောင်ပိတ်ရင်း နောက်ဆုံးမှာတော့ လူသတ်မှု၊ ငွေညှစ်မှုတွေအထိပါတဲ့
ထွက်ပေါက်မရှိတဲ့ ကောက်ကျစ်တဲ့ ထောင်ချောက်တစ်ခုထဲ ဆွဲသွင်းလိုက်ပါတော့တယ်။
ပိုပြီးတော့ ထိတ်လန့်ဖို့ကောင်းတာက ဒီအဖြစ်အပျက်တွေ အားလုံးက ဂင်ဆွန်းထယ် ကြိုတင်စီစဉ်ပြီး ရေးသားနေတဲ့
"လူသတ်ဝတ္ထု" တစ်ပုဒ်အတိုင်း ဖြစ်ပျက်နေတာပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားက စိတ်လှုပ်ရှားစရာ Thriller ပုံစံမျိုးကိုတင်ပြထားတာမျိုးမဟုတ်ဘဲ လူတွေရဲ့ လောဘ၊ အာဏာမက်မောမှုနဲ့
ဘဝရဲ့ခါးသီးတဲ့ သရော်ချက်တွေကို ပီပီပြင်ပြင် ရိုက်ပြထားတာဖြစ်ပါတယ်။ ဒါ​ကြောင့် ဇာတ်ရှိန်တက်တက်နဲ့
ဉာဏ်ကစားပွဲတွေကို ကြည့်ရှုလိုသူများအတွက် လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ​နော်။

အရင်ဝင်ပေးပါ☝️ https://t.me/Movies_Sub_Myanmar/981

ကြည့်ရန်လင့် ☝️ https://t.me/Movies_Sub_Myanmar/981

2026ထွက်ကားများအစုံကြည့်ရန်☝️https://t.me/addlist/UAPfDY9Xg4U4NTVl

စီးပွါးရေးလုပ်ငန်းကြော်ညာများထည့်သွင်းလိုပါက ➡️@pixel_boss
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
2
"🔣Dream to you (မင်းအိမ်မက်)" (2026) 🔣အချစ်ဟာသဇာတ်လမ်းတွဲ

အပိုင်း 1ကနေ ထွက်ထားတဲ့အထိကြည့်လို့ရနေပီနော်

အစဆုံး

အရင်ဝင်ပေးပါ☝️ https://t.me/addlist/UAPfDY9Xg4U4NTVl

ကြည့်ရန်လင့် ☝️ https://t.me/c/4359335168/35

စီးပွါးရေးလုပ်ငန်းကြော်ညာများထည့်သွင်းလိုပါက ➡️@pixel_boss
Please open Telegram to view this post
VIEW IN TELEGRAM
3
🔣HOPE (2026) 🔣

Hong-jin ရိုက်ကူးပြီး Hwang Jung-min၊ Zo In-sung နဲ့ HoYeon Jung တို့ ပါဝင်ထားတဲ့ "HOPE" (2026) ရုပ်ရှင်ကားကြီးဟာ တောင်ကိုရီးယားမှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ကတည်းက ရုံတင်ပြသခဲ့ပြီး ဖြစ်ပါတယ်။ 
နိုင်ငံတကာ (အမေရိကန်/ရုံတင်) ပြသရက်အနေနဲ့ကတော့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ရက်နေ့မှာ Neon ကနေ ရုံတင်ပြသသွားဖို့ စီစဉ်ထားပါတယ်။

အရင်ဝင်ပေးပါ☝️ https://t.me/addlist/UAPfDY9Xg4U4NTVl

ကြည့်ရန်လင့် ☝️ https://t.me/c/4357828020/4

Copyright တွေကြောင့်အရင်ဝင်ပေးပီမှကြည့်လို့ရပါမယ် ကျေးဇူးပြုပီး နားလည်ပေး 🎞
Please open Telegram to view this post
VIEW IN TELEGRAM
6🔥1
🔣The Deal (2015) 🔣

IMDb Rating (6.5)
The Deal (2015) ရုပ်ရှင်ဟာ လူမဆန်တဲ့ လူသတ်သမားတစ်ယောက်ကြောင့် ဘဝပျက်သွားခဲ့ရတဲ့
လူနှစ်ယောက်ရဲ့ နာကျည်းချက်နဲ့ ကံကြမ္မာအလှည့်အပြောင်းကို သည်းထိတ်ရင်ဖို ပုံဖော်ထားတဲ့
Crime/Thriller အမျိုးအစား ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

ဒီကားမှာတော့ Bloodhounds ထဲမှ မင်းသား Park Sung-woong၊ Moving ထဲမှ မင်းသား Kim Sung-kyun နဲ့
Fifties Professionals ထဲမှ မင်းသား Kim Sang-kyung တို့က အဓိက သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းအကျဉ်း

စုံထောက်တစ်ယောက်ဖြစ်တဲ့ မင်ထယ်ဆူ (Kim Sang-kyung) ဟာ တရားခံမမိဘဲ ပျောက်ဆုံးနေတဲ့
ကွင်းဆက်လူသတ်မှုတစ်ခုကို လိုက်လံစုံစမ်းနေရင်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ယာဉ်တိုက်မှုတစ်ခုကနေတစ်ဆင့်
ရက်စက်လှတဲ့ တရားခံ ဂျိုဂန်းချွန်း (Park Sung-woong) ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ထယ်ဆူရဲ့ ညီမဖြစ်သူဟာလည်း ဒီလူသတ်သမားရဲ့ နောက်ဆုံး
သားကောင်ဖြစ်ခဲ့ရသလို တစ်ဖက်မှာလည်း ဇနီးသည်ကို ဆုံးရှုံးလိုက်ရတဲ့ ယောက်ျားဖြစ်သူ
အီဆွန်းဟျွန်း (Kim Sung-kyun) ဟာ သောကမီးတွေတောက်လောင်ပြီး လူသတ်သမားအပေါ်
ကလဲ့စားချေဖို့ ခံပြင်းစိတ်တွေနဲ့ ပျောက်ကွယ်သွားခဲ့ပါတယ်။

ပြီးပြည့်စုံတဲ့ ကလဲ့စားချေမှုအတွက် ၃ နှစ်ကြာအောင် အသံတိတ် စောင့်ဆိုင်းပြင်ဆင်ပြီးတဲ့အခါမှာတော့...
ဥပဒေက အပြစ်ပေးလို့မရတဲ့ လူသတ်သမားကို သူတို့နှစ်ယောက်က ဘယ်လိုနည်းလမ်းတွေနဲ့
သွေးကြွေးပြန်ဆပ်ကြမလဲ... နာကျင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကလဲ့စားချေခြင်းရဲ့ အဆုံးသတ်က
ဘယ်လိုဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

အရင်ဝင်ပေးပါ☝️ https://t.me/Movies_Sub_Myanmar/994

ကြည့်ရန်လင့် ☝️ https://t.me/Movies_Sub_Myanmar/994

ဝင်ကြည့်မရသူများအတွက်တစ်ချက်ထဲဝင်ရန်☝️https://t.me/addlist/UAPfDY9Xg4U4NTVl
Please open Telegram to view this post
VIEW IN TELEGRAM
5
🔣Troubleshooter (2010) 🔣

2010 တုန်းက ထွက်ရှိခဲ့တဲ့ အက်ရှင်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အဓိကသရုပ်ဆောင်တွေအနေနဲ့ Hyper Knife ထဲက မင်းသားကြီး Sul Kyung Gu၊
The King: Eternal Monarch ထဲက မင်းသား Lee Jung Jin တို့အပြင်
Teach You a Lesson ထဲက မင်းသားကြီး  Lee Sung Min နဲ့ Cashero ထဲက
မင်းသမီး Kim Hyang Gi တို့ကလည်း ပါဝင်အားဖြည့်ထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း

ရဲဝန်ထမ်းဟောင်းဖြစ်တဲ့ ဂန်ထယ်ရှစ် (Sul Kyung Gu) ဟာ အိမ်ထောင်ရေး
ဖောက်ပြန်တဲ့အမှုတွေကို လက်ပူးလက်ကြပ်ဖမ်းပေးတဲ့ အလုပ်ကို လုပ်ကိုင်နေသူပါ။

တစ်နေ့မှာ ဇနီးဖြစ်သူကို သတ်ခဲ့တဲ့ ကွင်းဆက်လူသတ်သမားရဲ့ နောက်ထပ် လူသတ်မှုတစ်ခုမှာ
တရာခံအဖြစ် အကွက်ဆင်ခံလိုက်ရပြီး ဂန်ထယ်ရှစ်ရဲ့ စွန့်စားခန်းတွေ စတင်လာပါတော့တယ်။

နောက်ကွယ်က အကွက်ချ စီစဉ်ခံရပြီးနောက် ကြိုးကိုင်သူရဲ့ ခိုင်းစေမှုနဲ့  ဂန်ထယ်ရှစ်တစ်ယောက်
နိုင်ငံရေးကိစ္စတွေနဲ့ပါ ပါဝင်ပတ်သက်သွားရင်း အပြစ်ကင်းကြောင်း ပြသဖို့ လွတ်လမ်းရှာဖွေပုံတွေ
နောက်ကွယ်က ကြိုးကိုင်နေသူကို ဖော်ထုတ်ပြီး အမှုဖြေရှင်းပုံတွေကို စိတ်ဝင်တစားကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားပြီး အက်ရှင်ကားကောင်းတွေကို ကြိုက်နှစ်သက်သူတွေအတွက်
လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ်နော်။

အရင်ဝင်ပေးပါ☝️https://t.me/Movies_Sub_Myanmar/999

ကြည့်ရန်လင့် ☝️ https://t.me/Movies_Sub_Myanmar/999

ဝင်ကြည့်မရသူများအတွက်တစ်ချက်ထဲဝင်ရန်☝️https://t.me/addlist/UAPfDY9Xg4U4NTVl
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM