K-DramaReels
4.26K subscribers
570 photos
5 videos
181 links
Download Telegram
Soulmate - Movie [2023] Mmsub စ/ဆုံး
=============================

အတောက်ပဆုံးဖြစ်ခဲ့တဲ့ ငါတို့ရဲ့ ၁၇ နှစ်အရွယ်ကို နင်နဲ့ကုန်ဆုံးခဲ့ရပေမဲ့ ၂၇ နှစ်မှာတော့ နင့်ကိုလွမ်းနေရပြီ
ဇာတ်လမ်းအကျဉ်းလေးကတော့....
ငယ်ငယ်လေးကတည်းကနေ ဆယ်ကျော်သက်အရွယ်ထိ အတူတူကြီးပြင်းလာကြတဲ့မီဆိုနဲ့ဟာအွန်းတို့ အချစ်ဆုံးသူငယ်ချင်းမလေးနှစ်ယောက်။
တစ်ယောက်မရှိရင် တစ်ယောက်မနေနိုင်တဲ့အထိ ချစ်ခဲ့ကြတဲ့ ဒီမိန်းကလေးနှစ်ယောက်ရဲ့ ဘဝထဲကိုဟန်ဂျင်ဝူးဆိုတဲ့ကောင်လေး ဝင်ရောက်လာတဲ့အခါမှာတော့ သုံးပွင့်ဆိုင်ဖြစ်လာမယ့် Romance ဇာတ်လမ်း အေးအေးလေးကို ကြည့်ရှုခံစားကြရမှာပါ။
Soulmate ဆိုတဲ့ တရုတ်ရုပ်ရှင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးOur Beloved Summer ထဲက Kim Dami,Our Blooming Youth ထဲက Jeon SoNee နဲ့20th Century Girl ထဲက Byun WooSeok တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်

Telegram Channel Link
https://t.me/+FIIQ1mSQTNQ5Yzk1
Telegram video Link
https://t.me/c/2203779568/79
Channel name was changed to «Movie Reels ( Korean Movie - MM Sub )»
20th Century Girl [720p]Myanmar Sub

"နည်းနည်းလောက်ပဲ စောင့်နေပေး
ကိုမင်းဆီကျိန်းသေ‌ပေါက် ပြန်လာခဲ့ပါ့မယ်"
"၂၁ ရာစုရဲ့ ဘိုရာကို လွမ်းတယ်"

ကိုယ်အသဲစကွဲနေတဲ့အချိန်မှာကြည့်ခဲ့ရတဲ့ကားလေး အချစ်ဦး

အချစ်ပုံပြင်တွေထဲမှာ အလှဆုံးက အချစ်ဦးပုံပြင်ပါ။ အချိန်ကာလဆိုရင်တော့ ၉၀ ခုနှစ်တွေဆီက အချစ်တေးသွားပေါ့။ ဒီနှစ်မျိုးကို တစ်ကားထဲမှာ ခံစားရမယ့် 20th century girl movie

ဇာတ်လမ်းလေးကတော့ နာမည်တွေကြီးနေတဲ့အတိုင်းပဲ သူငယ်ချင်းရဲ့ Crush အကြောင်းစုံစမ်းပေးရာကနေ လူမှားပြီး အထင်လွဲမှုတွေ၊ ရင်နာစရာတွေဖြစ်တော့မယ့်ဇာတ်လမ်းလေးပါ။ ဆက်သွယ်ရတာ ထင်သလောက်မလွယ်တဲ့ခေတ်မို ဇာတ်လမ်းက ပိုစိတ်လှုပ်ရှားရပါတယ်။ ဇာတ်လမ်းအေးအေးငြိမ့်ငြိမ့်လေးကိုမှ သိပ်လှတဲ့ရိုက်ချက်တွေ၊ ရိုးရှင်းတဲ့ စကားပြောတွေ၊ သရုပ်ဆောင်ချက်တွေနဲ့အတူတူ သယ်ဆောင်သွားမှာပါ။
Telegram Channel Link
https://t.me/+FIIQ1mSQTNQ5Yzk1

Telegram video Link
https://t.me/c/2203779568/89
Heartstrings (2011)🥰
=================

နှလုံးသားရဲ့ချစ်သံစဥ်

တစ်ချိန်တစ်ခါကနေ အခုချိန်ထိ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ series လေး လာပါပြီး။ You're Beautiful ထဲမှာ မညားလိုက်ရတဲ့ ရှင်ဝူးနဲ့ ဂိုမီနမ်အတွက်သက်သက်တစ်ကားဖန်တီးပေးထားသလိုပါပဲ။

Lee Shin (Jung Yong Hwa) က ခေတ်ပေါ်တေးဂီတမေဂျာကို အဓိကယူထားတဲ့ကျောင်းသား ဖြစ်ပြီး Stupid အဖွဲ့ရဲ့ main vocalist နဲ့ guitarist ပါ။ရုပ်ရည်ချောမောပြီး ဂီတကို ပြင်းပြင်းပျပျ ဝါသနာပါသူအဖြစ် ကျောင်းမှာနာမည်ကြီး ရေပန်းစားပေမဲ့ တကယ်တမ်းကျ အေးတိအေးစက်နဲ့ အနာဂတ်ကို စိတ်မဝင်စားသူတစ်ဦးပါ။

Lee Kyu Won (Park Shin Hye)ကတော့ ရိုးရာဂီတမေဂျာကဖြစ်ပြီး ကိုရီးယားရိုးရာ ၁၂ ကြိုးစောင်းကို ကျွမ်းကျင်သူပါ
အဘိုးဖြစ်သူ Lee Dong Gun က ထိပ်တန်းရိုးရာဂီတသမားဖြစ်တာကြောင့်အဘိုးရဲ့ထိန်းချုပ်မှုအောက်မှာ ကြီးပြင်းရင်း ရိုးရာဂီတပညာရှင်ဖြစ်ဖို့ကလွဲပြီး ကျန်တာဘာမှမသိသူလေးပေါ့။

တစ်နေ့မှာတော့ သူငယ်ချင်းတွေနဲ့ Lee Shin ဖျော်ဖြေတာကိုသွားကြည့်ရင်း Lee Shin က သူမရဲ့ အရာရာဖြစ်လာပါတော့တယ်။

ဒီကားလေးက တက္ကသိုလ်ကျောင်းသားတွေရဲ့ ဘဝ၊ အိပ်မက်နဲ့ အချစ်ကိုလှလှပပ ပုံဖော်ထားတဲ့ Youth Melodrama လေးပါ။ Ost ဇာတ်ဝင်တေးတွေကလည်း အခုချိန်ထိ နားထောင်လို့ကောင်းနေတုန်းပါပဲ။

Heartstrings ပရိသတ်တွေအတွက် CM က ပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းတွဲအညွှန်းကိုတော့ AHtet မှရေးသားပေးထားပါတယ်။

🔽🔽🔽

👍 Channel Link - https://t.me/+J2V96DHsRBszZjI1

👍 Movie Link - https://t.me/c/2203779568/92
Please open Telegram to view this post
VIEW IN TELEGRAM
⚡️Extraordinary You(2019)⚡️
=======================
Lovely Runnerထဲကဆိုးလ်ရဲ့2019 တုန်းကရိုက်ကူးခဲ့တဲ့ KDrama လေးပါ
(ဇာတ်လမ်းအညွှန်း)
ချမ်းသာတဲ့မိသားစုရဲ့ တစ်ဦးတည်းသောသမီး အွန်ဒမ်အို အွန်ဒမ်အိုက တစ်ရက် သူ့မှတ်ဉာဏ်တွေ တစ်ပိုင်းတစ်စစီပျက်ပျက် သွားတာကို သတိထားမိပြီး
ကိုယ့်ကိုကိုယ် အတိတ်မေ့ရောဂါဖြစ်နေတယ်လို့ ထင်ရာကနေ မထင်မှတ်ဘဲ မယုံနိုင်စရာ အဖြစ်တွေ ကြုံတွေ့ပြီး သူ့ကိုယ်သူ ကာတွန်းဇာတ်ကောင်ဆိုတာ
သိသွားတဲ့အခါ…
သူဖြစ်ချင်တာ တစ်ခုမှမဖြစ်ဘဲ ကာတွန်းရေးဆရာအလိုကျ ဖြစ်နေတာကို သိသွားတဲ့အခါ… ပြီးတော့ သူဆယ်နှစ်တာလုံး တစ်ဖက်သတ်ချစ်ခဲ့ရတဲ့သူကသူတကယ်ချစ်တဲ့သူမဟုတ်ဘဲ စာရေးဆရာအလိုကျ ချစ်ရတာကို သိသွားပြီးနောက် သူ့ရဲ့အချစ်စစ်ကို လိုက်ရှာဖွေပါတော့တယ် အဲဒီလိုနဲ့ တစ်ရက် သူတို့ကျောင်းက နာမည်တောင်မရှိတဲ့ ကောင်လေးတစ်ယောက်နဲ့ အမှတ်မထင်တွေ့ရှိခဲ့တယ် ဒမ်အိုက သူ့ကိုယ်သူ အဓိကဇာတ်ဆောင်ထင်ထားခဲ့ပေမဲ့ တကယ်တော့ သူက အရန်ဇာတ်ဆောင်တစ်ခုပဲဆိုတာ သိလိုက်ရတော့ ဘယ်လိုရှေ့ဆက်မလဲ ကာတွန်းရေးဆရာဆွဲတဲ့အတိုင်းပဲ ဆက်သွားမလား သူ့ရဲ့အချစ်စစ်ကို လိုက်ရှာမလားဆိုတာ ကြည့်ရှုရမှာပါ


Channel - https://t.me/+J2V96DHsRBszZjI1

Movie Link - https://t.me/c/2203779568/109
‼️Korean Movie Links ‼️

ကိုယ်ကြည့်ချင်တဲ့ ဇာတ်ကားတွေ ပြန်ရှာရတာ လွယ်ကူစေဖို့ Korean ဇာတ်လမ်းကောင်းများကို တစ်နေဟာထဲမှာ link တွေစုပေးထားပါတယ်။

မကြည့်ရသေးတဲ့ ဇတ်ကားလေးတွ ရှိရင်လဲ ကြည့်လို့ရ မင်မင်တို့ ငျောလေးစုပေးထားပါတယ်။ ကြည့်ချင်တဲ့ ဇာတ်လမ်းလေးတွေရှိရင်လဲ Comment မှာ ရေးခဲ့ပေးလို့ရပါတယ်။

⬇️⬇️⬇️⬇️⬇️

https://moviereelssub.blogspot.com/search/label/Korean%20Movie
Please open Telegram to view this post
VIEW IN TELEGRAM
True Beauty(2021)
==================

Kim Ju Gyeong ဟာရုပ်ရည်ကြောင့်ငယ်ငယ်ကတည်းကအလှောင်ခံနှိပ်စက်ခံရတဲ့
ကျောင်းသူလေးပါ YouTube  ကနေ Makeup  ပညာကို လေ့လာ
ပြီးကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင်ကြိုးစားသူလေးပေါ့ သူမရဲ့ကျွမ်းကျင်လှတဲ့အရည်အချင်းတွေကြောင့် Makeup  လိမ်းထားတဲ့အခါနတ်သမီးသဖွယ်လူတစ်ကာငေးမောလောက်အောင်ကိုလှပပေမယ့်  Makeup  မပါတဲ့မျက်နှာကိုတော့လူအများကိုပြဖို့ယုံကြည်မှုမရှိသူလေးပါ
ဒါပမေယ့် သူမရဲ့ Makeup မပါတဲ့မျက်နှာကိုသိရှိသွားသူကတော့
Lee Suho(Cha Eun Woo) ပါ

Lee Soho ကတော့ကျောင်းမှာ ပညာရေး/အားကစား/ရုပ်ရည် /ငွေကြေးပါချမ်းသာ အဖက်ဖက်ကပြည့်စုံသူလေးဖြစ်ပြီး ကျောင်းတွင်မိန်းကလေးကြားနာမည်ကြီးသူတစ်ယာက်လေးပါ
သူတို့နှစ်ယောက်ကြားဘယ်လိုတွေ  ဖြစ်လာမလဲ ကိုတော့.........
ဘယ်လိုတွေရီရမလဲကို ကြည့်ကြရမှာပါ
Channel Link - https://t.me/+FIIQ1mSQTNQ5Yzk1
Series Link - https://t.me/c/2203779568/129
⚡️A Business Proposal (2022)⚡️

ဇာတ်လမ်းအညွှန်း

Shin Ha Ri ကတော့ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး ငယ်သူငယ်ချင်းတစ်ဦးကို တစ်ဖက်သတ်ချစ်နေတဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ ချစ်ရသူမှာ ဆိုင်သူရှိနေတာကိုသိပြီး ကြေကွဲစွာနဲ့ သူငယ်ချင်းဖြစ်တဲ့ Jin Youn Seo ဆီရောက်လာပါတော့တယ်။ အဲဒီမှာ Ha Ri တစ်ယောက် သူငယ်ချင်းအစား Blind Date သွားတွေ့ပေးဖို့ဖြစ်လာပါတော့တယ်။

Ha Ri တွေ့ပေးရမယ့်သူက Kang Tae Mu ဆိုတဲ့ သူ့ရဲ့ကုမ္ပဏီ CEO ပါ။ အလုပ်ကိုသာ အာရုံစိုက်ထားတဲ့ Tae Mu အတွက် blind date က စိတ်ပျက်စရာတာဝန်တစ်ခုဖြစ်နေတာပါ။ အဘိုးဖြစ်သူရဲ့တဇွတ်ထိုးခိုင်းစေမှုကြောင့် ဒီတစ်ခါတွေ့မယ့်သူကို လက်ထပ်ပြီး အလုပ်ကိုသာ အာရုံစိုက်ထားမယ်လို့ ဆုံးဖြတ်ထားလိုက်ပါတယ်။

ငြင်းခံရအောင်လုပ်မယ့်သူနဲ့ ဘာလာလာ လက်ထပ်မယ်ဆိုတဲ့သူကြားက မှော်ဆန်တဲ့ Blind Date။ လိုက်မယ် ပြေးကြမယ့်စုံတွဲ။ ဇာတ်ကားမတိုင်ခင်တည်းက Main lead တွေရဲ့ကြား ဓာတုဗေဒမိမှုတွေကြောင့် ဖန်သားပြင်ပေါ်က အပေးအယူမျှမှုတွေကိုလည်း မျှော်နေမိပါပြီ။ ခွေးပေါက်လေးတို့အတွဲကလည်း second couple အနေနဲ့ ကြမ်းဦးမှာမို့ ပရိတ်သတ်တွေအကြိုက်တွေ့ဦးမှာပါပဲ။

⬇️⬇️⬇️⬇️⬇️

Channel Link - https://t.me/+J2V96DHsRBszZjI1

Movie Link - https://t.me/c/2203779568/146
Please open Telegram to view this post
VIEW IN TELEGRAM
🔥Twenty Five Twenty One (2022)🔥
========================

အမှတ်တရဟောင်းတွေ ဒဏ်ရာခပ်မှိန်မှိန်တွေကို ပြန်လည်တမ်းတမိစေမယ့် ၉၈ ခုနှစ်ကို ဇာတ်အိမ်တည်ထားတဲ့ Twenty Five Twenty One ~
ချမ်းသာတဲ့ဘဝကနေ မထင်မှတ်ထားတဲ့အပြောင်းအလဲကြောင့် သတင်းစာပို့တဲ့အလုပ်လုပ်ရင်း ကျောင်းတက်နေရတဲ့ကောင်လေး Baek YiJin
ကျောင်းရဲ့ Fencing team မှာကစားနေရာကနေ တောင်ကိုရီးယားရဲ့ငွေကြေးအခက်အခဲပြသနာကြောင့် အဖွဲ့ဖျက်သိမ်းလိုက်ရပြီး အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရတဲ့ ကောင်မလေး Na HeeDo
ဒီနှစ်ယောက်ရဲ့ ပထမဆုံးတွေ့ဆုံမှုဟာ ၁၈ နှစ် နဲ့၂၂နှစ် အရွယ် ~
၂၁ နှစ်နဲ့၂၅ နှစ်ဖြစ်လာမယ့် သုံးနှစ်အကြာမှာ
သူတို့နှစ် ယောက်ကြားက ပြောင်းလဲလာတဲ့ခံစားချက်တွေက လှပတဲ့အဆုံးသတ်တစ်ခုဖြစ်နိုင်မလား ? ပြန်မမှတ်မိချင်တဲ့ဒဏ်ရာတွေပဲဖြစ်သွားဦးမလား ?

⬇️⬇️⬇️⬇️⬇️⬇️⬇️

Channel Link - https://t.me/+J2V96DHsRBszZjI1

Movie Link - https://t.me/c/2203779568/159
Please open Telegram to view this post
VIEW IN TELEGRAM
⚡️Our Beloved Summer  (2021 )⚡️
=========================
ဇာတ်လမ်းအညွှန်း

ရိုးအပြီး လွတ်လွတ်လပ်လပ်နေတတ်တဲ့ကောင်လေး Choi Woong အဖြစ် Choi Woo-Sik~
ခက်ထန်တဲ့ လက်တွေ့ဘဝကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်နေတဲ့ ကောင်မလေး Kook Yeon-Soo အဖြစ် Itaewoon ထဲကစွာစိလေး Kim Da-Mi~
၁၀နှစ်အကြာက လမ်းခွဲထားကြတဲ့ သူတိုနှစ်ဦး...
အထက်တန်းကျောင်းတုန်းက ရိုက်ခဲ့တဲ့  မှတ်တမ်းတင်ရုပ်ရှင်ဟာ အမှတ်မထင်  နာမည်ကြီးကျော်ကြားလာပြီး  လမ်းခွဲထားတဲ့ ချစ်သူနှစ်ဦးကို ကင်မရာရှေ့မှာ ပြန်လည်ဆုံတွေ့ရအောင် အကြောင်းဖန်လာတဲ့အခါ...
အနည်ထိုင်နေတဲ့ နှလုံးသားတစ်စုံကို ကံကြမ္မာက  လှုပ်နိုးပေးလိုက်တဲ့ အခါ...
ပြီးဆုံးသွားပြီလို့ မှတ်ယူထားတဲ့ ခံစားချက်တစ်ခုက  တဖန် ပြန်လည် အသက်ဝင်လာဦးမှာလား...
အတွဲညီညီ သရုပ်ဆောင်ချက်တွေနဲ့ ချစ်ခြင်းရဲ့သဘောသဘာဝ ကို ပြသပြီး ရသမျိုးစုံပေးစွမ်းဦးမယ့် "Our Beloved Summer" ဆိုတဲ့ ဇာတ်ကားကောင်းလေးပါ

⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️

Channel က Private ကလးဖြစ်လို့ Channel ကို Join ပြီးမှ Movie Link နိပ်ပေးပါရန်။

Channel Link - Click Here

Movie Link - Click Here

အခြား Korean Movie များ ကြည့်ရန် - Click Here
Please open Telegram to view this post
VIEW IN TELEGRAM
Playful Kiss (2010) Season-1+2
=======================

ဟန်ဆောင်အနမ်း

2010ခုနှစ်မှာ ၁၆ပိုင်း ထွက်ရှိခဲ့ပြီး လူကြိုက်များအောင်မြင်ခဲ့လို့ Special Episode အနေနဲ့ နောက်ထပ်၇ပိုင်းထွက်ရှိခဲ့ပါတယ်။
အထက်တန်းကျောင်းရဲ့နှင်းဆီခိုင်ဘတ်ဆွန်းဂျိုIQ 200ရှိပြီးချောမောတဲ့ရုပ်ရည် ခပ်မိုက်မိုက်စတိုင်ကြောင့်တစ်ကျောင်းလုံးကမိန်းကလေးတွေcrushရသူ
ဆွန်းဂျိုကိုကြိုက်နေတဲ့မိန်းကလေးတွေထဲမှာ အိုဟာနီလဲပါတာပေါ့ အိုဟာနီဆိုတာ အတန်းထဲမှာအဆင့်ကဘိတ်ဆုံး ရုပ်ရည်ကလဲသာမန်ပဲ ပျော်ပျော်နေတတ်ပြီးရှပ်ပြာပြာတလွဲတွေလုပ်တတ်တဲ့မိန်းကလေး
ဆွန်းဂျိုကိုcrushကြောင်း ရည်းစားစာပေးခဲ့ပေမယ့်စာလုံးပေါင်းသတ်ပုံအမှားတွေကြောင့်အရှက်ကွဲခဲ့ရတယ်။
သူမကိုအသည်းအသန်နှစ်တွေအကြာကြီးကြိုက်နေတဲ့ ငယ်သူငယ်ချင်း ဘုံဂျွန်ဂုရှိပေမယ့်လဲ အိုဟာနီကတော့ အချေဘတ်ဆွန်းဂျိုကိုပဲတစ်စိုက်မတ်မတ်ချစ်ခဲ့တယ်
ကံကြမ္မာကအကြောင်းဖန်လာတော့ အိုဟာနီတို့အိမ်က ငလျင်ကြောင့်ပျက်စီးသွားခဲ့ပြီး အိုဟာနီအဖေရဲ့ငယ်သူငယ်ချင်းအိမ်မှာသွားနေဖို့ဖြစ်လာခဲ့တယ်။
သူမအဖေရဲ့သူငယ်ချင်းဟာဆွန်းဂျိုရဲ့အဖေဖြစ်နေပြီး ဆွန်းဂျိုနဲ့အိုဟာနီတို့တစ်အိမ်ထဲမှာတူတူနေရဖို့ဖြစ်လာတဲ့အခါမှာတော့အိုဟာနီရဲ့စိတ်ရင်းမှန်အချစ်စစ်ကိုအေးတိအေးစက်နဲ့မိန်းကလေးတွေကိုစိတ်မဝင်စားတဲ့ဘတ်ဆွန်းဂျိုကခံစားသိရှိပါ့မလား

⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️

Channel က Private လေးဖြစ်လို့ Channel ကို Join ပြီးမှ Movie Link နိပ်ပေးပါရန်။

Channel Link - Click Here

Season ( 1 ) - https://t.me/c/2203779568/193
Season ( 2 ) - https://t.me/c/2203779568/210

အခြား Korean Movie များ ကြည့်ရန် - Click Here
Please open Telegram to view this post
VIEW IN TELEGRAM
🔔Boys Over Flower (2009) 🔔
=======================

အရင်ကအရမ်းနာမည်ကြီးခဲ့ပြီးအရမ်းကြည့်လိုကောင်းတဲ့လီမင်ဟိုမင်းသားရဲ့ ဇာတ်လမ်းကောင်းလေးပါ
လွန်ခဲ့သော ၁၀ စုနှစ်ဆီက အောင်မြင်ခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲ တစ်ခုဖြစ်ပြီးတော့F4 လို့ နာမည်ကြီးခဲ့တဲ့ မင်းသားချော ၄ ယောက် နဲ့
ဂင်ဂျန်ဒီ လို့ ခေါ်တဲ့ အမျိုးသမီးငယ်လေးအကြောင်း ဇာတ်လမ်းပဲ ဖြစ်ပါတယ်။
မာနကြီးတဲ့ လူကုံထံ သူဌေးသားလေး ၄ ယောက်ဟာ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး စာရင်းဝင်များ ဖြစ်ကြပါတယ်။
တစ်နေ့မှာတော့ သူတို့ရဲ့ဘဝထဲကို ဂင်ဂျန်ဒီ ဆိုတဲ့ အမျိုးသမီးငယ်တစ်ယောက် ရောက်ရှိလာခဲ့တဲ့ အချိန်မှာတော့ ……
ကိုရီးယား ဒရာမာ ပရိသတ်များ တော်တော်လေး အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားမို့ အခုချိန်ကြည့်လည်း ရိုးမယ် မထင်ပါဘူး။


⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️

Channel က Private လေးဖြစ်လို့ Channel ကို Join ပြီးမှ Movie Link နိပ်ပေးပါရန်။

Channel Link - Click Here

Movie ကြည့်ရန် - https://t.me/c/2203779568/225

အခြား Korean Movie များ ကြည့်ရန် - Click Here
Please open Telegram to view this post
VIEW IN TELEGRAM
👍 Happy Father Day 👍
Please open Telegram to view this post
VIEW IN TELEGRAM
Doctor Slump(2024)
===============

ဇာတ်လမ်းအကျဥ်း

The Heirs ထွက်ပြီး ၁၀ နှစ်အကြာမှာ main lead တွေအဖြစ်အတူ ပြန်လည် လက်တွဲသရုပ်ဆောင်ဖို့ဖြစ်လာတဲ့ Park Shin Hye နဲ့ Park Hyung Sik တို့ရဲ့ ဒရမ်မာအသစ်လေး ထွက်ရှိလာပါပြီ။

Yeo Jeong-woo (Park Hyung-sik) ဟာဆိုရင် ဘယ်တော့မှပထမနေရာကို လက်လွတ်ဖူးခြင်း မရှိသူပါ။တစ်နေ့ Jeong-woo ရဲ့ အခန်းထဲကို Nam Ha-neul (Park Shin-hye) ဆိုတဲ့ကျောင်းသူလေး ကျောင်းပြောင်းလာပါတယ်။ Ha-neul ဟာဆိုရင်လည်း ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုရလဒ်ရရှိဖို့အတွက် ၁၂၀ ရာခိုင်နှုန်း အားထုတ်တတ်တဲ့ စာကြမ်းပိုးမလေးပါ။

တစ်ကျောင်းတည်းမှာ အဆင့်တစ်နှစ်ယောက်ရှိလို့ မရတဲ့အတွက်
သူတို့နှစ်ယောက်က အချင်းချင်း မုန်းတီးပြီး အကြိတ်အနယ် ပြိုင်ဆိုင်တဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတာပေါ့။အဲဒီလိုနဲ့အထက်တန်းကျောင်းပြီးနောက် ကွဲကွာသွားပြီး ၁၄ နှစ်အကြာမှာ Jeong-woo နဲ့ Ha-neul တို့ ပြန်လည်ဆုံတွေ့ဖို့ အကြောင်းဖန်လာပါတော့တယ်။

ကိုယ်စီအကြောင်းတရားတွေကြောင့် ဆရာဝန်အလုပ်ကနေ ထွက်လိုက်ရပြီးဘဝရဲ့ အဆိုးဆုံးအခြေအနေကို ရောက်နေတဲ့သူတို့နှစ်ယောက်....အပြန်အလှန် နှစ်သိမ့်ပေးရင်း ရန်သူတွေအဖြစ်ကနေ ချစ်သူ‌တွေအဖြစ်ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ‌ကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်စောင့်ကြည့်ပေးကြပါဦး။

⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️

Channel က Private လေးဖြစ်လို့ Channel ကို Join ပြီးမှ Movie Link နိပ်ပေးပါရန်။

Channel Link -
Click Here

Movie ကြည့်ရန် -
https://t.me/c/2203779568/251

အခြား Korean Movie များ ကြည့်ရန် -
Click Here
Please open Telegram to view this post
VIEW IN TELEGRAM
Fight for My Way (2017)
==================

ဇာတ်လမ်းအကျဉ်း

"Fight My Way" ဇာတ်ကားက Romance Drama အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းက ဘဝမှာရှံးနှိမ့်မှုတွေ အစဉ်အမြဲရင်ဆိုင်နေရပေမယ့်လည်း ကိုယ့်ရည်မှန်းချက်တွေအောင်မြင်ဖို့ ကြိုးစားနေတဲ့ လူငယ်နှစ်ယောက်အကြောင်းရိုက်ထားတာပါတဲ့

အရင်က နာမည်ကြီးတိုက်ကွမ်ဒိုကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး ခုတော့ မထင်မရှား ကိုယ်ခံပညာ ကစားသမားအနေနဲ့ရပ်တည်နေရတဲ့ လူငယ်တစ်ယောက် Go Dong Man အဖြစ် Park Seo Joon ကသရုပ်ဆောင်မှာပါ

ဖြစ်ချင်တဲ့ အိပ်မက်က သတင်းကြေငြာသူတစ်ယောက် ဖြစ်ပေမယ့်လည်း လတ်တလော ကုန်တိုက်ကြီးတစ်ခုက စုံစမ်းရေးဌာနမှာအလုပ်လုပ်နေတဲ့ Choi Ae Ra အဖြစ် Kim Ji Won ကသရုပ်ဆောင်မှာပါ

သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် နှစ်ရှည်လှများကတည်းကသိနေခဲ့ကြပြီး အရင်ကပြတ်သွားတဲ့ အဆက်ဟောင်းတွေအကြောင်းတောင် စနောက်ကြတဲ့အထိ အရမ်းကိုခင်တဲ့သူငယ်ချင်းတွေပါ ဒီဇာတ်ကားက အပေါ်ယံသကာလောင်းထားတဲ့ Romance တွေထက် တကယ့်လက်တွေ့ကျတဲ့ Romance တွေနဲ့ ကြည့်ရှုသူပရိတ်သတ်ရဲ့အာရုံတွေကိုဖမ်းစားသွားဖို့ ရည်မှန်းထားတဲ့ဇာတ်ကားတစ်ကားပါတဲ့

⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️

Channel က Private လေးဖြစ်လို့ Channel ကို Join ပြီးမှ Movie Link နိပ်ပေးပါရန်။

Channel Link -
Click Here

Movie ကြည့်ရန် -
https://t.me/c/2203779568/268

အခြား Korean Movie များ ကြည့်ရန် -
Click Here
Please open Telegram to view this post
VIEW IN TELEGRAM