ခရောင်းလမ်းလျှောက် ပန်းခင်းလမ်းဖောက်ခဲ့သူ
=============================
အခန်း( ၁ )
ဝန်းကျင်တစ်ခွင်မည်းမှောင်အုံ့ဆိုင်းနေပြီး မိုးကလေးက တဖွဲဖွဲကျလို့နေပါသည်။ မြေသားရနံ့ သင်းပျံ့ပျံ့ကြားဝယ် သီးနှံစိုက်ခင်းများ စိမ်းစိုဖြစ်ထွန်းလို့နေသည်။ အစကောင်းခဲ့သည့် သီးနှံ စိုက်ခင်း များကို ကြည့်ကာ လူသားများစွာ၏ ရင်တွင်းဝယ် ဝမ်းသာအပြုံးများ စီးဝင်လို့နေပါသည်။ ဤဒေသရှိ လူအများ၏ ဘဝရပ်တည်မှုသည် ဤသီးနှံစိုက်ခင်းများပေါ်မှာ အခြေပြုသည်မဟုတ်လားလေ။
ခရစ်သက္ကရာဇ် ၁၉၅၆ ခုနှစ်၊ နယုန်လ၏နှောင်းပိုင်းကာလ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူး မြို့၌ ဖြစ်၏။
မွေးဖွားခန်းအဝ လျှောက်လမ်းကလေးမှာ လူတစ်ဦး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပါ သည်။ ထိုလူ၏မျက်နှာဝယ် စိုးရိမ်ပူပန်စိတ်များ ထင်ဟပ်လို့နေသည်။ ပါးစပ်မှလည်း တရားစာများ တဖွဖွ ရွတ်နေသေးသည်။ ခေါက်တုံ့ခေါက်ပြန်လျှောက်လှမ်းနေသည့် ခြေလှမ်းများက တည်ငြိမ်မှု မရှိလှ။ အေးမြမြမိုးသားများကြားဝယ်၌ပင် ထိုလူ၏မျက်ဝန်း၌ ချွေးစကလေးများ စို့လို့နေပါသည်။
“အူဝဲ… အူဝဲ”
မွေးဖွားခန်းတွင်းမှ ကလေးငယ်တစ်ဦး၏ ‘အူဝဲ’သံကို ကြားလိုက်ရသည့်အချိန် ထိုလူ၏ မျက်ဝန်း၌ ရုတ်တရက်ဖြစ်ပေါ်လာသည့် အပြုံးများက ကမ္ဘာပေါ်တွင် အလှဆုံးအပြုံးဟုပင် ဆိုထိုက် လှပေသည်။ အညာဒေသမှာ လာရောက်တာဝန်ထမ်းဆောင်နေသူ ထားဝယ်ဇာတိ၊ ထားဝယ်လူမျိုး ဖခင်ကြီး၏အပြုံး။ မွေးဖွားခန်းတွင်းမှ မွေးဖွားလာသည့် သူကလေးသည် နောင်တစ်ချိန် မြန်မာနိုင်ငံ ၏ သမိုင်းအနာဂတ်တွင် ဦးဆောင်လမ်းပြမည့် လူသားတစ်ဦးဖြစ်လာမည်ကို မည်သူမျှ မသိကြသေး ပါချေ။
အနုပညာရပ်ဝန်းတွင် ပန်းချီဆရာတစ်ဦးအဖြစ် ရပ်တည်ခဲ့သူ ဖခင်ကြီးမှာ နိုင်ငံ့ဝန်ထမ်း တစ်ယောက်လည်း ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းဖြစ်သည်နှင့်အညီ နယ်မြေအနှံ့ ခြေဆန့်၍ တာဝန် ထမ်းဆောင်ခဲ့ရသည်ဖြစ်ရာ သူကလေးလည်း ကောက်ကောက်ပါအောင် လိုက်ပါခွင့်ရခဲ့သည်။ ထိုကဲ့ သို့ နယ်မြေအနှံ့ သွားလာခွင့်ရခဲ့သည်များက သူ၏ဘဝ အနာဂတ်မှာ အထောက်အပံ့ကောင်းများ ဖြစ် လာလိမ့်မည်ဟု ထိုစဉ်တုန်းက သူတစ်ယောက် မသိခဲ့သေးပါချေ။ ဖခင်ကြီး၏ ကျေးဇူးဖြင့် မြန်မာ နိုင်ငံအနှံ့အပြားက တိုင်းရင်းသားလူမျိုးများစွာ၏ ဘဝရပ်တည်မှုအခြေအနေများကို သူ ငယ်စဉ်ဘဝ ကပင် ထဲထဲဝင်ဝင် လေ့လာမှတ်သားခွင့်ရခဲ့ပါသည်။ အရာရာကို မှတ်မှတ်သားသားရှိလှသည့် သူ့ အတွက်တော့ အဖိုးထိုက်လှသောအခြေခံကောင်းများပင်ဖြစ်လို့နေပါ၏။ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်သူ မိဘနှစ်ပါးနည်းတူ သူသည်လည်း ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်ခဲ့သူ ဖြစ်ပါ သည်။ ငယ်ကတည်းက တရားဓမ္မများ ရင်တွင်းကိန်းအောင်းခွင့်ရခဲ့ပြီး ကိုယ်ချင်းစာတရားသည်ကား အလိုလို ပေါက်ဖွားခဲ့သည့် အခြေခံတရား ဖြစ်ခဲ့လေသည်။ သို့အတွက် မတိုးတက်သော၊ မဖွံ့ဖြိုးသော၊ ခက်ခဲစွာ ရပ်တည်နေထိုင်ရသူများကို တွေ့မြင်ရသည့်အခါ မြှင့်တင်ပေးလိုစိတ်များ အလိုလို ပေါက် ဖွားလာသည်က ကလေးငယ်တစ်ယောက်၏ အရွယ်နှင့်ပင် လိုက်ဖက်မှုမရှိလှပါချေ။
ငယ်ကတည်းက စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိအောင် ပြုစုပျိုးထောင်ပေးခဲ့သည့် မိခင်၊ ဖခင် နှစ်ဦးသား၏ ကျေးဇူးတရားကြောင့် ကျောင်းတော်ကြီးဆီ စတင်ချီတက်ခဲ့သည့် သူ၏ ခြေလှမ်းများက တက်ကြွလို့နေပါသည်။ စာပေအပေါ် မွေ့လျော်သည့်သူ့အပေါ် မိခင်၊ ဖခင်နှစ်ဦးစလုံး ကြည်နူးပီတိ ဖြစ်ခဲ့ရပါသည်။ စိတ်ဝယ်ချမ်းမြေ့ ကျေနပ်ခဲ့ရပါသည်။
သူငယ်ချင်းအပေါင်းအသင်းများနှင့် အသားကျနေထိုင်တတ်သည်က သူ၏ နဂိုဗီဇပါရမီဟုပင် ဆိုရလေမည်လား။ စာသင်ခန်းတွင်း စည်းလုံးညီညွတ်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ဆရာ/ ဆရာမ များ၏ ဝတ်ကြီးဝတ်ငယ်အသွယ်သွယ် ဖြည့်ဆည်းဆောင်ရွက်ရေးများကို သူကပင် အကြံပေး ဆောင်ရွက်သည့်အခါ အခန်းဖော်သူငယ်ချင်းများသည်လည်း သူ၏ အကြံဉာဏ်များကို သဘောကျ ထောက်ခံကြလျက်ရှိသည်။ သူ၏ကျောင်းနေအရွယ်ဘဝသည် ဤသို့ အစပြုခဲ့ပါသည်။
ပညာရေးကို အားပေးအားမြှောက်ပြုသူ မိဘနှစ်ပါး၏ ပြုစုပျိုးထောင်ပေးမှုအောက်ဝယ် သူ၏ ကြိုးစားအားထုတ်မှုများ တစ်စတစ်စ အထမြောက်ခဲ့ပါသည်။ သူ၏ ပြင်မရသည့်အလေ့အထ တစ်ခု မှာ တစ်နေ့လျှင် တစ်နာရီမျှ စာမဖတ်ရလျှင် မနေတတ်ခဲ့ခြင်းပင် ဖြစ်သည်။ ငယ်စဉ်ကတည်းက စာမှန်သမျှကို စွဲစွဲလမ်းလမ်း ဖတ်ဖြစ်ခဲ့သည်။ အတန်းစာနှင့်ပြင်ပစာပေများကို မျှမျှတတ ဖတ်ရှု တတ်ဖို့ကိုလည်း မိဘနှစ်ပါးက ပဲ့ကိုင်ပေးခဲ့ပါသည်။ ဘဝအစ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို ၁၉၇၂ ခုနှစ်တွင် အောင်မြင်ခဲ့သည်။ လူသားတစ်ယောက်၏ မေ့မရသည့်ဘဝနေ့စွဲထဲတွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲအောင်မြင်သည့်နေ့ရက်သည်လည်း တစ်ခုအပါအဝင် ဖြစ်၏။ အဖေနှင့်အမေတို့ထံ မှ အပျော်ထူးများကို သူ မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရသည့်နေ့လည်း ဖြစ်ပါသည်။
အခြေခံပညာတတ်မြောက်ပြီးနောက် အဆင့်မြင့်ပညာရပ်များ ဆက်လက်လေ့လာဆည်းပူး ရန် သူ ပထမဆုံး ခြေလှမ်းစခဲ့သည်က ရန်ကုန်တက္ကသိုလ်ပရဝုဏ်အတွင်းရှိ ဥပဒေဌာန၌ ဖြစ်၏။ သူ စိတ်ဝင်စားခဲ့သည့် ဥပဒေပညာရပ်များကို လေ့လာဆည်းပူးနေစဉ်မှာပင် သူ ဝါသနာပါရာ စစ်တက္က သိုလ်မှ ဗိုလ်လောင်းသင်တန်းတက်ရောက်ခွင့်ဟူသည့်သတင်း ရောက်ရှိလာသည့်အခါ သူ များစွာ ပျော်ရွှင်သွားရပါသည်။ မတုံ့ဆိုင်းဘဲ ဆုံးဖြတ်ချက်ကို အမြန်ဆုံးချခဲ့သည်။

❤4
လေ့လာဆဲ ဥပဒေပညာရပ်များကို တစ်ခန်းရပ်လိုက်ရမည့်အပေါ် အမေကတော့ အစပထမ အင်တင်တင် ဖြစ်လို့နေပါသေး၏။ နိုင်ငံအတွက်အသက်ပေးထားရမည့် စစ်သားတစ်ယောက်၏ဘဝ အပေါ် အမေတစ်ယောက် မိခင်ပီပီ စိုးရိမ်ပူပန်မှုများ ဖြစ်လို့နေပါသေးသည်။
အဖေကတော့ ထွေထွေထူးထူး ဘာမှမပြော။ သူ၏ ယောကျ်ားဆန်မှုအပေါ် ကျေနပ်လို့နေပါ သေးသည်။ ဘဝရှေ့ရေး လျှောက်လှမ်းရာမှာ ဝါသနာသည် အခြေခံကျသည်နှင့်အညီ သူ့ဘဝ အောင်မြင်မှာ သေချာသည်ဟုပင် မှတ်ချက်ပြုပါသေးသည်။ ဤသို့ဖြင့် ယောကျ်ားကောင်း၊ ယောကျ်ားမြတ်တို့ တက်ရောက်ခွင့်ရရာ၊ နောင်တစ်ခေတ်၏ အောင်စစ်သည်များ မွေးထုတ်ပေးရာ ပြင်ဦးလွင်မြေရှိ စစ်တက္ကသိုလ်ဌာနေသို့ သူ၏ဘဝအကူပြု ခြေလှမ်းတချို့ အစပြုခဲ့ပါသည်။
ဝါသနာပါသည့်လမ်း လျှောက်လှမ်းရမည်ဖြစ်သည့်အတွက် သူ၏ မျက်ဝန်းထက်ဝယ် အပျော် ရိပ်တို့ လွှမ်းမိုးလို့နေပါတော့သည်။
ဆက်ရန်… မျှော်
ကိုလူပျို
Telegram 👉 https://t.me/kolupho26

အကြောင်းသိချိန်
===========
“အေး ဟုတ်တယ် သူငယ်ချင်း၊ မင်း ပြောတာ မှန်တယ်… ညဆိုတာကတော့ ရောက်လာရင် မှောင်မှာပဲ၊ ဒီအမှောင်ထဲမှာ အလင်းရောင်ရဖို့က ကိုယ့်ဖာသာ ကြိုးစားရမှာ၊ ငါတော့ လျှောက်ခဲ့သမျှ အမှောင်ထုတွေအစား အလင်းရောင်တွေ ကြိုးစားဖန်တီးတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ”
ဆက်လက်ဖတ်ရှုရန်

👍3
အကြောင်းသိချိန်
===========
“မင်းတို့တွေ ဘယ်လိုတွေးတွေး… ငါတော့ ဒီလမ်းကို စွန့်ခွာတော့မယ်ကွာ”
အဝေးကို ငေးပြီး ပြောလိုက်တဲ့ သူငယ်ချင်းရဲ့စကားကို ကျန်တဲ့နှစ်ယောက်က နားထောင်နေ ကြတယ်။ လရောင်တောင်မရှိတဲ့ ညအမှောင်က ခြောက်ခြားစရာတော့ ကောင်းလှတယ်။
“မင်းတို့တွေလဲ ငယ်တော့တာမဟုတ်ဘူး၊ စဉ်းစားတတ်တာပဲ၊ ငါတို့ အိမ်က ထွက်လာတာ အခုဆိုရင် ငါးနှစ်ကျော်ခဲ့ပြီ၊ ဘာထူးသွားတာ ရှိသလဲ၊ တောထဲမှာ ပတ်ပြေးနေတာနဲ့ အချိန်ကုန်တာပဲ၊ ကံကောင်းတာတစ်ခုက ခုချိန်ထိ ငါတို့ မသေသေးတာပဲ”
သူငယ်ချင်းက ပြောရင်း လျှာကိုသပ်တယ်။ ဆေးလိပ်သောက်စရာမရှိတော့ ဆေးလိပ်ငတ်နေ တယ်ထင်ရဲ့။ ဒီနောက်ပိုင်း သူတို့ဆီကို ဘာမှရောက်မလာခဲ့ဘူး။ စားစရာ၊ သောက်စရာ မျှော်မနေနဲ့၊ ကိုယ့်ဖာသာရှာစားပဲ။ တစ်ဖက်က ပိုက်စိပ်တိုက် ရှာနေတော့ သူတို့တွေ ရွားနားတောင် မကပ်ဝံ့ကြ ဘူး။
“မင်းပြောတာလဲ ဟုတ်ပါတယ်၊ ဒါပေမယ့်ကွာ… ငါ့အတွက်က ဒါကြီးကို စွန့်ခွာလိုက်လဲ ဘာမှမထူးဘူး၊ ဒီထဲမရောက်ခင်ကတည်းက ငါဆိုတဲ့ကောင်က ပတ်ဝန်းကျင်ကို ကောင်းကျိုးပြုခဲ့တာ မဟုတ်ဘူး၊ ဒါလေး ရောက်လာလို့သာ ရှာဖွေစားသောက်ရ လွယ်ကူခဲ့တာ… အဲ အခုတော့ မလွယ် တော့ဘူးကွ”
ဆံပင်ကောက်ကောက်၊ မျက်နှာမှောင်မှောင်နဲ့တစ်ယောက်က လက်ထဲက သေနတ်ကို ပုတ်ပြပြီး ထောက်ခံပြောဆိုတယ်။ သူ့ရဲ့ ဥပဓိရုပ်ကိုက လူကောင်းပုံမပေါက်ဘူး။ ကျင်လည်ခဲ့တဲ့ ပတ် ဝန်းကျင်မှာလဲ သူဟာ လူမိုက်ဆန်ဆန် နေလာခဲ့တာပါ။ သူ့ဝမ်းရေးအတွက် ခိုးဝှက်ခြင်းဟာ အ ကောင်းဆုံးနည်းလမ်းပဲ။ ဒါကိုပဲ သူ ကျင့်သုံးခဲ့တယ်။ မိရင်တော့ အကျိတ်ခံရတာပေါ့။ သို့ပေသိ သူ့ လက်ထဲ လက်နက်ကလေး ရောက်လာတဲ့အချိန်ကစလို့ သူဟာ လူမိုက်ကနေ ဘုရင်ဖြစ်လာတော့ တာပဲ။
“ဟေ့ကောင် မင်းထင်မြင်ချက်လေးလဲ လုပ်ဦးလေကွာ၊ ဘာမှမမြင်ရတဲ့ အမှောင်ကြီးကို ငေး ကြည့်နေတယ်၊ ခက်တာပဲ”
အမှောင်ထုထဲကို ငေးကြည့်နေတဲ့ နဖူးပြောင်ပြောင်နဲ့ပုဂ္ဂိုလ် လန့်သွားဟန်တူတယ်။ ပခုံးတွန့် သွားပြီး စိုက်ကြည့်နေတဲ့ သူငယ်ချင်းနှစ်ယောက်ဘက် အကြည့်လှည့်တယ်။ မျက်နှာကို ခြင်ဝိုင်းကိုက် နေလို့ ရိုက်ထုတ်ရသေးတယ်။
“ငါ စဉ်းစားနေတာ၊ ဒို့ဘဝကြီးက ဒီအမှောင်ထုကြီးလိုပဲ၊ ရှေ့ကို ကြည့်တော့လဲ ဘာမှမမြင်ရ တော့ဘူး၊ နောက်ကိုကြည့်တော့လဲ မှောင်မည်းနေတာပဲ”
“လခွမ်း… ကဗျာဆရာလိုလို၊ ဘာလိုလို လုပ်မနေနဲ့၊ လိုရင်းကိုပြော”
“အေးပါကွ၊ မင်းကလဲ သူခိုးလို့ မပြောရဘူး… စိတ်ချည်းပဲ၊ ငါပြောချင်တာက ဒီလိုကွာ၊ ငါလဲ မင်းလိုပဲ… ဒီထဲ မရောက်ခင်က ယောင်ခြောက်ဆယ်ပဲ၊ အရက်သောက်တယ်၊ ဖဲရိုက်တယ်၊ ရန်ဖြစ် တယ်၊ ပတ်ဝန်းကျင်ကို ဘာကောင်းကျိုးမှ မပြုခဲ့ဘူး၊ အခု ဒီထဲကို ရောက်တော့လဲ ဘာမှမထူးပါဘူး၊ လက်နက်အားကိုးနဲ့ ပြည်သူကို အနိုင်ကျင့် ရှာဖွေစားသောက်နေရတာပဲ… ပြန်တွေးကြည့်တော့ ဒါဟာ မတရားဘူးလို့ ငါထင်တယ်”
“ဟားဟားဟား… ခွေးပါးစပ်က လူစကားထွက်လို့ကွာ… ဟားဟား ငါမရယ်ချင်ဘူး”
ဆံပင်ကောက်ကောက်၊ မျက်နှာမှောင်မှောင်နဲ့တစ်ယောက်က တဟားဟား ရယ်မောရင်း ပြောတယ်။
“ဆက်ပါဦး သူငယ်ချင်း”
သုံးယောက်ထဲမှာ ဥပဓိရုပ်အကောင်းဆုံးသူက ရယ်နေတဲ့သူကို လက်ကာပြပြီး ပြောတယ်။
“ငါ ပြောချင်တာက ငါတို့ ငါးနှစ်ကျော်ကျော် လက်နက်အားကိုးနဲ့ ပြည်သူအပေါ် အနိုင်ကျင့် ခဲ့ပြီးပြီ၊ သတင်းအမှားတွေနဲ့ မက်လုံးပေး တောင်းစားပြီးပြီ၊ ဒီလောက်ဆို တော်သင့်ပြီလားလို့”

နဖူးပြောင်ပြောင်နဲ့ကောင်ကို ပခုံးပုတ် ပြောဆိုပြီး နှစ်ယောက်သား ထွက်သွားကြတယ်။ ဆံပင်ကောက်ကောက်၊ မျက်နှာမှောင်မှောင်နဲ့တစ်ယောက်ပဲ ကျန်နေခဲ့တယ်။ လေတစ်ချက်ဝှေ့ အတိုက်မှာ သစ်ရွက်ခြောက်တွေ လှုပ်ခတ်သံထွက်ပေါ်လာတော့ မျက်နှာမှောင်မှောင်နဲ့တစ်ယောက် လန့်သွားဟန်တူတယ်။
“ဟေ့ကောင်တွေ ငါ့လဲ စောင့်ပါဦးဟ”
ဆိုပြီး သူငယ်ချင်းနှစ်ယောက်နောက် ပြေးလိုက်သွားပါတော့တယ်။
ကိုလူပျို
(၆-၄-၂၀၂၆)

👍4❤2
ခရောင်းလမ်းလျှောက် ပန်းခင်းလမ်းဖောက်ခဲ့သူ
==============================
အခန်း(၂)
မြူနှင်းများနှင့် အေးမြနေသည့် ချယ်ရီမြေက သူ့ကို ကြိုဆိုနေလျက်ရှိသည်။ နေကြာရိုင်းပန်း များကလည်း အပြိုင်အဆိုင်ပွင့်လန်းလို့ နေပါသည်။ ဝင်ဝင်ချင်း တွေ့မြင်လိုက်ရသည့် မင်းသုံးပါး ရုပ်တုကြီးက မြန်မာ့စိတ်၊ မြန်မာ့မာန်များကို နှိုးဆွပေးနေသည့်နှယ်။ အရှေ့တောင်အာရှမှာ တစ် ကျောင်းတည်းသာရှိပြီး ကြီးကျယ်ခမ်းနားလှသည့် ကျောင်းတော်ကြီးကို မြင်လိုက်ရချိန်မှာ သူ့ရင်ခုန် သံတွေ မြန်ဆန်လို့လာပါသည်။
သေတ္တာတစ်လုံးထမ်းလျက် ထိုကျောင်းတော်ကြီး၏ပရဝုဏ်နယ်မြေသို့ လှမ်းချခဲ့သော သူ၏ ခြေလှမ်းများက အားအင်အပြည့်နှင့်။
စစ်ပညာနှင့်စာပေပညာများကို မျှမျှတတ သင်ကြားပေးနေသည့် စစ်တက္ကသိုလ်ကျောင်းတော် ကြီးက သူ၏အနာဂတ်ကို ထုဆစ်ပုံဖော်ပေးနေလျက်ရှိသည်။ ဗိုလ်လောင်းဘဝ၏ ပြင်းထန်သော လေ့ ကျင့်ခန်းများက...

❤3
ခရောင်းလမ်းလျှောက် ပန်းခင်းလမ်းဖောက်ခဲ့သူ
==============================
အခန်း( ၂ )

စစ်ပညာနှင့်စာပေပညာများကို မျှမျှတတ သင်ကြားပေးနေသည့် စစ်တက္ကသိုလ်ကျောင်းတော် ကြီးက သူ၏အနာဂတ်ကို ထုဆစ်ပုံဖော်ပေးနေလျက်ရှိသည်။ ဗိုလ်လောင်းဘဝ၏ ပြင်းထန်သော လေ့ ကျင့်ခန်းများက သူ့ကို ကြိုဆိုနေလျက်ရှိ၏။ အဖေနှင့်အမေကိုပင် လွမ်းချိန်မရှိအောင်၊ အခြေခံ ကျောင်းသားဘဝ သံယောဇဉ်လေး အမျှင်တန်းခဲ့ရသည့် ကျောင်းနေဖက်သူငယ်ချင်း မိန်းကလေးကို ပင် သတိရချိန်မရှိအောင် ဗိုလ်လောင်းဘဝအချိန်ဇယားများက ပြည့်နှက်လို့နေပါသည်။ ပင်ပန်းမှုများ ကြား သူ ညည်းတွားခြင်းမရှိခဲ့။ စိတ်ဓာတ်ကျခြင်းမရှိခဲ့။ ကိုယ်တိုင်ဆန္ဒပြု လျှောက်လမ်းခဲ့သည့် ဤ ခရီးလမ်းကို ခရီးပေါက်အောင် သူ ကြိုးစားလျှောက်သည်။ စီနီယာဗိုလ်လောင်းများ၏ သွန်သင်ပြသမှု များကလည်း သူ့ဘဝလမ်းခရီးအတွက် အထောက်အပံ့များ ဖြစ်လို့ နေပါ၏။ စီနီယာများက သူတို့ ညီငယ်ဗိုလ်လောင်းများအပေါ် ဆူစရာရှိလျှင် ဆူသည်။ အော်စရာရှိလျှင် အော်သည်။ အပြစ်ပေးစရာ ရှိလျှင်လည်း ရောက်တဲ့နေရာမှာ အပြစ်ပေးသည်။ ကောင်းစေလိုသည့် ဆုံးမသွန်သင်မှုများကို သူ ကြည်ဖြူစွာ နာခံခဲ့ပါသည်။
သူ စီနီယာဗိုလ်လောင်းတစ်ယောက် ဖြစ်လာသည့်အခါမှာလည်း စီနီယာများထံမှ ကောင်းမွန် သည့်အစဉ်အလာများကို လက်ဆင့်ကမ်း ကျင့်သုံးခဲ့ပါသည်။ ဂါဒီယမ်ဗိုလ်လောင်းများ၏ အခက်အခဲ များကို နားထောင်မှတ်သား ဖြေရှင်းပေးခဲ့သည်။ စစ်တက္ကသိုလ်၏ ကောင်းမွန်သည့်ချစ်စရာ အစဉ် အလာများထဲတွင် ဤဂါဒီယမ်စနစ်သည်လည်း တစ်ခုအပါအဝင် ဖြစ်လေသည်။
သူ မျှော်လင့်နေသည့် ရွှေရောင်အနာဂတ်နေ့ရက်တို့ရောက်ရှိဖို့ နီးကပ်လို့ လာခဲ့လေပြီ။ ကျောင်းဆင်းပစ္စည်းများကိုပင် စတင် ဝယ်ယူစုဆောင်းနေလေပြီ။ စစ်ရေးပြကွင်းကြီးဝယ် “နောင် တစ်ခေတ်၏ အောင်စစ်သည်”သီချင်းများ နေ့စဉ်ရက်ဆက် ပျံ့လွင့်လို့ နေပါ၏။ ကျောင်းဆင်းတော့ မည် ဖြစ်လို့ သူတို့တွေ ပျော်ရွှင်နေကြသလို တစ်နှစ်ပြီးလို့ အမေ့ရင်ခွင်ဆီ ခွင့်ပြန်ရတော့မည့် ညီငယ်ဗိုလ်လောင်းများသည်လည်း ပျော်ရွှင်တက်ကြွလို့နေပါသည်။ ကျောင်းဆင်းစစ်ရေးပြ လေ့ ကျင့်ပြီးနောက် အနားရသည့်အချိန်တိုင်းမှာ ဂါဒီယမ်ညီငယ်ဗိုလ်လောင်းများ ရောက်လာတတ်သည်။ ပစ္စည်းများသိမ်းဆည်းခြင်းနှင့် တခြားလိုအပ်သည်များကို ကူညီပေးကြသည်။ ပြီးလျှင် ကော်ဖီဖျော် ကာ မုန့်များ စုစားကြသည်။ စကားပြောကြသည်။ ညီငယ်များ၏ မျက်နှာဝယ် အလွမ်းစိတ်တို့ စတင် ပျံ့လွင့်နေရာယူခဲ့သည့်အချိန်လည်း ဖြစ်လို့နေပါ၏။
“ငါတို့ မရှိတော့ဘူးဆိုတော့ မင်းတို့တွေ ပျော်နေကြပြီပေါ့… ဟုတ်လား”
“မဟုတ်”
“ဘာမဟုတ်လဲ… ငါတို့လဲ မင်းတို့လို ငယ်ဘဝက ဖြတ်သန်းလာတာပဲ၊ သိတာပေါ့၊ ဖာ့စ်ရီးယားတွေဆိုရင် စကန်းရီးယားဖြစ်တော့မယ်၊ ဒီကောင်တွေဆိုရင် ဖိုင်နယ်ရီးယားဖြစ်တော့ မယ်၊ စစ်တက္ကသိုလ်မှာ အကြီးဆုံးဆိုပြီး မိန့်မိန့်ကြီးတွေနေ၊ လမ်းလျှောက်ရင်တောင် မြောက်ကြွ မြောက်ကြွ လျှောက်ကြတော့မယ်… ဟုတ်တယ်မဟုတ်လား ဟေ့ကောင်”
ညီငယ်ဗိုလ်လောင်းများ သဘောတကျ ရယ်မောကြပါသည်။
“မင်းတို့ကတော့ ငါ့ကို မုန်းချင်မုန်းကြလိမ့်မယ်၊ မုန်းလဲ မတတ်နိုင်ဘူး၊ မင်းတို့ကို ပြုပြင်ပေးရ မယ့်တာဝန် ငါ့မှာရှိတယ်လို့ ငါ ခံယူထားတာ၊ အဲဒါကြောင့် မင်းတို့အငယ်တွေ မဟုတ်တာ လုပ်နေတာ တွေ့ရင်၊ လမ်းကြောင်းမှားနေတာ တွေ့ရင်… ဂါဒီယမ်သော ဘာသော နားမလည်ဘူး၊ ငါကတော့ ပြောတာပဲ၊ အပြစ်ပေးတာပဲ၊ မင်းတို့ကတော့ တွေးလိမ့်မယ်… ဂါဒီယမ်ချင်းတောင် ညှာတာမပေးဘူး ဆိုပြီး… ဒါပေမယ့် ငါ မင်းတို့ကို အပြစ်ပေးတဲ့အခါ မင်းတို့ကို နာပါစေတော့ဆိုတဲ့ စိတ်မပါဘူး၊ ပင်ပန်းပါစေတော့ဆိုတဲ့ စိတ်မပါဘူး၊ မင်းတို့ကို ကောင်းစားပါစေတော့… လမ်းကြောင်းမှန်ပါစေ တော့ဆိုတဲ့ စေတနာနဲ့ပဲ အပြစ်ပေးခဲ့တာ၊ ဒါကိုတော့ ငါ ကျိန်ပြောရဲတယ်၊ မင်းတို့အငယ်တွေ လမ်းကြောင်းမှားနေတာကို မြင်နေပါလျက်နဲ့၊ သိနေပါလျက်နဲ့ မုန်းမှာစိုးလို့ မမြင်ချင်ယောင်ဆောင် သွားမယ်ဆိုရင် ငါ့မှာ အပြစ်ရှိသွားပြီ၊ ငါ စီနီယာ မသီသတော့ဘူး ဖြစ်သွားမှာ၊ ဒီတော့ ငါပြောချင်တာ ကကွာ… မင်းတို့ စီနီယာတွေဖြစ်လာရင် အပြစ်ရှိတဲ့စီနီယာတွေ မဖြစ်အောင် ကြိုးစားကြဖို့ပဲ…”
ညီငယ်ဗိုလ်လောင်းများက သူ၏စကားကို စိတ်ဝင်တစား နားထောင်လို့နေပါသည်။ ဒီဇင်ဘာ လ၏ ဆောင်းညအေးအေးမှာ သူတို့ စကားတွေ ပြောမကုန်အောင် ရှိခဲ့ရပါသည်။ ခွဲခွာရမည့် အချိန်က လည်း တရွေ့ရွေ့ကုန်ဆုံးကာ တဖြည်းဖြည်း နီးကပ်လာပြီမဟုတ်လားလေ။

ပြင်ဦးလွင်မြို့၏ ဒီဇင်ဘာလ ဆောင်းမနက်ခင်းက နှင်းမှုန်နှင်းငွေ့များဖြင့် အုံ့မှိုင်းအုံ့ဆိုင်းလို့ နေသည်။ အေးမြမြ ညချမ်းမှာလည်း သူတို့ အိပ်မပျော်နိုင်ခဲ့။ မနက်ခင်း လင်းရောင်ခြည်များ ပက် ဖျန်းလာမည့်အပေါ် သူတို့ ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။ ထိုလင်းရောင်ခြည်များ ဖြာကျလာသည် နှင့် သူတို့ဘဝသည်လည်း ချက်ချင်းလက်ငင်း ပြောင်းလဲသွားတော့မည် ဖြစ်သည်။ သူတို့ နောက်ဆုံး နှစ် ဗိုလ်လောင်းများ၏ မိဘများသည်လည်း နှင်းမှုန်နှင်းငွေ့များကြား ကိုယ်စီခုံတန်းများမှာ နေရာယူ ကြပြီး ဖြစ်သည်။
“အောင် စစ်သည်တော် xxx စစ်သည်တော် xxx နောင်တစ်ခေတ်၏ အောင်စစ်သည်တော် xxx”
ညီညာဖျဖျသီဆိုဟစ်ကြွေးလာသည့် စစ်သီချင်းသံက နှင်းမှုန်နှင်းငွေ့များကြား ဟိန်းထွက် လို့သွားတော့သည်။ တက်တက်ကြွကြွ ခြေလှမ်းများ၏ ညီညာမှုကလည်း အံ့မခန်းပါပေ။ အမိန့်သံ တစ်ခု ဆုံးတိုင်း ဆုံးတိုင်းမှာ လိုက်ပါလုပ်ဆောင်ကြသည့် များစွာသော ဗိုလ်လောင်းများ၏လှုပ်ရှားမှု များက ကြည့်ရှုသူပရိသတ်များကိုပင် ကြက်သီးမွေးညင်းထသွားစေသည်အထိ ညီညာမှုရှိလှ၏။ လှုပ် ရှားမှုအသံကလည်း တစ်ညီတစ်ညာတည်း။ စစ်ရေးပြအစီအစဉ်များ ပြီးဆုံးပြီးနောက် သူတို့ ကျောင်း ဆင်းဗိုလ်လောင်းများ ပြန်လည်ချီတက်ထွက်ခွာသွားသည့်အချိန် ညီငယ်ဗိုလ်လောင်းများက သေနတ် မြှောက်အလေးပြုကြသည့်အခါ သူတို့ရင်တွင်းဝယ် အမည်မဖော်ပြတတ်သည့် ခံစားချက်ကြီး ပေါ် ပေါက်လို့လာပါတော့သည်။
“နောင်တော်စစ်သည်များတို့ တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့ကြ xxx နောင်တော်စစ်သည် များတို့ တိုင်းပြည်အတွက် တိုက်ခိုက်ခဲ့ကြ xxx ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ကြ xxx ဇွဲစိတ်မာန်ဟုန် စစ်သွေးကြွကြွ xxx အမိစစ်တက္ကသိုလ်မြေမှာ ဆည်းပူးခဲ့တဲ့ပညာများ xxx တိကျစွာ အသုံးချလို့ လုံ့လဝီရိယရှိကြ xxx ”
ဆက်ရန်…

❤7👎1
ယုတ္တိရှိရှိ တွေးကြည့်ချိန်
===============
“ငါ့ဆွေမျိုးတွေ မရှိပါဘူး၊ ငါ့ဒေသလဲ မဟုတ်ပါဘူး၊ ကိုယ်ချင်းစာကြည့်တာပါ၊ ဒီကောင်တွေခိုင်းသမျှ ငါတို့ လိုက်လုပ်ခဲ့တာ ကြာပြီ၊ ပြန်တွေးကြည့်တော့ ဘယ်သူ့ဘယ်သူကိုမှ အကျိုးပြုခဲ့တာ မရှိဘူး၊ ဒါကို မင်းလဲ သိမှာပါ၊ ယုတ္တိရှိရှိ တွေးကြည့်ရင်ပေါ့ကွာ”

👍3❤1
ယုတ္တိရှိရှိ တွေးကြည့်ချိန်
===============
“မင်း မျက်နှာကြီးက ဘာဖြစ်နေတာလဲ”
လူအများ အနားယူအိပ်စက် တိတ်ဆိတ်နေချိန်မှာ ပေါ်ထွက်လာတဲ့အသံကြီးက နတ်ဆိုး တစ်ပါးလိုပဲ။ ဒါပေမယ့် အံ့ဩဖို့ ကောင်းတယ်။ သူ တုန်လှုပ်သွားတာမျိုးမရှိဘူး။ ရပ်တန့်သွားတဲ့ ခြေလှမ်းတွေဟာလဲ တွန့်ဆုတ်သွားတာမျိုးမရှိဘူး။ လမ်းမီးတွေ ထိန်ထိန်သာနေတဲ့ ကျေးရွာတွေ ဘက် သူ ငေးကြည့်နေတယ်။ သူ့အကြည့်တွေမှာ ကရုဏာတွေ ဖုံးလွှမ်းနေပါတယ်။
“ဟေ့ကောင် ငါပြောတာ ကြားလား”
နောက်ပြန်လှည့်လာပြီး ပခုံးပုတ်လာတဲ့ သူငယ်ချင်းလက်ကို သူ အသာတွန်းဖယ် ထုတ်လိုက် တယ်။
“ငါ မလုပ်နိုင်ဘူး သူငယ်ချင်း”
သူငယ်ချင်းက သူ့ကို တအံ့တဩ ကြည့်တယ်။ သူငယ်ချင်းရဲ့ မျက်လုံးတွေက အကြောက် တရားတွေ လွှမ်းမိုးနေတဲ့ပုံပါပဲ။ ပြူးကျယ်ဝိုင်းစက်လို့နေတယ်။
“မင်း ဘာစကားပြောတာလဲ”
သူငယ်ချင်းက ခပ်အုပ်အုပ်ပြောနေပေမယ့် အကြောက်တရားတွေ ပါနေတဲ့ အသံက ကျယ် လောင်လို့နေပါတယ်။ ကျေးရွာတွေကို အလင်းရောင်ပေးနေတဲ့ သူတို့ရှေ့တည့်တည့်က လျှပ်စစ် တာဝါတိုင်ကြီးက သူတို့နှစ်ယောက်ကို အသနားခံ ကြည့်နေသလိုပါပဲ။ ကြယ်ရောင်ပျပျရှိနေတဲ့ တာ ဝါတိုင်ရှေ့မှာ သူတို့နှစ်ယောက်ဟာ ထင်းထင်းကြီးပေါ့။ သို့ပေမယ့် ခိုးကြောင်ခိုးဝှက် လုပ်နေကျ သူတို့နှစ်ယောက်ကို ဘယ်သူမှ မမြင်ကြပါဘူး။
“ငါတို့တွေ ဒီတာဝါတိုင်ကို ဖျက်ဆီးလိုက်ရင် ဟိုးဘက်မှာ မီးလင်းနေတဲ့ ကျေးရွာတွေ အမှောင်ကျကုန်မှာ၊ တစ်ဖက်ရန်သူ အခက်တွေ့၊ မတွေ့ ငါတို့ မသိနိုင်ဘူး၊ အရင်ဆုံး ဒုက္ခရောက်မှာ ဒီရွာတွေက ပြည်သူတွေပဲ”
“အဲဒါတွေ ငါမသိဘူး၊ ဒါ အထက်ကခိုင်းတာနော်၊ မလုပ်ရင် မင်းရော ငါရော အကျိတ်ခံရမယ် ဆိုတာလဲ တွေးဦး၊ ဘာလဲ ဒီရွာထဲမှာ မင်းဆွေမျိုးတွေ ရှိလို့လား”
သူ ခေါင်းကို တွင်တွင်ခါရမ်းလိုက်တယ်။
“နိုး နိုး… ငါ့ဆွေမျိုးတွေ မရှိပါဘူး၊ ငါ့ဒေသလဲ မဟုတ်ပါဘူး၊ ကိုယ်ချင်းစာကြည့်တာပါ၊ ဒီကောင်တွေခိုင်းသမျှ ငါတို့ လိုက်လုပ်ခဲ့တာ ကြာပြီ၊ ပြန်တွေးကြည့်တော့ ဘယ်သူ့ဘယ်သူကိုမှ အကျိုးပြုခဲ့တာ မရှိဘူး၊ ဒါကို မင်းလဲ သိမှာပါ၊ ယုတ္တိရှိရှိ တွေးကြည့်ရင်ပေါ့ကွာ”
သူငယ်ချင်းက မီးရောင်ထိန်ထိန်သာနေတဲ့ ကျေးရွာတွေဘက် လှည့်ကြည့်နေတယ်။ ကြောက် စိတ်ရောင် ပြယ်လွင့်သွားတဲ့ သူငယ်ချင်းမျက်နှာက ကြည်လင်လို့နေပါတယ်။ လက်ပစ်ဗုံးကို ပြန်သိမ်း လိုက်တဲ့ သူငယ်ချင်းလက်တွေက တုန်ရင်လို့မနေဘူး။
ကျေးရွာတွေဘက်က လျှပ်စစ်မီးရောင်က ပိုပြီးထိန်ထိန်သာနေသလိုပါပဲ။
ကိုလူပျို
(၇-၄-၂၀၂၆)

👍11❤1
ငရဲမင်းကို စိတ်ညစ်စေသူ
================
မရောက်ဖူးတဲ့ ကမ္ဘာသစ်ထဲ ရောက်သွားသလို မျက်စိလည်နေတယ်။ လမ်းက နှစ်လမ်းပဲ ရှိတယ်။ တစ်လမ်းက ဆူးငြောင့်ခလုတ်တွေနဲ့ တောတောင်ထူထပ်နေတယ်။ စောင့်နေတဲ့ပုဂ္ဂိုလ်က အင်္ကျီဗလာနဲ့၊ မျက်နှာထားက ခပ်တင်းတင်း၊ လက်ထဲမှာ ချွန်တက်တက် တုတ်တစ်ချောင်းကိုင်ထား တယ်။ မျက်နှာက ဝါးစားတော့မတတ်၊ တင်းမာလို့နေတယ်။
နောက်တစ်လမ်းက ဖြောင့်ဖြောင့်ဖြူးဖြူး၊ သာသာယာယာနဲ့ ထိန်ဝါနေတဲ့ ဘုံဗိမာန်ကြီးတွေ ကိုတောင် လှမ်းမြင်နေရတယ်။ စောင့်နေတဲ့ ပုဂ္ဂိုလ်ကလဲ ဝတ်ကောင်းစားလှနဲ့ မျက်နှာရွှင်ပျပျ။ ကြည့်လိုက်တော့ နှစ်လိုဖွယ်မျက်နှာထားနဲ့ ပြုံးပြတယ်။
သကောင့်သားဟာ ဒီလမ်းဆုံလမ်းခွမှာ ရောက်နေတယ်။ ဘယ်လမ်းကို ရွေးမလဲ။ ခင်ဗျားတို့ ဆိုရင်ရော ဘယ်လမ်းကို ရွေးမလဲ။

👍3😁2

အဲ… ခင်ဗျားတို့တွေးထင်ထားသလိုပါပဲ၊ သကောင့်သားဟာလဲ ဖြောင့်ဖြူးတဲ့လမ်းဘက်ကို ရွေးချယ်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ…
“ဟေ့ကောင် ဘယ်သွားမှာလဲ”
တစ်ဖက်လမ်းက အင်္ကျီဗလာနဲ့ပုဂ္ဂိုလ်က အော်ပြောပြီး ပခုံးလှမ်းဆွဲတယ်။ သကောင့်သား လေး ကတုန်ကရင်နဲ့ ပြန်ကြည့်တယ်။
“ဟို… ဟို… ဟိုဘက်လမ်းကို သွားမလို့”
အထစ်ထစ်အငေါ့ငေါ့နဲ့ ပြန်ပြောနေတဲ့ သကောင့်သားကို အင်္ကျီဗလာနဲ့ပုဂ္ဂိုလ်က ဝါးစားတော့ မယ့် မျက်လုံးတွေနဲ့ ကြည့်တယ်။
“မင်းက ဘာကောင်မို့လို့ အဲဒီလမ်းကို သွားချင်ရတာလဲ”
“ကျုပ်က PDF ပဲ”
“လာပြန်ပြီ နောက်ထပ် PDF တစ်ကောင်၊ မင်းတို့ PDF တွေ တော်တော်လဲ ခက်တဲ့ကောင် တွေကွာ၊ ခုတစ်လော မင်းတို့ PDF တွေနဲ့ပဲ လာတွေ့နေတယ်… ငါစိတ်ညစ်တယ်၊ မင်းတို့ PDF တွေ အကောင်းတော့ တော်တော်ကြိုက်တဲ့ကောင်တွေပဲကွ… ဟမ်၊ အများကောင်းကျိုးကျ ဘာမှမလုပ် ချင်ကြဘူး၊ ခွေးကမှ မင်းတို့ထက် သာသေးတယ်၊ မင်းတို့ PDF တွေ သွားချင်တော့ လမ်းကောင်း၊ လုပ်ခဲ့တော့ အဖျက်အမှောင့်… လာ ဒီဘက်ကို”
သကောင့်သားရဲ့ လည်ဂုတ်ကို ဆွဲကုပ်လိုက်ပြီး ဆူးငြောင့်ခလုတ်တွေဘက် ပစ်ထုတ်လိုက် တယ်။ ဘုတ်ခနဲ ကျသွားတဲ့ သကောင့်သားဟာ မျက်နှာငယ်လေးနဲ့ ငုတ်တုတ်ထထိုင်တယ်။
“ဟာ ဟေ့လူ… ခင်ဗျား အဲဒီလိုလုပ်လို့မရဘူး၊ ကျုပ်ကို ဘာများအောက်မေ့နေလဲ၊ ကျုပ်က အာဇာနည်ဗျ… အာဇာနည်”
“ဟားဟားဟား… မင်းကို အာဇာနည်လို့ ဘယ်သူပြောလဲ”
“ကျုပ်တို့ခေါင်းရှောင် NUG ပေါ့ဗျ”
“အေး… မင်းလို အာဇာနည်တွေ ဟိုရောက်ရင် တွေ့လိမ့်မယ်၊ အပုံလိုက်ပဲ ဟားဟား၊ သွားသွား ဟေ့ကောင်၊ ဟိုမှာ နောက်တစ်ကောင် လာပြန်ပြီ၊ ကြည့်ရတာ မင်းလို PDF ပဲ ထင်တယ်… ချီးတဲ့မှပဲ… တော်တော်ဒုက္ခပေးတဲ့ကောင်တွေ၊ နားကိုမနားရဘူး… ဟေ့ကောင် ဒီကိုလာ၊ မတန်မရာ အဲဒီဘက် မျက်စောင်းထိုးမနေနဲ့၊ ရုပ်ကိုက သူခိုးဂျပိုးရုပ်နဲ့”
အင်္ကျီဗလာနဲ့ပုဂ္ဂိုလ်ဟာ ဆူးငြောင့်ခလုတ်လမ်းပေါ်က သကောင့်သားရဲ့ဖင်ကို ဆောင့်ကန် လိုက်ပြီး တစ်ဖက်လမ်းဘက် မျက်စောင့်ထိုးနေတဲ့ သကောင့်သားရဲ့ လည်ဂုတ်ကို လှမ်းဆွဲလိုက် တယ်။ အင်္ကျီဗလာနဲ့ပုဂ္ဂိုလ်ကို ကြည့်ရတာ တော်တော်လေး စိတ်ရှုပ်ထွေးနေပုံပေါ်တယ်။ PDF ဆိုတဲ့ စကားကိုတောင် သူ့ခင်ဗျာ မကြားချင်တော့ဘူးလို့ ဆိုပါတယ်။

👍11😁5
တောင်းစားမဝ NUG ဘဝ
=================
ကုန်လုလု ပုလင်းထဲက လက်ကျန်ကို ခွက်ထဲမျှထည့်ပြီး ခွက်ချင်းတိုက်ကြတယ်။ အရှိန်ရနေ တော့ လက်တွေက တုန်၊ ခွက်ထဲက လက်ကျန်လေး ဘေးလျှံကျ၊ နှမြောတသ လျှာကလေးနဲ့ သပ် တယ်။
ဒီရက်ပိုင်း အရက်သောက်ရတာ သိပ်မမိုက်လှဘူး။ အကောင်းစားတွေပဲ သောက်လာခဲ့တော့ ဒီလိုတစ်ဆင့်နိမ့်အရက်တွေကို သိပ်ပြီးခံတွင်းမတွေ့လှဘူး။ အမြည်းကလေး အားကိုးမယ်လုပ်တော့ အလှူရှင်က ပေါ်မလာပြန်ဘူး။ လက်အောက်က ကောင်တွေကလဲ အားကိုမကိုးရဘူး။ ဖအေကိုပဲ မှီခို နေကြတော့တာ။ အလကားကောင်တွေ။ အခုလည်း ကြည့်၊ စာလေး တစ်စောင် ရိုက်ခိုင်းပါတယ်။ ပေါ်ကိုမလာဘူး။
“ဟေ့ ဟေ့… မပြီးသေးဘူးလား… ကြာလိုက်တာကွာ”
စိတ်မရှည်ဟန်နဲ့ လှမ်းအော်တော့ ကွန်ပျူတာရှေ့ ဝမ်းလျားမှောက်နေတဲ့ ပုဂ္ဂိုလ်က ပြန်ကြည့် တယ်။ ရီဝေနေတဲ့ မျက်လုံးတွေက ကောင်းကောင်းမြင်ရဟန်မတူဘူး။

😁5
တောင်းစားမဝ NUG ဘဝ
================
ကုန်လုလု ပုလင်းထဲက လက်ကျန်ကို ခွက်ထဲမျှထည့်ပြီး ခွက်ချင်းတိုက်ကြတယ်။ အရှိန်ရနေ တော့ လက်တွေက တုန်၊ ခွက်ထဲက လက်ကျန်လေး ဘေးလျှံကျ၊ နှမြောတသ လျှာကလေးနဲ့ သပ်တယ်။

“ကွန်ပျူတာ တက်မလာသေးလို့ ညစ်နေရတဲ့ကြားထဲ… ခင်ဗျားကြီးက တစ်မှောင့်ဗျာ”
“မင်း ကွန်ပျူတာက အဲလောက် ကြာရသလားကွ၊ ဟိုတစ်ခါ အလှူခံပေးထားတဲ့ ကွန်ပျူတာ အသစ်ရော”
“သောက်စရာမရှိလို့ ရောင်းစားလိုက်ပြီ”
“ဟ တော်တော်ဆိုးနေပါလား”
“ခင်ဗျားတပည့်ပဲလေ… ဒီလောက်တော့ရှိမှာပေါ့”
“ဟေ့ကောင် ဟေ့ကောင် တော်တော်… ရိုက်စရာရှိတာ မြန်မြန်ရိုက်ခဲ့၊ ဒီမှာ သောက်စရာ မရှိ တော့ဘူး၊ နောက်ဆို ဓားပြတိုက်သောက်နေရမယ်”
“အခုလဲ ဓားပြပဲလေ… ဘာထူးလို့လဲ”
“ဟေ့ကောင် တော်ပြီ တော်ပြီ… မင်းနဲ့ ဆက်မပြောတော့ဘူး၊ စာစီပြီး ငါ့လာပြ… ဒါပဲ”
ပုလင်းထဲမှာ တစ်စက်နှစ်စက်လောက်များ ကျန်နေမလားဆိုတဲ့မျှော်လင့်ချက်နဲ့ ပါးစပ်မှာ တေ့ပြီး မော့ချလိုက်တယ်။ ဘာမှကျမလာဘူး။ စိတ်ဆိုးဆိုးနဲ့ ပုလင်းကို လွှင့်ပစ်လိုက်တယ်။ ချထား တဲ့အမြည်းကလဲ တစ်စက်လေးတောင် မကျန်တော့အောင် ပြောင်ထင်းလို့ နေတယ်။ နောက်ရက်တွေ ဘယ်လို ရှေ့ဆက်ရပါ့။ စုဆောင်းထားသမျှ အလှူခံငွေလေးကလည်း တဖြည်းဖြည်း လျော့နည်းလို့ လာခဲ့ပေါ့။ ခက်တာပဲ၊ အလှူခံတာကလွဲရင် ဘာမှလည်း မလုပ်တတ်ဘူး။
“ရပြီ ဘိုးတော်… ရော့… ကြည့်လိုက်”
အပေါ်ပိုင်းအဝတ်ဗလာနဲ့ သူခိုးရုပ်နဲ့မောင်က ရိုရိုသေသေပဲ စာရွက်ကို ပစ်ပေးတယ်။ ဘိုး တော်ဆိုသူက စာရွက်ကို တစမ်းစမ်းနဲ့ ကောက်ယူတယ်။
“မင့်စာကလဲ ဘာမှမမြင်ရပါလားကွ ဟမ်”
“မျက်လုံးလေး ဘာလေး ပြူးပြဲကြည့်အုံးဗျ”
နဂိုမှေးနေတဲ့ မျက်လုံးက အရက်ရှိန်လေးနဲ့ ပေါင်းလိုက်တော့ မနည်းဖြဲကြည့်နေရတယ်။ တော်တော်လေးဖြဲကြည့်တော့မှ “မြင်ရပြီ မြင်ရပြီ” လို့ လုပ်တယ်။
“ဟေ့ကောင် နေပြည်တော်သို့ မဟုတ်ဘူးလား… ဘယ်က ဧရာဝတီက ပါလာတာလဲ”
“ဒီချိန်ထိ နေပြည်တော်ဆီ ထပ်လုပ်နေရင် ကျုပ်တို့ ကလော်တုတ်ခံနေရမှာပေါ့ဗျ၊ ဒီနာမည်နဲ့ တောင်းစားခဲ့တာ ငါးနှစ်လောက်ရှိပြီ”
“ဘာလဲကွ… ဆီသို့လှမ်းချီ”
“မသိဘူးဗျာ… ကျုပ်လဲ စဉ်းစားမိတာ ရေးလိုက်တာပဲ၊ ခင်ဗျားမကြိုက်ရင် ခင်ဗျားဖာသာ ရေး၊ ကျုပ်တော့ မဝသေးလို့ သွားရှာသောက်လိုက်အုံးမယ်”
“အေးအေး မပြင်တော့ပါဘူးကွာ၊ အဲ… အဲ… မင်း အရက်ရှာတွေ့ရင် ငါ့အတွက်လဲ ယူခဲ့ဦး နော်… ဟဲဟဲ”
“ဟားဟား… ဆုတောင်းလေ… ဆုတောင်း”
ကိုလူပျို
(၈-၄-၂၀၂၆)

😁9👍3❤1
Forwarded from Head of State
Media is too big
VIEW IN TELEGRAM
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် - ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ပြောကြားသည့် မိန့်ခွန်း။
#Leader
#President
https://t.me/leaderaung
#Leader
#President
https://t.me/leaderaung
❤3
သင်္ကြန်ပျော်ချင်နေသူ သမီး နှစ်ဦးနှင့် ဂွကျနေတဲ့ မိခင်
===============
မြန်မာမှန်သမျှ ပျော်ရွှင်နေကြတဲ့ သင်္ကြန်ပုံရိပ်တွေက ကမ္ဘာမြေတစ်ခွင် ပျံ့နှံ့လို့ နေပါတယ်။ ဒီချိန်ရောက်တိုင်း ဒီလိုပျော်ရွှင်နေကျဆိုတော့ အထူးအဆန်းတော့လဲ မဟုတ်ဘူး။ ဒီချိန်ရောက်တိုင်း နံနံခြားရောက် တော်လှန်ပုဂ္ဂိုလ်တွေ ပူလောင်နေကြတာလဲ အဆန်းတော့ မဟုတ်ဘူး။ တစ်နှစ်ပတ်လုံး ပျော်ရွှင်ခဲ့သမျှ ဒီချိန်ခဏလေး ပူလောင်ဟန်ပြရုံနဲ့ နီပိန်းဖမ်းလို့ ရနေတာကိုး။
.
ဒီလိုနဲ့ပဲ သူကလေးလဲ သင်္ကြန်မနက်ခင်းမှာ ကော်ဖီလေး ဖျော်၊ ရင်ထဲက အပျော်လေး ဖျောက်ပြီး ဟန်ဆောင်အမဲ့နဲ့ ပုံလေး ရိုက်တင်ဖို့ ဟန်ပြင်နေတုန်းမှာပဲ သမီးနှစ်ယောက် သူ့အနား ပြေးကပ်လာတယ်။(တကယ် ပူလောင်သောက ရောက်နေသူက ကော်ဖီကို သေချာဖျော်ပြီး သောက်နေနိုင်ပါ့မလား စဉ်းစားကြည့်)။

👍2❤1😁1
သင်္ကြန်ပျော်ချင်နေသူ သမီး နှစ်ဦးနှင့် ဂွကျနေတဲ့ မိခင်
====================

"မေမေ သူများတွေ ရေပက်နေကြတာ၊ သမီးတို့လဲ ရေပက်ချင်တယ်"
ရေပက်ဆိုတဲ့ အသံကြားရုံနဲ့ သူကလေးရဲ့ အတွင်းစိတ်မှန်တွေ နိုးကြွလာပြီး ခြေတွေလှုပ်၊ လက်တွေလှုပ်၊ မျက်နှာကြီးက နံရိုးကင်စားနေတုန်းကအတိုင်း ပြုံးဖြီးဖြီး ဖြစ်လာတယ်။ ပြီးတော့မှ နီပိန်းဖမ်းရဦးမယ့် အတွေးပြန်ဝင်လာပြီး ရုပ်ကို တည်လိုက်တယ်။
"ဟဲ့ နေဦး၊ မေမေ ပုံရိုက်ရဦးမယ်၊ မေမေလဲ သမီးတို့လိုပဲ ရေပက်ချင်တာပေါ့၊ ပက်ချင်လွန်းလို့ ညက တစ်ညလုံးတောင် အိပ်မပျော်ဘူး၊ ခဏစောင့်၊ မေမေတို့ တူတူရေပက်ကြမယ်၊ ဒါပေမယ့် သမီးတို့ မေမေ့ကို ကတိတစ်ခုတော့ ပေးရမယ်"
"ဘာလဲ မေမေ"
"မေမေတို့ ရေပက်နေကြတာကို ပုံမရိုက်ရဘူး၊ လိုင်းပေါ်မတင်ရဘူး"
သမီးနှစ်ယောက် ခေါင်းကုတ်တယ်။
"ပေးမလား ပြော"
"ပေးတယ် ပေးတယ်"
ပြန်ပြေးသွားတဲ့ သမီးနှစ်ယောက်ကို ကြည့်ပြီး သူကလေး ပြုံးတယ်။
သောက်ကျင့်ဟာ ရုပ်မှာပေါ်တယ်ဆိုတာ သူကလေးက တဖြည်းဖြည်း သက်သေပြလို့နေတာပါပဲ။
ကိုလူပျို
(၁၅-၄-၂၀၂၆)

😁8❤4💯1
သင်္ကြန်ရေအေးနဲ့ သောကအပူတွေ အေးပါစေ
======================
သင်္ကြန်မတိုင်ခင် ကျွန်တော် ပြန်လာတော့ မေမေဟာ ပျော်နေတော့တာပါ။ မျက်ရည်တွေတောင် ဝဲလို့ပေါ့။ ကျွန်တော့်ကို ပြေးဖက်တဲ့ မေမေ့လက်တွေဟာ တင်းကြပ်လို့ နေပါတယ်။ ဖေဖေကတော့ ကျွန်တော့်ကျောပိုးအိတ်ထဲက စစ်မှုထမ်းကာလပြီးဆုံးလို့ ပေးအပ်လိုက်တဲ့ ဂုဏ်ပြုလက်မှတ်ကို ကြည့်ပြီး ဝမ်းသာအားရ ပြုံးလို့ နေပါတယ်။ အဖေ့အပြုံးက မာန်အပြည့်နဲ့ ကြည့်လို့ ကောင်းလှတယ်။ ကျွန်တော့်ကို လက်မ ထောင်ပြပြီး "ဒါမှ ငါ့သားကွ"လို့လဲ ဂုဏ်ယူမဆုံး ပြောလို့ နေပါတယ်။ ကျွန်တော် မျှော်လင့်နေတဲ့...

❤5
သင်္ကြန်ရေအေးနဲ့ သောကအပူတွေ အေးပါစေ
===================
သင်္ကြန်မတိုင်ခင် ကျွန်တော် ပြန်လာတော့ မေမေဟာ ပျော်နေတော့တာပါ။ မျက်ရည်တွေတောင် ဝဲလို့ပေါ့။ ကျွန်တော့်ကို ပြေးဖက်တဲ့ မေမေ့လက်တွေဟာ တင်းကြပ်လို့ နေပါတယ်။ ဖေဖေကတော့ ကျွန်တော့်ကျောပိုးအိတ်ထဲက စစ်မှုထမ်းကာလပြီးဆုံးလို့ ပေးအပ်လိုက်တဲ့ ဂုဏ်ပြုလက်မှတ်ကို ကြည့်ပြီး ဝမ်းသာအားရ ပြုံးလို့ နေပါတယ်။ အဖေ့အပြုံးက မာန်အပြည့်နဲ့ ကြည့်လို့ ကောင်းလှတယ်။ ကျွန်တော့်ကို လက်မ ထောင်ပြပြီး "ဒါမှ ငါ့သားကွ"လို့လဲ ဂုဏ်ယူမဆုံး ပြောလို့ နေပါတယ်။ ကျွန်တော် မျှော်လင့်နေတဲ့ မိသားစုအချိန်လေး ပြန်ရခဲ့ပြီ။ နှစ်နှစ်တာမျှ အိမ်ကို ခွဲခွာခဲ့ရပေမယ့် ဒီနှစ်နှစ်တာအတွင်း ကျွန်တော် စိတ်မညစ်ခဲ့ရဘူး။ သင်ခန်းစာတွေလည်း အများကြီးရခဲ့တယ်။ ကျွန်တော်တို့ လွယ်လွယ်လေး ထင်ခဲ့တဲ့ စစ်သားဘဝဆိုတာ ဒီလိုပါလားဆိုပြီး လက်တွေ့သိခဲ့ရတယ်။ စစ်သားတွေကိုလဲ ပိုပြီးလေးစားလာမိတယ်။ သူတို့အချင်းချင်း တန်ဖိုးထား မြတ်နိုးကြတဲ့ ရဲဘော်စိတ်ဟာ အင်မတန် ချစ်စရာကောင်းလှတယ်။ ရဲဘော်စိတ်ကြောင့်ပဲ တိုက်ပွဲတိုင်းကို အလီလီ အောင်မြင်ခဲ့ကြတာ။ ကျွန်တော်ဟာ ဒီရပ်ဝန်းလေးမှာ နှစ်နှစ်တာမျှ သွားရောက်ခဲ့ရပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်ခဲ့ရတယ်။ ကျွန်တော့်သူငယ်ချင်းလည်း ပါတယ်။ ကျွန်တော်တို့မှာ ငယ်ကတည်းက လည်ပင်းဖက်ပေါင်းသင်းခဲ့တဲ့ သူငယ်ချင်း သုံးယောက်ရှိပါတယ်။ ဒါပေမယ့် ပြည်သူ့စစ်မှုထမ်းအဖြစ်ကိုတော့ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း သန့်ဇင် နှစ်ယောက်တည်းပဲ သွားရောက်ဖြစ်ခဲ့ပါတယ်။ သူငယ်ချင်း ဝေလင်းကတော့ လွန်ခဲ့တဲ့ လေး၊ ငါးနှစ်ကတည်းက ကျွန်တော်တို့နဲ့ အမြင်မတူဘဲ သူ ယုံကြည်ရာလမ်း လျှောက်လှမ်းသွားခဲ့တာပါ။ ဟော... တွေးလို့မှမဆုံးသေးဘူး၊ ဝေလင်းရဲ့အမေဟာ ကျွန်တော်တို့အိမ်ဝင်းထဲကို ဝင်လာပါတယ်။ ဝေလင်းရဲ့အမေ့မျက်နှာမှာ မျက်ရည်တွေ ဝဲနေတယ်။ အမေဟာ ကျွန်တော့်နားက ခွာပြီး ဝေလင်းရဲ့အမေကို "ထိုင်ပါ၊ ပြုပါ" လောကဝတ်ပြုပါတယ်။ ဝေလင်းရဲ့အမေက ခေါင်းရမ်းပြတယ်။
"မထိုင်တော့ပါဘူးအေ၊ ညည်းတို့ပျော်နေတာကို ကြည့်ပြီး ကျုပ် အလိုလိုဝမ်းနည်းလာလို့ပါ၊ ဒီလိုပြောလို့ ညည်းတို့ပျော်နေတာကို မနာလို မရှုဆိတ်လို့ မဟုတ်ပါဘူး၊ မောင်သန့်ဇင်တို့ သားအမိတွေလဲ ပျော်နေတာ တွေ့ခဲ့ပါရဲ့၊ ကျုပ်တို့တော့ ဘယ်တော့များမှ ပျော်ရမယ် မသိရပါဘူးတော်၊ ကျုပ်သားကြီးကို သတိရလိုက်တာ၊ တောထဲ တောင်ထဲ ဘယ်လိုရှင်သန်နေရတယ် မသိပါဘူး၊ အသက်မှ ရှိသေးရဲ့လား၊ အမြင်မှန်ရပြီး အိမ်ပြန်လာရင် ကောင်းမှာပဲ"
ဝေလင်းရဲ့အမေက စီးကျလာတဲ့ မျက်ရည်တွေကို သုတ်ရင်း စကားအရှည်ကြီးကို မနားဘဲ ပြောတယ်။
"တူးပို့ တူးပို့" သင်္ကြန်တေးသံတွေက ပျံ့လွင့်လို့နေပါတယ်။ မိခင်တစ်ဦးရဲ့ သောကတွေကို သင်္ကြန်တေးက လွှမ်းမိုးနိုင်စွမ်းမရှိခဲ့ဘူး။
သင်္ကြန်ရေအေးကတော့ သောကအပူတွေကို အေးချမ်းစေမယ်ထင်ပါရဲ့လေ။
ကိုလူပျို
(၁၆-၄-၂၀၂၆)

👍19❤4