K Lover - Series
31.3K subscribers
711 photos
364 links
ဆက်သွယ်ရန်
@Noonoo25
Download Telegram
My Royal Nemesis (2026)

Channel အရင် Join ပါ
https://t.me/+hG1u-2vhKA9lNDE9

ဇာတ်ကား link
https://t.me/c/3934552334/9


ဂျိုဆွန်းခေတ်က ဉာဏ်ရည်ထက်မြက်တဲ့အပြင် ကောက်ကျစ်စဥ်းလဲပြီး ရည်မှန်းချက်ကြီးတဲ့ “ဂန်ဒန်ရှင်း” ဆိုတဲ့ တော်ဝင်ကိုယ်လုပ်တော်ရဲ့အကြောင်းနဲ့ အစပြုထားပါတယ်။

“ဂန်ဒန်ရှင်း” က နာမည်ဆိုးနဲ့ကျော်ကြားပြီး အကြင်နာတရားမရှိ ရက်စက်တတ်တဲ့သူဖြစ်တဲ့အလျောက် နောက်ဆုံးမှာ အဆိပ်သောက်သေဖို့အတွက် သေဒဏ်ပါချမှတ်ခံလိုက်ရတဲ့သူပေါ့။

ဒီလိုနဲ့သေဒဏ်ချမှတ်ခံလိုက်ရလို့ သေဆုံးသွားတဲ့ “ဂန်ဒန်ရှင်း” ရဲ့ကံကြမ္မာက ဒီမှာတင်အဆုံးမသတ်သွားသေးဘဲ မျက်မှောက်ခေတ် ၂၁ ရာစုနှစ်ရဲ့ မအောင်မြင်မကျော်ကြား ဇာတ်ဝင်ခန်းသေးသေးလေးတွေမှာပဲသရုပ်ဆောင်ခွင့်ရတဲ့ သရုပ်ဆောင်မင်းသမီး “ရှင်းဆောရီ” ရဲ့ခန္ဓာကိုယ်ထဲကို “ဂန်ဒန်ရှင်း” ရဲ့ဝိညာဥ်ဝင်ရောက်လာတဲ့အခါ .. ။

ဆိုးသွမ်းတဲ့ ကိုယ်လုပ်တော်ဝိညာဥ်ဝင်ပူးခံထားရတဲ့ ရုပ်ရှင်မင်းသမီး “ရှင်းဆောရီ” တစ်ယောက် ..
အေးစက်တဲ့အကျင့်စရိုက်နဲ့ အာဏာကြီးသူဌေးမျိုးရိုးရဲ့အမွေဆက်ခံသူ “ချာဆယ်ဂယ်” နဲ့တွေ့ဆုံရာကနေ love-hate relationship တစ်ခု စတင်လာတဲ့အခါမှာတော့ ..

ဘယ်လို အလွဲအချော်တွေနဲ့ ရယ်စရာ၊ အသည်းယားစရာတွေ ဖြစ်လာမလဲ ..
9
Soul Mate (2026)

Channel အရင် Join ပါ
https://t.me/+9vZSLcw_7wUzYWU1

ဇာတ်ကား link
https://t.me/c/3090170121/159

အခုတစ်ခေါက်မှာတော့ 2PM အဖွဲ့ဝင် Ok Taec Yeon, ဂျပန်မင်းသား Isomura Hayato တို့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ Netflix ရဲ့ BL ဇာတ်လမ်းတွဲအသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်....


ဇာတ်လမ်းအညွှန်း

အချစ်ဆုံး သူငယ်ချင်းဖြစ်သူရဲ့ ဘဝကို ဖျက်ဆီးခဲ့မိပြီးနောက်မှာ နာရူတာကီ(Isomura Hayato) ဟာ အရာအားလုံးကို ကျောခိုင်းစွန့်ပစ်ခဲ့ပြီး ဂျပန်နိုင်ငံကနေ ထွက်လာခဲ့ပါတယ်...

နိုင်ငံခြားက ဘုရားကျောင်းတစ်ကျောင်းမှာ သေလုမြောပါး ဖြစ်နေခဲ့တဲ့ နာရူတာကီကို ကိုရီးယားလူမျိုး လက်ဝှေ့သမားဖြစ်တဲ့ ဟွမ်ဂျိုဟန်(Ok Taec Yeon )က ကယ်တင်ခဲ့ပါတယ် ..

ကုစားလို့မရနိုင်တဲ့ နက်နဲတဲ့ စိတ်ဒဏ်ရာတွေကိုယ်စီ ရှိနေကြတဲ့ ..
အထီးကျန်နေတဲ့ ဝိညာဉ်နှစ်ခုဟာ တစ်ယောက်ကိုတစ်ယောက် ဆွဲငင်မိကြရင်း ..
တစ်ယောက်အတွက်တစ်ယောက် မရှိမဖြစ် "Soul Mate" တွေဖြစ်တဲ့အခါမှာတော့ ..

တစ်ခါတလေမှာ အရင်းနှီးဆုံးလူတွေထက် လူစိမ်းတစ်ယောက်က ပိုပြီး ကိုယ့်ကို နားလည်ပေးနိုင်မလား

ဘာလင်မြို့ ဆိုးလ်မြို့နဲ့ တိုကျိုမြို့တွေမှာ သူတို့ ၂ ယောက်အတွက် မေ့မရတဲ့ ..
4
Girl's Judgment (2026)

https://t.me/MovieChannelNL/2624

- ဇာတ်လမ်းအကျဉ်း -

ငယ်စဉ်က မတော်တဆမှုကြောင့် မိဘတွေကို ဆုံးရှုံးလိုက်ရပြီး အဒေါ်ဖြစ်သူရဲ့အိမ်မှာ ကြီးပြင်းလာခဲ့တဲ့
ဂင်မင်အာ (Chae Won-Bin) က ခံနိုင်ရည်အားကောင်းပြီး တရားမျှတမှုကို အလွန်အလေးထားသူပါ။

မင်အာက အထက်တန်းကျောင်းမှာ ပြဿနာမရှာဘဲ အေးအေးဆေးဆေး နေထိုင်သွားဖို့ ဆုံးဖြတ်ထားပေမဲ့
ပထမဆုံးနေ့မှာတင် ရုပ်ချောပြီး တရားမျှတပုံပေါ်တဲ့ ထိုင်ဖော်ထိုင်ဖက် အီမင်ဂီ (Kang Hee-Gu) ဆိုတဲ့
ကောင်လေးကို စိတ်ဝင်စားမိသွားခဲ့ပါတယ်။

တစ်နေ့မှာ အတန်းဖော်သူငယ်ချင်း ဂွမ်ရှစ် (Yoon Hyun-Soo) အနိုင်ကျင့်ခံနေရတာကို ကူညီရင်း
လူမိုက်တွေနဲ့ ငြိစွန်းသွားတဲ့ မင်ဂီကို အတိုက်အခိုက်တော်တဲ့ မင်အာက လက်ပိုက်ကြည့်မနေရက်ဘဲ
အားကစားဝတ်စုံဝတ် mask တပ်ပြီး ကယ်တင်ပေးလိုက်ပါတော့တယ်။

အဲဒီနောက်ပိုင်း တစ်ကျောင်းလုံးက အားကစားဝတ်စုံနဲ့ ကယ်တင်ရှင်ကြီးကို ရှာပုံတော်ဖွင့်ကြတဲ့အခါမှာတော့...

မင်အာတစ်ယောက် သူ့ရဲ့လျှို့ဝှက်ချက်ကို ဖုံးကွယ်ရင်း အေးချမ်းတဲ့ သာမန်ကျောင်းသူဘဝလေးကို
ဆက်လက် ထိန်းသိမ်းထားနိုင်ပါ့မလားဆိုတာ...
15
Good Doctor ( 2013 )

https://t.me/kseriesmm1/1654

ဒီကိုရီးယားစီးရီးဟာ ကောင်းမွန်လွန်းတဲ့အတွက်ကြောင့် American က ပြန်လည်ရိုက်ကူးတာ အားလုံးအသိပါပဲ…တစ်ချို့က မူရင်းကို ကွီးယားစီးရီးကိုပိုမိုသဘောကျတာကြောင့်
ပြန်လည်တင်ဆက်ပေးလိုက်သည်…. ကိုရီးယားဇာတ်လမ်းတွဲတွေကိုကြိုက်နှစ်သက်တဲ့ပရိတ်သတ်များအတွက် ဆေးပညာနောက်ခံ ဒရာမာဇာတ်လမ်းတွဲလေးအသစ်တစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်..ဒီ ဇာတ်လမ်းတွဲဟာ 2013 ခုနှစ်ကထွက်ရှိထားပြီး မင်းသားအဖြစ် Joo Won နဲ့ မင်းသမီးအဖြစ် Moon Chae-Won တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်…. ပတ်စီယွန်ဟာ ငယ်စဉ်ကတည်းက ဆေးပညာကိုစိတ်ဝင်စားပြီးဆရာဝန်အရမ်းဖြစ်ချင်တဲ့ ကလေးငယ်လေးတစ်ဦးပါ..ငယ်စဉ်တုန်းက သူဟာအများနဲ့မတူပဲ ရောဂါတစ်ခုရှိနေပါတယ် ဒါကြောင့်ကလေးတွေဟာသူ့ကိုမခေါ်ပဲဝိုင်းဖယ်ကြလို့ သူ့အစ်ကိုဖြစ်တဲ့သူက စီယွန်ကို
ပုံစံပြောင်းအောင်အမျိုးမျိုးကြိုးစားခဲ့တယ်..တစ်နေ့ မှာတော့ သူနဲ့သူ့အကိုနဲ့ကစားရင်း မြေပြိုခဲ့လို့ သူ့အကိုဆုံးပါးသွားတဲ့အချိန် သူ့ရဲ့ရောဂါပိုဆိုးလာခဲ့သလို ပိုပြီးလည်း
အထီးကျန်လာခဲ့ပါတယ်..ဆရာဝန်ကြီးတစ်ဦးက သူ့ကိုမွေးစားရင်းနဲ့မှ သူ့ရဲ့ဆေးပညာ မှာကြောက်စရာကောင်းလောက်အောင်ပါရမီထူး..
9🔥1
Doctor on the Edge (2026)

Channel အရင် Join ပါ
https://t.me/+ezXircc8BxY5ZDFl

ဇာတ်ကား link
https://t.me/c/2193663245/232

ပလတ်စတစ်ဆာဂျရီ အထူးပြု ဆရာဝန်လေး Do Ji Ui ( Lee Jaewook ) ဟာ စစ်မှုထမ်းဆောင်ရမဲ့ တာဝန်အတွက်
ပြည်သူ့ကျန်းမာရေးတာဝန်ကျ ဆရာဝန်အနေနဲ့ နယ်ဘက်မှာ တာဝန်ထမ်းဆောင်ရဖို့ ဖြစ်လာခဲ့ပါတယ်။
သူ တာဝန်ကျတဲ့နယ်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ပြည့်သူကျန်းမာရေးဆရာဝန်တိုင်း ရှောင်ချင်ကြတဲ့ ဖြောင်းဒုံကျွန်း ဖြစ်နေခဲ့ပြန်ပါတယ် ။

မြို့သား ပလတ်စတစ်ဆာဂျရီ အထူးကုဆရာဝန်လေး Do Ji Ui တစ်ယောက် ကျွန်းမြို့လေးပေါ်ရောက်လာပြီးတဲ့နောက်
ပြည်သူ့ကျန်းမာရေးဌာနက သူနာပြုမလေး Yook Hari နဲ့ တွေ့ဆုံရပါတော့တယ်။ အကြောင်းပြချက်တချို့ကြောင့်
တက္ကသိုလ်ဆေးရုံကနေ နယ်မြို့လေးကို ပြောင်းရွှေ့လာတဲ့ သူနာပြုမလေး Yook Hari နဲ့
စစ်မှုထမ်းတာဝန်အတွက် မဖြစ်မနေ ပြောင်းလာရတဲ့ ပလတ်စတစ်ဆာဂျင်လေး Do Ji Ui တို့ နှစ်ယောက်အတူ
ကျွန်းမြို့လေးပေါ်က လူတွေရဲ့ ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းပေးကြရင်း ဘာတွေကြုံတွေ့ရမလဲဆိုတာကိုတော့
ဟာသလေး ခပ်ပါးပါးနှောပြီး ကြည့်ရှုရမှာဖြစ်တဲ့အတွက် အပတ်စဉ် Monday , Tuesday တိုင်းမှာ မလွတ်တမ်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။
16
Teach You a Lesson (2026)

Channel အရင် Join ပါ

ဇာတ်ကား link

စည်းကျော်လာကြတဲ့ ကျောင်းသား၊ မိဘနဲ့ ကျောင်းဆရာတွေကြောင့် ယိုယွင်းပျက်စီးလာတဲ့
ပညာရေးစနစ်ကို ပြန်လည်ထိန်းသိမ်းဖို့အတွက် ပညာရေးဝန်ကြီး ချွဲဂန်ဆော့ (Lee Sung-Min) ရဲ့
ဦးစီးမှုအောက်မှာ တည်ထောင်လိုက်တဲ့ "ပညာရေးဆိုင်ရာ အခွင့်အရေး ကာကွယ်ရေးဌာန"...

ဒီဌာနရဲ့အဓိက တာဝန်ကတော့ ကျောင်းတွေမှာ ဖြစ်ပွားနေတဲ့ ကျောင်းတွင်းအနိုင်ကျင့်မှု၊
အာဏာပြမှု အစရှိတဲ့ လူမှုရေးပြဿနာတွေကို ဖြေရှင်းပေးဖို့ပါပဲ။

အဆိုပါ တာဝန်ကို အကောင်အထည်ဖော်ဖို့အတွက် ကြီးကြပ်ရေးမှူး နာဟွာဂျင်း (Kim Moo-Yul)
ဦးဆောင်တဲ့ အဖွဲ့က ပြဿနာရှိနေတဲ့ ကျောင်းတွေဆီကို ကိုယ်တိုင် သွားရောက်ပြီးတော့

နစ်နာသူဘက်က‌နေ မားမားမတ်မတ် ရပ်တည်ပေးပြီး ကျူးလွန်သူတွေကို ဘယ်လို ပညာပေးဆုံးမသွားမှာလဲ...
ပညာရေးနယ်ပယ်ရဲ့ အမှောင်ဘက်ခြမ်းကို ဖော်ထုတ်ပြီး ကျောင်းစည်းကမ်းကို ဘယ်လို တည့်မတ်ပြုပြင်ပေးသွားမလဲဆိုတာ
23
စာအုပ်တွေ တင်ပေးတဲ့ Channel လေးပါ

https://t.me/BookspdfNL
7❤‍🔥1
Mismatch (2026)

https://t.me/MovieChannelNL/2634

ချာဘုံဆူ (Oh Dae-Hwan) ကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စီးပွားရေးအရှုံးပေါ် ပြီး
အလုပ်ကနေပါ အထုတ်ခံလိုက်ရတဲ့နောက် ဇနီးသည်ဖြစ်သူ ဘန်ဆောင်းဟယ် (Oh Yoona) ပိုင်တဲ့
ကုမ္ပဏီမှာ လက်ထောက်မန်နေဂျာအဖြစ် အလုပ်ဝင်လုပ်နေသူပါ။

အိမ်ထောင်ဦးစီးဖြစ်ပေမဲ့လည်း အိမ်မှာရော ကုမ္ပဏီမှာပါ ခေါင်းမဖော်နိုင်ဘဲ နေလာခဲ့ရတဲ့
ဘုံဆူတစ်ယောက် တစ်နေ့ သူငယ်ချင်းနဲ့ အရက်သောက်ပြီးနောက် အိမ်အပြန်လမ်းမှာ
လှေကားပေါ်က လိမ့်ကျပြီး အတိတ်မေ့သွားပါတော့တယ်။ တကယ့်ပြဿနာက အခုမှစတာပါ...

ဆရာဝန်နဲ့ ပြပြီး မှတ်ဉာဏ်တွေ ပြန်သတိရအောင် ကြိုးပမ်းတဲ့ဖြစ်စဉ်မှာ အထင်လွဲမှားမှုလေး ရှိသွားပြီး
ဇနီးသည်ကို သမီးလို့ ထင်လိုထင်၊ အဖေကို သားလို့ ထင်လိုထင်နဲ့ ဆက်ဆံရေးတွေ အကုန် ကမောက်ကမ
ဖြစ်ကုန်တဲ့အခါမှာတော့... ဘုံဆူတစ်ယောက် ပျောက်ဆုံးသွားတဲ့ မှတ်ဉာဏ်တွေကို ပြန်လည်ရရှိပြီး
တစ်ချိန်က ဆက်ဆံရေး ဝေးကွာ‌နေခဲ့တဲ့ မိသားစုဝင်တွေနဲ့ရော ပြန်လည်သင့်မြတ်လာနိုင်ပါ့မလား...

အလွဲလေးတွေနဲ့ ရယ်နေရမဲ့အပြင် ဒဏ်ရာပေးတစ်လှည့်၊ နားလည်ပေးမှုတစ်လှည့်နဲ့ မိသားစုဝင်တွေကြားက
တဖြည်းဖြည်းချင်းစီ ရင့်ကျက်ပြောင်းလဲလာမှုတွေကလည်း..
5
မမ လှလှ 🤍
71🥰2❤‍🔥1
Next level beauty 🤍
42
Hana Korea (aka) Leaving North Korea (2026)

https://t.me/MovieChannelNL/2641?single

မြောက်ကိုးရီးယားမှာ မွေးဖွားကြီးပြင်းခဲ့ပြီး တရုတ်နိုင်ငံမှာ ခိုလှုံခဲ့ပြီးနောက် တောင်ကိုးရီးယားကို ရောက်ရှိလာတဲ့
၂၁ နှစ်အရွယ် မိန်းကလေး ဂျိုဟယ်ဆွန်း(Kim Min-Ha) ဟာ တင်းကျပ်တဲ့ စစ်ဆေးမှုတွေကို ဖြတ်ကျော်ပြီးနောက်မှာ
ဒုက္ခသည်တွေအတွက် ပြန်လည် နေရာချထားရေးစင်တာဖြစ်တဲ့ "ဟာနာဝန်း"ဆီကို ရောက်ရှိလာခဲ့ပါတယ်။

တကယ်က မြောက်ပိုင်းကနေ အမေ့ဆေးဖိုးဝါးခ ရှာဖို့အတွက် ထွက်လာခဲ့ပေမဲ့လည်း ဟယ်ဆွန်းကတော့ ပိုက်ဆံရှာဖို့
လွယ်ကူချောမွေ့တဲ့ လမ်းကြောင်းအစား "သူနာပြု"ဖြစ်ချင်တဲ့ အိပ်မက်ကိုပဲ အကောင်အထည်ဖော်ဖို့ ဆန္ဒရှိနေခဲ့ပါတယ်။

မြောက်ပိုင်းကနေ ထွက်ပြေးလာသူအဖို့ အရွယ်ရောက်ခါမှ ပညာသင်ယူပြီး ဘဝသစ်စဖို့ရာ မလွယ်ကူလှတာကြောင့်
အများက ဝိုင်းဝန်းစိုးရိမ်နေတဲ့ကြားကနေ ဟယ်ဆွန်းတစ်ယောက် တောင်ကိုးရီးယားရဲ့ လူနေမှုဘဝနဲ့
ကျင့်သားရအောင် ကြိုးစားပြီး သူ့အိပ်မက်ကို ဘယ်လို အကောင်အထည်ဖော်သွားမလဲဆိုတာကို ကြည့်ရှုရင်း
မျှော်လင့်ချက်နဲ့ ခွန်အားတွေ ရရှိစေမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
1
See You at Work Tomorrow! (2026)

Channel အရင် Join ပါ
https://t.me/+fKfKRhQStXYzZjFl

ဇာတ်ကား link
https://t.me/c/2898881226/127

ချာဂျီယွန်း (Park Ji Hyun)ဟာ ဆယ်အွန်းအီလက်ထရွန်းနစ်ကုမ္ပဏီမှာ လုပ်သက် ၇ နှစ်ရှိတဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပြီး သူမရဲ့အလုပ်ကျွမ်းကျင်မှုနဲ့ ထက်မြက်မှုတွေကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ယုံကြည်မှုကိုရရှိထားသူလည်းဖြစ်ပါတယ် ။

ဒါပေမဲ့ သူမဟာ အလုပ်နဲ့ပတ်သက်ပြီး စိတ်ကုန်လာသလို အချစ်ရေးမှာလည်း အဆင်မပြေမှုတွေကြောင့် စိတ်ဓာတ်ကျလာပါတော့တယ် ။

အဲဒီလို သူမရဲ့ နေ့စဉ်ဘဝထဲကို စိတ်သဘောထားခက်ထန်ပြီး အေးစက်တဲ့ အထက်လူကြီးဂန်ရှီအူ(Seo In Guk)က ရောက်ရှိလာပါတယ်..။

အမှားတစ်ခုတွေ့တာနဲ့ အပြစ်ရှာတတ်လွန်းတဲ့ အထက်လူကြီးဂန်ရှီအူနဲ့ ..
အလုပ်ပြီးမြောက်အောင်လုပ်ဆောင်ရမယ့် ဝန်ထမ်းချာဂျီယွန်းတို့ကြားမှာ နေ့တိုင်းလိုလို ပဋိပက္ခတွေဖြစ်ပွားနေပါတော့တယ်။

အဲဒီလိုနဲ့ တစ်နေ့မှာတော့ ကုမ္ပဏီရဲ့အရေးကြီးတဲ့စီမံကိန်းတစ်ခုကို အတူလုပ်ဆောင်ရင်း ..

အချင်းချင်းရဲ့ မထင်မှတ်ထားတဲ့ဘက်အခြမ်းကို မြင်လိုက်ရတဲ့အခါမှာတော့...

ရန်သူလိုလို မိတ်ဆွေလိုလိုနဲ့စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ရုံးခန်းတွင်းအပြိုင်အဆိုင်တွေကြားမှာ...
8
Colony (2026)

https://t.me/MovieChannelNL/2648?single

ဆိုးလ်မြို့လယ်က မိုးမျှော်တိုက်ကြီးတစ်ခုမှာ ဇီဝနည်းပညာ ညီလာခံလုပ်နေတုန်း အမည်မသိ ဗိုင်းရပ်စ်တစ်ခု ရုတ်တရက် ပျံ့နှံ့သွားပါတယ်။ အဲဒီအခြေအနေကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေက အဆောက်အအုံတစ်ခုလုံးကို အပြင်ကနေ လုံးဝပိတ်လှောင်လိုက်တဲ့အခါမှာတော့ အထဲကလူတွေ အကုန်ပိတ်မိသွားပါတော့တယ်။ အထဲမှာ ပိတ်မိတဲ့အချိန် ကြာလာလေလေ ကူးစက်ခံရသူတွေရဲ့ ဉာဏ်ရည်တွေ လှုပ်ရှားမှုတွေဟာ အလျင်မြန်ဆုံးနဲ့ ဆင့်ကဲပြောင်းလဲလာတဲ့အခါမှာတော့....

ပါ‌မောက္ခ ဂွန်ဆယ်ဂျောင်း (Jun Ji-Hyun) ဦးဆောင်တဲ့ အသက်ရှင်ကျန်ရစ်သူအဖွဲ့ဟာ အသက်ရှင်လျက်နဲ့ အဆောက်အဦထဲကနေ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ်။
2