အိန္ဒိယရုပ်ရှင်များ (CH)
100K subscribers
178 photos
225 links
Download Telegram
Thu*ni*vu [ 2/0/2/3 ] မြန်မာစာတန်းထိုး

ဇာတ်လမ်းအစမှာ ဂိုဏ်းစတားအုပ်စုတစ်စုဟာ ဘဏ်အတွင်းပိုင်းလူတွေ..ရဲတွေနဲ့ ပူးပေါင်းပြီး ဘဏ်တစ်ခုကို ဓါးပြတိုက်ဖို့ အစီအစဉ်ရေးဆွဲကြပါတယ်။

သူတို့တွေ ဘဏ်ထဲကိုဝင်စီးပြီး ပိုက်ဆံတွေလုယက်ကြတော့မယ့်အချိန်မှာပဲ သူတို့လုံးဝထင်မှတ်မထားတဲ့ ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။

အဲ့ဒါကတော့ သူတို့ကို ပြန်လည်ခုခံမယ့်လူတစ်ယောက်ပေါ်လာတာပါပဲ။

သူဟာ ရဲလည်း မဟုတ်
စစ်သားလည်းဟုတ်မနေဘဲ သူတို့ဓါးပြတိုက်မယ့်ဘဏ်ကိုပဲ ဓါးပြတိုက်ဖို့ရောက်လာတဲ့ လူတစ်ယောက်ပါ။

ဓါးပြတိုက်မှုတစ်ခုလုံးကို သူ အုပ်စိုးလိုက်တဲ့အချိန်မှာတော့ ရှေ့ဆက်ပြီး ဇာတ်လမ်းဇာတ်ကွက်များနဲ့
လှည့်ကွက်တွေဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ရှာဖွေကြတော့နော်။

Movie Link 👇
https://t.me/khanthtookyaw555/364
Adip***urush (2023)
============

ဝေဖန်သံတွေညံခဲ့ပြီး 2023ရဲ့ ဒုတိယ၀င်ငွေအများဆုံးရုပ်ရှင်အဖြစ် ရပ်တည်နေတဲ့
ရာမာယဏရုပ်ရှင်ဇာတ်ကားကြည်တောက်ရှင်းထွက်လာပါပြီ။အရင်ဦးဆုံးတောင်းပန်လိုတာက နာမည်နဲ့အသုံးအနှုန်းတွေပါပဲ။

ကျွန်တော်တို့မြန်မာတွေနားနဲ့မစိမ်းတဲ့ ရာမ၊လက္ခဏ၊သီတာ၊ရာ၀ဏ ဒီလိုနာမည်တွေပဲခေါ်ဝေါ်သုံးစွဲထားလို့ပါ။
ကျွန်တော်တို့ဘာသာပြန်အဖွဲ့သုံးနှုန်းခဲ့တဲ့ နာမည်တွေ နာမ်စားတွေကြောင့် ဘာသာဝင်တဦးတယောက်ချင်းစီကို
စော်ကားမိသလိုဖြစ်သွားရင် ကျွန်တော်တို့အဖွဲ့ကနေ အနူးအညွတ်တောင်းပန်ပါကြောင်း ဦးစွာပြောကြားပါရစေ။

ဒဿဂီရိဟာ အချစ်ရှုံးတာမဟုတ်ပါဘူး။အငြိုး အာဃာတတွေနဲ့ အချစ်ရူးခဲ့လို့ ကိုယ့်ပြည်ကိုယ်ပြန်ဖျက်မိတဲ့မင်းတစ်ပါးဖြစ်ခဲ့တာပါ။
အရင်အတိတ်ကံကြောင့် ကျိန်စာမိထားပြီး အမျိုးသမီးတစ်ဦးကို အလိုမတူပဲထိကပါးရိကပါးမလုပ်ရဲတာကြောင့် သီတာအပေါ်မှာ
ဘာမှကိုယ်ထိလက်ရောက်မကျူးလွန်ရဲခဲ့တဲ့သူတစ်ဦးသပ်သပ်ပါပဲ။

ဇာတ်လမ်းကတော့ အားလုံးသိပြီးသား ရာမမင်းက သီတာဒေဝီကို လင်္ကာပြည်ကနေ ကယ်တင်တဲ့အကြောင်းဖြစ်ပေမဲ့
ဇာတ်လမ်းကို ချဉ်းကပ်တဲ့ပုံစံက အရင်ကရှိခဲ့ဖူးပြီးသား adaptation တွေနဲ့ ပုံစံကွဲထွက်နေပါတယ်။

ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်သရုပ်ဆောင် ပရာဘာ့စ်ဟာ ရာမဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူးလို့ ဝေဖန်ခံခဲ့ရပေမယ့်
သီတာဒေဝီနေရာမှာသရုပ်ဆောင်တဲ့ ကရီသီးဆန်နွန်ကတော့ မင်းသမီးနေရာကနေ ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံစွာ ကျက်သရေရှိလှပနေပါတယ်။
ဒီရုပ်ရှင်ဟာဆိုရင် ထင်သလောက်မအောင်မြင်ခဲ့ပေမဲ့ နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ ဂန္တဝင်လင်္ကာရှည်ကြီးကို
တမူဆန်းသစ်ရိုက်ကူးထားတာမလို့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ဝေဖန်ဖို့ပဲဖြစ်ဖြစ် တစ်ခေါက်လောက်တော့ ကြည့်ဖူးသင့်တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။
(အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollowood Team မှဖြစ်ပါတယ်)

Movie Link 👇
https://t.me/khanthtookyaw555/367
Forwarded from Copyright Channel (CH)
TikTok အကောင့်သစ်လေးမို့ ဝန်ရံပေးကြပါဦးဗျ❤️

နောက်အသစ်ထွက်လာမယ့် ရုပ်ရှင်တွေကိုလည်း

ဘာသာပြန်တင်ဆက်ပေးနိုင်ဖို့အတွက်

ဝန်ရံပေးကြပါဦးဗျ
❤️
⬇️⬇️⬇️
https://vt.tiktok.com/ZSrAmgrBY/
Please open Telegram to view this post
VIEW IN TELEGRAM
Sri*man*thu*du [ 2/0/1/5 ] မြန်မာစာတန်းထိုး

ဒီတစ်ခါတော့ ပရိတ်သတ်ကြီးအတွက် အိန္ဒိယတောင်းပိုင်း မင်းသား မာဟစ်ရ်ှဘာဘူရဲ့ အက်ရှင်ကားတစ်ကား

ဇာတ်လမ်းတော့ မပြောပြတော့ပါဘူး တစ်ခါလောက်ကြည့်ရုံနဲ့ မာဟစ်ရ်ှကို သဘောကျသွားစေမယ့် ကားဖြစ်ပြီး

မင်းသမီးလေးကလည်း အရမ်းချောပါတယ်
Ratinngs ခပ်မြင့်မြင့် ဇာတ်အိမ်ခိုင်မာတဲ့ ကားမို့
Spoil ခံရမှာ မတန်ပါဘူး

တစ်ခါတစ်လေ ဘေးက အကူမပါပဲ လမ်းလျှောက်မှ ကိုယ်တိုင်လမ်းလျှောက်ရတဲ့ အရသာကို သိပြီး ကိုယ်တိုင် လမ်းလျှောက်တတ်ပါတယ်

ဒီလိုပါပဲ ဇာတ်လမ်းကို ကိုယ်တိုင်ခံစားပြီး
မှတ်ချက်အမျိုးမျိုးပေးကြရင်း...

ကိုယ်ကြိုက်သလို ကိုယ်ခံစားလိုက်ကြပါလို့...

Movie Link 👇
https://t.me/khanthtookyaw555/374
Gun*jan Sa*xe*na : The Kar*gil Gi*rl  [ 2/0/2/0 ]

ဒီတစ်ခေါက်မှာတော့ ဂျန်ဗီးကာပူးရ်ရဲ့ ဟင်ဒီဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေခင်ဗျာ။

ဇာတ်လမ်းအကျဉ်း...

ငယ်စဉ်ထဲက လေယာဉ်ပျံသန်းမှုကို စိတ်ဝင်စားခဲ့တဲ့ ဂွန်ဂျူ ဆိုတဲ့မိန်းကလေးတစ်ယောက် လေယာဉ်မှူးဖြစ်ဖို့အတွက် ဘယ်အရာကိုမဆို ပေးဆပ်ပြီးလုပ်ခဲ့တဲ့လူတစ်ယောက်။

လေယာဉ်မှူးဖြစ်နိုင်ဖို့ကြိုးစားရင်း အချိန်ရဲ့တိုက်စားမှုနဲ့ အခက်အခဲတွေကြောင့် လေယာဉ်မှူးတစ်ယောက်မဖြစ်နိုင်တော့တဲ့အခါ အိန္ဒိယလေတပ်မတော်ရဲ့ ပထမဆုံး အမျိုးသမီး လေသူရဲအဖြစ် အရွေးခံဖို့ သူကြိုးစားပါတော့တယ်။ သူ့ရဲ့လေယာဉ်မောင်းချင်တဲ့ စိတ်အားထက်သန်မှုတွေ တကယ်ဖြစ်လာပါ့မလား။

ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ရမှာလဲ ဆိုတာတော့ ရုပ်ရှင်ထဲမှာပဲ လိုက်ပါစီးမျောခံစားကြည့်ပါဦးခင်ဗျာ။

Movie Link 👇
https://t.me/khanthtookyaw555/381
Lu*cky Ba*sk*har [ 2/0/2/4 ] မြန်မာစာတန်းထိုး

အခြေခံ ဘဏ်စာရင်းကိုင်တစ်ဦးအဖြစ်နဲ့တစ်မိသားစုလုံးရဲ့တာဝန်ကိုယူထားရတဲ့ဘာစကာဟာ မိသားစုဆင်မပြေမှုတွေ ငွေရေးကြေးရေးကိစ္စတွေအတွက် လက်ထောက်မန်နေဂျာရာထူးကိုအချိန်တော်ကြာစောင့်ဆိုင်းခဲ့ရတယ် ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူလိုချင်တဲ့ရာထူးကိုစွန့်လွှတ်လိုက်ရပေမဲ့ တစ်ဖက်မှာ ရာထူးထက်ပိုက်ဆံပိုရတဲ့နည်းလမ်းကိုရှာတွေ့သွားပါတော့တယ်...

နေ့ချင်းညချင်း ဆင်းရဲတွင်းထဲကနေ ထွက်ခွာနိုင်ခဲ့ပြီး မိသားစုကို အရာအားလုံးဖြည့်ဆည်းနိုင်ခဲ့ပေမယ် သူ့ရဲ့လုပ်ငန်းတွေဟာ ဘဏ်ငွေကြေးခဝါချမှုတွေနဲ့ပတ်သတ်နေတော့ ဘာစကာတစ်ယောက် ဘဏ်ငွေရှင်တမ်းအရှုပ်တော်ပုံထဲကနေ ဘယ်လိုရုံးထွက်မလဲ ဘယ်လိုလူတွေက သူ့ကိုမသမာနည်းလမ်းဘက်ကိုတွန်းပို့ခဲ့တာလဲဆိုတာ အလယ်လတ်တန်းစားသမားတွေရဲ့မခံချင်စိတ် ငွေကြေးဥစ္စာမရှိရင် အသုံးမဝင်တာတွေကိုပြသပေးထားတဲ့ IMDB 8.1 ရထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

Movie Link 👇
https://t.me/khanthtookyaw555/383
He*llo Gu*ru Pre*ma Ko*sa*me [ 2/0/1/8 ]

ရပ်ကွက်ထဲက ရပ်ကျော်ရွာကျော် ခပ်ဆိုးဆိုး ခပ်ပေပေ ကောင်လေးတစ်ယောက် သူချစ်တဲ့မိန်းကလေးကို ရဖို့အတွက် ယောက္ခမကြီးကို အပိုင်သိမ်းသွင်းရမယ့် ခပ်မြူးမြူးရုပ်ရှင်ကောင်းလေးတစ်ခု ဖြစ်ပါတယ်။

မြန်မာကားတွေထဲကလို အပေါစားဟာသတွေ မပါဘဲ ပြုံးစေရယ်စေ သဘောကျစေတဲ့ ရုပ်ရှင်ကောင်းလေးဆိုရင်လည်း မမှားပါဘူး။

အိန္ဒိယရုပ်ရှင်ကြိုက်တတ်သူတွေအဖို့ မကြည့်ရသေးရင် သေချာပေါက် ကြည့်ပျော်မှာပါ။


Movie Link 👇
https://t.me/khanthtookyaw555/395
K.G.F: Chapter 1+2 [2018]+[2022]

==========================

K.G.F 3 မထွက်ခင် ဒီကားတွေ ပြန်ကြည့်ထားကြပါ
လုံးဝ_အကြမ်းစားကြီးကို ၁+၂ ပါ တပြိုင်တည်း
ထိုင်ကြည့်လိုက်တော့ ပို ကြည့်လို့ကောင်းသွာယော။

𝐊.𝐆.𝐅: 𝐂𝐡𝐚𝐩𝐭𝐞𝐫 1+𝟐 (2018+ 𝟐𝟎𝟐𝟐 )မြန်မာစာတန်းထိုး

Google Users 97%
IMDB Rating 9.7/10 အထိ ရရှိထားတဲ့ မင်းသား Yash ရဲ့
K.G.F: Chapter 1+ 2 နှစ်ကားစလုံးကို တင်ဆတ်ပေးလိုက်ပါပီ

Movie Link 👇
https://t.me/khanthtookyaw555/398
Go*od Lu*ck Je*rry [ 2/0/2/2 ] မြန်မာစာတန်းထိုး

အစ်မကြီးအမိရာတစ်ယောက်အနေနဲ့မိသားစုအတွက် ပေးဆပ်ထားတာတွေကို အက်ရှင်ဒရမ်မာနုနုလေးကြည့်ရမယ့်ဇာတ်ကားလေးပါ...

ဇာတ်လမ်းအကျဥ်း....

ငယ်စဥ်ကတည်းက အဖေမရှိပဲ အမေနဲ့ညီမလေး အတူ နေထိုင်ခဲ့ရတဲ့ ဂျယ်ရီတို့မိသားစု လောကဓံကိုအံတုပြီး ပျော်ပျော်ရွှင်ရွှင်နေရတဲ့အချိန် မိခင်ဖြစ်သူမှာ ကင်ဆာဝေဒနါစွဲကပ်လာတဲ့အချိန် ကုသပေးဖို့ ငွေရှာရင်း ရဲတွေလိုက်နေတဲ့ မူးယစ်ဂိုဏ်းနဲ့ပေါင်းစပ်မိသွားတဲ့အခါ မမျှော်လင့်ထားတာတွေ ဖြစ်လာရင်း မိသားစုနဲ့မူးယစ်ဂိုဏ်းကြားဘယ်လိုနွံဆွဲသွားမလဲ...

မိသားစုကိုလည်းဘယ်လိုကယ်ထုတ်သွားမလဲဆိုတာ ရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရှု့ရမှာပါ။

Movie Link 👇
https://t.me/khanthtookyaw555/412
Sar*ipod*haa San*ivaa*ram (2024)ဇာတ်ကားသစ်ကြီးရှယ်ကြမ်း
"စနေကောင်"

IMDB 7.6
တောင်းဆိုမှုလေးတစ်ချို့ရှိနေတဲ့
တေလဂူးအက်ရှင်ကားအသစ်စက်စက်ကို
အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်

ယင်ကောင်မင်းသား ခေါ်ကြတဲ့ Nani ရဲ့ ဈေးအကြီးဆုံးရုပ်ရှင်ဖြစ်ပြီး
ရီဗျူးကောင်းလေးတွေလည်း အသင့်အတင့် ရထားတာပဲဖြစ်ပါတယ်

ဇာတ်လမ်းအကျဥ်းကတော့ ဆူယာခေါ် စနေကောင်ဟာ
"ဒေါသအင်မတန်ကြီးသူပါ ဒါကိုသိတဲ့ သူ့အမေက
ဒေါသထိန်းချုပ်နည်းတစ်ခုကို သင်ပေးခဲ့တယ်

ဘယ်လိုလဲဆိုတော့ တစ်ပတ်မှာခြောက်ရက် ဒေါသအတိုင်း
စိတ်လိုက်မာန်ပါမလုပ်ဘဲ ဒေါသထွက်ရတဲ့အကြောင်းရင်းကို ရေးမှတ်ထားပြီး
စနေနေ့မှာမှ အဲဒီလူကို ဒေါသထွက်နေတုန်းပဲဆိုရင် ကြိုက်တာသာလုပ်ပါလို့ သူ့အမေက ပြောခဲ့တာပါ

ဒီလိုနဲ့ သူ့အမေသေပြီးနောက်ပိုင်း အဲဒီလမ်းစဥ်အတိုင်းလိုက်နာလာခဲ့ရာမှာ
သူငယ်ငယ်က ချစ်ရတဲ့ကောင်မလေးကလည်း ရဲမေအဖြစ် ပြန်ရောက်လာပြီး
သူတို့နယ်က အကျင့်ပျက်ရဲတစ်ယောက်ကို သူတို့ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲ ဆိုတာကတော့……

Movie Link 👇
https://t.me/khanthtookyaw555/414